ရှန်ချင်းဟန်၏ ကျရှုံးခန်း
Vol. 36 Ch. 533
"ပုရွက်ဆိတ်ကြီး နှစ်ကောင်လား”
လင်းဇီချန်က သားရဲဘုရင်နှစ်ကောင်ကို ထိုကဲ့သို့ ဖော်ပြလိုက်သည်ကို ကြေားသောအခါ ရှန်ချင်းဟန်က စိတ်ထဲမှ သူ့မာနကို မှတ်ချက်ပေးလိုက်မိသည်။ သို့သော် လင်းဇီချန်က မိမိကို အမှန်တကယ်ပင် ကျောထောက်နောက်ခံပြုနိုင်စွမ်းရှိကြောင်း သူမသိသည်။
လင်းဇီချန်သည် ဒဏ္ဍာရီလာအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ညဘုရင်၏ ဖြစ်တည်မှုကို ရင်ဆိုင်ခဲ့ဖူးသည်။ သူ့အချိန်အများစုတွင် ထွက်ပြေးခဲ့ရသော်လည်း ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူတစ်ဦးထံမှ လွတ်မြောက်ရန် စီမံခြင်းသည် အနည်းဆုံး ဒဏ္ဍာရီအဆင့်မြင့်အဆင့်လူသားတစ်ဦး၏ ခွန်အားမပါဘဲ လုပ်ဆောင်နိုင်သည့် အရာမဟုတ်ပေ။
သွေးမျိုးဆက်စွမ်းအားအဆင့်နိမ့်သော ဒဏ္ဍာရီအဆင့်ရှိသည့် ထိုသားရဲဘုရင်နှစ်ဦးသည် သွေးမျိုးဆက်စွမ်းအားအဆင့်တူညီသော်လည်း ပို၍ အစွမ်းထက်သည့် လင်းဇီချန်၏ ရှေ့တွင် ပုရွက်ဆိတ်များကဲ့သို့ပင် အင်အားနည်းနေသည့်နှယ်ဖြစ်စသည်။
ဟူး..
ရှန်ချင်းဟန်က အသက်ပြင်းပြင်းရှုကာ မလိုအပ်သောအရာများကို မတွေးတော့ဘဲ ရပ်လိုက်သည်။ သူမသည် အဝေးသို့လှမ်းကြည့်ကာ ကောင်းကင်မှ အရှိန်ပြင်းပြင်းဖြင့်ဆင်းလာသော လူနှစ်ဦးကို ကြည့်လိုက်သည်။ တစ်ဦးသည်ကား အပြာနုရောင်ဝတ်စုံဝတ်ထားလျက် လူသားဆန်သော ခန္ဓာကိုယ်ဖြင့် နဂါးပြာဖြစ်ကာ ကျန်တစ်ဦးမှာမူ နီရဲနေသော ဝတ်စုံကို ဝတ်ဆင်ထားသည့် မီးဖီးနစ်ဖြစ်သည်။
ထို့နောက် သူမက မျက်လုံးများကိုကျဥ်းလိုက်ကာ ရပ်နေသော နေရာမှ ထလာသည်။ ရေများပြည့်နေသော သူမ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် ဖောက်ထွင်းမြင်ရသော ရေအဖြစ်သို့ပြောင်းလဲသွားကာ အနိမ့်တွင်ပျံနေသည့် ရေနဂါးကြီးနှင့်ပေါင်းစပ်လျက် ဆင်းသက်လာသော အမျိုးသားနှင့် အမျိုးသမီးတို့ကို တိုက်ခိုက်ရန် အမြန်ရွေ့လျားသွားသည်။
အပြာရောင်ဝတ်ထားသော အမျိုးသားနှင့် အနီရောင်ဝတ်ထားသော အမျိုးသမီးသည် ရှန်ချင်းဟန်က ၎င်းတို့အား တစ်ယောက်တည်း တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ာထားကြသဖြင့် အံ့သြသွားကြသည်။ ရှန်ချင်းဟန်၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် အဆင့်နိမ့် ဒဏ္ဍာရီအဆင့်သာဖြစ်ကြောင်း နှစ်ဦးစလုံးက ရိပ်မိကြ၍ အဘယ်ကြောင့် မင်းတို့ကို ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိရှိကြောင်း သူမ နားမလည်နိုင်ခဲ့ပေ။
ကျားနှင့်ရင်ဆိုင်ရတဲ့ နွားသူငယ်ရဲ့ မကြောက်တရားလား။
ဒါမှမဟုတ် စိတ်ကုန်နေတဲ့ နောက်ဆုံးရပ်တည်မှုတစ်ခုလား။
နားမလည်နိုင်တော့သည့် အပြာရောင်အမျိုးသားနှင့် အနီရောင် အမျိုးသမီးတို့က ကျိုးကြောင်းဆင်ခြင်ရန် မကျိုးစားတော့ပေ။ ၎င်းတို့သည် ရေနဂါးနှင့် မီတာထောင်ဂဏန်းအကွာသို့ရောက်သောအခါ မီးဖီးနစ်က တိုတက်ခိုက်ခြင်းတွင် ကျွမ်းကျင်သောကြောင့် စတင်တိုက်ခိုက်ခဲ့သည်။ မီးဖီးနစ်၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ အကန့်အသတ်မဲ့သော မူလစွမ်းအားကို ထုတ်လွှတ်လျက် လျင်မြန်စွာ ချဥ်းကပ်လာသော ရေနဂါးကို အငွေ့ပျံသွားစေရန် ကြိုးစားကာ ကောင်းကင်တစ်ခုလုံးကို ချက်ချင်း မီးလောင်ကျွမ်းစေခဲ့သည်။
သို့သော်လည်း မီးတောက်များက လောင်ကျွမ်းပြီးမကြာမီ၌ပင် ရေနဂါး၏ ခန္ဓာကိုယ်မှ ထွက်လာသည့် ရေအေးက ချက်ချင်း မီးငြိမ်းသွားကာ ပျောက်ကွယ်သွားခဲ့သည်။ အနီရောင်ဝတ်ထားသော အမျိုးသမီးက မျက်မှောင်ကြုတ်ကာ မျက်လုံးများကို မှိတ်ထားလျက် ကောင်းကင်ကို တစ်ကြိမ်ထပ်တောက်လောင်စေရန် သူမ၏ မူလစွမ်းအားကို ပြန်လည်လောင်ကျွမ်းစေခဲ့သည်။ သူမက မည်မျှပင် များပြားသော မူလစွမ်းအားကို ထုတ်လွှတ်နေစေကာမူ ပတ်ဝန်းကျင်လေထုက မီးတောက်များက မလောင်ကျွမ်းနိုင်ဘဲ ပြန်လည် ငြိမ်းသက်သွားသည်။ ရေနဂါးဆီမှ ထွက်လာသော ရေအေးတွင် မီးတောက်များဖန်တီးခြင်းကို ရပ်တန့်စေသည့် ကြီးမားသောဝိညာဉ်စွမ်းအားများပါရှိသည်။ အစွမ်းကုန်ကြိုးစားနေသော်လည်း မီးတောက်များက မီးမလောင်နိုင်သည်ကိုမြင်လိုက်ရသဖြင့် အနီရောင်ဝတ်ထားသော အမျိုးသမီးက မျက်မှောင်ကြုတ်ကာ အလေးအနက်ဖြစ်လာသည်။
သူမ၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် ရှန်ချင်းဟန်ထက် သိသိသာသာ အဆင့်မြင့်သော်လည်း ၎င်းတို့ ထိပ်တိုက်တွေ့ဆုံရာတွင် လုံးလုံးလျားလျား အားနည်းချက်ရှိနေသဖြင့် သူမကို များစွာ စိတ်ပျက်စေစခဲ့သည်။ အနီးအနားရှိ အပြာရောင်ဝတ်ထားသော အမျိုးသား၏ အမူအရာမှာလည်း စိတ်မသက်မသာဖြစ်စနေသည်။
မီးဖီးနစ်ကို ရှန်ချင်းဟန်သည် မီးတောက်ပင် မထုတ်နိုင်သည့် အတိုင်းအတာအထိ နှိမ်နင်းနိုင်လိမ့်မည်ဟု သူ မည်သည့်အခါကမျှ မမျှောင်လင့်ထားပေ။ နောက်ဆုံးတွင် မီးဖီးနစ်သည် ဒဏ္ဍာရီ ဒုတိယအဆင့်ရှိသောသူဖြစ်ကာ သူမ၏ မီးတောက်များသည်လည်း ကမ္ဘာပေါ်ရှိ အရာအားလုံးကို လောင်ကျွမ်းနိုင်သော ငရဲမီးမှ ဆင်းသက်လာခြင်းဖြစ်သည်။ သို့သော် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ငရဲမီးသည် အဆင့်မြင့် သွေးမျိုးဆက်စွမ်းအားဖြင့်ပင် မီးတောက်တစ်တခုမျှ မလောင်ကျွမ်းနိုင်ပေ။
ဤသည်က လုံးလုံးလျာလျားလျား နားမလည်နိုင်စဖွယ်ကောင်းလှသည်။
ဝှစ်
ဝှစ်
ဝှစ်
အောက်ကနေ တိုက်ခတ်နေသော လေသံသည် ပို၍ နားစည်ကွဲလုဖြစ်နေသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ရှန်ချင်းဟန် ထိန်းချုပ်ထားသော ရေနဂါးကြီးက အပြာရင့်ရောင်ဝတ်ထားသော ယောက်ျား၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ဤသည်ကိုမြင်သောအခါ အပြာရောင်ဝတ်ထားသော အမျိုးသားက သူ့ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားသော မူလစွမ်းအားအားလုံးကို ချက်ချင်းထုတ်လွှတ်လိုက်၍ သူ၏ ရေထိန်းချုပ်နိုင်စွမ်းကို အမြင့်ဆုံးထိ မြှင့်တင်လိုက်သည်။ ထို့နောက် အတွေးတစ်ခုတည်းဖြင့် ရှန်ချင်းဟန် ထိန်းချုပ်ထားသော ရေနဂါးကြီးကို အတင်းအကြပ်ထိန်းချုပ်ရန် ကြိုးစားကာ ချက်ချင်းပင် ထို မီတာတစ်သောင်းရှည်သော ရေနဂါးကြီးက ကောင်းကင်မှ ရေမှုန်ရေမွှားများအဖြစ်သို့ ပြောင်းလဲကာ မြေပြင်သို့ကျဆင်းလာသည်။ ချက်ချင်းဆိုသကဲ့သို့ပင် ကောင်းကင်၌ ရေစက်များပြည့်လာကာ ပဲစေ့များနှယ်ကျဆင်းလာသည်။ အပြာရောင်ဝတ်ထားသော သူသည် မီတာတစ်သောင်းကျော်ရှည်သော ရေနဂါးကြီး၏ အမှုန်အမွှားများကို အလဟဿ မဖြစ်စေဘဲ စုစည်းထားသည်။ သို့သော် ခဏအကြာ၌ ထိုရေမော်လီကျူးများကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ရေနဂါးက ပြန်လည်ဖြစ်ပေါ်လာသည်။
ရှန်ချင်းဟန်က အပြာရောင်ဝတ်ထားသောသူထက် သွေးမျိုးဆက်စွမ်းအားအဆင့်နိမ့်သော်လည်း ရေမော်လီကျူးများကို ထိန်းချုပ်ရာတွင် သူ့ထက်သာလွန်သည်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ရေမော်လီကျူးများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
သူမထံမှ အတွေးတစ်ခုဖြင့် နောက်တစ်စက္ကန့်တွင် သူမပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ရေစက်များသည် ပိုကြီးသော ရေနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ထပ်မံဖြစ်ပေါ်လာသည်။ ဤပို၍ ဖိနှိပ်နိုင်စွမ်းပြင်းသော ရေနဂါးကို ရင်ဆိုင်ရသောအခါ အပြာရောင်ဝတ်ထားသောသူ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားကာ စိတ်ထဲမှ ကြောက်ရွံ့မှုဖြစ်လာသည်။ သူ့ထက် သွေးမျိုးဆက်စွမ်းအားအဆင့် နှစ်ဆင့်နိမ့်သော ရှန်ချင်းဟန်သည် နဂါးဘုရင်ကိုယ်တိုင်က သူထက် ပိုမိုပြင်းထန်သော ရေထိန်းချုပ်နိုင်စွမ်းရှိမည်ကို သူ့အိပ်မက်ထဲတွင်ပင် စိတ်ကူးမယဉ်နိုင်ခဲ့ပေ။
ဘာတွေဖြစ်နေတာလဲ။ ဒီကမ္ဘာမြေက ငါသိတဲ့နေရာဟုတ်ရဲ့လား။ တစ်ခုခုတော့ မှားနေပြီထင်တယ်။ အပြာရောင်ဝတ်ထားသော အမျိုးသားသည် မိမိဘဝ ကိုယ်မိမိ မေးခွန်းထုတ်နေသည့်ပုံရကာ ရှန်ချင်းဟန်၏ ရေထိန်းချုပ်နိုင်စွမ်းက သူ့ထက် သာလွန်သည်ဟူသော အဖြစ်မှန်ကို လက်မခံနိုင်ပေ။
"ဗွမ်း!"
နားစည်ကွဲလုသည့်အသံတစ်ခုထွက်ပေါ်လာသည်။ အပြာရင့်ရောင်ဝတ်ထားသော အမျိုးသားနှင့် အမျိုးသမီးတို့သည် ချက်ချင်းပင် ရေနဂါး၏ ဝါးမြိုခြင်းခံလိုက်ရကာ ကောင်းကင်မှ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် မကြာမီ၌ပင် ရေနဂါးနှင့် ဖီးနစ်တို့က ကျယ်လောင်စွာ အော်လိုက်ကြသည်။
အပြာရောင်နဂါးသည် အပြာရောင်မီးခိုးများနှင့်ဝိုင်းရံခြင်းခံထားရကာ မီးဖီးနစ်သည်မူ ရေနဂါးထဲမှ မီးတောက်များဖြင့်ထွက်လာသည်။ ၎င်းသည် ယခင်က အပြာရောင်အမျိုးသားနှင့် အနီရောင်အမျိုးသမီးတို့ဖြစ်သည်။ ရှန်ချင်းဟန်၏ နောက်ဆုံးတိုက်ခိုက်မှုသည် သားရဲဘုရင်နှစ်ကောင်အား ၎င်းတို့၏ မူလပုံစံများသို့ ပြန်လည်ရောက်ရှိရန် တွန်းအားပေးခဲ့သည်။
"သူ့ ခန္ဓာကိုယ်အစစ်က နဂါးခေါင်းထဲမှာရှိတယ်”
နဂါးပြာက သူ့ဘေးနားရှိ မီးဖီးနစ်ကို သတိပေးလိုက်သည်။ သူပြောသည့်အတိုင်း အပြာရောင်နဂါးသည် မီတာတစ်သောင်းရှည်သော ရေနဂါး၏ ဦးခေါင်းကို တိုက်ခိုက်ရန် စတင်လှုပ်ရှားနေပြီဖြစ်သည်။
ရေနဂါး၏ဦးခေါင်းရှိ စွမ်းအင်အတက်အကျများသည် ပိုမိုအားကောင်းကြောင်း သူရှင်းလင်းစွာ သဘောပေါက်သဖြင့် ရှန်ချင်းဟန်၏ကိုယ်ခန္ဓာအစစ်အမှန်သည် ထိုနေရာတွင် ပုန်းနေခြင်းဖြစ်ကြောင်း သူ့ကိုယုံကြည်စေသည်။