← Chapters

နှင်းမုန်တိုင်းထဲမှ စစ်သည်တစ်ထောင်

Vol. 6 Ch. 76

နှင်းမုန်တိုင်းထဲမှ စစ်သည်တစ်ထောင်

Vol. 6 Ch. 76

တစ်ချက်တည်း သတ်ဖြတ်ခြင်း။

ဒုတိယအကြိမ်မြောက် တစ်ချက်တည်းသတ်ဖြတ်ခြင်းဖြစ်သည်။

ဘုရင်အဆင့်ပြိုင်ဘက်နှင့်ရင်ဆိုင်ရစဥ်ကလည်း ကျိယွမ်သည်တစ်ချက်တည်းနှင့်သတ်ဖြတ်ပစ်ခဲ့သည်။

ယခုဧကရာဇ်အဆင့်ပြိုင်ဘက်နှင့် ရင်ဆိုင်ရသောအခါမှာလည်း ကျိယွမ်ကတစ်ချက်တည်းပင် သတ်ပစ်ပြန်၏။

သူသည် ကျောက်ပြားပေါ်မှ ဖင်တစ်ချက်ပင်မကြွခဲ့ပါ။

ယင်ကောင်မောင်းသလို ပေါ့ပေါ့ပါးပါး လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ဧကရာဇ်ခုနစ်ပါးတို့ တုန်းခနဲသေဆုံးသွားကြသည်။

ထိုအစွမ်းမျိုးက မည်သည့်အဆင့်ဖြစ်မည်နည်း။

ယွဲ့နုသည်မျက်နှာငယ်လေးဖြင့် ကြောက်လန့်နေသည်။

ထို့အတူ လန်ယွဲ့မှာလည်း အလွန်တုန်လှုပ်နေသည်။

ကျိယွမ်ကတော့ ဘာမှမဖြစ်ခဲ့သလိုပင်၊သူသူက သူ၏လက်တစ်ဖက်မှ ငါးဟင်းချိုတစ်ပန်းကန်ကို ပြန်ကြည့်လိုက်၏။

“မြန်မြန်သောက်တာ ကောင်းမယ်။ ဒီကို သွေးနံ့တွေလွင့်လာရင် မကောင်းတော့ဘူး”

ကျိယွမ်သည် ငါးဟင်းချိုကို အနံ့တစ်ချက်ခံလိုက်ပြီး ဖြည်းဖြည်းချင်းသောက်နေသည်။

“ကောင်းလိုက်တဲ့ အရသာ။ ညီမလေး ကျန်းလင်းစုရဲ့ ဝိညာဥ်ဟင်းချိုလောက်နီးပါးကို ကောင်းတယ်”

ကျိယွမ်က ချီးကျူးရင်းဟင်းချိုကိုအားရပါးရသောက်ပစ်သည်။

သူ၏ချီးကျူးစကားကို ကြားသောအခါ ယွဲ့နု၏မျက်နှာတွင် ချိုမြိန်သောအပြုံးတစ်ခု ပေါ်လာပြီး သူမ၏လခြမ်းသဏ္ဌာန် မျက်လုံးများက လပြည့်ဝန်းအဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော် သူမသည်တစ်စုံတစ်ခုကို သတိရလိုက်သလို သေဆုံးနေသောဧကရာဇ်ခုနှစ်ယောက်ဆီသို့ ကြည့်လိုက်သည်။

ထို့နောက် သူမကရုတ်တရက် ပြေးထွက်သွားကာ သေဆုံးနေသောဧကရာဇ်ခုနှစ်ယောက်ထံမှ ကျိယွမ်၏ဓားကိုပြန်ယူသည်။

ကျိယွမ်က သဘောကျသလို ပြုံးလိုက်ပြီး...။

“ပြန်ယူဖို့ မလိုဘူး။ ဓားကိုအဲ့ဒီမှာထားလိုက်။ ဘယ်သူပဲဖြစ်ဖြစ် ဒီဓားကိုကျော်ရင် အသတ်ခံရမယ်”

ကျိယွမ်က ထိုသို့ပြောပြီးနောက် သိုင်းလောက၏အထွတ်အထိပ်သိုင်းရာဇာတစ်ဦးလို ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

အပြင်လက်တွေ့ဘဝတွင်တော့ သူသည် စိတ်အားငယ်တတ်သူဖြစ်သည်။ မဟူရာတောင်တန်းဂိုဏ်းလိုဂိုဏ်းငယ်လေးကိုပင် ကြောက်လန့်နေကာ အိပ်မပျော်စားမဝင်ဖြစ်နေခဲ့ရသည်။

သို့သော်ဂိမ်းထဲမှာဆိုလျှင်တော့ သူသည် ရဲရင့်ပြတ်သားပြီး လုံးဝကိုပြိုင်ဘက်မရှိသောသူရဲကောင်းတစ်ဦးဖြစ်သည်။

ငါလိုကောင်ကိုများ မင်းတို့လိုဂိမ်းဇာတ်ကောင်လေးတွေက ရန်လာစနေသေးတယ်။ဟာသပဲ။

ကျိယွမ်၏ ဘာမထီသောရယ်သံက ကန်ရေပြင်ကိုဖြတ်ကျော်ကာ နေရာအနှံ့ပျံ့လွင့်သွားသည်။

သူ၏ပုံစံက တစ်လောကလုံးမှရန်သူများရောက်လာခဲ့လျှင်တောင် မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ပစ်မည့်အလားပင်။

“ဒီလူက ဓားနတ်ဘုရားပဲ”

မလှမ်းမကမ်းမှထိတ်လန့်နေသော လန်ယွဲ့က ကျိယွမ်အား လေးစားသော၊ကြောက်ရွံ့သောအကြည့်များဖြင့်ကြည့်နေမိသည်။

ထိုမြင်ကွင်းကို တစ်နေရာမှပုန်းအောင်း၍ လေ့လာနေသော မျက်နှာဖုံးနှင့်အမျိုးသမီးက တိုးတိုးလေးရေရွတ်မိသည်။

“မျက်နှာမဲ့ဓားနတ်ဘုရားက တားမြစ်နယ်မြေကနေ ထွက်ပေါ်လာတာပဲ ဖြစ်ရမယ်"

......................

မြို့တစ်ရာမဟာမိတ်အဖွဲ့တွင်ဖြစ်သည်။

ရာထူးမြင့်နေရာတွင်ထိုင်နေသော ခပ်ဝဝလူတစ်ယောက်၏ မျက်နှာတွင်အပြုံးများ ပြည့်နေသည်။

"ဂျူလိုင်ကန်မှာရှိတဲ့ ယွဲ့မျိုးနွယ်စုခွဲအကြောင်းကို ခင်ဗျားတို့ ဘယ်လိုထင်သလဲ”

ခန်းမထဲတွင် အထွတ်အထိပ်ဧကရာဇ်နှစ်ဆယ်ကျော်က ခန့်ညားစွာထိုင်နေကြသည်။

“ဘာကိုထင်ရမှာလဲ။ လက်တစ်ဖျစ်တည်းနဲ့ သူတို့ကို ဖျက်ဆီးပစ်လို့ရတယ်”

အထွတ်အထိပ်ဧကရာဇ်တစ်ယောက်က ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ဒီတောင်ပိုင်းအရိုင်းအစိုင်းတွေပဲ ကျန်တော့တယ်။ သူတို့ကို ဖျက်ဆီးလိုက်တာနဲ့ တောင်ပိုင်းနယ်မြေတစ်ခုလုံး ကျွန်မတို့ရဲ့ ပိုင်နက်ဖြစ်လာမှာပါ”

အမျိုးသမီးဧကရာဇ်တစ်ယောက် ပိုင်နိုင်သောလေသံဖြင့် ဖြည့်စွတ်ပေးသည်။

ပါးနပ်ပုံရသောလူအိုတစ်ယောက်ကတော့ သူရထားသော သတင်းကိုထုတ်ဖော်၏။

“ဂျူလိုင်ရေကန်ဘေးမှာ အင်မတန်အားကြီးတဲ့ အထွတ်အထိပ်ဧကရာဇ်တစ်ပါး ပေါ်လာတယ်လို့ ကြားမိတယ်။ ငါတို့ မဟာမိတ်အဖွဲ့ကဧကရာဇ်ခုနစ်ပါးကိုတောင် ဓားတစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့တယ်တဲ့။ငါတို့ ဒီကိစ္စကို ပေါ့ဆလို့ မရဘူး၊ငါတို့ဒီသတင်းကို......"

သူ၏စကားမဆုံးခင် တစ်စုံတစ်ယောက်က ဖြတ်ပြောလိုက်သည်။

“မျက်နှာမဲ့ဓားနတ်ဘုရားဆိုတဲ့သူက ဘယ်လောက်ပဲ အားကောင်းပါစေ၊ ငါတို့ ၂၅ ယောက်ကို တိုက်နိုင်မလား။ငါ့တို့ရဲ့ သံစွယ်စစ်သည်သုံးထောင်ကို တိုက်နိုင်ပါ့မလား”

အခြားတစ်ယောက်ကလည်း ထောက်ခံ၏။

“ဟုတ်တယ်။ ဒီကိစ္စလေးလောက်နဲ့ အနှောက်အယှက်ပေးစရာ မလိုဘူး။ သံစွယ်စစ်သည်သုံးထောင်အပြင် ငါတို့လည်းရှိနေတာကို မျက်နှာမဲ့ဓားနတ်ဘုရားကို ဘာလို့ မသတ်နိုင်ရမှာလဲ”

အားလုံးက ထပ်မံဆွေးနွေးပြီး နောက်ဆုံးတွင် ထိုအတိုင်းသဘောတူညီခဲ့ကြသည်။

သူတို့သည် အတွေ့အကြုံရှိသူများဖြစ်သောကြောင့် မျက်နှာမဲ့ဓားနတ်ဘုရား၏ခွန်အားကို နည်းနည်းရိပ်မိသည်။သူ့ကို ကြောက်ရွံ့ကြသော်လည်း အနက်ရောင်ဝတ်ရုံအစောင့်ဟုခေါ်သောအဖွဲ့ကို အဆများစွာပို၍ ကြောက်ရွံ့ကြသည်။

အနက်ရောင်ဝတ်ရုံအစောင့်များပေါ်လာပါက သူတို့၏ရန်သူများသာမက သူတို့ကိုယ်တိုင်ပါ သေဆုံးနိုင်သည်။

သူတို့သည် အနက်ရောင်ဝတ်ရုံအစောင့်များအတွက် အစာမျှသာဖြစ်ကြသည်။၄င်းတို့၏ရှေ့တွင် အသက်အားလုံးသည် တန်းတူဖြစ်သည်။သူတို့ကိုယ်တိုင်ပင် အသားအရေများ စုပ်ယူခံရနိုင်ပြီး လူ့အရေခွံမျှသာကျန်ခဲ့သည့်ဘဝမျိုးရောက်သွားနိုင်သည်။

ထို့ကြောင့် အခြေအနေအလွန်ဆိုးရွားမှသာလျှင် အနက်ရောင်ဝတ်ရုံအစောင့်များ၏ အကူအညီကို တောင်းခံရန်ဆုံးဖြတ်ထားကြခြင်းပင်။

“ဒါဆိုရင် ဆုံးဖြတ်လိုက်ပြီ။ ဆယ်ရက်အတွင်းမှာပဲ ငါတို့လှုပ်ရှားမယ်။ သံစွယ်စစ်သည်သုံးထောင်က ယွဲ့မျိုးနွယ်စုကို ချေမှုန်းပြီး သူတို့ရဲ့သန့်စင်တဲ့မယ်တော်နှစ်ပါးကို ဖမ်းဆီးပြီးကောင်းကင်ဘုံကို ပူဇော်ပသကြမယ်”

ခပ်ဝဝလူက ဆုံးဖြတ်ချက်ချလိုက်သည်။

...........

ဧကရာဇ်အဆင့်ခုနစ်ယောက်ကို သတ်ပြီးသည့်နောက် မြို့တစ်ရာမဟာမိတ်သည် ထပ်မံ၍ လှုပ်ရှားခြင်းမရှိပေ။

ကျိယွမ်သည် ဂျူလိုင်ရေကန်ဘေးတွင်ရှိ သောကျောက်ပြားပေါ်တွင် နေ့တိုင်း ထိုင်နေသည်။

မိန်းကလေးငယ်ယွဲ့နုကလည်း သူ့ဘေးတွင် တိတ်ဆိတ်စွာထိုင်နေပြီး နှင်းများတဖွဲဖွဲကျနေသောရေကန်ကို ကြည့်နေသည်။

လူကြီးတစ်ယောက်နှင့်ကလေးတစ်ယောက်တို့သည် နှင်းပန်းပုရုပ်တုနှစ်ရုပ်ကဲ့သို့ လှုပ်ရှားမှုကင်းမဲ့‌နေ၏။

ယခုအချိန်မှာတော့ ကျိယွမ်၏အနီးတွင်ထိုင်ရသည်ကို နွေးထွေးသည်ဟု ကလေးမလေးက ခံစားရသည်။နှင်းများကြနေသော်လည်း သူမရင်ထဲတွင် မအေးစက်တော့ပါ။

ထိုအချိန်မှာပင် သူတို့နှစ်ဦးအနီးသို့ မိန်းမပျိုတစ်ယောက် ရောက်လာခဲ့သည်။

လန်ယွဲ့က မြို့တစ်ရာမဟာမိတ်၏သတင်းကို ကျိယွမ်အားအသိပေးရန်လာခြင်းပင်။

"ဆရာနဲ့သူတော်စင်မယ်လေးတို့ ဒီနေရာကရှောင်နေသင့်တယ်လို့ထင်ပါတယ်။မြို့တစ်ရာမဟာမိတ်ရဲ့အင်အားက ကျွန်မတို့ရဲ့လက်ရှိအခြေအနေနဲ့ ခုခံနိုင်ဖို့မလွယ်ပါဘူး"

ကျိယွမ်ကလန်ယွဲ့အား အရေးမကြီးသလိုကြည့်ကာ အဖြေပေးလိုက်သည်။

"နှင်းကျတာကြည့်ရတာ ပျော်ဖို့ကောင်းတယ် ၊ငါတို့ ဒီမှာပဲနေမယ်"

လန်ယွဲ့ကထပ်မံမတိုက်တွန်းတော့ပါ။သူမက ဝမ်းနည်းသောအမူအယာနှင့် သူတို့နှစ်ဦးအား ကြည့်လိုက်သည်။

"တကယ်လို့ ရှင်သူတို့ကိုမဖြေရှင်းနိုင်ဘူးဆိုရင်တော့ ကျွန်မတို့ကိုထားခဲ့ပြီး ထွက်သွားလို့ရပါတယ်"

ကျိယွမ်က ခေါင်းညိတ်လိုက်သည်။

"စိတ်မပူပါနဲ့၊တကယ်လို့အရမ်းခက်ခဲလာရင်တော့ ငါချက်ချင်းသေချင်ယောင်ဆောင်လိုက်ပါ့မယ်"

လန်ယွဲ့သည် ကျိယွမ်အားနားမလည်သလို ကြည့်မိ၏။သို့သော်စကားထပ်မဆိုတော့ဘဲ ထွက်ခွာသွား၏။

လန်ယွဲ့ထွက်ခွာသွားပြီး မကြာခင်တွင် မျက်နှာဖုံးနှင့်အမျိုးသမီးရောက်လာခဲ့သည်။

သူမကဒူးထောက်ပြီး ကျိယွမ်ကိုအရိုအသေပြုလိုက်၏။

ကျိယွမ်က ဒြပ်စင်ငါးပါးတားမြစ်နယ်မြေမှ မိတ်ဆွေဟောင်းများ၏ မှတ်ဉာဏ်များကို သတိရသွားသည်။

သူကကန်ရေပြင်ကို ကြည့်ရင်းမှ အမျိုးသမီးအား အသိပေးသည်။

"နှစ်သုံးရာအတွင်းမှာ နတ်ဆိုးသတ်ပွဲ အစည်းအဝေးစတင်မယ်။ ကြားထဲမှာဘာမှမဖြစ်ဘူးဆိုရင် ပြင်ပနတ်ဆိုးတွေကို ငါတို့ရှင်းလင်းနိုင်မှာပါ”

မျက်နှာဖုံးနှင့်အမျိုးသမီးမှာ မျက်ရည်များကျဆင်းလာပြီး တသိမ့်သိမ့်ရှိုက်ငိုကာ ထွက်ခွာသွားလေသည်။

ထို့နောက် ရေကန်ဘေးတွင် ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားပြန်၏။

ဤသို့ဖြင့်နောက်ရက်များတွင်လည်း နှင်းများဆက်တိုက်ကျနေသဖြင့် ကန်အနီးတွင် နှင်းထုက ပိုထူလာသည်။

တစ်ခုသောညနေဘက်တွင် ယွဲ့နုသည်အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ပြီး ပန်းကန်တစ်လုံးကို သယ်လာ၏။သူမ၏မျက်နှာလေးသည် နီရဲနေပြီး အအေးဒဏ်ကြောင့် သူမ အသက်ရှူရာမှထွက်လာသော အငွေ့များကိုပင် အဝေးမှမြင်နေရသည်။

ကျိယွမ်၏ နှာခေါင်းက တရှုံ့ရှုံ့ဖြစ်သွားပြီး “ဒီတစ်ခါ ငါးဟင်းချိုမဟုတ်ဘူး၊ အသစ်တစ်ခုခုလား” ဟု စပ်စုလိုက်၏။

ယွဲ့နုက ပန်းကန်ကို ဖွင့်လိုက်သောအခါ မွှေးကြိုင်သော ရနံ့ထွက်လာသည်။

ကျိယွမ်က အံ့သြသွားသည်။

ထို့နောက် သိသိသာသာပြုံးလေသည်။

"ဘဲသားအချိုကြော် ၊ဟားဟား ဟားဟား ၊နောက်ဆုံးတော့ စားရပြီပေါ့"

ထိုစဥ်က သူအမှတ်တမဲ့ပြောလိုက်သည်ကို သူတော်စင်မယ်လေးက သေသေချာချာမှတ်သားထားခြင်းပင်။

ကျိယွမ်က ပန်းကန်အားယူကာ အရသာခံပြီး အေးအေးဆေးဆေးစားကြည့်သည်။

သူကကောင်းလွန်း၍ ခေါင်းတညိတ်ညိတ်ဖြစ်သွားရသည်။

“နင်လေးက ဟင်းချက်တော်တော်ကောင်းတာပဲ။ NPC ဖြစ်နေတာ ဆိုးတယ်။ မဟုတ်ရင်ညည်းကို ကျိစယ်တောင်ထွတ်ကိုခေါ်ပြီး ကိုယ်ပိုင်စားဖိုမှူးခန့်ထားရမှာ”

ယွဲ့နု၏နုနယ်သောမျက်နှာတွင် ရှုပ်ထွေးသော အမူအရာပေါ်လာသည်။သူမက ကျိယွမ်၏စကားများကို နားမလည်နိုင်ပါ။

ကျိယွမ်က ရုတ်တရက်တစ်ခုခုတွေးမိကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“နင်ကငါ့ကိုအခြားNPC တွေလို မစ်ရှင်ပေးဖို့အတွက်များ ဟင်းတွေချက်ကျွေးနေတာလား။ လာပါအုံး။ ငါ့ကို ပြောပြ ။ နင့်ရဲ့ရည်ရွယ်ချက်က ဘာလဲ”

ယွဲ့နု၏ မျက်နှာတွင် ထိတ်လန့်မှုတစ်စွန်းတစ်စ ပေါ်လာသော်လည်း ချက်ချင်းပျောက်ကွယ်သွားသည်။

သူမသည် ကျိယွမ်၏ အဝတ်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး တိုးတိုးလေးပြောသည်။

“ကျွန်မ မသေချင်ဘူး”

ကျိယွမ်သည် သူမကိုငုံ့ကြည့်ကာ ချစ်စနိုးဖြင့် ခေါင်းကိုပွတ်ပေးလိုက်၏။

ယခုဂိမ်းက ကလေးရုပ်များဆွဲရာတွင် တော်တော်လေးသဝကျသည်ဟုလည်း တွေးမိ၏။ကလေးများ၏ကာရိုက်တာကို ပြည့်ဝစွာပုံဖော်နိုင်သည်။သို့သော် စီးချောင်သစ်ပင်ကြီးပေါ်မှ အလောင်းများလိုအိုဗာဖြစ်အောင်ရေးဆွဲထားခြင်းကတော့ အနည်းငယ် တောဆန်သလိုပင်။

သူက သူတော်စင်မယ်လေးအား ကြည့်ရင်းမှ ပုရောဟိတ်ဂျူလိုင်ကို သတိရသွားသည်။

ယွဲ့ဟွမ်မျိုးနွယ်စုတွင် သူတော်စင်မယ်နှစ်ပါးရှိကြောင်း ယခုရက်ပိုင်းတွင် သူကြားသိခဲ့သည်။

တစ်ယောက်က ပုရောဟိတ်ဂျုလိူင်နှင့်အတူ ထွက်သွားပြီး ဘယ်ကိုရောက်နေမှန်းတော့ သူမသိပေ။စိတ်လည်းမဝင်စားသဖြင့် မမေးမိပါ။

သူတော်စင်မယ်တစ်ယောက်ဖြစ်သည့် ယွဲ့နုလေးကတော့ သူ့ဘေးတွင်ကျန်နေခဲ့သည်။

ကျိယွမ်က ယွဲ့နုအား ကြည့်ကာတစ်ချက်တွေးမိ၏။

သူမကို မျိုးနွယ်ကစွန့်ပစ်ခဲ့သည်များလား။

ကျိယွမ်က ယွဲ့နုကိုပြုံးပြလိုက်သည်။

"ငါကနင့်ကို တစ်လလောက်ပဲ ကာကွယ်ပေးနိူင်မှာ"

သို့မဟုတ် တစ်လမပြည့်ခင်မှာပင် သူသည်ပြင်ပနတ်ဆိုးများကို ရင်ဆိုင်ရန်ထွက်ခွာချင်ထွက်ခွာသွားရနိုင်သည်။

ယွဲ့နုကကျိယွမ်ကို မော့ကြည့်၏။သူမ၏ လခြမ်းကွေးလေးများပေါ်နေသော မျက်လုံးလေးများတွင် အားငယ်စိတ်နှင့်ကြောက်ရွံ့များ ခိုတွဲနေရှာသည်။

“နင်မသေချင်ဘူးဆိုရင် ပိုသန်မာလာအောင်လုပ်ရမယ်။ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်။ ဒီမှာနေတုန်း တစ်ခါတစ်ရံ ငါ လမ်းညွှန်ပေးမယ်။ဘယ်လောက်အထိ သင်ယူနိုင်မလဲဆိုတာကတော့ နင်ရဲ့ ကံကြမ္မာပဲ”

ညို့မှိုင်းနေသောယွဲ့နု၏ မျက်နှာလေးသည် ပျော်ရွှင်မှုကြောင့် အရောင်တောက်သွားသည်။

သူမက ပျော်ရွှင်စွာဖြင့် ခေါင်းကို အားရပါးရ ညိတ်ပြသည်။

ကျိယွမ်က ပြုံးလိုက်သည်။

“လူကြီးတွေကိုလေးစားပေမဲ့ လူငယ်တွေကို မချစ်တာကိုတော့ ငါလက်မခံနိုင်ဘူး။ ပြင်ပနတ်ဆိုးတွေ၊ မင်းတို့မှားနေပြီ"

ဤသို့ဖြင့် ဆယ်ရက်သည်မြန်မြန်ကုန်ဆုံးသွားခဲ့သည်။

နှင်းများက ကျဆင်းမြဲဖြစ်ပြီး ပိုမိုထူထဲလာ၏။

ရှေးဟောင်းစီးချောင်သစ်ပင်ကြီးမှာပင် နေရာလပ်မရှိအဖြူရောင်များ ဖုံးလွှမ်းနေလေပြီ။

ဂျူလိုင်ရေကန်ပေါ်တွင်လည်း ရေများအေးခဲကာ ထူထဲသောရေခဲပြင်ဖြစ်ပေါ်နေသည်။

ကျိယွမ်သည် ရေကန်ဘေးတွင် တစ်ယောက်တည်း ထိုင်လျှက်ရှိသည်။

ထိုအချိန်တွင် ရုတ်တရက် မြေပြင်သည် တစ်ချက်ချင်း တုန်ခါလာ၏။

ကျိယွမ်၏ မျက်ခုံးများတွန့်ချိုးသွားသည်။

ဒိန်းခနဲ ဒိန်းခနဲ တုန်ခါနေသောမြေပြင်ဆီမှ မြည်ဟီးသံသည် လေးလံသောဗုံသံများကဲ့သို့ ကြားရသူများ၏နှလုံးသားများကိုပါ တုန်ခါစေသည်။

တုန်ခါမှုကြောင့် ကန်ရေပြင်ပေါ်မှခဲနေသောရေခဲပြင်များပင် တဖျင်းဖျင်းမြည်ကာ အက်ကွဲရာများဖြစ်ပေါ်ကုန်၏။

သစ်ကိုင်းများပေါ်မှ ဆီးနှင်းခဲများ တဖြောဖြောကြွေကျသည်။

ယွဲ့နုလေးက စိုးရိမ်ထိတ်လန့်စွာဖြင့် သစ်သားအိမ်လေးထဲမှ ပြေးထွက်လာလေသည်။သူမ၏မျက်ဝန်းများထဲ၌ ကြောက်လန့်တုန်လှုပ်ခြင်းများကို အတိုင်းသားမြင်နိုင်သည်။

ကျိယွမ်က သူမအားနွေးထွေးစွာပြုံးပြလိုက်သည်။

သူက အသံလာရာဘက်သို့ ကြည့်လိုက်သောအခါ လမ်းကြောင်းတစ်လျှောက် နှင်းပွင့်များက ဖုန်မှုန့်များလိုတဖွဲဖွဲလွင့်ပျံတက်နေသည်ကို မြင်ရသည်။ဖုန်မှုန့်များဆိုလျှင်တော့ ဖုန်တထောင်းထောင်းထနေသည်ဟု ပြောနိုင်၏။ယခုတော့ နှင်းပွင့်များတထောင်းထောင်းထနေခြင်းပင်။

နှင့်ပွင့်များ၏နောက်ကွယ်တွင် ထွားကျိုင်းသော လူရုပ်ကြီးများက ကျယ်လောင်စွာ အော်ဟစ်နေကြသည်။

ရှည်လျားသောအရပ်များရှိပြီး သံချပ်ဝတ်စုံများဝတ်ထားသော သံစွယ်စစ်သည်သုံးထောင်သည် ဂျူလိုင်ရေကန်ဆီသို့ စစ်ရေးပြသလို ညီညာစွာချီတက်လာကြသည်။

ဒေသခံများဆိုလျှင်တော့ ထိုတပ်ဖွဲ့ကမြို့တရာမဟာမိတ်၏ သံစွယ်စစ်သည်များဆိုသည်ကို မပြောဘဲနှင့်သိနိုင်၏။

သူတို့ထဲမှ အားကောင်းသူများကခန်းစီးပါသော ကြီးမားသည့်ထမ်းစင်ကြီးနှစ်ဆယ်ကျော်ကို သယ်ဆောင်ထားသည်။

ထမ်းစင်တစ်လုံးစီတွင် အထွတ်အထိပ်ဧကရာဇ်တစ်ပါးစီက အခန့်သားလိုက်ပါလာ၏။

ဧကရာဇ်များသည် ထမ်းစင်ပေါ်တွင် အပူအပင်ကင်းမဲ့စွာလှဲလျောင်းလျှက်လိုက်ပါလာခြင်းဖြစ်သည်။

သာယာသောဂျူလိုင်ရေကန်နံဘေးတွင် တစ်ခဏအတွင်းစစ်သည်များဖြင့် ပြည့်နှက်သွား၏။

ခပ်ဝဝလူက သတိပေးလိုက်သည်။

"သူတို့ကိုလျှော့မတွက်နဲ့ ၊အတူတူတိုက်ကြ"

"မစိုးရိမ်ပါနဲ့ ဧကရာဇ်။ ပေါ့ဆတတ်ရင် ကျွန်တော်တို့ဘယ်လိုလုပ်ပြီးဒီလောက်အထိ အသက်ရှည်မလဲ"

"သူတော်စင်မယ်ကို ကောင်းကင်ဘုံဆီပူဇော်လိုက်ရင် ကျွန်တော်တို့ကို ၁၀ နှစ်လောက်တော့ ငြိမ်းချမ်းမှုပေးသင့်တယ်ထင်တယ်"

"ဒါနဲ့ သူတော်စင်မယ်တစ်ယောက်ရော ၊ဒီမှာတစ်ယောက်ပဲ ရှိတယ်"

"ဒီတစ်ယောက်ကိုအရင်ဖမ်းကြ ပြီးမှနောက်တစ်ယောက်ကို စဥ်းစားကြတာပေါ့"

ထမ်းစင်များပေါ်မှ အထွတ်အထိပ်ဧကရာဇ်များသည် အေးအေးဆေးဆေးစကားပြောရင်း ယွဲ့နု၏ကံကြမ္မာကို ခိုင်မာစွာဆုံးဖြတ်နေကြသည်။

ယခုအချိန်ထိ ကျိယွမ်သည်ကျောက်ပြားပေါ်တွင် မလှုပ်မယှက်ထိုင်နေဆဲဖြစ်သည်။

သူက ယွဲ့နုလေးကိုနုညံ့စွာကြည့်လိုက်ပြီး နွေးထွေးစွာမေးလိုက်၏။

“ကြောက်နေလား”

ယွဲ့နုက ဧရာမစစ်တပ်ကြီးကိုတစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါပြသည်။

“သွား၊ ငါ့ဓားကို ပြန်ယူပြီး ရင်ခွင်ထဲမှာ ပွေ့ထားလိုက်”

ကျိယွမ်က သူ၏ဓားဆီသို့ မေးဆက်ပြလိုက်သည်။

ယွဲ့နု၏မျက်လုံးများက သူတို့ဆီသို့ချီတက်လာနေသော ကြောက်မက်ဖွယ်စစ်တပ်ကြီးကိုတစ်လှည့် ၊ ကျိယွမ်၏ဓားကိုတစ်လှည့်ကြည့်၏။

ထို့နောက်သူမက ခိုင်မာစွာဆုံးဖြတ်လိုက်ပြီး ကျိယွမ်၏ဓားဆီသို့ လျှောက်သွားသည်။

ကြီးမားသောသံစွယ်စစ်တပ်သည် သူတို့နှစ်ယောက်ဆီသို့ ဦးတည်ကာ ညီညာစွာချီတက်လာနေသည်။

သူတော်စင်မလေး၏ သေးငယ်သောခန္ဓာကိုယ်ငယ်လေးသည် မီတာတစ်ရာအကွာအဝေးမှ ဓားဆီသို့ ဦးတည်နေ၏။

သူမသည် လေနှင့်နှင်းများကိုအံတုကာ တစ်ယောက်တည်းလျှောက်လှမ်းနေပြီး သူမလာရာလမ်းတစ်လျှောက်တွင် ညီညာသောခြေရာလေးများကို ချန်ထားသည်။

သူမကလုံးဝတည်ငြိမ်စွာ လျောက်လာနေခြင်းပင်တည်း။

ထမ်းစင်တစ်ခုပေါ်မှ ဧကရာဇ်အဆင့် အမျိုးသမီးတစ်ယောက်က လှောင်ပြောင်သောအပြုံးဖြင့် ရေရွတ်လိုက်သည်။

“သူက ဘာလုပ်နေတာလဲ၊ သေမင်းကိုရှာနေတာလား”

ခပ်ဝဝလူက မှတ်ချက်ချသည်။

"ကောင်းကင်ကဘယ်လောက်မြင့်ပြီး မြေကြီးကဘယ်လောက်ထူတယ်ဆိုတာ မသိတဲ့ကလေးတစ်ယောက်ပဲ"

အနက်ရောင်ဝတ်ရုံစောင့်များပေါ်လာပြီးနောက် သူတို့လိုဧကရာဇ်အဆင့်များကသာလျှင် ဤလောက၌အားအကောင်းဆုံးသူများဖြစ်သည်။

ပို၍အဆင့်မြင့်သောသူမှန်သမျှကိုကောင်းကင်မှသွေးစုပ်ငါးမြှားကြိုးများ၏ စုပ်ယူခြင်းကိုခံရကာ အရေခွံမျှသာကျန်ရစ်ခဲ့ပေလိမ့်မည်။

ထို့ကြောင့် သူတို့လိုအထွတ်အထိပ်ဧကရာဇ် ၂၅ပါးနှင့် သံစွယ်စစ်သည်သုံးထောင်သည် မည်သည့်အရာကိုမှ ကြောက်စရာမလိုပေ။

နှင်းများကဆက်လက်ကျဆင်းနေပြီး ပို၍ထူထဲပြီး နက်ရှိုင်းလာသည်။

ယွဲ့နုသည် မြေပြင်တွင်စိုက်ထားသော ဓားဆီသို့ရောက်သွားပြီး သူမ၏လက်ဖြူဖြူလေးဖြင့် ဓားကိုအားစိုက်ပြီး ဆွဲထုတ်လိုက်သည်။

သူမသည် သူမ၏အရပ်ထက်ပင်ပိုရှည်သော ဓားကိုရင်ခွင်ထဲတွင်ပွေ့ထားပြီး လှုပ်ရှားလိုက်ရာ ဓားထိပ်ဖျားသည်နှင်းများပေါ်တွင် ရှည်လျားသော အမှတ်အသားတစ်ခု ချန်ထားခဲ့သည်။

ဓားက အလွန်လေးလံသော်လည်း ယွဲ့နုသည်လွှတ်မချခဲ့ပါ။

သူမ၏ရင်ခွင်ထဲတွင် သူမထက်ပိုရှည်သော ဓားကိုပွေ့ထားပြီး ချီတက်လာသော သံစွယ်စစ်သည်များဆီသို့ မျက်နှာမူလိုက်သည်။

သူမ၏ မျက်လုံးများတွင် ခိုင်မာသော ဆုံးဖြတ်ချက်များ ပြည့်နေပြီး ကြောက်ရွံ့သောအရိပ်အယောင် တစ်စက်ကလေးပင်မမြင်ရပါ။

မြေကြီး၏ တုန်ခါမှုသည် ပိုမိုအားကောင်းလာသည်။သူမ၏ ပတ်ပတ်လည်တွင်ရှိသောနှင်းများသည် တုန်ခါလာပြီး သစ်ပင်များပေါ်မှ နှင်းပွင့်များက ပို၍များပြားစွာကြွေကျလာသည်။

ယွဲ့နုက ရှည်လျားသောဓားကို အားထည့်ကာ ပွေ့လျှက် အော်ဟစ်လိုက်၏။

“ဒီဓားကို ကျော်တဲ့သူမှန်သမျှ အကုန်အသတ်ခံရမယ်"

သူမ၏အော်အသံသည် သံစွယ်စစ်သည်သုံးထောင်၏ချီတက်သံကြားတွင် အရာမထင်ဘဲပျောက်ကွယ်သွားသည်။

သို့သော် အထွတ်အထိပ်ဧကရာဇ်များနှင့် အခြားဧကရာဇ်များသည် သူမ၏အော်သံကို ကောင်းစွာကြားလိုက်ကြလေသည်။

ပထမတွင် ထူးဆန်းသလိုဖြစ်သွားသော်လည်း သဘောပေါက်သွားသောအခါ တဟားဟားအော်ရယ်ကြတော့သည်။

ခပ်ဝဝလူက ရေရွတ်လိုက်၏။

“ကောင်းကင်ဘုံအဆင့်ကတောင် ငါတို့ကိုဒီစကားမျိုး မပြောရဲဘူး”

“မျက်နှာမဲ့က အကြောက်လွန်ပြီး သူတော်စင်မယ်ကို လှည့်စားလိုက်တာ ဖြစ်ရမယ်"

“သူတော်စင်မယ်တစ်ယောက်က လွယ်လွယ်နဲ့အလှည့်စားခံရတာ ရယ်စရာပဲ'

ဧကရာဇ်အဖွဲ့က ပို၍ကျယ်လောင်စွာ ရယ်မောကြသည်။

ထိုနေရာ၏အဝေးမှ ပိုးစာပင်ပေါ်တွင် ရပ်နေသောလန်ယွဲ့သည် ထိုမြင်ကွင်းကြောင့် သူမ၏မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။

“သူတော်စင်မယ် ၊ကျွန်မ တောင်းပန်ပါတယ်”

သူမက ဝမ်းနည်းစွာဖြင့် တောင်းပန်လိုက်၏။

မျက်နှာမဲ့ဓားသမားသည် ကြီးမားသောရန်သူအင်အားကြောင့် သတ္တိများပျောက်ဆုံးသွားပုံရသည်။သူတော်စင်မယ်ကိုပင် လှည့်စားခဲ့လေပြီ။

သူမဝမ်းနည်းစွာကြည့်နေစဥ်မှာပင် ကျယ်လောင်သောအမိန့်ပေးသံတစ်ခုက အားလုံးကိုဖုံးလွှမ်းကာ ထွက်ပေါ်လာ၏။

"သံစွယ်စစ်သည်များ ၊ တိုက်ကြ"

အမိန့်သံအဆုံး၌ သံစွယ်စစ်သည်သုံးထောင်သည် ဧရာမဆင်ကြီးများကဲ့သို့ အင်အားကြီးမားစွာ တဟုန်ထိုးတိုက်ခိုက်ကြသည်။

ဓားကိုင်ထားသောယွဲ့နုသည် သူမ၏အရပ်ဆယ်ပြန်စာမက မြင့်တတ်သွားသောနှင်းများကြားတွင် အမြင်အာရုံဝေးဝါးသွားကာ ဘာမှမမြင်ရတော့သော်လည်း ရပ်နေမြဲ အတိုင်းရပ်နေသည်။

“ဒီဓားကိုဖြတ်ကျော်တဲ့သူမှန်သမျှကို သတ်ပစ်မယ်"

သူမ၏ရဲရင့်သောအသံအဆုံးတွင် ရင်ခွင်ထဲမှဓားသည် ရုတ်တရက် ဓားအိမ်ထဲမှထွက်သွားသည်။

တပြိုင်နက်တည်းမှာပင် သွေးနီရောင်သတ်ဖြတ်လိုစိတ်သည် ဂျူလိုင်ရေကန်တခွင်သို့ ချက်ချင်းဆိုသလိုဖုံးလွှမ်းသွား၏။

သွေးရောင်သတ်ဖြတ်ခြင်းအော်ရာများက နတ်ဆိုးကြီးတစ်ပါး၏စွမ်းအင်ကဲ့သို့ တရိပ်ရိပ်ကြီးမားလာပြီး တဖွားဖွားလွင့်ပျံနေသော နှင်းများကိုပင် အနီရောင်သမ်းစေသည်။

အိမ်ထဲမှထွက်လာဓားသည် သွေးရောင်နဂါးတစ်ကောင်အလားလူးလွန့်ကာ သံစွယ်စစ်သည်သုံးထောင်၏ အလယ်တည့်တည့်သို့ ကြမ်းတမ်းစွာပျံသန်းဝင်ရောက်သွားတော့သည်။

တရှိန်ထိုးပြေးလာနေသော သံစွယ်စစ်သည်များက အနီရောင်အရိပ်တစ်ခုကိုမြင်လိုက်ရသလိုလိုဟု ထင်မိစဥ်မှာပင် ၄င်းတို့၏ခန္ဓာကိုယ်များမှာ ငှက်ပျောပင်များလို အပိုင်းခံလိုက်ရသည်။

တည့်တည့်အတိုက်ခံရသော သံစွယ်စစ်သည်များဆိုလျှင် အရိုးများပါကွဲအက်ကုန်ပြီး ကိုယ်တွင်းအင်္ဂါများက တစ်ခုမကျန်အပိုင်းပိုင်းပြတ်၏။

အချို့မှာ ခန္ဓာကိုယ်အပေါ်ပိုင်းများက လေထဲသို့လွှင့်စင်ကုန်ပြီး အောက်ပိုင်းများက နှင်းမြေပြင်တွင် မတ်တပ်ကြီးကျန်ခဲ့သည်။

“အား..."

“မဖြစ်နိုင်ဘူး”

“နတ်ဆိုး"

အင်အားကြီးမားသော သံစွယ်စစ်သည်သုံးထောင်သည် သွေးနီးရောင်အလင်းလေးတစ်ချက်လက်ရုံဖြင့် ချက်ချင်းပင် ဖျက်ဆီးခံရသည်။

ကျန်နေခဲ့သောသံစွယ်စစ်သည်များက ထိတ်လန့်ခြင်းပြင်းစွာဖြင့် ခြေဦးတည့်ရာအရပ်မျိုးစုံသို့ အော်ဟစ်ကာအလုအယက် ထွက်ပြေးကြသည်။

တစ်ချိန်က အင်အားကြီးမားပြီး ခမ်းနားသောစစ်တပ်သည် ၎င်း၏ခမ်းနားမှုအားလုံးကို ဆုံးရှုံးသွားသည်။

သို့သော် ဓားသည်ရပ်တန့်မသွားဘဲ သွေးရောင်နဂါးကဲ့သို့ ဆက်လက်ပျံသန်းနေပြီးဓားတစ်ချက်လှုပ်တိုင်း အသက်ပေါင်းများစွာကို သုတ်သင်သည်။

အသက်ရှူချိန်အနည်းငယ်အတွင်း သံစွယ်စစ်သည်သုံးထောင်စလုံး သုတ်သင်ခံရသည်။

ဂျူလိုင်ရေကန်နံဘေးမှ ကျောက်ပြားပေါ်တွင်ထိုင်နေသော မျက်နှာမဲ့ဓားသမားသည် စစ်မြေပြင်ကို တစ်ချက်ကလေးပင်လှည့်မကြည့်ခဲ့ပါ။

“ဒါကတော့ ဒီရက်ပိုင်းအတွင်း ငါဖန်တီးထားတဲ့ တောက်ပသောဓားရဲ့ဂိမ်းဗားရှင်းပဲ။ နင်ဘယ်လောက်အထိ သင်ယူနိုင်ခဲ့လဲ”

ယွဲ့နု၏ မျက်လုံးများ နီရဲလာသည်။

“ကျွန်မ ရာခိုင်နှုန်းသုံးဆယ်လောက် သင်ယူနိုင်ခဲ့ပါတယ်”

ထိုအချိန်တွင် ထမ်းစင်ပေါ်မှ အထွတ်အထိပ်ဧကရာဇ် ၂၅ ပါးလုံးသည် ထိတ်လန့်ကြောက်ရွံ့ကာ စကားများပင်ပြောရန်မေ့နေခဲ့ကြသည်။တုန်လှုပ်ခြောက်ခြားသောမျက်နှာများဖြင့် ကြောင်ငေးနေကြသည်။

ဤကမ္ဘာတွင် ထိုကဲ့သို့အင်အားကြီးသော သတ္တဝါမျိုး မည်သို့ရှိနိုင်မည်နည်း။

ထိုကဲ့သို့သော ဓားတစ်ချောင်းကရော မည်သို့ ရှိနိုင်မည်နည်း။

သွေးရောင်ဓားတစ်ချောင်းတည်းနှင့် သံစွယ်စစ်သည်သုံးထောင်ကို လျှပ်တပြတ်အတွင်းသုတ်သင်ပစ်ခဲ့သည်။တုန့်ပြန်ရန်မဆိုထားနှင့် ပြင်ဆင်ချိန်ပင်မရခဲ့ပါ။

ကျိယွမ်သည် ယွဲ့နု၏ စကားများကို ကြားသောအခါ ကျေနပ်သော အမူအရာ ပေါ်လာသည်။

“မဆိုးဘူး။ နင့်ရဲ့ အရည်အချင်းက တော်တော်ကောင်းတာပဲ။ NPC တွေထဲမှာတော့ ခပ်ရှားရှားပဲ"

စကားဆုံးသည်နှင့် သွေးရောင်ဓားရှည်သည် တစ်စုံတစ်ခုကိုခံစားမိသလို အထွတ်အထိပ်ဧကရာဇ် ၂၅ ပါးဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။

အထွတ်အထိပ် ဧကရာဇ် ၂၅ ပါး မျက်လုံးပြူးကုန်၏။ကြောက်လန့်တကြားဖြင့် ရှောင်တိမ်းရန်အစွမ်းကုန်ကြိုးစားကြတော့သည်။

သူတို့မြင်နေရသည်မှာ ဓားမဟုတ်ဘဲ သွေးရောင်ရှိသောသတ်ဖြတ်ခြင်းနဂါးတစ်ကောင်ဖြစ်သည်။

“မလုပ်ပါနဲ့"

ရောင်စုံအမွှေးဝတ်ရုံကို ဝတ်ဆင်ထားသော လှပသောအမျိုးသမီးဧကရာဇ်သည် သွေးရောင်အလင်းတစ်ချက်ကို မြင်လိုက်ရသည်။

သူမ၏ ခန္ဓာကိုယ်တစ်ခြမ်းသည် လှီးဖြတ်ခံရပြီးကျန်ရှိသောအသားများက လျင်မြန်စွာ ခြောက်သွေ့သွားကာ သွေးများကဆူပွက်နေသည်။

“နတ်ဆိုး”

ကျန်ရှိသော အထွတ်အထိတ်ဧကရာဇ်များသည် တိုက်ခိုက်ရန်စိတ်ပင် မကူးရဲတော့ပါ။

သူတို့အားလုံး အချိန်ကြာမြင့်စွာ အသက်ရှင်နေနိုင်သည်မှာ သူတို့၏ခွန်အားကြောင့် သို့မဟုတ် ရဲစွမ်းသတ္တိကြောင့် မဟုတ်ပေ။ သူတို့သည် လုံလောက်စွာကောက်ကျစ်ပြီး ရှက်ရွံ့မှုမရှိကြသောကြောင့် ဖြစ်သည်။

ကံမကောင်းသည်မှာ သွေးရောင်နဂါးကဲ့သို့သောဓားသည် သူတို့ကိုလည်းမချန်ထားခဲ့ပေ။

ဓားတစ်ချက်အလှုပ်တွင် အသက်တစ်ချောင်းထွက်သည်။

အလင်းတန်းတစ်ချက်မြင်လျှင် ဧကရာဇ်တစ်ပါးသေသည်။

ပြေး၍လည်းမလွတ်သလို ပုန်းနေ၍လည်း အသက်မရှင်ပါ။

“မသတ်ပါနဲ့"

"တောင်းပန်ပါတယ်"

ဆူညံသောအော်ဟစ်သံများနှင့် အသနားခံသံများသည် လေနှင့်နှင်းများကြားတွင် အရာမထင်သလို ပျောက်ကွယ်သွားသည်။

အထွတ်အထိပ်ဧကရာဇ် ၂၅ ပါးစလုံး တစ်ယောက်မကျန် အသတ်ခံရသည်။

နောက်ဆုံးတွင် ဓားသည်ခပ်ဝဝဧကရာဇ်၏ ခန္ဓာကိုယ်ကြီးကို ထိုးဖောက်လိုက်သည်။

သူသည်လည်း နောက်ဆုံးမှာတော့ မြေပြင်ပေါ်သို့လဲကျသွားလေပြီ။

သူ၏မျက်လုံးများသည် ရုတ်တရက်မည်းနက်သွားပြီး မျက်နှာတွင်ရက်စက်သောအပြုံးတစ်ခု ပေါ်လာသည်။

“အနက်ရောင်ဝတ်ရုံအစောင့်များ......."

" လောကအပြင်ဘက်က ကောင်းကင်ဘုံနတ်ဘုရားတွေက မင်းကိုအရှင်မထားဘူး"

စကားဆုံးသည်နှင့်အသက်ရှူရပ်ကာ သေဆုံးသွားသည်။

သွေးရောင်နဂါးနှင့်တူသောဓားသည် ကျိယွမ်ဘေးသို့ ပျံသန်းပြန်လာပြီး ရေကန်ထဲသို့ ကျသွားသည်။

ပိုးစာပင်၏ အကိုင်းအခက်များအောက်တွင် လန်ယွဲ့သည် လုံးဝထိတ်လန့်တုန်လှုပ်နေ၏။

"ဒါ ...ဒါက ...အထွတ်အထိပ်ဧကရာဇ်တွေကိုတောင် ကျော်လွန်နေတဲ့ စွမ်းအား..."

"ဒီလောက်ကြီးတဲ့ စွမ်းအားမျိုးက..."

လန်ယွဲ့မှာ စကားများပင် ထစ်ငေါ့နေသည်။ဘာပြောရမလဲပင်မသိတော့ပါ။

တစ်နေရာမှရပ်ကြည့်နေသော အနက်ရောင်မျက်နှာဖုံးနှင့်အမျိုးသမီးလည်း စိတ်လှုပ်ရှားလွန်းသဖြင့် ကြောင်ငေးနေပြီး

“ဆရာ” ဟု တိုးတိုးလေးရေရွတ်နေ၏။

ဓားအိမ်ကို ကိုင်ထားသော ယွဲ့နုသည် ကျိယွမ်ဘေးသို့ ပြန်ရောက်လာသည်။

ရေကန်ထဲတွင် တစ်ပတ်ပတ်ပြီး သွေးညစ်ညစ်များကို သန့်စင်လိုက်သော ဓားသည် လည်း သူမ၏ဓားအိမ်ထဲသို့ ပြန်ရောက်လာခဲ့သည်။

ချီယွမ်က ယွဲ့နုကို ကြည့်ပြီးပြုံးပြကာ မေးလိုက်သည်။

“ဒါက နင့်ရဲ့ဘဝမှာပထမဆုံးအကြိမ်အနေနဲ့ ရန်သူတွေအများကြီးကို ရင်ဆိုင်ရတာပဲ။ နင်ဘယ်လိုခံစားရလဲ”

ယွဲ့နု၏ သေးသွယ်သောမျက်နှာလေးတွင် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်နေသည်။

“အရမ်းအားကောင်းတယ်၊ အရမ်းသန်မာတာ”

သူမက ကျိယွမ်ကို ရည်ညွှန်းနေခြင်း ဖြစ်သည်။

“အခု ငါ့အလှည့်ပဲ”

သူမကမမေးသော်လည်း ကျိယွမ်ကစတင်လိုက်သည်။

သူကပြောချင်လွန်း၍ သူတော်စင်မယ်လေးကို ထိုမေးခွန်းကို မေးလိုက်ခြင်းပင်။

ယွဲ့နုသည် ကျိယွမ်ကိုလေးနက်သောမျက်နှာလေးဖြင့် မော့ကြည့်သည်။

ကျိယွမ်က အနည်းငယ်မဲ့ကာပြောလိုက်သည်။

“ဒီလိုအဆင့်နိမ့်တဲ့ နတ်ဆိုးတွေကို မတွေ့ရတာကြာပြီ ။ ဒီလိုအနုတ်စုတ်ဂုတ်စုတ်အဆင့်နတ်ဆိုးတွေက ငါ့မြေပုံမှာတောင် မပေါ်သင့်ဘူး"

တားမြစ်နယ်မြေများနှင့်သီးခြားနယ်မြေတွင် ကျိယွမ်သည် မည့်သည့်ပြိုင်ဘက်များနှင့် ရင်ဆိုင်ခဲ့ရသနည်း။

နတ်ဘုံအဆင့်များဖြစ်သည်။

တစ်ယောက်နှစ်ယောက်ပင် မဟုတ်ပါ၊ ထောင်ချီကာရင်ဆိုင်ခဲ့သူ မဟုတ်ပါလား။

ကောင်းကင်ဘုံအဆင့်ဆိုလျှင်ပင် အရေးမပါတော့ပါ။

ယခုတော့ ကောင်းကင်ဘုံအဆင့်ထက်ပင် နိမ့်သော ဧကရာဇ်အဆင့်များကသူ့အားသတ်ရန်လာသည်တဲ့။

"ငါ့ဓားတစ်ချက်နဲ့တောင် မတန်တဲ့ကောင်တွေ"

ကျိယွမ်က သူ့အားရန်လာစသလို ခံစားရသည်။

“ငါ အဆင့်ပိုမြင့်တဲ့နတ်ဆိုးတွေကို အမဲလိုက်တော့မယ်။ ကြည့်ချင်လား”

ယွဲ့နုက သူမလက်ထဲမှဓားကို တစ်ချက်ငုံ့ကြည့်ပြီး ခိုင်မာစွာခေါင်းညိတ်ပြ၏။

ကျိယွမ်သည် ယွဲ့နု၏ လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်သည်။

“သွားကြစို့။ ဒဏ္ဍာရီလာ အနက်ရောင်ဝတ်ရုံအစောင့်ဆိုတဲ့ကောင်တွေက ငါ့ဓားနဲ့အခုတ်ခံရဖို့ အရည်အချင်းပြည့်မီ ၊ မပြည့်မီ ကြည့်ရအောင်”

သူသည် ကစားသမားတစ်ယောက်အနေဖြင့် NPC တစ်ယောက်ကဲ့သို့ ထိုင်နေကာ ရန်သူလာရောက် တိုက်ခိုက်သည်ကို မစောင့်နိုင်ပေ။

ဦးဆောင်လှုပ်ရှားခြင်းသည် သူ့၏သဘာဝဖြစ်သည်။

ဂျူလိုင်ရေကန်တွင်ထိုင်ကာစဥ်းစားရင်း သင့်တော်သောအဖြေကို သူရခဲ့သည်။

ဤကမ္ဘာ၏ နောက်ဆုံးခေါင်းဆောင်နှင့် ရင်ဆိုင်ရမည်။

ထို့နောက် ကောင်းကင်ဘုံတာအိုအပိုင်းအစများကို စုဆောင်းရန်အတွက် အချိန်မီထွက်ခွာရမည်။

ထိုမတိုင်ခင်တွင် သူသည်ဤကမ္ဘာကို ဖျက်ဆီးနေသော အနက်ရောင်ဝတ်ရုံအစောင့်များကို ရှင်းလင်းပစ်ဦးမည်။

ဘာမဟုတ်သော အကောင်ပေါက်စလေးများက သူ့အားရန်လာစနေခြင်းကို သူ၏ပရိုကစားမာနက သည်းမခံနိုင်ပါ။

ကျိယွမ်သည် ယွဲ့နု၏လက်သေးသေးလေးကို ဆုပ်ကိုင်ရင်း ထိုင်နေရာမှထလိုက်သည်။

ဂျူလိုင်ရေကန်အား နှုတ်ဆက်သည့်အလားအေးချမ်းစွာစိုက်ကြည့်ပြီးနောက် သူတို့နှစ်ယောက်သည့် တဖွဲဖွဲကျနေသောနှင်းများအကြားတွင် ပျောက်ကွယ်သွားတော့သည်။

...............

မြို့တစ်ရာမဟာမိတ်အဖွဲ့တွင်ဖြစ်သည်။

ထိုနေရာ၌ သုသာန်တစ်သောင်းဂူဟု လူသိများသော နေရာတစ်ခုရှိ၏။

ဂူတစ်ခုလုံးသည် အရိုးဖြူဖြူများနှင့်အတူ ပုပ်ပွနေသောရုပ်အလောင်းများဖြင့် ပြည့်နေသည်။

အလောင်းများစွာရှိသော်လည်း လင်းတများ သို့မဟုတ် ဝံပုလွေများက ဤနေရာသို့ မလာကြပေ။

ထို့ကြောင့် သုဿာန်တစ်သောင်းဂူသည် အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်နေသည်။

ထိုနေရာသည် မြို့တစ်ရာမဟာမိတ်၏အဓိကတားမြစ်နယ်မြေ ဖြစ်သလို ကြောက်စရာအကောင်းဆုံးနေရာလည်းဖြစ်သည်။

မည်သည့်စစ်သည်မျှ ဤနေရာသို့ ဦးမလှည့်ဝံ့ချေ။

အထွတ်အထိပ်ဧကရာဇ်များပင် သုသာန်တစ်သောင်းဂူကို အဝေးမှလှမ်းကြည့်ရုံဖြင့် ထိတ်လန့်ကြောက်ရွံ့ကြသည်။

ယနေ့မှာတော့ မျက်နှာမဲ့လူတစ်ယောက်သည် ခုနစ်နှစ်သို့မဟုတ် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ခေါ်ဆောင်ကာ နာမည်ကြီးလှသော သုဿာန်တစ်သောင်းဂူ ထဲသို့ ဝင်ရောက်လာသည်။

တားမြစ်နယ်မြေတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေပြီး အသံတစ်ခုပင် မထွက်ပေ။

မျက်နှာမဲ့လူသည် သုဿာန်တစ်သောင်းဂူ၏နေရာအနှံ့ကို တစ်ချက်မျှအကဲခတ်လိုက်၏။

ထို့နောက် စိတ်ပျက်သလို ညည်းတွားလိုက်သည်။

“ဒီမြေပုံ… တကယ်ကို အားနည်းတာပဲ။ တားမြစ်နယ်မြေလေးခုက ဆံပင်တစ်ချောင်းနဲ့တောင် မနှိုင်းယှဥ်နိုင်ဘူး”

မျက်နှာမဲ့လူသည် ကျိယွမ်ဖြစ်သည်။

သူသည် ဤနေရာသို့မလာမီ ယွဲ့နုနှင့်အတူ မြို့တစ်ရာမဟာမိတ်တစ်ခုလုံးကို သတ်ဖြတ်ခဲ့သည်။

ဘုရင်အဆင့်များ။

ဧကရာဇ်အဆင့်များ။

အထွတ်အထိပ်ဧကရာဇ်များ။

အားလုံးသည် အရေးမပါသောလူအုပ်များသာ ဖြစ်သည်။ ကျိယွမ်၏ ဓားတစ်ချက်စာပင် တန်ဖိုးမရှိပေ။

မြို့တစ်ရာမဟာမိတ်သည် နေ့ချင်းညချငင်းငရဲအလား သတ်ဖြတ်ခံရ၏။ကျိယွမ်သည် ထိုနေရာအား သွေးများမြစ်ကဲ့သို့ စီးဆင်းသည်အထိ အမြစ်ပြတ်သတ်ဖြတ်ပစ်ခဲ့သည်။

ထို့နောက် သူသည်ဝတ်ရုံနင်အစောင့်များ၏ ကြောက်လန့်ဖွယ်ရာဂူဆိုသော နေရာရောက်ရှိလာသည်။

ကျိယွမ်သည် အရာအားလုံးကို အမှိုက်သဖွယ်ကြည့်နေ၏။

"မြေပုံကို ရှင်းဖို့ငါလာခဲ့တာပဲ"

သူ၏စကားဆုံးသည်နှင့် ကြီးမားသော သွေးရောင်ဓားသည် သုသာန်ပေါင်းတစ်သောင်းဂူထဲသို့ ဝင်ရောက်သွားသည်။

တစ်ပြိုင်တည်းမှာပင် အနက်ရောင်ဝတ်ရုံအစောင့်များသည် လင်းနို့များကဲ့သို့ ဂူထဲမှ အများအပြား ပျံထွက်လာသည်။

ကျိယွမ်သည် ဤကမ္ဘာတွင် နာမည်ကြီးလှသော အနက်ရောင်ဝတ်ရုံအစောင့်ဆိုသော ဆရာကြီးများကို ကြည့်လိုက်သည်။

မှောင်မိုက်သောဂူအတွင်းပိုင်းတွင် နေထိုင်သော လင်းနို့လိုလိုလူလိုလို သတ္တဝါများဖြစ်နေသည်ကိုတွေ့သောအခါ စိတ်ပျက်သလိုရေရွတ်လိုက်သည်။

“မင်းတို့လို ကမ္ဘာအပြင်ဘက်ကသတ္တဝါတွေက အမှန်တကယ်ကိုစိတ္တဇလူနာတွေပဲ။ အသားနဲ့ သွေးကိုစားတာက တော်တော်ဆိုးတယ်။ အရေခွံကိုတောင် အနက်ရောင်ဝတ်ရုံဆိုပြီး ကိုယ်လုံးပေါ်မှာခြုံထားလိုက်သေးတယ်။ မင်းလိုကောင်မျိုးက စိတ်ရောဂါကုဆေးရုံကနေ ဘယ်တော့မှ ဆင်းရမှာ မဟုတ်ဘူး။ အိုး၊ မဟုတ်သေးဘူး။ မင်းတို့က စိတ်ရောဂါကုဆေးရုံမှာပဲ သေဆုံးသွားရမှာ"

ကျိယွမ်၏ဓားသည် အနက်ရောင်ဝတ်ရုံများဆီသို့ လှစ်ခနဲရောက်ရှိသွား၏။

သွေးရောင်အလင်းသည် လေထဲတွင်ပြည့်နေပြီး နေရာတိုင်းတွင်သတ်ဖြတ်မှုများ ပျံ့နှံ့နေသည်။

ဓားသည် အနက်ရောင်ဝတ်ရုံအစောင့်များကို တစ်စုပြီးတစ်စု ရိတ်သိမ်းနေသည်။

ဤကမ္ဘာတွင်နာမည်ကြီးနေသော အနက်ရောင်ဝတ်ရုံအစောင့်များမှာ ဂူအပြင်သို့ပင် ထွက်ပြေးချိန်ကလေးပင် မရခဲ့ကြပါ။

လူများက အနက်ရောင်ဝတ်ရုံအစောင့်များကို မကောင်းဆိုးရွားများမိစ္ဆာများအဖြစ် မြင်ကြသည်။

ယခုမြင်ကွင်းကိုသာမြင်တွေ့ရလျှင် ကျိယွမ်ကသာ မိစ္ဆာတစ်ကောင်ဖြစ်သည်ဟု လက်ခံကြလိမ့်မည်။

ကျိယွမ်က ယွဲ့နု၏လက်ကို ကိုင်ထားရင်းမှ မေးလိုက်သည်။

“နင်ဘယ်လောက်အထိ သင်ယူနိုင်ခဲ့လဲ”

“ရာခိုင်နှုန်းကိုးဆယ်”

“လုံလောက်ပြီ။ မင်း ရာခိုင်နှုန်းတစ်ရာပြည့်ရင် ငါ ထွက်သွားတော့မယ်”

ယွဲ့နုသည် ကျိယွမ်အားမော့ကြည့်ကာ သူ၏ လက်ကို ပို၍ တင်းကျပ်စွာဆုပ်ကိုင်ထားတော့သည်။

All Chapters