ရေနတ်ဘုရား
Vol. 36 Ch. 535
"သူက တော်တော်ကျွမ်းကျင်တယ်လို့ထင်လိုက်တာ အခုတော့လည်း ငါ့လက်ချောင်းတွေကြားထဲ လွယ်လွယ်နဲ့ ဖိချေခံလိုက်ရတဲ့ ပုရွက်ဆိတ်တစ်ကောင်ပါပဲ”
တဟုန်းဟုန်းတောက်လောင်နေသော မီးလျံအထက်တွင် ကောင်းကင်တွင် ပျံသန်းနေသည့် မီးဖီးနစ်က ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူများကျရှုံးခြင်းကြောင့်ဖြစ်စပေါ်လာသည့် မြင်ကွင်းကို ကြည့်ကာ ပြောလိုက်သည်။ ပထမအချီတွင် ရှန်ချင်းဟန် ထိန်းချုပ်ထားသော ရေနဂါးက မိမိဖန်တီးထားသော ငရဲမီးကို အကြိမ်ပေါင်းများစွာ ပြန်လည်ငြိမ်းသွားစေခြင်းက ဖြေမဆည်နိုင်အောင် အရှက်ခွဲနေခြင်းဖြစ်သည်။ ၎င်း၏ သွေးမျိုးဆက်အဆင့်မြင့်မားသော်လည်း ဤသို့ဖိနှိပ်ခံရခြင်းသည် မိမိမာနအတွက် ထိုးနှက်ချက်တစ်ခုဖြစ်သည်။ ယခု ရှန်ချင်းဟန်ကို သတ်ပစ်လိုက်ပြီဖြစ်၍ ကျေနပ်နေသည်။ ဆန့်ကျင်ဘက်အနေဖြင့် မနီးမဝေးသောနေရာမှ နဂါးပြာသည် အနည်းငယ်မျက်မှောင်ကြုတ်ကာ ၎င်းရှေ့တွင် တစ်စုံတစ်ခုလွဲချော်နေသည်ကို ပို၍ပို၍ ခံစားလာရသည်။ ပြဿနာကို အာရုံခံလျက် မီးဖီးနစ်ကို ချက်ချင်းဆိုသကဲ့သို့ပင် သံသယရှိကြောင်းပြောလိုက်သည်။
“ဖုန်းယွမ် ငါတို့ရှေ့က အမြင်နဲ့ တစ်ခုခုလွဲနေပုံရတယ်။ ဒါက ကြီးကျယ်လွန်းနေတယ်”
“သူ့ရဲ့ သွေးမျိုးဆက်စွမ်းအားအဆင့်က ဒဏ္ဍာရီအဆင့်ပဲရှိသေးတယ်။ သူ့ကျရှုံးမှုကြောင့်ဖြစ်လာတဲ့ ဖြစ်စဥ်က ဒီလောက်ကြီးကျယ်ခမ်းနားနေတာမျိုးမဖြစ်သင့်ဘူး”
"ဒီမှာ ပြဿနာတစ်ခုခုရှိရမယ်။"
"..."
"ဘာပြဿနာရှိလို့လဲ”
မီးဖီးနစ်က ဆက်လက်၍ ပြောသည်။
“သူက ပုံမှန်မဟုတ်သလိုပဲ။ ဘယ်လို ကမ္ဘာမြေသားကမှ သူ့ခွန်အားမျိုးမရှိနိုင်ဘူး”
“သူ့မှာ ရှေးကျတဲ့ အမွေအနှစ်နဲ့ ထူးကဲတဲ့ ကိုယ်ခန္ဓာရှိတယ်လို့ ငါထင်တယ်။ ဒါ့ကြောင့် သူကျရှုံးမှုကြောင့်ဖြစ်လာတဲ့ ဖြစ်စဥ်က ထူးထူးခြားခြား ထပ်တူပဲ”
“ဒါပေမယ့် ဘယ်လောက်ပဲ ထူးခြားထူးခြားလေ အခု သူသေသွားပြီဆိုတော့ ဘာမှဖြစ်မလာနိုင်တော့ဘူး”
ထိုသို့ဖြင့် မီးဖီးနစ်က လင်းဇီချန်ကို လှည့်ကြည့်ကာ နဂါးပြာကိုပြောလိုက်သည်။
“နောက်တစ်ကောင်ရှိသေးတယ်။ မီးလျံကို အရမ်းသုံးလိုက်လို့ ငါ့ခန္ဓာကိုယ်က နည်းနည်း အားနည်းသွားပြီ။ နင် သူ့ကို သွားဖြေရှင်းလိုက်"
နဂါးပြာက အေးစက်စွာပြန်ပြောလိုက်သည်။
“ငါနဲ့စိတ်ချလိုက်”
ထိုစကားလုံးများထွက်ပေါ်လာသည်နှင့်အမျှ လင်းဇီချန်ရှိရာ အောက်ဘက်သို့ ခုန်ဆင်းရန် ရည်ရွယ်၍ စတင်တိုက်ခိုက်သည်။ သို့သော် အောက်သို့ပြန်ဆင်းရန်စတင်လှုပ်ရှားလိုက်သည့်အခိုက်၌ ပတ်ဝန်းကျင်မှ အပြောင်းအလဲများကို သိသိသာသာရိပ်မိကာခ ချက်ချင်းတုံ့ဆိုင်းသွားသည်။
“ဘာဖြစ်လို့လဲ”
နဂါးပြာက ရပ်တန့်သွားသည်ကိုမြင်သောအခါ မီးဖီးနစ်က သူ၏ စိတ်ရှုပ်ထွေးမှုများကို ပြောလိုက်သည်။ နဂါးပြာ၏ မျက်ခုံးမွှေးများက ကျုံ့သွားသည်။
“ငါတို့ ပတ်ဝန်းကျင်က စိုထိုင်းစတွေ သိသိသာသာ မြင့်တက်လာတာကို သတိထားမိလား”
ဤသည်ကိုကြားလိုက်သောအခါ မီးဖီးနစ်က လေထု၏ စိုထိုင်းစ သိသိသာသာ မြင့်တက်လာသည်ကို သတိပြုလိုက်မိသည်။
ခဏတာ စဥ်းစားပြီးသည့်နောက် ၎င်းက ပြောလိုက်၏။
“ငါ့မီးလျှံပေါက်ကွဲမှုမှာ သေဆုံးသွားတဲ့ ကမ္ဘာမြေမိန်းကလေးက ရေဒြပ်စင်ကို ထိန်းချုပ်ရာမှာ အတော်လေး ကျွမ်းကျင်တာာပဲ။ သူ့ခန္ဓာကိုယ်က ရေနဲ့ လုံးဝ ချိတ်ဆက်နေတယ်ထင်တယ်”
“စိုထိုင်းစများလာတာ သူသေဆုံးမှုကြောင့်ဖြစ်နိုင်တယ်”
“သေဆုံးပြီးတော့ သူ့ဆီက ပျံ့လွင့်လာတဲ့ ရောင်ဝါက ကောင်းကင်တစ်ခုလုံးကို စိမ့်ဝင်သွားလို့ ကောင်းကင်ရဲ့ စွမ်းအင်အချို့ကို ပြောင်းလဲသွားစေတာ”
ဤရှင်းလင်းချက်သည် ယုတ္တိရှိကာာ စိတ်ချယုံကြည်ရသည်။ နဂါးပြာသည် ဤသည်က ကျိုးကြောင်းဆီလျော်သည်ဟု ခံစားရ၍ မူလစွမ်းအင်များကို လျင်မြန်စွာ ဖောက်ခွဲကာ အောက်ရှိ လင်းဇီချန်ကို အမြန် ဖြေရှင်းရန် အရှိန်မြှင့်လိုက်သည်။ ထို့နောက် ၎င်း၏ မျက်လုံးထောင့်တွင် မီးဖီးနစ်၏ နောက်ကျော်ရှိ ရေပတ်လမ်းက တဖြည်းဖြည်း ကြီးလာသည်ကို သတိပြုမိသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ဇီးသီးအရွယ် ရေဝိုင်းသည် မီးဖီးနစ်၏ ကိုယ်ထည်အရွယ်အစားအထိ ဖောင်းပွလာသည်။ ဖြစ်ပျက်နေသည်ကို သဘောပေါက်မိသောအခါ နဂါးပြာက မီးဖီးနစ်ကို ပြောလိုက်၏။
“ဖုန်းယွမ် မင်းနောက်မှာ… သတိထား”
ထိုစကားလုံးများထွက်ပေါ်လာသည့်အခိုက်တွင် နဂါးပြာ၏ မူလစွမ်းအားသည် အာရုံမခံစားနိုင်လောက်အောင် အရှိန်အဟုန်ဖြင့် ပေါက်ကွဲသွားကာ မီးဖီးနစ်၏ နောက်မှ ထွက်လာသည့် ဧရာမရေပတ်လမ်းကြောင်းဆီသို့ ပြေးသွားခဲ့သည်။ မီးဖီးနစ်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားကာ ၎င်း၏လက်ရှိတည်နေရာမှ ထွက်ခွာရန် စိတ်အားထက်သန်လွန်းသဖြင့် ၎င်း၏မူလစွမ်းအားကို အပြည့်ထုတ်လိုက်သည်။
နောက်ထပ်တစ်စစက္ကန့်တွင် ၎င်းနောက်ရှိ ဧရာမ ရေဝိုင်းကြီးသည် ကြီးမားသော အခွံအဖြစ်သို့ ပြောင်းလဲကာ ပါးစပ်ကြီးအဖြစ်သို့ ဟလာသည်။ ထို့နောက် နဂါးပြာ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်အောက်တွင် လျှို့ဝှက်ဆန်းကြယ်သော အခွံကြီးသည် မီးဖီးနစ်၏ တစ်ကိုယ်လုံးကို ဝါးမြိုပစ်လိုက်သည်။
ဝါးမြိုမှု၏ အရှိန်က အလွန်လျင်မြန်လွန်းသောကြောင့် နဂါးပြာနှင့် မီးဖီးနစ်တို့က မတုံ့ပြန်နိုင်ခဲ့ကြပေ။ ထို့နောက် အခွံထဲရှိ ရေဒြပ်စင်သည် အလိုလိုရှင်သန်နေသကဲ့သို့ မီးဖီးနစ်၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး ခုန်ဆင်းသွားသည်။
နှာခေါင်းပေါက်..
ပါးစပ်…
လိင်အင်္ဂါ။
ချွေးပေါက်များ...
မီးဖီးနစ်၏ ကိုယ်ထည်သို့ ဦးတည်သော ထွက်ပေါက်မှန်သမျှသည် ရေဒြပ်စင်များဖြင့်ပြည့်လျှံနေသည်။
စက္ကန့်ဝက်မပြည့်မီတွင် မီးဖီးနစ်၏ ခန္ဓာကိုယ်သည် စက်လုံးတစ်လုံးကဲ့သို့ ရေများပြည့်ကာ ဖောင်းကားလာသည်။
နေနှင့် ကောင်းကင်ကို ဖုံးလွှမ်းကာ ပိုကြီးလာ၏။
မီးဖီးနစ်သည် သူ့ကိုယ်သူ ကယ်တင်ရန် လိုလားသော်လည်း မိမိ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်မှု ဆုံးရှုံးသွားပြီဖြစ်ကြောင်း ထိတ်လန့်စွာ သိလိုက်ရသည်။ ၎င်းအတွင်းရှိ မူလအင်အားစုအား အတွင်းသို့ ဝင်လာသော ရေဒြပ်စင်များက လုံး၀ ဖိနှိပ်ခဲ့သည်။ သူ့ခန္ဓာကိုယ်က မီးပုံးပျံကဲ့သို့ ဖောင်းပွလာကာ မည်သည့်အချိန်၌ ပေါက်ကွဲသွားမည်ကို မသိသောကြောင့် ကူကယ်ရာမဲ့သာစောင့်ကြည့်နေသည်။
ဝှစ်
နဂါးပြာသည် မီးဖီးနစ်၏ ရှေ့ဘက်သို့ ပျံသန်းလာကာ ပြင်းထန်သော ပေါက်ကွဲအားကို ထုတ်လွှတ်လျက် မီးဖီးနစ်ကို ရေဖြင့်ပြုလုပ်ထားသည့် ဧရာမအခွံမှ ဆွဲထုတ်လိုက်သည်။ မီးဖီးနစ်က ဧရာမအခွံမှ လွတ်မြောက်သွားသည့်အခိုက်တွင် ကောင်းကင်တစ်ခုလုံးရှိ ပတ်ဝန်းကျင်ရှိ ရေဒြပ်စင်များသည် ရုတ်တရက် အလွန်အသက်ဝင်လာကာ ယခုအခါ ရောင်ရမ်းနေသော အလုံးဖြစ်နေသည့် မီးဖီးနစ်ဆီသို့ ဦးတည်ရာအရပ်ရပ်မှ ရူးသွပ်စွာ ပေါင်းစပ်သွားလေသည်။
နဂါးပြာသည် မူလစွမ်းအားဖြင့် ထပ်မံပေါက်ကွဲခဲ့ကာ လေထဲမှ ရေဒြပ်စင်များကို မီးဖီးနစ်ဆီသို့ ထပ်မံမတိုးဝင်သွားစေရန် တားဆီးထားသည်။ သို့သော် နဂါးပြာက ကိုယ်တိုင်ရုန်းကန်ပြီး မကြာခင်၌ပင်
မီးနစ်ကို ကယ်တင်ရန် လက်လှမ်းမီသည့်အခိုက်တွင်၊ လေထဲတွင်ရှိသော ရေဓာတ်သည် ၎င်း၏ကိုယ်ခန္ဓာအတွင်းသို့ အရူးအမူး ခုန်ဆင်းလာသည်။
ဘမ်း
ရုတ်တရက်ပင် ကျယ်ကျယ်ပြန့်ပြန့် ပေါက်ကွဲသံ ထွက်ပေါ်လာသည်။
မီးဖီးနစ်၏ ဖောင်းကားနေသော ခန္ဓာကိုယ်သည် နူကလီးယားဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်လာကာ အသားများအပိုင်းပိုင်းအစစဖြစ်လျက် သွေးများပျံ့နှံ့ကာ ကောင်းကင်ကြီးကို အနီရောင်စွန်းထင်းစေခဲ့သည်။
မကြာခင်၌ပင်
… ဘမ်း ..
နောက်ထပ် ပေါက်ကွဲသံတစ်ခု ထပ်မံထွက်ပေါ်လာသည်။