← Chapters

အဆုံးမဲ့ ကောင်းကင်ဘုံကျက်သရေ

Vol. 201 Ch. 3015

အဆုံးမဲ့ ကောင်းကင်ဘုံကျက်သရေ

Vol. 201 Ch. 3015

ဧကရာဇ်ပညာရှင်တစ်ရာက မဟာအရိုင်းကမ္ဘာသို့ ဆင်းသက်လာပြီး မိုးကောင်းကင်ထက်မှာ မတ်တတ်ရပ်လိုက်ကြသည်။

ဦးဆောင်လာသူလူလေးယောက်ရှိပြီး သူတို့ထဲမှတစ်ယောက်က ဧကရာဇ်မိုးပြာရောင်မီးတောက်ဖြစ်သည်။

တျဲယွဲ့သည် သူမ၏ ခေါင်းကို အနည်းငယ်မော့ပြီး ဧကရာဇ်ပညာရှင်တစ်ရာကို ကြည့်လိုက်၏။ သို့သော်လည်း သူမ၏ မျက်လုံးထဲမှာ မည်သည့်ကြောက်ရွံ့မှုမှ မရှိပေ။ သူမမှာ အေးစက်နေသော အမူအရာတစ်ခုရှိပြီး တစ်မူထူးခြားစွာ တည်ငြိမ်နေ၏။

ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် သူ၏ နောက်ဘက်ရှိ စံအိမ်သားရဲဧကရာဇ်ခုနှစ်ဦးကလွဲလျှင် သူမသည် တခြားလူတိုင်းနီးပါးကို မမှတ်မိမသိရှိပေ။

ဧကရာဇ်များကြားမှာ အသန်မာဆုံးသူက ရှေ့ဆုံးမှာမတ်တတ်ရပ်နေသော လူလေးဦးဖြစ်ရပေမည်။

ဧကရာဇ်မိုးပြာရောင်မီးတောက်အပြင် သူ့ဘေးမှာ နောက်ထပ်လူသုံးယောက်ရှိနေ၏။

အဖြူရောင်အမျိုးသားတစ်ဦး၊ အနက်ရောင်ဝတ်အမျိုးသားတစ်ဦးနှင့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦး။

သူတို့သုံးယောက်၏ ခါးများပေါ်ရှိ တံဆိပ်ပြားများက ဧကရာဇ်မိုးပြာရောင်မီးတောက်၏ တံဆိပ်နှင့် မတူပေ။

တျဲယွဲ့က သူတို့ကို လေ့လာအကဲခတ်နေစဉ် ဤဧကရာဇ်ပညာရှင်အုပ်စုကလည်း သူမကို အကဲခတ်ကြည့်နေ၏။

ဧကရာဇ်ပိုင်ယွီနှင့် ဧကရာဇ်ရွှမ်စန်ကဲ့သို့ပင် ကောင်းကင်ဘုံခုံရုံမှ ပညာရှင်များသည် ဧကရာဇ်မိုးပြာရောင်မီးတောက်ကို ဤမျှအထိ ဒုက္ခပေးနိုင်သည့်သူက ဘယ်လိုလူမျိုးလဲဆိုတာကို စူးစမ်းလိုနေကြ၏။

“အဲဒါက တကယ့်ကို လိပ်ပြာလေးတစ်ကောင်ပဲ”

ဧကရာဇ်ပိုင်ယွီက အထင်အမြင်သေးစွာ ပြုံးလိုက်၏။

ဧကရာဇ်မိုးပြာရောင်မီးတောက်က ပြောလိုက်၏။

“သူက လိပ်ပြာမျိုးနွယ်ကဆိုပေမဲ့ သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက အားမနည်းဘူး… ညီကိုပိုင်ယွီ မင်းသူနဲ့ တစ်ယောက်ချင်း တိုက်ခိုက်မယ်ဆိုရင် မင်းမှာ အနိုင်ရဖို့ အခွင့်အရေးရှိချင်မှရှိလိမ့်မယ်”

“အို… ဟုတ်ပါ့မလား”

ဧကရာဇ်ပိုင်ယွီက လက်မခံပေ။

“နောက်ပြီးကျရင် ငါစမ်းကြည့်ရတာပေါ့”

ဧကရာဇ်မိုးပြာရောင်မီးတောက်က တျဲယွဲ့ကို ကြည့်လိုက်၏။

“ငါအရင်က ပြောခဲ့ပြီးပြီပဲ… မဟာအရိုင်းကမ္ဘာကို ငါပြန်လာတဲ့အခါ ငါ့ရဲ့ အစစ်အမှန်ခွန်အားကို ပြပေးမယ်လို့”

“သွေးလိပ်ပြာ… ငါနင့်ကို နောက်ထပ်အခွင့်အရေးတစ်ခုပေးမယ်… ငါ့ဆီမှာ အခုပဲ အညံ့ခံလိုက်”

တျဲယွဲ့က ပြုံးနေ၏။

ထိုအပြုံးက လှောင်ပြောင်သရော်မှုဖြင့် ပြည့်နှက်နေသည်။

သူမသည် ငြင်းခုံပြောဆိုဖို့ကိုပင် အရေးလုပ်မနေပေ။

ဧကရာဇ်မိုးပြာရောင်မီးတောက်၏ အမူအရာက သုန်မှုန်သွားပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“သွေးလိပ်ပြာ… နင်က မဟာအရိုင်းကမ္ဘာမှာ ရေတွင်းထဲက ဖားတစ်ကောင်ပဲ… ငါ့နောက်ကိုလိုက်လာမှပဲ မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းပြီး နောက်ထပ်တိုးတက်မှုကို ရရှိနိုင်လိမ့်မယ်”

“ငါ့ရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်… ဒါက မင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ”

တျဲယွဲ့က ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။

“မဟာကမ္ဘာတစ်ထောင်လောကရှိမယ်ဆိုရင် အဲဒီကို ငါ့ဘာသာငါတက်လှမ်းမယ်… အဲဒီအခွင့်အရေး ငါ့ကိုပေးမယ့် တစ်ယောက်ယောက်ကို ငါမလိုအပ်ဘူး”

“ဟားဟားဟား”

ထိုစကားမှာ ကောင်းကင်ဘုံခုံရုံးမှ လူတိုင်းက ရယ်မောလိုက်ကြ၏။

ဧကရီယန်လောက နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်၏။

“ဘယ်လောက်တောင်မိုက်မဲလိုက်သလဲ… နင်တို့သက်ရှိတွေအားလုံးက ဒီနေရာမှာ အကျဉ်းချခံထားရတဲ့ ပုရွက်တွေပဲ… နင်က အထွတ်အထိပ်ဧကရာဇ်တစ်ဦးဖြစ်လာတယ်ဆိုတော့ရော ဘာဖြစ်လဲ”

“ရှေးဟောင်းခေတ်ကတည်းက ကောင်းကင်ဘုံခုံရုံးရဲ့ ခွင့်ပြုချက်မရှိဘဲ မဟာဧကရာဇ်တွေတောင်မှ ဒီနေရာမှာ ပိတ်မိနေရလိမ့်မယ်”

ဤကဲ့သို့ တုန်လှုပ်စရာကောင်းသော လျှို့ဝှက်ချက်ကို ယန်လောက ထိုကဲ့သို့ပင် ထုတ်ဖော်ပြောဆိုလိုက်၏။

တျဲယွဲ့က မျက်ခုံးအနည်းငယ် ပင့်လိုက်၏။

“နင်တို့က မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းဖို့အတွက် ကောင်းကင်ဘုံခုံရုံးရဲ့ ခွင့်ပြုချက်ကို လိုတာလား”

“အမှန်ပဲ”

ဧကရာဇ်မိုးပြာရောင်မီးတောက်က ဝင့်ကြွားစွာပြောလိုက်၏။

“အဆုံးမဲ့ကောင်းကင်ဘုံကျက်သရေရဲ့ အဓိပ္ပါယ်က ဘာလဲဆိုတာ သိလား… အဲဒါရဲ့ အစစ်အမှန်အဓိပ္ပါယ်က ကောင်းကင်ဘုံခုံရုံးပဲ”

“အဲဒီကောင်းကင်ဘုံဂုဏ်ကျက်သရေဆိုတာ…”

တျဲယွဲ့က တီးတိုးရေရွတ်၍ ခဏမျှရပ်တန့်ပြီးနောက် ဂရုမစိုက်သည့်ဟန်ဖြင့်ပြုံးလိုက်၏။

“ငါအဲဒါကို ဂရုမစိုက်ဘူး”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်များက တျဲယွဲ့ကို မနာလိုအားကျစွာဖြင့် ကြည့်လိုက်ကြ၏။

သူတို့နှုတ်ကနေ တဖွဖွရွတ်ဆိုနေသည့် ကောင်းကင်ဘုံဂုဏ်ကျက်သရေကို ဤလူက ဤကဲ့သို့ အထင်အမြင်သေးစွာ ရှုမြင်နေလေသည်။

တျဲယွဲ့သည်လည်း မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းလိုလေသည်။ သို့သော်လည်း သူမက မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းဖို့အတွက် ဦးညွှတ်ရမည်ဆိုလျှင် သူမက အခြားသောလမ်းကြောင်းတစ်ခုကိုသာ ရွေးချယ်ပေလိမ့်မည်။

သူမသည် ကောင်းကင်ဘုံခုံရုံးကို ချေမှုန်းဖျက်ဆီးပစ်ချင်သည်။

“မိုးပြာရောင်မီးတောက်… ဒီမိန်းမမှာ နိမ့်ကျတဲ့မျိုးဆက်သွေးပဲရှိတယ်… သူက ကောင်းမှန်းဆိုးမှန်းလည်း နားလည်တာမဟုတ်ဘူး… မင်းသူ့ကို ခေါ်သွားမယ်ဆိုရင် မင်းအရှက်ကွဲမှာ မကြောက်ဘူးလား”

ဧကရာဇ်ပိုင်ယွီက လှောင်ပြောင်ထေ့ငေါ့လိုက်၏။

ဧကရာဇ်မိုးပြာရောင်မီးတောက်၏ အမူအရာက သုန်မှုန်သွားလေသည်။

လူတိုင်း၏ ရှေ့မှောက်မှာ တျဲယွဲ့သည် သူ၏ စေတနာကို ငြင်းပယ်ခဲ့၏။ သူသည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ သူ၏ ရင်ထဲမှာ သတ်ဖြတ်လိုစိတ်က ထွက်ပေါ်လာ၏။

“ညီကိုပိုင်ယွီ မင်းပြောတာမှန်တယ်”

ဧကရာဇ်မိုးပြာရောင်မီးတောက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ အမူအရာက ပုံမှန်အတိုင်းပြန်ဖြစ်လာ၏။

“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက ပုရွက်ဆိတ်တစ်ကောင်က တကယ့်ကိုရေတွင်းထဲက ဖားတစ်ကောင်ပဲ… ကောင်းပြီလေ.. ဒါဆိုလည်း ငါတို့ သူ့ကို သတ်လိုက်ကြာတာပေါ့”

“ငါက သူ့ကို သတ်ချင်ရုံတင်မကဘူး… ငါက အရှေ့ဘက်အရိုင်းနယ်မြေက သက်ရှိတွေအားလုံးကို သတ်ဖြတ်သုတ်သင်ပြီး ငါ့ရဲ့ ကျဆုံးသွားတဲ့ ဦးချိုစံအိမ်နဲ့အတူ သူတို့ကို မြှုပ်နှံပေးချင်တယ်”

ရုတ်တရက် ဧကရာဇ်ရွှမ်စန်က ပြောလိုက်၏။

“အရှေ့ဘက်အရိုင်းနယ်မြေမှာ သက်ရှိတွေသိပ်ပြီးမကျန်တော့ဘူး… သူတို့အများစုက ထွက်သွားကြပြီ”

“သူတို့တွေ ထွက်ပြေးနိုင်မယ်လို့ မင်းထင်လို့လား”

ဧကရာဇ်ပိုင်ယွီက လှောင်ရယ်ပြီး သူ၏လက်ကို ဝေ့ယမ်းလိုက်၏။

“သံယောဇဉ်စံအိမ်… အရှေ့ဘက်အရိုင်းနယ်မြေက သက်ရှိတွေ ထွက်ပြေးသွားတဲ့ဘက်ကို သွားပြီးအနံ့ခံကြည့်”

“နားလည်ပါပြီ”

သားရဲဧကရာဇ်သံယောဇဉ်စံအိမ်… အနောက်ဘက်အရပ်၏ စံအိမ်ဧကရာဇ်ခုနှစ်ဦးထဲမှ တစ်ဦး။

လူတိုင်း၏ ရှေ့မှောက်မှာပင် သားရဲဧကရာဇ်သံယောဇဉ်စံအိမ်က သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်၏။ သူက ခေါင်းသုံးလုံး ကောင်းကင်ဘုံအမဲလိုက်ခွေးတစ်ကောင်ဖြစ်ပြီး ပေတစ်ရာမြင့်မားကာ လေကို ရူးသွပ်စွာ ရှူရှိုက်နေ၏။

သိပ်မကြာခင် သားရဲဧကရာဇ်သံယောဇဉ်စံအိမ်က သားရဲဧကရာဇ်နတ်ဆင်နှင့် အခြားသူများထွက်ပြေးလွတ်မြောက်သွားသည့် ဦးတည်ဘက်ကို ထောက်လှမ်းမိသွားလေသည်။

ခွေးများသည် အထက်ရှဆုံးနှာခေါင်းများကို ပိုင်ဆိုင်ထားပြီး ခြေရာခံရာမှာ အတော်ဆုံးဖြစ်ကြလေသည်။

ထိုသက်ရှိများက လေဟာနယ်ထဲသို့ ထွက်ပြေးလွတ်မြောက်သွားသည်ဆိုလျှင်ပင် သားရဲဧကရာဇ်သံယောဇဉ်စံအိမ်သည် သူတို့ချန်ရစ်ခဲ့သည့် အော်ရာများနောက်ကို ခြေရာခံနိုင်လေသည်။

သားရဲဧကရာဇ်နတ်ဆင်၊ သားရဲဧကရီအမြီးကိုးချောင်းနှင့် အခြားသောဧကရာဇ်များက သူတို့ဘာသာသူတို့ ထွက်ပြေးတိမ်းရှောင်ကြမည်ဆိုလျှင်တောင် သူတို့အနေဖြင့် သားရဲဧကရာဇ်သံယောဇဉ်စံအိမ်၏ လိုက်လံဖမ်းဆီးမှုကနေ လွတ်မြောက်ဖို့ ခဲယဉ်းပေလိမ့်မည်။ ယခု သူတို့သည် အရှေ့ဘက်အရိုင်းနယ်မြေမှ ဘီလီယံနှင့်ချီသောသက်ရှိများကို သူတို့နှင့်အတူ ခေါ်ဆောင်သွားရလေသည်။

အရှေ့ဘက်အရိုင်းနယ်မြေ၏ ဤမျှများပြားသောသက်ရှိများက အတူတကွ စုဝေးမိနေခြင်းနှင့်အတူ သားရဲဧကရာဇ်သံယောဇဉ်စံအိမ်အနေဖြင့် သူတို့ကို ခြေရာကောက်ကာ အနံ့ခံဖို့က များစွာပိုမိုလွယ်ကူလေသည်။

ဧကရာဇ်မိုးပြာရောင်မီးတောက်က ဘေးတိုက်တစ်ချက်ကြည့်ပြီး သူ၏ နောက်ဘက်ရှိ စံအိမ်ဧကရာဇ်ခုနှစ်ဦးကို ပြောလိုက်လေသည်။

“မင်းတို့ခုနှစ်ယောက် သံယောဇဉ်စံအိမ်နောက်ကိုလိုက်ပြီး အရှေ့ဘက်အရိုင်းနယ်မြေက အဲဒီသက်ရှိတွေအားလုံးကို ပြန်ခေါ်လာခဲ့”

သူသည် အရှေ့ဘက်အရိုင်းနယ်မြေမှ သက်ရှိများအားလုံးကို တျဲယွဲ့၏ ရှေ့မှောက်မှာ သတ်ဖြတ်လိုလေသည်။

သူသည် သူ့အမိန့်ကို မနာခံခြင်း၏ အကျိုးဆက်များနှင့် ပေးဆပ်ရမည့်တန်ဖိုးကို တျဲယွဲ့ကို သိစေချင်၏။

သူသည် တျဲယွဲ့ကို နောင်တရစေချင်၏။

ထိုစဉ်မှာပင် တျဲယွဲ့က ရုတ်တရက်တိုက်ခိုက်လိုက်၏။

ဧကရာဇ်ပညာရှင်တစ်ရာနှင့်ရင်ဆိုင်ရလျှင်ပင် တျဲယွဲ့က အရင်စတင်တိုက်ခိုက်ရဲဆဲဖြစ်၏။ သူမက သားရဲဧကရာဇ်သံယောဇဉ်စံအိမ်ရှိရာသို့ ပြေးဝင်သွားလေသည်။

ဤကောင်းကင်ဘုံအမဲလိုက်ခွေးကို သတ်ဖြတ်နိုင်မည်ဆိုလျှင် သားရဲဧကရာဇ်နတ်ဆင်နှင့် အခြားသူများ ထွက်ပြေးလွတ်မြောက်နိုင်မည့်အခွင့်အရေးက များစွာပိုမိုမြင့်မားလာပေလိမ့်မည်။

ဖြူဖွေးသော လက်ဖဝါးတစ်ဖက်က ဆင်းသက်လာ၏။ ထိုလက်က အားနည်းသည်ဟု ထင်ရသော်လည်း ၎င်းသည် အရာရာတိုင်းကို ဆုတ်ဖြဲပစ်နိုင်ပုံရသော အဆုံးမဲ့မုန်တိုင်းတစ်ခုကို သယ်ဆောင်လာ၏။

“မင်းဘယ်လိုတောင်လုပ်ရဲတာလဲ”

ဧကရာဇ်ပိုင်ယွီ၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး အလွန်တရာသန်မာသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ သူ့ခန္ဓာကိုယ်ထဲရှိသွေးချီက တလိပ်လိပ်ထိုးတက်လာ၏။

သူက သူ၏ လက်ကိုဝေ့ယမ်းပြီး တျဲယွဲ့၏ လက်ဖဝါးရှိရာသို့ ပစ်ထိုးလိုက်၏။

ဘန်း…

လက်သီးနှင့် လက်ဝါးက ထိတွေ့ရိုက်ခတ်သွား၏။

ဧကရာဇ်ပိုင်ယွီ၏ စစချင်း ယုံကြည်မှုရှိသောမျက်နှာပေါ်မှာ တုန်လှုပ်မှုရှိသောအကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားလေသည်။

ဖောက်…

ရုတ်တရက် ဧကရာဇ်ပိုင်ယွီ၏ လက်ပေါ်မှာ သွေးဒဏ်ချက်များစွာပေါ်ထွက်လာပြီး သူ၏ အသားများက ကြောက်စရာကောင်းသောမုန်တိုင်းဖြင့် ဆုတ်ဖြဲခံရကာ မသတီစရာကောင်းသော သွေးမြူတစ်ခု ပန်းထွက်လာ၏။

လှုပ်ရှားကွက်တစ်ကွက်နှင့်အတူ ဧကရာဇ်ပိုင်ယွီက ဒဏ်ရာရရှိသွားပြီဖြစ်သည်။

ဧကရာဇ်ပိုင်ယွီ၏ တိုက်ခိုက်ရည်ခွန်အားက အားနည်းသောကြောင့် မဟုတ်ပေ။ သူသည် အစကတည်းက တျဲယွဲ့ကို အထင်သေးထားပြီး သူမ၏ ခွန်အားနှင့်ပတ်သက်၍ ဘာမှမသိရှိသောကြောင့်ဖြစ်သည်။ သူသည် သူ၏ အစစ်အမှန်ပုံစံသို့ပင် အသွင်ပြောင်းလဲခြင်းပင် မရှိပေ။

သို့သော်လည်း ဤနှစ်များမှာ တျဲယွဲ့၏ တိုက်ခိုက်ရည်ခွန်အားသည် ယင်ယန်အဆောင်သုတ္တန်၏ အကူအညီနှင့်အတူ တိုးတက်လာခဲ့၏။

ထို့ကြောင့်ပင် လက်ရှိမြင်ကွင်းပေါ်ထွက်လာခဲ့ခြင်းပင်။

ဧကရာဇ်ပိုင်ယွီဒဏ်ရာရရှိသွားသည်ကို တွေ့မြင်သောအခါ ဧကရာဇ်ပညာရှင်များ၏ အမူအရာများက ပြောင်းလဲသွားကြ၏။

သူတို့ကြားမှာ ဧကရာဇ်ပိုင်ယွီ၏ တိုက်ခိုက်ရည်ခွန်အားသည် ထိပ်ဆုံးသုံးယောက်ထဲမှာ ရပ်တည်လေသည်။ သူပင်လျှင် သွေးလိပ်ပြာထံမှ လှုပ်ရှားကွက်တစ်ကွက်ကို မခုခံနိုင်ပါက သူမက ဘယ်လောက်တောင် သန်မာနေတာလဲ။

ဘေးတစ်ဘက်မှာ ဧကရာဇ်မိုးပြာရောင်မီးတောက်ကလည်း တိတ်တဆိတ်တုန်လှုပ်သွား၏။ ဤသွေးလိပ်ပြာက ယခင်ကထက်ပင် ပိုမိုသန်မာလာခဲ့လေသည်။

ကံကောင်းထောက်မစွာပင် သူသည် ဤတစ်ခေါက်ကောင်းကောင်းပင်ဆင်ထားပြီး လုံလောက်သည့်လူအင်အားကို ပြင်ဆင်ထားခဲ့လေသည်။

မဟုတ်ပါက သူသည် ဤတစ်ခေါက်မှာလည်း ရှုံးနိမ့်စွာဖြင့် ပြန်သွားရမည့်ပုံရှိလေသည်။

“သခင်လေး… ကျုပ်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

သားရဲဧကရာဇ်သံယောဇဉ်စံအိမ်က ရင်တလှပ်လှပ်ခံစားနေရဆဲဖြစ်၏။

ဧကရာဇ်ပိုင်ယွီသည် စောစောက သွေးလိပ်ပြာ၏ ရှေ့ကနေ မတ်တတ်ရပ်ပြီး တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးပေးခဲ့ခြင်းကြောင့်မဟုတ်လျှင် သူက ထိုလက်ဝါးရိုက်ချက်ဖြင့် နေရာမှာပင် သေရပေလိမ့်မည်။

“ဂါး…”

ဧကရာဇ်ပိုင်ယွီက နောက်သို့ဆုတ်ရင်း သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲကာ ဟိန်းဟောက်လိုက်၏။

သူ၏ လက်တစ်ဖက်ကနေ သွေးများစီးကျနေသည့် ကြမ်းကြုတ်ခက်ထန်သော ကျားဖြူတစ်ကောင် ပေါ်ထွက်လာ၏။ သွေးတစ်စက်ချင်းစီတိုင်းမှာ အဆုံးမဲ့သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပါဝင်နေသည်။

ဤသည်မှာ ဒဏ္ဍာရီလာ အထွတ်အမြတ်တောကောင်၏ မျိုးဆက်သွေး… အစစ်အမှန်ကျားဖြူဖြစ်သည်။

ဧကရာဇ်ပိုင်ယွီ၏ ခန္ဓာကိုယ်က နှင်းကဲ့သို့ ဖြူစွတ်နေပြီး ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ နတ်ဘုရားစွမ်းပကားတစ်ခုကို ထုတ်ဖော်ထားလေသည်။ သူ၏ အစစ်အမှန်ပုံစံထွက်ပေါ်လာသည့်ခဏမှာပင် သူ၏ သွေးချီက ဖြန့်ကြက်သွားပြီး ဘေးပတ်ဝန်းကျင်မှာရှိသော ဧကရာဇ်ပညာရှင်များ၏ အော်ရာက ဖိနှိမ်ခံလိုက်ရ၏။

ဤသည်က မျိုးဆက်သွေးဆိုင်ရာ ဖိနှိမ်မှုတစ်ရပ်ဖြစ်သည်။

သက်ရှိအများစုသည် ကျားဖြူအထွတ်အမြတ်တောကောင်နှင့် ရင်ဆိုင်ရသည့်အခါ သူတို့၏ ဝိညာဉ်များအနက်ပိုင်းထဲမှ လာသော အကြောက်တရားတစ်ခုကို ခံစားရပေလိမ့်မည်။

မိုးပြာနဂါး၊ ဟင်္သပဒါးငှက်နှင့် မဟူရာလိပ်တို့မှာလည်း အထွတ်အမြတ်တောကောင်များ၏ မျိုးဆက်သွေးများရှိကြ၏။

ထိုလိပ်ပြာကတော့…။

All Chapters