← Chapters

တမလွန်မြစ်၏ အရင်းအမြစ်

Vol. 201 Ch. 3009

တမလွန်မြစ်၏ အရင်းအမြစ်

Vol. 201 Ch. 3009

သူတို့နှစ်ယောက်က အုတ်ဂူများရှေ့မှာ တိတ်တဆိတ်မတ်တတ်ရပ်နေ၏။

နောက်ဆုံးမှာတော့ မဟာဧကရာဇ်တိုက်ပွဲ၏ဘက်မှာ ကျန်ရစ်ခဲ့သောလူက ဆယ်ဦးကျော်ကျော်သာလျှင် ရှိခဲ့လေသည်။ ထိုစဉ်တုန်းက တိုက်ပွဲက ဘယ်လောက်ချောက်ချားစရာကောင်းခဲ့သလဲ စဉ်းစားကြည့်နိုင်၏။

အုတ်ဂူများ၏ အလယ်မှာ သွေးများဖြင့်စွန်းထင်းနေသော ကြီးမားသည့် တွင်းချိုင့်များရှိနေ၏။ ခေတ်တချို့ကြာအပြီးမှာ သွေးများက ညိုမည်းလာသော်လည်း လုံလုံးခန်းခြောက်မသွားသေးပေ။

ဧကရာဇ်သွေး။

မျောက်သည် ကြီးမားသောတွင်းချိုင့်တစ်ခုရှေ့သို့ ရောက်ရှိလာပြီး အထဲမှာရှိသော သွေးကို လက်ညှိုးထိုးပြလိုက်၏။

“ဒီထဲမှာရှိတဲ့ မျိုးဆက်သွေးက ငါ့ရဲ့ မျိုးဆက်သွေးနဲ့ အတော်လေးဆင်တူတယ်.. အဲဒါက လက်ချင်းဆက်နီညိုရောင်မျောက်ဝံရဲ့ သွေးဖြစ်လောက်တယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“ပုံမှန်အခြေအနေမှာဆိုရင် ဧကရာဇ်နယ်ပယ်ပညာရှင်တွေရဲ့ သွေးကတောင်မှ ခေတ်တချို့ကြာတဲ့ထိ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

“ဒီဧကရာဇ်သွေးထဲမှာ အဲဒီဧကရာဇ်ပညာရှင်တွေ သူတို့အသက်ရှင်တုန်းက ချန်ထားခဲ့တဲ့ ဓမ္မတာအိုအမွေအနှစ်တွေရှိနေလောက်တယ်”

ဓမ္မတာအိုက ဖျက်ဆီးမခံရသရွေ့ ဧကရာဇ်သွေးကို ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။

တိုက်ပွဲအမှတ်အသားရုပ်ပုံလွှာနှင့်မတူဘဲ ဤသည်က မျောက်ပိုင်ဆိုင်သည့် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။

နီညိုရောင်မျောက်ဝံမျိုးရိုးကသာ လက်ချင်းဆက်နီညိုရောင်မျောက်ဝံ၏ မျိုးဆက်သွေးကို လက်ခံပြီး အထဲမှာပါဝင်သော ဓမ္မတာအိုများကို ဆက်ခံရရှိနိုင်ပေလိမ့်မည်။

မျောက်က အခြားသောတွင်းချိုင့်သုံးခုကို ကြည့်ပြီး စိတ်မကောင်းသောအမူအရာဖြင့် နှာခေါင်းရှုံ့လိုက်၏။

“အဲဒီတွင်းချိုင့်သုံးခုမှာရှိတဲ့ မျိုးဆက်သွေးတွေက လျှို့ဝှက်ဆန်းကြယ်ဉာဏ်ပညာကျောက်တုံးမျောက်ဝံ၊ နားခြောက်ဖက်ဘာဘရီမျောက်နဲ့ တင်ပါးနီမြင်းမျောက်ရဲ့ မျိုးဆက်သွေးတွေပဲ”

“ဒီနေရာမှာသေသွားခဲ့တဲ့ ဧကရာဇ်နယ်ပယ်ပညာရှင်တွေက ဘာဘရီမျောက်မျိုးရိုးနဲ့.. မြင်းမျောက်မျိုးရိုးက သူတို့ရဲ့ မျိုးဆက်တွေ ဒီနေရာကို ရောက်လာတဲ့အခါ သူတို့ရဲ့ ဓမ္မတာအိုကို ဆက်ခံပြီး သူတို့ရဲ့ မျိုးဆက်သွေးကို နိုးထစေဖို့ မျှော်လင့်ခဲ့ကြလိမ့်မယ်”

“ကံဆိုးစွာနဲ့ပဲ…”

ဆူဇီမိုက ဂူသင်္ချိုင်းသို့ ရောက်ရှိလာသောအခါ သူသည် တစ်စုံတစ်ရာလွဲမှားနေသည်ကို ခံစားနေရ၏။

ဂူသင်္ချိုင်းကနေ သူ့ကို စဥ်းစားကြည့်၍မရနိုင်သော ဖိအားတစ်ရပ်ပေးနေ၏။

ဧကရာဇ်နယ်ပယ်ပညာရှင်ဆယ်ဦးကျော်၏ အုတ်ဂူများက ထိုခံစားချက်ကို ဖြစ်ပေါ်လာစေဖို့ မလုံလောက်ပေ။

သူသည် အဝီစိ၊ မိစ္ဆာလိုဏ်ဂူအောက်နှင့် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာတုန်းကလိုမျိုး ခံစားချက်တစ်ခုကို ရရှိနေ၏။

ထိုနေရာသုံးခုသည် မဟာဧကရာဇ်ပညာရှင်များကို မြှုပ်နှံထားခဲ့သောနေရာများဖြစ်သည်။

ဆူဇီမိုသည် သူ၏ ခြေရင်းကိုကြည့်ပြီး ဖြစ်နိုင်ခြေတစ်ခုကို တွေးမိနေ၏။

ဤဂူသင်္ချိုင်းအောက်ခြေမှာ မြှုပ်နှံထားသောသူများက ဧကရာဇ်နယ်ပယ်ပညာရှင်ဆယ်ဦးကျော်ကျော်သာ မဟုတ်လောက်ပေ။

မဟာဧကရာဇ်တိုက်ပွဲကိုလည်း ဤနေရာမှာ မြှုပ်နှံထားပေလိမ့်မည်။

မဟာဧကရာဇ်တိုက်ပွဲ၏ ဂူသင်္ချိုင်းကို သူ၏ နတ်ဘုရားလက်နက်ထဲမှာ မြှုပ်နှံထားသည်။

ဆူဇီမိုက ရင်တစ်ချက် ထိတ်သွား၏။ သူက တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သူ၏ မျက်လုံးက တောက်ပလာပြီး တီးတိုးရေရွတ်လိုက်၏။

“သိုင်းတာအိုပင်မခန္ဓာကို လှမ်းခေါ်နေစရာ မလိုလောက်တော့ဘူး”

မျောက်က သွေးကန်ထဲသို့ ခုန်ဆင်းပြီး သူ၏ ခန္ဓာကိုယ်တစ်ဝက်ကို အထဲမှာရှိသောသွေးများက ဖုံးလွှမ်းသွား၏။

သူ၏ မျိုးဆက်သွေးက ဆူပွက်လာပြီး သူက ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။ သူ၏ လည်ပင်းပေါ်ရှိ သွေးပြန်ကြောများက ဖောင်းပွလာပြီး သူက သိပ်သည်းပြင်းထန်သောနာကျင်မှုကို ကြိတ်မှိတ်ခံစားနေ၏။

သွေးကန်ထဲမှာရှိသော လက်ချင်းဆက် နီညိုရောင်မျောက်ဝံ၏ မျိုးဆက်သွေးသည် မဟာဧကရာဇ်တိုက်ပွဲချန်ထားခဲ့သော မျိုးဆက်သွေးဖြစ်ဖို့ ဖြစ်နိုင်ခြေများလေသည်။

ခေတ်တချို့ကြာအပြီးမှာတောင် မဟာဧကရာဇ်တစ်ပါး၏ သွေးထဲမှာရှိသော အကြွင်းအကျန်စွမ်းအားကို လျှော့တွက်လို့ မရနိုင်ပေ။

အခြားသောမျိုးနွယ်မှတစ်ယောက်ယောက်က အထဲမှာရှိသော မဟာဧကရာဇ်၏ သွေးနှင့် ထိတွေ့မည်ဆိုလျှင် သူတို့သည် အထဲမှာရှိသောစွမ်းအားဖြင့် ချက်ချင်းပင် သတ်ဖြတ်ခံရလောက်လေသည်။

မျောက်သည် မည်သို့ပင်ဆိုစေ လက်ချင်းဆက်နီညိုရောင်မျောက်ဝံ၏ မျိုးတက်သွေးကို နိုးထစေခဲ့ပြီဖြစ်သည်။ သို့သော်လည်း နိုးထခြင်းအဆင့်က မမြင့်မားသေးပေ။

ယခု မျောက်၏ သွေးချီက မဟာဧကရာဇ်တစ်ပါး၏ သွေးအကူအညီနှင့်အတူ ဆပွားတိုးလာခဲ့ပြီး သွေးကန်ထဲမှာရှိသော စွမ်းအားက သူခံနိုင်ရည်ရှိသည့်အတိုင်းအတာအတွင်း သူ၏ မျိုးဆက်သွေးကို မြှင့်တင်ဖို့ အတတ်နိုင်ဆုံး ကူညီပေးပေလိမ့်မည်။

ဆူဇီမိုကလည်း ဂူသင်္ချိုင်းဘေးမှာထိုင်ပြီး စတင်၍ကျင့်ကြံလိုက်၏။

သွေးကန်နှင့် အထဲမှာရှိသောဓမ္မတာအိုက တကယ်ပင်မျောက်၏ အခွင့်အလမ်းများ ဖြစ်လေသည်။

ဤဂူသင်္ချိုင်းသည် အရေးကြီးဆုံးခြေလှမ်းကိုလှမ်းဖို့ သူ့ကို ကူညီပေးနိုင်လောက်သည်။

တစ်ချိန်တည်းမှာပင်။

ငရဲကမ္ဘာမှာ သိုင်းတာအိုပင်မခန္ဓာသည် ငရဲဆီးနှင်းစိမ့်စမ်း၏ ရှေ့မှာ ဖြည်းဖြည်းချင်းနိုးထလာ၏။

သူက သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ထွက်သက်ကို ညင်သာစွာ ရှူထုတ်လိုက်၏။

ဤနှစ်များမှာ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူသည် ကောင်းကင်လိုဏ်ဂူအပိုင်းအစများစွာကို စုပ်ယူသန့်စင်ပြီး အဆင့်ချိုးဖျက်တက်လှမ်းတော့မည့်ဆဲဆဲဖြစ်လာခဲ့၏။ သူက ခြေတစ်လှမ်းသာလိုတော့လေသည်။

ဒါ့အပြင် သူသည် စိမ့်စမ်းကိုးခုငရဲသုတ္တန်ကို လုံးလုံးလျားလျားကျင့်ကြံပြီး ၎င်းကို ​သူ၏ သိုင်းတာအိုပိုင်နက်နယ်မြေထဲသို့ ထည့်သွင်းပေါင်းစည်းထားခဲ့ပြီဖြစ်သည်။

သို့သော်လည်း သူသည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းပြီး လောကတစ်ခုကို စုဖွဲ့လိုသည်ဆိုလျှင် အနည်းငယ်လိုအပ်နေဆဲဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာက မတ်တတ်ထရပ်လိုက်၏။ သူက ငရဲဆီးနှင်းစိမ့်စမ်းသို့ ဝင်ရောက်ပြီး တမလွန်မြစ်ထံသို့ ရေစီးကြောင်းများကို ဆန်တက်ဖို့ပြင်လိုက်၏။

ပထမအချက် ငရဲကမ္ဘာ၏ ကောင်းကင်နှင့်မြေကြီးက ယိုယွင်းပျက်စီးနေပြီး ၎င်း၏ ဓမ္မတာအိုက ပြီးပြည့်စုံမှုမရှိတော့ပေ။

အမြုတေသိုင်းကောင်းကင်လိုဏ်ဂူနှင့် သိုင်းတာအိုပိုင်နက်နယ်မြေအနေဖြင့် ဤနေရာမှာ အဆင့်ချိုးဖျက်တက်လှမ်းလိုသည်ဆိုလျှင် အဲဒါက ကောင်းကင်ဘုံကိုတက်လှမ်းရသလောက်ခဲယဥ်းပေလိမ့်မည်။

ဒုတိယအချက် သိုင်းတာအိုပင်မခန္ဓာသည် ကျင့်ကြံဖို့အတွက် တမလွန်မြစ်၏ စွမ်းအားကို အသုံးချလို​၏။

ငရဲ၏ စိမ့်စမ်းကိုးခုသည် မယုံကြည်နိုင်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။ စိမ့်စမ်းကိုးခု၏ အရင်းအမြစ်ဖြစ်ပြီး တစ္ဆေကမ္ဘာ၏ ဘဝမြစ်ကိုပင် ပြုစုပျိုးထောင်ပေးနိုင်သော တမလွန်မြစ်မှာ ပို၍ပင်လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားတစ်ခု သေချာပေါက်ပါဝင်နေပေလိမ့်မည်။

သိုင်းတာအိုပက်မခန္ဓာက မတ်တတ်ရပ်ပြီး ဆီးနှင်းစိမ့်စမ်း၏ အရင်းအမြစ်ထဲသို့ ခုန်ချကာ အောက်သို့အဆက်မပြတ် နစ်မြုပ်သွားစေဖို့ သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နေ၏။

သူသည် ခါးသက်စိမ့်စမ်း၏ အရင်းအမြစ်ထဲသို့ ပထမဆုံးဝင်ရောက်ခဲ့စဥ်က သူသည် သူ၏ သိုင်းတာအိုပိုင်နက်နယ်မြေကို ကျင့်ကြံထားခါစသာဖြစ်သည်။ သူသည် ရေစီးကြောင်းများကို ဆန်တက်သည့်အခါ ပြင်းထန်ကြီးမားသော ခုခံမှုနှင့် ကြုံတွေ့ခဲ့ရ၏။ တကယ်ဆို သူက ခုခံဖို့အတွက် သူ၏ မျိုးဆက်သွေးကိုပင် လှည့်ပတ်ခဲ့ရ၏။

သို့သော် သူသည် သိုင်းတာအိုပိုင်နက်နယ်မြေမှာ လောကတစ်ခု၏ စွမ်းအားတစ်စွန်းတစ်စကို ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး ဧကရာဇ်တစ်ပိုင်းတစ်ဦးဖြစ်လာခဲ့ပြီဖြစ်သည်။

သူသည် စိမ့်စမ်းကိုးခုငရဲသုတ္တန်၏ ဓမ္မတာအိုများအားလုံးကို နားလည်ဆင်ခြင်ထားပြီး သူတို့ကို သူ၏ တာအိုခန္ဓာနှင့် ပိုင်နက်နယ်မြေထဲသို့ ပေါင်းစည်းထားခြင်းနှင့်အတူ ငရဲဆီးနှင်းစိမ့်စမ်း၏ စွမ်းအားက သူ့အပေါ်မှာ ဆက်လက်၍ မသက်ရောက်စေနိုင်တော့ပေ။

သူက အနက်ပိုင်းထဲသို့ ရောက်ရှိလာလေလေ ဘေးပတ်ဝန်းကျင်က ပို၍မှောင်မည်းလာလေပေ။

ငရဲဆီးနှင်းစိမ့်စမ်း၏ အနက်ပိုင်းထဲမှာ မည်သည့်အလင်းရောင်မှ မရှိတော့ပေ။ သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးနှစ်ဖက်က ခရမ်းရောင်မီးတောက်များဖြင့် လောင်ကျွမ်းလာပြီးနောက် သူက ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်လေသည်။

ဆီးနှင်းစိမ့်စမ်း၏ အနက်ပိုင်းထဲသို့ရောက်ရှိ၍ ဘေးပတ်လည်မှာရှိသော ရေ၏ ဦးတည်ဘက်ကိုအာရုံခံပြီး သိုင်းတာအိုပင်မခန္ဓာက ရေစီးကြောင်းများကို ဆန်တက်လိုက်၏။

မသိလိုက်မသိဘာသာ အချိန်တစ်ခုကြာသွားပြီးနောက် သူ၏ မြင်ကွင်းက ရှင်းလင်းသွားပြီး အလင်းရောင်က ပြန်လည်ရောက်ရှိလာ၏။

သိုင်းတာအိုပင်မခန္ဓာ၏ မြင်ကွင်းထဲမှာ ရေလှိုင်းများဖြင့်ပြည့်နှက်နေသော ကြီးမားသည့် မြစ်ကိုးစင်းရှိနေလေသည်။ သူတို့သည် ကောင်းကင်ထက်မှာ ပြည့်နှက်နေသော နဂါးငွေ့တန်းကြယ်စင်စုများကဲ့သို့ဖြစ်ပြီး အဆုံးမဲ့အချိန်နှင့်လေဟာနယ်ကို ဖြတ်ကျော်ကာ လုံးဝကွဲပြားခြားနားသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

ငရဲသို့ဦးတည်နေသော မြစ်ကိုးစင်း၏ တစ်ဘက်စွန်းမှာ ငရဲ၏ စိမ့်စမ်းကိုးခုက ဖြစ်ပေါ်နေ၏။ အခြားတစ်ဘက်စွန်းမှာတော့ အလျှို့ဝှက်အဆန်းကြယ်ဆုံး တမလွန်မြစ်ရှိနေလေသည်။

တမလွန်မြစ်က မှောင်မည်း၍ မကောင်းဆိုးဝါးဆန်ပြီး တိတ်တဆိတ်စီးဆင်းနေ၏။ သို့သော်လည်း ရေစက်တစ်စက်ချင်းစီမှာ လောကကို ဖျက်ဆီးပစ်ဖို့ လုံလောက်သည့် အနှိုင်းမဲ့ စွမ်းပကားပါဝင်နေပုံရသည်။

သိုင်းတာအိုပင်မခန္ဓာ ပထမဆုံးရောက်ရှိလာစဥ်က သူသည် တမလွန်မြစ်ထဲမှာ သိပ်ကြာကြာမနေနိုင်ခဲ့ပေ။ တကယ်ဆို သူက ရေထုကိုပင် မဖြတ်ကျော်နိုင်ဘဲ နောက်ဆုံးမှာ ပြန်လည်ဆုတ်ခွာခဲ့ရ၏။

သို့သော်ယခု သိုင်းတာအိုပင်မခန္ဓာသည် တမလွန်မြစ်သို့ နောက်တစ်ဖန်​ခြေချလာခဲ့၏။

ဤ​တစ်ခေါက်မှာ သိုင်းတာအိုပင်မခန္ဓာက သိုင်းတာအိုငရဲခန်းကို မြှောက်တင်ပြီး သူ၏ မျိုးဆက်သွေးကို လှည့်ပတ်ကာ တမလွန်မြစ်၏ သိပ်သည်းပြင်းထန်သောဖိအားကို ခုခံဆန့်ကျင်​ရင်း ရှေ့သို့ ဆက်လက်တက်လှမ်းလာ၏။

သူသည် ရေထုကိုဖြတ်ကျော်ပြီး တမလွန်မြစ်၏ အပေါ်ဘက်ကို တစ်ချက်သွားရောက်ကြည့်ရှုလို၏။

တမလွန်မြစ်၏ အောက်ဘက်မှာ သူ့ကို အောက်ဘက်သို့ ဆွဲယူနှစ်မြှုပ်လိုသည့် မရေမတွက်နိုင်သော လက်များရှိနေသည့်အလားပင်။

သို့သော်လည်း ကိစ္စများက ယခုအချိန်မှာ ကွဲပြားခြားနားသွားလေပြီ။ သိုင်းတာအိုပင်မခန္ဓာက ဧကရာဇ်တစ်ပိုင်းအဆင့်မှာသာရှိသော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားက အန္တိမဧကရာဇ်များကို ဖိနှိမ်နိုင်လေသ​ည်။ မီးတောက်များဖြင့်ပြည့်နှက်နေသော သိုင်းတာအိုငရဲခန်းက ဝန်းရံထားပြီး သူ၏ ခန္ဓာကိုယ်က အဆက်မပြတ်မြင့်တက်လာ၏။

တမလွန်မြစ်ထဲမှာ သိုင်းတာအိုငရဲခန်း၏ စွမ်းအားကပင်လျှင် ၎င်း၏ အကန့်အသတ်ထိ ဖိနှိမ်ခံထားရ၏။

ဝေါ...

မသိလိုက်မသိဘာသာအချိန်တစ်ခုကြာသွားပြီးနောက် သိုင်းတာအိုပင်မခန္ဓာက နောက်ဆုံးမှာ ရေထုကိုဖြတ်ကျော်ပြီး တမလွန်မြစ်၏ အထက်ကို ရောက်ရှိလာခဲ့၏။

သိုင်းတာအိုပင်မခန္ဓာက ​ရေပြင်ထက်မှာ မတ်တတ်ရပ်ပြီး လှည့်ပတ်ကြည့်ရှုလိုက်၏။

ဘေးပတ်ဝန်းကျင်က မှောင်မည်းနေပြီး မည်သည့်အရာကိုမှ မတွေ့မြင်ရပေ။ ဤနေရာမှာ မည်သည့်အသက်ဓာတ်အော်ရာမှမရှိဘဲ သေလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေ၏။

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်ပြီး တမလွန်မြစ်၏ ဦးတည်ဘက်အတိုင်း ရှေ့သို့ဆက်တက်လာ၏။

ငရဲစိမ့်စမ်းကိုးခု၏ အရင်းအမြစ်က တမလွန်မြစ်ဖြစ်သည်ဆိုလျှင်...။

ဒါဆို တမလွန်မြစ်ရဲ့အရင်းအမြစ်က ဘာဖြစ်မလဲ။

သူက အနက်ပိုင်းထဲသို့ တက်လှမ်းလာပြီး တမလွန်မြစ်ကိုဆန်တက်လာစဥ် ရှေ့မှာရှိသောဖိအားက ပို၍ တိုးလာနေ၏။

တကယ်ဆို သိုင်းတာအိုပင်မခန္ဓာက ရင်တထိတ်ထိတ်ပင်ခံစားလာရ၏။

တမလွန်မြစ်၏ အဆုံးမှာ တုန်လှုပ်ဖွယ်ရာတစ်ခုရှိသည်ဟု တျဲယွဲ့က ပြောခဲ့ဖူးလေသည်။

ထင်မှတ်ထားသည့်အတိုင်းပင်။

ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ သိုင်းပိုင်နက်နယ်မြေထဲမှာ ထကြွမှုတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်၏။

All Chapters