အတိတ်နှင့် ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်း
Vol. 201 Ch. 3007
“နီညိုရောင်မျောက်ဝံကမ္ဘာမှာ ကိုယ်ကာယနဲ့ မျိုးဆက်သွေးရဲ့ တိုက်ခိုက်ရည်ခွန်အားကို မြှင့်တင်ပေးနိုင်တဲ့ လျှို့ဝှက်အတတ်တွေရှိတယ်… ဒါပေမဲ့ သူတို့တွေက တိုက်ပွဲအမှတ်အသားရုပ်ပုံလွှာနဲ့ယှဉ်ရင် အများကြီးနိမ့်ကျနေတုန်းပဲ… အဲဒါက ကျင့်ကြံမှုနယ်ပယ်ပိုမြင့်မားတဲ့သူတွေနဲ့ တိုက်ခိုက်နိုင်အောင် ငါတို့ကို ကူညီပေးနိုင်တဲ့ စွမ်းအားကြီးမားတဲ့ လျှို့ဝှက်အတတ်တစ်ခုပဲ”
မျောက်က ပြောလိုက်၏။
“အရင်တုန်းက မဟာဧကရာဇ်တိုက်ပွဲက ပြိုင်ဘက်ကင်းပြီး ခေတ်တစ်ခေတ်ကို တည်ထောင်နိုင်ခဲ့တယ်ဆိုတာ သူက အဲဒီ တိုက်ပွဲအမှတ်အသားရုပ်ပုံလွှာပေါ်မှာ မှီခိုခဲ့လို့ပဲ”
“ငါ့ရဲ့ ကိုယ်ကာယနဲ့ မျိုးဆက်သွေးရဲ့ တိုက်ခိုက်ရည်ခွန်အားကို မြှင့်တင်ပေးနိုင်တာလား”
ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။
မျောက်က ဆက်ပြောလိုက်သည်။
“တိုက်ပွဲဝိညာဉ်က တိုက်ပွဲဝင်အမှတ်အသားရုပ်ပုံလွှာရဲ့ အခြေခံအုတ်မြစ်ပဲ”
“မင်းက အဲဒီလျှို့ဝှက်အတတ်ကို အောင်အောင်မြင်မြင်ကျင့်ကြံနိုင်မယ်ဆိုရင် တိုက်ပွဲဝိညာဉ်က အဲဒါနဲ့အတူ အောင်အောင်မြင်မြင်ကြီးပြင်းလာပြီး မင်းရဲ့ တိုက်ခိုက်ရည်ခွန်အားကို မြှင့်တင်ပေးနိုင်လိမ့်မယ်”
ဝုန်း…
တုန်ခါမှုတစ်ခုက ဒုတိယမြောက်နံရံကနေ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ဖုန်မှုန့်များနှင့် ကျောက်စရစ်ခဲများက လိမ့်ဆင်းလာပြီး အသက်ဝင်နေသော နောက်ထပ် ကျောက်ဆစ်ရုပ်တစ်ခုကို ထွက်ပေါ်လာစေ၏။
ဆူဇီမိုနှင့်မျောက်က လှည့်ကြည့်လိုက်ကြ၏။
ဒုတိယမြောက်နံရံပေါ်မှာ မဟာဧကရာဇ်တိုက်ပွဲ၏ ကျောက်ဆစ်ရုပ်အပြင် သူ့ကို ဝိုင်းပတ်ထားသည့် မတူညီသော မျိုးနွယ်များမှ မရေမတွက်နိုင်သော ကျင့်ကြံသူများရှိနေကြ၏။ အဲဒီမှာ တိမ်စိုင်များကြား ပျံသန်းနေသော နဂါးမျိုးနွယ်၊ ဝင်းထိန်တောက်ပနေသော နတ်ဘုရားမျိုးနွယ်၊ ကောင်းကင်ဘုံမျက်လုံးနှင့်အတူ မွေးဖွားလာသော ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်နှင့် ဧရာမ ခွန်မျိုးနွယ်တို့ရှိနေ၏။
မြင့်မားသောနံရံပေါ်မှာ မျိုးနွယ်စုတစ်သောင်းသည် မဟာဧကရာဇ်တိုက်ပွဲကို ဝိုင်းပတ်ထားကြလေသည်။
မဟာဧကရာဇ်တိုက်ပွဲ၏ နောက်ဘက်မှာ ပေတစ်ထောင်မြင့်မားသော တိုက်ပွဲဝင်စိတ်ဝိညာဉ်တစ်ခုကို စုဖွဲ့ထား၏။ ၎င်းသည် သူနှင့် တူညီသည့်ပုံပေါ်ပြီး ပြင်းထန်ကြမ်းတမ်းသော အော်ရာတစ်ခုရှိနေ၏။ ၎င်းသည် သိပ်သည်းပြင်းထန်ကြီးမားသော တိုက်ပွဲဝင် စိတ်ဆန္ဒနှင့်အတူ မျိုးနွယ်စုတစ်သောင်းဘက်ကို ဟိန်းဟောက်နေ၏။
ကျောက်ဆစ်ရုံက ငြိမ်သက်နေသောအခြေအနေမှာရှိနေသော်လည်း မျိုးနွယ်စုတစ်သောင်းမှ ပညာရှင်များက အတူပူးပေါင်းပြီး မဟာဧကရာဇ်တိုက်ပွဲနှင့် ပြင်းထန်ကြမ်းတမ်းစွာ ဆန့်ကျင်တိုက်ခိုက်နေသည်ကို ဆူဇီမိုနှင့်မျောက်က မြင်ယောင်မိနေပုံရသည်။
ကျောက်ဆစ်ရုပ်၏ အောက်ဘက်မှာ စာတစ်ကြောင်းရေးထား၏။
မျိုးနွယ်စုတစ်သောင်းနှင့်တိုက်ခိုက်ခြင်း။
ဤကဲ့သို့သော ရဲဝံ့မှု။
သမိုင်းတစ်လျှောက်မှာ မဟာဧကရာဇ်တိုက်ပွဲကသာ မျိုးနွယ်စုတစ်သောင်းနှင့် တစ်ယောက်တည်း ဆန့်ကျင်တိုက်ခိုက်ရဲသူ ဖြစ်ပေလိမ့်မည်။
ရုတ်တရက် မဟာဧကရာဇ်တိုက်ပွဲ၏ ကျောက်ဆစ်ရုပ်က သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ဆူဇီမိုနှင့် မျောက်ကို ကြည့်လိုက်၏။
သူတို့နှစ်ယောက်သည် နောက်တစ်ဖန်ပိုင်းခြားခံလိုက်ရပြီး မတူညီသော နေရာလွတ်များသို့ ဝင်ရောက်သွားကြ၏။
ဆူဇီမိုသည် မဟာဧကရာဇ်တိုက်ပွဲနှင့် နောက်တစ်ဖန် ရင်ဆိုင်လိုက်ရ၏။
သူတို့နှစ်ယောက်က ကျင့်ကြံမှုနယ်ပယ်တူမှာ ရှိနေဆဲပင်။
သို့သော်လည်း မဟာဧကရာဇ်တိုက်ပွဲ၏ နောက်ဘက်တွင် ပေတစ်ထောင်မြင့်မားသော တိုက်ပွဲဝိညာဉ်က ပေါ်ထွက်လာ၏။
ဤတစ်ခေါက်မှာ မဟာဧကရာဇ်တိုက်ပွဲ၏ တိုက်ခိုက်ရည်ခွန်အားက သိသာထင်ရှားစွာ မြင့်တက်လာသည်ကို ဆူဇီမိုက ရှင်းရှင်းလင်းလင်းအာရုံခံမိလိုက်၏။
စောစောက ၎င်းသည် နှစ်ဆသာ တိုးလာခဲ့၏။ ယခု မဟာဧကရာဇ်တိုက်ပွဲ၏ တိုက်ခိုက်ရည်ခွန်အားသည် လေးဆတိုးလာခဲ့ပြီဖြစ်သည်။
တကယ်တော့ တိုက်ခိုက်ရည်ခွန်အားမှာ လေးဆတိုးလာခြင်းသည် ဆူဇီမိုကို များစွာမခြိမ်းခြောက်နိုင်ပေ။
သူသည် ခေါင်းလေးလုံးလက်ရှစ်ဖက်ကို ထုတ်ဖော်၍ ချင်းဖျင်ဓားနှင့် အခြားသောစိတ်ဝိညာဉ်ရတနာများနှင့် ဓမ္မလက်နက်များစွာကို ထိန်းချုပ်လိုက်၏။ အနှိုင်းမဲ့နတ်ဘုရားစွမ်းအား တစ်ခုနှစ်ခုနှင့်အတူ ပေါင်းစပ်ကာ သူသည် မဟာဧကရာဇ်တိုက်ပွဲကို အလွယ်တကူ အနိုင်ရရှိလိုက်၏။
ဆူဇီမိုက နေရာလွတ်ကနေ နောက်တစ်ဖန်ထွက်ခွာလာ၏။
နှစ်ကြိမ်တိုက်ခိုက်ဖလှယ်ပြီးနောက် ဆူဇီမိုသည် တိုက်ပွဲအမှတ်အသားရုပ်ပုံလွှာအပေါ် အကြမ်းဖျင်းနားလည်သဘောပေါက်လာ၏။
ဤတဗူးဂမ္ဘီရကျင့်စဉ်သည် ကျင့်ကြံသူများ၏ ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်လေသည်။ ပေတစ်ရာတိုက်ပွဲဝိညာဉ်ကို စုဖွဲ့လိုက်သည့်အခါ လူတစ်ယောက်၏ တိုက်ခိုက်ရည်ခွန်အားက နှစ်ဆဖြစ်လာနိုင်၏။
ပေတစ်ထောင်မြင့်မားသော တိုက်ပွဲဝိညာဉ်ကို စုဖွဲ့လိုက်သည်နှင့် ၎င်းသည် ဒုတိယအဆင့်သို့ တက်လှမ်းပြီး လူတစ်ယောက်၏ တိုက်ခိုက်ရည်ခွန်အားကို လေးဆတိုးလာစေနိုင်မည်ဖြစ်သည်။
ကြည့်ရသည်မှာ ထိုလျှို့ဝှက်အတတ်နှင့်ပတ်သက်ပြီး ထူးခြားမှုတစ်စုံတစ်ရာရှိသည့်ပုံ မပေါ်ပေ။ ယခုအချိန်မှာ ဆူဇီမိုသည် သူ၏ တိုက်ခိုက်ရည်ခွန်အားကို မြှင့်တင်ပေးနိုင်သည့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားလေသည်။ အစွယ်ရှစ်ချောင်းနတ်ဆင်ခွန်အားကို ထုတ်ဖော်ပြီးနောက် သူ၏ တိုက်ခိုက်ရည်ခွန်အားကို ရှစ်ဆအထိ မြင့်တက်စေနိုင်၏။
ပုံမှန်အခြေအနေအောက်မှာ တိုက်ခိုက်ရည်ခွန်အားကို မြှင့်တင်ပေးနိုင်သည့် ဓမ္မအစီအရင်တစ်ခုကို ကျင့်ကြံထားခြင်းက လုံလောက်လေသည်။ လျှို့ဝှက်အတတ်နှစ်ခုကို တစ်ချိန်တည်းမှာ ထုတ်ဖော်မည်ဆိုလျှင်တောင် သူတို့ကို ထပ်ဆင့်အသုံးပြုနိုင်မည် မဟုတ်ပေ။
တကယ်တော့ အဲဒါသည် တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုဆိုမှတော့ ဤမျှအထိ မရိုးရှင်းသည်ကို ဆူဇီမိုက သူ၏ ရင်ထဲမှာ သိရှိထား၏။
မျောက်သည် ဒုတိယမြောက် ကျောက်ဆစ်ရုပ်၏ နေရာလွတ်ထဲကနေ ရုန်းထွက်မလာနိုင်သေးဘဲ ဆူဇီမိုက ဘေးကနေ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေ၏။
သူသည် မျောက်၏ အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မနေပေ။
သူ၏ ခန့်မှန်းချက်အရ မဟာဧကရာဇ်တိုက်ပွဲ၏ အမွေအနှစ်သည် စမ်းသပ်ချက်တစ်ခုနှင့် ဆင်တူလေသသည်။
မျောက်သည် မဟာဧကရာဇ်တိုက်ပွဲကို သိသိသာသာ အသာရနိုင်သည်နှင့် သူက ထိုနေရာလွတ်ထဲကနေ ရုန်းထွက်လာပေလိမ့်မည်။
ထင်မှတ်ထားသည့်အတိုင်းပင်။
ခုနှစ်ရက်ကြာပြီးနောက် မျောက်က နိုးထလာခဲ့၏ ။ သူက အလွန်တရာပင်ပန်းနေသည့်ပုံပေါ်ပြီး စွမ်းအင်အမြောက်အမြားကို သုံးစွဲထားခဲ့ရ၏။
သူတို့နှစ်ယောက်သည် ရက်အနည်းငယ်ကြာ အားဖြည့်ပြီးနောက် တတိယမြောက် ကျောက်ဆစ်ရုပ်ရှိရာသို့ လျှောက်လှမ်းလာကြ၏။
တတိယမြောက်ကျောက်ဆစ်ရုပ်ပေါ်မှာ မဟာဧကရာဇ်တိုက်ပွဲက သူတို့ကို ကျောပေးထားလေသည်။
ပထမကျောက်ဆစ်ရုပ်နှစ်ခုနှင့်ယှဉ်လျှင် မဟာဧကရာဇ်တိုက်ပွဲသည် ပိုမိုသန်မာပြီး ပိုမိုတုတ်ခိုင်လာသည့်ပုံပေါ်သည်။
အရွယ်အစားအရဖြစ်စေ အသက်အရွယ်အရဖြစ်စေ သူသည် သူ၏ အရွယ်ကောင်းကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။
မဟာဧကရာဇ်တိုက်ပွဲ၏ အောက်ဘက်မှာ အဆုံးမဲ့ ကြယ်တာရာကောင်းကင်ရှိနေ၏။ သူ၏ နောက်ဘက်မှာ ပေတစ်သောင်းမြင့်မားသောတိုက်ပွဲဝိညာဉ်တစ်ခုရှိနေ၏။
၎င်းသည် မောက်မာဝင့်ကြွားသောအမူအရာဖြင့် လောကကို ငုံ့ကြည့်နေ၏။
တတိယမြောက်ကျောက်ဆစ်ရုပ်၏ အောက်ခြေမှာစာတစ်ကြောင်းရှိနေ၏။
စကြာဝဠာနှင့် တိုက်ခိုက်ခြင်း။
ထိုစဉ်မှာပင် မဟာဧကရာဇ်တိုက်ပွဲက သူတို့နှစ်ယောက်ကို လှည့်ကြည့်လာခဲ့၏။ သူတို့နှစ်ယောက်သည် ထူးဆန်းသောနေရာလွတ်ထဲသို့ နောက်တစ်ဖန်ဝင်ရောက်သွားကြ၏။
ဤတစ်ခေါက်မှာ ဆူဇီမိုသည် တိုက်ခိုက်ရည်ခွန်အားရှစ်ဆမြင့်တက်လာသော မဟာဧကရာဇ်တိုက်ပွဲနှင့် ရင်ဆိုင်ရ၏။
သူသည်ပင်လျှင် ဖိအားအငွေ့အသက်တစ်ခုကို ခံစားလာရ၏။
ဆူဇီမိုသည် ပေါ့ပေါ့ဆဆမပြုမူရဲတော့ပေ။ သူက အစွယ်ရှစ်ချောင်းနတ်ဆင်ခွန်အားကို ထုတ်ဖော်ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားကို ရှစ်ဆမြှင့်တင်လိုက်၏။
ထို့နောက်သူက မဟာဧကရာဇ်တိုက်ပွဲနှင့် တိုက်ခိုက်လိုက်၏။
မဟာဧကရာဇ်တိုက်ပွဲသည် တကယ်ပင် တစ်မူထူးခြားစွာရဲဝံ့လေသည်။ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကိုးခုကို ထိန်းချုပ်ထားသည့် ဆူဇီမိုနှင့် ရင်ဆိုင်ရလျှင်ပင် သူက အကြောက်အလန့်မရှိဘဲ ပြင်းထန်ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်၏။
သူတို့နှစ်ယောက်က သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်ခိုက်ခဲ့ကြ၏။
ဆူဇီမိုသည် ခေါင်းလေးလုံးလက်ရှစ်ဖက်အခြေအနေမှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကိုးခုကို ထုတ်ဖော်ပြီးမှ မဟာဧကရာဇ်တိုက်ပွဲကို အနိုင်ရရှိလိုက်၏။
နေရာလွတ်ထဲနေ ထွက်ခွာလာပြီးနောက် ဆူဇီမိုက အလေးအနက်စဉ်းစားတွေးတောနေ၏။
တိုက်ပွဲအမှတ်အသားရုပ်ပုံလွှာ၏ ပထမအဆင့် တိုက်ပွဲဝိညာဉ်က တိုက်ခိုက်ရည်ခွန်အားကို နှစ်ဆမြှင့်တင်ပေးနိုင်၏။
ဒုတိယအဆင့် မျိုးနွယ်စုတစ်သောင်းနှင့်တိုက်ခိုက်ခြင်းက တိုက်ခိုက်ရည်ခွန်အားကို လေးဆမြှင့်တင်ပေးနိုင်၏။
တတိယအဆင့် စကြာဝဠာနှင့်တိုက်ခိုက်ခြင်းက တိုက်ခိုက်ရည်ခွန်အားကို ရှစ်ဆမြှင့်တင်ပေးနိုင်၏။
အဲဒီမှာ စတုတ္ထအဆင့်ရှိနေမည်ဆိုလျှင် သိသာထင်ရှားသော အသွင်ပြောင်းလဲမှုတစ်ရပ်ဖြစ်ပေါ်လာပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ဆယ့်ခြောက်ဆမြင့်တက်လာဖို့ အခွင့်များလေသည်။
ဤတစ်ခေါက်မှာ မျောက်သည် နေရာလွတ်ထဲမှာ ပို၍ကြာကြာပိတ်မိနေ၏။
ဆယ်နှစ်…။
မည်သို့ပင်ဆိုစေ လူတိုင်းသည် ဆူဇီမိုကဲ့သို့ တိုက်ခိုက်ရည်ခွန်အား ရှစ်ဆမြှင့်တင်ထားသော မဟာဧကရာဇ်တိုက်ပွဲကို အလွယ်တကူ အနိုင်ရနိုင်မည် မဟုတ်ပေ။
မျောက်သည် အတန်ကြာအောင် အားဖြည့်ကုသပြီးနောက် သူတို့နှစ်ယောက်သည် စတုတ္ထမြောက်ကျောက်ဆစ်ရုပ်ရှိရာသို့ လျှောက်လှမ်းလာကြ၏။
စတုတ္ထမြောက်ကျောက်ဆစ်ရုပ်ပေါ်မှာ မဟာဧကရာဇ်တိုက်ပွဲက အရမ်းကို ဖြူဖျော့နေပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ သားမွေးများက မီးခိုးဖြူရောင်ဖြစ်နေ၏။
သူ၏ သွေးနီရောင်မျက်ဝန်းများကသာ သန်မာသော တိုက်ပွဲဝင်စိတ်ဝိညာည်တစ်ခုကို ထုတ်ဖော်ထားလေသည်။
မဟာဧကရာဇ်တိုက်ပွဲ၏ အောက်ဘက်မှာ တိုက်ပွဲဝိညာဉ်သည် ပေတစ်သိန်းမြင့်မားနေခဲ့ပြီဖြစ်သည်။
ကျောက်နံရံပေါ်မှာ မဟာဧကရာဇ်တိုက်ပွဲသည် တိတ်တဆိတ်စီးဆင်းနေသော မြစ်တစ်စင်းပေါ်မှာ မတ်တတ်ရပ်နေပြီး မြစ်ရေများကို သူ၏ ခန္ဓာကိုယ်အပေါ် ဆေးကြောခွင့်ပေးထား၏။
စတုတ္ထမြောက်ကျောက်ဆစ်ရုပ် အတိတ်နှင့် ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်း။
သူတို့နှစ်ယောက်သည် ထူးဆန်းသော နေရာလွတ်ထဲသို့ နောက်တစ်ဖန်ဝင်ရောက်သွားကြ၏။
ဆူဇီမို ထင်မှတ်ထားသကဲ့သို့ပင် မဟာဧကရာဇ်တိုက်ပွဲ၏ တိုက်ခိုက်ရည်ခွန်အားသည် ဤတစ်ခေါက်မှာ ဆယ့်ခြောက်ဆမြင့်တက်လာခဲ့၏။ သူက သူ၏ ဝှက်ဖဲများအားလုံး၊ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကိုးခု၊ ယင်ယန်ကောင်းကင်လိုဏ်ဂူနှင့် အထွတ်အထိပ်ကောင်းကင်ဘုံဓားသင်္ချိုင်း၏ ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်နှစ်ခုကို ထုတ်ဖော်ထားလျှင်တောင် သူသည် မဟာဧကရာဇ်တိုက်ပွဲကို အနိုင်မရနိုင်ပေ။
မဟာဧကရာဇ်တိုက်ပွဲသည် သူ၏ ကောင်းကင်လိုဏ်ဂူကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ပြီး နေရာမှာတင် ပျက်ပြယ်သွားစေ၏။
သူတို့နှစ်ယောက်ကြား ပထမတိုက်ပွဲမှာ ဆူဇီမိုက အပြတ်အသတ်ရှုံးနိမ့်သွား၏။
ဆူဇီမိုသည် အားဖြည့်ကုသပြီးနောက် မဟာဧကရာဇ်တိုက်ပွဲနှင့် နောက်တစ်ဖန်တိုက်ခိုက်လိုက်၏။ ဒုတိယမြောက်တိုက်ပွဲမှာ သူက အပြတ်အသတ်ရှုံးနိမ့်သွားဆဲပင်။
သူတို့သည် ထပ်ဖန်တလဲလဲ တိုက်ခိုက်ဖလှယ်ခဲ့ကြပြီး သူက တစ်ခါပြီးတစ်ခါ ရှုံးနိမ့်နေခဲ့၏။
ဤနေရာလွတ်ထဲမှာ ဆူဇီမိုသည် မဟာဧကရာဇ်တိုက်ပွဲ၏ အဆက်မပြတ်ထုရိုက်ခြင်းကို ခံနေရ၏။
သူသည် ဘယ်နှစ်ကြိမ်ရှုံးနိမ့်သွားခဲ့ပြီကိုပင် မမှတ်မိနိုင်တော့ပေ။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မဟာဧကရာဇ်တိုက်ပွဲက သူ့ကိုအဆက်မပြတ်ထုရိုက်နေစဉ် ယခင် ကျောက်ဆစ်ရုပ်လေးခုက သူ၏ စိတ်ထဲမှာ တဖျတ်ဖျတ်ပေါ်ထွက်လာပြီး နားလည်သဘောပေါက်မှုတစ်ခုက သူ၏ ရင်ထဲမှာ တဖြည်းဖြည်းပေါ်ထွက်လာ၏။
တိုက်ပွဲဝိညာဉ်ဆိုသည့်အရာကို အခြေခံအုတ်မြစ်အဖြစ် လူတစ်ယောက်၏ တိုက်ပွဲဝင်စိတ်ဆန္ဒနှင့် အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားနှင့်အတူ စုဖွဲ့ထားလေသည်။
တိုက်ပွဲဝင်စိတ်ဆန္ဒက ပိုမိုသန်မာလေလေ တိုက်ပွဲဝိညာဉ်က ပိုမိုသန်မာလေဖြစ်ပြီး ကျင့်ကြံသူများအတွက် တိုက်ခိုက်ရည်ခွန်အားကို ပိုမိုကြီးမားစွာ မြှင့်တင်ပေးနိုင်ပေလိမ့်မည်။