ကောင်းကင်ဘုံတာအို အုတ်မြစ်၊ စွမ်းရည်အသစ်များ
Vol. 6 Ch. 80
အတွေ့အကြုံရမှတ်များမည်မျှ စုဆောင်းထားသည်ကို ကျိယွမ်ကိုယ်တိုင်ပင် မသိခဲ့ပါ။
တက်လှမ်းခြင်းပလ္လင်ပေါ်တွင် မရေမတွက်နိုင်သောမကောင်းဆိုးရွားများက သူ့ကိုအလွန်များပြားသောအတွေ့အကြုံရမှတ်များပေးခဲ့ကြသည်။
တိကျွဲ့ထဲမှ သုံးထောင်နီးပါးရှိသော ပြင်ပနတ်ဆိုးများကိုသတ်ဖြတ်ခြင်းမှလည်း အတွေ့အကြုံရမှတ်အမြောက်အများရခဲ့ပြန်သည်။
ကျိယွမ်၏ အတွေ့အကြုံရမှတ်များသည် ဇောက်ထိုးဆွဲထားသောသမုဒ္ဒရာကဲ့သို့ ဖြစ်နေ၏။၄င်းတို့က သေးငယ်သော ထွက်ပေါက်တစ်ခုမှ ကျိယွမ်၏ ခန္ဓာကိုယ်ထဲသို့ ဆေးပုလင်းချိတ်သလို စီးဆင်းလာကြသည်။
ကျိယွမ်က ကြီးမားသောကျောက်တုံးကို ကြည့်ကာ သူ၏ ဓားကိုမြှောက်လျှက် အော်ဟစ်လိုက်၏။
“ငါက… အဆင့် ၉၉ မဟုတ်ဘူးကွ”
သေခြင်းအလင်းရောင် ၊ဖိနှိပ်နိုင်သောစွမ်းအားနှင့်ကောင်းကင်ပိုင်းဖြတ်ဓားချက်တို့အပြင် အသေးစားစွမ်းရည်အားလုံးကို ပုံအောထည့်ကာ အလင်းတန်းဆီသို့ ခုတ်ထည့်လိုက်သည်။
“သတ်"
တောက်ပသောအဖြူရောင်အလင်းနှင့် သွေးနီရောင်ဓားစွမ်းအင်နှင့်ထိပ်တိုက်တွေ့ဆုံသွားတော့သည်။
အဖြူရောင်အလင်းတန်းက ကျိယွမ်ဆီသို့ဦးတည်လာသလို သွေးနီရောင်ဓားစွမ်းအင်ကလည်း နေမင်းကြီးထံသ်ု့ တည့်မတ်စွာကျရောက်သွားသည်။
ကျိယွမ်၏ခန္ဓာကိုယ်အား အဖြူရောင်အလင်းများက ချက်ချင်းဖုံးလွှမ်းသွား၏။
သူ၏ ခန္ဓာကိုယ်သည် အလင်း၏လောင်ကျွမ်းမှုကို ခုခံရင်း ဖြည်းဖြည်းချင်း ပျော်ဝင်နေသည်၊
သို့သော် သူ့နှုတ်ခမ်းပေါ်တွင်တော့ မထီလေးစားနိုင်သော အပြုံးတစ်ခုရှိနေဆဲပင်။
“မင်းကငါ့ထက် ပိုမြန်မြန်သေလိမ့်မယ်၊ ဟားဟားဟား ဟားဟား"
ထိုသို့ပြောပြီးနောက် ကျိယွမ်သည် အားအင်မရှိတော့သလို မျက်လုံးများကို မှိတ်လိုက်သည် ။
သူသည် လှေကားထစ်များပေါ်တွင် ထိုင်နေကာ အသွေးအသားများခြောက်ခမ်းလာသော်လည်း ဓားကိုမလွတ်တမ်း တင်းကျပ်စွာဆုပ်ကိုင်ထားဆဲရှိလေသည်။
.................
တိကျွဲ့နယ်မြေ၏ အပြင်ဘက် ၊
လွန်ခဲ့သော နာရီအနည်းငယ်ကဖြစ်သည်။
တားမြစ်နယ်မြေနှစ်ခုမှနတ်ဘုံအဆင့်ကျင့်ကြံသူများအားလုံး တိကျွဲအပြင်ဘက်သို့ ရောက်ရှိလာကြသည်။
သူတို့အားလုံး၏ မျက်နှာအမူအရာများသည် အလွန် တည်ငြိမ်နေ၏။
မကြာမီတွင် ဤကမ္ဘာပေါ်ရှိကြောက်စရာအကောင်းဆုံးပြင်ပနတ်ဆိုးများနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည် ။
ကောင်းကမင်ယံမှာတော့ ကောင်းကင်ခွေးနက်ကြီးသည်လကိုစားခြင်းဖြစ်စဥ်မှာ ဆက်လက်ဖြစ်ပေါ်နေဆဲပင်။
ထို့ကြောင့် ကမ္ဘာတစ်ခုလုံးကို အမှောင်ထုဖုံးလွှမ်းနေခဲ့လေပြီ။
တိကျွဲ့နယ်မြေအနီးသို့ရောက်သောအခါ တုန်ကလက်တစ်ချက်ပြကာ အချက်ပြလိုက်လျှင် အားလုံးရပ်တန့်သွားကြ၏။
တုန်ကစကားစရန် ပြင်လိုက်စဥ်မှာပင်
ကြီးမားသော တုန်ခါမှုတစ်ခုသည် တိကျွဲ့နယ်မြေဆီမှ ထွက်ပေါ်လာလေသည်။
လူတိုင်းအံ့အားသင့်သွားပြီး အချင်းချင်း မျက်လုံးချင်းကြည့်ကာ လန့်ဖြန့်နေကြသည် ။
“ဘာဖြစ်တာလဲ"
“ပြင်ပနတ်ဆိုးတွေက ငါတို့ကို တွေ့သွားပြီး ချောင်းမြောင်းတိုက်ခိုက်ဖို့ စီစဉ်နေတာလား”
“ဟိုဘက်ကို ကြည့်ပါဦး၊ အဲဒါ ဘာကြီးလဲ"
အနီရောင်ဝတ်စုံဝတ်ထားသောသူက ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်သည် ။
ကောင်းကင်ယံ၌ ဧရာမကောင်းကင်ခွေးကြီးသည် လကို စားနေသည် ။
ရုတ်တရက် နေမင်းကြီးတစ်လုံး ထွက်ပေါ်လာပြီး ကမ္ဘာတစ်ခုလုံးကိုနေ့ခင်းဘက်ကဲ့သို့ လင်းထိန်စေသည် ။
လူတိုင်း ကြောက်ရွံ့ထိတ်လန့်ကုန်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ကြီးမားသော အသက်ဘေးအန္တရာယ်တစ်ခု နီးကပ်နေသကဲ့သို့ခံစားရကာ မရှင်းပြနိုင်သော ကြောက်ရွံ့မှုများက သူတို့၏နှလုံးသားထဲ၌ ပေါ်ပေါက်လာသည် ။
“နေမင်းနှစ်စင်း...ဘာတွေဖြစ်နေတာလဲ”
လူတိုင်းသည် ကြောင်ငေးစွာရပ်ကြည့်မိနေရင်း ကြောက်ရွံ့နေကြသည် ။
“မကောင်းတော့ဘူး၊ အဲဒီနေမင်းက မြေပြင်ပေါ်ကို ကျတော့မယ်”
“နေမင်းကြီးက ဘာလို့ထွက်ပေါ်လာတာလဲ၊ဒါ...ဒါက ..နေနဲ့လ ပြောင်းပြန်ဖြစ်နေပြီ… ဒါက နေမင်းကြီးပြန်လည်နိုးထခြင်းပဲ”
ယု သည်တစ်ခုခုကိုတွက်ချက်ပြီးသဘောပေါက်လိုက်သည်၊ သူ၏မျက်လုံးထောင့်မှ သွေးမျက်ရည်တစ်စက် စီးကျလာခဲ့သည်။
သူက ကောင်းကင်ယံ၌ တောက်လောင်နေသော နေမင်းကြီးအားမော့ကြည့်ကာ ကြေကွဲသလို ရေရွတ်မိ၏။
“ဒါဆို၊ ဒါက အမှန်တကယ်ပဲ ဆယ်ယောက်သွားဆယ်ယောက်သေပဲလား"
အခြားသူများအားလုံးမှာလည်း ထိုမြင်ကွင်းကို ကြောက်လန့်တုန်လှုပ်နေကြသည် ။
နေမင်းကြီးသည် စကြဝဠာကြီးဆီသို့ အမှန်တကယ် ကျဆင်းလာနေသည် ။
ယခုနေမင်းသည် ကောင်းကင်ယံရှိမူလနေမင်းနှင့် နှိုင်းယှဉ်၍မရနိုင်သော်လည်း၊ ၎င်းသည် နေမင်းငယ်တစ်စင်း ဖြစ်နေဆဲမဟုတ်ပါလား။
ယခုတော့ ထိုနေမင်းသည် လူသားကမ္ဘာသို့ ကျဆင်းလာနေလေပြီ။
မည်မျှအဖျက်စွမ်းအားကြီးသော မြင်ကွင်း ဖြစ်လေသနည်း။
ပင်လယ်ရေများ ပွက်ပွက်ဆူကာ ပြန်လျှံတက်လာမည်။
မြေအောက်သွေးကြောများ ပျက်စီးကုန်မည်။
အဆိုးဆုံးကတော့ သက်ရှိအားလုံး ပြာအဖြစ် ပြောင်းလဲသွားလိမ့်မည်။
“ဆယ်ယောက်သွားဆယ်ယောက်သေ၊အကုန်လုံး သေကြရမှာလား"
ရှောင်လူသည် ကျဆင်းလာနေသောနေမင်းကြီးကို ကြည့်ရင်းကျေနပ်သွားသလို ပြုံးလိုက်သည်။
“အဝတ်အထည်ဌာနသခင် ၊နင့်ကိုငါ အပြစ်မတင်တော့ပါဘူး ။”
ထိုအချိန်တွင် ဓားတစ်စင်းသည် ကောင်းကင်ယံ၌ ရုတ်တရက်ပေါ်လာ၏။
“အဲဒါ ဘာလဲ?”
“ဘယ်သူ့ဓားလဲ"
“ဘာတွေဖြစ်နေတာလဲ"
နတ်ဘုံအဆင့်များအားလုံး ထပ်မံထိတ်လန့်တကြား ဖြစ်သွားကြသည် ။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်ယံ၌ သူတို့ ရင်းနှီးကျွမ်းဝင်သော ဓားတစ်စင်း ပေါ်လာသောကြောင့် ဖြစ်သည် ။
ဟွမ်ယွဲ့မင်းဆက်တွင် မိန်းမငယ်လေးတစ်ဦးက ကောင်းကင်ပေါ်သို့ တုန်လှုပ်စွာ မော့ကြည့်သည်။
သူမ၏ မျက်လုံးထဲရှိလပုံရိပ်သည် လခြမ်းကွေးအဖြစ်သို့ ပြောင်းသွားပြီး အားကုန်င်ုကြွေးလိုက်သည်။
“ဆရာ…”
ရိကွမ်းတားမြစ်နယ်မြေထဲတွင် သတို့သမီးလေးသည် ယိုင်ထိုးကာ ပြေးနေသည်။
သူမက တစ်စုံတစ်ယောက်ကို အော်ခေါ်နေပုံရ၏။
သူမက မမြင်ရသောကြောင့် လဲကျသွားသည်။သိူ့သော် ချက်ချင်း ပြန်ထကာ ပြေးသည်။ထို့နောက် ထပ်မံလဲကျသွားပြန်သည်။
သူမ သူမ၏ခင်ပွန်းကိုကာကွယ်ပေးရန် ကြိုးစားနေရှာ၏။
.............
တိကျွဲ့နယ်မြေထဲတွင်..
ကြီးမားသော ကြေးဝါတံခါးတစ်ချပ်ရှေ့တွင် သွေးများပေကျံနေသော လူတစ်ယောက်သည် လှေကားထစ်များပေါ်တွင် ထိုင်နေ၏။
သူ၏အသားနှင့်သွေးများသည် စုတ်ပြတ်သတ်နေပြီး ခြေလက်အင်္ဂါများက တဖြည်းဖြည်းပျော်ကျနေသော်လည်း ဓားတစ်ချောင်းကိုမလွတ်တမ်း ဆုပ်ကိုင်ထားသည်။
သူသည် ငရဲမှလာခဲ့သူ၊ နတ်ဆိုးများ၏ မရေမတွက်နိုင်သော တိုက်ခိုက်မှုများနှင့် ကိုက်ခဲမှုများကို ခံခဲ့ရသူအလားရှိသည်။
သူ၏ မျက်လုံးများမှာလည်း လောင်ကျွမ်းပျက်စီးနေပြီဖြစ်သော်လည်း သူသည်ဓားကို ဆက်လက်ဆုပ်ကိုင်ထားပြီး နေမင်းကြီးကို တိုက်ခိုက်သည်။
“ငါ… အဆင့် ၉၉ မဟုတ်ဘူးကွ”
ဓားချက်တစ်ချက်ဖြင့် တိကျွဲ့နယ်မြေသည် ဖရိုဖရဲဖြစ်သွားသည် ။
တောက်ပသော အဖြူရောင်နေမင်းကြီး၏ တစ်ဝက်သည် သွေးနီရောင်သို့ ပြောင်းသွားခဲ့သည် ။
သွေးနီရောင်နှင့် အဖြူရောင်အလင်းတို့အကြားမှတိုက်ခိုက်မှုသည် သူတို့စိတ်ကူးထဲပင် မတွေးဝံ့သော ကြောက်မက်ဖွယ်စွမ်းအင်ကို ထုတ်လွှတ်သည်။
“အဝတ်အထည်ဌာနသခင်၊ အဲဒါ အဝတ်အထည်ဌာနသခင်ပဲ”
အနီရောင်ဝတ်ထားသောလူက ကျယ်လောင်စွာအော်ဟစ်သည် ။
လုံပန် သည် ကောင်းကင်ကို ကြည့်နေသည်။
သူ၏ မျက်လုံးများတွင် အဆုံးမဲ့စိတ်ခံစားမှုများ လင်းလက်နေသည်၊ နောက်ဆုံးတွင် သူ၏မျက်နာက ကြေကွဲသလိုပြုံးသွားသည်။
“ငါယုံကြည်တဲ့သူက အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုလုပ် ထွက်ပြေးမှာလဲ”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
အခြားသူများအားလုံသည် ကောင်းကင်ကို ကြည့်ကာ တိတ်ဆိတ်နေကြသည် ။
အချို့မှာ အပြစ်ရှိသလို ခံစားနေရ၏။
အချို့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များ ရစ်ဝဲနေသည် ။
သူတို့သည် သွေးများပေကျံနေသော လူကို သူ့နှုတ်ခမ်းပေါ်တွင်အပြုံးတစ်ခုနှင့်အတူ မျက်လုံးများ မှိတ်ထားသည်ကို မြင်ရသည် ။
“မင်းက ငါ့ထက် ပိုမြန်မြန် သေလိမ့်မယ်၊ ဟားဟား ဟားဟား။”
ထိုအသံသည် သူတို့၏နှလုံးသားထိတိုင် ထိုးဖောက်၏။
ဓားစွမ်းအင်သည် ဆက်လက် ပျံ့နှံ့နေသည် ။
တောက်ပသောအဖြူရောင်အလင်းသည် မှိန်ဖျော့လာ၏။
အနက်ရောင် ကောင်းကင်ခွေးကိုလည်း ထိုဓားချက်က ပိုင်းဖြတ်လိုက်သည် ။
နေမင်းကြီးသည် နောက်ဆုံးတွင် ပေါက်ကွဲကာ မရေမတွက်နိုင်သော ကြယ်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“ခလွမ်း”
တိကျွဲ့နယ်မြေ၏တံခါးကြီးသည် ကျိုးပဲ့သွားလေ၏။
တားမြစ်နယ်မြေလေးခုနှင့်သီးခြားနယ်မြေနှစ်ခုတို့တွင် တိကျွဲ့နယ်မြေသည် ယနေ့မှစ၍ ကမ္ဘာပေါ်တွင်မရှိတော့ပါ။
ယု၊တုန်နှင့်တကွအားလုံး တိကျွဲ့နယ်မြေထဲသို့ ကြည့်လိုက်ကြသည် ။
ပြုတ်ကျနေသော တံခါးနောက်ကွယ်တွင်၊ သွေးများပေကျံနေသော လူငယ်တစ်ယောက်သည် ဓားကို ကိုင်ထားပြီး လှေကားထစ်များပေါ်တွင် ထိုင်နေသည်၊ သူ၏ မျက်လုံးများမှိတ်ထားသည်၊ သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုနှင့်၊ အိပ်ပျော်နေသကဲ့သို့ သို့မဟုတ် လှပသောအိပ်မက်ကို မက်နေသကဲ့သို့ ဖြစ်သည် ။
“အဝတ်အထည်ဌာနသခင်"
နတ်ဘုံအဆင့်များအားလုံးသည် အံ့အားသင့်စွာ အော်ဟစ်ကြသည်။
အချို့မှာ နာကျင်သောအမူအရာများဖြင့် တိကျွဲ့ထဲသို့ အရူးအမူးပြေးသွားကြသည် ။
ထိုလူငယ်သည် စစ်ပွဲမည်မျှကို တစ်ယောက်တည်း တွေ့ကြုံခံစားခဲ့ရသနည်း။
သူတိူ့က မသိနားမလည်စွာ အပြစ်တင်နေမိခဲ့ကြသည်။
သို့သော် သူတို့၏အမြင်အာရုံတွင်၊ ထို ပျက်စီးနေသောလူငယ်သည် တိကျွဲ့နယ်မြေ ပျောက်ကွယ်သွားခြင်းနှင့်အတူပျောက်ကွယ်နေလေသည်။
သွေးနီရောင်အစအနတစ်ခုသာ ကျန်ရှိပြီး နောက်ဆုံးမှာတော့ အရာအားလုံး ပျောက်ကွယ်သွားတော့သည်။
..............................
“ကမ္ဘာပေါ်က သမိုင်းအများစုဟာ အချိန်တွေ ကုန်ဆုံးသွားတာနဲ့အမျှ မေ့လျော့ခံသွားရပါတယ် ။”
ပုရောဟိတ်ဂျူလိုက်၏ အရပ်အမောင်းသည် ကျင်းလီလောက်မရှည်သော်လည်း၊ ကျင်းလီ၏ဘေးတွင် လမ်းလျှောက်နေသည့်အခါ သူမသည်ပိုမိုခန့်ညားပုံရသည် ။
ကျင်းလီ၏ မျက်လုံးများတွင် စိတ်ပျက်အားငယ်မှုအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့သော်လည်း သူမက နုတ်ဆိတ်၍သာနေခဲ့သည်။
“တားမြစ်နယ်မြေနဲ့သီးခြားနယ်မြေအရေအတွက်ဟာ ယွဲ့ဟွမ်မင်းဆက် တည်ထောင်ချိန်မှာ တားမြစ်နယ်မြေ လေးခုအပြင် သီးခြားနယ်မြေနှစ်ခု ရှိခဲ့တာ။ အခုတော့ သီးခြားနယ်မြေတစ်ခုပဲ ကျန်တော့တယ် ။”
ယွဲ့ဟွမ်မင်းဆက်ပင်လျင် တည်ထောင်ပြီးနောက်အကြိမ်များစွာပြိုလဲခဲ့ပြီး အကြိမ်ကြိမ်ပြန်လည် ထူထောင်ခဲ့ရသည်။
“သီးခြားနယ်မြေ နောက်တစ်ခုလား"
ကျင်းလီ၏ မျက်လုံးများကျဉ်းမြောင်းသွားသည် ။
သူမသည် ကျိယွမ် ပြောခဲ့ဖူးသည့်တားမြစ်နယ်မြေလေးခုနှင့် သီးခြားနယ်မြေနှစ်ခုအကြောင်းကို ပြန်အမှတ်ရလိုက်၏။
“အဲဒီသီးခြားနယ်မြေနောက်တစ်ခုကို ဘယ်လိုခေါ်လဲ၊ အခု ဘယ်ရောက်နေလဲ”
ကျင်းလီ၏လေသံမှာ အနည်းငယ်စိတ်လှုပ်ရှားမှုများ ပါနေသည်။
“ရှေးဟောင်း မှတ်တမ်းတွေအရ၊ အဲဒီသီးခြားနယ်မြေကို တိကျွဲ့နယ်မြေလို့ ခေါ်ခဲ့ပါတယ် ။”
ဂျူလိုင်က ဖြည်းဖြည်းချင်း ရှငပြ၏။
“တိကျွဲ့နယ်မြေဟာ ကမ္ဘာကြီးကိုပျက်သုဉ်းစေမယ့် ဧရာမနတ်ဆိုးကြီးရဲ့ နေရာဖြစ်တယ်လို့ ကောလာဟလ ရှိခဲ့တယ်၊ ပြီးတော့ မျက်နှာမဲ့ဓားသမားတစ်ယောက် အဲဒီကိုသွားပြီး ဧရာမနတ်ဆိုးကြီးကို သတ်ပစ်တယ်”
“သူ ဘာဖြစ်သွားလဲ"
ကျင်းလီသည် ဂျူလိူင်၏ လက်မောင်းကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည် ။
“တိကျွဲ့နယ်မြေက လုံးဝပျက်စီးသွားခဲ့ပါတယ်၊ အဲဒီလိုဖျကိဆီးဖို့ လိုအပ်တဲ့စွမ်းအား ဘယ်လောက်ရှိမယ်ဆိုတာကို စဉ်းစားဖို့တောင် မရဲလောက်စရာပါ"
"ပြီးတော့ သူက… ဧရာမနတ်ဆိုးကြီးနဲ့အတူ ပဲ ပျက်စီးသွားခဲ့ပါတယ် ။”
ဂျူလိူင်ကသက်ပြင်းချလိုက်သည်။
“သူ သေသွားတာလား”
ကျင်းလီမှာ ငြိမ်သက်သွားလေသည်။
“ယွဲ့ဟွမ်မင်းဆက် တည်ထောင်ခြင်းကလည်း မျက်နှာမဲ့ဓားသမား စီစဉ်တာလို့လည်း ရှေးဟောင်း မှတ်တမ်းတွေ ရှိခဲ့ပါတယ် ။ ကံမကောင်းစွာနဲ့ပဲ၊ ဘုရင်အသစ်က နောက်ပိုင်းမှာ ဒီမှတ်တမ်းကို ဖျက်ဆီးပစ်ခဲ့တယ် "
"မျက်နှာမဲ့ဓားသမားက ကျွန်မတို့ယွဲ့မင်းဆက်နဲ့ ဆက်စပ်မှု ရှိမရှိတော့ ကျွန်မ မသိပါဘူး၊ ဒါပေမဲ့ သူဒီကိုတော့ရောက်ခဲ့ဖူးပါတယ် ။သူ့မှာရုပ်တုတစ်ခုတောင် ရှိတယ်၊ ဟိုရှေ့နားလေးမှာပါ ။”
ကျင်းလီ ကြည့်လိုက်သောအခါ ပျက်စီးယိုယွင်းနေသော ဘုရားကျောင်းတစ်ခုကို တွေ့လိုက်ရသည်၊ နံရံများက ပြိုကျနေပြီး ပေါင်းပင်များပင် ပေါက်နေ၏။
“ကျွန်မတို့ ဝင်ကြည့်ကြမလား”
ဂျူလိုင်၏ အမူအရာမှာတည်ငြိမ်နေသည် ။
ကျင်းလီသည် အပြာရောင်ကျောက်ကြမ်းပြင်ပေါ်သို့ တက်လိုက်သည်၊ သူမ၏ ခြေလှမ်းများသည် ယခင်ကထက်ပိုမြန်ဆန်ကာ ဘုရားကျောင်းဆီသို့ ဦးတည်နေ၏။
ခဏလေးအတွင်း သူမသည် ဘုရားကျောင်းထဲသို့ ဝင်ရောက်ခဲ့သည် ။
“နှမြောစရာပဲ ။ မျက်နှာမဲ့ ဓားနတ်ဘုရားက ကမ္ဘာကြီးကို ကယ်တင်ဖို့ ကြီးမားတဲ့ အရာတွေ လုပ်ခဲ့တယ်လို့ ကောလာဟလ ရှိပေမဲ့၊ ဗိမာန်တော်တွေအများကြီးထဲမှာ သူ့ဘုရားကျောင်းမှာတော့ ပူဇော်သူတောင်မရှိဘူး ။”
ဂျူလိုင်က ညည်းတွားသည် ။
ကျင်းလီသည် တိတ်ဆိတ်စွာရပ်နေပြီးဘုရားကျောင်းထဲရှိ ပျက်စီးနေသော ရုပ်တုကို ကြည့်နေသည်။
သူမ၏ စိတ်ထဲ၌မရေမတွက်နိုင်သော ပုံရိပ်များ လင်းလက်သွားပြီး အရာများစွာကို မှတ်မိသွားသည် ။
“ဘုရင်မ၊ သင် မြင်ချင်တာကို မြင်လိုက်ရပြီလား”
ဂျူလိုင်၏ သိမ်မွေ့သောအသံသည် နောက်ဘက်မှ ထွက်ပေါ်လာသည် ။
ကျင်းလီသည် ရုပ်တုကို ကြည့်ပြီး လက်မြှောက်ကာ ရုပ်တု၏ ဘယ်ဘက်လက်ကို ဆုပ်ကိုင်လိုက်သည် ။
ထိုအချိန်တွင် ရုပ်တု၏ ဘယ်ဘက်လက်သည် ရုတ်တရက် ပေါက်ကွဲသွားကာ အစိမ်းရောင် သစ်သားဆံထိုးတစ်ချောင်းသည် ကျင်းလီ၏လက်ထဲသို့ ကျလာသည် ။
သူမသည် သစ်သားဆံထိုးကို တုန်ယင်သောလက်များဖြင့် တင်းတင်းဆုပ်ကိုင်ထားသည်။
ကျင်းလီသည် ရုပ်တုကိုမော့ကြည့်ပြီး လှုပ်ခပ်စွာပြန်ဖြေ၏၊
“ငါ မြင်လိုက်ရပါပြီ "
"မြင်လိုက်ရသလိုပါပဲလေ"
...................
ရိကွမ်းတားမြစ်နယ်မြေ၌ ဖြစ်သည် ။
အေးစက်သော သစ်သားပျဉ်ပြားများကြောင့် ကျိယွမ်သည် မသက်မသာဖြစ်ကာ အနည်းငယ် ချမ်းစိမ့်စိမ့် ခံစားရသည် ။
သူသည် တစ်စုံတစ်ခုကို ဆုပ်ကိုင်ရန် လှမ်းလိုက်သော်လည်း သူ့လက်များသည်ဗလာနတ္တိ ဖြစ်နေ၏။
"သတိူ့သမီးလေး"
ထိုသို့အော်ဟစ်ကာ မျက်လုံးများ ဖွင့်လိုက်သောအခါ သစ်သားပျဉ်ပြားများပေါ်တွင် သူ တစ်ယောက်တည်းသာ ရှိနေသည်ကို တွေ့လိုက်ရသည် ။
"သတို့သမီးလေး"
သူအားစိုက်ပြီး ထပ်ခေါ်လိုက်သည် ။
သို့သော်လည်း မည်သူမျှတုံ့ပြန်ခြင်းမရှိခဲ့ပါ။
မင်္ဂလာအိပ်ခန်းထဲတွင်လည်းကောင်း အပြင်ပတ်ဝန်းကျင်တွင်လည်းကောင်း မည်သူမှရှိမနေဘဲ တိတ်ဆိတ်နေ၏။
“တစ်ခုတည်းအဖြစ်ပေါင်းစပ်"
ကျိယွမ်သည် သူ၏အကြီးစားစွမ်းရည် ကို အသုံးပြုလိုက်သည် ။
သူ ရရှိခဲ့သောတုံ့ပြန်မှုမှာ တိတ်ဆိတ်ခြင်း ဖြစ်သည် ။
သူသည် အေးစက်သောသစ်သားပျဉ်ပြားများပေါ်တွင် ထထိုင်လိုက်သည်။
ပြင်းထန်စွာခေါင်းကိုက်သလို ခံစားနေရ၏။
တစ်ခုတည်းသော နှစ်သိမ့်စရာဟူ၍ အခြားသော စွမ်းရည်များရှိနေဆဲဖြစ်သည်၊
သို့သော် ...သတို့သမီးလေးကရော....။
“ငါ့ရဲ့ဇနီးက ဝတ္တရားမကျေတာလား၊ အပြင်ထွက်တာတောင် ငါ့ကိုမခေါ်ဘူး ။”
ကျိယွမ်သည် သူ၏ အားနည်းချိနဲ့နေသော ခန္ဓာကိုယ်ကိုသယ်ဆောင်ကာ ရိကွမ်းတားမြစ်နယ်မြေအနံ့ ယိမ်းယိုင်ကာလျှောက်သွားနေသည်။
သူသည် မင်္ဂလာဝတ်စုံများစွာကို မြင်တွေ့ခဲ့ရသည် ။
သို့သော် သတို့သမီးလေး၏ဝတ်စုံလောက်လှပသော ဝတ်စုံတစ်ခုမှရှိမနေပေ။၄င်းတို့အားလုံးသည် သူ၏သတို့သမီးလေးကဲ့မလှဟူ သူမြင်မိသည်။
ကျိယွမ် ဆက်ရှာ၏ ။သူသည် အကြိမ်ကြိမ်ခလုတ်တိုက်မိပြီး လဲကျခဲ့သော်လည်း အားမလျှော့ခဲ့ပါ။
သတို့သမီးလေးကိုသာ နေရာအနှံ့လိုက်ရှာနေမိသည်။
အားရှိသရွေ့ရုန်းကန်ကာ မြေအောက်နန်းတော်ထဲသို့ဝင်ရောက်ရန် ကြိုးစားသည်။
“လူတွေပြောသလိုပဲ ၊ အချိန်အကြာကြီး အတူရှိခဲ့တဲ့စုံတွဲတွေဟာ အချင်းချင်းတူလာကြတယ်တဲ့ ။ ငါလည်း နည်းနည်းလေးလျှောက်တာနဲ့ လဲကျနေပြီ၊သတို့သမီးလေးလည်း ငါလိုပဲခေါင်းအရမ်းကိုက်ပြီး အာရုံတွေဝေဝါးနေလို့ လဲကျနေတာများလား"
တစ်နာရီကြာခန့် လမ်းလျှောက်ပြီးနောက် ကျိယွမ်သည် မြေအောက်နန်းတော်သို့ ရောက်ရှိခဲ့သည် ။
“သတို့သမီးလေး၊ ငါတို့ကကွာရှင်းဖို့ အေးဆေးစဉ်းစားနေတဲ့အချိန်ပဲ ရှိသေးတယ် ။”
“ဒါပေမဲ့ အခုနင်ကဒီမှာမရှိတဲ့တော့ ငါ တစ်ယောက်တည်း ကွာရှင်းလို့မရဘူး။”
“ဒါကြောင့်၊ နောက်တစ်ကြိမ် ပြန်တွေ့တဲ့အခါ၊ ကွာရှင်းမလား ဒါမှမဟုတ် မကွာရှင်းဘူးလားဆိုတာ ငါတို့ ဆွေးနွေးကြမယ် "
“ဒါမှမဟုတ် ငါက ငါ့ဇနီးရဲ့ ဈာပနမီးပုံးနောက်ကို လိုက်နေရမှာလား”
“ဒါမှမဟုတ်၊ နင်က နင့်ခင်ပွန်းရဲ့ ဈာပနမီးပုံးနောက်ကို လိုက်သင့်လား"
ကျိယွမ်သည် မှောင်မိုက်သောမြေအောက်နန်းတော်ထဲတွင် ထိုင်နေရင်း သက်ပြင်းချလိုက်၏။
သူ၏ လက်ကိုမြှောက်ပြီး ကြည့်မိသောအခါ လက်ပေါ်ရှိ လပုံစံတက်တူးသည်လည်း ပျောက်ကွယ်နေသည်။
ရင်ဘက်ပေါ်မှ သတို့သမီးလေး၏တတ်တူးပုံစံကဲ့သို့ပင်။
သူသည် မြေအောက်နန်းတော်ထဲတွင် ရှိနေသေးသည့် အဝတ်အထည်ဌာ၏စစ်သည်တော်များကို အမှတ်တမဲ့ ငေးကြည့်နေမိသည် ။
“ငါ ထွက်သွားရတော့မှာလား”
“အဲဒီ နေမင်းကြီးက အကြာကြီးအချိန်ဆွဲထားခဲ့တာပဲ။ငါသာအဆင့် ၁၀၀ ကို စောစောကတည်းက ရောက်ခဲ့ရင်၊ သူ့ရဲ့ အစစ်အမှန်ပုံစံပေါ်မလာသေးဘဲ ပုန်းနေဦးမှာသေချာတယ်”
“ငါ ဒီဂိမ်းကိုအကောင်းဆုံးအဆုံးမသတ်နိုင်ခဲ့ဘူး"
ထို့ကြောင့် ကျိယွမ်သည် ဝမ်းနည်းသလို ခံစားရသည် ။
ဂိမ်းတစ်ခု ပြီးဆုံးခြင်းသည်တီဗီဇာတ်လမ်းတွဲတစ်ခု ဇာတ်သိမ်းသွားသကဲ့သို့ပင်။ ရင်ထဲတွင် လစ်ဟာနေသည် ။
“အမှိုက်ဂိမ်း၊ ငါ့မှာ မစ်ရှင်အသေးစားတစ်ခု မပြီးသေးဘူးလေ၊ဘာလို့ ဇာတ်သိမ်းပစ်ရတာလဲ"
“နေဦး၊ ကျင်းလီက ကစားသမားတစ်ယောက်ပဲ၊ ဒါကြောင့် မစ်ရှင်အဖြစ်ယူဆလို့မရဘူး”
“တွေ့ဆုံခြင်းလား..."
ကျိယွမ်၏ညှိုးငယ်နေသော မျက်လုံးများအနည်းငယ် လင်းလက်လာသည်။
" နောက်တစ်ကြိမ် ငါတို့တွေ့တဲ့အခါ နေရာကို အပြင်လောကမှာပဲရွေးရမယ်”
သူသည် ကျင်းလီကိုသွားတွေ့ခဲ့စဥ်ကအကြောင်းကို ပြန်စဥ်းစားမိ၏၊ နှင်းများက နေ့စဥ်ရက်ဆက် ထူထပ်စွာကျနေသည် ။ သူရက်အတော်ကြာ စောင့်ခဲ့သော်လည်း သူမကို တွေ့ခွင့်မရခဲ့ချေ။
သူ၏စိတ်ထဲတွင် အတွေးများဖြင့် ပြည့်နှက်နေသည် ။
သူသည် ဖုန်မှုန့်များဖုံးနေသော တားမြစ်နယ်မြေစစ်တပ်ကိုကြည့်ကာ သူတစ်ချိန်ကမြင်ခဲ့ဖူးသော စကားအချို့ကိုအမှတိမထင်ပြန်လည်မှတ်မိသွားပြီး အသံထွက်ရွတ်ဆိုမိသည်။
“ဟိုတစ်ချိန်ဆီက ... မမြင်ရသည့်အခါ
စိုးရိမ်ပူပန်မှုတို့သည် စုပုံနေသောနှင်းတို့ပမာ၊ ခေတ်အဆက်ဆက် နက်ရှိုင်းစွာ တမ်းတရသည် ။
ယခု... မမြင်ရသည့်အခါ တောင့်တခြင်းသည် ကျောက်စိမ်းနှင်းတို့ပမာ၊ ခေတ်အဆက်ဆက် နက်ရှိုင်းစွာမူးယစ်စေ၏ ။
နောင်တွင် သင်နှင့် ပြန်ဆုံတွေ့ရလျှင်၊ ကျွန်ုပ်တို့ တွေ့ဆုံမှုနောက်ကျခြင်းကို မမုန်းတီး၊ အချိန်တိုတောင်းခြင်းကိုလည်း အပြစ်မတင်ပါ ။”
အမှန်တကယ်တွင့် ကျိယွမ်ရွတ်ဆိုခဲ့သော နောက်ဆုံးဝါကျသည် ထိုသို့မဟုတ်ပါ။
“နောက်တစ်ကြိမ် သင်နှင့်မဆုံတွေ့ရပါက၊ ဘဝသည် တစ်ခဏတာအိပ်မက်ပမာ၊ ခေတ်အဆက်ဆက် လစ်ဟာနေလိမ့်မည်”
ဟူ၍ဖြစ်သည်။
သူသည် ထိုဝါကျက နိမိတ်မကောင်းဟု ခံစားရသဖြင့် ပြောင်းလဲရွတ်ဆိုလိုက်သည်။
သူသည် နှင်းများအကြီးအကျယ်ကျသော နေ့ကို သတိရသည် ။
ဂိမ်းထဲမှနှင်းများသည် ၂၁ရာစုကမ္ဘာပေါ်က နှင်းများထက် များစွာပိုကြီးမားပြီး ပိုသိပ်သည်း၏။
ရှေးဟောင်းစီးချောင်သစ်ပင်ကြီးသည် ဧရာမ ခရစ္စမတ်သစ်ပင်နှင့်တူသည်ဟုလည်း တွေးမိသည်။
ကျင်းလီတွေ့ခဲ့စဥ်က အလောင်းများချိတ်ဆွဲထားခြင်းမရှိသောကြောင့် ခရစ္စမတ်သစ်ပင်သည် အလွန် လှပနေမှာသေချာသည်။
"ထားတော့..."
ကျိယွမ်သည် သူ၏ စိတ်ကူးယဉ်မှုမှ ရုတ်တရက် ရုန်းထွက်လိုက်သည်။
အဝတ်အထည်ဌာ၏စစ်သည်တော်များကို ကြည့်ပြီး ညွှန်ကြားသည်၊ “စိတ်ကူးယဉ်ဆန်တဲ့ ကဗျာတစ်ပုဒ်ရမလွယ်ဘူး ဒါကြောင့် ဒါတွေကို ကျင်းလီဆီ မင်းတို့ယူသွားရမယ်”
ဤသို့ပြောပြီးနောက် ကျိယွမ်သည် မြေအောက်နန်းတော်ထဲတွင် ထိုင်ရင်း ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ငါ တကယ်ကို စိတ်ပြောင်းလဲလွယ်သူပဲ ။”
(အဝတ်အထည်ဌာနစစ်တပ်သည် ကျင်းလီထံရောက်စဥ်က ထိုကဗျာကိုရွတ်ဆိုပြခဲ့ခြင်းဖြစ်မည်)
...................
ကျိစယ်တောင်ထွတ်တွင်နှင်းများ ဖြည်းညင်းစွာ ကျဆင်းနေသည် ။
ကျန်းလင်းစုသည် အနည်းငယ်ပါးလွှာသော ဂါဝန်ရှည်လေးကိုဝတ်ဆင်ကာ ကောက်ရိုးအိမ်လေးထဲမှ ထွက်လာ၏။
အနီးရှိ ကောက်ရိုးအိမ်လေးကို စိုးရိမ်ပူပန်နေသော မျက်လုံးများဖြင့် ကြည့်ကာ ရေရွတ်သည်။
“သုံးလတောင်ရှိပြီ၊ဆရာတူအစ်ကိုကြီးက ဘာလို့ အပြင်မထွက်လာသေးတာလဲ”
ဆရာတူအစ်ကိုကြီးက သူမကိုဂရုစိုက်ပေးဖို့ ပြောခဲ့ပြီးကတည်းက ထွက်မလာတော့သည်မှာ သုံးလရှိလေပြီ။
သူမ၏အစ်ကိုကြီး မတော်တဆတစ်ခုခုဖြစ်နေမည်ကို အနည်းငယ်စိုးရိမ်နေသည်။
ဆရာတူအစ်ကိုကြီးသည် ချီသန့်စင်ခြင်းအဆင့်သာရှိနေသေးသည်၊ ထို့ကြောင့် အစာမစားဘဲ မနေနိုင်သေးချေ။သာမန်လူများအတိုင်း စားသောက်ရန်လိုအပ်၏ ။
သူသည်အခြေတည်အဆင့်သို့ ရောက်မှသာ အစာရှောင်ခြင်းကို ပြုလုပ်နိုင်မည် ဖြစ်သည် ။
ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။
“ဂိုဏ်းတူအစ်မကြီး၊ အစ်ကိုကြီးကျိယွမ် အပြင် မထွက်သေးဘူးလား”
အနက်ရောင်ဝတ်ထားသော ထုံရှီးယန်သည် အဖြူရောင်နှင်းများနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည် ။
“မထွက်သေးဘူး ။ဆရာတူအစ်ကိုကြီးက တစ်နှစ် ဒါမှမဟုတ် ပိုကြာမယ်လို့ ပြောခဲ့တယ် ။”
ကျန်းလင်းစုက ထိုမျှသာပြန်ဖြေပြီး သူမ၏ တဲအိမ်သို့ပြန်သွားသည် ။
ထုံရှီးယန်သည် အနည်းငယ်စိတ်ပျက်သွားပြီး ကျိယွမ်၏တဲအိမ်ကို ငေးကြည့်ကာ ကျန်ခဲ့၏။
နဂါးလုပွဲအတွက် ပြင်ဆင်ရန် နှစ်လသာ ကျန်တော့သည် ။
ဂိုဏ်းချုပ်ကြီးက သူ့ကိုအခြေတည်အဆင့်နှစ်ဦးကို ဖိတ်ခေါ်ခွင့်ပြုခဲ့သည်။
သူအောင်မြင်စွာဖိတ်ခေါ်နိုင်ခဲ့သူ တစ်ဦးမှာ ဂိုဏ်းချုပ်၏ သမက်၊ ရောင်ခြည်ငါးပါးတောင်ထိပ်၏ ဦးဆောင်တပည့်ဖြစ်သူ အစ်ကိုကြီးကန်းဖူလူ ဖြစ်သည် ။
(ကန်းပုလွီအစား ကန်းဖူလူဟုပြောင်းလဲသုံးစွဲသွားပါမည်)
အစ်ကိုကြီးကန်းဖူလူသည် အခြေတည်အဆင့်နှောင်းပိုင်းတစ်ဦးဖြစ်ပြီး မြင့်မြတ်ရောင်ခြည်ငါးပါးနည်းစနစ်ကို ကျင့်ကြံထားသည် ။
သူသည် ရှန်ကွမ်းဂိုဏ်း၏ အခြေတည်အဆင့်တပည့်များထဲတွင် အစွမ်းထက်ဆုံးဆိုသည်မှာ ပြောစရာမလိုပေ။
ထုံရှီးယန်သည် သူ့ကို ဖိတ်ခေါ်ရန် ကြီးမားသော တန်ဖိုးကိုပေးခဲ့ရ၏။
ဒုတိယတစ်ယောက်အနေဖြင့် သူကကျိယွမ်ကို ဖိတ်ခေါ်ချင်ခဲ့သည် ။
ထုံရှီးယန်၏ဆရာဖြစ်သူ ရှေးဟောင်းဝိညာဥ် က ကျိယွမ်သည်အလွန်နက်နဲဆန်းကြယ်သူ ဖြစ်၏။ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားပြီး သူသာအခြေတည်အဆင့်သို့ရောက်လျှင်
တန်ဖိုးကြီးမားသောမီးဖိုချောင်သုံးဓားကိုသုံးပါက အမြုတေအဆင့်ကိုပင် သတ်နိုင်သည်ဟု ဆိုထားသည်မဟုတ်ပါလား။
ကျိယွမ်သာ ကူညီခဲ့လျှင် သူသည် နဂါးလုပွဲကို သေချာပေါက်အနိုင်ရပြီး သူ၏ ကံကြမ္မာကို ပြောင်းလဲနိုင်လိမ့်မည်။
ထိုအချိန်ရောက်လျှင် သူချစ်ရသောသူနှင့် ထပ်မံခွဲခွာနေရတော့မည် မဟုတ်ပေ။
သို့သော်ယခုအခါ၌ အစ်ကိုကြီးကျိယွမ်သည် တံခါးပိတ်ကျင့်ကြံနေဆဲ ဖြစ်ပြိး သူ ဘယ်အချိန် အပြင်ထွက်လာမည်ကို မည်သူမျှ မသိနိုင်ပေ။
ထုံရှီးယန်သည် အချိန်နောက်ကျသွားမည်ကို အလွန်စိုးရိမ်နေသည် ။
သူသည် ကျိစယ်တောင်ထိပ်၌ ခဏ စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားသည် ။
“ဆရာ၊ ကျွန်တော်တို့ တခြားတစ်ယောက်ကို ရှာဖို့ စဉ်းစားသင့်လား”
ထုံရှီးယန်သည် မတက်သာစွာအကြံတောင်းလိုက်ရသည်။
ရှေးဟောင်းဝိညာဥ်က အေးစက်စွာ နှာမှုတ်လိုက်သည်။
“ငါတို့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်၊ အစွမ်းထက်ဆုံးသူနဲ့ ပဲပူးပေါင်းဆောင်ရွက်သင့်တယ် ။ ကန်းဖူလူရဲ့ ခွန်အားဟာ သူ့စကားတွေလို ကြီးမားတယ်ဆိုရင်၊ မင်း သဘာဝအတိုင်း ကြောက်စရာမလိုဘူး ။
ခဏလေး စောင့်ပါဦး၊ နှစ်လကျန်ပါသေးတယ် ၊အခွင့်အရေး ရှိလာလိမ့်မယ်"
ထုံးရှီးယန်သည် ဆရာဖြစ်သူ၏စကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည် ။
ကျိစယ်တောင်ထွတ်၌ နှင်းများသည် တစ်ရက်ထက်တစ်ရက် ပို၍ ပို၍ မြင့်တက်လာသည် ။
ကျန်းလင်းစုသည်လည်း သူမ၏အစ်ကိုကြီး မှ အခန်းထဲတွင် အမှန်တကယ် သေဆုံးသွားမည်ကို ပို၍ ပို၍ စိုးရိမ်လာ၏။
သူမ နေ့တိုင်းလာရောက်စစ်ဆေးသည် ။
တိုးညင်းသော အသက်ရှူသံကိုခံစားရသောကြောင့်သာ သူမ၏ စိုးရိမ်ပူပန်မှုက အနည်းငယ်သက်သာရသည် ။
ကောက်ရိုးအိမ်လေးထဲရှိ သူ၏အခန်းထဲ၌
ကျိယွမ်မျက်လုံးများမှာ မှိတ်နေဆဲပင်ရှိသည်။
သူ၏မျက်နှာတွင် နာကျင်စွာခံစားနေရသောအရိပ်အယောင် ပေါ်နေသည် ။
ချွေးများက သူ၏နဖူးမှ ဆက်တိူက် စီးကျနေ၏။
ထူးဆန်းသော အသံများ သူ၏ နားထဲသို့ ရောက်ရှိလာသည် ။
“ဒါက ...ကောင်းကင်အဆင့်လျှို့ဝှက်ပညာပဲ
သေချာတယ်"
“ဟာကွာ၊ ငါ့ရဲ့ ဆေးလုံး ထပ်ပြီးပျက်စီးသွားပြန်ပြီ ။”
“အရသာအရမ်းရှိတာပဲ၊ ဒါပေမဲ့ ငါထပ်မစားနိုင်တော့ဘူး ။ ငါကအခု အမြုတေအဆင့်ကျင့်ကြံသူလေ၊ ငါ့ ဝိညာဉ်မနိုးထခင်ကလို လုပ်နေလို့မရဘူး။”
“မင်းကြားလား ၊ ဂိုဏ်းတူအစ်မကြီးနဲ့ ဆရာ အတူအိပ်ခဲ့ကြတယ်တဲ့ ။ ဒါတင်မကသေးဘူး၊ ဆရာ့ဇနီးသိသွားတဲ့အခါ၊ သူမက ဆရာတူအစ်မကြီးရဲ့ အစ်ကိုနဲ့ ပြန်အိပ်ပစ်တယ်တဲ့”
“ငါတို့ ရှန်ကွမ်းဂိုဏ်းမှာ နှစ်တွေ အများကြီး ပုန်းအောင်းနေခဲ့ကြတာ ။ ဘယ်တော့မှ ဒီကိစ္စကို လုပ်ဆောင်ကြမှာလဲ"
မရေမတွက်နိုင်သောအသံများသည် ကျိယွမ်၏ နားထဲသို့ဆူညံစွာဝင်လာသည် ။
မခံနိုင်တော့သည့်အဆုံး ကျိယွမ်မျက်လုံးများကို ဖြတ်ကနဲဖွင့်လိုက်သည်။
နိုးနိုးလာချင်းတွင် အနည်းငယ်ရှုပ်ထွေးနေ၏။သို့သော် ခေတ္တသာကြာပြီး လျင်မြန်စွာ ကြည်လင်သွားသည် ။
“ငါ ပြန်ရောက်လာပြီလား”
“သတို့သမီးလေးရော..."
“ငါ… ငါ့အုတ်မြစ်တည်ဆောက်ခြင်း အောင်မြင်သွားတာလား”
“ကောင်းကင်ဘုံတာအိုအုတ်မြစ်လား"
ဂိမ်းကမ္ဘာမှထွက်လာပြီးနောက် ကျိယွမ်သည် ပြည့်စုံသောကောင်းကင်ဘုံတာအိုကို ရရှိခဲ့သည် ။
သူသည် ကောင်းကသ်ဘုံတာအိုကို အခြေတည်ရတနာအဖြစ်အသုံးပြုပြီး ကျိယွမ်ကျမ်းစာမှနည်းလမ်းအတိုင်း သူ၏ အုတ်မြစ်တည်ဆောက်ခြင်းကို စတင်ခဲ့သည် ။
ယခုတော့ သူသည် ကောင်းကင်ဘုံတာအိုအုတ်မြစ်တည်ဆောက်ခြင်းကို အောင်မြင်ခဲ့လေပြီ။
သို့သော် အုတ်မြစ်တည်ဆောက်ခြင်း အောင်မြင်ပြီးနောက် သူ၏စိတ်သည် မှုန်ဝါးနေပြီး အလွန်အိပ်ချင်မူးတူး ဖြစ်နေသည်။
တစ်စုံတစ်ရာက သူ့ကို ပစ်မှတ်ထားနေသကဲ့သို့ ခံစားရပြီးသူ၏သတိသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ လုံးဝမထိန်းနိုင်ဘဲ ပြန်၍အိပ်မောကျသွားပြန်သည် ။
သူထပ်မံ အိပ်မက်မက်ခဲ့သည် ။
သို့သော်အိပ်မက်ထဲမှအဖြစ်အပျက်များကို သေစေချာချာ မမှတ်မိချေ။
သူ သစ်သားအိမ်တစ်လုံးထဲသို့ မတော်တဆဝင်ရောက်ခဲ့ကြောင်းသာ မှတ်မိသည်၊ ထိုနေရာတွင် ကြီးမားသော အရာတစ်ခု ရှိသည် ။ ထိုကြီးမားသောအရာက သူ့ကို မြင်သည်နှင့် စတင်တိုက်ခိုက်သည် ။
ထိုကြီးမားသောအရာသည် အလွန် ကြမ်းတမ်း၏။ကျိယွမ်သည် သူ့အတွက် ပြိုင်ဘက် မဟုတ်ပါဘူးဟုပင် ဆိုရမည်။
သို့သော် ကျိယွမ်ကလည်း အိမ်မက်ထဲမှာတောင် အလွယ်တကူအရှုံးပေးတတ်သူ မဟုတ်ပါ၊ထို့ကြောင့် သူသေကိုယ်သေ ပြင်းပြင်းထန်ထန် ပြန်တိုက်ခိုက်ခဲ့သည်၊ ထိုကြီးမားသောအရာက သူ့ကို ပြန်မောင်းမထုတ်မချင်း သူတို့တိုက်ကြ၏။
သူသည် ကြီးမားသောအရာ၏ အိမ်တွင်လည်း နေခဲ့သည်၊ သို့သော် ထိုကြီးမားသော အရာက သူ၏အိမ်ကို ဖျက်ဆီးမည်ကို ကြောက်ရွံ့၍သူနှင့် သဘောတူညီချက်များစွာ ချုပ်ဆိုခဲ့သည် ။
ကျိယွမ်သည် သဘောတူညီချက်များကို အသေးစိတ်မမှတ်မိပါ။
အိပ်မက်မှ နိုးလာသောအခါ သူသည် ထူးဆန်းသောအသံများစွာကို ကြားခဲ့သည် ။
“ငါ့ရဲ့ ခွန်အား… အရမ်း ကြီးလာတာပဲ ။ ဒါ ကောင်းကင်ဘုံတာအိုအုတ်မြစ်ကြောင့်လား”
ကျိယွမ်သည် အခုအချိန်၌ ဓားကိုအသုံးမပြုဘဲ လက်သီးဖြင့်ထိုးလျင်တောင် မဟူရာတောင်တန်းဂိုဏ်းချုပ်ကို အလွယ်တကူသတ်နိုင်သည်ဟု ခံစားရသည် ။
သူ၏ဂိုဏ်းချုပ်ဖြစ်သော ကူမုကျန့်ကျွမ်းကိုတော့ သတ်နိုင်မသတ်နိုင် ကျိယွမ်မသိပါ။သူက ဂိုဏ်းချုပ်နှင့်တစ်ခါမျှ မတိုက်ခိုက်ဖူးသောကြောင့်ဖြစ်သည်။
“တကယ်ကြီး ကောင်းကင်ဘုံတာအို အုတ်မြစ်ဆိုရင်တော့.."
ကျိယွမ်၏မျက်နှာက စပ်ဖြဲဲဖြဲဖြစ်သွားသည်။
"ငါတောရွာကမူလတန်းကျင်းလေးကိုစွန့်ခွာပြီး မြို့ပေါ်ကအထက်တန်းကျောင်းသားဆိုတဲ့ကောင်တွေကို သာသာယာလေး အနိင်ယူလို့ရတယ် မဟုတ်လား"
ကျိယွမ် ထရပ်လိုက်သည် ။
သူက မှော်အတက်တစ်ခုကိုသုံးကာ အဝတ်အစားအသစ်တစ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်၏။
ထိုအချိန်တွင် ထူးဆန်းသောအသံတစ်ခု သူ၏ စိတ်ထဲသို့ ဝင်ရောက်လာပြန်သည် ။
“အတွင်းခံရင်စည်းက ထပ်ပြီးသေးလွန်းနေပြန်ပြီ ။ စိတ်ရှုပ်စရာပဲ ။”
ကျိယွမ် တုန်လှုပ်သွားသည် ။
“ကောင်းကင်ဘုံတာအိုအုတ်မြစ်တည်ဆောက်ပြီးတဲ့နောက် ငါ အသံတွေ ကြားနေရတာလား"
“ငါ ဘာလို့ ညီမလေးရဲ့ အသံကို ကြားနေရတာလဲ”
“ငါ ညီမလေးကို တိတ်တခိုးချစ်ခင်နေပြီး သူမရဲ့ခန္ဓာကိုယ်ကို တောင့်တနေတာများလား”
ကျိယွမ်သည် ထိသို့တွေးမိပြီး သူ၏အခန်းထဲမှ ထွက်လာသည် ။
“ညီမလေး ။”
သူသည် ဘေးနားမှ ကောက်ရိုးအိမ်လေးထဲကို ခေါ်လိုက်သည် ။
“ဆရာတူအစ်ကိုကြီးလား..."
"ဆရာတူအစ်ကိုကြီး ..ခဏလေး..ခဏလေး.. ကျွန်မ ချက်ချင်း ထွက်လာပါ့မယ် ။”
ကျန်းလင်းစု၏အသံတွင် ဝမ်းမြောက်မှုနှင့်အတူ ထိတ်လန့်မှုတစ်ချို့ရောနှောနေသည် ။
မကြာမီ ကျန်းလင်းစုသည် သူမ၏အိမ်လေးထဲမှထွက်လာ၏။
သူမ၏မျက်နှာသည် ဝမ်းသာမှုနှင့်အတူ စိတ်လှုပ်ရှားမှုများပြည့်နေသည်။
"ဆရာတူအစ်ကိုကြီး၊ နောက်ဆုံးတော့ ထွက်လာခဲ့ပြီနော် ။”
ကျိယွမ်သည် အမှတ်တမဲ့ဖြင့် ကျန်းလင်းစု၏ ရင်ဘတ်ကို ကြည့်လိုက်မိသည် ။
အင်း… တကယ်ကို ကြီးမားပြီး ခမ်းနားပါပေတယ်။
သူကခန့်ညားစွာပြောလိုက်၏။
“ညီမလေး၊ ငါ အုတ်မြစ်တည်ဆောက်ခြင်း အောင်မြင်သွားပြီ ။”
ချမ်းသာမှုကိုရွာထဲသို့မပြလျှင် ပိုးထည်ဝတ်ရုံကို အမှောင်ထဲတွင်ဝတ်ထားသကဲ့သို့ ဖြစ်နေလိမ့်မည်။
အုတ်မြစ်တည်ဆောက်ခြင်းအောင်မြင်ပြီးနောက် ညီမလေးကိုစိတ်ကူးယဉ်ရန် အကောင်းဆုံးအချိန်ဖြစ်လာပြီ မဟုတ်ပါလား။
“အုတ်မြစ်တည်ဆောက်ခြင်းလား”
ကျန်းလင်းစုသည် ကျိယွမ်ကို ပို၍ပင် ဝမ်းမြောက်စွာ ကြည့်သည်။
“ဂုဏ်ယူပါတယ်၊ အစ်ကိုကြီး ။ ဂုဏ်ယူပါတယ်”
ကျိယွမ်သည် ဤစကားကို ကြားသောအခါ မျှော်လင့်ချက်များစွာဖြင့်ကျန်းလင်းစုကို ကြည့်သည်။
သို့သော်သူမက ဂုဏ်ယူပါတယ်ဆိုတာလောက်နှင့် လမ်းဆုံးသွား၏။
“ဒါပဲလား”
“ဟမ်"
ကျန်းလင်းစုက ကျိယွမ်အား အလန့်တကြားကြည့်သည်။
“တခြား ဘာရှိသေးလို့လဲ"
”
“ငါ ဘယ်လိုအုတ်မြစ်တည်ဆောက်ခြင်းကို ရရှိခဲ့လဲဆိုတာ မေးသင့်တယ် ။”
ကျိယွမ်က သိသာစွာပင် ခေါင်းကိုမော့ထားပြီး ကြွားလုံးထုတ်သည် ။
ကျန်းလင်းစုသည် အားကိုးရာမဲ့စွာဖြင့် မတတ်သလို မေးရရှာသည်။
“ဆရာတူအစ်ကိုကြီးက ဘယ်လိုအုတ်မြစ်တည်ဆောက်နိုင်ခဲ့တာလဲ"
“နင် စိတ်ရင်းမှန်နဲ့ မေးတဲ့အတွက် ငါက လျှို့ဝှက်မနေတော့ဘဲ ပြောပြလိုက်မယ်၊ ငါကျိယွမ်ဟာ ကောင်းကင်ဘုံတာအိုအုတ်မြစ်တည်ဆောက်ခြင်းကို ရရှိခဲ့တယ် ။”
ကျိယွမ်သည် တဖွဲဖွဲကျနေသော အဖြူရောင်နှင်းများကြားတွင် ခမ်းနားသော နတ်သားတစ်ပါးကဲ့သို့ ရပ်နေသည် ။