← Chapters

ဒြပ်စင်ငါးခု ပေါင်းစည်းခြင်း ၂

Vol. 36 Ch. 538

ဒြပ်စင်ငါးခု ပေါင်းစည်းခြင်း ၂

Vol. 36 Ch. 538

တစ်နည်းအားဖြင့် အသက်စွမ်းအင် ချက်ချင်းကုန်ဆုံးသွားလျှင် ချက်ချင်းသေဆုံးသွားနိုင်သည်။ သို့သော် ယင်းတွင် အခြားနည်းလမ်းမရှိပေ။ သူသည် သစ်သားနတ်ဘုရားနောက်သို့သာလိုက်၍ သစ်သားနတ်ဘုရား၏ ကာကွယ်မှုကို ခံယူရန် နည်းလမ်းတစ်ခုသာရှိသည်။ မဟုတ်လျှင် ရေနတ်ဘုရား၏ ခွင့်မလွှတ်နိုင်မှုသည် လက်ရှိ တိုက်ပွဲ၌ သစ်သားနတ်ဘုရားကို အနိုင်ယူခဲ့နိုင်လျှင်ပင် ရေနတ်ဘုရားပြန်လည် အသက်ရှင်လာမည့်နေ့သို့ရောက်သောအခါ ရေနတ်ဘုရား၏ လက်တွင် သေရမည်ဖြစ်သည်။ ရေနတ်ဘုရား၏ လက်တွင်သေဆုံးခြင်း၏ အဓိက အချက်မှာ အတန်ငယ် ကောင်းသော ရလဒ်ဟု ဆိုနိုင်ပေသေးသည်။ ကြောက်စရာကောင်းသည်မှာ ရေနတ်ဘုရားက ချက်ချင်းသေခွင့်မပေးဘဲ သစ္စာဖောက်များကို ညှင်းပန်းနှိပ်စက်မည့်အရာပင်ဖြစ်သည်။ ပင်လယ်နတ်ဘုရားသည် ရေနတ်ဘုရား၏ အမိန့်အောက်တွင် ရန်သူများကို ညှင်းပန်းနှိပ်စက်သည့် ဖြစ်ရပ်များစွာကို မျက်မြင်တွေ့ခဲ့ဖူးသည်။ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ နှိပ်စက်မှုလည်းဖြစ်သည်။

ယင်းသည် သေခြင်းတရားထက် ဘဝကို ပိုဆိုးစေမည့်အရာတစ်ခုဖြစ်သည်။ အဝေးမှ မြင်ခဲ့ရသော ပင်လယ်နတ်ဘုရားအတွက်ပင်လျှင် သည်းမခံနိုင်ဖွယ်ကောင်းလောက်အောင်ဖြစ်နေပြီဖြစ်သည်။ ရေနတ်ဘုရား၏လက်ထဲသို့ရောက်ကာ ထိုကဲ့သို့ ညှင်းပန်းနှိပ်စက်ခံရခြင်းထက် ချက်ချင်းသေခြင်းတရားကပိုကောင်းသည်။

“ပင်လယ်နတ်ဘုရား ရှင်ဘာတွေလုပ်နေတာလဲ”

သူ့မျက်နှာချင်းဆိုင်မှ ကံကောင်းစွာဖြင့် သေခြင်းတရားမှလွတ်မြောက်သွားသော စုမေ့ရှောင်းက ပင်လယ်နတ်ဘုရားကို စိတ်ရှုပ်ထွေးမှုနှင့် ဒေါသတို့ရောနေသောအကြည့်ဖြင့်ကြည့်ကာမေးလိုက်သည်။ သူမသည် ကိုယ့်အသက်ကိုယ်စတေး၍ သူမကို ကယ်တင်ခဲ့သော ပင်လယ်နတ်ဘုရားက အဘယ်ကြောင့် ရုတ်တရက် သစ္စာဖောက်သွားသည်ကို နားမလည်နိုင်ဖြစ်နေသည်။

ကျိုးကြောင်းမဆီလျော်၍ … ယုတ္တိမတန်သော သစ္စာဖောက်မှု

ပင်လယ်နတ်ဘုရားက ပြန်လည် မတုံ့ပြန်နိုင်ခင်တွင် ပင်လယ်နတ်ဘုရားကို လုံးလုံးလျားလျားစုပ်ယူပြီးသော သစ်သားနတ်ဘုရားက ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ ရေနတ်ဘုရားပေါ် အကြောက်တရားက မင်းအပေါ် စွဲလမ်းမှုထက် ပိုကြီးလို့ပေါ့”

ဤရှင်းပြချက်ကိုကြားသောအခါ ချီချင်းမော့နှင့် အခြားလေးဦးလုံး ပဟေဠိဖြစ်သွားသည်။

ပင်လယ်နတ်ဘုရားသည် သစ်သားနတ်ဘုရားကိုပင် လုံးလုံးလျားလျားကြောက်ရွံ့ခြင်းမရှိပေ။ အဘယ်ကြောင့် သစ်သားနတ်ဘုရားနှင့်အဆင့်တူသော ရေနတ်ဘုရားကို ကြောက်နေရသနည်း။ ပင်လယ်ဘုရားနှင့် ရေနတ်ဘုရားတို့ နှစ်ဦးစလုံးသည် ရေနေသတ္တဝါများဖြစ်၍ ပင်လယ်ဘုရားကို ရေဘုရားက ထိန်းချုပ်ထားနိုင်သည်။

ချီချင်းမော့နှင့် အခြားသူများ၏ အတွေးများက ပြိုင်ဆိုင်နေသည်။

ဘမ်း

ရုတ်တရက်ပင် ကမ္ဘာကွဲလုသည့် အသံတစ်ခု ပဲ့တင်ထပ်လာသည်။

ချီချင်းမော့နှင့်အခြားသူများ၏ အကြည့်များအောက်တွင် စစ်မြေပြင်၏အလယ်ဗဟိုတွင် အမြစ်တွယ်နေသော သစ်သားနတ်ဘုရားသည် ကောင်းကင်ယံအထိ ဧရာမသစ်ပင်ပုံစံဖြင့် ကြီးမားလာသည်။

"ငါ ရေနတ်ဘုရားကိုဖြေရှင်းဖို့ တောင်ပိုင်းနယ်မြေကို သွားလိုက်မယ်။ ဒီနေရာကိုမင်းနဲ့အပ်ထားလိုက်မယ်။ သူတို့ထွက်မလာနိုင်အောင်တားထားလိုက်”

ထိုစကားလုံးများထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သစ်သားနတ်ဘုရားသည် မူလစွမ်းအားဖြင့် ပေါင်းစပ်ထားသော ဆူးပင်ပေါင်းများစွာကို ပစ်လွှတ်လိုက်ကာ ကောင်းကင်၌ ကြီးမားသောအကွဲကြောင်းကို ဆုတ်ဖြဲလျက် ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကို ၎င်းမှတဆင့် လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။

ထို့နောက် သူထွက်သွားသောအခိုက်၌ပင် စစ်မြေပြင်၌ အပင်များပေါများလာသည်။ ထူထပ်သော အကိုင်းအခတ်များနှင့် ထူထပ်သောသစ်ရွက်များက နေရာတိုင်းတွင် ရောယှက်နေသည်။ တစ်ခဏအတွင်း၌ပင် ၎င်းတို့သည် ကြီးမား၍ ခုခံရန် ခက်ခဲသောသစ်ပင်လှောင်အိမ်ကြီးကို ဖွဲ့စည်းလိုက်ရာ ကျန်သောရှေးဘိုးဘေးအဆင့် ကျွမ်းကျင်သူကိုးဦးလုံး အတွင်းထဲတွင် ပိတ်မိနေသဖြင့် အချိန်တိုအတွင်း လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။

ကျန်ရှိသော ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူများသည် နှစ်ပိုင်းကွဲနေသည်။

တစ်ဖက်တွင် ချီချင်းမော့၊ စုမေ့ရှောင်း၊ စစ်မာရွှမ်၊ ရွှမ်ယွမ်ဝမ်ယွီနှင့် အကြီးအကဲလီတို့ရှိသည်။

တစ်ဖက်တွင်မူ ပန်းနတ်ဘုရား၊ သစ်ပင်အကြီးအကဲ၊ ပင်လယ်နတ်ဘုရား တိတ်ဆိတ်ခြင်းအရှင်သခင်တို့ရှိသည်။ ၎င်းတို့အနက် ချီချင်းမော့၏ အဖွဲ့သည် ခွန်အားတွင် လွှမ်းမိုးနိုင်စွမ်းရှိသည်။ သို့သော် ပန်းနတ်ဘုရားတို့သည်မူ မိမိတို့နယ်မြေဖြစ်သည့်အလျောက် အသာစီးရထားသည်။

ဤသစ်ပင်လှောင်အိမ်က ၎င်းတို့ကို သစ်သားနတ်ဘုရားထံမှ အဆက်မပြတ် အသက်စွမ်းအင်များထောက်ပံ့ပေးနိုင်သည်။ သစ်ပင်လှောင်အိမ်ရှိနေသရွေ့ သေနိုင်မည်မဟုတ်ပေ။

၎င်းတို့၏ တစ်ခုတည်းသော တာဝန်မှာ ချီချင်းမော့၏ အဖွဲ့နှင့် ထိပ်တိုက်တွေ့၍ သစ်ပင်လှောင်အိမ်ကို ချိုးဖျက်ကာ ရေနတ်ဘုရားနှင့်တိုက်ခိုက်နေသော သစ်သားနတ်ဘုရားကို မနှောက်ယှက်စေရန် ထိန်းသိမ်းထားရန်ဖြစ်သည်။

...

တောင်ပိုင်းနယ်မြေ

ကွင်းပြင်ရှင်းလင်းပြီး ဆယ်မိနစ်နီးပါးကြာပြီးနောက် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် စစ်မြေပြင်ရှိ ဂြိုလ်သားအားလုံးကို တစ်ကောင်မျှမချိန်ဘဲ သတ်ပစ်ခဲ့သည်။ ၎င်းတို့အနက်မှ လင်းဇီချန်သည် ဂြိုလ်သားမျိုးနွယ်၏ မူလအစနှင့် မူလစွမ်းအားအများအပြားကို ဝါးမြိုခဲ့ကာ ဒဏ္ဍာရီ စတုတ္ထအဆင့်သို့ အောင်မြင်စွာပြောင်းလဲသွားခဲ့ကာ သူ၏ ခွန်အားသည် သိသိသာသာ တိုးလာခဲ့သည်။

"ဇီချန် ငါတို့ ဘယ်မြို့ကိုရှင်းကြမလဲ”

စစ်မြေပြင်၏ နောက်ဆုံးသော ဂြိုလ်သားကိုကိုင်တွယ်ဖြေရှင်းပြီးနောက် ရှန်ချင်းဟန်က လင်းဇီချန်ကိုမေးလိုက်သည်။

"မြို့အမှတ်၃၅ကိုသွားမယ်။ အဲ့မှာ သွေးမျိုးဆက်လမ်းကြောင်းက ရှန်ဟိုင်းမြို့ကို ချိတ်ထားတာ။ ရှန်ဟိုင်းမြို့နဲ့ချိတ်ထားတဲ့ မြို့တွေအားလုံးကိုရှင်းပြီးရင် နန်ကျန်းနဲ့ဆက်နေတဲ့ မြို့တွေကို ရှင်းပစ်မယ်”

ရှန်ချင်းဟန်က တိုက်တွန်းလိုက်၏။

"ဒါဆို အခုထွက်လိုက်ကြရအောင်။"

"ကောင်းပြီ။"

လင်းဇီချန်က သဘောတူပြီးနောက် ရှန်ချင်းဟန်၏ သွယ်လျသော ခါးကို ဖက်ကာ မြို့အမှတ် ၃၅သို့ အရှိန်အဟုန်ဖြင့်ပျံသန်းသွားခဲ့သည်။ စစ်မြေပြင်တွင် အသက်ရှင်ကျန်ရစ်သူများသည် အလွန်အံ့သြလျက်ရှိသည်။ ၎င်းတို့၏ အသည်းအသန်ဆုံးသောအခိုက်တန့်တွင် ၎င်းတို့အားလုံးသည် အလောင်းကောင်များပြည့်နှက်နေသော စစ်မြေပြင်မှ ၎င်းတို့အားကယ်တင်ရန်အတွက် ကမ္ဘာမြေကြီး၏ အစွမ်းထက်သော သတ္တဝါများအကြောင်း စိတ်ကူးယဉ်ခဲ့ကြသည်။

သို့သော် ငယ်ငယ်ရွယ်ရွယ်သာရှိသေးသော ချစ်သူစုံတွဲလေးသည် ၎င်းတို့ကို ကယ်ဆယ်ရန်ရောက်လာလိမ့်မည်ဟုမူ မမျှော်လင့်ထားမိပေ။

...

တစ်ဖက်တွင် နယ်မြေအမှတ် ၃၅ သို့သွားသောလမ်း၌

စက္ကန့်အနည်းငယ်အတွင်း လင်းဇီချန်သည် ရှန်ချင်းဟန်နှင့် အကွာအဝေး၏ သုံးပုံတစ်ပုံနီးပါးကို လွှမ်းခြုံထားပြီးဖြစ်သည်။

လင်းဇီချန်အရှိန်မြှင့်ခါနီးတွင်-

“ဝှစ်…”

စူးရှသော အသံသည် သူ့အပေါ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုအသံကိုကြားလိုက်ရသည့်အခိုက်တွင် ကြီးမားသောအကွဲအပြဲကြီးတစ်ခု လေထုထဲတွင် ထွက်ပေါ်လာကာ စိမ်းလန်းသောအပင်ပေါက်များ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထို့နောက် ထိုအက်ကွဲကြောင်းမှ ဧရာမသစ်ပင်ကြီးတစ်ပင်ထွက်ပေါ်လာကာ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ကို ဖုံးအုပ်ထားသောကြောင့် ကိုယ့်လက်ပင် ကိုယ်မမြင်နိုင်ကြတော့ပေ။

နေ-လ အထွတ်အမြတ်မြေ

ကောင်းကင်ယံမှ ဧရာမသစ်ပင်ကြီးကိုမြင်လိုက်ရသောအခါ လင်းဇီချန်၏ စိတ်ထဲတွင် ချက်ချင်းပင် ထိုစကားလုံးများပေါ်လာသည်။ လင်းဇီချန်က တစ်စက္ကန့်မျှပင် မတုံ့ဆိုင်းဘဲ ရှန်ချင်းဟန်နှင့်အတူ ထွက်ပြေးရန် သူ၏ သွေးစွမ်းအင်နှင့်ဝိဉာဥ်စွမ်းအင်ကို အသုံးပြု၍ အမြန်ဆုံးထွက်လာခဲ့သည်။ သူထွက်ပြေးသောလမ်းကြောင်းသည် အနီးဆုံးနေရာရှိ နယ်မြေအမှတ် ၃၆ကို တိုက်ရိုက်ဦးတည်ထားသည်။

သူသည် မူလမြေ၌ ကြာကြာမနေနိုင်တော့ဘဲ လင်းဇီချန်သည် ရှန်ချင်းဟန်ကို ကမ္ဘာမြေသို့ ပြန်ခေါ်သွားရမည်ဖြစ်သည်။ ကမ္ဘာတွင် ဂြိုလ်သားများကို နှိမ်နင်းနိုင်သောစွမ်းအင်တစ်မျိုးရှိသည်။ အရေးအကြီးဆုံးမှာ ကမ္ဘာပေါ်တွင် လူများပိုများခြင်းဖြစ်သည်။

ထိုနှိမ်နင်းနိုင်သောစွမ်းအင်၏ ဖိနှိပ်မှုနှင့် လူမှုတိရိစ္ဆာန်ဖြစ်ခြင်းမှ မြှင့်တင်မှုတို့ဖြင့် လင်းဇီချန်သည် ဂြိုလ်သားမျိုးနွယ်မှ ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူများကို တိုက်ခိုက်နိုင်မည် သို့မဟုတ် အနိုင်ယူနိုင်မည်ဖြစ်သည်။

“စွမ်းအားကြီးနဂါးတစ်ကောင်က ဒေသခံမြွေတစ်ကောင်ကို အနိုင်မယူနိုင်”ဟူသောစကားလုံးသည် လင်းဇီချန်အတွက် တိုက်ရိုက်မှန်ကန်သည်။

“ဝှစ်… ဝှစ်… ဝှစ်…”

လင်းဇီချန်က မြို့အမှတ် ၃၆ သို့ ပျံပြေးတော့မည့်အခိုက်တွင် များစွာသော ထူးဆန်းသည့်အသံများထွက်ပေါ်လာကာ နောက်တစ်စက္ကန့်တွင် သူနှင့် ရှန်ချင်းဟန်သည် အစိမ်းရောင်ဆူးပင်ပေါင်းများစွာဖြင့် မြုပ်သွားခဲ့သည်။

ထို့နောက် ၎င်းတို့နှစ်ဦးကို ကောင်းကင်ယံရှိ ဧရာမသစ်ပင်ကြီးရှေ့သို့ နွယ်ပင်များက အတင်းချုပ်နှောင်ခေါ်ဆောင်သွားသဖြင့် မလှုပ်နိုင်ကြတော့ပေ။

ကြီးမားလှသော မျက်လုံးတစ်စုံသည် ကောင်းကင်ယံမှ ဧရာမသစ်ပင်ကြီး၏ ပင်စည်ပေါ်မှ ထွက်ပေါ်လာကာ ရှေးကျ၍ ကမ္ဘာကိုငြီးငွေ့နေသော အသံမျိုးဖြင့် လူနှစ်ယောက်ကို စေ့စေ့ကြည့်နေသည်။

ဤကြီးမားလှသောမျက်လုံးများအောက်တွင် လင်းဇီချန်သည် ထိန်းမနိုင်သိမ်းမရ ထိတ်လန့်သွားသည်။

သူ့ရှေ့ကသစ်ပင်သည် ညဘုရင်ထက် အဆပေါင်း သန်းနှင့်ချီ၍ ပြင်းထန်သော ရောင်ဝါကို ခံစားနိုင်သည်။ ၎င်းသည် ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူတစ်ဦးမျှသာမဟုတ်ပေ။

သို့ထိတိုင် ဒဏ္ဍာရီအဆင့်ထက် သာလွန်သောဖြစ်တည်မှုတစ်ခုဖြစ်သည်။

သစ်သားနတ်ဘုရား…

သူ့မျက်စိရှေ့မှ ကောင်းကင်ထိ ထိုးထွက်နေသော ဧရာမသစ်ပင်ကြီးသည် နေလ-မြင့်မြတ်သောနယ်မြေ၏ ရှေးဦးသစ်သားနတ်ဘုရားဖြစ်သည်။ ၎င်းသည် မူလမြေ၌ ရှေးအကျဆုံး ဒြပ်စင်နတ်ဘုရားငါးပါးထဲမှ တစ်ပါးဖြစ်သည်။

ရေနတ်ဘုရားကဲ့သို့သော ဖြစ်တည်မှုဖြစ်သည်။

ယင်းကို သဘောပေါက်သောအခါ လင်းဇီချန်၏ နှလုံးသားက ချောက်ထဲကျသွားသည်။ ရေနတ်ဘုရားနန်းတော်မှ ရေနတ်ဘုရား၏ အစွမ်းသတ္တိကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ရေနတ်ဘုရားသည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးသော ရှေးဘိုးဘေးအဆင့် ညဘုရင်ကို အလွယ်တကူ သုတ်သင်နိုင်ခဲ့သည်။ ရေနတ်ဘုရားကဲ့သို့သော တူညီသော ခွန်အားကိုပိုင်ဆိုင်ထားသည့် သစ်သားနတ်ဘုရားသည် တူညီသောအဆင့်တွင်ရှိနေမည်မှာသေချာသည်။

လင်းဇီချန်က ထိုကဲ့သို့ တန်ခိုးကြီးသော တည်ရှိမှုမျိုးတွင် သူ့တွင် လွတ်မြောက်ရန် အခွင့်အလမ်း မရှိသည်ကို ကောင်းစွာသိသည်။ ယခုတွင်၊ သူသည် ဝိညာဉ်ပိုင်ဆိုင်ခြင်းအတွက် သူနှင့် ရှန်ချင်းဟန်၏အလောင်းများကို မမက်မောဘဲ နေနိုင်မည်ဟုသာ မျှော်လင့်နိုင်ခဲ့သည်။

"ရေနတ်ဘုရားရေ… ငါတို့ ကျန်းကျန်းမာမာ ပြန်တွေ့ကြပြီနော်”

သစ်သားနတ်ဘုရားက ရှန်ချင်းဟန်ကို လေးလေးနက်နက်ကြည့်၍ ပြောလိုက်သည်။ ရှန်ချင်းဟန်က တုံ့ပြန်ရန် အချိန်မရှိခင်တွင်…

“အဲ့တုန်းက မင်းက ဒြပ်စင်ငါးပါးပေါင်းစည်းဖို့ကို ပထမဆုံးကြိုးစားခဲ့တဲ့ သတ္ထုနတ်ဘုရားကို ဆန့်ကျင်ခဲ့တဲ့ ပထမဆုံးသူပဲ”

All Chapters