← Chapters

အခန်း (၂၆၈၉)

Vol. 115 Ch. 2689

အခန်း (၂၆၈၉)

Vol. 115 Ch. 2689

အခန်း(၁၃)ပတ်လည်ရှိ အကာအရံမှာ အကောင်းအတိုင်း ရှိနေသေးသည့် အတွက်ကြောင့် အကုန်လုံးမှာ အခန်းတွင်းထဲ ဘာတွေဖြစ်နေသလဲဆိုသည်ကို မမြင်နိုင်ကြချေ။ သို့သော်ငြား အခန်းတွင်းဆီမှ ထွက်ပေါ်နေသော စကားများကိုတော့ သေချာ ကြားနေရပေသေးသည်။

အခန်း(၁၃)ထဲတွင် ရှိနေသော ဧကရာဇ်အဆင့် ပညာရှင်သည် တောင်းပန်၍ မရတော့သည့်နောက် သူသေကိုယ်သေ တိုက်ခိုက်မည်ဟု ပြောနေသည်ကို သူတို့ ကြားလိုက်ရသည်။ သို့သော်ငြား ထိုဧကရာဇ်အဆင့် ပညာရှင်မှာ တိုက်ပင် မတိုက်ရသေးခင်မှာပင် အမှောက်သိပ်ခံလိုက်ရသည့်အလား အလန့်တကြား အော်ဟစ်သံနှင့်အတူ ဂလုဂလု အသံများကိုကြားလိုက်ရလေသည်။

အခန်းနံရံခြားနေသဖြင့် မမြင်ရသော်ငြား ဘာတွေဖြစ်နေသလဲဆိုသည်ကို အသံကြားရုံဖြင့် အကုန်လုံး မြင်ယောင်ကြည့်နေမိလေပြီ။

အော့... ခန်းမထဲတွင် ရှိနေသည့် အမျိုးသမီးတစ်ဦးမှာ မထိန်းနိုင်တော့သည့်အလား ထိုးအန်တော့လေသည်။ အမျိုးသမီးသည် စနက်တံကို စဖြုတ်လိုက်သည့်အလား၊ သူမမှ စလိုက်သည့်နှင့် တစ်ပြိုင်နက် အခြား အောင့်ထားသည့် လူများမှာ မထိန်းနိုင်ကြတော့ဘဲ အသီးသီး ထိုးအန်ကြတော့လေ၏။ ရုတ်ချည်းဆိုသလို ခန်းမတစ်ခုလုံးမှာ ညစ်ပတ် ပေရေကုန်တော့လေသည်။ မအန်သည့်လူများမှာလည်း ဆိုးရွားသည့် အနံ့အသက်များကြောင့် နေရထိုင်ရ အဆင်မပြေ ဖြစ်လာကြတော့သည်။

သီးသန့်ခန်းများထဲတွင် ရှိနေကြသည့် ဧကရာဇ်အဆင့် ပညာရှင်များမှာတော့ အလွန်ကိုမှ အံ့အားသင့်နေကြသည်။ ခုနှစ်ရောင်စဉ်ကုန်သွယ်ရေး အဖွဲ့အစည်းသည် တောင်ဘက်နယ်မြေ၏ ထိပ်တန်းအင်အားစုတစ်ခု ဖြစ်ပါသော်ငြား သူတို့၏ လေလံစံအိမ် ယခုကဲ့သို့ ဖြစ်နေသည်ကို မည်သူမှ လာမတားကြချေ။ ထိုအချက်ကို နားလည်လိုက်သော် ယခုတစ်ကြိမ် လေလံပွဲသည် လုံးဝ ရိုးရှင်းခြင်းမရှိတော့ကြောင်း လူတိုင်း နားလည်သွားလေ၏။

အချိန်အတော်ကြာသွားပြီးသည့်နောက်တွင် ရန်ကိုင် အခန်(၁၃)ထဲမှ ပြန်ထွက်လာခဲ့သည်။ ထို့နောက် အညစ်အကြေးများကို ဖယ်ရှားပစ်နေသည့်အလား ဖုန်များကို သုတ်ပစ်နေရင်းမှ ပြောလိုက်လေ၏ “ဒီလို ထူးဆန်းတဲ့ဟာမျိုး တောင်ဆိုတဲ့လူမျိုးကို ငါ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးတာပဲ။ တကယ်ကို ထူးဆန်းတဲ့လူ”

အခန်းထဲရှိ တစ်ဟုန်ထိုး ထိုးအန်နေသည့် အသံများ တောက်လျှောက် ထွက်လာနေခဲ့သည်။

“ဆက်လုပ်ပေတော့” ရန်ကိုင်သည် စင်မြင့်ပေါ်တွင် ရှိနေသော ဟွာချင်းစီဘက်သို့ လှည့်၍ ပြောလိုက်လေ၏။

ဟွာချင်းစီလည်း ခေါင်းညိတ်ပြလိုက်သည်။ ရန်ကိုင်သည် အစောကြီးကတည်းက သူမဆရာကြောင့် ဒေါသထွက်နေခဲ့ခြင်းဖြစ်ကာ သူ့ဒေါသကို ဖွင့်ထုတ်နိုင်မည့် နည်းလမ်း မတွေ့သေးသဖြင့် ငြိမ်နေရသည်။ ထိုသို့သောအချိန်မှ အခန့်ဆယ့်သုံးနှင့် ခုနှစ်မှ ကျင့်ကြံသူတို့သည် ရန်ကိုင်အား လာရောက် ရန်စကြလေ၏။ ရန်ကိုင်ကလည်း သူ့ဒေါသအား ဖွင့်ထုတ်နိုင်မည့် အခွင့်အရေးကို မည်သို့များ လက်လွှတ်ခံနိုင်ပါမည်နည်း။

ကံကောင်းစွာဖြင့် အခန်း (၁၃)တွင် ရှိနေသော ကျင့်ကြံသူသည် အခန်း ခုနှစ်မှ ကျင့်ကြံသူကဲ့သို့ သေကံမရောက် အသက်မပျောက်ခဲ့ရချေ။ သို့သော်ငြား သူကြုံခဲ့ရသည့် အဖြစ်အပျက်သည် သေသည်ထက်ပင် ပိုဆိုးချင် ဆိုးနေနိုင်လောက်ပေသည်။

ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် ဟွာချင်းစီက မေးလိုက်လေ၏ “အခန်းတစ်က အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းတစ်ရာ ပေးထားပါတယ်။ ဒီထက် ပိုပေးချင်တဲ့လူများ ရှိလား”

မည်သူမှ ပြန်မဖြေကြ။ သန်းတစ်ရာသည် သူတို့ တတ်နိုင်သည့် ဘောင်အတွင်းတွင် ရှိမနေတော့ချေ။

ဟွာချင်းစီက ခေါင်းညိတ်လိုက်၏ “ဒါဆိုရင် တတိယမြောက် လေလံပစ္စည်းကို အခန်းတစ်မှ ရသွားပါပြီ”

ထိုသို့ ပြောပြီဂသည့်နောက် ဝန်ထမ်းမလေးသည် လင်ဗန်းကိုကိုင်လျက် အခန်းတစ်ဆီသို့ ချက်ချင်း လျှောက်သွားလေ၏။ သို့သော်ငြား ငရဲခန်းဆီသို့ သွားနေရသည့်အလား သူမမျက်နှာမှာ ဖြူလျော်နေပြီး သူမ၏ ခြေထောက်များမှာ ကတုန်ကရင် ဖြစ်နေခဲ့သည်။

ရန်ကိုင်သည်လည်း သူ့အခန်းဆီသို့ ပြန်လာပြီး ကောင်းကင်အဆင့်ရုပ်သေးရုပ်ကို လက်ခံယူထားလိုက်လေသည်။

စင်မြင့်ပေါ်တွင် ရှိနေသော ဟွာချင်းစီက ဆက်ပြောလိုက်၏ “လေးယောက်မြောက် လေလံပစ္စည်းက ရွက်တစ်ထောင်ဂိုဏ်းရဲ့ ကောင်းကင်အဆင့် ရုပ်သေးရုပ်...”

“သန်းတစ်ရာ” ရန်ကိုင်က ထအော်လေသည်။

ဟွာချင်းစီသည် အခန်းတစ်ရှိရာဆီသို့ ပြုံးကာကြည့်လိုက်ပြီးနောက် လူအုပ်ကြီးကို ဝေ့ကြည့်လျက် မေးလိုက်လေ၏ “ပိုပေးချင်တဲ့လူများ ရှိလား”

ထိုသို့ မေးပြီးနောက်တွင် ယခုလေးတင် စင်နောက်ဘက်မှ ထွက်လာသည့် ဝန်ထမ်းမလေးနှင့် အကြည့်ချင်းဆိုင်လိုက်သည်။ သူမအနေဖြင့် ဘာမှပြောစရာမလိုခဲ့။

လက်ကျန် လေလံပွဲစဉ်တစ်လျှောက်လုံးသည် ပွဲစီစဉ်သူနှင့် ရန်ကိုင်ကြားတွင်သာ ပြီးဆုံးသွားခဲ့လေသည်။ ပစ္စည်းအသစ်တစ်ခု လေလံတင်သည့်အခါ ရန်ကိုင်သည် ထိုလေလံပစ္စည်းကို သန်းတစ်ရာ ပေးဝယ်ပြီး ဟွာချင်းစီသည် ပစ္စည်းကို သူ့အခန်းထဲသို့ တန်းပို့ပေးလေ၏။

သီးသန့်ခန်းများထဲတွင် ရှိနေကြသည့် ဧကရာဇ်အဆင့် ပညာရှင်များမှာတော့ မှုန်ကုတ်ကုတ် ဖြစ်နေကြလေသည်။ ကောင်းကင်အဆင့်ရုပ်သေးရုပ်များကို လိုချင်သည့် အတွက်ကြောင့် အဝေးကြီးမှ လာခဲ့ရပါသော်ငြား သူတို့အနေဖြင့် လေလံပစ်ရန်ပင် အခွင့်အရေး မရလိုက်ပါချေ။ ရန်ကိုင်မှ သန်းတစ်ရာပေးနေသည်ကို သူတို့ အနေဖြင့် မည်သို့များ ထပ်ပိုပေးနိုင်ပါတော့မည်နည်း။ ထို့အပြင် ရန်ကိုင် ပုံစံသည် လေလံပစ္စည်းများကို ဝယ်လိုခြင်းသက်သက်သာလျှင် မဟုတ်ဘဲ ပြဿနာလည်း ရှာချင်နေသည့်ပုံပင်။

အခန်း ခုနှစ်နှင့် ဆယ့်သုံးမှ ဧကရာဇ်အဆင့် ပညာရှင်နှစ်ဦးအား သတ်သွားသည့် အချက်ကို ထည့်မတွက်လျှင်ပင် လေလံပစ္စည်းတိုင်းကို သန်းတစ်ရာ ပေးဝယ်နေသည့် လုပ်ရပ်မှာ နည်းနည်း အတွေးများစရာ ဖြစ်နေပေသည်။

ရန်ကိုင် ချမ်းသာသည်မှာ မှန်ပေသည်။ သူ့အနေဖြင့် အဆင့်မြင့် အရင်းအမြစ်ကျောက် သန်းတစ်ရာကို ထုတ်ပေးနိုင်သည်မှာလည်း ယုံမှားသံသယရှိစရာမလို။ သို့ပင်လျှင် ရုပ်သေးရုပ်တိုင်းကို သန်းတစ်ရာပေးဝယ်နေသည်မှာတော့ သိပ်မဟုတ်သေးချေ။ ထို့ကြောင့် အကြောင်းအရင်းတစ်ခုသာ ရှိတော့သည်။ ရန်ကိုင်သည် ထိုရုပ်သေးရုပ်များ အတွက် မည်သည့် တန်ကြေးကိုမှ ပေးချေရန် မစဉ်းစားထားသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

ဧကရာဇ်အဆင့် ပညာရှင်များမှာ အရူးများမဟုတ်ကြ။ အချိန်အတော်ကြာအောင် ထိုင်ကြည့်နေပြီးနောက် တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိလာခဲ့ကြသည်။ ဘာမှန်းမသိသော် ခံစားချက်တစ်ခုသည် သူတို့၏ စိတ်အတွင်းပိုင်းဆီမှ အလိုလို ထွက်ပေါ်လာခဲ့ပြီး သူတို့အား နေမထိထိုင်မထိ ဖြစ်အောင် လုပ်နေခဲ့သည်။

ထို့အပြင် လေလံပွဲစီစဉ်သူမှ ရန်ကိုင်ကသည့် ဇာတ်အတိုင်း လိုက်ကနေသည်မှာလည်း ထူးဆန်းနေသေး၏။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်တွင် ရွက်တစ်ထောင်ဂိုဏ်း၏ ကောင်းကင်အဆင့် ရုပ်သေးရုပ်အားလုံး ရောင်းကုန်သွားခဲ့လေသည်။ မေးစရာမလိုအောင်ပင် ရုပ်သေးရုပ် အားလုံးမှာ ရန်ကိုင်၏ လက်ထဲသို့သာ ရောက်သွားခဲ့ရသည်။

ရီဟန်မှာတော့ ဝမ်းသာစိတ်လှုပ်ရှားလွန်းသဖြင့် ထခုန်လုမတတ်ပင် ဖြစ်နေခဲ့သည်။ ဆုံးရှုံးသွားခဲ့သော ကောင်းကင်အဆင့်ရုပ်သေးရုပ်များကို ဤမျှ အလွယ်တကူ ပြန်ရလိုက်သည့်အပေါ် အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။ ရွက်တစ်ထောင်ဂိုဏ်း၏ အမွေအနှစ်သည် သူ့လက်ထပ်ရောက်မှ ဆုံးရှုံးသွားလေခြင်းဟု တွေးရင်း ညိုးမှိုင်ဝမ်းနည်းမိခဲ့ရသော်ငြား ယခုမူ ရန်ကိုင်သည် သူ့အား ထိုသို့ မဖြစ်ရလေအောင် ဝင်ရောက် ကူညီပေးသွားခဲ့လေသည်။

ရွက်တစ်ထောင်ဂိုဏ်းမှာ ပျက်စီးသွားပြီ ဖြစ်လေရာ ဂိုဏ်းအား ပြန်လည် တည်ထောင်ဖို့ရာ ဆိုလျှင် အသက်ရှင်နေသေးသည့် တပည့်ငါးရာနှင့် ပင်မကျင့်စဉ်၊ သိုင်းပညာရပ်များသည် သူ၏ အကြီးမားဆုံးသော မျှော်လင့်ချက်ဖြစ်သည်။ ထိုမျှော်လင့်ချက်ကို ဖြစ်မြောက်လာအောင် ကောင်းကင်အဆင့်ရုပ်သေးရုပ် ကိုးရုပ်မှ ထောက်ပံ့ပေးရပေလိမ့်မည်။

ရုတ်ချည်းဆိုသလို ညိုးမှိုင်မှိုင် ဖြစ်နေသည့် ရီဟန်မှာ ပြန်လည်၍ စိတ်ဓါတ် တက်ကြွလာခဲ့လေသည်။

ရီကျင်းဟန်နှင့် တုရှန်းတို့မှာလည်း ကောင်းကင်အဆင့်ရုပ်သေးရုပ်များအား ပြန်ရလိုက်သည့်အပေါ် ဝမ်းသာမဆုံး ဖြစ်နေကြသည်။ ရန်ကိုင်ကိုလည်း အလွန်ကိုမှ ကျေးဇူးတင်နေမိကြလေသည်။ တကယ်တော့ ကောင်းကင်အဆင့်ရုပ်သေးရုပ်များသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးနှင့် ညီမျှသည့် ခွန်အားကို ထုတ်ဖော်နိုင်သည် မဟုတ်ပေလော။ အခြားတစ်ယောက်သာ ဤသို့သော ရတနာမျိုးကို ရသွားလျှင် သူတို့ဘာသာ သိမ်းထားကြပေလိမ့်မည်။ အခြားလူများကို ပေးဖို့ဆိုလျှင်တော့ မေးနေစရာပင် မလိုတော့။ သို့သော်ငြား ရန်ကိုင်ကမူ ရုပ်သေးရုပ် တစ်ရုပ်ကိုပင် ယူမထားခဲ့ဘဲ အကုန်လုံးကို သူတို့ဆီသို့ ပြန်ပေးခဲ့သည်။

“သခင်လေးရန်၊ သူတို့ကြည့်ရတာ အချိန်ဆွဲနေတဲ့ပုံပဲ” ယင်ဖေးက ရုတ်တရက် ပြောလိုက်သည်။

ရန်ကိုင်က ခေါင်းညိတ်လိုက်၏ “ကျုပ်သိတယ်”

ရန်ကိုင်ကိုယ်တိုင် ဟိတ်ဟန်တကြီးဖြင့် လူလုံးထွက်ပြလာခဲ့ပြီး လေလံတင်သမျှ ပစ္စည်းအားလုံးကိုလည်း လုယူပစ်ခဲ့သည့်တိုင် ဝူမင်မှာ သူ့အား လာမတားခဲ့ဘဲ တိတ်၍သာ‌ နေခဲ့သည်။ သူ့လုပ်ရပ်သည် အချိန်ဆွဲနေသည်မှတစ်ပါး အခြား ဘာဖြစ်နိုင်ဦးမည်နည်း။

ကြည့်ရသလောက် လက်ရှိကိစ္စ၏ နောက်ကွယ်မှ လက်မည်းကြီးသည် အချိန်ဆွဲနိုင်ရန် အတွက်နှင့် ကောင်းကင်အဆင့်ရုပ်သေးရုပ် ကိုးရုပ်ကိုပင် ပေးပစ်မည့်ပုံပင်။ ထိုအချက်ကို ကြည့်ရုံနှင့်ပင် ထိုလူ သေချာပြင်ဆင်နေကြောင်း ခန့်မှန်းနိုင်ပေသည်။

“လေလံပွဲကို အရှိန်တင်ဖို့ မိန်းကလေးဟွာကို သွားပြောကြည့်မလား” ယင်ဖေး မျက်မှောင်ကြုတ်သွားခဲ့သည်။

ရန်ကိုင် ခေါင်းညိတ်လိုက်၏ “မရဘူး။ သူ့ကိုယ်ထဲမှာ နှလုံးချုပ်အင်းဆက် ထည့်ခံထားရတယ်။ သူကူညီချင်တယ်ဆိုရင်တောင် ကူညီပေးနိုင်မှာ မဟုတ်ဘူး”

“နှလုံးချုပ်အင်းဆက်” ယင်ဖေး၏ အမူအရာ ပြောင်းလဲသွားလေသည်။ ထိုအင်းဆက်ကို သူသိသည်မှာ သိသာလှသည်။

“ရောက်နေပြီဆိုမှတော့ သူတို့ဘာလုပ်မလဲ အေးဆေးစောင့်ကြည့်ကြတာပေါ့” ရန်ကိုင်သည် ရေနွေးကြမ်းတစ်ငုံ သောက်လိုက်ရင်းမှ ပြောလိုက်သည်။

စင်မြင့်ပေါ်တွင် ရှိနေသော ဟွာချင်းစီသည် ရုတ်တရက် မျက်မှောင်ကြုတ်၍ စင်နောက်ဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။ တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် ကြေညာလိုက်လေ၏ “အခု လေလံပွဲရဲ့ ပထမပိုင်း ပြီးသွားပြီမို့လို့ လေလံပွဲကို ခေတ္တရပ်ဆိုင်းထားပါမယ်။ ဧည့်သည့်တို့ အေးဆေး အနားယူကြပါ။ ခဏနေရင် ဒုတိယပိုင်းကို ပြန်စပါ့မယ်”

ထိုစကားကိုကြားသော် ရန်ကိုင် မျက်လုံးမှေးစဉ်းသွားခဲ့သည်။

သီးသန့်ခန်းများထဲတွင် ရှိနေကြသော ဧကရာဇ်အဆင့် ပညာရှင်များ၏ နှုတ်ခမ်း ကွေးတက်သွားကုန်ကြလေသည်။ ရန်ကိုင်သာ မရှိလျှင်တော့ လေလံပွဲမှာ အတော့်ကိုမှ စိတ်လှုပ်ရှားစရာကောင်းပေလိမ့်မည်။ သို့သော်ငြား ထိုသူတောင်းစား ရှိနေသည့် အတွက်ကြောင့် လေလံပွဲမှာ ယင်ကောင်ကျသွားသည့် ဆန်ပြုတ်တစ်ခွက်နှယ် ရွံစရာ ကောင်းနေခဲ့၏။

ရန်ကိုင်သည် လေလံပွဲတစ်ခုလုံးသည် ကပ်ဆိုးဖြစ်သည်။ သူ့ကြောင့် မည်သူမှ လေလံဝင်မဆွဲနိုင်ကြတော့ချေ။

ရွက်တစ်ထောင်ဂိုဏ်း၏ ကောင်းကင်အဆင့်ရုပ်သေးရုပ် ကိုးရုပ်စလုံး သူ့လက်ထဲသို့ ရောက်သွားခဲ့ရသလို နောက်ထပ် ပစ္စည်းအသစ်များကို‌ လေလံတင်မည်ဆိုလျှင်ပင် ထိုပစ္စည်းများသည်လည်း သူ့လက်ထဲသို့သာ ရောက်သွားရပေလိမ့်မည်။ ရန်ကိုင်သာ ဈေးစခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် မည်သူမှ ပေးနိုင်တော့လိမ့်မည် မဟုတ်ချေ။

ထိုအချက်ကို စဉ်းစားမိလိုက်သော် လူများစွာ စိတ်ဓါတ်ကျသွားကုန်ကြကာ သူတို့နှင့် လေလံတင်သည့်ပစ္စည်းများ ရေစက်မပါသည့် အတွက်ကြောင့်သာဟု ကြိတ်၍ ဖြေသိမ့်နေရတော့သည်။ အချို့ဆိုလျှင် ထထွက်သွားရန် ပြင်သည့်အလား သူတို့၏ သီးသန့်ခန်းများထဲမှပင် ထွက်လာကြလေသည်။

မကြာမီ သီးသန့်ခန်းများထဲမှ လူတစ်ယောက်ဝက်လောက် ထွက်သွားရန် လုပ်လာကြပြီး ကျန်တစ်ဝက်မှာတော့ လေလံတင်မည့် ပစ္စည်းများကို သိလိုစိတ်ဖြင့်သာ ကျန်ရစ်ခဲ့ကြလေ၏။

ပြန်ချင်နေသည့်လူများ တံခါးဝသို့ ရောက်သည့်အခါ တံခါးမှာ ပိတ်နေကြောင်း တွေ့လိုက်ရလေသည်။ ဤလေလံစံအိမ်တစ်ခုလုံးကို အားကောင်းလှသည့် အစီအရင် တစ်ခုမှ ပိတ်လှောင်ထားသည့်အလား သူတို့အနေဖြင့် မည်သို့မှ တံခါးအား ဖွင့်၍ မရကြောင်း တွေ့လိုက်ရသည်။

“ဘာတွေဖြစ်နေတာလဲ”

“ဒီကောင်တွေ ငါတို့ကို သွားခွင့်မပေးဘဲ ဘာလုပ်ချင်နေကြတာလဲ”

“ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ ဒီလုပ်ရပ်က ဘာလဲဟ”

“အစကတည်းက လေလံပွဲက ပုံမှန်မဟုတ်ဘူးလို့ ခံစားနေရတာ။ ကြည့်ရတာ တကယ်မှန်နေတဲ့ပုံပဲ”

“လန့်မနေကြတဲ့။ ငါတို့သာ အတူပူးပေါင်း ဒီအစီအရင်ကို ဖျက်စီးဖို့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး”

တံခါးပေါက်ဝ၌ ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ ရှိနေကြလေရာ သူတို့သာ အတူပူးပေါင်းမည်ဆိုပါက အစီအရင်အား ဖျက်စီးကောင်း ဖျက်စီးနိုင်ပေသည်။ တစ်ချက်မျှ ဆွေးနွေးတိုင်ပင်ပြီးသည့်နောက်တွင် အကုန်လုံး အတူပူးပေါင်း၍ အစီအရင်ကို တိုက်ခိုက်ကြတော့လေသည်။

အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးသည့်နောက်တွင် ဧကရာဇ်အဆင့် ပညာရှင်အားလုံး လက်လျှော့်လိုက်ကြလေ၏။ သူတို့အကုန်လုံး ပူးပေါင်းတိုက်ခိုက်သည့်တိုင် တစ်ချက်ပင် လှုပ်မသွားခဲ့သော အစီအရင်ကိုကြည့်ရင်း အကုန်လုံး မျက်စိပျက်မျက်နှာပျက် ဖြစ်လာကြ၏။

“ရောင်းရင်းကုန်း၊ မင်းတို့ကောင်းကင်မြစ်တောင်ကြားက ကုန်းမိသားစုက အစီအရင်ပညာရှင်တွေဆိုတော့ ဒီအစီအရင်ကို နားလည်တယ်မလား” လူတစ်ဦးက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်ကြီးပိုင်းလူတစ်ဦးကို လှမ်းမေးလိုက်လေသည်။ ထိုလူအိုကြီးသည် သာမန်လူတစ်ဦးပုံသာ ပေါက်နေသောငြား တကယ့်တကယ်တွင် သူသည် ကုန်းမိသားစု၏ ခေါင်းဆောင် ဖြစ်ပေသည်။

ကောင်းကင်မြစ်တောင်ကြားမှ ကုန်းမိသွားစုသည် ၎င်းတို့၏ အစီအရင်ပညာကြောင့် တောင်ဘက်နယ်မြေတစ်ခုလုံးအနှံ့ ကျော်ကြားကြပေသည်။ ဂိုဏ်းအတော်များများ၏ ဂိုဏ်းအကာအကွယ် အစီအရင်များကို သူတို့မှ ခင်းကျင်းပေးသွားခဲ့ခြင်း ဖြစ်သည်။

ဥတုလေးမျိုးနယ်မြေထဲတွင် ရန်ကိုင် တွေ့ခဲ့သည် ကုန်းဝမ်ရှန်းသည် ထိုကုန်းမိသားစု၏ အဖွဲ့သားတစ်ဦး ဖြစ်သည်။ ကုန်းဝမ်ရှန်းသည် တာအိုသခင်အဆင့်သာ ရှိသေးသည့်တိုင် အစီအရင်ပညာအပေါ် သူ၏ ထိုးထွင်းနားလည်မှုသည် အလွန်ကိုမှ မြင့်မားနေခဲ့လေရာ ကုန်းမိသားစု၏ခေါင်းဆောင် ဖြစ်သူဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

အစီအရင်ပညာရပ်တွင် ကုန်းမိသားစုခေါင်းဆောင်သည် နန်မန်တကျွင်းနှင့်ပင် ယှဉ်ပြိုင်နိုင်ပေသည်။

“ဘယ်လို၊ ဆရာက မိသားစုခေါင်းဆောင်ကုန်းလား။ ကျုပ်ရိုင်းသွားသလို ဖြစ်သွားခဲ့ရင် စိတ်ထဲမထားနဲ့နော်” တစ်ယောက်ယောက်က အလျင်စလို လက်သီးဆုပ်၍ ပြောလိုက်၏။ လူတော်တော်များများမှာလည်း သူ့ကဲ့သို့ပင် မိသားစုခေါင်းဆောင်ကုန်းအား အလျင်စလို နှုတ်ဆက်လိုက်ကြလေသည်။

မိသားစုခေါင်းဆောင်ကုန်းက မျက်မှောင်ကြုတ်၍ တစ်ခဏမျှ စဉ်းစားနေပြီးနောက် ပြောလိုက်လေ၏ “ဒီလူအိုကြီး ထင်တာမမှားရင် ဒီအစီအရင် ဒြပ်ကြီးငါးပါးပိတ်လှောင်ခြင်း အစီအရင် ဖြစ်ရလိမ့်မယ်”

“အဲ့အစီအရင်က ဘယ်လိုအစီအရင်မျိုးလဲ” တစ်ယောက်ယောက်က မေးလိုက်သည်။

မိသားစုခေါင်းဆောင်ကုန်းက ပြန်ဖြေလိုက်၏ “ဒြပ်ကြီငါးပါးပိတ်လှောင်ခြင်း အစီအရင်က မိုးမြေစွမ်းအင်ထဲက ဒြပ်ငါးပါးကို စုဆောင်ပြီး တစ်ခုနဲ့တစ်ခု အပြန်အလှန် အမှီသဟဲပြုပြီး အားဖြည့်ပေးအောင် လုပ်တဲ့အစီအရင်မျိုး၊ ဒီလို အစီအရင်မျိုးကို အကြမ်းနည်းသုံးပြီး သွားဖျက်စီးလို့မရဘူး။ ဒီအစီအရင်ကို အသက်သွင်းလိုက်ပြီ ဆိုတာနဲ့ ဟင်းလင်းပြင်တစ်ခုလုံးကို အပြင်လောကကြီးကနေ ခွဲထုတ်ပစ်နိုင်တယ်”

“ဟင်းလင်းပြင်ကို ပိတ်လှောင်ပစ်တာလား” တစ်ယောက်ယောက်က အလန့်တကြား ထအော်လေ၏။

“ဒီအစီအရင်နဲ့တင် အရမ်းအားကောင်းနေပြီကို ထပ်ပြီးတော့...” မိသားစုခေါင်းဆောင်ကုန်း၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့လေသည်။

“ထပ်ပြီးတော့ ဘာဖြစ်လဲ”

All Chapters