← Chapters

ကောင်းကင်ဘုံသို့ သွားရာလမ်း

Vol. 201 Ch. 3003

ကောင်းကင်ဘုံသို့ သွားရာလမ်း

Vol. 201 Ch. 3003

ဆူဇီမိုသည် မျောက်ကိုကျောပေါ်မှာတင်ပြီး အာကာသတွင်းနက်ထဲသို့ တိုးဝင်လာခဲ့၏။ ချက်ချင်းပင် သူ၏ အာရုံငါးပါး၊ အချိန်နှင့် လေဟာနယ်ပေါ် သူ၏ အာရုံခံစိတ်တို့ကို ဆုံးရှုံးသွားရ၏။

ဤနေရာမှာ မည်သည့်အသံ သို့မဟုတ် မည်သည့်ဦးတည်ဘက်တို့မှ မရှိပေ။

သူ၏ ဘေးပတ်ဝန်းကျင်က မှောင်မည်းနေပြီး ဖော်မပြတတ်သော အထီးကျန်မှုခံစားချက်က သူ၏ ရင်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။

သို့သော်လည်း မကြာခင် ထိုခံစားချက်က ပျောက်ကွယ်သွားလေသည်။

အာကာသတွင်းနက်ထဲမှာ စွမ်းအားကြီးမားသော ဆုတ်ဖြဲစွမ်းအားကလည်း ပေါ်ထွက်မလာခဲ့ပေ။ သူတို့နှစ်ယောက်သည် အဟန့်အတားတစ်ခုကို ဖြတ်ကျော်ပြီး အခြားသော နေရာလွတ်တစ်ခုထဲသို့ ဝင်ရောက်လာသည့်အလားပင်။

ထင်မှတ်ထားသည့်အတိုင်းပင်။

အာကာသတွင်းနက်ဟုခေါ်သော ဤအရာထဲမှာ အခြားသော လောကတစ်ခုရှိနေ၏။ ဆူဇီမိုသည် သူ့ကိုယ်သူအလောတကြီးထိန်းညှိပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ကာ ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်၏။

မျောက်က မှင်တက်သွားရသည်။

သူတို့နှစ်ယောက်ကြည့်ရာနေရာတိုင်းမှာ အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲနေပြီး မရေမတွက်နိုင်သော နတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများလည်းရှိနေ၏။ သူတို့သည် ရှေ့တည့်တည့်အဆုံးမဲ့လေဟာနယ်ထဲသို့ လမ်းတစ်လျှောက်ဖြန့်ကြက်သွားလေသည်။

ထိုလမ်းကြောင်း၏ အဆုံးကို တွေ့မြင်ဖို့က မဖြစ်နိုင်ပေ။ အရင်တုန်းက တိုက်ပွဲသည် ဘယ်လောက်တောင် ချောက်ချားစရာကောင်းခဲ့သလဲ သိသာနေ၏။

တိုက်ပွဲသည် လွန်ခဲ့သည့် အချိန်အတော်အတန်ကြာကတည်းက ဖြစ်ပွားခဲ့ပြီး အလောင်းများပေါ်ရှိ အသားများက ဆွေးရိနေခဲ့ပြီဖြစ်သည်။

သို့သော်လည်း သူတို့၏ ပုံပန်းသဏ္ဌာန်များကနေတစ်ဆင့် အလောင်းများ၏ မူလဇာစ်မြစ်ကို အကြမ်းဖျင်းခန့်မှန်းမိနိုင်ဆဲဖြစ်သည်။

“ကြည့်ရတာ… ဒီနေရာက..”

ဆူဇီမိုက တီးတိုးရေရွတ်လိုက်ပြီး ဆက်မပြောတော့ပေ။

မျောက် မျက်လုံးပြူးမျက်ဆံပြူးဖြင့် တုန်လှုပ်နေပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“ဒီနေရာမှာသေဆုံးသွားတဲ့ လူအများစုက မျောက်ဝံမျိုးနွယ်ကပဲ”

ဆူဇီမိုက မျောက်ကို ကျောပေါ်မှာ တင်ထားပြီး လေထဲကနေ လျှောက်လှမ်းလာ၏။ သူတို့နှစ်ယောက်ဖြတ်သန်းလာစဉ် တိုက်ပွဲမြေမှာ ညင်သာသော လေပြည်တစ်ချက်ကို ပေါ်ထွက်လာစေလေသည်။

မရေမတွက်နိုင်သော အလောင်းများနှင့် နတ်ဘုရားလက်နက်များက လေထဲမှာ ပြာကျပြီး ပျက်ပြယ်သွား၏။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီးနောက် ဤပညာရှင်များ၏ ရုပ်အလောင်းများသည် ပြင်ပအားအနည်းငယ်ကို လက်ခံရရှိပြီးနောက် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားလေသည်။

“ဟိုမှာကြည့်ဦး”

ရုတ်တရက် မျောက်က မလှမ်းမကမ်းမှာရှိသော စုတ်ပြတ်သတ်နေသည့် အလံတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။

“အဲဒါက ကျောက်တုံးမျောက်ဝံမျိုးရိုးရဲ့ အမှတ်အသားအလံပဲ”

ကျောက်တုံးမျောက်ဝံမျိုးရိုးလား။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

“ကျောက်တုံးမျောက်ဝံမျိုးရိုးက တိုက်ပွဲခေတ်ရဲ့ အဆုံးမှာ ချေမှုန်းသုတ်သင်ခံရပြီး ဆိတ်သုဉ်းပျောက်ကွယ်သွားခဲ့ပြီလို့ ငါကြားထားတယ်”

ထိုနေရာအရောက်မှာ သူတို့နှစ်ယောက်သည် ဖြစ်နိုင်ခြေတစ်ခုကို တစ်ချိန်တည်းမှာတွေးမိသွား၏။

ဤတိုက်ပွဲမြေသည် တိုက်ပွဲခေတ်ကနေ ကျန်ရစ်ခဲ့ခြင်းဖြစ်လောက်သည်။

သူတို့သည် ခေတ်အဆက်ဆက်ကို ဖြတ််ကျော်လာခဲ့သောကြောင့် ဤပညာရှင်များ၏ ရုပ်အလောင်းများက ဤမျှအထိ အထိမခံဖြစ်နေပြီး ညင်သာသော လေပြည်တစ်ချက်တိုက်ခတ်သွားရုံနှင့် ဖုန်မှုန့်များအဖြစ် ပျက်ပြယ်သွားရခြင်းဖြစ်လေသည်။

“ဒါက ရိုးရှင်းတဲ့ တိုက်ပွဲမြေတစ်ခု မဟုတ်လောက်ဘူး”

ဆူဇီမိုက အတွေးနက်စွာဖြင့် အဝေးကို ငေးကြည့်နေ၏။

တိုက်ပွဲမြေ၏ တစ်ဘက်တစ်ချက်စီက ဗလာကျင်းနေဆဲဖြစ်၏။

ရှေ့တည့်တည့်မှာသာ အလောင်းများဖြင့် ပြည့်နှက်နေ၏။ သူတို့၏ ခြေဖဝါးအောက်ရှိ နေရာသည် အလောင်းများဖြင့် ဖောက်လုပ်ထားသော အမျိုးအမည်မသိ နေရာတစ်ခုစီးဦးတည်နေသော လမ်းတစ်ခုဖြစ်ပုံရသည်။

ထိုစဉ်မှာပင် သူ့ရှေ့တည့်တည့်မှာ ရှေးဟောင်းကျောက်စာတိုင်တစ်ခု ပေါ်ထွက်လာ၏။ ၎င်းသည် အချိန်၏ တိုက်စားမှုအငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး ၎င်းပေါ်မှာ ဝေဝါးနေသော စကားလုံးများကို ရေးထွင်းထား၏။

ဆူဇီမိုက အာရုံစိုက်၍ ကြည့်ရှုပြီးနောက် အလိုလို ရွတ်ဆိုလိုက်၏။

“ကောင်းကင်ဘုံသို့ သွားရာလမ်း…”

……….

အကန့်အသတ်မဲ့ကျယ်ပြောသော ကြယ်တာရာကောင်းကင်ထဲမှာ။

မြင်းမျောက်ဘုရင်များ ရောက်ရှိလာပြီးနောက် မျောက်ဘုရင်နီရဲပင်လယ်က လူအုပ်ကြီးကို အကဲခတ်ကြည့်လိုက်၏။ ဖျတ်ခနဲဆို သူက မြင်းမျောက်ဘုရင်တစ်ဦးရှေ့သို့ ရောက်ရှိလာပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“သဲဝါ.. ငါ့ကို မင်းရဲ့ ဝိညာဉ်အမှတ်အသားတစ်ခု စုဖွဲ့ပေးစမ်း”

မျောက်ဘုရင်သဲဝါက ခဏမျှ မှင်တက်သွားပြီးနောက် အလိုလိုမေးလိုက်၏။

“ဘာအတွက်လဲ”

“လျှာမရှည်စမ်းနဲ့”

မျောက်ဘုရင်နီရဲပင်လယ်က အော်ငေါက်လိုက်၏။

မျောက်ဘုရင်သဲဝါက ကောင်းကင်လိုဏ်ဂူအသေးနယ်ပယ်မှာသာရှိပြီး မျောက်ဘုရင်နီရဲပင်လယ်၏ စကားကို မနာခံဘဲ မနေရဲပေ။ သူက စိတ်ထဲကနေ ကျိန်ဆဲနေသော်လည်း ဝိညာဉ်အမှတ်အသားတံဆိပ်ပြားတစ်ခုကို နာခံစွာ စုဖွဲ့ပေးပြီးနောက် အဲဒါကို မျောက်ဘုရင်နီရဲပင်လယ်ထံ ကမ်းပေးလိုက်၏။

မျောက်ဘုရင်နီရဲပင်လယ်က ဝိညာဉ်အမှတ်အသားကို လက်ခံရယူပြီးနောက် မလှမ်းမကမ်းမှာရှိသော အာကာသတွင်းနက်ကို ကြည့်ကာ ပြောလိုက်၏။

“အထဲကို သွားပြီးစုံစမ်းကြည့်”

“ဟမ်”

မျောက်ဘုရင်သဲဝါက မှင်တက်သွားပြီး အထစ်ထစ်အငေါ့ငေါ့ပြောလိုက်၏။

“အဲ..အဲဒါက အာကာသတွင်းနက်ကြီးလေ… ကျုပ်ဝင်သွားမယ်ဆိုရင်…”

အခြားသော အထွတ်အထိပ်ဘုရင်က တည်တံ့စွာ ပြောလိုက်၏။

“ဟို ကောင်စုတ်နှစ်ကောင်က အထဲကို ဝင်သွားပြီ.. အထဲမှာ နောက်ထပ်လောကတစ်ခု ရှိနေလောက်တယ်… အဲဒီမှာ အန္တရာယ်မရှိလောက်ဘူး.. ဘာမှ စိုးရိမ်မနေနဲ့”

ဤအဆင့်ထိ ကျင့်ကြံထားသော ထိုလူများက အရူးများမဟုတ်ကြဘဲ မျောက်ဘုရင်နီရဲပင်လယ်၏ ရည်ရွယ်ချက်ကို ပြောနိုင်ကြလေသည်။

မျောက်ဘုရင်သဲဝါက ကြိတ်၍ ကျိန်ဆဲလိုက်၏။

‘အန္တရာယ်မရှိဘူးဆိုရင်လည်း မင်းတို့ဘာသာမင်းတို့ ဝင်ကြလေ ဘာလို့ ငါ့ကို စွန့်စားခိုင်းကြတာလဲ”

မျောက်ဘုရင်သဲဝါ၏ အကြည့်က တဖျတ်ဖျတ်ဖြစ်လာပြီး သူက နောက်ဘက်သို့ လှည့်ထွက်ပြေးချင်၏။

သို့သော်လည်း မျောက်ဘုရင်နီရဲပင်လယ်နှင့် အခြားဘုရင်နှစ်ဦးက သူ့ကို ဝိုင်းပတ်ထားပြီး သူ၏ ထွက်လမ်းများအားလုံးကို ပိတ်ဆို့ထားပြီကို နားလည်သိရှိလိုက်၏။ ကြည့်ရသည်မှာ သူက မသွားဘူးဆိုလျှင် သူတို့သည် သူ့ကို အတင်းအကျပ်ဖမ်းချုပ်ပြီး ပစ်ထည့်မည့်ပုံရှိလေသည်။

“သွားလေ”

မျောက်ဘုရင်နီရဲပင်လယ်၏ အမူအရာက အေးစက်နေပြီး သူက လက်မြှောက်ကာ အချက်ပြလိုက်၏။

မျောက်ဘုရင်သဲဝါက အမူအရာလုံးဝပျက်ယွင်းနေပြီး မုန်းတီးစွာဖြင့် အံကို တင်းတင်းကြိတ်လိုက်၏။ သို့သော်လည်း သူလုပ်နိုင်တာ ဘာမှမရှိတော့ပေ။ သူက သူ့ကိုယ်သူအားတင်းပြီး ကောင်းကင်လိုဏ်ဂူတစ်ခုကို မြှောက်တင်လိုက်၏။ ထို့နောက် သူ၏ ဓမ္မရတနာများအားလုံးကို ဆင့်ခေါ်ကာ မျက်စိမှိတ်ပြီး အထဲသို့ ပြေးဝင်သွားလေသည်။

မျောက်ဘုရင်နီရဲပင်လယ်က မျောက်ဘုရင်သဲဝါ၏ ဝိညာဉ်အမှတ်အသားကို စိုက်ကြည့်နေ၏။

အသက်ဆယ်ရှိုက်စာ..။

အသက်တစ်ရာရှိုက်စာ…။

ဝိညာဉ်အမှတ်အသားက အကောင်းတိုင်းရှိနေသေး၏။

မျောက်ဘုရင်နီရဲပင်လယ်၏ မျက်လုံးက ဝင်းလက်သွားလေသည်။

အောင်မြင်ပြီ။

ထိုအရာက အမှန်တကယ် အာကာသတွင်းနက်တစ်ခုဖြစ်မည်ဆိုလျှင် မျောက်ဘုရင်သဲဝါသည် သူ၏ တိုက်ခိုက်ရည်ခွန်အားအရ အထဲမှာ အသက်ဆယ်ရှိုက်စာထက် ပိုခံလိမ့်မည်မဟုတ်ပေ။

“သွားကြမယ်”

မျောက်ဘုရင်နီရဲပင်လယ်က ဖန်တီးခြင်းကြာပဒုမ္မာအကြောင်းကို ရင်ထဲမှာ တစိမ့်စိမ့်တွေးပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အာကာသတွင်းနက်ရှိရာသို့ ပြေးဝင်သွားလေသည်။

ဆူဇီမိုသည် ကျောက်စာတိုင်ပေါ်မှ ကောင်းကင်ဘုံသို့ သွားရာလမ်းဟူသော စကားလုံးများကို တွေ့မြင်သောအခါ သူက အလိုလိုရပ်တန့်လိုက်၏။

ကောင်းကင်ဘုံသို့ သွားရာလမ်း။

ဤလမ်းကြောင်း၏ အဆုံးသတ်မှာ ဒဏ္ဍာရီလာ ကောင်းကင်ဘုံခုံရုံးရှိနေမလား။

မဟာအရိုင်းကမ္ဘာမှ တိုက်ပွဲမှာတုန်းက ဧကရာဇ်မိုးပြာရောင်းမီးတောက်နှင့် အခြားသူများက ရှုံးနိမ့်ပြီး ကောင်းကင်ဘုံခုံရုံးသို့ ပြန်သွားလေသည်။

သိုင်းတာအိုပင်မခန္ဓာက ပြေးလိုက်လာစဉ် သူက သိပ်သည်းပြင်းထန်သော ဖိအားတစ်ရပ်ကို ခံစားရပြီး နောက်သို့ ပြန်ဆုတ်လာခဲ့ရသည်။

ကြည့်ရသည်မှာ ကောင်းကင်ဘုံခုံရုံးနှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကြားမှာ ရင်ကြားမစေ့နိုင်သော အဟန့်အတားတစ်ခု ရှိနေပုံရပြီး ဖြတ်ကျော်ဖို့အတွက် နည်းလမ်းလုံးဝမရှိသည့်အလားပင်။

“ဒီလောကမှာ ထွက်ပေါက်မရှိတော့ဘူးဆိုမှတော့… ငါက လမ်းတစ်ခုကို ဖောက်လုပ်မယ်.. ငါက ပြန်မလာဘဲ ကောင်းကင်ဘုံခုံရုံးကိုရောက်ရှိဖို့အတွက် မိုးကောင်းကင်ကို ခြေမွှဖျက်ဆီးပစ်မယ်”

ကျောက်စာတိုင်ပေါ်မှ ထိုစကားလုံးများကိုကြည့်ရင်း ဖော်မပြတတ်သော အထီးကျန်ညှိုးငယ်မှုနှင့် ဝမ်းနည်းချောက်ချားဖွယ်ရာ ခံစားချက်တစ်ခုက သူတို့၏ ရင်ထဲမှာ လှိုက်တက်လာ၏။ ကောင်းကင်ဘုံသို့သွားရာလမ်းသည် သွေးနှင့်အလောင်းများနှင့် ဖောက်လုပ်ထားသော လမ်းဖြစ်သည်။

ဆူဇီမိုသည် မိုးမြင့်စံနန်းထက်မှာ စွမ်းပကားကြီးမားစွာဖြင့် ရပ်တည်နေသော ကောင်းကင်ဘုံခုံရုံးကို စိန်ခေါ်ဖို့အတွက် တိုက်ပွဲမျောက်ဝံမျိုးရိုးကို ဦးဆောင်လာသော တိုက်ပွဲဝင်စိတ်ဝိညာဉ်အပြည့်နှင့် မျောက်ဝံအိုကြီးတစ်ကောင်ကို မြင်ယောင်လာမိလေသည်။ သူတို့သည် သွေးများကြားမှာ တိုက်ခိုက်ခဲ့ကြပြီး အနိုင်မခံအရှုံးမပေးသော စိတ်စွမ်းအားနှင့်အတူ တိုက်ခိုက်ခဲ့ကြ၏။

ထိုစဉ်မှာပင် သူတို့နှစ်ယောက်၏ နောက်ဘက်မှာ ရုတ်ရုတ်သဲသဲအသံတစ်သံ ထွက်ပေါ်လာ၏။

ဆူဇီမိုက လှည့်ကြည့်ပြီးနောက် ဒယီးဒယိုင်လျှောက်လှမ်းဝင်ရောက်လာသော ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရသည်။ ထိုလူက မြင်းမျောက်ဘုရင်တစ်ဦးဖြစ်သည်။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူက ဒဏ်ရာရရှိထားပြီး သူ၏ ဝှက်ဖဲများအားလုံးကို အသုံးပြုခဲ့ပြီးလေပြီ။ ပြေးလွှားလာစဉ် သူ၏ အမြုတေစိတ်ဝိညာဉ်ကလည်း အားအင်ကုန်ခန်းလာ၏။

မြင်းမျောက်ဘုရင်သည် ကောင်းကင်လိုဏ်ဂူအသေးနယ်ပယ်မှာသာရှိသော်လည်း သူက ထိုသူနှင့် တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။

ဒါ့အပြင် ဤလူသည် ဤနေရာကို ကင်းထောက်ဖို့ ရောက်လာခြင်း ဖြစ်နိုင်လေသည်။ ထို့နောက် မျောက်ဘုရင်နီရဲပင်လယ်နှင့် အခြားသူများက သေချာပေါက် လိုက်ဝင်လာပေလိမ့်မည်။

ဆူဇီမိုက တွေဝေတုံ့ဆိုင်းမနေရဲဘဲ မျောက်ကို အလောတကြီးသယ်ပိုးပြီး ရှေ့သို့ဆက်တက်သွား၏။

ဘယ်နှင့်ညာမှာ မည်သည့်လမ်းမှမရှိဘဲ သူသည် အလောင်းများဖြင့် ခင်းကျင်းထားသော ကောင်းကင်ဘုံသို့ သွားရာလမ်းအတိုင်းသာ လိုက်ပါလာရလေသည်။

ထိုလုပ်ရပ်သည် ထွက်ပြေးလွတ်မြောက်ဖို့အတွက်သာလျှင် မဟုတ်ပေ။ ထိုအခိုက်အတန့်မှာ ဆူဇီမိုနှင့်မျောက်သည် သူတို့အရင်လူများ၏ ခြေရာအတိုင်းလိုက်ပါပြီး ကောင်းကင်ဘုံသို့သွားရာလမ်းသည် ဘယ်နေရာမျာ အဆုံးသတ်သွားမည်ကို သိရှိလိုနေ၏။

ကောင်းကင်ဘုံခုံရုံးဟု ခေါ်ဆိုသောအရာက ဘာလဲ။

သူတို့နှစ်ယောက်သည် အဆက်မပြတ်ရှေ့သို့ တက်လှမ်းလာပြီး ကောင်းကင်ဘုံသို့ သွားရာလမ်းပေါ်မှာ ဝေးသည်ထက်ဝေးဝေးရောက်ရှိလာစဉ် ဘေးပတ်ဝန်းကျင်အလောင်းများက တဖြည်းဖြည်းလျော့ကျလာ၏။

တကယ်ဆို အလောင်းများသည် ခေတ်အဆက်ဆက်ဖြတ်ကျော်ခဲ့တာတောင် ဆူဇီမိုနှင့်မျောက် သူတို့ပေါ်ကနေ နင်းဖြတ်လာပြီးနောက် သူတို့က ဖုန်မှုန့်များအဖြစ် ပြောင်းလဲမသွားပေ။

သူတို့က အတော်အတန် အကောင်းအတိုင်းရှိနေသေး၏။

“ဒီနေရာမှာသေခဲ့တဲ့လူတွေက အရင်တုန်းက ဧကရာဇ်နယ်ပယ်ပညာရှင်တွေဖြစ်လောက်တယ်”

ဆူဇီမိုက ကြိတ်၍ သက်ပြင်းချလိုက်၏။

မြင်းမျောက်မျိုးရိုးမှ ဧကရာဇ်ပညာရှင်တချို့အပြင် လာရာလမ်းတစ်လျှောက် ပြန့်ကျဲနေသော အလောင်းတချို့ထံမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများကိုလည်း သူတို့နှစ်ယောက်တွေ့မြင်ရ၏။

ကြည့်ရသည်မှာ သူတို့နှစ်ယောက်သည် ကောင်းကင်ဘုံခုံရုံးသို့ မရောက်ရှိခင် နီညိုရောင်မျောက်ဝံကမ္ဘာနှင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကြား ပြင်းထန်ကြမ်းတမ်းသော တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပုံရလေသည်။

All Chapters