← Chapters

ဖြတ်ကျော်ခြင်း

Vol. 201 Ch. 3010

ဖြတ်ကျော်ခြင်း

Vol. 201 Ch. 3010

သိုင်းတာအိုငရဲခန်းထဲမှာ အန္တိမမီးတောက် ခြောက်ခုရှိနေ၏။

သူတို့ထဲမှာ တမလွန်တစ္ဆေမီး၊ ကပ်ဘေးမီး၊ နဂါးဖီးနစ်မီးတောက်၊ ငရဲမီးနှင့် သိုင်းစိတ်ဝိညာဉ်မီးတို့သည် တမလွန်မြစ်သို့ ရောက်ရှိလာပြီးနောက် သိသိသာသာ ဖိနှိမ်ခံနေရ၏။

အနီရောင်ကြာပန်းကြမ္မာမီးကသာ များစွာသက်ရောက်ခြင်းမခံရပေ။

ဒါ့အပြင် စောစောက သိုင်းတာအို ငရဲခန်းထဲမှာ အနီရောင်ကြာပန်းကြမ္မာမီးသည် နောက်တစ်ဖန် တိမ်းညွှတ်လာခဲ့၏။ ၎င်းသည် တစ်ခုသော ဆွဲဆောင်မှုကို ခံစားမိနေသည့်အလား အနည်းငယ် တိမ်းညွှတ်နေ၏။

လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ကျော်က သိုင်းတာအိုပင်မခန္ဓာသည် ငရဲသို့ ဆင်းသက်လာပြီး အနီရောင်ကြာပန်းကြမ္မာမီးကို ထုတ်ဖော်ခဲ့စဉ်က ဤကဲ့သို့သော အခြေအနေတစ်ရပ် ဖြစ်ပွားခဲ့ဖူးသည်။

လျှို့ဝှက်ဆန်းကြယ်သော ထိုလမ်းညွှန်စွမ်းအားက နောက်တစ်ဖန် ပေါ်ထွက်လာ၏။

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

ဤလမ်းညွှန်စွမ်းအား၏ ဦးတည်ဘက်သည် တမလွန်မြစ်၏ ရေစီးကြောင်းအတိုင်း မဟုတ်သလို ဆန့်ကျင်ဘက်လည်း မဟုတ်ပေ။ ထိုအစား ၎င်းသည် တမလွန်မြစ်၏ ကန့်လန့်ဖြတ်နေရာကနေ ထွက်ပေါ်လာ၏။

သိုင်းတာအိုပင်မခန္ဓာသည် အလေးအနက် စဉ်းစားတွေးတောပြီး မဆင်မခြင်ပြုမူခြင်း မရှိပေ။

တမလွန်မြစ်၏ ကန့်လန့်ဖြတ် ထိုဦးတည်ဘက်က သူ့ကို ပို၍ပင် မအီမသာ ခံစားရစေ၏။

ခဏနေပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် တမလွန်မြစ်ကို ဖြတ်ကျော်ဖို့ မရွေးချယ်ပေ။ ထိုအစား သူက တမလွန်မြစ်ထဲမှာ မျှောချပြီး သူ၏ ခန္ဓာကိုယ်ကို ဆက်လက်၍ ထိန်းချုပ်မထားတော့ပေ။ သူက တမလွန်မြစ်၏ စွမ်းအားကို သန့်စင်ရန် ကောင်းကင်နှင့်မြေကြီးမီးဖိုကို အသုံးချရင်း ရေစီးကြောင်းအတိုင်း မျှောချသွား၏။

သိုင်းတာအိုပင်မခန္ဓာသည် ထူးဆန်းသော အခြေအနေတစ်ရပ်မှာ ကျဆင်းသွားပြီး သူ၏ ဓမ္မတာအိုကို ထုတ်နှုတ်ကာ ပြီးပြည့်စုံအောင် ပြုလုပ်ရန် တမလွန်မြစ်ထဲမှာ တိတ်တဆိတ်ကျင့်ကြံမှုသို့ ဝင်ရောက်သွားလေသည်။

ငရဲ၏ စိမ့်စမ်းကိုးခုအရင်းအမြစ်က တမလွန်မြစ်ဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တမလွန်မြစ်ထဲမှာ နစ်မြုပ်နေပြီး တဗူးဂမ္ဘီရကျင့်စဉ်၏ လေးနက်သိမ်မွေ့မှုများကို ပို၍ကောင်းကောင်း နားလည်သဘောပေါက်ရန်နှင့် ၎င်းကို သူ့ကိုယ်ပိုင်ခွန်အားအဖြစ် အသွင်ပြောင်းလဲရန် သူ့ကို တမလွန်မြစ်က ကူညီပေးနေ၏။

အချိန်က တဖြည်းဖြည်း စီးဆင်းသွားခဲ့သည်။

သိုင်းတာအိုပင်မခန္ဓာသည် တမလွန်မြစ်ထဲမှာ လွင့်မျောနေခဲ့သည်မှာ နှစ် ၁၀၀ကြာသွားခဲ့၏။

ပြီးခဲ့သည့် နှစ် ၁၀၀ မှာ သူသည် တိတ်ဆိတ်ကျင့်ကြံနေစဉ် လေးကြိမ်သာ နိုးထခဲ့၏။

သူတစ်ကြိမ်နိုးထတိုင်းမှာ တမလွန်မြစ်ထဲမှာ သူ၏ အာရုံခံအသိစိတ်က ပြောင်းလဲသွားသောကြောင့် ဖြစ်၏။

သူ ပထမဆုံးအကြိမ် နိုးထလာသည့်အချိန်မှာ သိုင်းတာအိုပင်မခန္ဓာသည် စွမ်းအားကြီးမားသော မိစ္ဆာစွမ်းပကားတစ်ခုနှင့် တမလွန်မြစ်ကို ကန့်လန့်ဖြတ်ဝင်ရောက်လာသော တိုက်ပွဲဝင်စိတ်ဆန္ဒတစ်ခုကို ရုတ်တရက် အာရုံခံမိခဲ့၏။ ၎င်းသည် သိပ်သည်းပြင်းထန်သော မုန်းတီးမှုနှင့် ပြင်းထန်ကြမ်းတမ်းသော အမျက်ဒေါသဖြင့် ပြည့်နှက်နေ၏။

သူသည် အရင်က အဆူရာမျိုးနွယ်ထံကနေ ထိုအော်ရာကို ခံစားမိခဲ့ဖူးသည်။

တစ်ချိန်တည်းမှာပင် တမလွန်မြစ်သည် မြစ်လက်တက်တစ်ခုအဖြစ် ကွဲထွက်သွားပြီး ထိုဘက်အရပ်သို့ တလိပ်လိပ်စီးဆင်းနေ၏။

“အဆူရာကမ္ဘာလား”

သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွားပြီး ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွား၏။

အရင်တုန်းက သူသည် တျဲယွဲ့နှင့် စကားပြောခဲ့စဉ် ခန့်မှန်းချက်တစ်ခု ရရှိထားခဲ့၏။

တမလွန်မြစ်မှာ မြစ်လက်တက် ခုနှစ်ခုရှိပြီး ပြန်ဝင်စားခြင်း လမ်းခြောက်သွယ်နှင့် တမလွန်ဘုံသို့ ဦးတည်နေဖို့ ဖြစ်နိုင်ခြေ မြင့်မားလေသည်။

တျဲယွဲ့သည် တစ်ခါက တမလွန်မြစ်ထဲသို့ ဝင်ရောက်ရန် တောကောင်ကမ္ဘာ၏ သိပ်သည်းပြင်းထန်သော ရေတံခွန်စီးကြောင်းများကို ဆန်တက်ကာ တမလွန်ဘုံသို့ ကျဆင်းခဲ့ဖူးသောကြောင့်ဖြစ်သည်။

ငရဲကမ္ဘာ၏ စိမ့်စမ်းကိုးခု အရင်းအမြစ်သည်လည်း တမလွန်မြစ် ဖြစ်လေသည်။ ဆင်တူစွာဖြင့် တစ္ဆေကမ္ဘာမှ ဘဝမြစ်၏ အရင်းအမြစ်ကလည်း တမလွန်မြစ်ဖြစ်၏။

ယခု သူသည် အခြားသော အရပ်တစ်ဖက်သို့ တလိပ်လိပ်စီးဆင်းနေသည့် တမလွန်မြစ်၏ မြစ်လက်တက်တစ်ခုကို အာရုံခံမိသွားပြီး သိုင်းတာအိုပင်မခန္ဓာသည် အဆူရာကမ္ဘာကို ချက်ချင်းပင် တွေးမိသွား၏။

သိုင်းတာအိုပင်မခန္ဓာသည် တမလွန်မြစ်ထဲမှာ ဆက်လက်၍ မျှောချပြီး အသံတိတ်ကျင့်ကြံနေ၏။

သူ ဒုတိယမြောက်အကြိမ် နိုးထလာသည့်အချိန်မှာ သိုင်းတာအိုပင်မခန္ဓာသည် တမလွန်မြစ်၏ ဘေးတစ်ဖက်မှာ မှောင်မည်း၍ ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုကို အာရုံခံမိလိုက်၏။ ထိုအော်ရာကို ရင်းနှီးမှု ရှိလေသည်။

အရင်တုန်းက သူသည် ကြယ်တာရာကောင်းကင်ထဲမှာ အဖြူရောင် ရစ်ငှက်တစ်ကောင်နှင့် ကြုံတွေ့ပြီး အမှားနှင့်အမှန် ပြောင်းပြန်ဖြစ်နေသော မိုက်မဲမှုလောကတစ်ခုထဲသို့ ကျဆင်းသွားခဲ့၏။ ထိုအချိန်တုန်းက သူ၏ ဘေးပတ်လည်မှ သက်ရှိများအားလုံးသည် ထိုအော်ရာကို ထုတ်ဖော်နေခဲ့ကြလေသည်။

တောကောင်ကမ္ဘာ…

သူထင်မှတ်ထားသည့်အတိုင်းပင် တမလွန်မြစ်သည် နောက်ထပ်မြစ်လက်တက်တစ်ခုအဖြစ် ကွဲထွက်သွားပြီး တောကောင်တာအို ရှိရာဘက်သို့ စီးဆင်းနေ၏။

သိုင်းတာအိုပင်မခန္ဓာက မြစ်စီးကြောင်းအတိုင်း ဆက်လက်၍ မျှောချသွား၏။

တတိယအကြိမ် သူနိုးထလာသည့်အချိန်မှာ သိုင်းတာအိုပင်မခန္ဓာသည် သိပ်သည်းလေးလံသော မရဏအော်ရာတစ်ခုကို ခံစားမိလိုက်၏။

ထူးဆန်းသောအရာမှာ ဤတစ်ခေါက် မရဏအော်ရာသည် တမလွန်မြစ်၏ အထက်ကနေ လာလေသည်။

တမလွန်မြစ်သည် နောက်ထပ်မြစ်လက်တက်တစ်ခုအဖြစ် တကယ်ပင် ကွဲထွက်သွား၏။ သို့သော်လည်း ၎င်းသည် ကောင်းကင်ထက်သို့ ထိုးတက်သွားလေသည်။

ရေများက အမှန်တကယ်ပင် ပြောင်းပြန်စီးဆင်းနေ၏။

ဤကဲ့သို့သော ထူးဆန်းသည့်မြင်ကွင်းကို တမလွန်မြစ်ထဲမှာသာ တွေ့မြင်နိုင်ပေမည်။

သိုင်းတာအိုပင်မခန္ဓာက မော့ကြည့်လိုက်၏။

သူထင်တာ မမှားလျှင် တမလွန်မြစ်၏ အထက် တမလွန်ဘုံဆီသို့ စီးဆင်းနေသော မြစ်လက်တက်တစ်ခု ရှိနေဖို့ ဖြစ်နိုင်ခြေ မြင့်မားလေသည်။

ဒါဆို တမလွန်ဘုံက တမလွန်မြစ်ရဲ့အထက်မှာ ရှိနေတာလား…

တမလွန်ဘုံ၏ တည်ရှိမှုသည် လမ်းခြောက်သွယ်နှင့်ယှဉ်လျှင် တကယ်ပင် အနည်းငယ် ထူးခြားနေ၏။

သိုင်းတာအိုပင်မခန္ဓာသည် တိတ်တဆိတ်ကျင့်ကြံမှုသို့ နောက်တစ်ဖန် ဝင်ရောက်ပြီး တမလွန်မြစ်ထဲမှာ မျောပါသွားလေ၏။

လေးကြိမ်မြောက် သူနိုးထလာသည့်အချိန်မှာ သူသည် တမလွန်မြစ်၏ ကန့်လန့်ဖြတ်ရှိရာဘက်မှ မကောင်းဆိုးဝါးဆန်ဆန် တစ္ဆေချီတစ်ခုကို ခံစားမိလိုက်၏။

တစ္ဆေကမ္ဘာ…

တစ္ဆေကမ္ဘာသို့ စီးဆင်းနေသော တမလွန်မြစ်၏ မြစ်လက်တက်သည် မရေမတွက်နိုင်သော တစ္ဆေများကို ပြုစုပျိုးထောင်ပေးနေသည့် ဘဝမြစ် ဖြစ်ရပေမည်။

တစ်ခဏချင်းမှာပင် နှစ် ၁၀၀ ကုန်ဆုံးသွားပြီး သိုင်းတာအိုပင်မခန္ဓာက နောက်တစ်ဖန် နိုးထလာ၏။

ဤတစ်ခေါက်မှာ သူသည် တမလွန်မြစ်၏ အပေါ်သို့ တက်ပြီး တမလွန်မြစ်၏ မြစ်လက်တက်ရှိရာဘက်ကို ကြည့်လိုက်၏။ သူက မျက်မှောင်ကြုတ်ပြီး သူ၏ မျက်လုံးထဲတွင် နက်ရှိုင်းသော တွေဝေရှုပ်ထွေးမှုက ပေါ်ထွက်လာ၏။

သူသည် နဂိုနေရာသို့ တစ်ပတ်လည် ပြန်ရောက်လာခဲ့၏။

တမလွန်မြစ်သည် နောက်ထပ်မြစ်လက်တက်တစ်ခုအဖြစ် ခွဲထွက်သွားပြီး ၎င်းသည် ငရဲကမ္ဘာသို့ စီးဆင်းနေ၏။

“အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ဖြစ်စဉ်တစ်လျှောက်လုံးမှာ သူသည် သူ၏ ဦးတည်ဘက်ကို ထိန်းချုပ်မထားဘဲ တမလွန်မြစ်၏ မြစ်စီးကြောင်းအတိုင်း မျှောချခဲ့လေသည်။ နှစ် ၁၀၀ ကြာသွားခဲ့ပြီးနောက် သူသည် နောက်ဆုံးမှာ တစ်ပတ်လည်ပြီး မူလငရဲကမ္ဘာရှိရာသို့ ပြန်လည်ရောက်ရှိလာ၏။

တမလွန်မြစ်မှာ မည်သည့်အရင်းအမြစ်မှ မရှိဘူးလား။

အဲဒါသည် လမ်းခြောက်သွယ်ဆိုမှတော့ ထိုနေရာမှာ လူသားတာအို သို့မဟုတ် ကောင်းကင်ဘုံတာအို ဘာကြောင့်မရှိရတာလဲ။

ဤသည်မှာ သူ၏ နဂိုခန့်မှန်းချက်နှင့် အလွန်ကွဲပြားနေ၏။

တမလွန်မြစ်သည် စက်ဝိုင်းပုံစံ လှည့်ပတ်စီးဆင်းနေပြီး အရင်းအမြစ်တစ်ခုမရှိသော မြစ်တစ်စင်းဖြစ်မည်ဆိုလျှင် ၎င်းသည် ငြိမ်သက်နေသင့်ပြီး စီးဆင်းနေသောပုံစံမှာ ရှိမနေသင့်ပေ။

တမလွန်မြစ်ကို စီးဆင်းဖို့ ဖိအားပေးထားသော စွမ်းအားက ဘယ်နေရာကနေ ရောက်လာတာလဲ။

၎င်းသည် အရင်းအမြစ်မရှိသော ရေဖြစ်သည်ဆိုမှတော့ တမလွန်မြစ်က ဘယ်လိုဖြစ်ပေါ်လာတာလဲ။

တမလွန်မြစ်၏ အလယ်ဗဟိုမှာ ဘာရှိနေမလဲ။

သူသည် ရေစီးကြောင်းအတိုင်း လိုက်ပါမည်ဆိုလျှင် တမလွန်မြစ်၏ လျှို့ဝှက်ချက်များစွာကို ဖော်ထုတ်ပြီး သူ့ရင်ထဲရှိ သံသယတချို့ကို ဖြေရှင်းနိုင်မည်ဟု သိုင်းတာအိုပင်မခန္ဓာက တွေးမိခဲ့၏။

သို့သော်လည်း နှစ် ၁၀၀ ကြာသွားပြီးနောက် တမလွန်မြစ်နှင့် ပတ်သက်သည့် အရာရာတိုင်းက ဘာမှမသိရသေးပေ။

ထိုအစား သူ၏ သံသယများက ပို၍ပင် တိုးလာခဲ့၏။

ကံကောင်းထောက်မစွာဖြင့် ပြီးခဲ့သည့် နှစ် ၁၀၀မှာ သူ၏ ကျင့်ကြံမှုက ကြီးမားစွာ တိုးတက်လာပြီး အကျိုးအမြတ်ကြီးမားစွာ ရရှိခဲ့၏။ သူသည် ဧကရာဇ်နယ်ပယ်နှင့် ခြေလှမ်းဝက်သာ လိုတော့ပြီး အချိန်မရွေး အဆင့်ချိုးဖျက်တက်လှမ်းနိုင်လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်ကို ဆန့်ထုတ်ပြီး အနီရောင်ကြာပန်းကြမ္မာမီးကို ထွန်းညှိလိုက်၏။

အနီရောင်ကြာပန်းကြမ္မာမီး ပေါ်ထွက်လာသည့်ခဏမှာပင် ၎င်းကို စွမ်းအားတစ်ခုက လမ်းညွှန်ပေးပြီး တမလွန်မြစ်၏ အလယ်ဗဟိုရှိရာဘက်သို့ ညွှန်ပြနေ၏။

သိုင်းတာအိုပင်မခန္ဓာက အတန်ကြာအောင် စဉ်းစားတွေးတောပြီးနောက် ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ကာ သူ၏ ခေါင်းပေါ်သို့ မြှောက်တင်လိုက်၏။

မီးဖိုကနေ ဂါထာမန္တန်ရွတ်ဖတ်သံများ ထွက်ပေါ်လာပြီး ဗုဒ္ဓအလင်းရောင်က တောက်ပလာခဲ့၏။ ရွှေရောင်အလင်းပေါင်းထောင်ချီကာ ရေတံခွန်တစ်ခုကဲ့သို့ မီးဖိုထဲကနေ လျှံကျလာပြီး သိုင်းတာအိုပင်မခန္ဓာ၏ ဘေးပတ်လည်မှာ အဟန့်အတားအလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။

တစ်ချိန်တည်းမှာပင် သိုင်းတာအိုပင်မခန္ဓာသည် ဘယ်ဘက်လက်မှာ ဝိညာဉ်မီးအိမ်နှင့် ညာဘက်လက်မှာ တမလွန်ဘုံရတနာကြေးမုံကို ကိုင်စွဲလိုက်၏။ သူက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် တမလွန်မြစ်ကို စတင်ဖြတ်ကျော်ကာ အနက်ပိုင်းထဲသို့ ဦးတည်လိုက်၏။

ထိုအရပ်ဘက်ကို အနီရောင်ကြာပန်းကြမ္မာမီးက လမ်းညွှန်ပေးနေခြင်း ဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာသည် မြန်မြန်ဆန်ဆန် လျှောက်လှမ်းခြင်းမရှိဘဲ ပါးလွှာသော ရေခဲပြင်ပေါ်မှာ လျှောက်လှမ်းနေရသည့်အလား အလွန်တရာ သတိကြီးကြီးထားနေ၏။

သူက အနက်ပိုင်းထဲသို့ ရောက်ရှိလာပြီး တမလွန်မြစ်နှင့် ဝေးကွာလာသည်နှင့် သူ့ရင်ထဲရှိ မအီမသာ ခံစားချက်က ပို၍ပင် အားကောင်းလာပြီး သူက ရင်တစ်ထိတ်ထိတ်ပင် ဖြစ်လာခဲ့၏။

အနက်ပိုင်းထဲသို့ လျှောက်လှမ်းလာစဉ် သူ၏ ညာဘက်လက်ထဲမှာရှိသော တမလွန်ဘုံရတနာကြေးမုံက စတင်လှုပ်ခတ်၍ အန္တရာယ်များသော အော်ရာတစ်ခုကို ထုတ်ဖော်လိုက်၏။

“ဟမ်”

သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။

တမလွန်ဘုံရတနာကြေးမုံထဲမှာ လျှို့ဝှက်ဆန်းကြယ်၍ နတ်ဆိုးဆန်သော လက်နက်စိတ်ဝိညာဉ်တစ်ခုက အမြဲတမ်း ပုန်းကွယ်နေခဲ့၏။

ဆီးနှင်းစိမ့်စမ်းငရဲမှာတုန်းက လက်နက်စိတ်ဝိညာဉ်သည် သူ၏ အမြုတေသွေးများ အားလုံးကိုပင် ဝါးမြိုလိုခဲ့၏။

သို့သော်လည်း ထိုအချိန်တုန်းက သူသည် လက်နက်စိတ်ဝိညာဉ်ကို ဖိနှိမ်ရန် ဝိညာဉ်မီးအိမ်ကို အသုံးချခဲ့၏။ ထိုဖြစ်ရပ်အပြီးမှာ မည်သည့်မူမမှန်မှုမှ ထပ်ရှိလာတော့ပေ။

သို့သော်လည်း လက်နက်စိတ်ဝိညာဉ်က သေဆုံးသွားခြင်းမဟုတ်ဘဲ ပုန်းကွယ်နေခြင်းမျှသာ ဖြစ်သည်ကို ဆူဇီမိုက သိရှိထား၏။

သူသည် အခြားသော ရွေးချယ်စရာမရှိသရွေ့ တမလွန်ဘုံရတနာကြေးမုံကို အသုံးမပြုခဲ့သည်မှာလည်း သူက ထိုလက်နက်စိတ်ဝိညာဉ်ကို စိုးရိမ်နေသောကြောင့်ဖြစ်၏။

မထင်မှတ်ထားစွာပင် သူက တမလွန်မြစ်ကို ဖြတ်ကျော်ပြီး အလယ်ဗဟိုနှင့် ချဉ်းကပ်လာစဉ် တမလွန်ဘုံရတနာကြေးမုံထဲရှိ လက်နက်စိတ်ဝိညာဉ်က စတင်၍ ဂနာမငြိမ်ဖြစ်လာ၏။

သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့ဆက်မတက်ရဲတော့ပေ။

တစ်ဖက်မှာတော့ တမလွန်မြစ်၏ အနက်ပိုင်းထဲမှာလာသော ဖိအားက အရမ်းကို ကြီးမားပြီး ကြောက်စရာကောင်းသော ထိုစိတ်ခံစားချက်က သူ၏ နှလုံးကို တစ်ချိန်လုံး ဖုံးလွှမ်းထား၏။

အခြားတစ်ဖက်မှာ တမလွန်ဘုံရတနာကြေးမုံ၏ လက်နက်စိတ်ဝိညာဉ်က ပြဿနာရှာချင်နေပြီး ၎င်းအနေဖြင့် အခွင့်အလမ်းကို ချိန်ဆကာ သူ၏ ထိန်းချုပ်မှုကနေ ရုန်းထွက်၍ မထင်မှတ်ထားသော ဖြစ်ရပ်များ ပေါ်ထွက်လာဖို့ လွယ်ကူလေသည်။

ထိုစဉ်မှာပင် သိုင်းတာအိုပင်မခန္ဓာက မီးတောက်တစ်ခုကို ခပ်ရေးရေး တွေ့မြင်လိုက်ရ၏။

All Chapters