← Chapters

အခန်း ၁၂၈

Vol. 4 Ch. 128

အခန်း ၁၂၈

Vol. 4 Ch. 128

ကျုံမင်းဝေဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ကလေးတစ်ယောက်ကို ရိုက်ချင်စိတ် ပေါက်လာသည်။ သူက အင်္ကျီလက်ရှည်စကို ဖြည်းဖြည်းချင်း ခေါက်တင်လိုက်ရင်း အားချိုး၏ စိုးရိမ်တကြီးနှင့် ကြောက်လန့်နေသော မျက်လုံးများကို ငေးကြည့်နေမိသည်။ သို့သော် ချက်ချင်းပင် ခေါက်တင်ထားသော အင်္ကျီလက်ရှည်စကို ပြန်ဖြည်လိုက်ပြီး သွားများကို ကြိတ်လိုက်သည်။

‘ငါ ဘာလုပ်ရမလဲ’

‘ဒီလို စိတ်အနှောင့်အယှက်ဖြစ်စရာ နာကျင်စရာကောင်းစေတဲ့ ဒီမိန်းကလေးကို ဘယ်လိုလုပ်ရမလဲ’

ကျုံးမင်းဝေက စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ယခင်က ကလေးမမွေးဖူးခြင်းကြောင့် ဤမျှကြီးမားသော အခက်အခဲရှိလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ပေ။ အကယ်၍ ကလေးပြုစုပျိုးထောင်ခြင်းတွင် အတွေ့အကြုံရှိခဲ့ပါမူ ယခုလို ဤမိန်းကလေးနှင့် ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေမည် မဟုတ်ပေ။

“ကျွန်မ ရှင့်ကို ဆင်းပို့ပေးရမလား”

အားချိုးက ကျုံးမင်းဝေ အင်္ကျီလက်ရှည်စခေါက်လှန်တင်လိုက် ပြန်ချလိုက်လုပ်နေသည်ကို ကြည့်ပြီး သူ ဘာလုပ်ချင်နေမှန်း မသိသော်လည်း မျက်နှာညိုမဲနေသည်ကို မြင်သဖြင့် ကြိတ်မှိတ်ခံနေပြန်မည်ကို စိုးရိမ်မိသည်။

“စကားတောင် မပြောနိုင်တော့ဘူးထင်တယ်”

ကျုံးမင်းဝေက သွားများကို ပိုမိုတင်းကျပ်စွာ ကိုက်ထားလိုက်သောကြောင့် သွေးများပင် ထွက်လုမတတ် ဖြစ်သွားသည်။

အားချိုးက စကားပြန်ပြောရန် ပြင်နေတုန်းမှာပင် တံခါးအပြင်ဘက်မှ လူတစ်ယောက်ခေါ်သံကို ကြားလိုက်ရသည်။

အားချိုးက ချန်ချင်းရွှမ်၏ အသံကို မှတ်မိသွားပြီး အလျင်စလို ပန်းကန်ကို တွန်းဖယ်လိုက်ကာ အပူပေးကုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ သူမ ဖိနပ်ကို အမြန်စီးပြီး အပြင်သို့ ပြေးထွက်သွားကာ ဧည့်ခန်းသို့ ရောက်သွားလေသည်။ ထို့နောက် ချက်ချင်း ပြန်ပြေးလာပြီး တံခါးဘောင်ကို ကိုင်ကာ မျက်နှာညိုမည်းနေသော ကျုံးမင်းဝေကို ကြည့်ရင်း ပြောလိုက်သည်။

နောက်တစ်စက္ကန့်တွင် ကျုံးမင်းဝေက သူ၏ အံသွားဖြူများဖြင့် နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး ထိုစိတ်အနှောင့်အယှက်ဖြစ်စရာ မိန်းကလေး၏ မျက်နှာကို ကိုက်ပစ်လိုက်ချင်သလို ခံစားရသည်။

“ဆရာချန် ကျွန်မ လာပါပြီ”

အားချိုး၏ ကျယ်လောင်သော အသံနှင့် အလျင်စလို ပြေးသွားသံကို ကြားလိုက်ရသောအခါ ကျုံးမင်းဝေက တိတ်တဆိတ် မျက်လုံးလှန်လိုက်ပြီး ထမင်းပန်းကန်နှင့် တူကို ပြန်ကောက်ကိုင်လိုက်သော်လည်း သူစားမဝင်တော့ပေ။

အပြင်ဘက်တံခါးပွင့်သွားသောအခါ ကျုံးမင်းဝေက ရုတ်တရက် ထမင်းပန်းကန်ကို ချလိုက်ပြီး ပြတင်းပေါက်ဆီသို့ တွားသွားကာ ပြတင်းပေါက်ကို ဖြည်းဖြည်းချင်း ဖွင့်၍ ပြတင်းပေါက်အက်ကွဲကြောင်းမှ အပြင်ဘက်ကို ချောင်းကြည့်လိုက်သည်။

“ဆရာချန် ဘာလို့ ရောက်လာတာလဲ”

အားချိုးက တံခါးဖွင့်လိုက်သောအခါ ချန်ချင်းရွှမ်မှာ လက်ထဲတွင် အထုပ်နှစ်ထုပ်ကိုင်ထားလျက် တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

“ဘာ ငါ့ကို ဆရာလို့ ခေါ်နေတုန်းပဲလား”

ချန်ချင်းရွှမ်က အားချိုးကို ပြုံးကြည့်ရင်း ပြောလိုက်သည်။

“အဖွားဆီက ကြားတယ် သူက မင်းကို မြေးမလေးအဖြစ် အသိအမှတ် ပြုပြီးပြီဆို။ မင်း ငါ့ကို အစ်ကိုလို့ ခေါ်သင့်နေပြီလေ”

“ဟုတ် တော်သေးတာပေါ့ ချန်အဖွားက ကျွန်မကို မမုန်းသွားတာပဲ…”

အားချိုးက အနည်းငယ် ရှက်သွေးဖြာစွာ ချန်ချင်းရွှမ်ကို မျက်လုံးအုံ့မှိုုင်းလေးများနှင့် ကြည့်လိုက်သော်လည်း အတန်ကြာ အစ်ကိုဟု မခေါ်နိုင်ခဲ့ပေ။ ထို့ကြောင့် ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်သည်။

“တောင်းပန်ပါတယ် ဆရာချန် ကျွန်မ… ကျွန်မ တကယ် မခေါ်နိုင်သေးဘူး”

“ရပါတယ် ဖြည်းဖြည်းချင်းပေါ့ ခေါ်နိုင်တဲ့အချိန်ကျမှ ခေါ် စိတ်မပူပါနဲ့”

ချန်ချင်းရွှမ်က သူ့ရှေ့တွင် ခေါင်းငုံထားသော အားချိုး ကြည့်ပြီး နူးညံ့စွာ ပြုံးကာ ပြောလိုက်သည်။

“ပြောရရင် တကယ်တော့ ငါလည်း အစ်ကိုဖြစ်ဖူးတာ မဟုတ်ဘူး။ အခုထိ အနေသား မကျသေးဘူး။ ဒါကြောင့် တဖြည်းဖြည်း ရင်းနှီးသွားကြတာပေါ့။ ဟုတ်ပြီလား”

အားချိုးက အလွန်ကျေးဇူးတင်စွာ ပြောလိုက်သည်။ ချန်ချင်းရွှမ်သည် တကယ်ကို လူကောင်းတစ်ယောက် ဖြစ်သည်။

“အော် ဒါက အဖွား မင်းအတွက် ပေးလိုက်တဲ့ အလုပ်သစ်တစ်ခုပဲ ရွာက မိန်းကလေးတစ်ယောက် လဆန်း ၂၈ ရက်မှာ လက်ထပ်တော့မယ်တဲ့ မင်းကို မင်္ဂလာဝတ်စုံမှာ ပန်းထိုးပေးဖို့ ပြောနေတယ်။ ပုံတွေနဲ့ ပန်းထိုးဖို့ အထည်တွေ အကုန်ဒီမှာ ပါတယ်”

ချန်ချင်းရွှမ်က အထုပ်တစ်ထုပ်ကို အားချိုးထံ လှမ်းပေးရင်း ပြောလိုက်သည်။

“လဆန်း ၂၀ နေ့မတိုင်ခင် ပြီးအောင်လုပ်ဖို့ အဘွားက ပြောခိုင်းလိုက်တယ် အဲဒီဘက်က လူတွေနဲ့ ညှိထားပြီးပြီ ၄ ဝမ် ပေးမယ်တဲ့ သတို့သမီးက မင်းလက်ရာကို သဘောကျရင် ဆုလည်း ထပ်ချမယ်လို့ ပြောတယ်”

သူမစိတ်ထဲတွင် ဆောင်းရာသီအတွက် ထင်း၊ အသားနှင့် ဟင်းသီးဟင်းရွက်များကို မည်သို့ရှာဖွေရမည်နည်းဟု စိုးရိမ်နေခဲ့သည်။ ယခုအခါ အဘွားချန်က အချိန်ကိုက် ထပ်မံ၍ ကူညီပေးခြင်းကြောင့် စိတ်သက်သာရာရသွားသည်။

“မင်းရဲ့ ပန်းထိုးလက်ရာက တကယ်ကောင်းတာပဲ လူတွေက မင်းလက်ရာကို မြင်တာနဲ့ အလုပ်အပ်ချင်ကြတာ ဒီရက်ပိုင်းအတွင်း အဘွားက မင်းအတွက် ဂရုတစိုက်ရွေးပြီး နောက်ဆုံးတော့ ဒီမိသားစုကို အပ်ပေးလိုက်တာ တစ်ခါတစ်လေ ပန်းသေးသေးလေးတွေထိုး တောင်အောက်ကို ခဏခဏသွားနေရပြီး ပိုက်ဆံလည်း သိပ်မဝင်တာတွေထက်တော့ ဒီလိုအလုပ်က ပိုကောင်းတယ်”

“အဘွားချန်က ကျွန်မကိုဆို သိပ်သဘောကောင်းတယ် နောက်တစ်ခါ တောင်အောက်ဆင်းရင် အဘွားအတွက် မုန့်တွေဝယ်သွားပေးရမယ်”

All Chapters