နင်းထောင်ကြီးလာရင် ကမ္ဘာပေါ်မှာ အလှဆုံးမိန်းကလေးဖြစ်လာမှာ
Vol. 6 Ch. 81
ကျန်းလင်းစုက ကောင်းကင်ဘုံတာအိုအုတ်မြစ်ကို မယုံကြည်ပါ။
အကယ်၍ သူမ၏အစ်ကိုကြီးသာ ကောင်းကင်ဘုံတာအိုအုတ်မြစ်ကို အမှန်တကယ်တည်ဆောက်နိင်ခဲ့မည်ဆိုလျှင် ထူးခြားသော နိမိတ်များ ပေါ်ပေါက်လာရမည်မဟုတ်ပါလား။
ယခုလို ဆောင်းရာသီ အေးခဲနေချိန်၌ပင် ငှက်ကလေးများက ပျံသန်းကာ သီချင်းဆိုပြီး ပန်းများအားလုံးပွင့်လာသင့်သည်၊။
သို့သော်လည်း လွန်ခဲ့သောရက်အနည်းငယ်အတွင်း ထိုကဲ့သို့သောလှပသည့် နိမိတ်များ မရှိခဲ့ပါ။
ထိုအစား၊ မိုးကြိုးမုန်တိုင်းများနှင့် နှင်းများသာဆက်တိုက်ကျနေခဲ့သည်၊။
ကောင်းကင်ဘုံတာအိုအုတ်မြစ်တည်ဆောက်ခြင်းထက်၊ နတ်ဆိုးတစ်ကောင် ပေါ်ပေါက်လာခြင်း ဖြစ်နိုင်သည်ဟုပင် ကျန်းလင်းစုတွေးမိခဲ့သည်၊။
မိုးကြိုးမုန်တိုင်းများကို ထူးခြားသောနိမိတ်အဖြစ် မယူဆနိုင်သည်မှာ သေချာ၏။
မည်သို့ဆိုစေကာမူ သူမ၏အစ်ကိုကြီးက အုတ်မြစ်တည်ဆောက်ခြင်း အောင်မြင်ခဲ့သည်ကိုတော့ ကျန်းလင်းစုပျော်ရွှင်ပါသည်။
ထိုအချိန်တွင် ဝင့်ကြွားနေသော ကျိယွမ်သည် ရုတ်တရက် တစ်ခုခုကိုစိုးရိမ်သော အမူအရာ ဖြစ်သွား၏။
“ညီမလေး၊ နင်က ဗဟုသုတ ကြွယ်ဝသူပါ။ ကောင်းကင်ဘုံတာအိုအုတ်မြစ် တည်ဆောက်ပြီးရင် နောက်ဆက်တွဲ ဆိုးကျိုးများ ရှိနိုင်ပါလား၊"
"ဘာကြောင့်မှန်း မသိဘူး၊အခုတလော ငါ စိတ်ရှုပ်ထွေးနေပြီး တစ်ခါတရံ အကြားအာရုံမှာ ထင်ယောင်ထင်မှားတွေ ကြားနေရတယ်"
“ဟင့်အင်း”
ကျန်းလင်းစုက သူမ၏လှပသော မျကိခုံးလေးများကြုံ့ကာ ကျိယွမ်အားကြည့်လိုက်သည်။
“ဒီလိုလက္ခဏာတွေက အုတ်မြစ်တည်ဆောက်ခြင်း အောင်မြင်ပြီးနောက်မှာ မပေါ်ပေါက်သင့်ပါဘူး၊ အစ်ကိုကြီး သမားတော်နဲ့ ပြသသင့်တယ် ဒါမှမဟုတ် အကြီးအကဲတစ်ဦးဦးနဲ့ တိုင်ပင်သင့်တယ်လို့ ညီမလေးထင်တယ်"
"အဲဒီလိုလား ၊ဒါကအုတ်မြစ်နဲ့ မဆိုင်ဘူးပေါ့"
ကျိယွမ်သည် သူမ၏စကားကို ကြားပြီးနောက် တိတ်ဆိတ်သွား၏။သူက စဥ်းစားနေခြင်းပင်။
ထိုအချိန်၌ ဆန်းကြယ်သောတီးတိုးသံများသည် သူ၏ နားထဲသို့ ထပ်မံဝင်ရောက်လာသည်၊။
“နောက်ဆုံးတော့ ငါ ချီသန့်စင်ခြင်းတတိယအဆင့်ကို ရောက်ပြီ။ ဂိုဏ်းတူအစ်မကြီးက ငါ့ကို ပိုပြီးမျက်နှာပေးကြည့်တော့မလား၊”
“အမ်၊ မကြိုက်ဘူး၊ အနံ့ဆိုးလိုက်တာ"
“ရွှမ်ယွမ်နည်းစနစ်မှာ အဆင့်ခုနစ်ဆင့် ရှိတယ်။ ခုနစ်ဆင့်မြောက်ကို ရောက်ရင် ယွမ်ဒျန်အဆင့်ကို ဝင်ရောက်နိုင်တယ်တဲ့"
အသံများသည် တဝီဝီ မြည်နေသော ခြင်များနှယ် ချီယွမ်၏ နားထဲ၌ ဆက်လက် ပဲ့တင်ထပ်နေခဲ့သည်၊။
အသံများကို အတန်ကြာနားထောင်ပြီးနောက် ကျိယွမ်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာသည်၊။
“ငါ နားလည်ပြီ”
ကျန်းလင်းစုသည် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကျိယွမ်၏စကားကို ငံ့လင့်နေ၏။
ကျိယွမ်က လေးနက်စွာ ပြောလိုက်သည်။
“ငါ့ရဲ့ ရွှေလက်ချောင်း ရောက်လာပြီ၊”
"ဟမ်.."
ကျန်းလင်းစုသည် နားမလည်နိုင်စွာ ကျိယွမ်၏လက်ချောင်းများကို ရှာဖွေကြည့်လိုက်သော်လည်း ထူးခြားသောအရာ မမြင်ပါ။
ကျိယွမ်ကတော့ ပြုံးနေ၏။
ချီသန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်စဥ်က၊ ကျိယွမ်၏ မျက်လုံးများသည် သာမန်လူများ မမြင်နိုင်သော လျှို့ဝှက်အချက်အလက်များကို မြင်နိုင်ခဲ့သည်၊။
ယခု အခြေတည်အဆင့်ကိုရောက်သောအခါသူ၏နားများသည် ထူးဆန်းသောအရာများကို ကြားနိုင်လာသည်၊။
သူ၏ ရွှေလက်ချောင်းသည် အမှန်တကယ်ပင်ရောက်ရှိလာခဲ့သည်၊။
ကျန်းလင်းစုကတော့ သူမ၏အစ်ကိုကြီးသည် အုတ်မြစ်တည်ဆောက်ပြီးနောက်၌ပင် စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ ရှိနေသေးသည်ဟု တွေးလိုက်၏။
သို့သော်လည်း အရာတစ်ခုကိုသတိရပြီး ကျန်းလင်းစုက ကျိယွမ်ကိုမေးလိုက်သည်။
“ဆရာတူအစ်ကိုကြီး၊ အစ်ကိုကြီးရှင်ဟွာအဖွဲ့အစည်းကို ဝင်ချင်တယ်လို့ပြောခဲ့တယ်နော်၊အခု အစ်ကိုကြီးက အုတ်မြစ်တည်ဆောက်ပြီးပြီဆိုတော့ အသင်းဝင်ဖို့အတွက် ကျွန်မ ထောက်ခံပေးလို့ရပြီ၊ ဘယ်လို သဘောရလဲ၊”
ကျိယွမ်သည် ခေါင်းညိတ်ပြလိုက်၏။
“ညီမလေး၊ ကျေးဇူးအများကြီး တင်ပါတယ်"
သူနှင့် ညီမလေးတို့သည် အလင်းနန်းတော်မှ ကျူးလျန်ဟွာကို သတ်ခဲ့ကြသည်၊။
ညီမလေးက သူ့အတွက် အပြစ်ကို ယူခဲ့သည်။ထိုကိစ္စကို ကျိယွမ်သည် စိတ်ထဲ၌ မချမ်းမသာ ဖြစ်နေဆဲပင် ။
ရှင်ဟွာအဖွဲ့အစည်းသို့ ဝင်ရောက်ခြင်းသည် သူ့အတွက် အကာအကွယ်တစ်ခုထပ်တိုးလာခြင်းပင်မဟုတ်ပါလား။
သူ့လို တောရွာလေးမှကျင့်ကြံသူတစ်ယောက်အနေဖြင့် တက္ကသိုလ်အဆင့်ရှိမသေမျိုးကျင့်ကြံသူများနှင့်အဆက်အသွယ်ရှိထားခြင်းသည် ဂုဏ်သတင်းပင်ကျော်ကြားလာနိုင်သည်။
“အစ်ကို့ရဲ့ လျှောက်လွှာကို အတည်ပြုဖို့ တော့ အချိန်နည်းနည်းကြာလိမ့်မယ်”
ကျန်းလင်းစုသည် ထိုသို့ပြောပြီးနောက် မျှော်လင့်တကြီးဖြင့် ကျိယွမ်ကို ကြည့်ကာ မေးလိုက်၏။
“ကျွန်မ အစ်ကို့ကို အများကြီး ကူညီခဲ့တာနော်။ ကျွန်မကို ဘယ်လို ပြန်ဆပ်ဖို့ စီစဥ်ထားလဲ၊”
ကျိယွမ်သည် ကျန်းလင်းစု၏ ရင်ဘတ်ကို တစ်ချက် ကြည့်လိုက်သည်၊။
သေးသွယ်ပြီး ချစ်စရာကောင်းသော ကျန်းလင်းစုသည် ယနေ့ ပွယောင်းယောင်း အစိမ်းဖျော့ ဝတ်စုံကိုဝတ်ဆင်ထားသည်။
သို့သော်လည်း သူမ၏ပြည့်ဝသော ရင်သားကို မဖုံးကွယ်နိုင်သေးပေ။ သူမ၏ ချောမွေ့သော၊ အဖြူရောင် ရင်သားကွဲကြောင်းကို ပါးလွှာသော အဝတ်အစားမှတစ်ဆင့် မှိန်ဖျော့စွာ မြင်နေရသည်။
အမှန်အတိုင်းဝန်ခံရရင် ညီမလေးက တော်တော်ကြီးမားတာပဲ။
ကျိယွမ်သည် သူကြားခဲ့ရသော အသံများကို ရုတ်တရက် သတိရလိုက်သည်၊။
“အတွင်းခံရင်စည်းက ထပ်ပြီးသေးလွန်းနေပြန်ပြီ ။ စိတ်ရှုပ်စရာပဲ ။”
အချိန်မီ အကူအညီပေးခြင်း။
ဟုတ်တယ်၊ ညီမလေးရဲ့ပြဿနာတွေကိုအချိန်မီဖြေရှင်းပေးတာကလည်း ပြန်လည်ပေးဆပ်ခြင်း ပုံစံတစ်မျိုးပဲမဟုတ်ဘူးလား၊။
ကျိယွမ်သည် သတိမထားမိဘဲ လွှတ်ခနဲပြောလိုက်သည်၊
“ဘရာစီယာ အရွယ်အစား ပိုကြီးတာ ဝယ်ပေးပါ့မယ်၊”
"ရှင်...."
ကျန်းလင်းစုသည် ထိုစကားကို ကြားပြီး အောက်သို့ ငုံ့ကြည့်လိုက်ကာ၊ သူမ၏ ရင်ဘတ်ကို ချက်ချင်း အုပ်လိုက်သည်၊။
သူမသည် အစ်ကိုကြီးတံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာသည်ကို သိရသောအခါ အလောတကြီး ဝတ်ဆင်ခဲ့မိသည်။ စိတ်လှုပ်ရှားမှုဖြင့် အတွင်းခံဘရာစီယာအသေးကိုအလွယ်ဝတ်ဆင်ပြီး အနီးနားရှိ ပါးလွှာသော ဝတ်စုံကိုအလျင်အမြန် ဝတ်ဆင်မိခဲ့ခြင်းပင်။
အနည်းငယ်ပေါ်သွားသောကြောင့် သူမ၏ မျက်နှာသည် ချက်ချင်း နီရဲသွားသည်၊။
“ရှက်စရာကောင်းလိုက်တာ၊”
သူမသည် အိမ်ထဲသို့ အလျင်အမြန် ပြေးဝင်သွားသည်၊။
ကျိယွမ်သည် ကျန်းလင်းစု၏ နောက်ကျောကို ကြည့်ပြီး တွေဝေနေခဲ့သည်။
“နည်းနည်း အလောတကြီးဖြစ်သွားတယ်"
သူသည် စကားကိုပေါ့ပေါ့ဆဆပြောမိသည်ဟု ခံစားရသောကြောင့်၊ နောင်တွင် ဂရုစိုက်ရမည်ဟု ကိုယ့်ကိုယ်ကို သတိပေးလိုက်သည်။
ကျန်းလင်းစုလည်း သူမ၏ကောက်ရိုးအ်မ်လေးထဲသို့ပြန်ဝင်သွားပြီမို့ ကျိယွမ်လည်းသူ၏ အခန်းသို့ ပြန်လာခဲ့သည်၊။
သူ၏အခန်းထဲ၌ ငြိမ်၍ထိုင်နေစဥ် ဂိမ်းပြီးဆုံးသွားသဖြင့် ခံစားနေရသော ခံစားချက်က သူ့ကိုစိတ်အနှောက်အယှက်ပေးနေသည်။
အထူးသဖြင့် ကျိစယ်တောင်ထိပ်ပေါ်ရှိ ထူထပ်သောနှင်းများကို မြင်သောအခါ၊ ဂိမ်းထဲရှိ ဂျူလိုင်ရေကန်ပေါ်မှ နှင်းများကို သတိရကာ လွမ်းဆွတ်နေမိသည်၊။
သူသည် အစိမ်းရောင်ကျောက်တုံးပေါ်တွင် တစ်ယောက်တည်းထိုင်နေခဲ့ပြီး ယွဲ့နုလေးကသာ သူ့ကိုအဖော်ပြုပေးနေခဲ့သည်မဟုတ်ပါလား။
ကျိယွမ်သည် သူ၏လက်မောင်းကို ဆန့်ထုတ်လိုက်သည်၊။ ထိုအပေါ်၌ ရှိခဲ့ဖူးသော လခြမ်းအမှတ်အသား လေးမှာထာဝရပျောက်ကွယ်သွားလေပြီ။
“ဘဝဆိုတာ အိပ်မက်တစ်ခုလိုပါပဲ၊”
ချီယွမ်သည် ဂိမ်းကျောက်ပြားကို ထုတ်ယူပြီး သူ၏စိတ်သည် ထိုထဲသို့နစ်ဝင်သွားခဲ့သည်၊။
သို့သော်လည်းသူမြင်ရသည်မှာ ကျယ်ပြောလှသော အဖြူရောင် နယ်ပယ်တစ်ခုသာ ဖြစ်သည်၊။
အရင်ကလို ဝမ်ယုကုန်းမြေထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိတော့ပါ၊။
“ဂိမ်းပြီးသွားတော့ ဝင်လို့ မရတော့ဘူးလား၊”
ကျိယွမ် ဂိမ်းကျောက်ပြားကိုကိုင်ကာ ငေးငိုင်သွားလေသည်။
ကျိယွမ်သည် ကောက်ရိုးအိမ်ထဲမှ ထွက်လာပြီး ကောင်းကင်ကိုမော့ကြည့်လိုက်၏
။
ကြယ်များသည် သိပ်သည်းနေပြီး ဝမ်ယုကုန်းမြေပေါ်တွင်မြင်ရသော ကြယ်များနှင့် မခြားနားပေ။
“ကောင်းကင်ပေါ်က ကြယ်တွေအားလုံးက ပုံရိပ်တွေပဲ၊၊ ဘာပဲပြောပြော ဝမ်ယုကုန်းမြေကမြင်ရတဲ့ကောင်းကင်နဲ့ ကန်းလန်ကုန်းမြေက မြင်ရတဲ့ကောင်းကင်တစ်ခုတည်းပဲ မဟုတ်လား"
ထိုသို့တွေးမိသောအခါ ကျိယွမ်သည် အနည်းငယ် နှစ်သိမ့်နိုင်သွား၏။
သူသည် အနည်းနေသောထိုင်သာရှိသွားသဖြင့် သူ၏အခန်းသို့ ပြန်လာခဲ့သည်၊။
“ဂိမ်းတစ်ခုကို ပြီးသွားပြီဆိုတော့၊ ဒုတိယဂိမ်း ပေါ်လာမလား၊”
ချီယွမ်၏အာရုံသည် အဖြူရောင် ဂိမ်းကျောက်ပြားအတွင်း၌ လှည့်လည်နေခဲ့သည်၊။
ရုတ်တရက် ကျိယွမ်သည် ဂိမ်း app အိုင်ကွန်ကဲ့သို့သော အလင်းရောင်တစ်ခုကို မြင်လိုက်သည်။
“ဂိမ်းအသစ်လား၊”
ကျိယွမ်သည် ဝမ်းသာသွား၏။
သူ၏အသိစိတ်ကို ဂိမ်းပုံစံအိုင်ကွန်ပေါ်သို့ ပို့လွှတ်လိုက်၏။
သို့သော်လည်း ဂိမ်းကအလွန် တွန်းလှန်နေပုံရသည်၊ကျိယွမ်၏အသိစိတ်သည် ၄င်းအနီးသို့ မချဥ်းကပ်နိုင်ခဲ့ပါ၊။
“မိုက်မဲတဲ့ ဂိမ်း၊ ငါ့ကို မကစားခိုင်းဘူး၊”
ကျိယွမ် ဒေါသထွက်လာသည်၊။
သူသည် ထမ်မံ၍ အနီးသို့ချဥ်းကပ်ရန် ကြိုးစားခဲ့သော်လည်း မရခဲ့ပါ။
ကျိယွမ်၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်သွား၏။
“SD ကဒ်ပြည့်ပြီး နေရာမလုံလောက်တာကြောင့်၊ ဒေါင်းလုဒ်မလုပ်နိုင်တာလား"
"ဒါမှမဟုတ်၊ ဒီဂိမ်းရဲ့အဆင့်က အရမ်း မြင့်လွန်းလို့၊ ငါအခု မကစားနိုင်သေးတာလား၊”
ကျိယွမ်သည် ဝမ်ယုကုန်းမြေဂိမ်းကို ပထမဆုံးကစားခဲ့စဥ်အချိန်ကို သတိရသည်။ သာမန်လူတစ်ဦးအနေဖြင့် နာရီဝက်ပင် မပြည့်မီ ကြီးမားသောစိတ်ဖိစီးမှုကြောင့် အတင်းအကျပ် ထွက်ခွာခဲ့ရသည်၊။
သူ၏ခွန်အားများတိုးလာပြီး ဝိညာဥ်ပိုမို ခိုင်မာလာသည်နှင့်အမျှ၊ သူသည် ဂိမ်းကို အချိန်ကြာကြာ ကစားနိုင်ခဲ့သည်၊။
“ဒါဆို၊ ငါ့ရဲ့ ဝိညာဥ်က အရမ်းအားနည်းနေလို့ ဒုတိယဂိမ်းကိုမဝင်နိုင်တာဖြစ်မယ်”
ကျိယွမ်သည် အလွန်မကျေမနပ် ခံစားရသည်၊။
သူသည်ကောင်းကင်ဘုံတာအို အုတ်မြစ်ကို တည်ဆောက်ခဲ့ပြီးနောက် သူ၏နတ်ဘုရားအာရုံကို တိုးချဲ့နိုင်ကာ ဝိညာဥ်စွမ်းအားကို သိသိသာသာတိုးမြှင့်ခဲ့သော်လည်း ဒုတိယဂိမ်းကို ဝင်ရန်အတွက်မူ အားနည်းနေဆဲပင် ဖြစ်သည်၊။
“ဒီဂိမ်းက အရမ်းကြီးနေတာဖြစ်ချင်ဖြစ် မဟုတ်ရင် ငါ့ကို black list ထဲထည့်ထားတာပဲ ဖြစ်ရမယ်"
ကျိယွမ်သည် ဂိမ်းထဲသို့ဝင်ရန် တွန်းအားပေးခြင်းကို ရပ်လိုက်သည်။
ထိုစဥ်မှာပင် တီးတိုးသံတစ်ခု သူ့နားထဲသို့ ဝင်လာသည်။
“ငါ နင်းထောင် ကြီးလာရင်၊ ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေး ဖြစ်လာမှာသေချာတယ်"
ကျိယွမ် အေးခဲသွားသည်။
“ငါ့ရဲ့အကြားအာရုံက အဲဒီလောက်ထိ အံ့သြစရာကောင်းနေတာလား၊ ဂိမ်းအိုင်ကွန်ထဲက အသံတွေကိုတောင် ကြားနိုင်နေပြီ"
ထိုအသံသည် ဂိမ်းအိုင်ကွန်မှ လာသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။
အသံသည် ကြည်လင်ပြီး ကလေးဆန်သော လေသံ အနည်းငယ် ပါဝင်သည်။အသံပိုင်ရှင်က ငယ်ရွယ်သူဖြစ်ကြောင်း ဖော်ပြနေ၏။
သူမသည် ပျော်ရွှင်သောဘဝလေးကို ရှင်သန်နေပုံရသည်၊။
ကျိယွမ်သည် မနေနိုင်ဘဲပြောလိုက်မိ၏။
“နင်းထောင်လေး၊ နင်ပြောတာကို ငါယုံတယ်"
ပြောပြီးခါမှ ကျိယွမ်ကလိပ်ပြာမလုံဖြစ်သွားကာ ဘေးဘီကိုကြည့်လိုက်၏။
ဂိမ်းထဲမှ NPCသည် သူ့စကားကို ကြားနိုင်ပါ့မလားတော့ မသိပေ။
.................
စီးဆင်းလေနယ်မြေတွင် ဖြစ်သည်။
ရောင်စုံသစ်တောများက အုပ်ဆိုင်းညှို့မှိူင်းနေသည်။ထင်းရှုးတောကို ဖြတ်သန်းတိုက်ခတ်လာသော လေတိုးသံများကို သဲ့သဲ့ကြားနေ၏။
ရေညှိများဖုံးလွှမ်းနေသော အစိမ်းရောင်ကျောက်တုံးပေါ်၌ မိန်းကလေးတစ်ဦးထိုင်နေသည်။
သူမ၏ မျက်နှာတစ်ဝက်ကိုဆံပင်နက်များကဖုံးကွယ်နေပြီး သူမ၏မျက်လုံးနက်နက်ကလေးများက အရွယ်နှင့်မလိုက်အောင်တောက်ပနေသည်။
သူမ၏အနက်ရောင်ဝတ်စုံက လေညှင်းများ၏တွန်းအားကြောင့် ခန္ဓာကိုယ်ကို ကပ်နေပြီး အာဟာရချို့တဲ့မှုကြောင့် ဖြစ်နိုင်သည်။သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ် ပိန်ညှပ်နေရှာ၏။၊ သူမ၏ အသားအရေသည် အလွန်အကျွံ ဖြူဖျော့နေကာ အတွင်းရှိ သွေးကြောပြာများကိုပင် မြင်နေရသည်။
မိန်းကလေး၏ရုပ်ရည်သည် အလွန်လှပသည်၊ အပြည့်အဝရင့်ကျက်မှုမရှိသေးသော်လည်း သေချာပေါက်ဖြစ်ထွန်းလာမည့် အလှတရားလေးတစ်ခုပင်။
တစ်ခုတည်းသောချို့ယွင်းချက်မှာ သူမ၏ မျက်နှာပေါ်၌ ဆန်းကြယ်သောစာလုံးထွင်းများထားသော အမာရွတ်တစ်ခုဖြစ်ပြီး သူမ၏အလှတရားကို ဖျက်ဆီးနေ၏။
မိန်းကလေးသည် ရေညှိတက်နေသော အစိမ်းရောင်ကျောက်တုံးပေါ်၌ ထိုင်နေပြီး ရေထဲရှိ သူမ၏ပုံရိပ်ကို ကြည့်နေသည်။
မျက်လုံးထဲ၌ ချိုမြိန်သော အပြုံးလေးတစ်ပွင့်ဖြစ်ပေါ်လာသည်။
“ငါနင်ထောင် ကြီးလာရင်၊ ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေး ဖြစ်လာမှာသေချာတ
ယ်"
သူမ၏ စကားများဆုံးသွားသည်နှင့် သူမ၏ လက်ထဲရှိဓားမြှောင်ကို သူမ၏ဘေးတွင် လဲလျောင်းနေသော အမျိုးသားတစ်ဦး၏ လည်ပင်းထဲသို့ ထိုးသွင်းလိုက်သည်။
သွေးများ ပန်းထွက်လာပြီး နင်းထောင်၏ အနက်ရောင်ဝတ်စုံကိုသာမက သူမ၏ လှပသောမျက်နှာလေးပေါ်သို့ပင် စင်သွားခဲ့သည်၊။
သူမ၏ပတ်ပတ်လည်တွင် အနက်ရောင် ဝတ်စုံဝတ်အမျိုးသား ခြောက်ဦးသည် လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားကြပြီး၊ တင်းမာသော အမူအရာများဖြင့် နင်းထောင်ကို ကြည့်နေကြသည်၊။
ဓားကိုင်ထားသောအမျိုးသားတစ်ဦးက လေးနက်သော အသံဖြင့် ပြောသည်။
“နင်... နတ်ဆိုးမလေး၊ ငယ်ငယ်လေးမှာတောင် ဒီလောက် ရက်စက်တတ်တယ်၊ ကြီးလာရင် ဘယ်လိုဖြစ်လာမလဲ"
နှုတ်ခမ်းပဲ့နေသောအမျိုးသားက သူ့လက်ထဲမှပုဆိန်ကိုတင်းကျပ်စွာ ကိုင်ရင် နင်းထောင်အားရှုံ့ချ၏။
“နင့်ရဲ့မျက်နှာပေါ်မှာ နတ်ဆိုးအမှတ်အသား ရှိနေမှတော့ ဘယ်လိုလှနိူင်တော့မှာလဲ"
“နင်တို့လိုနတ်ဆိုးမတွေကို လူတိုင်းကမြင်တာနဲ့ သတ်မှာပဲ၊ နင်တို့ကနတ်ဆိုးတွေလို အကျည်းတန်ပြီး ဆိုးယုတ်တယ်"
"အစင်ကြယ်ဆုံးနဲ့အကြင်နာဆုံး သူတော်စင်တွေတောင်မှ နင်တို့ဆီမှာကောင်းမြတ်မှုလေးတစ်ခုကို မတွေ့နိုင်ဘူး၊ဒီကမ္ဘာပေါ်မှာ နင်တို့ကိုနင်တို့ လှတယ်လို့တွေးရဲသေးတယ်ပေါ့"
နှုတ်ခမ်းပဲ့က နင်းထောင်၏ခန္ဓာကိုယ်အား ဝေ့ဝိူက်ကြည့်လိုက်၏။
“ဘာပဲပြောပြော ငါလည်းမိန်းမကို မမြည်းစမ်းရတာ ကြာပြီဆိုတော့ ၊ ခေါင်းဖြတ်လိုက်၊ ပြီးတော့မှ…”
နင်းထောင်သည် ငြိမ်သက်စွာ ထိုင်နေဆဲပင်ရှိသည်။
ရုတ်တရက် သူမ၏အမေကိုသတိရမိ၏။
သူမ၏မိခင်သည် တစ်ချိန်ကသူတော်စင်တစ်ဦးဖြစ်ခဲ့ပြီး နင်းထောင်ကြီးပြင်းလာသောအခါ ကမ္ဘာပေါ်မှာအလှဆုံး မိန်းကလေး ဖြစ်လာမည်ဟု ပြောခဲ့သည်။
သို့သော်လည်း........။
မိန်းမငယ်လေးနင်းထောင်သည် သွားကိုတင်းကျပ်စွာစေ့လျှက် ဓားမြှောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။
သူမအနီးသို့ ဖြည်းညှင်းစွာ ချဥ်းကပ်လာသော အမျိုးသား ခြောက်ဦးကို ကြည့်ကာ မျက်လုံးများက မီးဝင်းဝင်းတောက်လာ၏။
သူမသည် အတိူင်းမရှိအောင်ဒေါသထွက်နေသော်လည်း ပြင်းထန်သောဒဏ်ရာများရထားသောကြောင့် ယခုအခြေအနေမှ လွတ်မြောက်ရန်မလွယ်တော့ပါ။
ထိုအခိုက် ကောင်းကင်ယံမှ မိုးကြိုးသံများ ဟိန်းသကဲ့သို့ ဖြစ်ပေါ်လာသည်၊။
လေးနက်သော်လည်း ပေါ့ပါးသောအသံသည် လူတိုင်း၏နားထဲသို့ဝင်လာ၏။
“နင်းထောင်လေး၊နင်ပြောတာကို ငါယုံတယ်"
ထိုအသံသည် မိုးခြိမ်းသံအလား လူတိုင်း၏ နှလုံးသားကို ထိမှန်သွား၏။
နင်းထောင်၏ နားထဲမှတော့ ထိုအသံသည်အလွန်နှစ်လိုဖွယ်စီးဆင်းသွားသည်။
“ဘယ်သူလဲ"
“ဒါက ဘယ်သူလဲ"
“ဘယ်ပညာရှင်က စကားပြောနေတာလဲ၊ ကျွန်တော်တို့ ဒီနေရာကို နတ်ဆိုးမတစ်ယောက်ကို သတ်ဖို့ ရောက်လာတာပါ၊ ကျေးဇူးပြု၍ ဝင်ရောက်စွက်ဖက်ခြင်းမပြုစေချင်ပါဘူး"
“နတ်ဆိုးမကိုတွေ့ရင် သတ်ကိုသတ်ရပါလိမ့်မယ်"
လက်နက်ကိုင်ဆောင်ထားသောအမျိုးသား ခြောက်ဦးသည် သူတို့၏ပတ်ဝန်းကျင်ကို သတိကြီးစွာ စစ်ဆေးနေကြသည်။သူတို့၏ နှလုံးသားများထဲ၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်၊။
ဤကဲ့သို့အသံမျိုးထုတ်လွှင့်နိူင်သူသည် သေချာပေါက် မသေမျိုးတစ်ပါးဖြစ်နိုင်သည် မဟုတ်ပါလား။
အသံပိုင်ရှင်ကသာ သူတို့ကိုတိုက်ခိုက်ပါက၊ အကျိုးဆက်များကို သူတို့စိတ်ကူးပင်မယဥ်ရဲပါ။
ထိုအခိုက်အတန့်တွင် ငြိမ်သက်နေသော နင်းထောင် လှုပ်ရှားလိုက်သည်၊။
သူမသည် အနက်ရောင်အရိပ်တစ်ခုလို ရွေ့လျား၏။
သူမ၏ဓားမြှောင်သည် အမျိုးသားများထဲမှ တစ်ဦး၏ ရင်ဘတ်ထဲသို့ ထိုးဖောက်သွားပြီး
သွေးများပန်းထွက်လာသည်။သွေးများကသူမ၏အနက်ရောင်ဝတ်စုံကို စွန်းထင်းသွားပြန်သည်။
တောက်ပသော အနီရောင် သွေးများသည် သူမ၏ အလွန်အကျွံ ဖြူဖျော့သော လက်နှင့် ပြတ်သားစွာ ဆန့်ကျင်ဘက် ဖြစ်နေသည်၊။
“သတိထား"
“နတ်ဆိုးမကို သတိထားကြ"
အနက်ရောင်ဝတ်စုံဝတ်အမျိုးသား သတိဝင်လာပြီး လျှင်မြန်စွာတုန့်ပြန်ခဲ့သော်လည်း နောက်ကျသွားခဲ့လေပြီ။
နင်းထောင်သည် တစ္ဆေတစ်ကောင်ကဲ့သို့ သူတို့ကြားတွင် ရွေ့လျားသွားလာပြီး၊ လျင်မြန်စွာ သတ်ဖြတ်နေသည်။
ခဏအကြာတွင် အနက်ရောင် ဝတ်စုံဝတ် အမျိုးသားများ အားလုံးသည် မြေပြင်ပေါ်တွင် အသက်မဲ့စွာ လဲကျကုန်တော့သည်။
နင်းထောင်သည် အလောင်းများ၏ အလယ်တွင် ရပ်နေသည်၊ သူမ၏ပိန်လှီသောခန္ဓာကိုယ်တစ်ခုလုံးကလည်း သွေးများ ဖုံးလွှမ်းနေပြီး သူမ၏လက်မောင်းပေါ်မှ သွေးများသည် မြေပြင်ပေါ်သို့ စိမ့်ကျနေသည်၊။
သူမသည်လည်း ကြီးမားသောဒဏ်ရာများ ရရှိခဲ့သည်၊။
သူမသည်ဓားမြှောင်ကို ကိုင်ဆောင်ကာ အလောင်းများဆီသို့ လျှောက်သွားသည်၊။ သူတို့ သေဆုံးသွားပြီ ဖြစ်သော်လည်း၊ သူမသည် သူတို့၏ ခေါင်းများကိုပါ ရက်စက်စွာဖြတ်ပစ်၏။
အားလုံးပြီးသွားသောအခါ နင်းထောင်သည် ရေကန်ဆီသို့ ဖြေးညင်းစွာလျှောက်သွားလိုက်သည်။
ကန်ရေသည် ကြည်လင်လှသော်လည်း ငါး သို့မဟုတ် အခြား သက်ရှိများ ကင်းမဲ့နေ၏။
နင်းထောင်သည် ရေထဲသို့ဖြည်းဖြည်းချင်းဆင်းသွားရာ ရေကသူမ၏ ဒူးခေါင်းအထိ ရောက်လာ၏။
သူမက အမှတ်မထင်ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်၊
သူမ၏အသံက ကလေးဆန်ပြီးချစ်စရာကောင်းသည်။
“ဦးလေး၊ ဦးလေးအခုထိ ရှိနေသေးလား၊”
နင်းထောင်သည် တိတ်ဆိတ်စွာ ရပ်စောင့်သော်လည်း တုံ့ပြန်မှု မရှိပေ။
“ဦးလေး၊ အခုထိ ရှိနေသေးရင်၊ ထူးနော်၊ နင်းထောင် အခု... ရေချိုးတော့မလို့”
သူမသည် ထိပ်မံစောင့်နေသော်လည်း တိတ်ဆိတ်နေဆဲပင်။
သင်းပျံ့သောပန်းနံ့နှင့် ပတ်ဝန်းကျင်မှသွေးနံ့သာပျံ့လွှင့်နေပြီး ပိုးကောင်တို့၏ စိုးစိုးစိစိအသံပင် မရှိခဲ့ပါ။
“ဦးလေး၊ နင်းထောင် အခု ရေချိုးတော့မယ်၊ ခိုးမကြည့်ပါနဲ့နော်"
“တကယ်လို့ ခိုးကြည့်ရင်၊ နင်းထောင် ကြီးလာတဲ့အခါ ဦးလေးလက်ထပ်ရလိမ့်မယ်၊လက်မထပ်ချင်ဘူးဆိုရင်တော့....."
သူမ၏အနက်ရောင်ဝတ်စုံသည် သေးသွယ်သောခန္ဓာကိုယ်ပေါ်မှ ဖြည်းညှင်းစွာ လျောကျသွားသည်။
ရေထဲသို့ ဆက်လျှောက်သည်နှင့်အမျှ ရေပြင်ပေါ်တွင် သူမ၏ဦးခေါင်းငယ်လေးသာ ပေါ်နေ၏။
သူမသည် အပြစ်ကင်းသော အမူအရာရှိသော်လည်း သတိကို လုံးဝ လက်မလွှတ်ပါ။
အချိန်အနည်းငယ် ကြာပြီးနောက် နင်းထောင် ကန်ထဲမှတတ်လာ၏။
သူမသည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။
သူမ၏ နက်မှောင်သောမျက်လုံးများတွင် မည်သည့် ခံစားချက်မျှမရှိပါ။
သို့သော်လည်း သူမသည်ချစ်စရာအမူအယာဖြင့်..။
“ဦးလေး၊ နင်းထောင် ဦးလေးကို သတိရနေမှာပါ"
အမှန်ဝန်ခံရလျှင် သူမသည်အမည်မသိ အသံပိုင်ရှင်အား ကြောက်ရွံ့နေ၏။
ရေကန်အတွင်းမှလုပ်ရပ်များသည် အသက်ရှင်သန်မှုအတွက် ကြိုးပမ်းခြင်းမျှသာ ဖြစ်သည်၊။
သူမ၏အမေက ပြောခဲ့၏။
အမျိုးသားတစ်ဦးကို လက်ထပ်ရမည်ဟု ပြောလိုက်လျှင် သူတို့သည်ခဏတာတုံ့ဆိုင်းသွားကာ ထိတ်လန့်သွားတတ်ကြသည်တဲ့။
ထိုသို့မဟုတ်လျှင် ယောက်ျားဟု ခေါ်လျှင်လည်း သတ်ဖြတ်ရန်ဝန်လေးသွားတတ်ကြသော ဟူသည်။
.......................
“ဟပ်ချိုး..."
ကျိယွမ် နှာချေလိုက်သည်၊ ဆောင်းရာသီအအေးဓာတ်က ဟောင်းနွမ်းသော ကောက်ရိုးတဲထဲသို့ လေနှင့်အတူဝင်လာပြီး သူ့ကို အေးစက်စေသည်၊။
ကျိယွမ်ကျမ်းကိုဖတ်နေရာမှ ကျိယွမ်ထရပ်လိုက်သည်။
သူက ကောက်ရိုးတဲအိမ်လေးအထဲ လှည့်ပတ်ကြည့်ပြီး ကောက်ချက်၏။
“ငါက အခြေတည်အဆင့်ကိုရောက်သွားပြီ။ငါ့အုတ်မြစ်ကလည်း အမြင့်ဆုံးအဆင့်ပဲ။ ဒါတောင်ကောက်ရိုးတဲမှာ နေနေတုန်းပဲ။ဒါက အဆင့်နိမ့်လွန်းတာပေါ့။ မနက်ဖြန်မှာ သစ်သားအိမ်ကို ပြောင်းရမယ်"
ကျိယွမ်သည် သူ၏ခွန်အားတိုးလာသည်နှင့်အမျှ သူ၏အဆင့်အတန်းလည်းမြင့်တက်သင့်သည်ဟု ခံစားရသည်။
ကောက်ရိုးတဲတွင် ဆက်လက်နေထိုင်ခြင်းသည် အလွန်အကျွံချွေတာရာရောက်၏။
“ဒါပေမဲ့ သစ်သားအိမ်ကိုပြောင်းရင်တောင်၊ ငါ့ရဲ့ကြိုးစားရုန်းကန်ရတဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး၊”
ထိုသို့တွေးမိသောအခါ ကျိယွမ်သည် အကူအညီမဲ့စွာ သက်ပြင်းချမိ၏။
ယခင်ကဆိုလျှင် သူသည်နေ့ခင်းဘက်တွင် ကျင့်ကြံခြင်းနှင့်နည်းစနစ်များကိုလေ့လာခြင်း နှစ်မျိုးလုံးကို ကြိုးစားအားထုတ်ခဲ့သော်လည်း ညဘက်တွင် ဂိမ်းကစားနိုင်ခဲ့သေးသည်။
ထိုအရာက ၂၁ ရာစုကမ္ဘာပေါ်က အလုပ်သမားများကဲ့သို့ပင်၊ တစ်ပတ်လျှင် ခြောက်ရက်တိတိ မနက်၉ နာရီမှ ည၉ နာရီအထိ ကြိုးစားအလုပ်လုပ်ကြသည်၊ သို့သော် အလုပ်ပြီးနောက် အားလပ်ချိန်အတွင်း ဂိမ်းများကစားပြီး ဗီဒီယိုအတိုလေးများကို ကြည့်ရှုနိုင်ကြသည်၊။
သို့သော်လည်းယခုအခါ ဂိမ်းများမရှိတော့သဖြင့် သူ့အတွက် ဖျော်ဖြေရေးလည်းမရှိတော့ပါ၊။
နေ့တိုင်းကျင့်ကြံမှုနှင့်လေ့လာခြင်းများသာပြည့်နေတော့မည်။
"ဒါက သေတာနဲ့ဘာထူးလဲ၊မဟုတ်ဘူး သေတာထက်တောင် ဆိုးတယ်"
ကျိယွမ် စိတ်ပျက်သွားလေပြီ။
“ကျိစယ်တောင်ထိပ်ရဲ့ အဓိကတပည့်ရာထူးကနေ နုတ်ထွက်မယ်၊လူ့လောကကို သွားပြီး ချမ်းသာတဲ့ မြေပိုင်ရှင်တစ်ဦး ဖြစ်လာမလား၊ လူတိုင်းအပေါ် ကြီးစိုးမလား၊”
စိတ်ဓာတ်ကျနေသော ကျိယွမ်၏မျက်လုံးများက ထိုအတွေးဖြင့် တောက်ပလာသည်။
သို့သော် ချက်ချင်းပင် သူသည် ထိုအတွေးကို ပယ်ချလိုက်၏။
“ရှန်ကွမ်ဂိုဏ်းရဲ့အကာအကွယ်မရှိရင်၊ မဟူရာကြက်မိစ္ဆာက သူ့ဂိုဏ်းကို ငါဖျက်ဆီးခဲ့တာသိပြီး ငါ့နောက်လိုက်လာရင်၊ ငါဘယ်လိုလုပ်မလဲ"
“ပြီးတော့ချမ်းသာတဲ့ မြေပိုင်ရှင် ဖြစ်လာရင် မယားငယ်တစ်ဒါဇင်လောက်ကို လက်ထပ်ပြီး၊ ငွေကုန်စေတဲ့ကလေးများနဲ့ ပြည့်နေတဲ့ မိသားစုတစ်ခုနဲ့ အဆုံးသတ်ရမှာ သေချာတယ်၊သူတို့ ပြဿနာရှာရင် သူတို့ရဲ့အရှုပ်ထုပ်တွေကို ငါ ရှင်းပေးရဦးမယ်။ သူတို့က ကျင့်ကြံသူတွေကို စော်ကားမိရင်၊ပြဿနာက ပိုကြီးပြီ၊နေရင်းထိုင်ရင်း ငါကလေးထိန်း ဖြစ်သွားမှာ"
ကျိယွမ် အလန့်တကြားခေါင်းယမ်းလိုက်မိသည်။
“သာမန်လူတွေရဲ့ဘဝကလည်း အခက်အခဲတွေများလွန်းတယ်။ ငါ့ဘာသာ ကျင့်ကြံခြင်းကိုပဲ ဆက်လုပ်သင့်ပါတယ်လေ"
ကျိယွမ်သည် ထိုအတွေးများကို စွန့်ပစ်လိုက်သည်။
သူသည် ကျိယွမ်ကျမ်းကို ပြန်လည်ဖတ်ရှုနေ၏။
လက်ရှိတွင် သူလုပ်ရမည့် အရေးကြီးသော အလုပ်သုံးခု ရှိသည်။
ပထမအလုပ်မှာ “ကျိယွမ်ကျမ်း”၏ နောက်ဆက်တွဲ ကျင့်ကြံမှု နည်းစနစ်များကို ဖြည့်စွက်ရန်ဖြစ်သည်။
လက်ရှိ၌ သူ၏ကျိယွမ်ကျမ်းသည် အခြေတည်အဆင့်အထိသာ ကျင့်ကြံနိုင်သည်၊။ နည်းစနစ်များကလည်း မပြည့်စုံသေးပါ။
ထို့ကြောင့် ကျမ်းကိုဖြည်းဖြည်းချင်း ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်နေ၏။
ဒုတိယအလုပ်မှာ သူ၏ဝိညာဥ်ကို မြှင့်တင်ရမည် ဖြစ်သည်။
ခိုင်မာအားကောင်းသော ဝိညာဥ်ရှိမှသာ၊ သူသည် ဂိမ်းထဲသို့ဝင်ရောက်နိုင်ပြီး နေ့စဥ်ကျင့်ကြံနေရသောဘဝကြီး၏ ပျင်းရိငြီးငွေ့မှုမှ လွတ်မြောက်နိုင်လိမ့်မည်။မဟုတ်လျှင် ဘဝက သေသည်နှင့်မခြားပါ။
တတိယအလုပ်မှာ အဆင့်မြင့်နည်းစနစ်များကို ရှာဖွေရန်ဖြစ်သည်။
သာမန်နည်းစနစ်များသည် ကျင့်ကြံရာတွင် အလွန်နှေးကွေးသည်၊။ သာမန်နည်းစနစ် ထောင်ပေါင်းများစွာရှိခြင်း အဆင့်မြင့် နည်းစနစ်တစ်ခုရှိခြင်းလောက် အကျိုးမရှိပါ။
သို့သော်လည်း ပြဿနာမှာ မြင့်မားသောအဆင့်ရှိနည်းစနစ်များသည် အလွန်ရှားပါနေခြင်းပသ်။
“ကျူးလျန်ဟွာကိုတောင် လွမ်းသွားပြီ၊ ကျူးလျန်ဟွာလိုမျိုး တောက်ပပြီးချောမောတဲ့ သူမျိုး၊ ငါ့ရဲ့ မျှော်လင့်ခြင်းလမင်းကို ဘယ်တော့မှ ထပ်တွေ့ရပါမလဲ"
ကျိယွမ်သည် ကျူးလျန်ဟွာ၏နက်နဲသောအဆင့်လျှို့ဝှက်နည်းစနစ်ကို လွမ်းဆွတ်မိသည်။
ညသည် တဖြည်းဖြည်းနက်ရှိုင်းလာပြီး ကောက်ရိုးအိမ်အပြင်ဘက်တွင် အရာအားလုံးသည် နှင်းများဖြင့် ဖြူဖွေးနေသည်။
ကျိယွမ်မှာ အိပ်မပျော်နိုင်ပါ။
“ငါ ဂိမ်းဆော့ချင်စိတ်တွေ အရမ်းပြင်းထန်နေတယ်"
ကျိယွမ်သည် မနေနိုင်စွာ ဂိမ်းကျောက်ပြားကို ထုတ်ယူလိုက်သည်၊ သို့သော်လည်း ဂိမ်းအိုင်ကွန်ထဲသို့ ဝင်ရောက်၍ မရနိုင်ဖြစ်နေဆဲပင်။
သူသည် ဂိမ်းမှအသံများကြားရဦးမလားဟု သေချာစွာ နားထောင်သည်။သို့သော် မည်သည့် အသံမှထွက်ပေါ်မလာပါ။
“ငါ ဂိမ်းကစားချင်တယ်"
"သတ်ချင်နေတယ်"
"နတ်ဆိုးတွေကို သတ်ချင်နေပြီ"
"သတ်"
ကျိယွမ်သည် အကူအညီမဲ့နေတော့သည်။
ထိုအခိုက် သူ၏လက်သည် အခြား ကျောက်ပြားတစ်ခုကို ထိမိသွား၏။
“ကြည့်စမ်း..မေ့နေတာ၊ဒါက ထုံရှီးယန် ငါ့ကို ပေးခဲ့တဲ့ ဂိမ်းကျောက်ပြားမှတ်လား၊ အေးစက်ပြီးမာနကြီးတဲ့ ဓားနတ်သမီး၊
ဒီ ဓားနတ်သမီးကအားကောင်းမှာသေချာတယ်။ သူက ငါ့ရဲ့လှုပ်ရှားမှုဘယ်နှစ်ခုကို ခံနိုင်မလဲ မသိဘူး"
ကျိယွမ်၏ စိတ်အစဥ်သည် ဂိမ်းကျောက်ပြားထဲသို့ တက်ကြွစွာဝင်ရောက်သွားသည်၊။
ရုတ်တရက် အေးစက်ပြီးမာနကြီးသော ဓားနတ်သမီး၏အရိပ်တစ်ခု ကျိယွမ်၏ ရှေ့တွင် ပေါ်လာသည်။
“ငါ့ကို နိုင်အောင်တိုက်စမ်း"
ကျိယွမ်သည် သူ၏လက်ကို ယောင်ယမ်းကာ လှူပ်ရှားလိူက်မိ၏။
ဓားအလင်းသည်လက်ခနဲ ဖြစ်သွားပြီး ဓားနတ်သမီး၏ဓားသည် ကျိုးပဲ့သွားတော့သည်။
“အရမ်း အားနည်းတယ်၊ ပျင်းစရာကောင်းလိုက်တာ"
ကျိယွမ်သည် ဤဂိမ်းကို ဆိုးရွားသော review ပေးဖို့ တွေးလိုက်သည်။
ပြောတော့လည်း တားမြစ်ထားတဲ့ဂိမ်းတဲ့၊ဘာမှလည်း မဆန်းကျယ်ပါလား။
ထိုအခိုက်အတန့်တွင် အေးစက်ပြီး မာနကြီးသောဓားနတ်သမီး၏ မျက်နှာပေါ်တွင် မျက်ရည်တစ်စက်လှိမ့်ဆင်းသွားသည်။
“ရှင့်ရဲ့ အနိုင်ယူခြင်းကို ခံခဲ့ရပြီ၊ ရှင့် သဘောအတိုင်း လုပ်ပါ၊”
ဓားနတ်သမီးက ရှက်ရွံ့စွာပြောပြီး၊ အဝတ်အစားများ ချွတ်ရန် စတင်သည်။
“ရှင် ကျွန်မရဲ့ခန္ဓာကိုယ်ကို ရနိုင်ရင်တောင်၊ ကျွန်မရဲ့ နှလုံးသားကိုတော့ မရနိုင်ပါဘူး၊။ ကျွန်မရဲ့ နှလုံးသားက အမြဲတမ်းအစ်ကိုကြီးအတွက်သာ ဖြစ်ပါလိမ့်မယ်"
ဓားနတ်သမီး၏အဝတ်အစားများ ပြုတ်ကျသွားသည်။ သူမသည်ရှက်ရွံသောမျက်နှာဖြင့် ခွေးတစ်ကောင်ကဲ့သို့ ကျိယွမ်ဆီသို့ တွားသွားသည်၊။
“ဒါက တော်တော်ဂုဏ်သိက္ခာမဲ့တယ်၊နင်က ပျားရည်ထောင်ချောက် သုံးချင်နေတာလား၊ဓားပဲရမယ်”
ကျိယွမ်သည် ဓားနတ်သမီးကို တစ်ချက်တည်းဖြင့် ခုတ်ချလိုက်ပြီး ဂိမ်းထဲမှထွက်ကာ ကျိန်ဆဲလိုက်သည်၊။
"တားမြစ်ဂိမ်းဆိုလို့ အဟုတ်မှတ်နေတာ အိတ်တင်းပလပ်တွေဟ"
“ငါ့ရဲ့ ကိုယ်ပိုင်ဂိမ်းကသာအကောင်းဆုံးပဲ"
ကျိယွမ် ဂိမ်းကျောက်ပြားကို လွှင့်ပစ်ကာ သက်ပြင်းချလိုက်သည်။
.....................
အရုဏ်ဦး၏အလင်းရောင်သည် မိုးတိမ်များပေါ်သို့ တက်လာသည် ။နှင်းများ ဖြည်းဖြည်းချင်း လျော့ပါးသွားသော်လည်း
ကျိစယ်တောင်ထိပ်တော့ အေးနေဆဲပင်ရှိ၏။ဆောင်း မကုန်သေးပါ။
“အစ်ကိုကြီးကျိယွမ်၊ ထုံရှိးယန်က ဂါရဝပြုပါတယ်"
သစ်သားအိမ်အပြင်ဘက်တွင် အနက်ရောင် ဝတ်စုံဝတ်ထားသောထုံရှီးယန်က လေးစားသောအမူအရာဖြင့် ရပ်နေ၏။
မကြာမီ ကျိယွမ်သည် သူ၏အသစ်စက်စက်သစ်သားအိမ်မှ ထွက်ပေါ်လာသည်။
သူကထုံရှီးယန်ကို ကြည့်ပြီး ဂုဏ်ယူစွာမေးလိုက်၏။
“ဂိုဏ်းတူညီလေး၊ ငါ့ရဲ့ အိမ်အသစ်ကို ဘယ်လိုမြင်လဲ၊ ခမ်းနားတယ် မဟုတ်လား၊။ ဇိမ်ခံအိမ်တစ်လုံးရဲ့အဆင့်အတန်းမှီရဲ့လား၊ ငါ့ရဲ့လက်ရှိအဆင့်အတန်းနဲ့ဆို နည်းနည်းများ နိမ့်နေလား"
ကျိယွမ်၏ ကောက်ရိုးတဲအိမ်ကို ပြုပြင်ပြီး သစ်သားအိမ်အဖြစ် ပြောင်းလဲခဲ့သည်။
ထုံရှီးယန်သည် သစ်သားအိမ်ကို တစ်ချက် ကြည့်သည်။
သူ၏အပြုံးကအနည်းငယ် အေးခဲနေ၏။
ဒီ စုတ်ပြတ်သတ်နေတဲ့သစ်သားအိမ်ကို မေးတာလား။
“အစ်ကိုကြီးရဲ့နေအိမ်က တကယ်ပဲ ကောင်းကင်ဘုံတမျှဖြစ်ပါတယ်၊ ကမ္ဘာမြေရဲ့ဝိညာဥ်နယ်မြေအလားပါပဲ”
ထုံရှီယန်သည် အမှန်တရားနှင့်ပြောင်းပြန်ဖြေဆိုလိုက်၏။သူ့အတွက်တော့ ကျိယွမ် စိတ်မကွက်ဖို့ကသာ အဓိကမဟုတ်ပါလား။
ကျိယွမ် အလွန် ကျေနပ်သွားသည်။
ဒါကစက်ဘီးဝယ်ပြီး သူငယ်ချင်းများကို tag တွဲကာပုံတင်လိုက်သလိုပင် ချီးမွမ်းသောစကားများ ရလေ၏။
“ဒါနဲ့ ညီမလေးဆီက ကြားရတာ၊ ငါတံခါးပိတ်ကျင့်ကြံနေတုန်း မင်းငါ့ကို တွေ့ချင်လို့ ခဏခဏလာတယ်ဆို၊။ ဘာကိစ္စလဲ”
စိတ်ကောင်းဝင်နေသော ကျိယွမ်က ကြည်ဖြူစွာမေးလိုက်သည်။
ဘရာစီယာကိစ္စဖြစ်ပြီးနောက်၊ ညီမလေးသည် ရက်အတော်ကြာအထိ ကျိယွမ်ကိုရှောင်နေ၏။
သို့သော် လွန်ခဲ့သော ရက်အနည်းငယ်ကတော့ ညီမလေးသည် သူ့အိမ်သို့ ရောက်လာပြီး ထုံရှီးယန်က သူ့ကိုရှာနေကြောင်း ပြောပြခဲ့သည်။
“အစ်ကိုကြီး ကျိယွမ်၊ နဂါးလုတိုက်ပွဲကို ကြားဖူးလား”
ထုံရှီးယန်က ရိုသေစွာမေး၏။
“နည်းနည်းတော့ ကြားဖူးသလိုလိုပဲ”
လွန်ခဲ့သော အကြိမ်က ညီမလေးကျန်းလင်းစုက အလင်းနန်းတော်မှကျူးလျန်ဟွာသည်သာ့ရှန်းတိုင်းပြည်၏ နဂါးလုတိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန်ရည်ရွယ်ပြီး၊သာ့ရှန်းကို ထိန်းချုပ်ရန်ကြံစည်နေကြောင်း ပြောပြခဲ့ဖူးသည်။
အလင်းနန်းတော်သည် သာ့ရှန်းတိုင်းပြည်ပေါ်၌ ကြီးမားသောရည်မှန်းချက်များ ရှိနေသည်။
“အစ်ကိုကြီး ကျိယွမ်၊ ကျွန်တော့်မှာ နောက်ထပ် နာမည်တစ်မျိုးရှိပါသေးတယ်၊ အမှန်တော့..ကျွန်တော်က သာ့ရှန်းတိုင်းပြည်ရဲ့ ၁၇ ယောက်မြောက် မင်းသားပါ"
"ဘာ......"