← Chapters

အခန်း (၂၆၉၃)

Vol. 115 Ch. 2693

အခန်း (၂၆၉၃)

Vol. 115 Ch. 2693

ယင်ဖေး၏မျက်နှာ သုန်မှုန်သွားခဲ့သည်။ သူရှိနေသည့်အတွက်ကြောင့် ကြယ်ဝိဥာဉ်နန်းတော်၏ အကြီးအကဲလောက်သည် ပြဿနာတစ်ခု မဟုတ်တော့ဟု ထင်ထားခဲ့လေသည်။ တကယ်တော့ သူသည် ဧကရာဇ်တတိယအဆင့်နှင့်ပင် ယှဉ်ပြိုင်နိုင်သော မွန်းစတားဘုရင်တစ်ပါး ဖြစ်သည်မဟုတ်လေလော။ ဘာကြောင့်များ ကြယ်ဝိဥာဉ်နန်းတော်၏ အကြီးအကဲတစ်ယောက်လောက်ကို ကြောက်နေစရာ လိုမည်နည်း။ သို့သော်ငြား ယွမ်ရှစ်သွယ်အကာအကွယ် အစီအရင်ကြောင့် ယင်ဖေးမှာ ရန်ကိုင် မည်သည့်နေရာသို့ ရောက်သွားသလဲ ဆိုသည်ကိုပင် မသိတော့ရာ ရန်ကိုင်အား မည်ကဲ့သို့များ ကာကွယ်ပေးနိုင်တော့ပါမည်နည်း။ ယင်ဖေးမှာ အကြပ်တွေ့နေသော်ငြား သူ့တို့ ရန်သူမှာတော့ အစီအရင်အားကိုဖြင့် ရန်ကိုင်အား အလွယ်တကူ အနိုင်ယူပစ်နိုင်ပေသည်။

ယင်ဖေးစိတ်ထဲ နောင်တတို့ ရလာခဲ့သည်။ သူသာ ရန်ကိုင်အား ရှီလဲ့နှင့် ရှဲ့ဝူဝေတို့အား မရရအောင် ခေါ်ခဲ့ပါက ယခုကဲ့သို့ မဖြစ်နိုင်လောက်ဟု စဉ်းစားမိသွားသည်။ သို့သော်ငြား ထိုစဉ်က ရန်ကိုင်က ငြင်းနေသဖြင့် သူလည်း ဆက်မပြောခဲ့ချေ။

သို့သော်ငြား သေချာပြန်စဉ်းစားကြည့်လိုက်သည့်နောက် ယွမ်ရှစ်သွယ်အကာအကွယ် အစီအရင် ရှိနေပြီဖြစ်လေရာ ရှီလဲ့နှင့် ရှဲ့ဝူဝေတို့ကို ခေါ်လာလျှင်ပင် အပိုသာ ဖြစ်လိမ့်မည်မှန်း သိသွားခဲ့လေသည်။

သူသည် မွန်းစတားဘုရင်တစ်ပါးဖြစ်ကြောင်း ထုတ်ပြသွားပြီးသွားပြီ ဖြစ်သဖြင့် တစ်ဖက်လူသည် လုံးဝကို သေချာ ပြင်ဆင်ပြီးထားပြီး ဖြစ်ရပေလိမ့်မည်။ အစီအရင်နှစ်ခုစလုံးကို အသက်သွင်းလိုက်ပြီ ဖြစ်သည့်အတွက်ကြောင် သူတို့ဘက်မှ လူဘယ်လောက်များများ ရန်ကိုင်အား မကူညီပေးနိုင်တော့။ ရန်ကိုင်ဘာသာ ရန်ကိုင် အားကိုးဖို့သာ ရှိတော့သည်။

“မိသားစုခေါင်းဆောင်ကုန်း၊ ဒီအစီအရင်ကို ဖျက်စီးလို့ရလား” ယင်ဖေးက မေးလိုက်သည်။

ကုန်းထိုင်က ပြန်ပြောလိုက်သည် “ရတယ်၊ ဒါပေမယ့် အချိန်ကြာလိမ့်မယ်”

“ဘယ်လောက်ကြာမှာလဲ” ယင်ဖေး စိတ်ထဲ မကောင်းသည့်ခံစားချက်တို့ ရနေခဲ့သည်။

“ဆယ်ရက်”

ယင်ဖေး ဆွံ့အသွားတော့လေသည်။ ဆယ်ရက်မှာ ကြာလွန်းပေသည်။ လက်ရှိ အခြေအနေအရ ယင်ဖေးအနေဖြင့် ဤနေရာတွင် ဆယ်ရက်ကြာအောင် မည်သို့များ ထိုင်စောင့်နိုင်ပါမည်နည်း။

အိုင်းအောင်က ဝင်၍ မှတ်ချက်ပေးလိုက်သည် “ယန်ကောင်လေးက အမြဲတမ်း ကံကောင်းတဲ့လူ။ သူ့ပြိုင်ဘက်က အားကောင်းတယ်ဆိုပေမယ့် ယန်ကောင်လေးကို ဘာမှလုပ်နိုင်လောက်မှာ မဟုတ်ဘူး။ မိသားစုခေါင်းဆောင်ကုန်း၊ ကျုပ်တို့ရဲ့ ဦးတည်ချက်က ဒီအစီအရင်ကို ဖျက်စီးဖို့ပဲ။ အဲ့ဒါမှပဲ ယန်ကောင်လေးကို ကူညီနိုင်မယ့် နည်းလမ်းကို ရှာလို့ရမှာ”

လက်ရှိအခြေအနေအရ သူတို့တွင် ဤနည်းလမ်းသာ ရှိတော့သည်။ အိုင်အောင် ပြောသည်မှာ အမှန်မှန်း လူတိုင်းိနေကြလေသည်။ ထို့ကြောင့် လူတိုင်းသည် အစီအရင်၏ အားနည်းချက်များကို အားတက်သရော လိုက်ရှာကြတော့သည်။

...

ရန်ကိုင်သည် အမှောင်ထုကြီးတစ်ခုထဲသို့ ရောက်နေခဲ့သည်။ လက်ရှိ သူရောက်နေသည့် နေရာမှာ ဟင်းလင်းပြင်တစ်ခုနှင့် ဆင်တူပါသော်ငြား တကယ့် ဟင်းလင်းပြင်နှင့် မသိမသာလေး ကွာခြားနေကြောင်း တွေ့ရှိလိုက်ရသည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကကြည့်လိုက်ရာ သူ့၏ ကောင်းကင်စိတ်အာရုံကို မမြင်နိုင့်အကာအရံ တစ်ခုမှ တားဆီးထားကြောင်း တွေ့ရှိလိုက်ရလေသည်။ ထို့ကြောင့် ရန်ကိုင်သည် အနီးအနား၌ ရှိနေသော မည်သူ့ကိုမှ အာရုံမခံနိုင် ဖြစ်နေခဲ့လေ၏။

ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက်သာ ဟင်းလင်းပြင်ထဲ ရပ်နေခဲ့သည်။ ထိတ်လန့်ကြောက်ရွံ့နေမည့်အစား စိတ်ရှည်ရှည်ဖြင့် ရပ်စောင့်နေရန်သာ ရန်ကိုင် ဆုံးဖြတ်ထားခဲ့သည်။

မျက်လုံးတစ်စုံသည် အမှောင်ထဲမှ ရန်ကိုင်၏ လှုပ်ရှားမှုများကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်သည် အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိသည်ကိုမြင်သော် ရန်ကိုင်သည် အတော်လေးကို စိတ်ဓါတ်ကြံ့ခိုင်သူမှန်း နားလည်သွားတော့သည်။ ရန်ကိုင်အား သာမန်နည်းလမ်းများ သွားသုံး၍ မရမှန်း နားလည်လိုက်သော် ခေါင်းတညိတ်ညိတ်လုပ်လျက် လူလုံး ထွက်ပြရန် ဆုံးဖြတ်လိုက်တော့လေသည်။

အမှောင်ထုလဲ အလင်းတစ်ချက် လက်သွားခဲ့ပြီး ရန်ကိုင်ရှေ့၌ လူတစ်ယောက် ပေါ်လာခဲ့လေ၏။

ရန်ကိုင် ခေါင်းမော့ကြည့်လိုက်ရာ လူအိုကြီးတစ်ဦး သူ့ရှေ့တွင် ရပ်နေကြောင်း တွေ့လိုက်ရလေ၏။ ထိုလူအိုကြီး၏ နောက်တွင်တော့ လူနှစ်ယောက် ရှိနေခဲ့သည်။ တစ်ယောက်မှာ အတန်ကြာအောင် ပျောက်နေခဲ့သော ဝူမင်ဖြစ်ပြီး အခြား တစ်ဦးမှာတော့ ရန်ကိုင် မတွေ့ရသည်မှာ ကြာနေပြီဖြစ်သည့် ချီယွဲ့ ဖြစ်ပေသည်။

ချီယွဲ့၏ ကျင့်ကြံခြင်းမှာ ချိတ်ပိတ်ထားခံရပြီး ဝူမင်သည် ချီယွဲ့၏ လက်နှစ်ဖက်ကို နောက်မှ ဆွဲချုပ်ထားခဲ့သည်။

ရန်ကိုင်ကို မြင်သည့်အခါ ချီယွဲ့ အံ့လည်းအံ့ဩ၊ ဝမ်းလည်း ဝမ်သာသွားခဲ့လေသည်။ ရန်ကိုင်ကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူမ လုံးဝ မထင်ထားသည့်ပုံပင်။ သို့သော်ငြား မကြာခင် သူမ၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်အား မြန်မြန် ထွက်ပြေးရန် မျက်စပစ်ပြလိုက်၏။

ချီယွဲ့၏ လုပ်ရပ်ကို သတိထားမိသော်ငြား ဝူမင်သည် နှာခေါင်းရှုံ့လျက် သူမလက်အား အားတင်းတင်းဖြင့် ဖျစ်ချလိုက်ရာ နာကျင်မှုကြောင့် ဖြူလျော်နေသည့် ချီယွဲ့၏မျက်နှာ ပိုမို ဖြူလျော်သွားခဲ့ရလေသည်။

“မိတ်ဆွေလေးရန်” လူအိုကြီးက ရန်ကိုင်အား ပြုံးကာ နှုတ်ဆက်လိုက်သည်။ လူအိုကြီး၏ ပုံစံမှာ ပညာရှိဂုရုကြီးတစ်ဦး၏ ပုံစံမျိုးဖြစ်သည်။ မိုးပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရှည်လျားလှသည့် မုတ်ဆိတ်ရှည်ကြီးသည် သူ့အား ဝါရင့်သမာရင့် စီနီယာပညာရှင်တစ်ဦး ပုံစံမျိုး ပေါက်နေစေခဲ့လေသည်။

“ခွေးအိုကြီး၊ နောက်ဆုံးတော့ လူလုံးထွက်ပြလာပြီပေါ့” ရန်ကိုင်သည် အံကြိတ်ရင်းမှ ပြုံးပြလိုက်သည်။

လူအိုကြီးကမူ ခေါင်းတခါခါဖြင့် မဲ့ပြုံးပြုံးလျက် “မိတ်ဆွေလေးရန်၊ ကျေးဇူးပြုပြီး ကိုယ့်စကားကိုယ်ထိန်းပါနော်။ ဒီလူအိုကြီးရဲ့ နာမည်က တန်ကျွင်းဟောင်ပဲ”

“ခွေးအိုကြီးတန်ပေါ့” ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။

“ခွေးသူတောင်းစား၊ မင်းပါးစပ်မင်း သတိထားနော်။ မင်းငါ့ဆရာကို နောက်တစ်ကြိမ် ထပ်စော်ကားရဲ စော်ကားကြည့်” ဝူမင်က ဒေါမာန်တကြီးဖြင့် ဝင်ပြောလိုက်၏။

ရန်ကိုင်ကမူ ကောင်းကင်ပေါ်သို့ ခေါင်းမော့၍ ထပ်တလဲလဲ အော်ပြောလိုက်လေ၏ “ခွေးအိုကြီးတန်၊ ခွေးအိုကြီးတန်၊ ခွေးအိုကြီးတန်၊ ခွေးအိုကြီးတန်၊ ခွေးပေါက်လေးဝူ၊ ခွေးပေါက်လေးဝူ၊ ခွေးပေါက်ဝူ၊ ခွေးပေါက်ဝူ... ကဲ ဒီသခင်လေး ထပ်ပြောမိသွားပြီ။ ဘာလဲ မကျေနပ်ဘူးလား။ မကျေနပ်ရင် လာကိုက်လေ”

“ခွေးသူတောင်းစား” ဝူမင်၏ နှာဝမှာ နှာငွေ့များ တထောင်းထောင်း ထွက်လာခဲ့သည်။ သူ့ကဲ့သို့ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးကို မည်သူမှ တစ်ခါမှ ယခုကဲ့သို့ မစော်ကားခဲ့ဖူးချေ။ သူ့ရင်ထဲရှိ ဒေါသမှာ အချိန်မရွေး ပေါက်ကွဲတော့မည့် မီးတောင်ရှင် တစ်လုံးနှယ် ဖြစ်နေခဲ့လေသည်။

တန်ကျွင်းဟောင်ကမူ သက်ပြင်းဖျော့ဖျော့ တစ်ချက်ချ၍သာ သူ့လက်ကို ဝှေ့ရမ်း၍ ဝူမင်းအား တားလိုက်၏။ ထို့နောက် ရန်ကိုင်အား စိုက်ကြည့်လျက် “ကြည့်ရတာ မိတ်ဆွေလေးရန်က ဒီလူအိုကြီးကို တော်တော်လေး မကျေမနပ် ဖြစ်နေတဲ့ပုံပဲ”

ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်၏ “ခင်ဗျား ဘယ်လိုထင်လဲ’

တန်ကျွင်းဟောင်က ယဲ့ယဲ့လေးပြုံးလျက် ခေါင်းညိတ်လိုက်၏ “မင်းဘာလို့ ဒေါသထွက်နေလဲ ငါနားလည်ပါတယ်။ ဒါပေမယ့် ငါ့မှာလည်း ရွေးစရာမှမရှိတော့။ ဒီတော့ မင်းငါ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

“ခင်ဗျားသေမှပဲ ခွင့်လွှတ်ပေးမယ်”

တန်ကျွင်းဟောင်က ဝါးလုံးကွဲအော်ရယ်မောလျက် “မိတ်ဆွေလေးရန်၊ မင်းက တော်တော် ရယ်ရတာပဲနော်။ ငါက မဟာဧကရာဇ်အုပ်ချပ်နေတဲ့ ကြယ်ဝိဥာဉ်နန်းတော်ရဲ့ အကြီးအကဲတစ်ယောက်လေ။ ဒီလောကကြီးထဲမှာ ဘယ်သူကများ ငါ့ကို သတ်ရဲမှာလဲ”

“ဒီတော့ အဲ့အချက်က ခင်ဗျားကို နောက်ခံပေးထားတာပေါ့” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် ရန်ကိုင်သည် ရုတ်တရက် မျက်ခုံးပင့်လျက် အလေးအနက် လေသံဖြင့် မေးလိုက်လေ၏ “မဟာဧကရာဇ်အုပ်ချုပ်တဲ့ ဂိုဏ်းတစ်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ကို သတ်လိုက်ရင် ဘယ်လိုအကျိုးဆက်ကို ရင်ဆိုင်ရမလဲ ဒီသခင်လေး တကယ် သိချင်မိသား”

ရန်ကိုင် နောက်နေခြင်း မဟုတ်မှန်း သိလိုက်သော် တန်ကျွင်းဟောင် မျက်နှာကြီး မဲ့သွားခဲ့လေသည်။ သို့သော်ငြား အရမ်းကြီးတော့ ဂရုစိုက်မနေခဲ့ချေ။ ရန်ကိုင် သူ့အား သတ်ချင်နေလျှင်ပင် သူ့၌ ထိုသို့လုပ်နိုင်စွမ်းမှ မရှိလေဘဲ။ ထို့ကြောင့် တန်ကျွင်းဟောင်သည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ဆက်ပြောလိုက်လေသည် “ဒီလူအိုကြီးလည်း အဲ့နေ့ကို မျှော်နေမယ်။ ဒါပေမယ့် အဲ့မတိုင် မိတ်ဆွေလေးရန် ဒီလူအိုကြီးရဲ့ ပစ္စည်းကို အရင်ပြန်ပေးလို့ရမလား။ အဲ့ပစ္စည်းကို ဟိုးအရင်တုန်းက ဒီလူအိုကြီး ပိုင်ခဲ့တာ။ ဒါပေမယ့် မမျှော်လင့်ပဲ မိတ်ဆွေလေးက ရသွားတယ်”

“ဒါကိုပြောတာလား” ရန်ကိုင်သည် တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်သေလည်။ အသက်ဝင်လှသည့် နဂါးပုံကို တံဆိပ်ပြားထက်တွင် ထိုးထွင်းထားပြီး “နဂါး” ဟူသော စကားလုံးကိုလည်း ကျောဘက်တွင် ရေးထိုးထားခဲ့သည်။ တံဆိပ်ပြားမှာ ရိုးရှင်းပြီး ရှေးကျကာ အမျိုးအမည်မသိရသော သတ္တုတစ်မျိုးမျိုးဖြင့် ထုလုပ်ထား၏။

“ဟုတ်တယ်” တန်ကျွင်းဟောင်က ခေါင်းညိတ်လိုက်သည်။ တံဆိပ်ပြားကို မြင်လိုက်သည်နှင့် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားတော့လေသည်။

နဂါးကျွန်းတံဆိပ်ပြားသည် အလွန်ကိုမှ အဖိုးတန်သည့် ရတနာတစ်ပါး ဖြစ်သည်။ ထိုတံဆိပ်ပြားကို ဆေးဖော်စပ်သည့်နေရာ၊ ပန်းပဲထုလုပ်သည့် နေရာများတွင် အသုံးမပြုနိုင်သော်ငြား နဂါးကျွန်းသို့ ဝင်ရောက်ရာတွင်တော့ သုံးနိုင်ပေသည်။ နဂါးကျွန်းတံဆိပ်ပြား ရှိနေပါက နဂါးကျွန်းသို့သွားကာ ကိုယ်လိုရာ တောင်းဆိုမှုတစ်ခုကို ပြုလုပ်နိုင်၏။ မိမိ၏ တောင်းဆိုချက်သည် နဂါးကလန်မှ ဖြည့်ဆည်းပေးနိုင်သည့် ဘောင်အတွင်းတွင် ရှိနေပါက ကျိန်းသေ ဖြည့်ဆည်းပေးပေလိမ့်မည်။

တန်ကျွင်းဟောင်သည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေလေပြီ။ သူ့အထက်၌ မဟာဧကရာဇ်အဆင့်သာ ရှိတော့သည်။ သူ့အရည်အချင်းဖြင့်တော့ မဟာဧကရာဇ်အဆင့်ကို ချိုးဖျက်ဝင်ရောက် မဖြစ်နိုင်လှပါသော်ငြား နဂါးကျွန်းမှာ မှော်ဆန်ဆန် အဖိုးတန်ရတနာ တစ်ခုခု၏ အကူအညီဖြင့်ဆိုပါက မဟာဧကရာဇ်အဆင့်သို့ ဝင်ရောက်ကောင်း ဝင်ရောက်နိုင်ပေသည်။

ဤနဂါးကျွန်းတံဆိပ်ပြားသည် သူ့အတွက် အခွင့်အလမ်းတစ်ခု ဖြစ်ပေသည်။

အခြားအရာများကို မတောင်းဆိုချင်လျှင်ပင် နဂါးကျွန်းတံဆိပ်ပြားကိုသုံး၍ နဂါးကလန်ဆီမှ အစစ်အမှန်နဂါးသွေးစက်အချို့ကို တောင်းဆိုနိုင်ပေသည်။

ထို့ကြောင့် လွန်ခဲ့သည့် နှစ်များအတွင်း နဂါးကျွန်းတံဆိပ်ပြားကို လိုက်လံ ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ ယခု နဂါးကျွန်းတံဆိပ်ပြားအား ရန်ကိုင်လက်ထဲတွင် ပြန်တွေ့လိုက်ရသော် သူ့စိတ်ထဲ ဝမ်းသာသွားခဲ့ရသည်။ သို့သော်ငြား နှစ်ပေါင်းမရေမတွက်နိုင်အောင် အသက်ရှင်လာသည့် မွန်းစတားအိုကြီးတစ်ကောင် ဖြစ်သည့်အတွက်ကြောင့် သူ့စိတ်ထဲ ဝမ်းသာနေသည့်တိုင် မျက်နှာအမူအရာကိုတော့ တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင်ခဲ့၏။

ဝူမင်မှာတော့ တန်ကျွင်းဟောင်ကဲ့သို့မဟုတ်ဘဲ နဂါးကျွန်းတံဆိပ်ပြားကို မြင်ပြီးနောက် အလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့လေသည်။

သူသည် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့လေပြီ။ သူ့လက်ရှိ အရည်အချင်းအရ မည်သည့်အချိန်မှ ဧကရာဇ်တတိယအဆင့်သို့ ရောက်မလဲ ဆိုသည်ကို သူမပြောတတ်ချေ။ သို့သော်ငြား နဂါးကျွန်းတံဆိပ်ပြားကိုသာ ရနိုင်ပါက ထိုတံဆိပ်ပြားကို သုံး၍ နဂါးကျွန်းသို့သွားကာ နဂါးကလန်အား သူ့အား အဆင့်တက်အောင် ကူညီခိုင်းနိုင်ပေသည်။

သို့သော်ငြား ထိုတံဆိပ်ပြားမှာ တန်ကျွင်းဟောင်၏ အပိုင် ဖြစ်သည့်အတွက်ကြောင့် ဝူမင်စိတ်ထဲ တံဆိပ်ပြားကို လိုချင်နေသည့်အတွက် လိုချင်စိတ်ကို‌ အောင့်အည်းထားရ၏။

ရန်ကိုင်သည် နဂါးကျွန်းတံဆိပ်ပြားကို လက်ထဲ ဆော့ကစားရင်း တစ်ခဏမျှ ကြာပြီးနောက် ပြန်ပြောလိုက်၏ “ဒီသခင်လေးဆီကနေ ခင်ဗျားလိုချင်တာရှိတယ်။ ခင်ဗျားဆီကနေလည်း ဒီသခင်လေးလိုချင်တာရှိတယ်။ ဒီတော့ အလဲအလှယ် လုပ်ကြမလား”

တန်ကျွင်းဟောင်က ယဲ့ယဲ့လေးပြုံးလျက် “အလဲအလှယ်လုပ်တယ်ဆိုတာ ပစ္စည်းနှစ်ခုက တန်ဖိုးတူညီမှ လုပ်လို့ရတာလေ။ အခုအခြေအနေက မိတ်ဆွေလေးဘက်နေ ဒီလူအိုကြီးကို လာပြီး ဈေးဆစ်လို့ရတဲ့ အခြေအနေမျိုး မို့လို့လား”

ရန်ကိုင်၏ မျက်နှာ သုန်မှုန်သွားခဲ့လေသည် “ဘာလဲ၊ ခင်ဗျားက နဂါးကျွန်းတံဆိပ်ပြားကို အလကား လိုချင်နေတာလား”

တန်ကျွင်းဟောင်က ပြန်ပြောလိုက်သည် “မဟုတ်ဘူး။ ဒါပေမယ့် နဂါးကျွန်းတံဆိပ်ပြားကို အရင်ပေးလိုက်။ အဲ့ဒါဆို ကျန်တာ ဆက်ဆွေးနွေးလို့ရတယ်”

ရန်ကိုင်က ပြန်ပြောလိုက်၏ “သူ့ကို အရင်လွှတ်ပေးလိုက်။ အဲ့ဒါဆို နဂါးကျွန်းတံဆိပ်ပြားကို ခင်ဗျားဆီ ချက်ချင်း ပြန်ပေးမယ်။ ဒီအသုံးမဝင်တဲ့ တံဆိပ်ပြားက ဒီသခင်လေးအတွက် ဘာမှ အသုံးမဝင်ဘူး”

“နဂါးကျွန်းတံဆိပ်ပြားကို အရင်ပြန်ပေးလိုက်” တန်ကျွင်းဟောင်ကမူ ပြုံးမြဲပြုံးရင်း ပြန်ပြောလိုက်၏။

“သူ့ကို အရင်လွှတ်ပေးလိုက်” ရန်ကိုင် ထအော်လေသည်။

ဤအတိုင်းပြောနေ၍ ရမည်မဟုတ်မှန်း သိလိုက်သော် တန်ကျွင်းဟောင်သည် ဝူမင်ဘက်သို့လှဉ့်၍ “တပည့်၊ မိတ်ဆွေလေးရန်ကို ငါတို့ဘက်မှာ ဘယ်လို ပစ္စည်းမျိုး ရထားလဲ ပြလိုက်စမ်း”

ဝူမင်က ပြုံးဖြီးလျက် “ဟုတ်ကဲ့ပါ ဆရာ”

ထို့နောက်တွင် ဝူမင်သည် ရန်ကိုင်ဘက်သို့လှည့်၍ “မိတ်ဆွေလေး၊ ဒီမိန်းမက မင်းရဲ့ ယောက္ခမဆို”

ရန်ကိုင်၏ မျက်ခုံးကြောတို့ တွန်းကွေးသွားခဲ့ပြီး စိတ်ထဲတွင် တွေးလိုက်လေ၏ (အစ်မဟွာ၊ အစ်မဟွာ၊ ဘယ်လိုလုပ်ပြီး အကုန်လုံးကို ပြောပစ်လိုက်ရတာလဲ။ ကြည့်ရတာတော့ ဒီခွေးကောင်တွေ ကမ္ဘာငယ်လေးနဲ့ အင်မော်တယ်သစ်ပင် အကြောင်းကိုပါ သိထားတယ်နဲ့တူတယ်)

သို့သော်ငြား ထိုကိစ္စနှင့် ပက်သက်၍ ဟွာချင်းစီအား သွားအပြစ်တင်နေ၍လည်း မရချေ။ ဟွာချင်းစီကိုယ်တိုင်ကလည်း တတ်နိုင်သည်မှ မဟုတ်လေဘဲ။ သူမကိုယ်တိုင်ပင် သူမ ဘာတွေပြောခဲ့လို့ ပြောခဲ့မှန်းကို သတိမရတော့သည် မဟုတ်ပေလော။ အလွန်ကိုမှ ယုတ်ညစ်သည့် ပညာရပ်များသည်သာ ဟွာချင်းစီအား ထိုကဲ့သို့ဖြစ်အောင် လုပ်နိုင်ပေလိမ့်မည်။

“မင်းသူ့ခေါင်းပေါ်က ဆံပင်တစ်ထောင်းကို ထိခိုက်အောင်လုပ်ရဲလုပ်ကြည့်၊ သေပြီသာမှတ်” ရန်ကိုင်က သတိပေးလိုက်လေသည်။

ဝူမင်ကမူ လှောင်ပြုံးသာပြုံးလိုက် “စိတ်မပူစမ်းပါနဲ့။ ဒီလို အလှလေးကို ငါက ထိခိုက်အောင် လုပ်စရာလား။ ဆရာ့အမိန့်ကြောင့်သာ မဟုတ်ရင် သူ့ကို ငါ့ကိုယ်လုပ်တော်အဖြစ် ယူပစ်လိုက်တာကြာပြီ”

ချီယွဲ့သည် ရှားရှားပါးပါး မိန်းမချောလေးတစ်ဦး ဖြစ်ပေသည်။ သူမသည် ရှန်ချင်းလော့ကဲ့သို့ အလွန်ကိုမှ ညို့ဓါတ်မပြင်းသော်ငြား သူမသည် ရင့်ကျင်ပျိုရွယ်သည့် အငွေ့အသက်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူမ၏ အလှတရားမှာ ရှန်ချင်းလော့တို့နှင့်မတူ ထူးခြားနေလေ၏။ ထို့ကြောင့်သာ မဟုတ်ပါက ကောင်းကင်ကြိုးကြာမြို့၏ မြို့သခင် လော့ကျင်သည် သူမအား တပ်မက်ပြီး သူမကို သူနှင့် အတင်းအကြပ် လက်ထပ်ခိုင်းခဲ့လိမ့်မည် မဟုတ်ချေ။

ပြောနေရင်း ဝူမင်သည် ချီယွဲ့မျက်နှာလေးကို ပွတ်သပ်လိုက်လေသည်။

ချီယွဲ့၏ ခန္ဓာကိုယ်ကို တဆတ်ဆတ် တုန်ရီသွားခဲ့လေသည်။ သူမ၏ မျက်လုံးထဲတွင်တော့ ရွံ့ရှာစက်ဆုပ်မှုတို့ဖြင့် ပြည့်နေခဲ့လေသည်။ သို့သော်ငြား သူမ၏ ကျင့်ကြံခြင်းမှာ ချိတ်ပိတ်ခံထားရသလို ခန္ဓာကိုယ်မှာလည်း လှုပ်မရအောင် ချုပ်ခံထားရသဖြင့် ဘာဆိုဘာမှ ပြန်မလုပ်နိုင်ခဲ့ချေ။ ဝူမင် လုပ်နေသည်ကိုသာ အံကြိတ်၍ မျက်လုံးစုံပိတ်ကာ ငြိမ်ခံနေရုံသာ တတ်နိုင်ခဲ့သည်။

“မင်းလုပ်ရဲလား” ရန်ကိုင် အရူးတစ်ပိုင် ဖြစ်ချင်လာသည်။ ထိုခွေးသူတောင်းစားသည် သူ့ယောက္ခမကို သူ့ရှေ့တည့်တည့်တွင်ပင် စော်ကားမော်ကား လုပ်နေခဲ့သည်။ ရန်ကိုင် အနေဖြင့် ထိုကဲ့သို့လုပ်ရပ်မျိုးကို သည်းခံနိုင်စရာ အကြောင်းမရှိချေ။ ထို့ကြောင့် ခြေတစ်ချက်ဆောင့်လျက် ဝူမင်ဆီသို့ ပြေးဝင်သွားလေ၏။

ရန်ကိုင် သူ့ဆီသို့ ပြေးဝင်လာနေသည်ကို မြင်သော် ဝူမင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင်၏လက်စာကို ကောင်းကောင်း မိထားခံရဖူးသူ ဖြစ်လေရာ ဤခွေးကောင်လေးသည် ရင်ဆိုင်ရလွယ်သည့်လူ မဟုတ်မှန်း သိနေခဲ့သည်။ ချက်ချင်းပဲ ချီယွဲ့ကို သူ့နောက်သို့ အလျင်စလို ဆွဲခေါ်လိုက်၏။

တန်ကျွင်းဟောင်သည် ချက်ချင်းပဲ ဝူမင်နှင့် ရန်ကိုင်ကြားဝင် ပိတ်ရပ်လျက် သူ့လက်ကို ဝှေ့ရမ်းကာ ငါးရောင်ခြယ်ဓါးသွားများကို ဖန်တီး၍ ရန်ကိုင်ဆီသို့ ပစ်လွှတ်လိုက်၏။

ဘုန်း... ဘုန်း... ဘုန်း...

ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး မိုးမြေစွမ်းအင်တို့ ကသောင်းကနင်း ဖြစ်ကုန်လေသည်။ ရန်ကိုင်မှာ နောက်သို့ ပြန်ဆုတ်သွားခဲ့ရပါသော်ငြား ငါးရောင်ခြယ် ဓါးသွားအားလုံးမှာတော့ ဖျက်စီးခံလိုက်ရလေ၏။

ထိုအခြင်းအရာကိုမြင်သော် တန်ကျွင်းဟောင် မျက်ခုံးပင့်သွားပြီး ချီးကျူးလိုက်လေ၏ “မိတ်ဆွေလေးရန်က တကယ်ကို အံ့ဩစရာပါလား။ ဒီလူအိုကြီး မင်းကို အထင်သေးမိသွားပြီပဲ”

ငါးရောင်ခြယ်ပိတ်လှောင်ခြင်းအစီအရင်သည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူလောက်ကိုတော့ အသာလေး ဖိနှိပ်ပစ်နိုင်သည်ဟု ထင်ထားခဲ့ပါသော်ငြား ရန်ကိုင်သည် သူ့အစီအရင်ကို ပြန်လှည်ယှဉ်ပြိုင် တိုက်ခိုက်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့ကြောင့် ရန်ကိုင်၏ စွမ်းအားကို မြင်လိုက်ချိန် တန်ကျွင်းဟောင် စိတ်ထဲ ကြောက်စိတ်တို့ပင် ဖြစ်လာခဲ့ရသည်။ ဧကရာဇ်ပထမအဆင့်လေးသည် မည်ကဲ့သို့များ ဤမျှ အားကောင်းနေရလေသနည်း။ သူသာ ဧကရာဇ်တတိယအဆင့်သို့ ရောက်သွားပါက မဟာဧကရာဇ်များမှလွဲ၍ မည်သူကများ သူ့ပြိုင်ဘက် ဖြစ်နိုင်ပါဦးမည်နည်း။

All Chapters