ခြေအိတ်ပေါ်က လင်းနို့လေး
Vol. 4 Ch. 112
ကျုံးမင်းဝေသည် ဖြူဖွေးပြီး သေးသွယ်သော လက်တစ်စုံက ကတ်ကြေးကို ကိုင်ပြီး သူ့ခြေချောင်းလေးတွေပေါ်မှာ လျှင်မြန်စွာ လှုပ်ရှားနေသည်ကို ကြည့်လိုက်သောအခါ စိတ်ထဲတွင် နွေးထွေးသွားသည်။ သူ ခြေအိတ်တစ်ဖက်ကို ကောက်ကြည့်လိုက်သောအခါ အဖြူရောင် ဝါဂွမ်းခြေအိတ်၏ ဖနောင့်တွင် လင်းနို့ပုံလေးတစ်ကောင် ရှိနေလေသည်။ အရမ်းကို အသက်ဝင်ပြီး လှပလွန်းသည်။ လွန်ခဲ့သော ရက်အနည်းငယ်တွင် ထိုနေရာတွင် အပေါက်တစ်ခု ရှိနေခဲ့သော်လည်း သူက ထွေထွေထူးထူး ဂရုစိုက်ခြင်းမရှိခဲ့ပေ။ ခြေအိတ်တွင် အပေါက်ရှိသည်ကိုတော့ မပြောလိုပေ။ အဝတ်အစားများမှာ မှိုစွန်းနေသည်တောင် သူသည် အေးအေးဆေးဆေးနှင့် နေ့တိုင်း ဝတ်နေခဲ့သည်။ သို့သော်လည်း ယခုမနက်တွင် အာချိုးက ခြေအိတ်ကို လာပို့သောအခါ ခြေအိတ်ဖနောင့်တွင် ထိုလင်းနို့လေးတစ်ကောင်က အပေါက်ကို ဖုံးထားပေးသည်ကို တွေ့လိုက်ရသည်။
“ကျွန်မ ပန်းထိုးတာ တော်တယ်မလား။ ဟီး။”
အာချိုးက ကျုံးမင်းဝေက လင်းနို့ကို ကြည့်နေသည်ကို သတိထားမိပြီး အနည်းငယ် ဂုဏ်ယူစွာ ပြောလိုက်သည်။
“အရမ်းလှတယ်။”
ကျုံးမင်းဝေက အပြုံးတစ်ချက်ဖြင့် ခေါင်းညိတ်လိုက်ကာ စူးစမ်းစွာ မေးကြည့်သည်။
“ဘာလို့ လင်းနို့ကို ပန်းထိုးဖြစ်တာလဲ။”
“အရင်တုန်းက ယန်ရှီးနန်းဆောင်မှာ။ ကျွန်မက ဇောကုန်ကြင်ယာတော်ရဲ့ အဝတ်တွေကို လျှော်ပေးတော့။ သူ့အဝတ်တွေတော်တော်များများမှာ လင်းနို့တွေ ပန်းထိုးထားတာကို တွေ့ခဲ့တယ်။ အစကတော့ နားမလည်ဘူး။ လှပတဲ့ အဝတ်တွေမှာ အနက်ရောင် လင်းနို့တွေ ပန်းထိုးထားတာတွေက ဘာအဓိပ္ပာယ်လဲပေါ့။ ကြောက်စရာကောင်းတာပဲ။ အလကား ဖြုန်းတီးတာလို့ ထင်ခဲ့တာ။ ဒါပေမယ့် နောက်မှ အနားက အန်တီတစ်ယောက်က ပြောပြတော့မှ လင်းနို့က ကံကောင်းခြင်းကို ဆိုလိုတာတဲ့လေ။ အဲ့ဒီအခါမှ နားလည်သွားတယ်”
အာချိုးက ရှင်းပြရင်း ကျုံးမင်းဝေ၏ နောက်ခြေထောက်တစ်ဖက်ကို သူမပေါင်ပေါ် တင်လိုက်ပြီး ခြေသည်းတွေ ဆက်ညှပ်လျက် ပြောလိုက်သည်။
“ကျွန်မ ရှင်ရဲ့ ခြေအောက်မှာ လင်းနို့တွေ ပန်းထိုးပေးထားတော့ နောက်ပိုင်း ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ ကံကောင်းမှာပေါ့။ ဘဝက အဆင်ပြေ ချောမွေ့သွားမှာ။”
ကျုံးမင်းဝေက နူးညံ့စွာ ပြောရင်း လက်ချောင်းထိပ်များနှင့် အသက်ဝင်လှသော လင်းနို့လေးကို ဖွဖွလေး ပွတ်လိုက်သည်။
အမှန်တကယ်တော့ သူသည် အားချိုး၏ မျက်နှာလေးကို ထိချင်ခဲ့တာပင်။ ဒါပေမဲ့ အဆင်ပြေပါတယ်။ အားချိုး၏ အသားအရည်သည် ပါးလွန်းလှပြီး ခဏခဏ မျက်နှာနီနေတတ်သည်။ စကားကို ကြာကြာ မပြောနိုင်ပါချေ။ ထိုအရာများကို ကြည့်ရသည်မှာ သူ့မျက်လုံးထဲတွင် နာကျင်ပြီး၊ စိတ်ထဲမှာလည်း တကယ့်ကို သနားမိသည်။ အရင်က လူတွေက “ကလေးကို ပါးစပ်ထဲထည့်ရင် အရည်ပျော်မှာ စိုးတယ်။ လက်ထဲမှာ ကိုင်ထားရင် ပြုတ်ကျမှာ ကြောက်တယ်” လို့ ပြောသည်ကို သူ အမြဲ ရယ်မောခဲ့မိသည်။ သို့သော် ယခုမှာမူ သူ တကယ့်ကို ခံစားမိသွားလေပြီ။
“တော်.... တော်။ ရှင်က ချီးကျူးစကားတွေပဲ ပြောတတ်တယ်။ မနင်းရက်ဘူးလို့ ပြော ပြောနေပြီး တစ်နေ့လုံး ဝတ်ထားတာပဲ မဟုတ်လား။”
အာချိုးက သူ့ကို မယုံသင်္ကာ မျက်နှာအမူအရာနှင့် ကြည့်ကာ မျက်စောင်းထိုးလိုက်သည်။
“ဒါကြောင့်မို့ တစ်နေ့လုံး မလှုပ်မရှားရဲတာပဲ။ ချွေးတွေထွက်လာပြီး ဒီလင်းနို့လေးတွေ မူးသွားမှာ စိုးလို့”
ကျုံးမင်းဝေက ချီးကျူးစကား ပြောလိုက်သည်။ အာချိုးက မယုံကြည်မည်ကို စိုးရိမ်သလိုနှင့် တိုးတိုးလေး ထပ်ပြောလိုက်သေးသည်။
အာချိုးက သူ၏ ဒီလိုပုံစံကို သည်းမခံနိုင်ဆုံးပင်။ အသက်သုံးဆယ်ကျော် ယောကျာ်းကြီးတစ်ယောက်က မသိမသာနဲ့ ချစ်စရာကောင်းအောင်လုပ်နေသည်မှာ အာချိုးကို သေအောင် လုပ်နိုင်လွန်းနေသည်။
“ဘာမှ မသဘောမကျစရာ မရှိပါဘူး။ ဒီနောက်ပိုင်း ခြေအိတ်တိုင်းမှာ လင်းနို့တွေ ပန်းထိုးပေးမယ်။”
အာချိုးက ကျုံးမင်းဝေကို ဂုဏ်ယူစွာ ပြောပြီး ခေါင်းကို စောင်းကာ မေးလိုက်သည်။
ကျုံးမင်းဝေက အနည်းငယ် ရှက်သလို ပြုံးလိုက်သည်။ သူ နင်းဂုတကို ရောက်ကတည်းက ငါးမစားဖူးသေးပေ။ ဒီမနက် အာချိုး ငါးသုပ်အကြောင်း ပြောပြီးကတည်းက သူ ဗိုက်ဆာလာသည်။
“အခု လုပ်လို့ မရသေးဘူး။ ဦးလေးချန်က ရက်အနည်းငယ်ကြာမှ သုံးလို့ရမယ်လို့ ပြောတယ်”
အာချိုးက မခြောက်သေးသော အပူပေးကုတင်ကို မော့ကြည့်ရင်း ပြောလိုက်ပြီး ကျုံးမင်းဝေကို ကြည့်လိုက်သည်။
“နှစ်ရက်လောက် စောင့်လိုက်ဦး။ အပူပေးကုတင် လုံးဝ ခြောက်သွားရင် ရှင့်အတွက် လုပ်ပေးမယ်။ ပြီးတော့ ငါးကြီးတစ်ကောင် သွားဝယ်လာခဲ့မယ်။”
“မဟုတ်ဘူး။ သေးသေးလေးတွေပဲ ဝယ်။”
ကျုံးမင်းဝေက အလျင်အမြန် ပြောလိုက်သည်။
“သေးတဲ့ဟာတွေက ပိုအရသာရှိတယ်။ အသားက နူးညံ့ပြီး မွှေးတယ်။”
“ရပါတယ်။ ကျွန်မမှာ ပိုက်ဆံရှိပါတယ်။”
အာချိုးက ခြေသည်းညှပ်ပြီးသော ခြေထောက်ကို ပြန်ချပြီး ကတ်ကြေးကို ချလိုက်ကာ ကျုံးမင်းဝေကို ကြည့်လိုက်သည်။
“ပြီးတော့ အဖွားချန်ကလည်း ကျွန်မကို အလုပ်ခ ပေးမယ်လို့ ပြောတယ်။ အဲ့ဒါကြောင့်မို့ ငါးစားဖို့ မလုံလောက်မှာ ပူစရာ မလိုဘူး”
ကျုံးမင်းဝေက အာချိုး၏ စိုက်ကြည့်မှုကြောင့် မသက်မသာ ဖြစ်သွားပြီး မျက်နှာလွှဲလိုက်သည်။ လည်ချောင်းက အတက်အဆင်း အကြိမ်အနည်းငယ် လှုပ်သွားပြီး စကားပြောဖို့ ပြင်လိုက်တုန်းမှာ အာချိုးက နူးညံ့စွာ ပြုံးရင်း ပြောသည်။
“ကျုံးမင်းဝေ။ ရှင်နဲ့သာအတူ ရှိနေရင် ဘယ်ငါးကို စားစား အရသာရှိနေမှာပဲ။ ဒါပေမယ့် ကျွန်မက ငါးစားရတာ ပျင်းတယ်။ ဆူးတွေ ဖယ်ရမှာကို ကြောက်တယ်။ ငါးသေးသေးလေးတွေက အရသာရှိပေမယ့်၊ ဆူးတွေ အများကြီးပဲလေ။ ဒါကြောင့် ကျွန်မကို လိုက်လျောပေးတယ်လို့ သဘောထားလိုက်ပါ။ ဒီနောက်ပိုင်း ကျွန်မတို့ ငါးကြီးတွေပဲ စားကြမယ်။ အဆင်ပြေတယ်မလား”