← Chapters

ဒြပ်စင်ငါးခုပေါင်းစည်းခြင်း

Vol. 36 Ch. 537

ဒြပ်စင်ငါးခုပေါင်းစည်းခြင်း

Vol. 36 Ch. 537

အလယ်ပိုင်းနယ်မြေ

သစ်သားနတ်ဘုရားသည် တောင်ပိုင်းနယ်မြေတစ်ခုလုံးကို လေးနက်သောအမူအရာဖြင့်ကြည့်ကာ သူ၏ အာရုံအားလုံးက ရှန်ချင်းဟန်ပေါ်၌ ရှိနေသည်။ သူ့ဘေးတွင် ချီချင်းမော့နှင့် ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူများက တိုက်ခိုက်နေဆဲဖြစ်ကာ များပြားလှသော စပျစ်နွယ်ပင်များကြား၌ အဆုံးသတ်ထိတိုင် ရုန်းကန်နေကြသည်။ ကောင်းကင်တစ်ခုလုံးတွင် နွယ်ပင်များပြည့်နေကာ ချီချင်းမော့နှင့် ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူများထံ ဦးတည်ထားသည်။ ချီချင်းမော့နှင့် အခြားသူများ၏ မီးစွမ်းအင်အောက်တွင် ဆူးနွယ်ပင် အများစုက ချက်ချင်းအငွေ့ပျံကာ ပျောက်ကွယ်သွားကြသည်။

သို့သော် သစ်သားနတ်ဘုရား၏ ဖြစ်တည်မှုကြောင့် ထိုနွယ်ပင်များက အဆုံးမရှိ ပြန်လည်အသက်ဝင်လာသည်။

“ရေနတ်ဘုရားက ပြန်အသက်ရှင်လာတော့မယ်”

“မင်းတို့ အဲ့တုန်းက ကိစ္စမှာပါခဲ့တာ သူပြန်ရှင်လာတာနဲ့ အဲ့ကိစ္စအတွက် စာရင်းရှင်းကြလိမ့်မယ်”

“ရန်သူရဲ့ ရန်သူက မိတ်ဆွေပဲ အခု မင်းတို့ ငါနဲ့ ပူးပေါင်းဖို့ အခွင့်အရေးကောင်းပဲ”

သစ်သားနတ်ဘုရားသည် အမြင့်မှနေ၍ ပင်လယ်နတ်ဘုရားကို ကြည့်ကာ ပြောလိုက်သည်။ ပင်လယ်နတ်ဘုရား၏ အမူအရာက ဤသည်ကိုကြားသောအခါ အနည်းငယ်ပြောင်းလဲသွားသည်။ သူ ပင်လယ်နတ်ဘုရားဖြစ်လာခဲ့ခြင်းမှာ အခြားသော အဆင့်မြင့် ပင်လယ်သတ္တဝါများ၏ အထောက်အပံ့ရှိနေသော ရေနတ်ဘုရား၏ နောက်ကျောသို့ ဓားဖြင့် ထိုးခဲ့ကာ နတ်စွမ်းအင်ကို လုယူခဲ့သောကြောင့်ဖြစ်သည်။ ရေနတ်ဘုရားက အသက်ပြန်ရှင်လာသည်နှင့် သူသည် ကျိန်းသေ စာရင်းရှင်းခြင်းခံရမည်ဖြစ်သည်။

အနည်းဆုံးအနေဖြင့် သူ၏ နတ်စွမ်းအင်ကို သိမ်းပိုက်ခြင်းခံရမည်ဖြစ်ကာ အဆိုးဆုံးအနေဖြင့် သူသည် နေရာ၌ပင် အသတ်ခံလိုက်ရမည်ဖြစ်စသည်။

“သတိထား”

“သစ်သားနတ်ဘုရားဆီမှာ ဖျားယောင်းမခံနဲ့”

“သူ့စကားလုံးတွေက မယုံရဘူး”

စုမေ့ရှောင်းသည် ပင်လယ်နတ်ဘုရား၏ အမူအရာကို သတိထားမိသောကြောင့် ချက်ချင်းပင် သတိပေးစကားပြောလိုက်ကာ ထိုအရေးကြီးသော အခိုက်အတန့်တွင် ဖျားယောင်းခံလိုက်ရမည်ကို စိုးရိမ်နေသည်။ စုမေ့ရှောင်း၏ စကားများကိုကြားသောအခါ ပင်လယ်နတ်ဘုရားက အနည်းငယ် အသိပြန်ဝင်လာသည်။ ထို့နောက် လက်ရှိ တိုက်ပွဲ၏ အခြေအနေကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်တွင် သူသည် ချက်ချင်း လျင်မြန်စွာဖြင့် စုမေ့ရှောင်းနောက်၌ ပြန်ပေါ်လာသည်။ စုမေ့ရှောင်းက မည်သို့ ဖြစ်ပျက်နေသည်ကို နားလည်ရန် အချိန်ယူနေသောအခိုက်တွင်…

ဘမ်း

သူမ၏ ရင်ဘတ်တစ်ခုလုံးသို့ မူလစွမ်းအင်အပြည့်ပါသော လက်တစ်ဖက်က ထိုးဖောက်ဝင်ရောက်သွားကာ သူမ၏ အသက်စွမ်းအင်သည်မူ သိသိသာသာဖြင့် လွင့်စင်သွားသည်။

ပင်လယ်နတ်ဘုရားက သူမကို တိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ညှာတာမှုကင်း၍ တစ်ချက်တည်း အသေသတ်ရန် စီစဥ်ထားခြင်းလည်းဖြစ်သည်။

“ဘာလို့.. ဘာလို့…”

စုမေ့ရှောင်း၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်လာသည်။ ပင်လယ်နတ်ဘုရားသည် သူမနှင့် ဆက်ဆံရေးအဆင့်တစ်ခုအထိသို့ရောက်နေပြီဖြစ်ကာ သူမကို ကယ်တင်ရန်အတွက် ဤရှေးဘိုးဘေးအဆင့် တိုက်ပွဲအထိ ဝင်ရောက်လာခဲ့သည်။ သို့သော် ယခုမူ သူက သူမကို သတ်ရန် ကြိုးစားနေခြင်းက နားမလည်နိုင်စဖွယ်ကောင်းလွန်းနေသည်။

သူမ၏ နားမလည်နိုင်မှုကို မြင်သောအခါ ပင်လယ်နတ်ဘုရားက မတုံ့ပြန်ဘဲ အင်အားအပြည့်ဖြင့် ပေါက်ကွဲကာ အတိတ်မှ ခံစားချက်များကို ထည့်မတွက်ဘဲ သူ့လက်ဖြင့် သူမ၏ အသက်စွမ်းအင်ကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် တစ်ဆက်တည်းပင် သွေးစွမ်းအင်စီးကြောင်းတစ်ခုက ချီစွမ်းအင်အပြည့်ဖြင့် ပင်လယ်နတ်ဘုရားဆီသို့ ဦးတည်လာသည်။ ပင်လယ်နတ်ဘုရားက ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ ချက်ချင်းပင် လွင့်ထွက်သွား၏။

ထို့နောက် သွေးတစ်ပွက်အန်ထုတ်ကာ ကိုယ်တွင်းအင်္ဂါများအားလုံး ယို့ယွင်းလျက် အပြင်းအထန် ဒဏ်ရာရသွာသည်။

အခြားတစ်နေရာတွင် ချီချင်းမော့က စုမေ့ရှောင်းကို ကယ်တင်ပြီးနောက် ချက်ချင်းပင် ဆေးတစ်လုံးကို သူမ ပါးစပ်ထဲသို့ထည့်ပေးကာ ဒဏ်ရာများကို ကုသပေးလိုက်သည်။ အကြီးအကဲလီနှင့် စစ်မာရွှမ်တို့သည် စုမေ့ရှောင်း၏ အခြေအနေကို စစ်ဆေးရန် စိုးရိမ်တကြီး အလျင်အမြန်ပြေးလာကြသည်။ ၎င်းတို့နှစ်ဦးလုံးသည် စုမေ့ရှောင်းနှင့် မရှင်းမကင်းသူများဖြစ်ကြကာ သူမ၏ အိပ်ရာပေါ်မှ အရည်အချင်းများကို အလွန် စွဲလမ်းနေကြသဖြင့် သူမ၏ အသက်ရှင်ခြင်းနှင့် သေခြင်းကို အထူးအလေးထားသည်။

ဆေး၏ အကျိုးသက်ရောက်မှုအောက်တွင် အလျင်အမြန်ပင် သေလုနီးနီးစုမေ့ရှောင်းက ပြန်လည်၍ အသက်စွမ်းအင်များပြည့်လာကာ အောင်မြင်စွာဖြင့်ပင် အသက်ငင်နေသောအခြေအနေကို တွန်းလှန်နိုင်ခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် ချီချင်းမေ့၏ အားအပြည့်ဖြင့် ထိုးနှက်ချက်ကို ရင်ဆိုင်ခဲ့ရသော ပင်လယ်နတ်ဘုရား၏ ဒဏ်ရာများက အလွန်ဆိုးရွားလာကာ သူ့ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များအားလုံး စုတ်ပြတ်လျက် ကိုယ့်ကိုယ်ကိုယ် ကုသနိုင်စွမ်းမရှိတော့ပေ။

ရွှမ်ယွမ်ဝမ်ယွီက ယင်းကို သတိထားမိသည်။

မိန်းမတစ်ယောက်အနေဖြင့် သူမသည် အကြီးအကဲလီနှင့် စစ်မာရွှမ်တို့ကဲ့သို့ စုမေ့ရှောင်းပေါ်တွင် အာရုံစိုက်မနေခဲ့ပေ။ သူမ၏ အာရုံက ပင်လယ်နတ်ဘုရားပေါ်၌သာရှိနေကာ သူမည်မျှ ဆိုးဆိုးရွားရွား ဒဏ်ရာရနေသည်ကို ထိတ်လန့်တကြားကြည့်နေသည်။

ပင်လယ်နတ်ဘုရား၏ စွမ်းအားသည် ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူများအနက် ပြိုင်ဘက်အကင်းဆုံးဖြစ်သည်။ သို့ထိတိုင် ထိုသို့သော ပြိုင်ဘက်ကင်းကျွမ်းကျင်သူက ချီချင်းမော့၏ ရိုက်ချက်တစ်ချက်ကို ခံယူကာ နေရာ၌ပင် ပျောက်ဆုံးသွားလုတော့မည့်နီးနီးဖြစ်နေသည်။ ထိုသို့သော မြင်ကွင်းမျိုးက ရှေးဘိုးဘေးအဆင့်ရှိသော ရွှမ်ယွမ် ဝမ်ယွီကို လုံဂဝ ထိတ်လန့်သွားစေသည်။

‘ဒါ ငါသိတဲ့ အချစ်အင်မော်တယ်သခင် ဟုတ်သေးရဲ့လား’

‘ဘာလို့ ဒီ အရူးမက ဒီလောက်စွမ်းအားကြီးလာတာလဲ’

‘သူ ဘယ်လိုလုပ်လိုက်လို့လဲ’

ရွှမ်ယွမ်ဝမ်ယွီက အနားရှိ ချီချင်းမော့ကို ပဟေဠိဖြစ်စွာကြည့်နေသည်။ ထိုအချိန်တွင် အပြင်းအထန် ဒဏ်ရာရရှိသွားသော ပင်လယ်နတ်ဘုရားက သွေးအန်လျက် အသက်စွမ်းအင်များ လျင်မြန်စွာ ကျဆင်းကာ ပြန်လည်ကုသနိုင်စွမ်းကို လုံးဝ ဆုံးရှုံးသွားသည်။ ပြင်ပ အကူအညီမရှိဘဲ ယင်းက သူ့အတွက် လုံးလုံးလျားလျား အချိန်ကြာပေလိမ့်မည်ဖြစ်သည်။

“သစ်သားနတ်ဘုရား… ကယ်… ကယ်…ပါ”

ပင်လယ်နတ်ဘုရားက ဆက်လက်၍ မထိန်းထားနိုင်ဘဲ ချီချင်းမော့၏ သွေးစွမ်းအင်များက သူ၏ အသက်စွမ်းအင်ကို သုညအထိ ဆုတ်ယုတ်သွားစေကာ မည်သည့်အချိန်မရွေး သေဆုံးသွားတော့မည့်ဆဲဆဲဖြစ်နေသည်။ ဤသို့သော လိုလိုလားလားတောင့်တသံကိုကြားသောအခါ သစ်သားနတ်ဘုရားက အစိမ်းရောင်ဆူးနွယ်ပင်တစ်ပင်ကို ထုတ်လွှတ်လိုက်၏။

“ဘမ်း”

အသားဖြတ်ထွင်းသံနှင့် အရိုးကျိုးသံတို့ ပဲ့တင်ထပ်လာသည်။ အစိမ်းရောင်ဆူးနွယ်က ချက်ချင်းပင် ပင်လယ်နတ်ဘုရား၏ ကောင်းကင်ဝင်ပေါက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားကာ အလွန်များပြားသော အသက်စွမ်းအင်များနှင့်ပေါင်းစပ်သွားသည်။ သစ်သားနတ်ဘုရား၏ အသက်စွမ်းအင်ဖြည့်တင်းမှုအောက်တွင် သေခါနီးဖြစ်နေသော ပင်လယ်နတ်ဘုရားသည် ချက်ချင်း ဒဏ်ရာအမြောက်အမြားရ၍ တစ်ခဏအတွင်း၌ပင် အထွတ်အထိပ်အခြေအနေသို့ရောက်ရှိသွားသည်။ သို့သော် ပင်လယ်နတ်ဘုရားက ပျော်ရွှင်မှုကို မခံစားရပေ။

သူသည် အပြင်းအထန် ဒဏ်ရာရကာ သစ်သားနတ်ဘုရားဆီမှ အသက်စွမ်းအင်အမြောက်အမြားကို လက်ခံလိုက်ခြင်းကြောင့် လက်ရှိတွင် သစ်သားနတ်ဘုရား၏ လက်အောက်ခံခွေး တစ်ကောင်ဖြစ်သွားပြီဖြစ်သည်။

All Chapters