← Chapters

ထွက်သွားလိုက်ပါတော့

Vol. 4 Ch. 116

ထွက်သွားလိုက်ပါတော့

Vol. 4 Ch. 116

ကျုံးမင်းဝေက အလွန်ကြမ်းတမ်းသော ကောက်ရိုးဖျာပေါ်တွင် ထိုင်နေပြီး ခေါင်းငိုက်စိုက်ကျနေသည်။ တိတ်ဆိတ်စွာ ထိုင်နေသောကြောင့် အာချိုးက သူ့မျက်နှာကို သေချာ မမြင်ရပေ။ သို့သော်လည်း သူ့လက်နှစ်ဖက်က ကောက်ရိုးဖျာကို တင်းတင်းဆုပ်ထားသည်ကိုတော့ ရှင်းရှင်းလင်းလင်း မြင်ရသည်။ လက်နောက်ဘက်ရှိ သွေးကြောများ ထောင်ထွက်နေပြီး၊ မူလက ကောက်ရိုးဖျာအကောင်းကို သူက ဆွဲဖြဲထားသည်။

“ကျုံးမင်းဝေ။ ရှင် ရှင် စိတ်မဆိုးနဲ့။”

အာချိုးက ထိတ်လန့်သွားသည်။ ကျုံးမင်းဝေနှင့် အချိန်အကြာကြီး နေထိုင်လာခဲ့သည့်တိုင် တစ်ခါမျှ စိတ်ဆိုးခဲ့ခြင်း မရှိခဲ့ဖူးပေ။ သို့သော် ဤတစ်ကြိမ်တွင် ကျုံးမင်းဝေ စိတ်ဆိုးနေသည်မှာ သိသာသည်။ အာချိုးက အလျင်အမြန် ဒူးထောက်ချလိုက်ပြီး ဘာလုပ်ရမှန်း မသိတော့ဘဲ ပြောလိုက်သည်။

“ကျုံး ကျုံးမင်းဝေ။ ကျွန်မ မှားသွားတယ်။ ကျွန်မ မှားသွားပါတယ်။ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့…”

ကျုံးမင်းဝေ၏ လက်သီးများ ပိုတင်းသွားပြီး လက်သည်းများက အသားထဲ စိုက်ဝင်သွားသည်။ သို့သော်လည်း သူသည် နာကျင်မှုကို လုံးဝ မခံစားရပေ။ တကယ်ပါ။ ဘာမှ မနာပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာထက် ထောင်ပေါင်းများစွာ ပို၍ နာကျင်သော နေရာတစ်ခု ရှိနေသောကြောင့်ပင်။

“ကျုံးမင်းဝေ၊ ကျွန်မ မှားသွားတယ်။ ကျွန်မ တကယ် မှားသွားတယ်…။”

သွေးများ လက်ချောင်းတွေကနေ ဖြည်းဖြည်းချင်း စီးကျလာပြီး ခြောက်သွေ့သော အဝါရောင် ကောက်ရိုးဖျာပေါ် တစ်စက်ချင်း ကျနေသည်။ အာချိုးက ထိတ်လန့်လွန်း၍ ငိုချလိုက်သည်။ လန့်လွန်း၍ ပိတ်စလေးကို ထုတ်ပြီး ကျုံးမင်းဝေ၏ လက်ကို သုတ်ပေးချင်သော်လည်း သူ မလှုပ်ရဲပေ။ ပိတ်စကို ဆုပ်ထားရင်း ရှိုက်ကြီးတငင် အော်ငိုလိုက်ချင်သော်လည်း သူမ ကျယ်ကျယ်လောင်လောင် မငိုရဲရှာပေ။

ခဏကြာတော့ ကျုံးမင်းဝေ၏ ပါးစပ်ကမှ စကားနှစ်လုံး ခက်ခက်ခဲခဲ ထွက်လာသည်။ သူက ခေါင်းကို ငုံ့ထားတုန်းပင်။ တစ်ကိုယ်လုံးတွင်လည်း ကြောက်စရာကောင်းလောက်အောင် ရန်လိုမှုများနှင့် ပြည့်နေလေသည်။

အာချိုး၏ ငိုသံက ချက်ချင်း ရပ်သွားသော်လည်း မျက်ရည်စက်များ ပိုကြီးလာသည်။ သူမ မျက်လုံးကို ပြူးကြည့်ရင်း အငိုတိတ်အောင် ထိန်းလိုက်ချင်သော်လည်း ကျုံးမင်းဝေပြောသော စကားကြောင့် စိတ်ထိခိုက်သွားကာ ခဏကြာမှ အက်ရှရှအသံနှင့် ပြောလိုက်သည်။

ကျုံးမင်းဝေက ရုတ်တရက် ခေါင်းမော့လာပြီး အနီရဲနေသော မျက်လုံးတစ်စုံနှင့် အာချိုးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ သူသည် ရက်စက်ကြမ်းကြုတ်သော ဘီလူးတစ်ကောင်နဲ့ပင် တူနေသည်။

“ငါ့လိုမျိုး တစ်ဝက်သေနေတဲ့ လေဖြတ်သမားနဲ့ မင်း ဘယ်လိုဘဝကို ဖြတ်သန်းနေရတယ် ထင်လဲ။ မင်း ဘာတွေ တွေးနေတာလဲ။ ဘာတွေ မျှော်လင့်နေတာလဲ။ မင်းဘဝအတွက် ငါနဲ့နေရလို့ နောင်တရတာ မရှိဘူးလား”

အာချိုး၏ မျက်ရည်များ ပုလဲလုံးများကဲ့သို့ ပြုတ်ကျလာပြီး မျက်လုံးများ ဝေဝါးသွားသည်။ ပါးစပ်ဖွင့်လိုက်သော်လည်း ဘာစကားမှ ထွက်မလာတော့ပေ။

သူမ မနာကျင်ပါဘူး။ တကယ်ပါ။ ကောက်ရိုးဖျာပေါ်မှာ အိပ်ရသည်မှာ သူမ အတွက် နာကျင်စရာ မရှိပါ။ ထိုအရာထက် ဆယ်ဆလောက် ပိုခက်ခဲသည့် နေ့ရက်တွေကိုလည်း သူမ ဖြတ်သန်းလာခဲ့သည် မဟုတ်လော။ ဘယ်မှာ နူးညံ့နေခဲ့လို့လဲ။

သူမ ဝမ်းနည်း ကြေကွဲသွားသည်။ ကျုံးမင်းဝေကို ဒီလောက် စိတ်ဆိုးသွားအောင် လုပ်မိလိုက်ခြင်းကြောင့် ဝမ်းနည်းမိသည်။ စုတ်ပြဲနေသော ကောက်ရိုးဖျာပေါ်တွင် သူ ဘယ်လောက်ကြာကြာ ထိုင်နေခဲ့မည်နည်း။ ဘယ်လောက်ကြာကြာ အပြစ်ရှိသည်ဟု ခံစားပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေခဲ့မည်နည်းဟု တွေးရင်း သနားမိသည်။ သူမ မနာကျင်ပါပေ။ သို့သော်လည်း ထိုအရာသည် ကျုံးမင်းဝေဆီ ကျရောက်သွားသောကြောင့် သူမသည် ကျုံးမင်းဝေအတွက် နာကျင်ပြီး ဝမ်းနည်းသွားသည်။

“သွား။ ပြန်မလာနဲ့တော့။ နင်းဂုတကို မေ့လိုက်။ ငါ့ကိုလည်း…”

အာချိုးက အော်ငိုလိုက်ပြီး ရုတ်တရက် ကျုံးမင်းဝေ၏ လည်ပင်းကို လက်နှစ်ဖက်နှင့် ဖက်လိုက်သည်။ သူမ၏ နှလုံးကွဲကြေမှုနှင့် သနားစိတ်များကို အကုန်ဖွင့်ချလိုက်ပြီး ကျုံးမင်းဝေ၏ လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ မျက်ရည်နှင့် နှာရည်များ ကျုံးမင်းဝေ၏ လည်ပင်းကို ကပ်သွားသည်ကိုပင် ဂရုမစိုက်တော့‌ပေ။

“ကျုံးမင်းဝေ၊ ရှင် ကျွန်မကို ဒီလို မလုပ်နဲ့။ ရှင် ကျွန်မကို ဒီလို မလုပ်ပါနဲ့။ ကျွန်မ ဘာတွေ စီစဉ်နေလဲ ဆိုတာ ရှင် သိပါတယ်။ ကျွန်မ ဘာတွေ မျှော်လင့်နေလဲဆိုတာလည်း ရှင် သိပါတယ်။ ကျုံးမင်းဝေ၊ ကျွန်မကို ဒီလို မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး၊ ကျွန်မကို ဒီလို မလုပ်ပါနဲ့…”

ကျုံးမင်းဝေက ကျောကို မတ်မတ်ထားပြီး အံကို ကြိတ်ကာ ထိန်းချုပ်မှု မပျက်အောင် ကြိုးစားလိုက်သည်။ သို့သော်လည်း အားချိုးက သူ့ပခုံးပေါ် မှီလာပြီး ပိန်ပိန်ပါးပါး ခန္ဓာကိုယ်က သူ့ကို ကပ်ထားလေသည်။ ငိုနေရင်း သူ့ရင်ဘတ်ကို သူမ၏ နံရိုးတွေက ထိတိုက်နေသောကြောင့် ကျုံးမင်းဝေက ထုံထိုင်းသော နာကျင်မှုအဖြစ် ခံစားလိုက်ရသည်။ မျက်ရည်များသည် မထိန်းထားနိုင်တော့ဘဲ မျက်လုံးထောင့်ကနေ စီးကျလာသည်။ လက်သီးကို ဆုပ်ထားရာကနေ ဖြည်းဖြည်းချင်း ပြေလျှော့လိုက်ပြီး တုန်တုန်ရီရီဖြင့် နာကျင်ခံစားနေရှာသော အားချိုးကို ဖက်လိုက်သည်။ နောက်တစ်စက္ကန့်အတွင်းမှာတင် သူ့ရင်ခွင်ထဲမှ အားချိုး၏ ငိုသံသည် ပို၍ ကျယ်လာလေသည်။

All Chapters