အခန်း (၂၆၈၇)
Vol. 115 Ch. 2687
ခန်းမတစ်ခုလုံး ရုတ်ချည်း ငြိမ်ကျသွားခဲ့လေ၏။ လေလံခန်းမထဲ ရှိနေကြသော ကျင့်ကြံသူအားလုံးသည် စင်မြင့်ပေါ်သို့ မျက်လုံးအပြူးသားဖြင့် လှမ်းကြည့်နေကြသည်။ သီးသန့်ခန်းများထဲတွင် ထိုင်နေကြသော ဧကရာဇ်အဆင့်ပညာရှင်များသည်ပင်လျှင် လည်ပင်းကို တတ်နိုင်သမျှ ဆန့်ရင်း သူတို့ရှေ့၌ ရှိနေသော ရင်သပ်ရှုမောဖွယ်ရာမြင်ကွင်းကို လှမ်း၍ကြည့်နေကြသည်။
“များလိုက်တဲ့ အရင်းအမြစ်ကျောက်တွေ… ငါ့ဘဝမှာ ဒီလောက်များတဲ့ အရင်းအမြစ်ကျောက်တွေကို တစ်ခါမှ မတွေ့ဖူးဘူး…”
“အကုန်လုံးက အဆင့်မြင့်အရင်းအမြစ်ကျောက်တွေချည်းပဲ…”
“အဲ့အပုံကြီးက အနည်းဆုံး သန်းတစ်ရာလောက်တော့ ရှိလိမ့်မယ်…”
အောက်ဘက်၌ ထိုင်နေကြသည့် ကျင့်ကြံသူများဆီမှ ကျွတ်ကျွတ်ညံနေသည့် အသံများ ထွက်ပေါ်လာခဲ့သည်။ ထိုကျင့်ကြံသူများ၏ ကျင့်ကြံခြင်းမှာ မမြင့်မားလှသဖြင့် သူတို့ရရှိနိုင်သည့် ကျင့်ကြံခြင်းအရင်းအမြစ်များမှာ အကန့်အသတ်နှင့်သာ ရှိကြပေသည်။ သူတို့တစ်ဘဝလုံးတွင် ဤမျှများပြားလှသော အရင်းအမြစ်ကျောက်များကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ အဆင့်မြင့်အရင်းအမြစ်ကျောက်များဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။ ဤပမာဏသည် သူတို့အားလုံးအား အရူးတစ်ပိုင်းဖြစ်သွားအောင် လုပ်နိုင်ပေသည်။
သူတို့တွင်သာ ဤမျှ များပြားသော အဆင့်မြင့်အရင်းအမြစ်ကျောက်များ ရှိနေပါက သူတို့တစ်ဘဝလုံးစာ ဖူလုံသွားပြီဟုပင် ပြော၍ရသည်။ သူတို့၏ နောက်မျိုးဆက်များသည်ပင်လျှင် ကျင့်ကြံဖို့ရာအတွက် အရင်းအမြစ်ကျောက်များ မရှိမည်ကို စိုးရိမ်စရာလိုလိမ့်မည်မဟုတ်။
“ဂလု…”
တံတွေးမျိုချသံများမှာလည်း သီးသန့်ခန်းများဆီမှ အသီးသီး ထွက်ပေါ်လာကြသည်။ ဧကရာဇ်အဆင့်ပညာရှင်များမှာ သူတို့ရှေ့ရှိ မြင်ကွင်းအပေါ် မယုံကြည်နိုင် ဖြစ်နေသလို အရင်းအမြစ်ကျောက် အပုံကြီးကိုကြည့်ရင်း လိုချင်တပ်မက်စိတ်များလည်း သူတို့စိတ်ထဲ တဖွားဖွား ထွက်ပေါ်လာနေခဲ့လေသည်။ သူတို့အတွက်ပင်လျှင် ဤပမာဏသည် အလွန်တရာကိုမှ များပြားလွန်းလှသည့် ပမာဏဖြစ်ပေသည်။
“သူ့မှာ အဆင့်မြင့်အရင်းအမြစ်ကျောက်တွေ တကယ်ကြီး အများကြီး ရှိနေတာပဲ…” အခန်းခုနှစ်တွင် ရှိနေသော လူအိုကြီးက မယုံကြည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်လေသည်။ သူ့စိတ်ထဲ မယုံကြည်နိုင်ဖြစ်နေသလို လန့်လည်း လန့်နေမိသည်။ အကြောင်းမှာ အစောပိုင်းက စိတ်လွတ်သွားခဲ့ပြီး ပြောချင်တိုင်း ပြောချပစ်လိုက်သည့် အတွက်ကြောင့်ပင်။ ယခုမူ ထိုအကြောင်းကိုတွေးရင်း သူ၏ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရလေသည်။
သို့သော်ငြား မကြာမီတွင် လှောင်ပြုံးပြုံးလိုက်လေ၏။ (အဲ့ကောင်မှာ အဆင့်မြင့်အရင်းအမြစ်ကျောက်သန်းတစ်ရာ ရှိတော့ရော ဘာဖြစ်လဲ… ငါက ဝါရင့်သမ္ဘာရင့် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ… ဒီကောင်သာ အသိစိတ်ရှိသေးလို့ရှိရင် ငါနဲ့ ပြဿနာမဖြစ်အောင်နေရမှာ… အဲ့လိုမှမဟုတ်ဘဲ ငါ့ကို လာပြဿနာရှာမယ်ဆိုရင်တော့ တွေ့ကြသေးတာပေါ့ကွာ…)
(ပြီးတော့ ဒီခွေးကောင်လေးက ခန်းမထဲမှာရှိနေတဲ့ လူတွေအကုန်လုံးကို ဒေါသထွက်အောင် လုပ်ထားတာ… အခုလိုမျိုး အရင်းအမြစ်ကျောက်တွေအများကြီး ထုတ်ပြလိုက်တာ သူ့ကိုယ်သူ ဒုက္ခရောက်စေမယ်မှန်း မသိတာလား… သူသာ ငါနဲ့ တကယ်ကြီး လာတိုက်ခိုက်မယ်ဆိုရင်တော့ ခန်းမထဲမှာရှိနေတဲ့ အခြားသူတွေ ဘယ်သူမှ ရပ်ကြည့်နေကြမှာမဟုတ်ဘူး… အနည်းဆုံးတော့ အခန်း(၁၃)မှာ ရှိနေတဲ့ ရောင်းရင်းက ငါ့ကို ကျိန်းသေကူညီပေးမှာ…)
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် လူအိုကြီး ချက်ချင်း စိတ်သက်သာရာ ရသွားခဲ့လေသည်။
စင်မြင့်ပေါ်တွင် ရှိနေသော ရန်ကိုင်သည် သူ့လက်အား နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ အဆင့်မြင့်အရင်းအမြစ်ကျောက် အပုံတစ်ပုံ နောက်ထပ် ထပ်မံထွက်ပေါ်လာခဲ့သည်။ ယခုတစ်ကြိမ် ပမာဏသည် ပထမတစ်ကြိမ် သူထုတ်ပြခဲ့သည်ထက်ပင် ပို၍ များပြားနေသေး၏။
“ဟူး…”
သက်ပြင်းရှိုက်သံများ အဘက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့ကြသည်။ လူတိုင်းမှာ အာစေးမိထားသည့်အလား သူတို့ရှေ့တွင်ရှိနေသော အရင်းအမြစ်ကျောက် အပုံလိုက်ကြီးကို ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေမိကြလေသည်။ ထို့နောက်တွင် ရန်ကိုင်သည် အဆင့်မြင့်အရင်းအမြစ်ကျောက်များကို တစ်ပုံပြီးတစ်ပုံ ထုတ်ပြလိုက်လေ၏။
ချက်ချင်းဆိုသလို စင်မြင့်တစ်ခုလုံးမှာ ရန်ကိုင်ထုတ်ပြလိုက်သည့် အဆင့်မြင့်အရင်းအမြစ်ကျောက်များဖြင့် ပြည့်နှက်ခါနီး ဖြစ်သွားခဲ့ရလေသည်။ ထိုအဆင့်မြင့်အရင်းအမြစ်ကျောက်များကြောင့် အခန်းတွင်းရှိ မိုးမြေစွမ်းအင်များသည်ပင်လျှင် အလွန်ကိုမှ သိပ်သည်းလာခဲ့ရသည်။ လေလံပွဲတွင် ရှိနေသော ကျင့်ကြံသူအားလုံး သူတို့၏စိတ်အစုံ လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
“အိုး… ငါ့ရဲ့အဆင့်တစ်ဆို့နေတဲ့ အတားအဆီး တဖြည်းဖြည်း လျော့လာနေပြီကွ… ငါ အဆင့်ချိုးဖြတ်တော့မယ်…” တစ်ယောက်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ထအော်လေသည်။
သူ့စကားအား ဆုံးအောင်မပြောနိုင်သေးခင်မှာပင် အရှိန်အဝါတစ်ရပ် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ တစ်ယောက်ယောက် အဆင့်ချိုးဖြတ်သွားသည့်ပုံပင်။
“ဘုန်း… ဘုန်း… ဘုန်း…”
တစ်ယောက်ပြီး တစ်ယောက် အဆင့်ချိုးဖြတ်ကုန်ကြလေသည်။ အလွန်ကိုမှ သိပ်သည်းလှသော မိုးမြေစွမ်းအင်၏ အကူအညီကြောင့် အတားအဆီးများကို ကျော်ဖြတ်၍ အဆင့်ချိုးဖြတ်သွားနိုင်သူ ကျင့်ကြံသူ အယောက်တစ်ရာနီးပါးခန့် ရှိနေခဲ့သည်။
အဆင့်မချိုးဖြတ်နိုင်သေးသည့် ကျင့်ကြံသူများမှာလည်း သူတို့၏ကျင့်စဉ်အသီးသီးကို အရူးအမူးလှည့်ပတ်ရင်း သိပ်သည်းလှသည့် မိုးမြေစွမ်းအင်များကို စုပ်ယူရန် ကြိုးစားနေကြလေသည်။
ထိုကျင့်ကြံသူများ၏ ကျင့်ကြံခြင်းမှာ သိပ်မမြင့်မားလှသလို သူတို့တွင် ကျင့်ကြံစရာအရင်းအမြစ် ကောင်းကောင်းမွန်မွန်လည်း မရှိကြချေ။ သူတို့ တံခါးပိတ်ကျင့်ကြံရန် ရွေးချယ်သည့် နေရာများမှာလည်း အကောင်းမွန်ဆုံးသော နေရာများ မဟုတ်ကြ။ သို့သော်ငြား သန်းရာနှင့်ချီသော အဆင့်မြင့်အရင်းအမြစ်ကျောက်များကို ရန်ကိုင်မှ တစ်ပြိုင်တည်း ထုတ်ယူလာခဲ့သည့်အတွက်ကြောင့် လေလံခန်းမထဲရှိ မိုးမြေစွမ်းအင်မှာ အလွန်တရာကိုမှ သိပ်သည်းသွားခဲ့လေရာ ကျင့်ကြံသူများအတွက် ကျင့်ကြံရန် အလွန်တရာကိုမှ သင့်လျော်သော ပတ်ဝန်းကျင်တစ်ခု ဖြစ်လာခဲ့လေသည်။
“ငါ့ရဲ့သူရဲကောင်းလေး…” တစ်ယောက်ယောက်က ထအော်လေသည်။ ထိုသူသည် သူတော်စင်ဘုရင် ဒုတိယအဆင့်တွင် အချိန်အတော်ကြာအောင် တစ်ဆို့နေခဲ့ခြင်း ဖြစ်လေသည်။ သူ့အနေဖြင့် ကြိုးစားနေစေကာမူ နောက်တစ်ဆင့်သို့ မချိုးဖြတ်နိုင်ခဲ့ပေ။ သို့သော်ငြား ရန်ကိုင်မှ ထုတ်ယူလာခဲ့သည့် အဆင့်မြင့်အရင်းအမြစ်ကျောက်များ၏ အကူအညီကြောင့် နောက်တစ်ဆင့်သို့ ချောချောမွေ့မွေ့နှင့် ချိုးဖြတ်သွားနိုင်ခဲ့ရသည်။
“သူရဲကောင်းလေး… ကျေးဇူးပြုပြီး ငါဦးညွှတ်တာကို လက်ခံပေးပါ…” နောက်တစ်ယောက်ကလည်း ရုတ်ချည်းထရပ်၍ ရန်ကိုင်အား တလေးတစားဖြင့် ဦးညွှတ်လိုက်လေသည်။
လူများသည် တစ်ယောက်ပြီးတစ်ယောက် ထရပ်ကာ ရန်ကိုင်အား ကျေးဇူးတင်စကား ဆိုလိုက်ကြလေသည်။
ရန်ကိုင်သည် ထိုလူများကို ပြုံးသာ ကြည့်နေခဲ့သည်။ ထိုလူများမှ သူ၏အရင်းအမြစ်ကျောက်များမှ ထွက်ပေါ်နေသော မိုးမြေစွမ်းအင်များမှာ စုပ်ယူနေသည်ကို သွားမတားခဲ့ချေ။
ရန်ကိုင်သည် ရှေးဟောင်းကုန်းမြေထဲမှ မြောက်မြားလှစွာသော အဆင့်မြင့်အရင်းအမြစ်ကျောက်များကို ရရှိခဲ့ရုံမက ရမ္မက်ရှာဂိုဏ်း၏ ရတနာဂိုထောင်ကိုလည်း ပြောင်တလင်းခါသွားအောင် လုပ်ပစ်ခဲ့သည်။ အဆင့်မြင့်အရင်းအမြစ်ကျောက် ပမာဏသက်သက်နှင့်ပင်လျှင် သူ့၌ တစ်ဘီလီယံကျော်မက ရှိနေခဲ့လေသည်။ ထို့ကြောင့် မိုးမြေစွမ်းအင်အနည်းအကျဉ်းလောက် ဆုံးရှုံးသွားရသည့်အပေါ် ရန်ကိုင်စိတ်ကွက်မနေခဲ့ပေ။
လက်ရှိ ရန်ကိုင်ပိုင်ဆိုင်ထားသည့် ပမာဏအရ သူ့ဘက်မှ အနည်းငယ်လေး ရက်ရက်ရောရာနှင့် ပေးကမ်းလိုက်မည်ဆိုလျှင်ပင် ထိုပမာဏသည် ထိုကျင့်ကြံသူများအတွက် တစ်ဘဝလုံးစာ ဖူလုံသွားနိုင်ပေသည်။
စင်မြင့်နောက်ဘက်တွင် ရှိနေသော ဝူမင်ကမူ ထိုအဆင့်မြင့်အရင်းအမြစ်ကျောက်ပုံကြီးအား မီးတောက်မတတ်အကြည့်ဖြင့် စိုက်ကြည့်ရင်း တံတွေးတစ်လုပ်ပြီးတစ်လုပ် မျိုချနေခဲ့သည်။ (အဲ့ဒါတွေအကုန်လုံး ငါ့ဟာဖြစ်လာမှာ… ငါ့ဟာဖြစ်လာမှာ…)
ရန်ကိုင် ဤမျှ ကြွယ်ဝချမ်းသာလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ ရန်ကိုင်သည် သန်းရာနှင့်ချီသော အဆင့်မြင့်အရင်းအမြစ်ကျောက်များကို အလွယ်တကူ ထုတ်ယူနိုင်သည်ဖြစ်ရာ သူ၏သိုလှောင်လက်စွပ်ထဲတွင် ပိုမိုများပြားသော အဖိုးတန်ရတနာများ ရှိနေရပေလိမ့်မည်။ သူသာ ရန်ကိုင်အား အနိုင်ယူသွားနိုင်မည်ဆိုပါက ထိုရတနာအားလုံးသည် သူ့လက်ထဲသို့ ကျရောက်လာရပေလိမ့်မည်။
(မဟုတ်ဘူး မဟုတ်ဘူး… အဲ့ဒါတွေအကုန်လုံးကို ဆရာပိုင်သွားမှာ… ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဆရာသာ ရသွားမယ်ဆိုရင် ငါလည်း နည်းနည်းပါးပါးတော့ ရလောက်တယ်…) ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ဝူမင်မှာ အကျယ်ကြီး အော်ရယ်လုမတတ်ပင် ဖြစ်သွားခဲ့လေသည်။
“မင်းတို့အမှိုက်ကောင်တွေ အခု သေချာမြင်ပြီလား… အခု ငါ့ကိုပြော… ပိုက်ဆံမရှိဘဲ လျှောက်ပေးနေတယ်လို့ မင်းတို့ထင်နေသေးလား…” ရန်ကိုင်သည် လူအုပ်ကြီးအား စိုက်ကြည့်ရင်း အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။
ယခုတစ်ကြိမ်တွင်တော့ မည်သူမျှ ဘာမှ ပြန်မပြောနိုင်ကြတော့ပေ။
ယခုကဲ့သို့သော သက်သေသာဓကကြီး သူတို့ရှေ့တွင် မျက်ဝါးထင်ထင် ရှိနေပြီဖြစ်လေရာ သူတို့အနေဖြင့် မယုံချင်လျှင်ပင် ယုံရပေတော့မည်။ ရန်ကိုင်သည် ထိုမျှများပြားလှသော အရင်းအမြစ်ကျောက်များကို တစ်ပြိုင်တည်း ထုတ်ယူလာနိုင်ခဲ့သည်။ ထို့အတွက်ကြောင့် သူမည်မျှချမ်းသာကြောင်းကို ချွင်းချက်မရှိ သက်သေပြပြီးသွားပြီဟု ပြော၍ရပေသည်။
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် အဆင့်မြင့်အရင်းအမြစ်ကျောက်အားလုံးကို သူ့သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်သိမ်းလိုက်လေ၏။
ခန်းမထဲရှိ သိပ်သည်းလှသော မိုးမြေစွမ်းအင်များမှာ ရုတ်ချည်း ပျောက်ကွယ်သွားကုန်ကြရာ အကုန်လုံး၏မျက်နှာ ညှိုးကျသွားခဲ့ရလေသည်။ ထိုအရာများသည် အစကတည်းက သူတို့အပိုင်များ မဟုတ်ကြ။ ဤဧကရာဇ်အဆင့်ပညာရှင်မှ ရက်ရက်ရောရောဖြင့် ထိုအဆင့်မြင့်အရင်းအမြစ်ကျောက်များမှ မိုးမြေစွမ်းအင်များကို သူတို့အား စုပ်ယူခွင့်ပေးသည်ကပင်လျှင် အတော်လေးကိုမှ ကြင်နာရက်ရောရာ ရောက်နေလေပြီ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် သူတို့ကျင့်ကြံနိုင်ရန်အတွက် ထိုအရင်းအမြစ်ကျောက်များကို တောက်လျှောက်ထုတ်ထားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ တစ်ခဏအတွင်းဆိုသလို သက်ပြင်းချသံများ အစီအရီ ထွက်ပေါ်လာခဲ့သည်။
“ခင်ဗျားတို့ နားလည်တာ ကောင်းတယ်…” ရန်ကိုင်က ပြုံးဖြီးလိုက်ပြီးသည့်နောက် အခန်း(၇)ဘက်သို့ လှည့်၍ “သက်ကြားအိုကြီး… အခု ခင်ဗျားကတိအတိုင်း လုပ်ရမယ့်အချိန် ရောက်ပြီ…”
“ဘာကတိလဲ… မင်း ဘာပြောနေတာလဲ…” အခန်း(၇)တွင် ရှိနေသော လူအိုကြီးက ဒေါသတကြီးဖြင့် ပြန်ထအော်လေသည်။
“အခုမှ ဘာတွေကြောင်တောင်တောင် လာလုပ်နေတာလဲ…” ရန်ကိုင်က သုန်သုန်မှုန်မှုန်ဖြင့် “ခုနတုန်းက ဒီသခင်လေးသာ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းတစ်ရာကို ထုတ်ပေးနိုင်မယ်ဆိုလို့ရှိရင် ကိုယ့်ခေါင်းကို ဘောလုံးတစ်လုံးကို ကန်ခွင့်ပေးမယ်လို့ ပြောခဲ့တာ ဘယ်သူလဲ… အခုမှ ဘာတွေလာငြင်းချင်နေတာလဲ… ခင်ဗျား ဒီလောက်တောင် မျက်နှာပြောင်တိုက်ရသလား…”
လူအိုကြီးက အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။ “ပြောင်တာတွေကို အတည်ယူလို့မရဘူးလေ…”
ရန်ကိုင်က ပြန်ပြောလိုက်၏။ “သက်ကြားအိုကြီး… ခင်ဗျား အရှက်မရှိ လာလုပ်မနေနဲ့… ကျုပ် သုံးထိရေမယ်… အဲ့အချိန်အတွင်းမှာ ခင်ဗျားခေါင်းကို ဘောလုံးလို ကန်ခွင့်မပေးရင်တော့ ဒီသခင်လေးကို ရိုင်းလို့ဆိုပြီး လာအပြစ်မတင်နဲ့နော်…”
“ကောင်လေး မင်း လုပ်ရဲလား…” လူအိုကြီး ဒေါသူပုန်ထသွားခဲ့လေသည်။ သူတို့နှစ်ဦးစလုံးမှာ ဧကရာဇ်ပထမအဆင့် ပညာရှင်များသာ ဖြစ်ကြပါသော်ငြား ရန်ကိုင်သည် သူ့အပေါ် အနည်းငယ်လေးပင် မလေးစားဘဲ နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အစောပိုင်းက ဒေါသထွက်ထွက်နှင့် ထိုကဲ့သို့ကတိမျိုး ပေးခဲ့ပါသော်ငြား နားလည်တတ်သည့်မည်သူမဆို သူ အတည်ပြောနေခြင်းမဟုတ်မှန်း သိနိုင်ကြပေလိမ့်မည်။ ရန်ကိုင်သည် ဘာကြောင့်များ သူပြောသည့်စကားကို အတည်ကြီး မှတ်ယူနေရလေသနည်း။
“တစ်…” ရန်ကိုင်ကမူ လူအိုကြီးအား ဂရုမစိုက်ဘဲ စ၍သာ ရေတွက်လိုက်၏။
“ခွေးကောင်လေး… မင်း သိပ်လွန်မလာနဲ့နော်… ငါက မီးခိုးရောင်ကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ… မင်း ငါတို့ မီးခိုးရောင်ကောင်းကင်ဂိုဏ်းနဲ့ ရန်သူဖြစ်ချင်နေတာလား…”
ရန်ကိုင်သည် သူပြောသည်ကိုအရေးမစိုက်ဘဲ သူ့ဘာသာ စတင်ရေတွက်နေသည်ကို မြင်သော် လူအိုကြီးသည် ရန်ကိုင် နောက်ပြန်ဆုတ်သွားစေရန်အလို့ငှာ သူမည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း ထုတ်ပြောလိုက်လေသည်။
“နှစ်…” ရန်ကိုင်ကမူ ဂရုစိုက်မနေခဲ့ဘဲ ဆက်၍သာ ရေတွက်နေခဲ့သည်။
မီးခိုးရောင်ကောင်းကင်ဂိုဏ်းလောက်ကို ရန်ကိုင်က ဂရုစိုက်နေမည်လား။ ရန်ကိုင်သည် ရမ္မက်ရှာဂိုဏ်းကိုပင်လျှင် ဖျက်ဆီးပစ်ရဲခဲ့လေရာ ဘယ်ကမှန်းမသိရသော မီးခိုးပြာကောင်းကင်ဂိုဏ်းဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။
လူအိုကြီးမှာ စတင်၍ ထိတ်လန့်လာတော့သည်။ ရန်ကိုင် တကယ်ကြီးလုပ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထိုခွေးကောင် ရူးများရူးနေလေသလော။ သူတို့နှစ်ဦးစလုံးမှာ အဆင့်တူကျင့်ကြံသူများ ဖြစ်ကြသလို နှစ်ဦးသားကြား မည်သည့်ရန်ငြိုးရန်စမှလည်း မရှိကြချေ။ သူ့အနေဖြင့် သူပြောလိုက်သည့်စကားလေးတစ်ခွန်းကြောင့် ဤအတိုင်းအတာထိလုပ်ရန် လိုအပ်ပါလေသလော။
သို့သော်ငြား ရန်ကိုင်၏မျက်လုံးထဲတွင် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးနှင့် မီးခိုးရောင်ကောင်းကင်ဂိုဏ်းလောက်တို့သည် စာမဖွဲ့လောက်သည့်အရာများ ဖြစ်သည်ဟူသော အချက်ကိုတော့ ထိုလူအိုကြီးမသိခဲ့ပေ။
သူသည်သာ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသာ ဆိုလျှင်တော့ ရန်ကိုင်သည် ပြောသည့်အတိုင်း အတည်မလုပ်ဘဲ နည်းနည်းပါးပါးတော့ ပြန်၍အလျှော့ပေးပေဦးမည်။
ထိုအခါ လူအိုကြီးသည် အံကိုတင်းတင်းကြိတ်၍ အခန်း(၁၃)ဘက်သို့ လှည့်ရင်း ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ထိုနေရာတွင်ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်ကို လှမ်း၍ ပြောလိုက်လေ၏။ “ရောင်းရင်း… ဒီကောင်က ရူးနေပြီ… ငါတို့ အတူပူးပေါင်းပြီး အဲ့ကောင်ကို အမှောက်သိပ်ကြမလား… မဟုတ်ရင် ဒီကောင့်ပုံစံအရ ငါပြီးတာနဲ့ မင်းဆီလာမှာ… ဒီတော့ ငါတို့ဘက်က အရင်ကြိုရိုက်ထားတာ ကောင်းလိမ့်မယ်… သူ့ကိုအမှောက်သိပ်ပြီးသွားလို့ရှိရင် သူ့မှာရှိနေတဲ့ အရင်းအမြစ်ကျောက်တွေအကုန်လုံးကို ငါတို့ တစ်ယောက်တစ်ဝက် ညီတူညီမျှ ခွဲကြတာပေါ့…”
အခန်း(၁၃)တွင် ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်၏ အမူအယာမှာလည်း သုန်မှုန်နေခဲ့လေသည်။ ရန်ကိုင်သည် အလွန်ကိုမှ ကြမ်းကြုတ်ခက်ထန်လွန်းလှသည်။ ထိုလူအိုကြီးပြောသည်မှာ အမှန်မှန်း သူလည်း သိနေခဲ့လေသည်။ အစောပိုင်းက သူကိုယ်တိုင်ပင်လျှင် ရန်ကိုင်အား ကြည့်မရသည့်အတွက်ကြောင့် ရန်ကိုင်သာ ထိုမျှများပြားလှသော အရင်းအမြစ်ကျောက်များကို တကယ်ကြီး ထုတ်ယူလာနိုင်ပါက ချီး ၃ကီလိုဂရမ်ကို စားပြမည်ဟု ပြောခဲ့သည်။ သို့သော်ငြား ထိုသို့ပြောစဉ်က သူမည်သူမည်ဝါဖြစ်ကြောင်းကို အတတ်နိုင်ဆုံးဖုံးကွယ်သည့်တိုင် ရန်ကိုင်သည် သူ့အား ရှာတွေ့သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရန်ကိုင်မှ သူ့အား တကယ်ကြီး ချီးစားခိုင်းမလားဟု တွေး၍ စိတ်ပူနေစဉ်မှာပင် လူအိုကြီးသည် သူ့အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ဆက်သွယ်လာခဲ့လေသည်။
သန်းရာနှင့်ချီသော အရင်းအမြစ်ကျောက်များကို ညီတူညီမျှ ခွဲဝေမည်ဆိုသည့်အကြောင်း ကြားပြီးသည့်နောက် သက်လတ်ပိုင်းလူကြီးသည် တစ်ချက်ပင် စဉ်းစားမနေခဲ့ဘဲ ချက်ချင်း သဘောတူလိုက်လေ၏။ “ကောင်းပြီလေ…”
ထိုစကားကိုကြားသည့်အခါ လူအိုကြီး ဝမ်းသာသွားခဲ့ပြီး သူ့ဘာသာသူ တွေးလိုက်လေ၏။ (ခွေးကောင်လေး… မင်းက ကိုယ့်သေတွင်းကိုယ် တူးချင်နေတယ်ဆိုမှတော့ ဒီလူအိုကြီးကို ရက်စက်လို့ဆိုပြီး အပြစ်မတင်နဲ့ပေါ့ကွာ…”
“သုံး…” ရန်ကိုင်က အော်ဟစ်လိုက်သည်။ ထို့နောက် အခန်း(၇)ဆီသို့ အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်၍ ခေါင်းညိတ်လိုက်လေ၏။ “ကောင်းပြီလေ… ခင်ဗျားက အခေါင်းမမြင်ရသေးသရွေ့ မျက်ရည်မကျမယ့် လူစားမျိုးဆိုမှတော့ ဒီသခင်လေးကိုယ်တိုင်ပဲ ကူညီပေးရတော့မှာပေါ့…”
ထို့နောက် အခန်း(၇)ဆီသို့ လက်သီးတစ်ချက် ထိုးချလိုက်လေ၏။
ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ အခန်း(၇)အား လွှမ်းခြုံထားသည့် အလင်းအကာအရံ ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထိုအကာအရံသည် ရန်ကိုင်၏တိုက်ခိုက်မှုကို အောင်မြင်စွာ ခုခံနိုင်သွားခဲ့သည်။
လေလံပွဲတွင် ရှိနေကြသော သီးသန့်အခန်းများကို အားကောင်းလှသည့် အကာအရံများဖြင့် ဖုံးလွှမ်းထားကြလေသည်။ သို့မှသာလျှင် အရေးကြီးသော ဧည့်သည်များ၏ ကိုယ်ရေးကိုယ်တာနှင့် လုံခြုံမှုကို အာမခံပေးနိုင်ပေလိမ့်မည်။ ထိပ်တန်းလေလံစံအိမ်များ ဖြစ်လိုပါက ထိုကဲ့သို့သော အကာအရံများသည် မရှိမဖြစ်ကို လိုအပ်ပေသည်။
အရိပ်ဓါးပျံသည် မြို့ငယ်လေးတစ်မြို့ မဟုတ်ပါသော်ငြား မြို့ကြီးတစ်မြို့လည်း မဟုတ်ချေ။ ထို့အတွက်ကြောင့် ဤနေရာတွင် ဖွင့်လှစ်ထားသော ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်း၏ လေလံစံအိမ်မှ အကာအရံများသည် သာမန် ဧကရာဇ်ပထမအဆင့်၊ ဒုတိယအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုလောက်ကိုသာ ခုခံနိုင်ပေသည်။
ဧကရာဇ်တတိယအဆင့် ပညာရှင်များနှင့် ရင်ဆိုင်တွေ့ရသော် ထိုအကာအရံများမှာ အလုပ်မဖြစ်တော့ပေ။
သို့သော်ငြား ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသည့် ပညာရှင်များမှာ များများစားစား ရှိလှသည်မဟုတ်။ ထို့အတွက်ကြောင့် ထိုကဲ့သို့သော ပညာရှင်တစ်ဦး ပေါ်လာမည်ဆိုလျှင်ပင် လူတိုင်းသည် ထိုလူအား ဖားဖားယားယားဖြင့် ဆက်ဆံနေကြရမည်ဖြစ်လေရာ မည်သူကများ ထိုလူအပေါ် ရိုင်းပျရဲပါမည်နည်း။
“ဟား ဟား ဟား…” ရန်ကိုင်၏တိုက်ခိုက်မှု သူ့ဆီသို့ ရောက်မလာသည်ကိုမြင်သော် မီးခိုးရောင်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်က အားပါးတရဖြင့် အော်ရယ်မောလိုက်လေ၏။ “ကောင်လေး… မင်းတစ်ယောက်တည်းနဲ့ ဒီလူအိုကြီးကို ပြဿနာလာရှာနိုင်မယ် ထင်နေတာလား… သွားပြန်ပြီးတော့ပဲ ကျင့်နေစမ်းပါ… ဟမ်…”
ထိုသို့ပြောနေရုံပင်ရှိသေး ကြောက်မက်ဖွယ်ရာတစ်ခုခုအား မြင်လိုက်ရသည့်အလား ရုတ်တရက် ထအော်လေသည်။
အကုန်လုံးမှာ ထိုလူအိုကြီး၏ အခန်းဆီသို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့်အရာကြောင့် မျက်လုံးပြူးသွားကုန်ကြလေ၏။
အခန်း(၇)အား လွှမ်းခြုံထားသည့် အလင်းအကာအရံထက်တွင် အက်ရာလေးတစ်ခု တကယ်ကြီး ထွက်ပေါ်လာခဲ့လေသည်။