ငါက ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင်ပဲ၊မင်းတားနိုင်လား
Vol. 6 Ch. 79
ညဉ့်အချိန်ရောက်သော်လည်း ဒြပ်စင်ငါးပါး တားမြစ်နယ်မြေသည် နေ့အချိန်အလားလင်းထိန်နေသည်။
ကောင်းကင်ယံမှာတော့ ကြီးမားသောတိမ်မည်းကြီးများသည် လမင်း၏မျက်နှာပြင်တစ်ခုလုံးကို ဖုံးအုပ်နေ၏။
အချိန်ကျပြီ။
လုံပန်သည် တည်ငြိမ်စွာမတ်တပ်ရပ်လိုက်သည်။
"ငါတို့စောင့်လို့မရတော့ဘူး၊ငါတို့ပဲ သွားကြတာပေါ့၊ အဝတ်အထည်ဌာနသခင် နောက်ကလိုက်လာမယ် ထင်ပါတယ်"
အခြားသူများက မည်သည့်မှတ်ချက်မှ ပြန်မပြောကြပါ။ထိုသူပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သူတို့ကတိုက်ခိုက်ကြရမည်မဟုတ်ပါလား။
ကျိယွမ်အား အထင်သေးနေသူတစ်ဦးကသာ "ကြောက်နေမှတော့ နောက်ကလည်းလိုက်လာမယ်မထင်ပါဘူး"ဟု တီးတိုးရေရွတ်လိုက်သည်။
ကျန်းဟွာက အေးစက်စွာမျက်စောင်းထိုးလိုက်မှ ထိုသူသည်နောက်သို့ ဆုတ်ကာ ပါးစပ်ပိတ်သွားလေ၏။
လူအုပ်ထဲမှာတော့ အစိမ်းရောင်ဝတ်မိန်းကလေးရှောင်လူသည် အေးစက်စွာဖြင့်တိတ်ဆိတ်နေ၏။သူမ၏စိတ်ထဲတွင် မည်သည်အရာများတွေးနေသည်ကိုတော့ မည်သူမှ မသိနိုင်ပါ။
ထိုအချိန်၌ တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော တုန် သည် ယု အားကြည့်ကာ မေးလိုက်၏။
“တိုက်ပွဲမစခင် ငါတို့ နိမိတ်လေးဘာလေးဖတ်သင့်လား”
လက်ရှိနေရာမှ လူငါးဆယ့်နှစ်ဦးစလုံးသည် ယု ကို ကြည့်လိုက်သည်။
ယုသည်ဗေဒင်ပညာ၌အကောင်းဆုံးဖြစ်ပြီး သူ၏ကျွမ်းကျင်မှုမှာ ပြိုင်စံရှားဖြစ်သည်။
“အင်း”
ယု ကတစ်လုံးတည်းသာဖြေလိုက်၏။
သူ၏စကားဆုံးသည်နှင့် သူ၏ဝတ်ရုံမှ အမွေးအတောင်များက လေထဲသို့ပျံ့လွင့်သွားတော့သည်။
ယုသည် သူလက်ကိုလေထဲတွင် ဆန့်ထုတ်ပြီး ငြိမ်သက်စွာထားလိုက်၏။
အမွေးအတောင်များမှာလေထဲ၌ လူးလားခေါက်ပြန်ကခုန်နေကြပြီး နောက်ဆုံးမှာတော့ အတောင်တစ်ခုသည် ယု၏လက်ထဲသို့ ကျလာသည်။
လူတိုင်းက ယုအား မျှော်လင့်တကြီး ကြည့်ကာ သူ၏အဖြေကို ငံ့လင့်နေကြသည်။
ကျန်းဟွာကတော့ မစောင့်နိုင်သလို ထုတ် မေးလိုက်၏။
“ဘာနိမိတ် ရလဲ”
ယုသည် သူ၏အမွေးအတောင်ကို ကြည့်လိုက်ပြီးထူးခြားဟန်မရှိသလိုဖြေသည်။
"ဆယ်ယောက်သွား ဆယ်ယောက်သေ"
အားလုံး၏မျက်နှာများ မည်းမှောင်သွားသည်။
"ဆယ်ယောက်သွား ဆယ်ယောက်သေနိမိတ်ပဲ ဖြစ်နေတုန်းလား"
အဘိုးအိုတစ်ဦးသည် စိတ်ပျက်အားငယ်စွာ ညည်းညူ၏။
ကျန်းဟွာ၏ မျက်နှာကတော့ ပုံမှန်အတိုင်းအေးစက်နေဆဲပင်။
"ဆယ်ယောက်သွားဆယ်ယောက်သေဖြစ်နေရင်တောင် ပြင်ပနတ်ဆိုးတွေရဲ့ သွားနည်းနည်းပါးပါးတော့ရိုက်ချိုးပေးခဲ့ရမယ်"
ကျိယွမ်အားအထင်အမြင်သေးသောသူက ဆုံးဖြတ်ချက်ချထားသော မျက်နှာဖြင့် ရေရွတ်လိုက်၏။
"အချည်းနှီးသေရမဲ့အတူတူ နတိဆိုးတွေကိုသတ်ဖို့ကြိုးစားရင်းသေတာက ပိုကောင်းတယ်"
“တားမြစ်နယ်မြေမှာပုန်းနေရလွန်းလို့ ငါတို့အရိုးတွေတောင် ဆွေးမြေ့တော့မယ်၊ လှုပ်ရှားရမဲ့အချိန် ရောက်ပြီ"
လက်တစ်ဖက်ပြတ်နေသည့် စစ်သည်တော်ဟောင်းတစ်ဦးကတက်ကြွနေ၏။
သူ၏ဇနီးဖြစ်သူအား ငါးမြှားကြိုးဖြင့်အဖမ်းခံရစဥ် သူကတင်းကျပ်စွာဖတ်ထားခဲ့သဖြင့် လက်မောင်းတစ်ဖက်ကို ဆုံးရှုံးခဲ့ရသည်။
“စိတ်ဓာတ်ကျစရာ မလိုပါဘူး။ လူသားတွေလည်းကောင်းကင်ဘုံကို အောင်မြင်နိုင်ပါတယ်”
ထုန် သည် လူတိုင်းကို တည်ငြိမ်စွာကြည့်လိုက်သည်။
“ငါတို့အားလုံး လိပ်နက်ခွံကို သန့်စင်ဖို့ နေ့တစ်ဝက်အချိန်ရမယ်၊ပြီးရင်တော့ အားလုံးအတူတကွ ရှေ့ဆက်ကြတာပေါ့"
လူတိုင်းတွင် လိပ်နက်ခွံတစ်ချပ်စီရှိပြီး၎င်းသည် အထွတ်အထိပ်ကာကွယ်ရေးရတနာ တစ်ခု ဖြစ်သည်။ လိပ်နက်ခွံကို သန့်စင်ခြင်းသည် ပြင်ပနတ်ဆိုးများ၏ တိုက်ခိုက်မှုများကို ခုခံကာကွယ်နိုင်သည့်အပြင်သူတို့၏ စွမ်းအင်များကို အစီအရင်တစ်တစ်ခုအဖြစ် လည်း ပေါင်းစည်းပေးနိုင်၏။
ရှောင်လူသည် လိပ်နက်ခွံကို တိတ်ဆိတ်စွာ သန့်စင်နေရင်း အဝတ်အထည်ဌာနသခင်အား ထိုနေ့ကသူမပြောခဲ့သည့် စကားများကို ပြည်လည်ကြားယောင်နေသည်
"နင် ပြင်ပနတ်ဆိုးတွေကိုမသတ်နိုင်ရင် ဒီဘဝရော နောက်ဘဝမှာပါငါနင့်ကို ဘယ်တော့မှ အလွတ်ပေးမှာမဟုတ်ဘူး”
...................
ယွဲ့ဟွမ်မင်းဆက်....
ကြီးမားသောယဇ်ပလ္လင်ကြီးတစ်ခုသည် မြင့်မားစွာ တည်ရှိနေ၏။
ယဇ်ပလ္လင်သည် ၂၃ မီတာခန့်အမြင့်ရှိပြီး ဟွယွဲ့ယွမ်မင်းဆက်က နှစ်ပေါင်းသုံးဆယ်ကျော်အချိန်ယူ၍ သေသေချာချာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ယဇ်ပလ္လင်ပေါ်တွင်ရပ်နေပါက ကြယ်များကိုပင် လက်ဖြင့်ဆုပ်ကိုင်နိုင်မည့်အလား မြင့်မားလှ၏။
ယဇ်ပလ္လင်ကြီးကို အချို့က လဖမ်းမျှော်စင်ဟုလည်း ခေါ်ကြသည်။
ကောင်းကင်ယံမှာတော့ ကောင်းကင်ခွေးနက်ကြီးသည် လကိုဖမ်းစားနေသည် နိမိတိဆိုးကြီးဖြစ်ပေါ်နေသည်။
လမင်းကြီးရှိသော်လည်း လူသားကမ္ဘာတစ်ခုလုံးသည် အမှောင်ထုထဲသို့ရောက်နေလေပြီ။
ထောင်ပေါင်းများစွာသော မိန်းမပျိုများသည် မြေပြင်ပေါ်တွင်ဝပ်ကာ ငြိမ်သက်နေကြ၏။
လဖမ်းမျှော်စင်ပေါ်တွင် အသစ်ခန့်အပ်ထားသော ပုရောဟိတ်ဆယ့်နှစ်ပါးသည် ပူဇော်ခြင်းအကကို ဖျော်ဖြေနေသည်။
လမင်းသည် ယွဲ့ဟွမ်မင်းဆက်၏အခြေခံအုတ်မြစ်ဖြစ်ပြီး နတ်ဘုရားတစ်ပါးအဖြစ် ကိုးကွယ်ကြသည်။
ကောင်းကင်ခွေးနက်ကြီးသည် လမင်းကို ဖမ်းစားနေခြင်းသည် ယွဲ့ဟွမ်မင်းဆက်အတွက် ကပ်ဘေးအန္တရာယ်ပင်။
ထိုအချိန်၌ ယဇ်ပလ္လင်နှင့် မီတာထောင်ချီဝေးသည့်နေရာတွင် သေးငယ်သောပုံရိပ်လေးတစ်ခုသည် ယဇ်ပလ္လင်ကို စိုက်ကြည့်နေ၏။
သူမ၏ မျက်လုံးများတွင် ရှုပ်ထွေးသော ခံစားချက်များပြည့်နှက်နေပုံပင်။
“နှစ်ပေါင်း သုံးရာ”
ဆရာဖြစ်သူ ထွက်ခွာသွားပြီးနောက် နှစ်ပေါင်း သုံးရာ ကြာခဲ့လေပြီ။
နှစ်ပေါင်းသုံးရာဟူသောအချိန်သည် သတိမထားမိစဥ်မှာပင် ရေခိုးရေငွေ့များလို့ လွင့်ပါးပျောက်ကွယ်သွားခဲ့သည်။
သူမသည်ယစ်ပလ္လင်မှအကြည့်လွှဲကာ ကန်ရေပြင်ကို အထီးကျန်တန်စွာ ပြန်လည်ငေးကြည့်နေ၏။
ထိုအခိုက်သူမ၏နောက်မှ ကြည်လင်သောအသံတစ်ခုထွက်ပေါ်လာသည်။
“ကောင်းကင်ခွေးနက်ကြီး လကိုဖမ်းစားနေတဲ့အချိန်မှာ တစ်ယောက်ယောက်ကို လခြမ်းအမှတ်အသားပေးလိုက်ရင် နင်ခံနိုင်ရည်မရှိဘဲ ဒီလူသားလောကထဲမှာပဲထာဝရနစ်မြုပ်သွားလိမ့်မယ်"
အသံပိုင်ရှင်မှာ ယွဲ့နုကဲ့သို့သော ယွဲ့မျိုးနွယ်၏ ပထမမျိုးဆက်သူတော်စင်မယ်တစ်ပါးဖြစ်သည်။
ယွဲ့နုကတော့ တိတ်ဆိတ်နေပြီး သူမ၏စကားကို တုန့်ပြန်ခြင်းမရှိပါ။
တိတ်ဆိတ်ခြင်းကပင် သူမ၏အဖြေဖြစ်သည်။
ဆရာမရှိခဲ့လျှင် သူမသည်ဤနေရာ၌ပင် ရပ်နေနိုင်မည်မဟုတ်ပါ။မြို့တစ်ရာ မဟာမိတ်၏ လက်ချက်ဖြင့်သေဆုံးခဲ့သည်မှာ နှစ်ပေါင်းသုံးရာပင် ရှိပေလိမ့်မည်။
ထိုအချိန်ကဆိုလျှင် သူမသည်ယဇ်ပူဇော်ရန် အစိတ်အပိုင်းလေးတစ်ခုမျှသာ ဖြစ်သည်။
ယွဲ့နုတိတ်ဆိတ်နေသည်ကို မြင်သောအခါ ပထမမျိုးဆက်သူတော်စင်မယ်က မတတ်နိုင်သလို ညည်းညူလိုက်၏။
"ငါတို့ရဲ့ယွဲ့ဟွမ်မျိုးဆက်က ဒီဆုံးရှုံးမှုကနေ မလွတ်မြောက်နိုင်ဘူးထင်ပါရဲ့"
.................
တိကျွဲ့နယ်မြေထဲတွင် ကျိယွမ်သည် ကြေးဝါတံခါးကြီးကိုမှီ၍ အားတင်းကာထိုင်ရင်း အသက်ကိုပြင်းစွာရှုနေသည်။
ယခုအချိန်၌ တိကျွဲ့နယ်မြေ ဗလာ ဖြစ်နေပြီး ပြင်ပနတ်ဆိုးများအားလုံးကို ချီယွမ်ကတစ်ကောင်မကျန်သတ်ပစ်ခဲ့သည်။
တိကျွဲ့တစ်ခုလုံး တိတ်ဆိတ်နေ၏။
ကျိယွမ်၏ ခက်ခဲသောအသက်ရှုသံနှင့် ဒဏ်ရာမှ သွေးစက်များကျဆင်းသံတို့သာ တိုးညင်းစွာထွက်ပေါ်နေသည်။
"မင်းက ရွေးချယ်ခံသူဖြစ်ဖို့ တကယ်ပဲထိုက်တန်ပါတယ်"
ရုတ်တရက် စက်ရုပ်ဆန်သောအသံ တစ်ခုက တိကျွဲအတွင်းပဲ့တင်ထပ်လာသည်။
တစ်ချိန်လုံး လဲကျနေခဲ့သော ကောင်းကင်ဘုံနတ်ဘုရား ရွှေရောင်ချပ်ဝတ်သည် ကျိယွမ်ဆီသို့ တစ်လှမ်းချင်းလျှောက်လာ၏။
တိတ်ဆိတ်သောတိကျွဲ့အတွင်း သံချပ်ကာများ၏ ပွတ်တိုက်သံက တကျွီကျွီထွက်ပေါ်နေသည်။
ယခုအချိန်တွင် ကောင်းကင်ဘုံနတ်ဘုရား၏မျက်လုံးများသည် အသက်မဲ့မနေတော့ဘဲ အဖြူရောင်တောက်ပနေကာ ကြောက်မက်ဖွယ်အသွင်ကို ဆောင်နေ၏။
ကြေးဝါတံခါးကို မှီကာထိုင်နေသော ကျိယွမ်သည် အကူအညီမဲ့သလိုခံစားလိုက်ရ၏။
သို့သော်သူက ကြောက်ရွံ့ခြင်းမရှိပါ။
"ငါပြောပါတယ် ၊ဇာတ်လမ်းက မပြီးသေးဘူးလို့။ ကြည့်ပါဦး၊ဘော့စ်အစစ်က နောက်ဆုံးတော့ ပေါ်လာပြီပေါ့"
“မင်း မအံ့သြဘူးလား”
ကောင်းကင်ဘုံနတ်ဘုရား၏ အဖြူရောင် မျက်လုံးများတွင် အံ့အားသင့်နေသောအရိပ်ယောင်များပြည့်နေသည်။
သို့သော်သူက ခေါင်းယမ်းလိုက်၏။
“ဒါပေမဲ့ အခုတော့ ဒါတွေကအရေးမကြီးတော့ပါဘူး”
သူက မတ်တပ်ပင်ထမရပ်နိုင်တော့သော ကျိယွမ်ကို လူသေတစ်ယောက်လိုကြည့်နေသည်။
“ဒါဆို ဘော့စ်ကသေသွားတဲ့ငါ့ ယောက္ခမရဲ့ ခန္ဓာကိုယ်ထဲမှာပုန်းကွယ်နေတာပေါ့။ ဒါက ဘယ်လို စွမ်းရည်မျိုးလဲ။မင်းရဲ့ပုံစံအစစ်ကို ပြပါဦး၊ ငါကဘော့စ်တစ်ကောင်နဲ့တိုက်ခိုက်ဖို့ တော်တော်လေးစိတ်ဝင်စားနေပြီ"
ကောင်းကင်ဘုံနတ်ဘုရား၏ ခံစားချက်ကင်းမဲ့သောမျက်လုံးများက အနည်းငယ်လေးစားဟန်ပေါ်လာ၏။
"ငါ့ဘဝကို ဒီလိုနဲ့ပဲဖြတ်သန်းရတော့မယ်လို့တွေးပြီး အမြဲတမ်းစိတ်ပျက်နေခဲ့တာ၊မမျော်လင့်ဘဲ မင်းကိုဒြပ်စင်ငါးပါးတားမြစ်နယ်မြေမှာတွေ့ခဲ့ရတယ်၊"
"ဘယ်လောက် အံ့ဩစရာကောင်းတဲ့ ခန္ဓာကိုယ်လဲ၊ ဘယ်လောက် ကြောက်စရာကောင်းတဲ့ အရည်အချင်းလဲ"
"မင်းက လအနည်းငယ်အတွင်းမှာပဲ နတ်ဘုံအစောပိုင်းအဆင့်ကနေ အထွတ်အထိပ်အဆင့်အထိရောက်လာပြီ"
သူကကျိယွမ်၏ ခန္ဓာကိုယ်အား သဘောကျစွာကြည့်လိုက်၏။
"ဒီလိုခန္ဓာကိုယ်မျိုးကို အများသိအောင်ထုတ်ဖော်မပြသင့်ဘူး၊ဒါမျိုးက ကောင်းကင်ဘုံကပေးတဲ့ လက်ဆောင်ပဲ"
သူ၏အသံသည် နှစ်ပေါင်းထောင်ချီ၍ အစာအငတ်ခံနေရသော နတ်ဆိုးအိုတစ်ပါးက အစာကိုတွေ့လိုက်ရသလို အလွန်လောဘဇောများတတ်နေ၏။
ကျိယွမ်က သူ၏ဓားကြီးကို ချိန်ဆလိုက်ပြီး သူ့အားစားစရာတစ်ခုလို လောဘတကြီးကြည့်နေသော ကောင်းကင်ဘုံနတ်ဘုရားကို ခနဲ့သလိုပြုံးလိုက်၏။
"ဒီပုံဆို မင်းလုပ်တာနဲ့ ငါကကိုယ့်ယောက္ခမကိုယ်ပြန်သတ်တဲ့ကောင် ဖြစ်တော့မှာပဲ"
သူ၏စကားဆုံးသည်နှင့် ကောင်းကင်ဘုံနတ်ဘုရားအား စလွယ်ခုတ်ဖြတ်ပိုင်းလိုက်သည်။
ဓားရောင်တစ်ချက်အလက်တွင် ရွှေရောင်ချပ်ဝတ်များသည် အစိတ်အစိတ်အမွာအမွာကွဲကြေသွား၏။
လောဘကြီးသောအသံက ပဲ့တင်ထပ်သလိုထွက်လာသည်။
“အသုံးမဝင်ဘူး၊ မင်းက ရုပ်သေးတစ်ခုကိုပဲ သတ်နိုင်တာပါ။ ဒါကငါ့ကို ထိခိုက်နိုင်မှာ မဟုတ်ပါဘူး။"
"ပြီးတော့ မင်းက သာမန်နတ်ဘုံအထွတ်အထိပ်ပဲရှိသေးတယ်၊ နတ်ဘုံအဆင့်ရဲ့ အစစ်အမှန်အထွတ်အထိပ်ကို မရောက်သေးပါဘူး၊ မူလအရင်းအမြစ်ကိုလည်း မထိတွေ့နိုင်သေးဘူး"
"ခုခံနေလည်း အပိုပဲ။ငါ့အမိန့်နာခံလိုက်ပါ၊ ငါကမင်းရဲ့အမှတ်တရလေးတွေနဲ့ မင်းရဲ့ခန္ဓာကိုယ်ကို သိမ်းယူပြီးတိကျွဲ့ထဲကနေထွက်သွားတော့မယ်"
ကျိယွမ်က ဟာသတစ်ခုကိုကြားရသလို တုန့်ပြန်လိုက်၏။
"မင်းက နေ့ခင်းကြောင်တောင်အိမ်မက် နည်းစနစ်ကိုကျင့်ကြံရင်း တကယ်ရူးသွားတာလား။ငါ့ရဲ့ခန္ဓာကိုယ်ကိုများ သိမ်းပိုက်ချင်နေသေးတယ်ပေါ့"
လောဘကြီးသောအသံသည် စဥ်းစားနေသလို ခေတ္တရပ်သွားပြီးမှ ပဲ့တင်ထပ်လာ၏။
“ဧကန္တမင်းကို အဲဒီမကောင်းတဲ့မိန်းမက ပြောပြလိုက်တာထင်တယ်၊မင်းသိနေလည်း အရေးမကြီးတော့ပါဘူး။ငါက မင်းရဲ့ခန္ဓာကိုယ်ကို စောင့်ကြည့်နေတာကြာပြီ"
"ဒြပ်စင်ငါးပါးတားမြစ်နယ်မြေနဲ့ ယင်ယန် တားမြစ်နယ်မြေထဲက နတ်ဘုရားရောင်ပြန်ဟပ်ခြင်းတွေကို မှတ်မိလား။ ငါကသာမန်နည်းလမ်းလေးတွေသုံးပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို နည်းနည်းထိန်းချုပ်ခဲ့တာပဲ"
"နတ်ဘုရားပုံရိပ်ငါးဆယ့်သုံးခုစလုံးမှာ ငါ့ရဲ့စိတ်ဆန္ဒတွေရှိတယ်၊အခုဆိုရင် မင်းရဲ့စိတ်နဲ့ အတွေးတွေက ငါရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီ"
ငါ့ရဲ့စိတ်ဆန္ဒက မင်းရဲ့စိတ်ထဲမှာပျံ့နှံ့သွားမယ်၊ ပြီးရင် ကြီးမားသထက်ကြီးမားလာပြီးမင်းရဲ့သတိတရားကိုသိမ်းပိုက်ပြီး မင်းရဲ့ ခန္ဓာကိုယ်ကို ဝါးမျိုလိုက်ရုံပဲ"
"ဟားဟား ဟားဟားဟား "
၄င်းမှာ သူ၏အကြံအစည်များသာ ဖြစ်သည်။
မူလက နတ်ဆိုးသတ်ပွဲကို ပို၍စောစောကျင်းပစေရန်စီစဉ်ပြီး နတ်ဘုံအဆင့်ရှိသူများကိုဝါးမျိုချ၍ အာဟာရအချို့ကို ဖြည့်တင်းရန် ဖြစ်သည်။
မမျှော်လင့်ဘဲ ကျိယွမ်ကဲ့သို့သော ပါရမီရှင် တစ်ဦးကို သူတွေ့လိုက်ရ၏။ထို့ကြောင့် သူကကျိယွမ်၏ ခန္ဓာကိုယ်အားသိမ်းပိုက်ရန် အကြံအစည်အချို့ကို ပြောင်းလဲခဲ့ခြင်းပင်။
ကျိယွမ်သည်သူ၏စိတ်ထံမှ ထိုစကားသံများထွက်ပေါ်လာသည် ရှင်းလင်းစွာကြားရသည်။
သို့သော် သူက စိုးရိမ်ပူပန်ခြင်းမရှိခဲ့ပါ။
“အမှန်အတိုင်းပြောရရင် မင်းကပြင်ပ နတ်ဆိုးတွေထက်တောင် ဖြေရှင်းရတာ ပိုလွယ်နေတယ်”
ဒြပ်စင်ငါးပါးတားမြစ်နယ်မြေ၌ ကျိယွမ်သည် အဓိကနေရာမှချောက်ထဲတွင် ဓာတ်ကြီးငါးပါးသဲများနှင့်အတူ နေမင်းပန်းပွင့်ကိုတွေ့ခဲ့ရသည်။
၄င်းကို ထိတွေ့ခြင်းဖြင့်နေမင်းကြီး၏ ကျန်ရှိနေသော အမှတ်ရစရာများကိုသူမြင်ခဲ့၏။
သူသည် ပြင်ပနတ်ဆိုးများကို ဆဲဆိုနေသည့် နေမင်းကြီး၏အသံကိုလည်း ကြားခဲ့သည်။
ထိုအတူ လမ်းပျောက်နေသည့်ခွေးကဲ့သို့ အူနေသော နေမင်းကြီး၏ညည်းညူသံကိုလည်း ကြားခဲ့၏။
ထိုစဥ်က ကျိယွမ်သည် နေမင်းကြီးကို ပြင်ပ နတ်ဆိုးများနှင့်တိုက်ပွဲ၌ရှုံးနိမ့်ခဲ့သည့် ကောင်းကင်ဘုံသားတစ်ဦးဟုသာ ယုံကြည်နေခဲ့မိသည်။
သို့သော် ပြင်ပနတ်ဆိုးများကို မြင်သောအခါ ကျိယွမ်၏ အယူအဆများပြောင်းလဲသွားသည်။ ထိုအဘိုးကြီးတစ်အုပ်၏အင်အားသည် နေမင်းကြီးကိုအနိုင်ယူရန်မှာ အိမ်မက်ထဲတွင်ပင် မဖြစ်နိုင်ချေ။
ထိုသို့ဆိုလျှင် နေမင်းကြီးက အဘယ့်ကြောင့်ပြင်ပနတ်ဆိုးကို ဒေါသတကြီးဆဲနေသနည်း။
ပုရောဟိတ်ဂျူလိုင်က ဝမ်ယု(လရောင်ကြည့်)ကုန်းမြေကြီးကို တစ်ချိန်က နေ့အလင်းကုန်းမြေဟုခေါ်ကြောင်း ပြောခဲ့ဖူးသည်။
ထို့စကားနှင့်အတူ တျန်းကျွဲ့ရှိ တက်လှမ်းခြင်းပလ္လင်မှ အဆင့် ၁၁၉ ရှိသော နတ်ဘုရားစစ်သည်တော်။
ထိုသူ၏ဝိသေသမှာ နေမင်းကြီး၏လက်အောက်ခံဟု ဆိုသည်။
ထိုအရာများကို ဆက်စပ်မိသောအခါ ကျိယွမ် သဘောပေါက်သွားခဲ့သည်။
နေမင်းကြီးသည် တစ်ချိန်က ဤလောကကို အုပ်စိုးခဲ့ပြီး ပြင်ပရန်သူတစ်ဦး၏ အနိုင်ယူခြင်းကို ခံခဲ့ရပြီး လောကကြီးကိုလက်လွှတ်လိုက်ရသည်။
ထို့ကြောင့် ၄င်းသည် မစားရသည့်အမဲ သဲနှင့်ပတ်ဆိုသလို ပြင်ပနတ်ဆိုးများကိုဖိတ်ခေါ်၍ ဤလောကကိုပျက်စီးစေခဲ့သည်။
ပညာရှိအဖိုးအိုပြောခဲ့သော ငါတိူ့ကိုဖိတ်ခေါ်ခဲ့တာပါဆိုသူမှာ အခြားသူမဟုတ်၊နေမင်းကြီးသာဖြစ်သည်။
ယခုအခါမှာတော့ ၎င်းသည်ကျိယွမ်ခန္ဓာကိုယ်ကို ပစ်မှတ်ထားနေပြန်သည်။
"ပြင်ပနတ်ဆိုး အဖိုးကြီးတွေက ငါကို ထိခိုက်အောင်တိုက်ခိုက်နိုင်သေးတယ် ၊မင်းကတော့ ပုန်းနေပြီး ဟောင်ဖွာဟောင်ဖွာပဲလုပ်တတ်တာပါ၊ငါ့ဒဏ်ရာတွေကို မြင်လား၊ဒါတွေနဲ့တောင် မသေဘူး၊ အခုလိုလေနဲ့လှန့်နေရုံနဲ့ကတော့ ......."
ကျိယွမ်က ပုခုံးသာတွန့်ပြလိုက်၏။သူက မည်သို့အရေးစိုက်နေမည်နည်း။
"NPC တွေကိုတောင် အဆင့် ၉၉ ပဲကန့်သတ်ထားတဲ့ကမ္ဘာထဲမှာပုန်းနေတဲ့ဘောစ့်တစ်ကောင်က ငကြောက်ပဲ၊ဒီလိုသတ္တမျိုးနဲ့ လောကကြီးကို ခေတ်အဆက်ဆက်အုပ်ချုပ်နိုင်တဲ့သြဇာအာဏာဘယ်လိုလုပ်ရှိမှာလဲ၊ဒါကြောင့်လည်း ရန်သူကမင်းကို ရိုက်နှက်ပြီးလောကကြီးကိုသိမ်းသွားတာပေါ့၊မင်းအဆင့်က TV ဇာတ်လမ်းထဲမှာဆိုရင် လူဆိုးနောက်က သေနတ်ထမ်းပေးရတဲ့ နောက်လိုက်အဆင့်ပဲရှိတယ်"
ကျိယွမ်၏ စကားများကအနာပေါ်တုတ်ကျသွားသည့်နှယ်ခံစားရကာ နေမင်းကြီး၏တည်ငြိမ်သောအသံမှာ မတညိငြိမ်နိုင်ဖြစ်သွားသည်။
"မင်...မင်းကစကားလုံးတွေနဲ့ပဲ ကြွားဝါနိုင်တော့တာ၊နတ်ဘုရားရောင်ပြန်ဟပ်ခြင်းထဲက မရေတွက်နိုင်တဲ့ငါ့ရဲ့စိတ်ဆန္ဒအမျှင်တွေက မင်းကိုသက်ရောက်ပြီးနေပြီ၊မကြာခင်မှာပဲ ငါကမင်းနေရာကို အစားထိုပြီးဝါးမျိုပစ်မှာပါ"
"ဟုတ်လား...ကြောက်စရာကြီးပဲ"
"ဟားဟားဟား ဟားဟား "
ကျိယွမ်က သူ၏ဒဏ်ရာများမှ သွေးများထွက်ကြလာသည်အထိ အားရပါးအော်ရယ်လိုက်လေသည်။
"မင်း နှပ်ချီးတွဲလောင်းနဲ့ရွံ့ထဲမှာဂျွမ်းထိုးနေတုန်းမှာ ငါက" ကြောင်မိစ္ဆာနဲ့ယုန်သူရဲ့ကောင်းခုနှစ်ဦး "ကိုကြည့်နေတာပါကွ၊ငါ့တစ်သက်မှာ ဂိမ်းဘယ်နှစ်မျိုးကစားခဲ့တယ်၊တီဗွီရှိုးတွေနဲ့ကာတွန်းတွေ ဘယ်နှစ်ခုကြည့်ခဲ့လဲ မင်းသိလား"
ကျိယွမ်က ဆက်ပြောလိုက်၏။
"ရေတွက်လို့တောင် မရဘူး၊ များလွန်းလို့ မှတ်တောင်မမှတ်မိဘူး၊ဒီလောက်အများကြီးဆော့လာတာတောင် ငါ့စိတ်ကိုဘယ်ဇာတ်ကောင်ကမှ မလွှမ်းမိုးနိုင်ဘူး၊မင်းပါတဲ့ဂိမ်းကိုဆော့ခါမှ NPC ရဲ့ဇာတ်ကောင်ကို ငါကစွဲလမ်းပြီး မင်းလိုလိုက်လုပ်မိသွားမယ်ဆိုတော့....."
"မင်းကိုမင်းလည်း ပြန်ကြည့်ပါဦး ၊ ဇာတ်လိုက်တောင်မဟုတ်ဘူး၊လူဆိုးနေရာက NPC ကြီး၊လူဆိုးတောင် ခပ်မိုက်မိုက်ဆို ထားတော့ ၊အခုက ကြောက်လို့ပုန်းနေရတဲ့ကောင်ကွာ ၊ ငါက အတုခိုးစရာလား၊
နေ့ခင်းကြောင်တောင်အိမ်မက်နည်းစနစ်ကြောင့် မင်းကရူးသွားတာများလား"
အမှန်မှာ ကျိယွမ်သည် စကားများကိုအနည်းငယ်ချဲ့ကားပြီးပြောလိုက်ခြင်းသာ။
နတ်ဘုရားရောင်ပြန်ဟပ်ခြင်းမှ ရရှိသောမှတ်ဉာဏ်များသည် သူ့အပေါ်ကြီးမားစွာ သက်ရောက်မှုရှိခဲ့သည်။
ထို့အချိန်မှစ၍ သူကဂိမ်းထဲတွင်သာမန်ထက် စိတ်နစ်မြုပ်သွားသည်။သူပင်မသိလိုက်မီမှာ တွေ့ကြုံလာသည့်အရာများကို အစစ်အမှန်ဟုတဖြည်းဖြည်းပျော်ဝင်လာပြီး ခံစားချက်များပင် ဖြစ်တည်လာခဲ့၏။
ရှေးဟောင်းစီးချောင်သစ်ပင်အောက်မှ အလောင်းများကိုမြင်ပြီးသည့်နောက်မှာတော့ သူသတိပြန်ဝင်သွားခဲ့သည်။
သူက ဂိမ်းကစားနေခြင်းဖြစ်သည်။
အဘယ့်ကြောင့် ဤမျှအထိစိတ်ထိခိုက်ခံစားနေသင့်မည်နည်း။
ထိုအချိန်မှစ၍ ဂိမ်းမှထွက်တိုင်း သူ၏မှတ်ဉာဏ်များကို ရှင်းလင့်ပစ်လေ့ရှိသည်မှာ ယနေအထိပင်။
နေမင်းကြီး၏ အသံကပြန်လည်တည်ငြိမ်သွား၏။
“ဒီလို အဓိပ္ပါယ်မရှိစကားတွေက ရလဒ်ကို မပြောင်းလဲနိုင်ဘူး။ မင်းက ငါတို့နှစ်ယောက်ကြားက ကွာဟမှုကို တကယ်မသိဘူးပဲ၊မင်းက နတ်ဘုံအဆင့်ကိုတောင် မချိုးဖြတ်နိုင်သေးဘူး၊ငါ့ကို ဘယ်လိုလုပ်ပြီး ယှဥ်ပြိုင်နိုင်မှာလဲ"
အထွတ်အထိပ်အချိန်ကဆိုလျှင် သူသည်နေ့အလင်းကုန်းမြေတိုက်ကြီး၏ စစ်မှန်သောအုပ်စိုးသူဖြစ်၏။သူ၏ စကားလုံးက လောက၏စည်းမျဥ်းများကိုပင် သတ်မှတ်နိုင်သည်။
သူသည် တျန်းကျွဲ့၌ ကြီးကျယ်သောပွဲကြည့်ကြီးတစ်ခုဆောက်ကာ ကမ္ဘာအသီးသီးမှပါရမီရှင်များကို ဖိတ်ခေါ်ကာယှဥ်ပြိုင်စေခဲ့သည်။နောက်ဆုံးအတွင်အနိုင်ရသော ပါရမီရှင်သည် သူ၏အစိတ်အပိုင်းအဖြစ် လူမသိသူမသိဝါးမျိုခံခဲ့ရစမြဲပင်။
ပါရမီရှင်တစ်စုံတစ်ဦးသည် နတ်ဘုံအဆင့်မှချိုးဖြတ်သွားလျှင် မူအအမြစ်ကိုထိတွေ့နိုင်ပြီး သူ၏ထိန်းချုပ်မှုမှလွတ်မြောက်သွားမည်ကိုကြောက်ရွံ့ကာ လောကကြီး၌စည်းမျဉ်း တစ်ခုကိုသတ်မှတ်ခဲ့၏။
ကျိယွမ်၏အမြင်အရ ထိုစည်းမျဉ်းသည် ဤ လောကရှိလူများကို အဆင့် ၉၉ မှ အဆင့် ၁၀၀ သို့တက်ရောက်ခွင့်မရှိခြင်းပင်။
ယခုလောက၏အမြင်၌ အဆင့်၁၀၀ ဟုမခေါ်ဘဲ နတ်ဘုံအဆင့်ကိုချိုးဖြတ်သည်ဟုသာ ခေါ်၏။ထိုအဆင့်သို့ရောက်လျှင် မူလအမြစ်ကို ထိတွေ့နိုင်ပြီး နေမင်းကြီး၏ထိန်ချုပ်မှုများကို တွန်းလှန်နိုင်လာမည်ဖြစ်သည်။
“အခုအချိန်ကစပြီး မင်းကငါ့ရဲ ရုပ်သေးဖြစ်ပြီ၊မင်းဘယ်လိုတားဆီးနိုင်မလဲ ၊ ဟားဟား ဟားဟား ၊ငါ့ရဲ့ ခန္ဓာကိုယ်ဖြစ်လာပြီးတော့ ငါ့ရဲ့အစိတ်အပိုင်း ဖြစ်စမ်း..."
နေမင်းကြီး၏ ရူးသွပ်သလိုအော်ဟစ်သံအဆုံးတွင် အားကောင်းသော ဝိညာဉ်စွမ်းအားတစ်ခုသည် ကျိယွမ်၏ စိတ်ထဲတွင် တရိပ်ရိပ် လွှမ်းမိုးသွား၏။
ကျိယွမ်၏ဘဝတစ်လျှောက်လုံးတွေ့ဖူးသမျှ ဝိညာဥ်စွမ်းအားများထက် အဆမတန်အားကောင်းသည်။
နေမင်းကြီး၏ထိန်းချုပ်မှု စတင်လိုက်သိမ်းသည်နှင့် မရေတွက်မတွက်နိုင်သော မှတ်ဉာဏ်များက ကျိယွမ်၏အသိစိတ်ထဲတွင် ပျံ့နှံ့လာသည်။
သွေးများဖုံးလွှမ်းနေသည့် ကျိယွမ်သည် ဓားကိုကိုင်ထားသော်လည်း ယခုအချိန်ထိ ဓားမြေပြင်ပေါ်တွင် ထိုင်နေဆဲသာရှိသည်။
အတိုင်းအဆမရှိသော မှတ်ဉာဏ်များကသူ၏ပင်ကိုယ်အသိစိတ်ကို ဖုံးလွှမ်းရန်တိုက်ခိုက်လာသောအခါ သူ၏နှုတ်ခမ်းပေါ်တွင် အပျင်းသဲ့သဲ့တစ်ခုဖြစ်ပေါ်လာ၏။
“နေမင်းကြီး၊ မင်က တကယ်ကို အရည်အချင်းရှိတဲ့ အဘိုးကြီးတစ်ယောက်ပဲ"
“မင်းကို ငါကဘယ်လို တားဆီးမလဲလို့ မေးတာလား"
" ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင် ငါ့ကိုမင်းကဘယ်လိုတားဆီးနိုင်မှာလဲ"
"မင်းကငါ့ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ချင်တာလား”
ကျိယွမ်က အေးစက်စွာ ပြောလိုက်၏။
“မှားတယ်၊ ငါက မင်းကိုအခုဝါးမျိုတော့မှာ"
နေမင်းကြီးသည် ဤလောကတွင် အင်အားအကြီးဆုံးဖြစ်သည်။
သို့သော် ကျိယွမ်သည် ပြင်ပနတ်ဆိုးများနှင့် တိုက်ပွဲများတွင် ဒဏ်ရာပေါင်းများစွာရရှိခဲ့သည်။သေတွင်းနှုတ်ခမ်သို့ အကြိမ်ကြိမ်ကျရောက်ခဲ့ပြီး အကြိမ်ကြိမ်လွတ်မြောက်ခဲ့သည်။
ရလဒ်အနေဖြင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကြားမှ အမှန်တရားကို သူကအနည်းငယ်သဘောပေါက်သွားခဲ့ပြီး ဆုလာဘ်အနေဖြင့် ယင်ယန်တားမြစ်နယ်မြေအတွက် ကောင်ကင်ဘုံတာအိုအစိတ်အပိုင်းများကို ရရှိခဲ့သည်။
ထို့အပြင် တိကျွဲ့ထဲမှ ပြင်ပနတ်ဆိုးများအားလုံးကို သုတ်သင်ရှင်းလင်းပြီးနောက်
ဆူလာဘ်အနေဖြင့် ကောင်းကင်ဘုံတာအိုအစိတ်အပိုင်းများကိုရခဲ့ပြန်သည်။
ထိုကြောင့် ကျိယွမ်သည် ကောင်းကင်ဘုံတာအိုအစိတ်အပိုင်းများအားလုံးကို စုဆောင်းနိုင်ခဲ့လေပြီ။
နေမင်းကြီးသည်ကျိယွမ်ကို ရှားပါးသော ပါရမီရှင် တစ်ဦးအဖြစ်သာရှုမြင်ပြီး ကျိယွမ်၏တိုးတက်မှုသည် ပါရမီကြောင့်သာဖြစ်သည်ဟု သူကသမားရိုးကျ ယူဆထားသည်။
ကျိယွမ်သည် မကောင်းဆိုးရွားများကိုသတ်တိုင်းအတွေ့အကြုံရမှတ်များရပြီး သူ၏အဆင့်ကိုမြှင့်တင်နိုင်ကြောင်း သူလုံးဝ မတွေးမိပါ။
ထို့အပြင် တားမြစ်နယ်မြေများနှင့်သီးခြားနယ်မြေများကို ရှင်းလင်းခြင်းဖြင့် ကျိယွမ်သည် ကောင်းကင်ဘုံတာအိုအစိတ်အပိုင်းများကို ရယူနိုင်ကြောင်းကိုလည်း သူလုံးဝ မသိခဲ့ပါ။
သူက ကျိယွမ်ကိုသူမြင်ဖူးသော ပါရမီရှင်များအတိုင်းသာမြင်၏။
သို့သော်ကျိယွမ်သည် ကျိယွမ်သာဖြစ်၏။
ထိုအခိုက်ကျိယွမ်သည် သူ၏မျက်လုံးများကိုမှိတ်လိုက်သည်။
သူ၏စိတ်ထဲမှာတော့ မြင်ကွင်းများသည် အဆက်မပြတ် ရွေ့လျားနေလေသည်။
နေမင်းကြီးတစ်စင်းက ပထမဆုံးထွက်ပေါ်လာကာ လောကကြီးကို ထွန်းလင်းသည်။။
ကျယ်ပြန့်သောလောကကြီးတွင် အရာရာတိုင်းသည် စတင်ရှင်သန်ပေါက်ဖွားလာကြသည်။
ကျိယွမ်၏အသိစိတ်သည် ကောင်းကင်ယံအထက်တွင် ချိတ်ဆွဲထားသကဲ့သို့ရှိပြီး ဂြိုလ်တုတစ်လုံး သို့မဟုတ် ကုန်းမြေကြီး၏ မျက်လုံးနှင့်တူပြီး စတင်ဖြစ်ပေါ်လာသောလောကအသစ်ကို လေ့လာနေသည်။
ကမ္ဘာအသစ်တွင် ပင်လယ်ပြာထဲမှနတ်ဆိုးများထွက်ပေါ်လာပြီး ၊အဝတ်စများပတ်ထားသောလူသားမျိုးနွယ်စုများသည်လည်း တောင်တန်းများ ဂူများထဲမှ ထွက်ပေါ်လာကြသည်။
ထို့နောက် ရာပေါင်းများစွာသော မျိုးနွယ်စုများတိုက်ခိုက်နေခြင်း၊ နတ်ဆိုးများက တောင်များကိုအပိုင်းပိုင်းဆွဲဖြဲနေခြင်းတို့ကိုလည်း မြင်ပြန်သည်။
လူသားမျိုးနွယ်စုများကလည်း အချင်းချင်း ယှဉ်ပြိုင်နေပြီး သံမဏိစားသားရဲကြီးကို စီးနင်းထားသော ခေါင်းဆောင်ကြီးတစ်ဦးမှာ ဓားတစ်ချက်တည်းဖြင့် ခေါင်းဖြတ်ခံရခြင်းကိုလည်း သူမြင်နေရသည်။
မရေမတွက်နိုင်သောနတ်ဆိုးများများက လူသားများကိုဝါးမျိုနေခြင်း၊ အတုမရှိသောနတ်ဆိုးကြီးတစ်ကောင်က ၎င်း၏ ခန္ဓာကိုယ်ကိုလိမ်ချိုးလိုက်ရာ မိုင်ပေါင်းသုံးထောင်ရှိသော မြေသည်ခြောက်သွေ့သွားသည်ကိုလည်း မြင်ရပြန်သည်။
လောကကြီးတွင် ပန်းများပွင့်လန်းပြီးနောက် အချိန်ကြာသောအခါညှိုးနွမ်းသွားကြ၏။ ရေခဲတောင်များဖြစ်တည်လာပြီး ရာစုနှစ်များအကြာတွင် အရည်ပျော်သွားကြပြန်သည်။
တစ်နေရာမှာတော့ ကောင်းကင်ဘုံအပျိုစင်များ ရေချိုးနေသည်ကိုမြင်ရသလို တောထဲမှမျောက်ထီးများ ဆီးသွားနေကြသည်ကိုပါ သူမြင်တွေ့ရသည်။
အချိန်တစ်ခုတွင် ကျောက်တုံးတစ်တုံးသည်နေနှင့်လ၏ အနှစ်သာရကို စုပ်ယူပြီး နောက်ဆုံးတွင်ပေါက်ကွဲကာ လူသားပုံသဏ္ဌာန်ရှိသောသတ္တဝါအဖြစ် ပြောင်းလဲသွားခြင်းကိုပင် အံ့သြဖွယ်မြင်ရသည်။
ထိုလူသားပုံသဏ္ဌာန်သတ္တဝါသည် သန့်ရှင်းစင်ကြယ်စွာမွေးဖွားလာပြီး သူပြောသမျှစကားလုံးများကလည် မှန်ကန်လာသဖြင့် လောက၏အချစ်တော် ဖြစ်လာသည်။
သူကရေသောက်ရန် မြစ်တစ်ခုသို့ရောက်လာရာ နှစ်ထောင်ချီသက်တမ်းရှိ သော နတ်သမီးသစ်သီးတစ်လုံးက ရေထဲတွင်မျောပါလာပြီး သူ့ထံသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။
သူသည် မြေပြင်ပေါ်တွင် တစ်ရေးတမောအိပ်ပျော်နေခိုက် သံချပ်ကာတစ်ခုသည် ကောင်းကင်ယံမှ သူ၏ဘေးသို့ ကျလာခဲ့ပြန်၏။
ထိုအချိန်မှစ၍ သူ၏ကျင့်ကြံမှုသည် သာမန်လူသားများထက် များစွာကျော်လွန်လာတော့သည်။
သူသည် ကောင်းကင်ဘုံအချစ်တော် ဖြစ်နေပုံရသည်။
နှစ်ပေါင်းထောင်ချီအတွင်း၌ လူသားပုံသဏ္ဌာန်သတ္တဝါသည် များပြားသောနတ်ဆိုးအကြီးအကဲများနှင့် လူသား ဧကရာဇ်များကိုသတ်ဖြတ်ကာ ဤလောက၏ အုပ်စိုးရှင် ဖြစ်လာခဲ့ပါသည်။
ကျိယွမ်၏အမြင်အာရုံတွင် လူသားပုံသဏ္ဌာန်သတ္တဝါ၏ ခမ်းနားထည်ဝါသော ပုံရိပ်များသာ မြင်နေရသည်။
ကျိယွမ်သည် ထိုသတ္တဝါကို ကြည့်ရင်းကြည့်ရင်း နစ်မြုပ်လာ၏။ထိုသတ္တဝါသည်အလွန်အားကျဖွယ်ကံကြမ္မာရှိပြီး သူကိုယ်တိုင်က ထိုသတ္တဝါအလား ခံစားနေရသည်။
သူကလောကတခွင်လှည့်လည်ကာ သူ၏သြဇာအရှိန်အဝါများကို ထုတ်ဖော်သည်။
သို့သော် တစ်နေ့ရာအရောက်တွင် ကျိယွမ်က ဒေါသထွက်ကာ ကျိန်ဆဲလိုက်တော့သည်။
“မိန်းမတွေကိုတောင် ပို့ပေးရတာလား"
"မုဒိန်းမှုတွေတောင် ကျူးလွန်တယ်"
"လင်ရှိမယားတွေတောင်မရှောင်....."
"တော်လိုက်တော့ လုံအောက်ထျန်းလောက်တောင် မကောင်းဘူး"
"ငါလုံအောက်ထျန်းတွေ အများကြီးကြည့်ဖူးတယ်၊ဒီကောင်ကတော့ တော်တော်ဆိုးဆိုးပဲ
၊တော်ပြီ အခြားဟာပြောင်းကြည့်တော့မယ်"
(လုံအောက်ထျန် = ခလုတ်တိုက်ပြီးရတနာရ၊ချောက်ထဲကျလည်းမသေ၊အသက်ပြင်းပြင်းရှုမိရင်အဆင့်တတ်ပြီး ၊စော်ကြည်ထီပေါက်၊ လာသမျှကောင်အကုန် ပါးဖြတ်ရိုက်သော မာနခဲဇာတ်ကောင်)
ကျိယွမ်၏ အာရုံသည် လူသားပုံသဏ္ဌာန် သတ္တဝါထဲနစ်မြုပ်နေရာမှ အခြားနေရာများသို့ ရွှေ့ပြောင်းသွား၏။
သူသည် ယောက္ခမနှင့်ချွေးမ ငြင်းခုံရာမှ ရန်ထဖြစ်ကြသည်ကိုလည်းမြင်၏။
ပုရွက်ဆိတ်များက အစေ့အဆန်များ သယ်ဆောင်နေခြင်းနှင့်လိင်အင်္ဂါနှစ်မျိုးလုံးပါရှိသည့် သတ္တဝါများ မိတ်လိုက်နေခြင်းတို့ကိုတွေ့နေရသည်။
သူသည် လောကရှိအရာရာတိုင်းကို ကြည့်နေခဲ့သည်။
သူ၏အမြင်ကို လူသားပုံသဏ္ဌာန် သတ္တဝါအပေါ်တွင်သာ ကန့်သတ်မထားခဲ့ပါ။
သူ၏ စိတ်သည် လူသားပုံသဏ္ဌာန်သတ္တဝါနေရာ၌ စွဲလမ်းကာနစ်မြုပ်သွားခဲ့လျင် သေချာပေါက် ကန့်သတ်ခံရမည်ဖြစ်၏။
နောက်ဆုံးတွင် အဆုံးမဲ့သောနှစ်များကို ဖြတ်သန်းပြီးနောက် ထိုသတ္တဝါသည်နေမင်းကြီး ဖြစ်လာခဲ့လေသည်။
ယခုအရာများအားလုံးသည်လည်း နေမင်းကြီး၏ အစီအစဉ်များဖြစ်လေသည်။
သို့သော် နေမင်းကြီးသည် ချီယွမ်က ကောင်းကင်ဘုံ လမ်းခွဲ အပိုင်းအစများအားလုံးကို စုဆောင်းခဲ့ပြီးဖြစ်ကြောင်းကို လုံးဝသိမထားခဲ့ပေ။
ကျိယွမ်သည် ကောင်းကင်ဘုံတာအိုအပိုင်းအစများကို ပိုင်ဆိုင်ထားသည်။ထို့ကြောင့် လောကကြီးကိုသူကစိတ်ကြိုက်ကြည့်ရှုနိူင်၏။
ထို့အပြင် ကျိယွမ်သည်လောကကြီးကို ကစားသမားတစ်ဦးက ဂိမ်းဇာတ်လမ်းကို လေ့လာနေသကဲ့သို့ ထိုင်ကြည့်ခြင်းဖြစ်သည်။
သူသည် နေမင်းကြီး၏အစီအစဥ်အတိုင်း အားကျဖွယ်ဇာတ်ကောင်ပေါ်တွင် နစ်မြုပ်သွားခဲ့သော်လည်း သူမကြိုက်သောအခန်းပါသည်နှင့် ထဆဲကာနောက်ဇာတ်လမ်းတစ်မျိုးကို ပြောင်းကြည့်ပစ်သည်။
အချိန်မည်မျှ ကြာမြင့်သွားသည်ကို ကျိယွမ် မသိပါ။
ကျိယွမ်က သူ့ကိုမကြည့်ဘဲ ဘာမဟုတ်သော တိရိစ္ဆာန်များအလေလိုက်ခြင်း၊ပုရွတ်ဆိတ်များအစာသယ်ခြင်းကို ကြည့်နေသည်အားသိသွားသောအခါ လူသားပုံသဏ္ဌာန် သတ္တဝါသည် ရုတ်တရက် အော်ဟစ်လိုက်သည်။
“မဖြစ်နိုင်ဘူး၊လုံးဝ မဖြစ်နိုင်ဘူး"
“ဘာလို့ ငါ့ကို မကြည့်တာလဲ”
“ငါက မင်းရဲ့ အရာရာတိုင်းပဲ”
“ငါက မင်းပဲ”
"ငါ့ကိုကြည့်စမ်း...မင်းကြည့်ကိုကြည့်ရမယ်"
ကျိယွမ်က သားအဖနှစ်ယောက် တောင်ယာလုပ်နေသော မြင်ကွင်းကို အေးအေးလူလူကြည့်နေ၏။
"မင်း...မင်း...မဟုတ်ဘူး..မဖြစ်ရဘူး"
ရေနှင့်ပြည့်နေသည့်ပူဖောင်းကို အပ်ဖြင့် ဖောက်လိုက်သကဲ့သို့ ဖြစ်သွားသည်။
လူသားပုံသဏ္ဌာန်သတ္တဝါသည်အစိတ်စိတ်အမွာမွာကွဲကြေသွားပြီး ပျောက်ကွယ်သွားလေ၏။
ကျိယွမ်သည် ဤအကြောင်းကို လုံးဝ မသိဘဲ လောကကို ဆက်လက်ရှာဖွေနေသည်။
လောကသည် အလွန်ကျယ်ပြောပြီး ကြည့်ရှုစရာများစွာ ကျန်သေးသည်မဟုတ်ပါလား။
တိကျွဲ့နယ်မြေတံခါးဝတွင် ကျိယွမ်သည်မျက်လုံးများကို အေးချမ်းစွာ ပိတ်ထားဆဲဖြစ်ပြီး လှေကားထစ်များပေါ်တွင် ငြိမ်သက်စွာထိုင်နေသည်။
ထိုအခိုက် ကျယ်ပြောလှသောတိကျွဲ့နယ်မြေတစ်နေရာ၌ နေကဲ့သို့ တောက်ပသော အလင်း တစ်ခုသည် ရုတ်တရက် လျှပ်စီးလက်သကဲ့သို့ ဖြစ်ပေါ်လာပြီး
တိကျွဲ့နယ်မြေတစ်ခုလုံးသည် အဖြူရောင် အလင်းတန်းများ ဖုံးလွှမ်းသွားသည်။
ကြောက်မက်ဖွယ်အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာ၏။
“မင်း..မင်းကတကယ်ပဲ ဘယ်သူလဲ”
"ဘာလို့ ငါစီစဥ်ထားသလို လိုက်မလုပ်ရတာလဲ"
“ဘယ်သူဖြစ်ဖြစ် .. မင်းကို သတ်ပစ်မယ်”
ကြီးမားသောကျောက်တုံးကြီးတစ်တုံးက ကျွဲ့နယ်မြေထဲမှ ထွက်ပေါ်လာသည်။ကျောက်တုံးကြီးတစ်ခုလုံး အဖြူရောင်မီးတောက်များဖြင့်အလျှံညီညီတောက်လောင်နေ၏။
ထိုကျောက်တုံးသည် နေမင်းကြီး၏ နောက်ဆုံးလက်ကျန်ဝိညာဥ်ပုံစံဖြစ်သည်။
ဧရာမကျောက်တုံးကြီးသည် နတ်ဘုံအဆင့်ထက်များစွာကျော်လွန်နေသော စွမ်းအားကို ထုတ်လွှတ်နေပြီး တိကျွဲ့နယ်မြေကြီးပင် တုန်ခါလာခဲ့သည်။
ကျောက်တုံးကြီးက ဒေါသကြီးစွာဖြင့် “မင်း ဘယ်သူလဲ” ဟုသည့်မေးခွန်းကိုသာ ခံပြင်းစွာဖြင့် ထပ်တလဲလဲမေးနေ၏။
“ပုန်ကန်တဲ့သား၊ ငါက မင်းရဲ့အဖေပဲ”
အဖြေတစ်ခုနှင့်အတူ ကျိယွမ်က ပိတ်ထားသောမျက်လုံးများက်ု ရုတ်တရက်ဖွင့်လိုက်သည်။
သူက ကျောက်တုံးကြီးကိုမြင်သောအခါ သူ၏စကားကို ချက်ချင်းပြန်ရုတ်သိမ်းသည်။
"ခုနက ငါပြောခဲ့တဲ့ စကားကို ပြန်ရုပ်သိမ်းတယ်”
“ငါ့မှာ ဒီလိုရုပ်ဆိုးတဲ့ သားမျိုးမရှိဘူး”
ကျိယွမ်သည် ပြီးပြည့်စုံသောကောင်းကင်ဘုံ တာအိုကိုပိုင်ဆိုင်ထားသောကြောင့် နေမင်းကြီးကို သူ၏သားဟုသတ်မှတ်နိုင်သည်။
သို့သော် ကျိယွမ်သည် မည်သည့်အရာဟုပင်နာမည်ပေးရခက်အောင် ရုပ်ဆိုးသောအရာကြီးကိုတော့ သားအဖြစ်တော်စပ်ရန် ဆန္ဒမရှိပါ။
ငါ့ရုပ်ရည်နဲ့ဒီကောင့်အနေအထားနဲ့က သားလို့ပြောရမှာ တော်တော်ရှက်စရာကောင်းတယ်။
“မင်း သေသင့်တယ်"
"ငါ့ရဲ့စိတ်ဆန္ဒတွေကို မင်းဘယ်လိုဖျက်ဆီးလိုက်တယ်ဆိုတာငါမသိပေမဲ့၊ဒီလောကထဲမှာရှိနေသရွေ့ မင်းကနတ်ဘုံအဆင့်ကိုမချိုးဖြတ်နိုင်ဘူး၊ဒါကြောင့် မင်းအတွက်ကသေလမ်းပဲရှိတယ်"
"ဒါတွေအကုန်လုံး မင်းကြောင့်ဖြစ်ရတာ၊အကုန်မင်းကြောင့်ပဲ ၊ဘာလို့များ အေးအေးချမ်းချမ်းနဲ့သေခြင်းတရားကို လက်မခံရတာလဲ"
"ဘာကြောင့် အခုလိုဖြစ်အောင်ငါ့ကိုဖိအားပေးရတာလဲ"
နေမင်းကြီးသည် ဒေါသကြီးစွာအော်ဟစ်လိုက်သည်။
သူက ကျိယွမ်အားထိန်းချုပ်ပြီးစွမ်းအားများကိုမဝါးမျိုနိုင်တော့သဖြင့် သူ၏ရှင်သန်ရေအတွက် ရုန်းကန်ရတော့မည်မဟုတ်ပါလား။
ပြင်းထန်သောဒဏ်ရာရရှိထားသဖြင့် သေလုနီးနီးဖြစ်နေသောကြောင့် သူ၏စွမ်းအားအပြည့်အဝကိုထုတ်ဖော်မသုံးနိုင်သော်လည်း
သူ၏လောကတွင် အင်အားအကြီးဆုံးတော့ ဖြစ်နေသေးသည်။
ထို့ကြောင့် စိုးရိမ်မှုမရှိဘဲ စစ်မှန်သောဝိညာဥ်ပုံစံသည် ထွက်ပေါ်လာခဲ့ခြင်းပင်။
“သေစမ်း"
မျက်စိကျိန်းမတတ်တောက်ပနေသည့်အဖြူရောင်အလင်းသည် ကျိယွမ်ဆီသို့ ဦးတည်သွား၏။
အလင်းတန်းကို မြင်သောအခါ ကျိယွမ်က သက်ပြင်းချကာ ရေရွတ်လိုက်၏။
“ပြင်ပနတ်ဆိုးတွေ ပြောတာမှန်တယ်လို့ ငါ ရုတ်တရက်ခံစားရပါတယ်၊ သားသမီးကျင့်ဝတ်အမိန့်ကို ဒီလိုကောင်တွေ လိုက်နာသင့်တယ်”
ထို့နောက် ကျိယွမ်၏ နှုတ်ခမ်းများက လှောင်ပြုံးတစ်ခုဖြစ်ပေါ်လာပြီး တိုးတိုးရွတ်ဆိုလိုက်သည်။
“အဆင့်မြှင့်မယ်"