ရေနတ်ဘုရား ၂
Vol. 36 Ch. 536
မီးဖီးနစ်ကို ကူညီပေးခဲ့သော နဂါးပြာသည် ရုတ်တရက် ဘောလုံးအဖြစ်သို့ ပေါက်ကွဲသွားကာ သွေးအခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားသည်။ မကြာမီ၌ပင် ကောင်းကင်၌ သွေးအခိုးအငွေ့တို့က သွေးစက်နှစ်စက်အဖြစ်သို့ပေါင်းစပ်သွား၏။ တစ်ခုတွင် မီးဖီးနစ်၏ ဝိဉာဥ်ပါရှိကာ ကျန်တစ်ခုတွင်မူ နဂါးပြာ၏ ဝိဉာဥ်ပါရှိသည်။ ထိုသွေးစက်များဖြစ်ပေါ်လာသည်နှင့်အမျှ လေထဲရှိ ရေဓာတ်များလည်း လျင်မြန်စွာ စုရုံးလာကာ သေးသွယ်ပျော့ပျောင်းသော မိန်းကလေး၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းစုစည်းသွားသည်။ ရှန်ချင်းဟန်သည် အစောက မီးလျှံပေါက်ကွဲမှုကြားတွင်
ပျောက်ကွယ်သွားခဲ့သည်။
ယခုအချိန်တွင် ရှန်ချင်းဟန်သည် လုံးဝအဝတ်ဗလာဖြစ်နေကာ သူမ၏ခန္ဓာကိုယ်သည် ရောယှက်နေသော ရေဒြပ်စင်များဖြင့် ပျော့ပျောင်းစွာ လွှမ်းခြုံထားလျက် လေနှင့်အတူ လွင့်နေသော ပြာပြာရောင်ဆံနွယ်များကလည်း ရှည်မျောလှကာ ရေကဲ့သို့ ချောမွေ့လျက် အလွန်လှပသည်။
“ငါ တကယ်လုပ်နိုင်ခဲ့တာ…”
“နှစ်ယောက်တစ်ယောက် တိုက်နိုင်ခဲ့တာ…”
“အဆင့်ကွာတဲ့ တိုက်ပွဲမှာ ပို စွမ်းအားကြီးတဲ့ ပြိုင်ဘက်တွေကို သတ်နိုင်ခဲ့တယ်…”
ရှန်ချင်းဟန်သည် သူမရှေ့တွင် ပျံဝဲနေသော သွေးစက်နှစ်လုံးကို ကြည့်ကာ သပြောလိုက်သည်။ အမြဲတစေ တုံ့ဆိုင်းနေတတ်သော သူမသည် လင်းဇီချန်ကဲ့သို့ မိမိထက်ပိုသန်မာသူများကို သတ်နိုင်လိမ့်မည်ဟု ဘယ်သောအခါကမျှ မထင်ထားခဲ့ပေ။
အတွေးတစ်ခုဖြင့် ရှန်ချင်းဟန်သည် လေထဲတွင် တွဲလောင်းကျနေသော သွေးစက်နှစ်လုံးကို သူမဆီသို့ ဆွဲခေါ်လိုက်သည်။ သွေးစက်နှစ်စက်တွင်ရှိသော နဂါးပြာနှင့် မီးဖီးနစ်တို့၏ ဝိဉာဥ်များက အဆက်မပြတ် လှုပ်ရှားနေခဲ့ရာ ၎င်းတို့၏ အသားကို ပြန်လည်မွေးဖွားရန်နှင့် ရှင်ပြန်ထမြောက်ရန် ကြိုးစားနေကြသည်။
ဤသည်ကိုမြင်သောအခါ ရှန်ချင်းဟန်က သူမ၏ ဝိဉာဥ်စွမ်းအားများကို ချက်ချင်းထုတ်လွှတ်လိုက်ကာ နဂါးပြာနှင့် မီးဖီးနစ်အတွင်းရှိသော အကြွင်းအကျန်များကို အပြင်းအထန် ချေမှုန်းပစ်လိုက်သည်။ စက္ကန့်အနည်းငယ်အတွင်းတွင် သွေးစက်အတွင်းရှိ သားရဲဘုရင်နှစ်ပါး၏ စိတ်ဝိညာဥ်များကို လုံးဝ သုတ်သင်ပစ်လိုက်သည်။ ထို့နောက် ငြိမ်သက်နေသော ကောင်းကင်ကြီးသည် နဂါးများနှင့် ဖီးနစ်များကခုန်နေသည့် ထူးခြားဆန်းကြယ်သော မြင်ကွင်းတစ်ခုကို စတင်ဖော်ပြလာသည်။ ၎င်းသည်ကာ နဂါးပြာနှင့် မီးဖီးနစ်တို့၏ နောက်ဆုံးကျရှုံးခြင်းအမှတ်အသားဖြစ်သည်။
ဝှစ်
လေထုကို ဖြိုခွင်းသွားသည့်အသံတစ်ခု ထွက်ပေါ်လာသည်။ ရှန်ချင်းဟန်သည် သွေးစက်နှစ်စက်နှင့်အတူ လေထဲတွင် လွင့်ပျံလျက် ဆံနွယ်များကလည်း လွင့်စင်နေသည်။ ထို့နောက် လင်းဇီချန်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ထိုးဆင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် သူမသည် လင်းဇီချန်ရှေ့၌ ရပ်လိုက်ကာ ချိုမြိန်၍ ချစ်စဖွယ်ကောင်းသော အပြုံးပြုံး၍ သွေးစက်နှစ်စက်ကို သူ့ဆီပေးလိုက်သည်။ လင်းဇီချန်သည် ဂြိုလ်သားမျိုးဗီဇများကိုဝါးမြိုနိုင်သောကြောင့် ဤသွေးစက်နှစ်ခုသည် သူ့အတွက် အလွန်တန်ဖိုးရှိကြောင်း သူမသိသည်။
လင်းဇီချန်သည် သွေးစက်နှစ်လုံးကို ဝါးမြိုရန် အလျင်စလိုမလုပ်ခဲ့ပေ။ သူက သန့်ရှင်းသော အဝတ်အစားတစ်ထည်ကို သူ၏ သိုလှောင်ခန်းထဲမှထုတ်ယူ၍ ရှန်ချင်းဟန်ကိုပေးလိုက်သည်။
“ဒါတွေကို ဝတ်လိုက်”
"ကောင်းပြီ။"
ရှန်ချင်းဟန်က သဘောတူ၍ သူမထံသို့ပေးလာသည့် အဝတ်အစားများကိုဝတ်လိုက်သည်။ သူမ ဝတ်ထားသည်ကိုမြင်လိုက်ရသောအခါမှသာ လင်းဇီချန်က သွေးစက်နှစ်စက်ကို ဝါးမြိုလိုက်သည်။
[သင်သည် “မီးဖီးနစ်” အသက်စွမ်းအင်အမြောက်အမြားကိုဝါးမြိုခဲ့ကာ ငရဲမီး သွေးစွမ်းအားကို ရရှိခဲ့ပါသည်]
[ငရဲမီး- အရာအားလုံးကို လောင်ကျွမ်းစေသော မီးတောက်များကို သင် ထုတ်လွှတ်နိုင်သည်]
[သင်သည် "ပင်လယ်နက်နဂါးပြာ"၏ သွေးမျိုးဆက်စွမ်းအား ‘ပင်လယ်များကိုလွှမ်းမိုးခြင်း’ကို ရရှိခဲ့ပါသည်]
[ပင်လယ်များကို လွှမ်းမိုးခြင်း- ဝိညာဉ်စွမ်းအားကို အသုံးမပြုဘဲ၊ သင်သည် ရေဒြပ်စင်များကို သဘာဝအတိုင်း ထိန်းချုပ်နိုင်သည်။]
[သင်သည် မီးဖီးနစ်နှင့် ပင်လယ်နက်နဂါးပြာတို့မှ များပြားလှသော မူလစွမ်းအင်များကို စာသုံးခဲ့ကာ သွေးစွမ်းအင်နှင့် ဝိဉာဥ်စွမ်းအင်အဖြစ်သို့ပြောင်းလဲ၍ သင်၏ သွေးစွမ်းအင်နှင့် ဝိဉာဥ်စွမ်းအင်များကို မြှင့်တင်ပေးနိုင်ခဲ့ပါသည်]
[သင်၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် “ဒဏ္ဍာရီ ဒုတိယအဆင့်”မှ “ဒဏ္ဍာရီတတိယအဆင့် အထွတ်အထိပ်” အထိ အောင်မြင်စွာတိုးတက်ခဲ့သည်]
ဒဏ္ဍာရီ တတိယအဆင့်အထွတ်အထိပ် …
ဒဏ္ဍာရီအဆင့်မြင့်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။
လင်းဇီချန်သည် ပျက်ပြယ်သွားသည့် စာသားကို စူးစိုက်ကြည့်ကာ အတန်ငယ်စိတ်လှုပ်ရှားသွားသည်။ ထိုအချိန်၌ ရှန်ချင်းဟန်သည် မြူခိုးများထဲမှထွက်လာကာ အဝတ်အစားအလုံအခြုံဝတ်ထားပြီးဖြစ်သည်။
“ဇီချန် နင် အဲ့သွေးစက်နှစ်လုံးကို ဝါးမြိုပြီးတော့ ခွန်အားဘယ်လောက်ထိ တက်လာပြီလဲ”
“ကို ဒဏ္ဍာရီ တတိယအဆင့်အထွတ်အထိပ်အထိ ရောက်သွားပြီ”
ဤသည်ကိုကြားသောအခါ ရှန်ချင်းဟန်၏ မျက်နှာထက်တွင် အံ့သြမှုတို့ပေါ်လာသည်။ ထိုသွေးစက်နှစ်စက်လုံးသည် လင်းဇီချန်အတွက် ခွန်အားအမြောက်အမြားကို ပေးစွမ်းနိုင်မည်ဟု သူမ မျှော်လင့်ထားခင်းမရှိပေ။ ထို့ကြောင့် သူမ၏ အံ့သြမှုကို သတိထားမိသောအခါ လင်းဇီချန်က ရယ်မောလိုက်သည်။
“အင်း ဒဏ္ဍာရီအဆင့်သားရဲဘုရင်တွေရဲ့ အသက်စွမ်းအင်တွေဆိုတော့ ဒီလောက်ထိ ခွန်အားတွေ တက်လာတာ ပုံမှန်ပါပဲ”
ထိုစကားကို ပြောပြီးနောက် ရှန်ချင်းဟန်အား ပြုံး၍ ချီးကျူးလိုက်သည်။
"မင်းရဲ့ ခွန်အားက ကိုမျှော်လင့်ထားတဲ့အတိုင်းအတာကို ကျော်လွန်သွားပြီ။ သားရဲဘုရင်နှစ်ယောက်ကို ချေမှုန်းဖို့ အနည်းဆုံး နာရီအနည်းငယ်လောက် အချိန်ယူရလိမ့်မယ်လို့ ကိုထင်ထားတာ။ ဒါပေမယ့် မင်း လွယ်လွယ်နဲ့ ထိန်းနိုင်ခဲ့တယ်"
ရှန်ချင်းဟန်က အတန်ငယ် ဂုဏ်ယူစွာပြောလိုက်၏။
“ဟုတ်တယ် ငါ နင့်လောက်မတော်ပေမယ့် ငါလည်းတော်တော်ပြိုင်ဘက်ကင်းတာပဲလေ သိတဲ့အတိုင်း ဟိဟိ”
လင်းဇီချန်က ညင်ညင်သာသာ ရယ်မောလိုက်သည်။
"မင်းအရင်က ဒီလိုမဟုတ်ဘူး။ မင်းက ရှက်တတ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း သိပ်မရှိဘူး”
"အဲတာ အမှားကြီးပါနော်” ရှန်ချင်းဟန်က အနည်းငယ် ငြင်းဆိုလိုက်သည်။
လင်းဇီချန်က ပြုံးလိုက်၏။
"ဒါဆို ကိုပြောတာ အမှားကြီးလို့ပဲ ဆိုကြပါစို့။ ဒီအကြောင်းကို မပြောနဲ့တော့။ စစ်မြေပြင်ကို မြန်မြန်ရှင်းပြီး ကျန်ခဲ့တဲ့ ဂြိုလ်သားအားလုံးကို ချေမှုန်းပစ်ကြရအောင်"
"ကောင်းပြီ။” ရှန်ချင်းဟန်က ချက်ချင်းပြန်ဖြေသည်။
ထို့နောက် သူတို့နှစ်ဦးသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ စစ်မြေပြင်ကို အရှိန်ပြင်းပြင်းဖြင့် ဖြတ်သန်းသွားသည်။ စစ်မြေပြင်ရှိ အခြားသူအားလုံးသည် ၎င်းတို့၏မျက်စိရှေ့တွင် ဤမြင်ကွင်းကြောင့် လေးလေးနက်နက် တုန်လှုပ်သွားကြသည်။
အထူးသဖြင့် လီမော့ယွီ၊ မာရှိဝေ၊ လော့ရုန်ကျန်း၊ လီချူးရှင်းနှင့် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့နှင့် ပိုရင်းနှီးသော ရှန်ဟိုင်းတက္ကသိုလ်မှ အတန်းဖော်များအားလုံးသည် မယုံကြည်နိုင်မှုအပြည့်ဖြင့်ကြည့်နေကြသည်။ ဤအပြောင်းအလဲက ပြင်းထန်လွန်းသဖြင့်
အစစ်အမှန်မဟုတ်ဟု ခံစားရသည်။ အိပ်မက်မက်နေသကဲ့သို့ပင်ထင်ရသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က
တက္ကသိုလ်စတက်ခဲ့စဥ်က ၎င်းတို့အားလုံးသည် လူသစ်များဖြစ်ကြရာ ခွန်အား ကွာခြားမှုများ ရှိခဲ့သော်လည်း မများခဲ့လှပေ။ ယခုမူ သွေးမျိုးဆက်စွမ်းအားအဆင့်များကွာခြားချက်မှာ အဓိက အဆင့်ကြီးနှစ်ခု ခြားနေသည်။ တစ်ဖက်တွင် အဆင့်မြင့်အဆင့်များသာဖြစ်ကာ ကျန်တစ်ဖက်သည်မူ ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူများအဖြစ်သို့ပြောင်းလဲသွားသည်။ ကွာဟမှုသည် အလွန်ကြီးမာလွန်း၍ ၎င်းတို့သည် တူညီသောမျိုးစိတ်များပင် မဟုတ်တော့သည့်နီးနီးပင်ဖြစ်သည်။
တစ်ချိန်တည်းတွင်
အလယ်ပိုင်းနယ်မြေအထက်၌ အကြည့်တစ်ချက်က မိုးထိနေသော သစ်ပင်ကြီးများကိုကျော်ဖြတ်သွားသည်။ ၎င်းတို့အနက် သစ်သားနတ်ဘုရား၏ အပြည့်အဝ ပြန်လည်ရှင်သန်လာသောပုံစံဖြစ်သည့် အမြင့်ဆုံးသစ်ပင်က တောင်ပိုင်းနယ်မြေသို့လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။
“ရေနတ်ဘုရားက အရင်လို ပြိုင်ဘက်ကင်းတုန်းပဲ”