← Chapters

အခန်း (၂၆၇၇)

Vol. 115 Ch. 2677

အခန်း (၂၆၇၇)

Vol. 115 Ch. 2677

သူမမျက်နှာအား လာဟပ်သည့် နှာငွေပူပူကြောင့် ကျုချင်းတစ်ကိုယ်လုံး နေမထိထိုင်မထိ ဖြစ်သွားခဲ့ရသည်။ ခေါင်းမော့၍ကြည့်လိုက်ရာ ရန်ကိုင်သည် ရမ္မက်ထန်နေသည့်အကြည့်ဖြင့် သူမအား စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ ကျုချင်း၏မျက်နှာလေး တမုဟုတ်ချည်း သွေးဆုတ်ဖြူလျော်သွားခဲ့လေ၏။ ရန်ကိုင်၏ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကြောင့် သူမ ညှို့ယူခံနေရသလို ဖြစ်နေသည်ကိုပင် သတိမထားမိတော့ချေ။

သာမန်လူတစ်ဦးသာဆိုလျှင်တော့ ရန်ကိုင်အနေဖြင့် ဤကဲ့သို့ဖြစ်သွားလိမ့်မည်မဟုတ်။ သို့သော်ငြား ကျုချင်းမှာတော့ မတူတော့ချေ။ သူမသည် ရန်ကိုင်၏ စိတ်အတွင်းပိုင်းထဲတွင် ကိန်းအောင်းနေသော စိတ်ဆန္ဒရိုင်းများကို ပြန်လည်နိုးထလာအောင် လုပ်ပစ်နိုင်ပေသည်။

ဤသည်မှာ နဂါးတို့၏သဘာဝသာ ဖြစ်လေသည်။

ရန်ကိုင်ကိုယ်တိုင် နားမလည်နိုင်သေးသည်မှာလည်း ဖြစ်နိုင်ပေသည်။ သို့သော်ငြား ဤသည်မှာ သူမလွန်ဆန်နိုင်သည့် အရာတစ်ခုဖြစ်သည်။

ရန်ကိုင်မှာ ကျုချင်းအား သင်ခန်းစာကောင်းကောင်း ပေးပစ်မည်ဟု စိတ်ထဲတေးထားခဲ့ပါသော်ငြား ကျုချင်းလက်မောင်း၏အထိအတွေ့၊ သူမ၏ကိုယ်သင်းရနံ့တို့ကြောင့် သူ့စိတ်ထဲ ခံစားနေရသည့် ရန်လိုမှုတို့ ရှင်းပြမရစွာ ပျောက်ကွယ်သွားရလေသည်။ ထို့အစား အခြားသော ခံစားချက်တစ်ခုမှာ သူ့ရင်ထဲ စတင်၍ ဗလောင်ဆူလာတော့လေ၏။

ဤသည်မှာ သူ နှစ်ပေါင်းများစွာကြာအောင် ဖိနှိပ်ခဲ့ရသော ယခုအချိန်ထိတိုင် မထုတ်လွှတ်ရသေးသည့် ယောကျ်ားတို့၏ သဘာဝစိတ်ခံစားချက်သာ ဖြစ်လေသည်။ ရန်ကိုင်သည် ကျုချင်း၏ နှစ်လိုဖွယ်ကောင်းလှသော ကိုယ်လုံးကိုယ်ပေါက်ကို မမှိတ်မသုန် သေသေချာချာ စိုက်ကြည့်နေလေသည်။ တောင်နှစ်လုံးနှယ် မို့တက်နေသော သူမ၏စနေနှစ်ခိုင်သည် ရန်ကိုင်၏ ကာမစိတ်ဆန္ဒကို တဖြည်းဖြည်း နိုးကြွလာနေစေခဲ့လေသည်။ ထိုအရာများသည် မဆုံးနိုင်သော ညှို့ဓာတ်တို့ဖြင့် ပြည့်နေသည့် ဝဲကတော့ကြီးတစ်ခုပမာ ရန်ကိုင်အား အကြည့်ပြန်မလွှဲသွားနိုင်အောင်ကို မြူဆွယ်နေခဲ့လေသည်။

ထို့အပြင် နှာခေါင်းဝတွင် လာရောက်ပွတ်သပ်ကျီစယ်ဆော့ကစားနေသော မွှေးပျံ့ပျံ့ကိုယ်သင်းရနံ့သည် ရန်ကိုင်၏သွေးများကို ဗလောင်ဆူလာစေကာ သူ့စိတ်အား ဂနာမငြိမ် ဖြစ်နေစေခဲ့လေသည်။

ရန်ကိုင်သည် ရူးသွပ်နေသည့် အမူအယာဖြင့် ထိုကိုယ်သင်းရနံ့လေးကို အားပါးတရ ရှူရှိုက်လိုက်လေသည်။ ထို့နောက် ခေါင်းကိုငုံ့၍ မီးတောက်မတတ်အကြည့်ဖြင့် ကျုချင်း၏ ဖြူဖွေးချောမွတ်နေသော အသားအရေကို သေသေချာချာ စိုက်ကြည့်လိုက်သည်။

ကျုချင်း၏ လက်သီးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော လက်သည်းနှစ်ဖက်မှာလည်း ကျုချင်း၏အသားအား ထိနေရရုံနှင့်ပင် မကျေနပ်နိုင်တော့ဘဲ သူမအသားကို စတင်၍ ပွတ်သပ်လာတော့လေ၏။ ထို သိမ်မွေ့မွေ့ ပျော့အိအိ ခံစားချက်မှာ အလွန်ကိုမှ စွဲမက်စရာကောင်းလှပေသည်။

မြင်သာထင်သာရှိလွန်းလှသော အငွေ့တို့မှာလည်း ရန်ကိုင်၏ နှာခေါင်းပေါက်နှစ်ပေါက်ဆီမှ တဟူးဟူး ထွက်လာလေရာ ကျုချင်း၏ လည်တိုင်နားလေးအား သွားရောက်ပွတ်သပ် ကျီစယ်နေခဲ့လေသည်။

“ခွေးကောင်…” ကျုချင်းမှာ ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် ထအော်လေသည်။ ဘာမဟုတ်သည့်လူသားတစ်ဦးကများ သူမအား ဤကဲ့သို့သောအကြည့်မျိုးဖြင့် ကြည့်ရဲသည်။ ဤသည်မှာ ခွင့်လွှတ်၍မရသည့် ပြစ်မှုပင်။ ထိုကဲ့သို့သောလူမျိုးကို ဤပြစ်မှုတစ်ခုတည်းနှင့်ပင်လျှင် အပိုင်းပိုင်း အစစ ဖြစ်အောင် ခုတ်ဖြတ်သင့်ပေသည်။ သို့သော်ငြား ကျုချင်းအား ပို၍ထိတ်လန့်သွားစေခဲ့သည်မှာ သူမကိုယ်တိုင်သည်လည်း ရန်ကိုင်၏အရှိန်အဝါထဲ တဖြည်းဖြည်း နစ်မွန်းလာသည်ကိုပင်။

ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူတစ်ဦး မဆိုထားနှင့် ထိုထက်ပို၍အဆင့်မြင့်မားသော ကျင့်ကြံခြင်းအား ပိုင်ဆိုင်ထားသည့်လူတစ်ဦး ဖြစ်နေမည်ဆိုလျှင် သူမအနေဖြင့် ယခုကဲ့သို့ ချုပ်ထားခြင်းခံရသည့်တိုင် သူမ၏စိတ်ခံစားချက်မှာ ဝရုန်းသုန်းကား ဖြစ်စရာအကြောင်းမရှိချေ။ သို့သော်ငြား ရန်ကိုင်၏အရှိန်အဝါကို ခံစားမိလိုက်ရချိန် သူမ၏စိတ်ထဲ ဝိုးတိုးဝါးတားခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။

ကျုချင်းမှာ ကြောက်လည်း ကြောက်လန့်မိသလို ဒေါသလည်းထွက်မိလေသည်။ တကယ်ကြီးဘာတွေများ ဖြစ်နေလေသနည်း။

လက်နှစ်ဖက်မှာ ရုန်းကန်၍မရတော့သောကြောင့် ကျုချင်းလည်း သူမခြေထောက်များကို အားကိုးရတော့သည်။ ချက်ချင်းပဲ ဒူးကိုကွေး၍ ရန်ကိုင်၏ ခွကြားနေရာသို့ ဒူးတည့်တည့်ဖြင့် ထိုးချလိုက်လေသည်။

သူမ၏ကြိုးစားမှု မအောင်မြင်ခဲ့ပေ။ ရန်ကိုင်သည် ချက်ချင်းပဲ သူ့ခြေထောက်နှစ်ဖက်ကို ပူးကပ်၍ ကျုချင်း၏ဒူးအား ရှေ့သို့ ဆက်မတိုးနိုင်အောင် ဖမ်းချုပ်ထားလိုက်သည်။

ကျုချင်း၏ခြေထောက်များမှာ သေးသွယ်သွယ်ဖြစ်နေသည်ဟု ပြော၍မရ။ ထို့အစား အချိုးအစား အလွန်ကိုမှ ကျနနေသည်ဟု ပြော၍ရသည်။ သူမ၏ ခြေထောက်ကြွက်သားများမှာ ပျော့လည်းပျော့သလို မာကျော၍လည်း ကျစ်လျစ်ပေသည်။ ထိုခံစားချက်သည် ရန်ကိုင်ခံစားနေရသည့် ကာမရမ္မက်ကို ပို၍‌ တောက်လောင်လာစေခဲ့သည်။

လက်နှစ်ဖက်မှာ လှုပ်မရသလို ခြေထောက်တစ်ချောင်းမှာလည်း ချုပ်ခံထားရသည့်အတွက် မသိသာမသိလျှင် ကျုချင်းသည် ရန်ကိုင်နှင့် ကိုယ်ချင်းဖက်တွယ်နေသလို ဖြစ်နေကာ သူတို့ဖြစ်နေသည့်ပုံစံမှာ အလွန်ကိုမှ မရေရာမသေချာ အထင်လွဲမှားစရာ ဖြစ်နေခဲ့သည်။

အထူးသဖြင့် အဝတ်များ စုတ်ပြဲထွက်နေသည့် ရန်ကိုင်မှ ခန္ဓာကိုယ်ဗလာကျင်းနေသည့် အခါမျိုးတွင် သူတို့နှစ်ဦးသား၏ပုံစံမှာ ပို၍ အထင်လွဲမှားစရာ ဖြစ်နေရတော့လေသည်။ ကျုချင်း၏အမူအယာ ထပ်မံပြောင်းလဲသွားခဲ့ပြီး ထိတ်လန့်မှုတို့ သူမမျက်နှာထက် အထင်းသား ထွက်ပေါ်လာတော့လေသည်။

ရန်ကိုင်သည် ကျုချင်း၏ ကိုယ်သင်းရနံ့လေးကို နောက်တစ်ကြိမ် စွဲစွဲမက်မက် ထပ်မံ၍ ရှူကြည့်လိုက်သည်။ ထိုကိုယ်သင်းရနံ့အား အားပါးတရ အရသာခံနေရင်းမှ ကျုချင်းအား မျက်မှောင်ကျုံ့ကာ ကြည့်လျက် မေးလိုက်လေသည်။ “နင် ငါ့ကို ဘာလုပ်လိုက်တာလဲ…”

သူ၏စိတ် ဤကဲ့သို့ ဖြစ်သွားရခြင်းမှာ ကျုချင်းမှ သူ့အပေါ် ပညာရပ်တစ်ခုခု ထုတ်သုံးသွားသည့် အတွက်ကြောင့် ဖြစ်သည်ဟု ရန်ကိုင်ထင်နေခြင်း ဖြစ်ပေသည်။ ထိုအမျိုးသမီးသည် အံ့အားသင့်ဖွယ်ရာ ရုပ်ခွန်အားကို ပိုင်ဆိုင်ထားရုံသာလျှင်မဟုတ် ညှို့ဓာတ်ပညာရပ်များကိုလည်း တတ်ကျွမ်းထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကျုချင်းမှ မည်ကဲ့သို့ လုပ်လိုက်၍များ သူ၏စိတ်ဆန္ဒရိုင်းများမှာ ထိန်းမနိုင်သိမ်းမရ နိုးကြွလာရလေသနည်း။

လက်ရှိအခြေအနေသည် အတော်လေးကိုမှ ထူးခြားသည့် အခြေအနေတစ်ရပ် ဖြစ်သည်။ ရန်ကိုင်သည် ညှို့ဓာတ်ပညာရပ်ကို ကျင့်ကြံထားသည့် အမျိုးသမီးပေါင်းများစွာနှင့် တွေ့ခဲ့ဖူးပေသည်။ ထိုအမျိုးသမီးတစ်ယောက်ချင်းစီတိုင်းသည် အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းလှပြီး ရုပ်များမှာလည်း ကလူတူတူ ညုတူတူ ပုံစံမျိုး ဖြစ်လေသည်။ သို့သော်ငြား ကျုချင်းပုံစံအရ ထိုကဲ့သို့သော ပညာရပ်မျိုးကို ကျင့်ကြံထားသည့်ပုံမပေါ်။

သူမစိတ်ထဲ ခံစားနေရသည့် မသက်မသာခံစားချက်ကို ထုတ်မပြောနိုင်လေရာ ကျုချင်းမှာ အံကြိတ်၍သာ ပြန်၍ခြိမ်းခြောက်လိုက်ရ၏။ “ငါ နင့်ကို ဘာလုပ်နိုင်မှာလဲ… အခု ငါ့ကို လွှတ်ပေးလိုက်တော့… မဟုတ်ရင် ငါနင့်ကို သတ်မှာနော်…”

ရန်ကိုင်ကမူ လွှတ်မပေးသည့်အပြင် ကျုချင်းကိုပါ တင်းတင်းကြပ်ကြပ် ဆွဲဖက်လိုက်လေသည်။ နှစ်ဦးသားကြားရှိ အကွာအဝေးမှာ ရုတ်ချည်း ကျဉ်းမြောင်းသွားခဲ့ပြီး ကျုချင်း၏ မို့မောက်မောက် ပျော့အိအိ စနေနှစ်ခိုင်မှာ ရန်ကိုင်၏ ရင်အစုံကို အားပါးတရ သွားရောက်ပြေးကပ်လေ၏။

သူ့ရင်ဘတ်သို့ လာရောက်ဖိကပ်နေသော ပျော့အိအိခံစားချက်ကို ခံစားမိလိုက်သော် ရန်ကိုင်၏ စိတ်ဆန္ဒရိုင်းများမှာ ဝုန်းခနဲ နိုးကြွလာရတော့လေသည်။

ကျုချင်း၏နားသီးလေးများကို အသာအယာ လေမှုတ်ထုတ်လိုက်ရင်းမှ ရန်ကိုင်က တိုးတိုးလေးပြောလိုက်လေ၏။ “မီးနဲ့ကစားတယ်ဆိုတာ ဘယ်လိုမျိုးလဲ နင်သိလား…”

ကျုချင်းမှာမူ ငေးကြောင်ကြောင် ဖြစ်နေခဲ့လေသည်။ ရန်ကိုင်၏အသံကိုကြားမှသာ အသိပြန်ဝင်လာပြီး သူမတစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားလေ၏။ သူမမျက်နှာသူမ ပြန်မမြင်နိုင်ပါသော်ငြား သူမ၏နားသီးလေးများမှာတော့ ရဲတောက်နေပြီမှန်း ကျုချင်း သိနေခဲ့လေသည်။

ရန်ကိုင်သည် ခေါင်းကို နောက်သို့မော့၍ ကျုချင်း၏နားသီးလေးများကို စိတ်ဝင်တစားဖြင့်ကြည့်ရင်း ပြုံးဖြီးလျက် “အရမ်းကို အထိမခံနိုင်တာပါလား….”

ရန်ကိုင်၏စကားကြောင့် ကျုချင်းမှာ ရှက်လည်းရှက် ဒေါသလည်းထွက်လာရတော့သည်။ သူမစိတ်ထဲ ခံစားနေရသည့် မသက်မသာခံစားချက်ကို ဖိနှိပ်ရင်း သူမ၏ ညာဘက်ဘေးနားလောက်တွင် ရှိနေသော ရန်ကိုင်မျက်နှာအား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လျက် ထပ်မံ၍ ခြိမ်းခြောက်လိုက်လေ၏။ “ငါ့ကိုလွှတ်ပေးနော်… မဟုတ်ရင် ကြယ်တာရာအစုအဝေးတစ်ခုလုံးမှာ ပုန်းစရာနေရာတောင် မရှိဘဲ ဖြစ်သွားရလိမ့်မယ်… ငါ တကယ်ပြောနေတာ…”

ရန်ကိုင်မျက်နှာ ရုတ်ချည်းအေးစက်သွားခဲ့ပြီး ရုတ်တရက် ကျုချင်း၏ဆံပင်ကို နောက်သို့ ဆောင့်ဆွဲချလိုက်လေသည်။

ကျုချင်း အလန့်တကြား ထအော်ပြီး သူမခန္ဓာကိုယ်မှာလည်း နောက်သို့ အလိုလို ကော့တက်သွားခဲ့သည်။

“ငါ့ပုံစံက နောက်နေတဲ့ပုံစံ ပေါက်နေလို့လား…” ရန်ကိုင်သည် ကျုချင်းအား ရန်စောင်သည့်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ လက်ရှိ သူသည် အခြားသောလူတစ်ဦးအဖြစ်သို့ ရုတ်တရက်ကြီး ပြောင်းလဲသွားသည့်နှယ်။ “နင်ကချည်းပဲ ငါ့ကို ထပ်တလဲလဲ လာလာရန်စနေပြီး သတ်ဖို့လုပ်နေတာ… အခု ငါနင့်ကို ဖမ်းလိုက်တော့မှ ငါ့ကို လာခြိမ်းခြောက်တယ်ပေါ့ ဟုတ်လား… နင် ခေါင်းရော ကောင်းသေးရဲ့လား…”

“အခုလိုဖြစ်အောင် နင့်ဘာသာနင်ပဲလုပ်တာ…” ကျုချင်းသည် အံကိုတင်းတင်းကြိတ်၍ သူမမျက်လုံးလေးများကို ဖြည်းဖြည်းချင်းပိတ်လိုက်သည်။ သူမမျက်လုံးကို ပြန်ဖွင့်လာလိုက်ချိန် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသော နဂါးဟိန်းသံတစ်သံကို ထုတ်လွှတ်လိုက်လေ၏။ ထိုအချိန်တွင် ကျုချင်း၏ကျောဘက်၌ အလင်းသဏ္ဍာန်ဖြစ်တည်လာသော မီးနီရောင်နဂါးတစ်ကောင်၏ပုံရိပ်ကို ရန်ကိုင် သေသေချာချာ မြင်လိုက်ရလေပြီ။ နဂါးပုံရိပ် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျုချင်း၏ အနက်ရောင်ဆံပင်ရှည်များမှာလည်း ရုတ်ချည်း မီးနီရောင်သို့ ပြောင်းလဲသွားကုန်ကြလေ၏။ ထိုမျှသာလျှင် မဟုတ်သေးဘဲ သေးသွယ်သွယ် နဂါးချိုလေးနှစ်ချောင်းမှာလည်း သူမ၏နဖူးထက် ထွက်ပေါ်လာခဲ့လေသည်။

ထိုကဲ့သို့ပြောင်းလဲသွားပြီးသည့်နောက်တွင် ကျုချင်းဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ အလွန်တရာကိုမှ အန္တရာယ်များလာရတော့လေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင်ကြောင်သွားခဲ့လေသည်။ သို့သော်ငြား ချက်ချင်းပဲ ယဲ့ယဲ့လေးပြုံးလျက် စိန်ခေါ်လိုက်လေ၏။ “နဂါးအမြုတေလား… ငါ့မှာလည်းရှိတယ်…”

ကျုချင်းအားမြင်လိုက်စဉ် သူ့စိတ်ထဲ ထူးဆန်းနေသလို ခံစားရသည်မှာ အထူးအဆန်းမဟုတ်တော့ချေ။ ထိုစဉ်က ထိုခံစားချက်နှင့်ပတ်သက်၍ နားမလည်ခဲ့။ ယခု သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်သည့်နောက် ကျုချင်းအပေါ် ရင်းနှီးကျွမ်းဝင်နေသလို ခံစားခဲ့ရကြောင်း ပြန်သတိရသွားသည်။ သို့သော်ငြား ကျုချင်း၏ ဒေါသထွက်စရာလုပ်ရပ်ကြောင့် ရန်ကိုင်မှာ ထိုခံစားချက်အား ကြာကြာမခံစားနိုင်ခဲ့ဘဲ ကျုချင်းကိုသာ ပို၍ မုန်းတီးသွားမိလေသည်။

ယခုမှသာလျှင် သူခံစားခဲ့ရသည့် ထိုခံစားချက်မှာ သူ့အထင်သက်သက်သာလျှင် မဟုတ်ဘဲ တစ်ဖက်လူတွင် နဂါးအမြုတေတစ်ခု ရှိနေသည့်အတွက်ကြောင့် ထိုကဲ့သို့ဖြစ်ရမှန်းကို နားလည်သွားတော့လေသည်။

ယခုဆိုလျှင် ကျုချင်း၏ခွန်အားနှင့်ပတ်သက်၍ သူ နားလည်သွားခဲ့ရလေပြီ။ ဤအမျိုးသမီးမှာ အသက်ငယ်ငယ်လေးသာ ရှိသေးပြီး ကိုယ်လုံးကိုယ်ပေါက်မှာလည်း ထွားကျိုင်းလှခြင်းမရှိ။ သို့သော်ငြား အလွန်တရာကိုမှ အားကောင်းလှသော ရုပ်ခွန်အားကို ပိုင်ဆိုင်ထားခဲ့၏။ ဤသို့ဖြစ်ရခြင်းမှာ သူမ၏နဂါးအမြုတေကြောင့်သာ ဖြစ်ရပေလိမ့်မည်။

ပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်၏ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။

ထို့နောက်တွင် အာကာယံထက်တိုင် မြည်ဟည်းသွားခဲ့သော စူးရှကျယ်လောင်သည့် နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုနဂါးဟိန်းသံနှင့်အတူ ရွှေနဂါးပုံရိပ်တစ်ခုမှာလည်း ရန်ကိုင်၏ကျောဘက်၌ ထွက်ပေါ်လာလေ၏။ အိမ်တစ်လုံးစာမျှ ကြီးမားလှသော နဂါးမျက်လုံးများသည် ကြီးကျယ်ခမ်းနားမှုတို့ကို သယ်ဆောင်လျက် ကျုချင်းအား စိုက်ကြည့်လာခဲ့လေသည်။

“ဘိုးဘေးနဂါး…” ကျုချင်း၏ခန္ဓာကိုယ် တောင့်တောင့်ကြီးဖြစ်သွားခဲ့ပြီး ရန်ကိုင်ကျောဘက်တွင် ရုတ်တရက်ထွက်ပေါ်လာသော ရွှေနဂါးအား ကြောက်လည်းကြောက် ထိတ်လည်းထိတ်လန့် ဝမ်းလည်းဝမ်းသာနေသည့် အကြည့်ဖြင့် ငေးကြောင်ကာ စိုက်ကြည့်နေလေ၏။

ရွှေနဂါးမှ သူမအား စိုက်ကြည့်လာချိန် ကျုချင်း၏ခန္ဓာကိုယ်တစ်ခုလုံး ဘာကြောင့်မှန်းမသိ တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။ ထို့နောက်တွင် ရွှေနဂါးပုံရိပ်မှာ ရန်ကိုင်၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်တိုးဝင် ပျောက်ကွယ်သွားခဲ့လေ၏။

“နင် ဘာပြောလိုက်တာလဲ…” ရန်ကိုင် မျက်မှောင်ကျုံ့နေခဲ့လေသည်။ ရွှေနဂါးအမြုတေစွမ်းအားကို ထုတ်ဖော်လိုက်ပြီးသည့်နောက် သူ့ရှေ့တွင်ရှိနေသော ကျုချင်းအား အလွယ်တကူသတ်ပစ်၍ ရနေသလို သူ့စိတ်ထဲ ဘာကြောင့်မှန်းမသိ ခံစားနေခဲ့ရသည်။ ထိုခံစားချက်မှာ အလွန်ကိုမှ မယုံကြည်ဖွယ်ရာ ကောင်းလှပါသော်ငြား သူခံစားမိလိုက်သည်မှာတော့ လုံးဝကို သေချာပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ထိုရုတ်တရက်ပေါ်လာသည့် ခံစားချက်ကြောင့် ရန်ကိုင်မှာ ကျုချင်း ဘာပြောလိုက်လို့ ပြောလိုက်မှန်းကို သေချာအာရုံမစိုက်မိလိုက်တော့ပေ။

ထို့အပြင် ရန်ကိုင်မှာလည်း ကျုချင်း၏အရှိန်အဝါနှင့်ပတ်သက်၍ အနည်းငယ်ကြောင်အမ်းအမ်း ဖြစ်နေခဲ့သည်။ အစောပိုင်းက အမြုတေစွမ်းအားကို ထုတ်သုံးလိုက်သောကြောင့် ရုတ်ချည်းမြင့်တက်လာသော ကျုချင်း၏အရှိန်အဝါမှာ ယခုအချိန်တွင် ပုံမှန်အတိုင်း ပြန်ဖြစ်နေခဲ့သည်။ သူမ၏အနီရောင်ဆံပင်များမှာ အနက်ရောင်ပြန်ဖြစ်နေခဲ့ပြီး သူမ၏စွမ်းအားမှာလည်း ရှင်းပြမရသော စွမ်းအားတစ်ရပ်၏ ဖိနှိပ်ခြင်း ခံလိုက်ရလေသည်။ သူမနဖူးထက်တွင် ပေါ်လာသည့် နဂါးဦးချိုနှစ်ချောင်းမှာပင်လျှင် ပျောက်ကွယ်နေခဲ့လေပြီ။

ကျုချင်းသည် ရှင်းပြမရသည့် ခံစားချက်တို့ဖြင့် ရန်ကိုင်အား စိုက်ကြည့်လာခဲ့လေသည်။

ရန်ကိုင်ကိုယ်ထဲရှိ သွေးများ ဗလောင်ဆူသွားခဲ့ပြီး သူ့အသက်ရှူနှုန်းမှာ တဖြည်းဖြည်း လေးလံသည်ထက် လေးလံလာနေခဲ့သည်။ လက်ရှိအချိန်တွင် ရန်ကိုင်မှာ သူ့ရင်ထဲရှိ စိတ်ဆန္ဒရိုင်းများကို တဖြည်းဖြည်းနှင့် ချုပ်တည်းရ ခက်လာနေတော့လေ၏။

ကျုချင်း၏ အရည်ရွှန်းလဲ့နေသော မျက်လုံးများ၊ သူ့ရင်ခွင်ထဲ ခံစားနေရသည့် အနွေးဓာတ်တို့မှာ ရန်ကိုင်၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို တစ်စစီဖြစ်အောင် လုပ်နေခဲ့လေသည်။

နောက်ဆုံး ထိန်းမရသည့်အဆုံးတွင် ရန်ကိုင်သည် ကျုချင်းအား သူ့ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပစ်ချင်နေသည့်အလား အားပြင်းပြင်းဖြင့် ဖက်လိုက်လေသည်။ ကျုချင်းမှာ ရန်ကိုင်မှ ရုတ်တရက် သူမအား အတင်းအကြပ် ဖက်လာသည့်အတွက်ကြောင့် အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ချေ။

ထို့နောက်တွင် ခေါင်းငုံ့၍ ကျုချင်း၏ နီစွေးစွေးနှုတ်ခမ်းလေးအား အားပါးတရ နမ်းချလိုက်လေ၏။

“အွန်း…” ကျုချင်းမှာ အဆက်မပြတ် ရုန်းကန်နေခဲ့သည်။ သူမ၏မျက်လုံးနှစ်ဖက်မှာလည်း ပြူးကျယ်နေခဲ့ပြီး သူမ၏မျက်နှာထက် ရှက်ရွံ့မှုတို့သည်လည်း အထင်းသား။ တစ်ချိန်တည်းတွင် သူမ တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရဖူးသော ခံစားချက်ကိုလည်း ခံစားလိုက်ရလေသည်။ သူမစိတ်ထဲ ခုခံချင်နေပါသော်ငြား ဘာမှန်းမသိရသော စွမ်းအား၏ဖိနှိပ်ကြောင့် သူမ၏ခွန်အား သုံးဆယ်ရာခိုင်နှုန်းကိုပင် ထုတ်မသုံးနိုင်ခဲ့ပေ။

“ဒီလိုအချိန်မျိုးမှာတောင် ဆော့ကစားချင်နေတုန်းလား…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ကျုချင်း၏ခွန်အား အကြီးအကျယ်နိမ့်ကျသွားသည်ကို သေချာသတိထားမိလိုက်လေသည်။ ထို့အတွက်ကြောင့် ကျုချင်းသည် ညှို့ဓာတ်ပညာရပ်တစ်မျိုးမျိုးကိုသုံး၍ သူ့အား ညှို့ယူဖျားယောင်းနေခြင်း ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်လေ၏။ ထို့ကြောင့်သာမဟုတ်ပါက ဧကရာဇ်ပထမအဆင့်ပညာရှင်တစ်ဦး ဖြစ်သည်နှင့်အညီ သူ၏အတွင်းစိတ်ဆန္ဒရိုင်းများကို ဘာကြောင့် မချုပ်တည်းနိုင်ဘဲ နေရမည်နည်း။

“နင်က မီးနဲ့ဆော့ချင်နေမှတော့ ဒီသခင်လေးကလည်း နင့်ဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့… ကဲ… ဒီကိစ္စပြီးသွားရင် ဘယ်သူအသာစီးရမလဲ ကြည့်ရသေးတာပေါ့…”

ဤအမျိုးသမီး၏ နီစွေးစွေးနှုတ်ခမ်းလေးများသည် အလွန်ကိုမှ ပူလှပေသည်။ သူ့ခမျာ မီးတောက်များကို နမ်းရှုံ့နေရသလိုပင် ခံစားရ၏။ သို့တိုင် ရန်ကိုင်မှာ ထိုခံစားချက်ကြောင့် စိတ်ညစ်သွားခြင်းမရှိဘဲ အလွန်ကိုမှပင်လျှင် ပျော်နေသေး၏။ ထို့နောက် ကျုချင်းအသိလွတ်သလို ဖြစ်သွားချိန်တွင် ရန်ကိုင်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ကျုချင်း၏ပါးစပ်ထဲသို့ သူ့လျှာလေးကို ထိုးထည့်ကာ သူမ၏လျှာလေးနှင့် လောဘတကြီး ဆော့ကစားတော့လေသည်။

ရန်ကိုင်သည် ထိုမျှနှင့်ပင် မကျေနပ်နိုင်သေးဘဲ ကျုချင်း၏လက်နှစ်ဖက်အား ချုပ်ထားသည်ကို လွှတ်ပေးလျက် လက်တစ်ဖက်ဖြင့် ကျုချင်း၏ တင်ပါးဆုံများကို ဆုပ်နယ်ကာ ကျန်လက်တစ်ဖက်ဖြင့် ကျုချင်း၏ စနေနှစ်ခိုင်ကို အားပါးတရ ဖျစ်ညှစ်ဆုပ်နယ်လေသည်။

လက်နှစ်ဖက်စလုံး လွတ်လပ်သွားသည့်နောက် ကျုချင်းမှာ ပြန်လည်တိုက်ခိုက်ရန် ကြိုးစားတော့သည်။ သို့သော်ငြား လက်ရှိအချိန်တွင် သူမ၏ခွန်အား သုံးဆယ်ရာခိုင်နှုန်းကိုပင်လျှင် ထုတ်မသုံးနိုင်လေရာ သူမ မည်သို့ပင် ကြိုးစားရုန်းကန်နေစေကာမူ ရန်ကိုင်၏လက်မှ ရုန်းမထွက်နိုင်ခဲ့ပေ။ ထို့အစား သူမ၏လုပ်ရပ်သည် ရန်ကိုင်၏ရမ္မက်မီးတောက်အား လောင်စာထည့်ပေးလိုက်သလိုပင် ဖြစ်သွားစေခဲ့လေသည်။

တဖြည်းဖြည်းနှင့် ကျုချင်း၏ရုန်းကန်မှုတို့ အားနည်းချိနဲ့လာပြီး သူမ၏အသွေးအသားများထဲ ကိန်းအောင်းနေခဲ့သော သဘာဝစိတ်ရိုင်းတို့မှာ တဖြည်းဖြည်းနှင့် အသွင်ပေါ်လာခဲ့လေသည်။ ကျုချင်းသည် ရန်ကိုင်အား သိုင်းဖက်လိုက်လေသည်။ သူမ၏လက်သည်းများမှာ ရန်ကိုင်၏ကျောပြင်တစ်လျှောက် ဆွဲချသွားခဲ့လေရာ ရန်ကိုင်၏ကျောဘက်တွင် လက်သည်းရာများ ထွက်ပေါ်လာပြီး သွေးများ စီးကျလာလေ၏။ တစ်ချိန်တည်းတွင် ထူးဆန်းသည့် ညီးသံများမှာ သူမ၏နှုတ်ခမ်းပါးပါးဆီမှ ပျံ့လွင့်လာတော့လေသည်။

သဘာဝအလျောက် ဖြစ်ပေါ်လာသော စိတ်ဆန္ဒရိုင်းနှင့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတို့ အားပြိုင်ကြရင်း ပျော်ရွှင်မှုနှင့် နာကျင်မှုတို့ ရောယှက်နေသည့် မျက်ရည်စလေးများ သူမ၏မျက်ခမ်းထောင့်ဆီမှ တဖြည်းဖြည်း စီးကျလာခဲ့လေသည်။

All Chapters