အာကာသတွင်းနက်
Vol. 201 Ch. 3002
“အစ်ကိုကြီး.. မင်းအခု ဘယ်ကိုသွားနေတာလဲ”
မျောက်က အားအင်ချိနဲ့သောအသံဖြင့် မေးလိုက်၏။
“ငါအခုအချိန်ထိ မဆုံးဖြတ်ရသေးဘူး”
ဆူဇီမိုက ပြေးရင်းလွှားရင်း တန်ပြန်ကိုင်တွယ်ရမည့် နည်းလမ်းတစ်ခုကို စဉ်းစားနေဆဲဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် လက်ရှိငရဲကမ္ဘာမှာ တံခါးပိတ်ကျင့်ကြံနေ၏။ အစစ်အမှန်ခန္ဓာနှစ်ခုကြား ချိတ်ဆက်မှုက ပြတ်တောက်သွားခဲ့ပြီဖြစ်ပြီး ထိုအတွက် သေချာပေါက်မျှော်လင့်ချက်မရှိပေ။
သူတို့နှစ်ယောက်က မဟာအရိုင်းကမ္ဘာသို့ သွားရောက်နိုင်မည်ဆိုလျှင် သူတို့က ဤအကျပ်အတည်းကို ဖြေရှင်းနိုင်ပေလိမ့်မည်။ သို့သော်လည်း ဤနေရာသည် မဟာအရိုင်းကမ္ဘာနှင့် အလွန်တရာဝေးကွာနေ၏။ သူ၏ လှုပ်ရှားမှုနည်းစနစ်နှင့် အလျင်အဟုန်အရ သူက နေ့နေ့ညညခရီးဆက်မည်ဆိုလျှင်တောင် ရက်ပေါင်းနှစ်ဆယ်သုံးဆယ်အချိန်ယူရပေလိမ့်မည်။
သို့သော်လည်း မြင်းမျောက်ဘုရင်တစ်အုပ်စုက မရပ်မနား ပြေးလိုက်လာနေ၏။ ဤနှုန်းထားအရ သူတို့နှစ်ယောက်သည် တစ်နေ့ထက်ကြာကြာတောင့်ခံနိုင်တော့မည်မဟုတ်ပေ။
“ငါတို့ဘာလို့.. အဟွတ်.. အဟွတ်”
မျောက်က စကားပြောလိုက်သည့်ခဏမှာပင် သူက သွေးချောင်းများနောက်တစ်ဖန်ဆိုးပြီး သည်းထန်စွာမောဟိုက်နေ၏။ ထို့နောက် သူက အတတ်နိုင်ဆုံးကြိုးစား၍ သူ၏ လက်ညှိုးကိုမြှောက်ပြီး အရပ်တစ်ဘက်သို့ ထိုးပြလိုက်၏။
“အဲဒီဘက်ကို”
“အဲဒီဘက်မှာ ဘာရှိလို့လဲ”
ဆူဇီမိုက အလိုလိုမေးလိုက်၏။
“မပြောတတ်ဘူး”
မျောက်၏ အသက်ရှူသံက ငွေ့ငွေ့သာရှိတော့ပြီး သူ၏ အသံက တိုးညင်းနေ၏။
ဆူဇီမိုသည် ခဏမျှတုံ့ဆိုင်းပြီးနောက် သူ၏ လမ်းကြောင်းကိုပြောင်းလဲကာ မျောက်ညွှန်ပြသော အရပ်ဘက်သို့ ဦးတည်လိုက်၏။
ယခုအချိန်မှာ သူသည် ပိုမိုကောင်းမွန်သော တန်ပြန်နည်းလမ်းတစ်ခုခုကို မစဉ်းစားနိုင်ပေ။ သူသည် မျောက်၏ ညွှန်ပြမှုအတိုင်းလိုက်ပါပြီး အလှည့်အပြောင်းတစ်ခုခုကို ဖြစ်ကောင်းဖြစ်စေပေလိမ့်မည်။
ဆူဇီမိုက ပြေးလွှားနေစဉ် သူက မျောက်၏ ကိုယ်ထဲသို့ သန့်စင်၍ သိပ်သည်းကျစ်လစ်သော အသက်ဓာတ်အားကို လှည့်ပတ်ကာ ပို့လွှတ်ပေးနေ၏။
ဆူဇီမို၏ ကျောပေါ်မှာ ခဏကြာအနားယူပြီးနောက် မျောက်သည် ခွန်အားတချို့ကို ပြန်လည်ရရှိလာပုံရပြီး ပြောလိုက်၏။
“ငါ ပကတိဧကနယ်ပယ်ကို ဝင်ရောက်ပြီး ငါ့ရဲ့ တာအိုသစ်သီးကို စုဖွဲ့ခဲ့တုန်းက လက်ချင်းဆက် နီညိုရောင်မျောက်ဝံမျိုးဆက်သွေးကို နိုးထစေခဲ့တယ်”
“ငါ့ရဲ့ မျိုးဆက်သွေးနိုးထလာတဲ့အချိန်မှာပဲ ငါက အဲဒီအရပ်ဘက်မှာ ငါ့ရဲ့မျိုးဆက်သွေးနဲ့ ချိတ်ဆက်မှုတစ်ခုရှိနေပုံရတဲ့ တစ်စုံတစ်ရာကို အာရုံခံမိခဲ့တယ်”
“ဒါပေမဲ့ ငါ့ရဲ့ ကျင့်ကြံမှုနယ်ပယ်က နိမ့်ကျနေပြီး နီညိုရောင်မျောက်ဝံကမ္ဘာကို မြင်းမျောက်အုပ်စုတွေက စောင့်ကြည့်နေကြတယ်… ငါက ထွက်ခွာဖို့ဘယ်တုန်းကမှ အခွင့်အရေးမရခဲ့ဘူး”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
ထိုဘက်အရပ်မှာ မျောက်၏ လက်ချင်းဆက်နီညိုရောင်မျောက်ဝံမျိုးဆက်သွေးကို လုံးလုံးလျားလျားနိုးထစေနိုင်မည့် အခွင့်အလမ်းတစ်ခု ရှိနေနိုင်မလား။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ဤသည်က ကြီးမားသော ကောင်းချီးမင်္ဂလာတစ်ခုနှင့် အခွင့်အလမ်းတစ်ရပ်ဖြစ်လေသည်။ သို့သော်လည်း ယခုအချိန်မှာ သူတို့နှစ်ယောက်သည် မြင်းမျောက်ဘုရင်တစ်အုပ်စု၏ အမဲလိုက်ခြင်းခံနေရပြီး အန္တရာယ်ကျရောက်နေ၏။
သူတို့က ဤကဲ့သို့သော အခွင့်အလမ်းတစ်ခုကို ရှာတွေ့မည်ဆိုလျှင်တောင် သူတို့က အဲဒါကို ရရှိနိုင်ပါ့မလား ပြောဖို့ခက်လေသည်။
ဆူဇီမိုက သူ၏ လှုပ်ရှားမှုကို ရပ်တန့်ခြင်းမရှိဘဲ လှည့်ကြည့်လိုက်၏။
သူသည် မြင်းမျောက်ဘုရင်အုပ်စုကို မတွေ့မြင်ရသေးသော်လည်း သူ၏ နောက်ဘက်မှာ သတ်ဖြတ်လိုစိတ်က အရိပ်တစ်ခုပမာ လိုက်ပါလာဆဲဖြစ်ပြီး ပို၍နီးကပ်လာနေ၏။
“ငါ အဲဒီမြင်းမျောက်အုပ်စုကို ခါမချနိုင်ဘူးပဲ”
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
မျောက်က ပြောလိုက်သည်။
“အစ်ကိုကြီး… စောစောက မင်းထုတ်ဖော်တဲ့ ထွက်ပြေးခြင်းနည်းစနစ်က ယင်ယန်နဲ့ ပတ်သက်နေတယ်… ငါတို့နောက်ကိုလိုက်လာတာက မျောက်ဘုရင်နီရဲပင်လယ်ပဲ.. သူ့မှာ တင်းပါနီမြင်းမျောက်ရဲ့ မျိုးဆက်သွေးရှိတယ်… သူက ယင်ယန်မှာ ကျွမ်းကျင်ပိုင်နိုင်မှုရှိတယ်”
“သူ့ရဲ့ ယင်ယန်မျက်လုံးက မင်းရဲ့ထွက်ပြေးခြင်းနည်းစနစ်ကို ထွင်းဖောက်မြင်ရလောက်တယ်။
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မျိုးနွယ်စုတစ်သောင်းနှင့်ပြည့်နှက်နေပြီး တစ်ခုကိုတစ်ခု တန်ပြန်နှိမ်နင်းနိုင်သော နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက မရေမတွက်နိုင်အောင်ရှိလေသည်။
အာဒိကပ္ပသမဂ္ဂယင်ယန်ထွက်ပြေးခြင်းသည် စွမ်းအားကြီးမား၍ လေဟာနယ်ကိုပင်ဆုတ်ဖြဲကာ တိုက်ပွဲနယ်မြေကနေ ထွက်ခွာနိုင်သော်လည်း ၎င်းက လုံးဝဥဿုံယုံကြည်စိတ်ချရခြင်း မဟုတ်ပေ။ ၎င်းကို ဖြေရှင်းနိုင်သော စွမ်းအားကြီးမား၍ လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းတချို့ အမြဲတမ်းရှိနေပေလိမ့်မည်။ သူ၏ ကျင့်ကြံမှုနယ်ပယ်ကလည်း နိမ့်ကျလွန်းနေ၏။
သူက သူ၏ ကျင့်ကြံမှုကို ထပ်မံမြှင့်တင်နိုင်မည်ဆိုလျှင် သူသည် သူ့အသက်နှင့်ရင်းပြီး တန်ပြန်တိုက်ခိုက်ဖို့ ကြိုးစားကြည့်နိုင်လေသည်။
သူ၏ လက်ရှိကျင့်ကြံမှုနယ်ပယ်အရ သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ အချိန်မရွေးချိုးဖျက်တက်လှမ်းနိုင်၏။
သို့သော်လည်း ဤကဲ့သို့သော ကျင့်ကြံမှုနယ်ပယ်ကြီးတစ်ခုကို ချိုးဖျက်တက်လှမ်းရခြင်းသည် သေးငယ်သော ကိစ္စတစ်ခုမဟုတ်ဘဲ ဟန့်တားနှောက်ယှက်ခြင်းခံရလို့ မဖြစ်ပေ။ ၎င်းသည် အချိန်တိုအတွင်းမှာ နေ့ချင်းညချင်းပြုလုပ်နိုင်သောတစ်စုံတစ်ရာ မဟုတ်ပေ။
သူက ဒဏ်ရာရရှိထားပြီး မြင်းမျောက်ဘုရင်အုပ်စုက နောက်ကနေ အဆက်မပြတ်လိုက်ပါလာနေသည်။ သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ယခုအချိန်မှာ ချိုးဖျက်တက်လှမ်းဖို့ အခွင့်အရေးမရှိပေ။
သူတို့နှစ်ယောက်က တစ်ချိန်လုံးပြေးလွှားနေ၏။ အချိန်အတန်ကြာလာသည်နှင့်အမျှ သူတို့၏ နောက်ဘက်မှာရှိသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပိုမိုနီးကပ်လာကာ ပို၍ရှင်းလင်းလာ၏။
နေ့တစ်ဝက်ခန့်ကြာပြီးနောက် ဆူဇီမိုက နောက်ဘက်သို့ လှည့်ကြည့်လိုက်၏။ သူသည် ပုံရိပ်နှစ်ခုသုံးခုကို ခပ်ရေးရေးတွေ့မြင်နေရပြီဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူက မျောက်ပြောသည့် မျောက်ဘုရင်နီရဲပင်လယ်ဖြစ်လေသည်။
ဆူဇီမို၏ အမူအရာက သုန်မှုန်လာခဲ့၏။
ဤတိုင်းသာဆက်သွားလျှင် သူတို့နှစ်ယောက်သည် နေ့တစ်ဝက်မကြာခင် လိုက်မီခံရပေလိမ့်မည်။ ထိုစဉ်မှာပင် ရှေ့တည့်တည့်ကနေ သိပ်သည်းပြင်းထန်သော ဝါးမျိုစွမ်းအားတစ်ခုက ရုတ်တရက်ထွက်ပေါ်လာ၏။
ဆူဇီမိုက အာရုံစိုက်၍ ကြည့်ရှုပြီးနောက် ရင်တစ်ချက်ထိတ်သွားကာ အလောတကြီး ရပ်တန့်လိုက်၏။
သူတို့နှစ်ယောက်၏ ရှေ့တည့်တည့်မှာ အာကာသဥမင်ထဲတွင် ဧရာမအာကာသတွင်းနက်တစ်ခုက ကန့်လန့်ဖြတ်လှဲလျောင်းနေပြီး မကောင်းဆိုးဝါးဆန်ဆန်အေးစက်၍ ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။ ၎င်းသည် အရာရာတိုင်းကို ဝါးမျိုလိုပြီး သတ်ဖြတ်ပစ်ချင်နေသည့်အလားပင်။
ဆူဇီမိုက သူ၏ ဦးတည်ဘက်ကိုပြောင်းလဲပြီး အာကာသတွင်းနက်ကို ရှောင်ကွင်းတော့မည့်ဆဲဆဲမှာပင် မျောက်က ရုတ်တရက်ပြောလိုက်၏။
“ချိတ်ဆက်မှုရဲ့ အဲဒီအာရုံခံစိတ်က ဒီနေရာမှာ ပြတ်တောက်သွားတယ်”
“ဟမ်”
ဆူဇီမိုက အနည်းငယ်မှင်တက်သွား၏။
ခဏမျှစဉ်းစားတွေးတောပြီးနောက် ဆူဇီမိုက သူ၏ ခေါင်းကို နောက်တစ်ဖန်မော့ကာ သူ၏ မျက်လုံးထဲရှိ အလင်းရောင်တစ်ခုနှင့်အတူ သူ့ရှေ့မှာရှိသော အာကာသတွင်းနက်ကို စိုက်ကြည့်လိုက်၏။
ဖြစ်နိုင်တာက…။
ဆူဇီမို၏ စိတ်ထဲမှာ အတွေးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။
သို့သော်လည်း ထိုအတွေးက အရမ်းကို ရူးမိုက်ရာကျပြီး သူတို့နှစ်ယောက်စလုံး ဘယ်တော့မှ ပြန်မလာနိုင်ဖို့ ဖြစ်နိုင်ခြေမြင့်မားလေသည်။
“အဲဒါက အထဲမှာများ ဖြစ်နိုင်မလား”
မျောက်ကလည်း ထိုဖြစ်နိုင်ခြေကို တွေးမိသွားပြီး ညင်သာစွာ မေးလိုက်၏။
သူတို့နှစ်ယောက်သည် တူညီစွာ တွေးမိနေကြ၏။ သို့သော်လည်း သူတို့ရှေ့မှာရှိသာ အရာက မည်သို့ပင်ဆိုစေ ကြယ်တာရာကောင်းကင်ထဲမှ အာကာသတွင်းနက်တစ်ခုဖြစ်၏။ ဆူဇီမိုတက်လှမ်းလာစဉ်က သူသည် အာကာသတွင်းနက်တစ်ခု ဘယ်လောက်ကြောက်စရာကောင်းသလဲ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ဖူးပြီး ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်၏၊
အင်မော်တယ်ဘုရင်ပညာရှင်များက ထိုထဲသို့ ကျဆင်းသွားသည်နှင့် သူတို့အနေဖြင့် လွတ်မြောက်ဖို့ခဲယဉ်းပြီး သူတို့အတွက် ရှင်သန်နိုင်ဖို့အခွင့်အရေးက သိပ်မရှိပေ။
အာကာသတွင်းနက်အတွင်းမှာ နောက်ထပ်လောကတစ်ခု ရှိနေမည်ဆိုလျှင် သူတို့နှစ်ယောက်က ရှင်သန်ဖို့အခွင့်အရေးတစ်ခုကို ရကောင်းရနိုင်သည်။ သို့သော်လည်း ဤအရာက အစစ်အမှန်အာကာသတွင်းနက်တစ်ခုဖြစ်နေမည်ဆိုလျှင် သူတို့နှစ်ယောက်သည် အထဲကိုဝင်ရောက်သည်နှင့် သေချာပေါက်သေရပေလိမ့်မည်။
“ကောင်းစုတ်လေးတွေ… မင်းတို့ဘာလို့ထပ်ပြီး မပြေးတော့တာလဲ”
မျောက်ဘုရင်နီရဲပင်လယ်၏ အသံက တဖြည်းဖြည်းနီးကပ်လာပြီး လှောင်ပြောင်သရော်လိုမှုဖြင့် ထွက်ပေါ်လာ၏။
“အို… လက်စသတ်တော့ ရှေ့မှာလမ်းမရှိတော့ဘူးပဲ ဟားဟားဟားဟား…”
“ငါတို့ အလောင်းအစားတစ်ခု ပြုလုပ်ကြတာပေါ့”
ဆူဇီမို၏ မျက်လုံးထဲတွင် ပြတ်သားသော အလင်းတစ်ချက် ဖျတ်ခနဲလက်လာပြီး သူက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ငါတို့တွေ ဒီတိုင်းဆက်ပြေးရင်လည်း သိပ်ကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူး… အထဲကို ဝင်ပြီး တစ်ချက်ကြည့်ရတာပေါ့.. ငါတို့သေရမယ်ဆိုရင်တောင် အတူတူသေကြတာပေါ့”
“ရတယ်လေ”
မျောက်က လွယ်လင့်တကူ သဘောတူလက်ခံလိုက်၏။
ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး မျောက်ကို ကျောထက်မှာသယ်ပိုးကာ ရှေ့တည့်တည့်မှာရှိသော အာကာသတွင်းနက်ထဲသို့ ပြေးဝင်သွား၏။
သိပ်မကြာခင် သူ့ကို အာကာသတွင်းနက်က ဝါးမျိုပြီး ပျောက်ကွယ်သွားလေသည်။
“မင်းတို့တွေ…”
မျောက်ဘုရင်နီရဲပင်လယ်က ထိုသည်ကို တွေ့မြင်သောအခါ ဒေါသချောင်းချောင်းထွက်သွား၏။ အစကတော့ သူသည် သူတို့နှစ်ယောက်ကို အသက်ရှင်လျက် ဖမ်းဆီးလိုခဲ့၏။ ယခု သူတို့နှစ်ယောက်သည် ဤမျှအထိ ပြတ်သားမှုရှိပြီး အာကာသတွင်းနက်ထဲသို့ ခုန်ဝင်သွားလေသည်။ သူ့မှာ သူတို့နှစ်ယောက်ကို တားဆီးဖို့ အချိန်လုံးဝမရခဲ့ပေ။
မျောက်ဘုရင်နီရဲပင်လယ်က လိုက်မီလာပြီးနောက် သုန်မှုန်နေသော အမူအရာဖြင့် ရှေ့တည့်တည့်မှာရှိသော အာကာသတွင်းနက်ကို ကြည့်ကာ ရပ်တန့်လိုက်၏။
နောက်ထပ် အထွတ်အထိပ်ဘုရင်တစ်ဦးက ပြောလိုက်၏။
“ငါတို့ရဲ့ ကျင့်ကြံမှုနဲ့တောင်မှ ငါတို့က အထဲကို မဝင်ရောက်ရဲဘူး.. အဲဒီပကတိစိတ်ဝိညာဉ်နှစ်ယောက်က အထဲကို ဝင်ရောက်သွားမယ်ဆိုရင် သူတို့ရဲ့ အမြုတေစိတ်ဝိညာဉ်နဲ့ ကိုယ်ကာယက အလောင်းတောင်မကျန်ဘဲ သေချာပေါက် ဖျက်ဆီးခံရလိမ့်မယ်”
“အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာကတော့ နှမြောစရာပဲ”
တတိယမြောက် အထွတ်အထိပ်ဘုရင်က သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်၏။
မျောက်ဘုရင်နီရဲပင်လယ်က သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ထားပြီး နှုတ်ဆိတ်နေ၏။
ဤမျှအထိ ခရီးရှည်ကြီးလိုက်လာပြီးနောက် နောက်ဆုံးမှာ သူက မည်သည့်အရာကိုမှ မရရှိတော့ပေ။ သူက မချင့်မရဲဖြစ်နေ၏။
“သူတို့နှစ်ယောက် သေသွားလောက်ပြီး… ပြန်ဆုတ်ရအောင်”
ဘေးမှာရှိသော အထွတ်အထိပ်ဘုရင်က ပြောလိုက်၏။
မျောက်ဘုရင်နီရဲပင်လယ်က လုံးဝလှုပ်ရှားခြင်း မရှိပေ။ သူက သူ၏ မျက်လုံးကိုသာ မှေးကျဉ်းပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဒါက အမှန်တကယ် အာကာသတွင်းနက်တစ်ခု ဖြစ်မယ်ဆိုရင် သူတို့နှစ်ယောက်က သေဘေးကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး… ဒါပေမဲ့ မဟုတ်ဘူးဆိုရင်ရော”
“မင်းပြောချင်တာက…”
အထွတ်အထိပ်ဘုရင်နှစ်ဦးက အတွေးနက်စွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။
“ဒီအာကာသတွင်းနက်က အစစ်အမှန်လား အတုအယောင်လားဆိုတာ ငါတို့ ဘယ်လိုခွဲခြားနိုင်မလဲ”
နောက်ထပ် အထွတ်အထိပ်ဘုရင်က ထပ်မေးလိုက်၏။
ထိုစကားက အဓိကကျသော မေးခွန်းဖြစ်သည်။
မျောက်ဘုရင်နီရဲပင်လယ်က မျက်ခုံးအနည်းငယ်ပင့်ပြီး တစ်စုံတစ်ရာပြောဆိုခြင်းမရှိပေ။
ကျန်ရှိနေသော အထွတ်အထိပ်ဘုရင်နှစ်ဦးက တစ်စုံတစ်ရာကို တွေးမိသွားပုံရလေသည်။
သူတို့က စိုးရိမ်ထိန်လန့်သော အမူအရာများနှင့်အတူ နောက်သို့ခြေနှစ်လှမ်းဆုတ်ပြီး လူချင်းခွာလိုက်ကြ၏။
ရုတ်တရက် မျောက်ဘုရင်နီရဲပင်လယ်က ခပ်ယဲ့ယဲ့ပြုံးပြီးပြောလိုက်၏။
“အလောတကြီးလုပ်စရာမလိုပါဘူး… နောက်ကလူတွေရောက်လာတာကို စောင့်ကြာတာပေါ့”
မြင်းမျောက်ဘုရင်ဆယ့်ရှစ်ဦးကြားမှာ မျောက်ဘုရင်နီရဲပင်လယ်နှင့် အခြားသော အထွတ်အထိပ်ဘုရင်နှစ်ဦးက အမြန်ဆန်ဆုံးဖြစ်ပြီး ဤနေရာသို့ အရင်ဆုံးရောက်ရှိလာကြသည်။
ကျန်ရှိနေသော အန္တိမဘုရင်များနှင့် သာမန်ဘုရင်များကတော့ သူတို့က နောက်မှာပြတ်၍ ကျန်ရစ်ခဲ့၏။
ဥပမာအားဖြင့် သာမန်ဘုရင်များ၏ လှုပ်ရှားမှုနည်းစနစ်များက ဆူဇီမိုထက်ပင် နှေးကွေးလေသည်။
အချိန်တစ်ခုကြာပြီးနောက် ကျန်ရှိနေသော ဘုရင်ဆယ်ဦးကျော်ကျော်က တစ်ယောက်ပြီးတစ်ယောက် လိုက်မီလာကြ၏။