အခန်း ၁၁၃
Vol. 4 Ch. 113
“ဟုတ်ပါပြီ။ မင်းပြောတာကို နားထောင်ပါ့မယ်။”
ကျုံးမင်းဝေက ပြန်ဖြေပြီး ခဏကြာတော့ ထပ်ခေါင်းညိတ်လိုက်သည်။
“နောက်ပိုင်း ငါး စားရင် ငါ မင်းအတွက် ဆူးဖယ်ပေးမယ်လေ။”
“ဒါဆို ဒီလိုပဲ သဘောတူလိုက်မယ်။”
အာချိုးက ပြုံးရင်း သူ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
“လူကြီးတစ်ယောက်အနေနဲ့ ကတိတည်ရမယ်နော်။ ကျွန်မက မကောင်းဘူး။ အရမ်းအာဃာတထားတတ်တာ တစ်ခါလောက် မဖယ်ပေးရင်၊ ကျွန်မ တစ်သက်လုံး မှတ်ထားမှာ။”
“စိတ်မပူပါနဲ့။ ငါ စကားတည်ပါတယ်။”
ကျုံးမင်းဝေက သူမနဲ့အတူ ပြုံးလိုက်ရင်း မျက်လုံးများ အနည်းငယ် စပ်ဖျင်းဖျင်း ဖြစ်သွားသည်။
ကျားရှန် သက္ကရာဇ် ၃၂ နှစ်၊ ဩဂုတ် ၁၅ ရက်။
နင်းဂုတ။
ဒီနှစ် ဆောင်းလလယ်ပွဲတော်မှာ ကျုံးမင်းဝေနှင့် အာချိုးတို့သည် သူတို့ မျှော်လင့်ထားသော ငါးကြီးသုပ်ကို နောက်ဆုံးတွင် စားသုံးခွင့်ရသွားသည်။
ငါးကို အာချိုးက ဈေးကနေ ဝယ်လာခဲ့သည်။ ထိုနေ့တွင် သူမသည် တောင်အောက်ကို စောစောဆင်းသွားလေသည်။ ထိုပွဲသည် သူမနှင့် ကျုံးမင်းဝေတို့ အတူရှိပြီးနောက် ပထမဆုံး ပွဲတော်ကြီးဖြစ်သောကြောင့် အာချိုးက အစားအသောက်စာရင်းကို ဂရုတစိုက် ပြင်ဆင်ခဲ့သည်။
တောင်ခြေကို ရောက်သောအခါ အဖွားချန်က အာချိုးကို ခေါ်လိုက်သည်။
အဖွားချန်က ခြံစည်းရိုးထဲမှ အာချိုးကို လက်ဝှေ့ယမ်းပြလိုက်သည်။
အာချိုးက ဝါးခြင်းတောင်းကို လွယ်ထားရင်း အလျင်အမြန် ပြေးသွားသည်။ အဖွားချန်လက်ထဲက ပေါက်ပြားကို ကြည့်ပြီး၊ ခြံစည်းရိုးထဲမှာ စိမ်းစိုစွာ ပေါက်နေသော ဂေါ်ဖီထုပ်တွေကို မြင်သောအခါ အာချိုးက ပြုံးရင်း ပြောလိုက်သည်။
“အဖွားချန်။ အဖွားစိုက်ထားတဲ့ ဂေါ်ဖီထုပ်တွေက အရမ်းကောင်းတာပဲ။ ပြီးခဲ့တဲ့တစ်ခေါက် တောင်အောက်ဆင်းတုန်းကမှ ဂေါ်ဖီထုပ်တွေက သေးသေးလေးပဲ ရှိသေးတာကို။ အခုတော့ အရွက်တွေက ဒီလောက်တောင် ကြီးလာပြီ။”
“ဒါတောင် ဘယ်လောက်တောင် ကြီးရသေးလဲ။ နောက်လ သမီး ပြန်လာတဲ့အခါ ဒီဂေါ်ဖီထုပ်တွေက အများကြီး ကြီးလာဦးမှာ။”
အဖွားချန်က ပြုံးရင်း ပြောလိုက်သည်။ လက်ထဲမှ ပေါက်ပြားကို ချပြီး ခြံတံခါးဖွင့်ကာ အာချိုးကို အထဲသို့ ခေါ်သွင်းသည်။ ထို့နောက် ညည်းညူလေတော့သည်။
“ဒီကောင်မလေး။ လုပ်ခ လာထုတ်ခိုင်းတာကို။ ဘာလို့ တောင်အောက် မဆင်းလာရတာလဲ။ အဘွား သမီးကို အချိန်ကြာကြာ စောင့်နေရတယ်။ သမီးသာ တောင်အောက် မဆင်းလာရင်၊ အဘွားကိုယ်တိုင် တောင်ပေါ်တက်ပြီး ပိုက်ဆံပို့ပေးရမလားလို့ စဉ်းစားနေတာ။ ဆောင်းလလယ်ပွဲတော် မတိုင်ခင် သမီးကို ပိုက်ဆံပို့ပေးရမှာပေါ့။”
“အဖွား။ အားလုံး ကျွန်မအမှားပါ။ အိမ်မှာ အလုပ်များနေတာနဲ့ မေ့သွားတာ။”
အာချိုးက တောင်းပန်စွာ ပြုံးပြီး အဖွားချန်ကို အိမ်ထဲ ဝိုင်းကူခေါ်သွင်းလိုက်သည်။
အာချိုးက ဒီရက်ပိုင်း အလွန် အလုပ်များနေသည်။ နင်းဂုတမှာဆိုလျှင် ဆောင်းဦးက စောစော ရောက်လာတတ်သည်။ အခုက ဩဂုတ်လ အလယ်ပဲ ရှိသေးသော်လည်း ဆောင်းရာသီနှောင်းပိုင်း ဖြစ်နေလေပြီ။ အာချိုးက အိမ်သန့်ရှင်းရေး၊ ရာသီအပြောင်းအလဲ ပြင်ဆင်မှုများနှင့် အလုပ်ရှုပ်နေခဲ့သည်။ စောင်စုတ်တွေ၊ စောင်စည်းတွေ လုံလောက်သော်လည်း ကျုံးမင်းဝေက အချိန်အကြာကြီး လေဖြတ်နေခဲ့သောကြောင့် အာချိုးက သူ့အတွက် စောင်စလေးတွေ အများကြီး ဖြတ်ပြီး အောက်ခံအဖြစ် သုံးခဲ့ခြင်းဖြစ်သည်။ အခု စောင်တွေ နည်းသွားတာမျိုး ဖြစ်လာသော်လည်း စောင်အသစ် ဝယ်ဖို့က အကုန်အကျများလွန်းသောကြောင့် အာချိုး မတတ်နိုင်ပေ။ ဒီရက်ပိုင်း ကျုံးမင်းဝေ၏ စုတ်ပြဲနေသော အဝတ်တွေကို ဖြတ်ပြီး ချုပ်ကာ တစ်ခု လုပ်ခဲ့သည်။ အရောင်တွေ ချိတ်လိုက်သောအခါ ထူးဆန်းနေသော်လည်း ကံကောင်းစွာဖြင့် ကျုံးမင်းဝေ၏ အဝတ်အများစုက လမင်းဖြူ၊ အပြာမီးခိုးရောင်၊ ဝါးစိမ်းလို အရောင်ဖျော့ဖျော့တွေဖြစ်သောကြောင့် ထွေထွေထူးထူး ဖြစ်သွားခြင်း မရှိပေ။
“အော်၊ ရပါတယ်။ သမီးအလုပ်ကို အရင်လုပ်ပေးရမှာပေါ့”
ဦးလေးချန်မှတစ်ဆင့် အဖွားချန်က အာချိုး၏ အိမ်ထောင်ရေး အခြေအနေကို အကြမ်းဖျင်း သိထားလေသည်။ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ယောက်က အိမ်ထောင်ကို ထိန်းနေရပြီး ခြေထောက်မသန်သော လူကြီးတစ်ယောက်ကို ပြုစုရသည်မှာ တကယ်တော့ လွယ်သည့်ကိစ္စ မဟုတ်ပေ။
ဦးလေးချန်ရဲ့ မျက်လုံးထဲတွင် အာချိုးသည် အသက် ၁၃ နှစ်၊ ၁၄ နှစ်လောက်သာ ရှိပြီး ကလေးတစ်ယောက်ကဲ့သို့ပင် မြင်လေသည်။ ထို့ကြောင့် သူမတို့နှစ်ယောက်ကို အိမ်ထောင်တစ်ခုဟု မမြင်ပေ။ သူတို့နှစ်ယောက် ပေါင်းသင်းပုံကို ကြည့်ပြီး ဦးလေးချန်က သူတို့ကို လူကြီးနှင့် ကလေးဟု သဘောထားသည်။ သို့သော်လည်း ကျုံးမင်းဝေက အာချိုး အဖေလည်း မဟုတ်သောကြောင့် ဦးလေးချန်က ကျုံးမင်းဝေကို အာချိုး၏ ဦးလေးဟု ထင်ခဲ့သည်။
အိမ်ထဲသို့ ဝင်သွားပြီး ချန်ချင်းရွှမ်ကို မမြင်ရသောကြောင့် အာချိုးက အဖွားချန်ကို ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“အော်၊ မနက်စောစောကတည်းက ခရိုင်စာရေးက လူလွှတ်ပြီး ခေါ်သွားတယ်။ ဆောင်းလလယ်ပွဲတော် အတွက် ကဗျာဆွေးနွေးပွဲတစ်ခုရှိတယ်လို့ ပြောတယ်လေ။ အမလေး၊ ငါကြည့်ရတာတော့ လူတစ်အုပ်စုကြီးက အိမ်ကြီးထဲမှာ စားသောက်ပြီး ဝိုင်းချီးကျူးနေကြတာပဲ ဖြစ်မယ်။”
အဖွားချန်က ပြောရင်း မျက်နှာမှာ မပျော်မရွှင် အရိပ်အယောင်တွေ ပြည့်နေလေသည်။
“ဆရာချန်က ဗဟုသုတကြွယ်သူမို့လို့ ခရိုင်စာရေးက သဘောကျမှာပေါ့။”
အာချိုးက ထိုအကြောင်းတွေကို သိပ်နားမလည်သောကြောင့် ယခုကဲ့သို့ပင် ပြောလိုက်လေသည်။