← Chapters

အခန်း (၃၀၁၂)

Vol. 201 Ch. 3012

အခန်း (၃၀၁၂)

Vol. 201 Ch. 3012

အချိန်က တဖြည်းဖြည်းကုန်ဆုံးလာ၏။

တစ်ခဏချင်းမှာပင် မဟာအရိုင်းကမ္ဘာမှ တိုက်ပွဲပြီးဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းနှစ်ရာ့ရှစ်ဆယ်ကြာသွားခဲ့လေပြီ။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ။

လျှို့ဝှက်ကုန်းမြေခန်းမတစ်ခု၏ ဝင်ပေါက်ဝမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ လောကအရှင်ခြောက်ဦးက တည်တံ့စွာ မတ်တတ်ရပ်နေကြ၏။ သူတို့အားလုံးက အထွတ်အထိပ်ဧကရာဇ်များဖြစ်ကြသည်။

ခန်းမ၏ အပြင်ဘက်ရင်ပြင်မှာ မတ်တတ်ရပ်နေသော ပညာရှင်တစ်ရာကျော်ရှိနေ၏။ သူတို့ကြားမှာ အထွတ်အထိပ်ဧကရာဇ်များချည်းသက်သက် နှစ်ဆယ်နီးပါးရှိနေ၏။

အထက်ဘုံလောကမှာ ဤလူအုပ်စုခြေတစ်ချက်ဆောင့်လိုက်လျှင် မရေမတွက်နိုင်သော ကမ္ဘာများ၏ စိတ်အာရုံကို ရရှိနိုင်လေသည်။

သို့သော်ယခုအခါ ခန်းမ၏ ဝင်ပေါက်ဝမှ လောကအရှင်ခြောက်ဦးဖြစ်စေ၊ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများကို ခါးမှာ ချိတ်ဆွဲထားသည့် ဧကရာဇ်ပညာရှင်တစ်ရာကျော်ကျော်ဖြစ်စေ သူတို့အားလုံးသည် တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသည့်အလား တည်တံ့သောအမူအရာများရှိနေပြီး ရိုသေလေးစားစွာဖြင့် မတ်တတ်ရပ်နေကြ၏။

ကောင်းကင်လိုဏ်ဂူဘုရင်များပင်လျှင် ဤနေရာမှာ လာရောက်မတ်တတ်ရပ်ဖို့ အဆင့်မမီကြပေ။

သိပ်မကြာခင်။

ရုတ်တရက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာလျှို့ဝှက်ကုန်းမြေ၏ အရှေ့ဘက်ကနေ ဧရာမအက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာ၏။

အစိမ်းရင့်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ လျှောက်လှမ်းထွက်လာ၏။ သူ၏ ဆံပင်များကပင် အစိမ်းရောင်ဖြစ်ပြီး သူ့မှာ ထက်ရှသော မျက်နှာပေါက်ရှိနေ၏။ သူ၏ အကြည့်က မီးမောင်းကဲ့သို့ ဖြစ်ပြီး အောက်ဘက်ရှိ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ အရာရာတိုင်းကို ငုံ့ကြည့်နေ၏။

ထိုလူက ဧကရာဇ်မိုးပြာရောင်မီးတောက်ဖြစ်သည်။

သူတို့သည် ဧကရာဇ်မိုးပြာရောင်မီးတောက်ဆင်းသက်လာသည်ကို တွေ့မြင်သောအခါ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ လောကအရှင်ခြောက်ဦး၏ အမူအရာများက အေးစက်လာခဲ့၏။ သူတို့က အလောတကြီး ဒူးထောက်ချပြီး ကြိုဆိုနှုတ်ဆက်လိုက်၏။

“မင်္ဂလာပါအရှင်မိုးပြာရောင်မီးတောက်”

ထို့နောက် ချက်ချင်းပင် ရင်ပြင်ထက်မှာရှိသော ဧကရာဇ်ပညာရှင်တစ်ရာကျော်က တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ချပြီး ကျယ်လောင်စွာ အော်ဟစ်နှုတ်ဆက်လိုက်ကြ၏။

ဧကရာဇ်မိုးပြာရောင်မီးတောက်က မှင်သေသေအမူအရာရှိနေပြီး သူ၏ ခေါင်းကိုသာ ညင်သာစွာညိတ်ပြလိုက်၏။

သူ၏ နောက်ဘက်မှာ နောက်ထပ်အထွတ်အထိပ်ဧကရာဇ်ခုနှစ်ဦး ပေါ်ထွက်လာ၏။

သူတို့ထဲမှခြောက်ယောက်သည် အရင်တုန်းက မဟာအရိုင်းကမ္ဘာမှာပေါ်ထွက်လာခဲ့သော ခုနှစ်ဆောင်ပြိုင်သားရဲဧကရာဇ်ခြောက်ဦးဖြစ်လေသည်။

နဂို သားရဲဧကရာဇ်ဦးချိုစံအိမ်ကို သိုင်းတာအိုပင်မခန္ဓာက သတ်ဖြတ်ခဲ့သည်။

ခုနှစ်ယောက်မြောက် အထွတ်အထိပ်ဧကရာဇ်သည် သားရဲဧကရာဇ်ဦးချိုစံအိမ်အသစ်ဖြစ်ပုံရပြီး သူ့မှာလည်း မိုးပြာရောင်နဂါးမျိုးဆက်သွေးရှိသည်။

ရုတ်တရက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ အနောက်ဘက်မိုးကောင်းကင်ထက်မှာ အဖြူရောင်အလင်းတစ်ခုဖျတ်ခနဲလက်သွား၏။

ထက်ရှသောလက်နက်တစ်ခုက ကြီးမားသော တွင်းပေါက်တစ်ခုအဖြစ် ဆုတ်ဖြဲလိုက်သည့်အလားပင်။

နောက်ခဏ၌ လူငယ်အမျိုးသားတစ်ဦးပေါ်ထွက်လာ၏။ သူ၏ မျက်လုံးများကို မှေးကျဥ်းထားပြီး သူ၏ မျက်ခုံးနှစ်ဖက်ကြားမှာ အေးစက်မှုတစ်စွန်းတစ်စရှိနေ၏။

အဖြူရောင်လူငယ်အမျိုးသားက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ​ခါးမှာ 'ပေါ်ထွန်းမှု' ဟူသောစာလုံးပါရှိသည့် တံဆိပ်ပြားကို ချိတ်ဆွဲထားလေသည်။

ဤလူပေါ်ထွက်လာသည့်ခဏမှာပင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ အပူချိန်က ကျဆင်းသွားပြီး အောက်ဘက်ရှိဧကရာဇ်ပညာရှင်များအားလုံးက ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့၏။

“မင်္ဂလာပါ အရှင်ပိုင်ယွီ”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ လောကအရှင်ခြောက်ဦးနှင့် အောက်ဘက်မှာရှိသော ဧကရာဇ်ပညာရှင်များက ယခုတင်မတ်တတ်ထရပ်လာစဥ် ရိုသေလေးစားသောအမူအရာများနှင့်အတူ နောက်တစ်ဖန် ပြန်လည်ဒူးထောက်လိုက်ကြ၏။

အရှင်ပိုင်ယွီသည် သတ်ဖြတ်ခြင်းကို တာဝန်ယူထားလေသည်။ သူတို့က ဧကရာဇ်ပညာရှင်များဖြစ်သော်လည်း သူတို့သည် အရှင်ပိုင်ယွီ၏ မျက်လုံးထဲမှာ ပုရွက်ဆိတ်များနှင့် မကွာခြားပေ။

ဧကရာဇ်ပိုင်ယွီ ပေါ်ထွက်လာပြီးနောက် ချက်ချင်းမှာပင် ဧကရာဇ်ပညာရှင်ခုနှစ်ဦးပေါ်ထွက်လာကြ၏။ သူတို့၏ မျိုးနွယ်များက ကွဲပြားခြားနားသော်လည်း သူတို့အားလုံးက အထွတ်အထိပ်ဧကရာဇ်များဖြစ်ကြသည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ လောကအရှင်ခြောက်ဦးက တိတ်တဆိတ်ဆွံ့အသွားကြသည်။

ကောင်းကင်ဘုံခုံရုံးမှ လူများက ဤနေရာသို့ ရောက်ရှိလာတတ်သည်ကို သူတို့သိရှိထားသော်လည်း ဤကဲ့သို့ အစုအဖွဲ့တစ်ခုကို တွေ့မြင်ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

ဆင်းသက်ရောက်ရှိလာသည်က သခင်လေးနှစ်ဦးဖြစ်သော ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် ဧကရာဇ်ပိုင်ယွီတို့သာလျှင် မကပေ။ အရှေ့ဘက်စံအိမ်ခုနှစ်ဦးနှင့် အနောက်ဘက်စံအိမ်ခုနှစ်ဦးကလည်း ဤနေရာကို ရောက်ရှိလာကြ၏။

ထိုစဥ်မှာပင် မိုးကောင်းကင်၏ မြောက်ဘက်မှာ အက်ကွဲကြောင်းတစ်ခုပေါ်ထွက်​လာပြီး ဆူနာမီသံက ထွက်ပေါ်လာ၏။

နောက်ခဏ၌ အနက်ရောင်ဝတ်အမျိုးသားတစ်ဦးက လှိုင်းလုံးများပေါ်ကနေ လျှောက်လှမ်းလာ၏။ သူ့မှာ နီညိုရောင်အသားအရည်ရှိပြီး သူ၏ အမူအရာက တည်ငြိမ်နေ၏။ သူ၏ ခါးမှာ 'ဆန်းကြယ်' ဟူသော စာလုံးပါရှိသည့်တံဆိပ်ပြားကို ချိတ်ဆွဲထား၏။

“ဒီလူကလည်း ဒီကိုရောက်တာကိုး”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ လောကအရှင်ခြောက်ဦးက ရင်တစ်ချက်ထိတ်သွားကြ၏။ သူတို့ထဲမည်သူကမှ မတ်တတ်ထရပ်ခြင်းမရှိဘဲ သူတို့၏ ဒူးထောက်နေသော ကိုယ်နေဟန်ထားကို တစ်ချိန်လုံးထိန်းသိမ်းထားပြီး ကြိုဆိုနှုတ်ဆက်လိုက်ကြ၏။

“မင်္ဂလာပါ အရှင်ရွှမ်စန်”

အနက်ရောင်ဝတ်အမျိုးသား၏ နောက်ဘက်မှာ အထွတ်အထိပ်ဧကရာဇ်ခုနှစ်ဦးပေါ်ထွက်လာ၏။

မြောက်ဘက်စံအိမ်ခုနှစ်ဦး...။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ လောက်ကအရှင်ခြောက်ဦးက တုန်လှုပ်စွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။

ကောင်းကင်ဘုံခုံရုံးမှလူများက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ရောက်ရှိလာတတ်သည်မှာ မထူးဆန်းပေ။

သို့သော်လည်း ဤကဲ့သို့ ကြီးမားသောအစုအဖွဲ့တစ်ခု ပေါ်ထွက်လာသည်က တကယ့်ကို ရှားရှားပါးပါးဖြစ်၏။ သမိုင်းတစ်လျှောက်မှာ ကပ်ဘေးတချို့ပေါ်ထွက်လာမှ ဤကဲ့သို့သောအစုအဖွဲ့မျိုး ရောက်ရှိလာတတ်လေသည်။

ဒါ့အပြင် သူတို့သုံးဦးရောက်ရှိလာခြင်းနှင့်အတူ တောင်ဘက်မှ ထိုပုဂ္ဂိုလ်ကလည်း ရောက်ရှိလာလောက်လေသည်။

အဲဒါသည် ယခင်ယက္ခိုသ်အပြစ်သားကုန်းမြေမှာ ဖြစ်ပွားခဲ့သောအရာကြောင့်​လား။

သူတို့ခြောက်ဦး၏ အတွေးရိုင်းများက ခုန်ပေါက်ပြေးလွှားနေစဥ် တောင်ဘက်ကောင်းကင်မှာ အနီရောင်အလင်းတစ်ခုတကယ်ပင်ပေါ်ထွက်လာ၏။ မိုးကောင်းကင်ထက်မှာ ဧရာမတွင်းပေါက်တစ်ခု လောင်ကျွမ်းသွားသည့်အလားဖြစ်ပြီး အနီရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ဦးက လျှောက်လှမ်းထွက်လာ၏။

မိန်းကလေးကငယ်ရွယ်သော်လည်း သူမက အထွတ်အထိပ်ဧကရာဇ်တစ်ပါးဖြစ်နေလေပြီ။ သူမ၏ ခါးပေါ်က တံဆိပ်ပြားမှာ 'မီးတောက်' ဟူသောစာလုံးရှိနေ၏။

“မင်္ဂလာပါ ဂုဏ်သရေရှိအမျိုးသမီးယန်လော”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ လောကအရှင်ခြောက်ဦးက မြေပြင်ပေါ်မှာ ဒူးထောက်နေကြ၏။

သိပ်မကြာခင် ဧကရာဇ်ပညာရှင်ခုနှစ်ဦးက အနီရောင်ဝတ်မိန်းကလေး၏ နောက်ဘက်မှာ ပေါ်ထွက်လာကြ၏။

တောင်ဘက်စံအိမ်ခုနှစ်ခု...။

သို့သော်လည်း သူတို့ခုနှစ်ဦးထဲမှ​ခြောက်ဦးသည် အထွတ်အထိပ်ဧကရာဇ်များဖြစ်ပြီး တစ်ဦးကတော့ သာမန်ဧကရာဇ်တစ်ပါးသာဖြစ်လေသည်။ သူတို့၏ အော်ရာများက သိသိသာသာပိုမိုအားနည်းနေ၏။

“ညီမယန်လောလည်း ဒီကိုရောက်လာတာကိုး”

ဧကရာဇ်ပိုင်ယွီက အနီရောင်ဝတ်မိန်းကလေးကို တွေ့မြင်သောအခါ သူ့မျက်လုံးထဲရှိအေးစက်မှုက သိသိသာသာ ပြေလျော့သွားပြီး သူကပြုံး၍နှုတ်ဆက်လိုက်၏။

ဧကရီယန်လောက အေးစက်နေသောအမူအရာဖြင့် သူ့ကို လျစ်လျူရှုထား၏။

“အားလုံးပဲ... ဒီတစ်ခေါက် ကျုပ်ကိုလာရောက်ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဧကရာဇ်မိုးပြာရောင်မီးတောက်က ဧကရာဇ်ပိုင်ယွီ၊ ဧကရာဇ်ရွှမ်စန်၊ ဧကရီယန်လောနှင့် အခြားသောပညာရှင်များကိုကြည့်ပြီး ကျေးဇူးတင်စွာဖြင့် သူ၏ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။

“ဒါက အသေးအဖွဲ့ကိစ္စပါ”

ဧကရာဇ်ပိုင်ယွီက လက်ကာပြလိုက်၏။

“မင်းရဲ့လက်အောက်ငယ်သား သားရဲဧကရာဇ်ဦးချိုစံအိမ်က သတ်ဖြတ်ခံခဲ့ရတယ်လို့ ငါကြားတယ်... ငါလည်းသိချင်နေတာ ဘယ်ပုရွက်ဆိတ်က အဲလောက်ထိ မောက်မာနေတာပါလိမ့်”

ဧကရာဇ်မိုးပြာရောင်မီးတောက်က ဧကရီယန်လော၏ နောက်ဘက်ရှိ တောင်ဘက်စံအိမ်ဧကရာဇ်ခုနှစ်ဦးကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“နဂို သားရဲဧကရာဇ်စစ်ရထားစံအိမ်က ဘယ်မှာလဲ”

သားရဲဧကရာဇ်စစ်ရထားစံအိမ်သည် မြေနဂါးတစ်ကောင်ဖြစ်ပြီး တောင်ဘက်စံအိမ်ခုနှစ်ဦးထဲမှတစ်ဦး ဖြစ်လေသည်။

အစကတော့ သားရဲဧကရာဇ် စစ်ရထားစံအိမ်သည် အထွတ်အထိပ်ဧကရာဇ်တစ်ပါးဖြစ်လေသည်။ သို့သော်လည်း သူ့ရှေ့မှလူက သာမန်ဧကရာဇ်တစ်ပါးသာဖြစ်နေ၏။

ဧကရီယန်လောက ပြောလိုက်၏။

“သားရဲဧကရာဇ်စစ်ရထားစံအိမ်ရဲ့ အငယ်ဆုံးသားက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ ယက္ခိုသ်အပြစ်သားကုန်းမြေကိုသွားပြီး အထဲမှာ သေသွားတယ်... နောက်ပြီး ယက္ခိုသ်အပြစ်သားကုန်းမြေက ဖျက်ဆီးခံရပြီး မရေမတွက်နိုင်တဲ့ ယက္ခိုသ်အပြစ်သားစိတ်ဝိညာဥ်တွေက ပျောက်ဆုံးသွားတယ်”

“သားရဲဧကရာဇ်စစ်ရထားစံအိမ်က သူ့ရဲ့အငယ်ဆုံးသားသေသွားတာကို အာရုံခံမိပြီး သူ့နောက်ကို ပြေးလိုက်သွားခဲ့တယ်... နောက်ဆုံးမှာတော့ သူလည်း သေဆုံးပြီး သူ့ရဲ့အလောင်းကိုတောင် ရှာမတွေ့ခဲ့ဘူး”

ဧကရီယန်လောက ထိုသို့ပြောပြီးနောက် သူမက အောက်ဘက်မှာ ဒူးထောက်နေသော မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်များကို အေးစက်နေသောအမူအရာဖြင့်ကြည့်ပြီး ဖြည်းဖြည်းချင်း မေးလိုက်၏။

“ဒီလောက်ကြာပြီးတာတောင် ဘာသတင်းမှ ရမလာသေးဘူးလား”

သူတို့စိုးရိမ်ပူပန်နေသောအရာက အမှန်တကယ်ဖြစ်လာခဲ့လေပြီ။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ လောကအရှင်ခြောက်ဦးက ထိုစကားကို ကြားသောအခါ ဆတ်ခနဲ တုန်ယင်သွားကြ၏။

လောကအရှင်များထဲမှတစ်ဦးက အလောတကြီး ပြောလိုက်၏။

“ဒီနှစ်တွေထဲမှာ ကျုပ်တို့တွေက အဲဒါအတွက် ဆုကြေးတစ်ခုကို ထုတ်ပြန်ခဲ့ပြီးပြီ... ပုံမှန်အားဖြင့်ဆိုရင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူတို့အတွက် ပုန်းကွယ်စရာနေရာမရှိသင့်ဘူး... ဒါပေမဲ့”

“အဲဒီယက္ခိုသ်တွေနဲ့ အပြစ်သားစိတ်ဝိညာဥ်တွေက လေထဲမှာပျောက်ကွယ်သွားတဲ့အတိုင်းပဲ... သူတို့ဘယ်နေရာမှာ ပုန်းကွယ်နေလဲ ကျုပ်တို့မသိရသေးဘူး... ကျေးဇူးပြုပြီး ကျုပ်တို့ကို အပြစ်ပေးပါ”

ဧကရီယန်လောက အေးစက်စွာမေးလိုက်၏။

“သားရဲဧကရာဇ်စစ်ရထားစံအိမ်ကိုသတ်ဖြတ်ခဲ့တဲ့လူနဲ့ပတ်သက်ပြီး နင်တို့မှာ ဘာသဲလွန်စရှိလဲ”

“မရှိ..မရှိပါဘူး”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ လောကအရှင်တစ်ဦးက တုန်ယင်နေသောအသံဖြင့် ပြန်ဖြေလိုက်၏။

ဧကရာဇ်မိုးပြာရောင်မီးတောက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ယန်လော... ဒီသားရဲဧကရာဇ်စစ်ရထားစံအိမ်အသစ်က တော်တော်လေးအားနည်းတာပဲ... အဲဒါက စံအိမ်နှစ်ဆယ့်ရှစ်ခုဝင်္ကပါရဲ့စွမ်းအားအပေါ် သက်ရောက်မှုရှိလာမှာ ငါစိုးရိမ်မိတယ်”

စံအိမ်နှစ်ဆယ့်ရှစ်ခုဝင်္ကပါသည် လမ်းညွှန်မှုအဖြစ် သူတို့၏ မျိုးဆက်သွေးနှင့်အတူ သူတို့၏ နောက်ဘက်ရှိ စံအိမ်သားရဲဧကရာဇ်နှစ်ဆယ့်ရှစ်ဦးဖြင့် စုဖွဲ့ရသော ဝင်္ကပါတစ်ခုဖြစ်ပြီး အလွန်တရာစွမ်းအားကြီးမားလေသည်။

ဧကရီယန်လောက ပြောလိုက်၏။

“ငါ့ဘက်က မြေနဂါးမျိုးနွယ်မှာ ဒီဧကရာဇ်ပဲ ကျန်တော့တယ်... ငါက စစ်ရထားစံအိမ်ရဲ့နေရာမှာ လောလောဆယ် သူ့ကိုပဲ ထားနိုင်မယ်”

ဧကရာဇ်ပိုင်ယွီက ထပ်ပြောလိုက်၏။

“တီကောင်တစ်ကောင်မှာ လက်သည်းနဲ့သွားတွေရဲ့စွမ်းအား... ကြွက်သားနဲ့အရိုးတွေရဲ့ခွန်အား မရှိကြဘူး... မင်းက သာမန်တီကောင်ဧကရာဇ်တစ်ဦးကို ရှာတွေ့နိုင်တာကတင်မဆိုးလှတော့ဘူး... သိပ်အများကြီးမျှော်လင့်မနေကြနဲ့”

မြေနဂါးဟုခေါ်ဆိုသောသတ္တဝါမှာ ကြောက်စရာကောင်းသောနာမည်တစ်ခုရှိသော်လည်း တကယ်တော့ သူတို့က တီကောင်မျိုးနွယ်ဝင်သာဖြစ်လေသည်။

မြေနဂါးမျိုးနွယ်မှာ အားနည်းသောကိုယ်ကာယနှင့် မျိုးဆက်သွေးများ ရှိကြလေသည်။ သူတို့အနေဖြင့် ဧကရာဇ်နယ်ပယ်ထိကျင့်ကြံနိုင်ဖို့ကပင် မလွယ်ကူလှပေ။

ဘေးတစ်ဘက်မှာ ဧကရာဇ်ရွှမ်စန်းက မေးလိုက်၏။

“ဟိုဘက်မှာက လူဘယ်လောက်များများရှိလဲ... ငါတို့က စံအိမ်နှစ်ဆယ့်ရှစ်ခုဝင်္ကပါကို ထုတ်ဖော်ဖို့တောင် လိုအပ်တာလား”

All Chapters