အခန်း ၁၁၇
Vol. 4 Ch. 117
ကျုံးမင်းဝေသည် အားချိုး၏ ငိုသံကြောင့် အလွန် နားညီးနေသော်လည်း သူသည် အားချိုးကို အဝေးသို့ တွန်းထုတ်ရန် လုံးဝမရည်ရွယ်ခဲ့ပေ။ ထိုအစား သူမကို ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်မိသည်။
သူမကို ဘယ်လိုမှ စိတ်မချမ်းသာစေနိုင်ဘူးလား။
မင်းရဲ့ နှလုံးသားကို ပေးလိုက်ရင် ဘယ်လိုလဲ။
ကျုံးမင်းဝေ၏ မျက်ရည်များသည် လုံးဝ ရပ်တန့်မသွားနိုင်ခဲ့ပေ။ အသက် သုံးဆယ့်နှစ်နှစ်ရှိပြီဖြစ်သော အမျိုးသားတစ်ယောက် ငိုကြွေးလိုက်သည့် ပုံစံမှာ သိပ်တော့ ကြည့်မကောင်းလှ။ မျက်ရည်များသည် သူ၏ မျက်လုံးထောင့်ရှိ အရေးအကြောင်းများပေါ်မှ စီးကျလာနေသည်။ သူ၏ မျက်နှာတွင် မျက်ရည်စများ ပေနေပြီး မျက်တောင်မွေးများမှာ မျက်ရည်များဖြင့် စိုစွတ်နေကာ ဟုတ်တစ်စု သည်တစ်စု ဖြစ်နေလေသည်။ နှာခေါင်းထိပ်တွင် မျက်ရည်နှင့် နှပ်ချေးများ တွဲလောင်းကျနေသော်လည်း သူက မသုတ်ဘဲ ငိုကြွေးရင်း သူ့ရင်ခွင်ထဲက အားချိုးကို ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်သည်။
‘ဒါ ငါ့ရဲ့ ကလေးမလေး။ ဒါ ငါ့ဘဝပဲ။’
အားချိုးက အချိန်အတော်ကြာ ငိုကြွေးခဲ့ပြီး ခေါင်းမူးလာသည်အထိ ငိုခဲ့သည်။ နောက်ဆုံးတွင် အငိုတိတ်သွားသည့်အချိန် သူမအား ကျုံးမင်းဝေက ဖက်ထားသည်ကို သတိပြုမိလိုက်သည်။ မဟုတ်ပေ။ သူမကသာ ကျုံးမင်းဝေကို ဖက်ထားခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ အားချိုး၏ မူးဝေနေသော စိတ်ထဲတွင် ရုတ်တရက် မိုးကြိုးတစ်ချက် ပစ်ခံလိုက်ရသည့်နှယ် ခံစားလိုက်ရပြီး သူမ၏ နှလုံးခုန်သံများ မရပ်မနား ခုန်လာသည်။ သို့သော် သူမ မတ်တပ် မထဖြစ်ခဲ့ပေ။ သူမ၏ ခန္ဓာကိုယ်မှာ အားအင်ချိနဲ့ကာ အတွင်းမှ အပြင်ထိ အားမရှိသလို ခံစားနေရသည်။ ဤရှားပါးသော အခွင့်အရေးကို မြင်သောအခါ သူမက ကျုံးမင်းဝေ၏ ရင်ခွင်ထဲတွင် ခဏထပ်နေလိုက်သည်။ ကျုံးမင်းဝေ၏ ရင်ခွင်မှာ နွေးထွေးပြီး သက်တောင့်သက်သာရှိလှသည်။ သူမ အလွန်နှစ်သက်ပြီး တစ်သက်လုံး ဤရင်ခွင်ထဲတွင်သာ လှဲနေလိုက်ချင်ပြီး ဘယ်တော့မှ မထချင်တော့ပေ။ သို့သော် မည်မျှနှစ်သက်သည်ဖြစ်စေ၊ နောက်တစ်ကြိမ် သူမကိုယ်သူမ ရင်ခွင်ထဲ တိုးဝင်ရန် လုံးဝမလုပ်ရဲမည်ကို သိသောကြောင့် ယခုအချိန်တွင် ခဏလေး ပိုနေလိုက်ရုံသာ။
ကျုံးမင်းဝေက စိတ်တည်ငြိမ်ပြန်လာခဲ့ပြီ။ ဤအချိန်တွင် သူသည် တိတ်ဆိတ်နေပြီး အားချိုး၏ ငိုသံများ တဖြည်းဖြည်း ငြိမ်သွားသည်ကို ကြားသောအခါ တိတ်တဆိတ် လက်ကိုင်ပဝါကို ယူပြီး အားချိုး၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။ အားချိုးက ရှက်သွေးဖြာကာ လက်ကိုင်ပဝါကို လှမ်းယူရန် လက်ဆန့်လိုက်သော်လည်း ကျုံးမင်းဝေက ဂရုမစိုက်ဘဲ သူမ၏ ဦးခေါင်းနောက်ကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်ကာ အခြားလက်တစ်ဖက်ဖြင့် သူမ၏ မျက်ရည်များကို ဂရုတစိုက် သုတ်ပေးနေသည်။ အားချိုးက ကျုံးမင်းဝေ၏ မျက်လုံးများနှင့် အကြည့်ချင်း ဆုံသွားသောအခါ ရှက်သွေးဖြာကာ မျက်လုံးများကို မှိတ်ထားမိလိုက်သည်။
ကျုံးမင်းဝေက လက်ကိုင်ပဝါဖြင့် အားချိုး၏ နီရဲပြီး ရောင်နေသော မျက်လုံးများကို ညင်သာစွာ သုတ်ပေးရင်း ဝမ်းနည်းမှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ မည်မျှပင် ကြမ်းတမ်းသော စကားများ ပြောချင်နေပါစေ။ ဤအချိန်တွင် သူ၏စကားများမှာ သက်ညှာမှုဖြင့် လေသံပျော့သွားရသည်။
အားချိုးက တိုးတိုးလေး ရေရွတ်ရင်း ကျုံးမင်းဝေကို ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်သည်။ သူမက အနည်းငယ် အရှက်မရှိသလို ခံစားရပြီး ယောကျာ်းတစ်ယောက်ကို ဣန္ဒြေသိက္ခာမပျက် ပွတ်သပ်နေသည်ဟု ထင်မိသော်လည်း သူမ မတတ်နိုင်ပေ။ ကျုံးမင်းဝေ၏ ရင်ခွင်မှာ အလွန်သက်တောင့်သက်သာရှိသည်။ ကျုံးမင်းဝေ၏ ကိုယ်သင်းရနံ့မှာ သင်းပျံ့လှသည်။ ကျုံးမင်းဝေ၏ အသံမှာလည်း နူးညံ့လွန်းလှသည်။
ကျုံးမင်းဝေက သူ၏ ရင်ခွင်ထဲက အားချိုးကို ကြည့်ရင်း သူမ၏ ခန္ဓာကိုယ်က မျောက်ကလေးတစ်ကောင်လို သူ့ပတ်လည်တွင် ရစ်ပတ်ပွေ့ဖက်ထားသည်ကို မြင်သောအခါ ဝမ်းနည်းမှုနှင့် သနားစိတ်များ ရောထွေးသွားလေသည်။ သူက လက်ကိုင်ပဝါကို ချလိုက်ပြီး သူ၏ သန်မာသော လက်များဖြင့် အားချိုးကို ဖက်ကာ သူမ၏ ဆံပင်ဖွာဖွာလေးရှိသော ဦးခေါင်းပေါ်တွင် မေးစေ့ကို ညင်သာစွာ တင်လိုက်သည်။
“ဟုတ်တယ်။ကိုယ် မင်းကို ဝမ်းနည်းအောင် လုပ်မိခဲ့တာ။ နောက် ဘယ်တော့မှ မဖြစ်စေတော့ဘူး။ မင်းကို ကောင်းကောင်းဆက်ဆံပေးမယ်…”
အားချိုးက ပိုမိုမူးဝေလာသလို ခံစားလိုက်ရသည်။ ကျုံးမင်းဝေက သူမကို ဖက်ထားပြီး မျက်နှာရဲရဲနှင့် နှလုံးခုန်စေသော စကားများ ပြောနေလေသည်။
ကျုံးမင်းဝေက သူ၏ နှလုံးသားထဲတွင် ခပ်ဖွဖွ ထိမိသွားသလို ခံစားလိုက်ရပြီး ယိုးတိုးယွတနှင့် ချိုမြိန်မှုများ ရောထွေးသွားသည်။ သူက လက်ဆန့်ကာ အားချိုး၏ တင်ပါးကို ခပ်ဖွဖွ ရိုက်လိုက်ရင်း ပြောလိုက်သည်။
အားချိုးက အော်လိုက်သည်။ တကယ်တော့ ကျုံးမင်းဝေက အားမသုံးခဲ့ပေ။ သို့သော် အားချိုးက တင်ပါးကို ရိုက်ခံရမည်ဟု မထင်ထားခဲ့သဖြင့် အလွန်အံ့ဩသွားပြီး အော်မိသွားခြင်းဖြစ်သည်။
ဟူသော အာမေဍိတ်အသံနှင့်အတူ နှစ်ယောက်စလုံး အနည်းငယ် နေမထိ ထိုင်မသာ ဖြစ်သွားကြသည်။ အားချိုးက ကျုံးမင်းဝေကို ခိုးကြည့်ရန် မော့ကြည့်လိုက်သော်လည်း ဘာမှ မမြင်ရဘဲ ကျုံးမင်းဝေ၏ လည်ဇလုတ် အတက်အကျလှုပ်ရှားနေသည်ကိုသာ တွေ့ရသည်။ အားချိုးက လည်ဇလုတ်ကို ငေးကြည့်ရင်း မသိမသာ နှုတ်ခမ်းကို စေ့လိုက်သည်။
သူမ နင်းဂုတသို့ စရောက်ချိန်တွင် ကျုံးမင်းဝေ၏ ခန္ဓာကိုယ်အား သုတ်ပေးခဲ့ဖူးသည်ကို သတိရမိသည်။ ထိုစဉ်က ကျုံးမင်းဝေ၏ လည်ဇလုတ်မှာ အလျင်အမြန် အတက်အကျလှုပ်နေခဲ့သော်လည်း ယခုအချိန်တွင် ကျုံးမင်းဝေ၏ စိတ်ခံစားချက်မှာ ထိုအချိန်ကနှင့် လုံးဝကွဲပြားနေသည်မှာ သိသာလှသည်။