မီတာတစ်သောင်းရှည်သော နဂါး ၂
Vol. 36 Ch. 530
အထက်ကောင်းကင်ယံမှလူက အောက်ရှိမြင်ကွင်းကို အထင်သေးမှု ကျေနပ်အားရမှုအပြည့်ဖြင့်ကြည့်နေသည်။
“ပုရွက်ဆိတ်တွေက လွတ်မယ့်လမ်းကို ပါးနပ်တဲ့နည်းလို့ ထင်ကြပေမယ့် သန်မာသူတွေရှေ့မှာတော့ အချည်းအနှီးပါပဲ" သူက လှောင်ပြောင်ကာ ရယ်မောလိုက်သည်။
ဤသို့ပြောလျက် သူ၏ အနက်ရောင်မြူခိုးမြှားနှစ်စင်းကိုထုတ်ကာ ပြင်းထန်စွာပစ်ရန် ချိန်လိုက်သည်။ တစ်ခုက မြေပြင်အထက်တွင်ပြေးနေသော ယွမ်သုန်ကျီသို့ဖြစ်၍ တစ်စင်းကမူ စစ်မြေပြင်၏ အဝေးသို့ မျောပါသွားသော လျို့ချွမ်ဝူကိုချိန်ထားသည်။
လွှတ်တင်လိုက်သော အနက်ရောင် မြူခိုးနှစ်စင်းသည် လက်နှစ်ဖက်အဖြစ် အရှိန်ပြင်းစွာ ရွေ့လျားသွားကာ စက္ကန့်အနည်းငယ်အတွင်း၌ပင် ယွမ်သုန်ကျီနှင့် လျို့ချွမ်ဝူတို့ကို ပြန်လည် ဖမ်းဆီးနိုင်ခဲ့သည်။
"ငါ မင်းကို အခွင့်အရေး ပေးခဲ့တယ်၊ ဒါပေမယ့် မင်း အခြေအနေကို ရှင်းရှင်းလင်းလင်းမမြင်တာ မိုက်လွန်းတာ သနားစရာပဲ၊ အခု မင်း ယင်-အလောင်းဖြစ်သွားပြီ”
ထိုသို့ပြောပြီးနောက်၊ ထိုသူ၏ခန္ဓာကိုယ်မှ အနက်ရောင်စွမ်းအင်များရှည်ထွက်လာကာ ယွမ်သုန်ကျီ၏ ပါးစပ်ထဲသို့ တိုးဝင်သွားသည်။
အနက်ရောင်စွမ်းအင်က သူမပါးစပ်ကို ကျူးကျော်ဝင်ရောက်လာချိန်တွင် ယွမ်သုန်ကျီ၏ မျက်နှာက နာကျင်မှုအပြည့်ဖြင့် တစ်ချိန်က နီရဲ၍ ဆွဲဆောင်မှရှိသော အမျိုးသမီး၏ မျက်နှာသည် ရုတ်တရက် အဝါရောင်ဖြစ်သွားကာ အသက်မဲ့သွားသည်။
"အလှတရားနဲ့ ပြည့်စုံတဲ့ ပုရွက်ဆိတ်တစ်ကောင်၊ မင်းရဲ့လက်တွဲဖော် ဘယ်လိုသေသွားလဲဆိုတာကို အသိစိတ်ရှိနေသေးတုန်းမှာကြည့်ထားလိုက်”
ထိုလူက ခံစားချက်မဲ့စွာ ပြောလိုက်သည်။ သူ့စကားဆုံးသည်နှင့် တပြိုင်နက် သူ့အတွေးနှင့် လျို့ချွမ်ဝူကို သူ့ရှေ့သိ့ ဆွဲခေါ်လိုက်ကာ လျို့ချွမ်ဝူ၏ ခန္ဓာကိုယ်ထဲမှ ကုန်ဆုံးလုနီးဖြစ်နေသော အသက်စွမ်းအင်ကို ဝါးမြိုလိုက်သည်။ မိမိရှေ့တွင် သေတော့မည့် ချစ်သူကိုကြည့်ရင်း ယွမ်သုန်ကျီက အသွေးအသားနှင့် ဝိညာဉ်နှစ်ခုစလုံး နာကျင်လျက် စိတ်ပျက်အားငယ်နေသည့် မျက်လုံးများမှ မျက်ရည်များစီးကျလာသည်။
သူမသည် မျက်လုံးများကိုမှိတ်ကာ လျို့ချွမ်ဝူ သေဆုံးသွားတော့မည်ကို ဆက်မကြည့်ရဲပေ။
ဗွမ်း
ရုတ်တရက် အောက်မှ ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာကာ စစ်မြေပြင်ရှိ သတ္တဝါအားလုံးကို ထိတ်လန့်စေသည်။ ယွမ်သုန်ကျီက မည်သို့ဖြစ်ပျက်သွားသည်ကိုမသိသဖြင့် အသံကြားသောအခါ မျက်လုံးများကို အလိုလိုဖွင့်လိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများရှေ့တွင် ပေါ်လာသည့်အရာကိုကြည့်လျက် မျက်လုံးများပြူးလာ၏။
မြေအောက်မှ များပြားလှသော မြေအောက်ရေများ ပေါက်ထွက်ကာ စစ်မြေပြင်ကို အဆုံးမရှိ သမုဒ္ဒရာထဲသို့ လွှမ်းခြုံသွားသည်။ အပေါ်သို့ လှမ်းကြည့်လိုက်သောအခါ ရေများက ကောင်းကင်ကို မမြင်နိုင်ရတော့လောက်အောင် မြင့်မားလွန်းနေသည်။
ဘာဖြစ်တာလဲ
ဒီမြေအောက်ရေတွေ ဘယ်ကလာတာလဲ။
ဒါက မသေခင် ထင်ယောင်ထင်မှား ဖြစ်တာမျိုးလား။
ယွမ်သုန်ကျီသည် အောက်ပင်လယ်ပြင်ကို ကြည့်လျက် ထိတ်လန့်တုန်လှုပ်မှုကို ဖြည်းညှင်းစွာ အာရုံပြောင်းစေသည်။ သူမရှေ့မှ မြင်ကွင်းက သူမ နားလည်နိုင်သည့်အတိုင်းအတာကိုကျော်လွန်သွားသဖြင့် လုံးလုံးလျားလျားတုန်လှုပ်နေသည်။ သူမသာမက စစ်မြေပြင်ရှိ သက်ရှိအားလုံးက ဖြစ်ပျက်နေသည့်အရာကို နားမလည်နိုင်ကြပေ။
လျို့ချွမ်ဝူ၏ အသက်စွမ်းအင်ကို ဝါးမြိုလျက် တပြိုင်နက် ယွမ်သုန်ကျီ၏ပါးစပ်ထဲသို့ အနက်ရောင်စွမ်းအင်ကို သွန်းလောင်းနေသော ထိုလူသည်လည်း နားမလည်ဖြစ်နေသည်။
စစ်မြေပြင်၌ မြေအောက်ရေများ ပိုများလာသည်နှင့်အမျှ တည်ရှိနေသော သက်ရှိအားလုံးသည် နားမလည်နိုင်သော မျက်လုံးများဖြင့် စောင့်ကြည့်နေကြသည်။
“ဘာဖြစ်နေတာလဲ”
စစ်မြေပြင်အထက်တွင် အနီရောင် ၀တ်စုံ ၀တ်ထားသော စွဲမက်ဖွယ်ကောင်းသည့် အမျိုးသမီးသည် အပြာရောင် ဝတ်ထားသော ယောက်ျားဆီသို့ လှည့်၍ မေးသည်။ အပြာရောင်ဝတ် အမျိုးသားက မျက်မှောင်ကြုတ်၍ ခေါင်းယမ်းကာ မည်သို့ဖြစ်နေသည်ကိုမသိကြောင်းပြောသည်။
ယောက်ျားနှင့်မိန်းမတို့သည် မြို့၏ဒဏ္ဍာရီအဆင့်ခေါင်းဆောင်သုံးဦးနှင့် ယခင်က အပြင်းအထန်တိုက်ခိုက်ခဲ့သော နဂါးနှင့်ဖီးနစ်တို့ဖြစ်သည်။ တိုက်ပွဲပြီးသွားသောအခါတွင် ၎င်းတို့သည် လူသားအသွင်ဆောင်ကာ စစ်မြေပြင်အထက် အမြင့်ဆုံးနေရာသို့ ပျံဝဲသွားကာ အောက်တွင် ပေါ်လွင်နေသော ထူးဆန်းသည့်မြင်ကွင်းကို အပေါ်စီးမှကြည့်နေကြသည်။
၎င်းတို့ကြည့်နေကြစဥ် ပင်လယ်မျက်နှာပြင်ပေါ်ရှိ ရေများက အလယ်ဗဟိုဆီသို့ ရုတ်တရက် ရွေ့လျားလာကာ တစ်ခုနှင့်တစ်ခု ရောယှက်လျက် အလွန်ကြီးမားသော ရေနဂါးကြီးအဖြစ် လျင်မြန်စွာ ဖြစ်ပေါ်လာသည်။
ဤရေနဂါးသည် ယခင်က ယွမ်သုန်ကျီထိန်းချုပ်ထားသော မီတာတစ်ရာရေနဂါးနှင့် ပုံစံတူဖြစ်သည်။
တစ်ခုတည်းသော ခြားနားချက်မှာ ရေနဂါးသည် ယခုအခါ သမုဒ္ဒရာ မျက်နှာပြင်ပေါ်တွင် လျင်မြန်စွာ ဖြစ်ပေါ်လာကာ ကီလိုမီတာ တစ်သောင်းကျော်အထိ ကျော်လွန်သွားခြင်းပင် ဖြစ်သည်။
မီတာတစ်သောင်း ရှည်လျားသော ရေနဂါးကြီး ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ၎င်းသည် စစ်မြေပြင်တွင် ချက်ချင်းကြီးစိုးကာ တောက်ပသော ပြာလွင်သော သမုဒ္ဒရာ မြေမျက်နှာသွင်ပြင်ကို ထင်ဟပ်စေသည်။
ယွမ်သုန်ကျီသည် ရုတ်တရက် မီတာတစ်သောင်းခန့် မြင့်သော ရေနဂါးကြီးကို မျှော်ကြည့်လျက် သူမ အိပ်မက်မက်နေသည်လားဟု မယုံကြည်နိုင်စွာ မျက်နှာထားဖြင့် မိမိကိုယ်မိမိ မေးလိုက်သည်။