ရက်ရောသော လုဖေး
Vol. 6 Ch. 85
"မဆိုးဘူး၊ ဆိုးသွမ်းအင်မော်တယ်ကအရှေ့ပိုင်းဒေသရဲ့လူငယ်ထူးချွန်သူ စာရင်းငယ်ထဲကို ဝင်ရောက်နိုင်ခဲ့ပြီ"
ယခုအချိန်ထိ အဖွဲ့ထဲတွင်တိတ်ဆိတ်နေခဲ့သော ရေခဲတောင်သခင်မက စတင်ပြောလာခဲ့သည်။
ဆိုးသွမ်းနတ်ဘုရားက ချက်ချင်းတုန့်ပြန်လိုက်သည်။
"ကျွန်တော်က သခင်မနဲ့တော့ ယှဉ်လို့မရပါသေးဘူး"
ဆိုးသွမ်းအင်မော်တယ်သည် ရေခဲတောင် အရှင်သခင်မကို အနည်းငယ်ကြောက်ရွံ့နေပုံရ၏။
မဟာနေမင်းမီးလျှံဧကရာဇ်က တိုက်တွန်းလိုက်သည်။
"ဆိုးသွမ်းအင်မော်တယ်၊ ဆက်ကြိုးစားရင် အရှေ့ပိုင်းဒေသရဲ့ ထူးချွန်သူစာရင်းကြီးထဲကို ဝင်ရောက်တော့မှာပါ"
ကျိယွမ်က မည်သည်စာမှဝင်မပို့သေးဘဲ ခဏလေ့လာပြီးနောက် နောက်ဆုံးတွင်သဘောပေါက်သွားလေသည်။
အရှေ့ပိုင်းဒေသ၏ထူးချွန်သူစာရင်းကြီးသည် အရှေ့ပိုင်းဒေသ၏အသက်ခြောက်ဆယ်အောက် ထိပ်တန်းထူးချွန်သူ ၁,၀၀၀ ဦးကို မှတ်တမ်းတင်ထားခြင်း ဖြစ်၏။
လူငယ်ထူးချွန်သူ စာရင်းငယ်မှာမူ ထူးချွန်သူ စာရင်းကြီးထဲသို့ မဝင်နိုင်သူများအတွက် အရန်စာရင်းတစ်ခုဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ထိုစာရင်းနှစ်ခုလုံးသည် သာ့ရှန်း၏ ထိပ်ဆုံးဆယ်ဦး စာရင်းထက် တော့အဆများစွာ သာလွန်၏။
ကျိယွမ်သည် အဖွဲ့ဝင်များကို အားကျစိတ်ဖြင့်ကြည့်နေရင်းမှ သူသိလိုသောသတင်းကိုမေးလိုက်သည်၊
"အလင်းနန်းတော်က ဖျက်စီးဝံပုလွေကို သိသူများရှိလား"
မိမိရန်သူကိုသိလျှင် စစ်တိုင်းအောင်မည် ဟူသောဆိုရိုးရှိ၏။ကျိယွမ်က ကြိုတင်ပြင်ဆင်တတ်သူဖြစ်သည်။
ရေခဲ့တောင် သခင်မ။ ။ဖျက်ဆီးဝံပုလွေလား။ တစ်ခါမှ မကြားဖူးပါဘူး။ အော် အသစ်ဝင်လာသူလား၊ ငါတို့အဖွဲ့မှာ အခုဆိုရင်ဧကရာဇ်သုံးပါး မဟုတ်တော့ဘဲ လေးပါး ဖြစ်သွားပြီပေါ့ ။
ဆိုးသွမ်းအင်မော်တယ်။ ။နတ်ဘုရား ဖျက်ဆီးဝံပုလွေနဲ့ ကြုံဖူလို့လား။ သူက အရှေ့တိုင်းဒေသရဲ့ ထူးချွန်သူစာရင်းကြီးရဲ့ ထိပ်ဆုံး ၇၀၀အတွင်းမှာ ရှိတယ်။ ထူးချွန်သူ စာရင်းကြီးထဲကလူတိုင်းဟာ သူတို့ရဲ့ အဆင့်ထက်ကျော်လွန်တဲ့ ပြိုင်ဘက်တွေကို သတ်ဖြတ်နိုင်စွမ်းရှိတယ်။ အလင်းနန်းတော်နဲ့ ရှင်ဟွာအဖွဲ့က ရန်သူတွေဖြစ်နေလို့ မင်းကရှင်ဟွာအဖွဲ့ဝင်ဖြစ်နေတာကို လုံးဝမဖော်ထုတ်မိပါစေနဲ့၊ မဟုတ်ရင် ဖျက်ဆီးဝံပုလွေ သေချာပေါက် ချမ်းသာပေးမှာ မဟုတ်ပါဘူး"
ကျိယွမ်သည် ပထမ၌အံ့အားသင့်သွား၏။
ထို့နောက်မှာတော့ သဘောကျစွာပြုံးလိုက်သည်။
ဖျက်ဆီးဝံပုလွေကိုထိုမျှအစွမ်းထက်မည်ဟုထင်မထားသဖြင့် အံ့သြသွားခြင်းဖြစ်သည်။သိူ့သော် နာမည်ကြီးပြီးထင်ရှားလေလေ မျှော်လင့်ခြင်းလမင်းက အဖိုးအတန်အရာများ ပိုင်ဆိုင်နေရန်အခွင့်အရေးများလေလေဟု တွေးမိကာဝမ်းသာအားရဖြစ်မိသည်။
မဟာနေမင်း မီးလျှံဧကရာဇ်။ ။မူလနတ်ဘုရား၊တကယ်လို့ မင်းမှာအမြုတေအဆင့် စွမ်းအားမရှိရင် ဖျက်ဆီးဝံပုလွေကို ရှောင်နေတာက ပညာရှိရာရောက်လိမ့်မယ်။
မဟာနေမင်း မီးလျှံဧကရာဇ်သည် အလင်းနန်းတော်၏လုပ်ငန်းအချို့ကို သိရှိထား၏။ ဖျက်ဆီးဝံပုလွေသည် တိုင်းပြည်ငယ်လေးများကို လက်ဝါးကြီးအုပ်ရန်ကိစ္စများကို ကိုင်တွယ်နေပုံရသော်လည်း အတိအကျတော့ သူလည်းမသိရပေ။
မူလနတ်ဘုရား ရရှိခဲ့သော "တောက်ပသောဓား"သည် အလင်းနန်းတော်မှ တစ်စုံတစ်ဦးထံမှလုယူလာခြင်းဖြစ်နိုင်၏။ဖျက်ဆီး ဝံပုလွေသည် ဂုဏ်သိက္ခာကို ပြန်လည်ရယူရန် ထိုနေရာသို့ သွားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
ကျိယွမ်။ ။အားလုံး စိုးရိမ်ပေးကြတာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က ကောင်းကင်ဘုံတာအိုအုတ်မြစ်တည်ဆောက်သူတစ်ယောက်ပါ။ဘာလို့ သူ့ကို ကြောက်ရမှာလဲ။
ရေခဲတောင်သခင်မ။ ။ရှင်ကလည်း ကောင်းကင်ဘုံအိုအုတ်မြစ်တည်ဆောက်သူလား။
ကျိယွမ်။ ။ဟုတ်ပါတယ်။အဲဒီနေ့က ကျွန်တော်ဟာ ပြင်ပနတ်ဆိုးသုံးထောင်နဲ့ရက်ပေါင်းများစွာတိုက်ခိုက်ပြီး ကောင်းကင်တာအိုဖမ်းယူနိုင်ခဲ့ပါတယ်၊အဲဒါကြောင့် အုတ်မြစ်တည်ဆောက်ခြင်း အောင်မြင်ခဲ့တာပါ။
ရေခဲတောင်သခင်မသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ လျင်မြန်စွာ ပြောလိုက်သည်။
"မူလနတ်ဘုရားက တကယ်ကိုအထင်ကြီးစရာပါရမီရှင်ပါပဲ။ ကျင့်ကြံခြင်းလောကမှာနောက်ထပ်ပါရမီရှင်တစ်ဦး ပေါ်ထွက်လာပြန်ပြီ။
အဖွဲ့သားများ၏လေးစားမှုကို ခံစားရသောအခါ ကျိယွမ်သည်သူ၏အဖွဲ့ဝင်များကသာ အကောင်းဆုံးဟုခံစားရ၏။ အခြားသူများက သူ့ကိုကောင်းကင်ဘုံတာအိုဖြင့်အုတ်မြစ်တည်ဆောက်ထားသည်ဟုပြောလျှင် မယုံကြသော်လည်း အဖွဲ့ဝင်များကမူ ယုံကြည်ကြသည်မဟုတ်ပါလား။
ကျိယွမ်က အရေးကြီးသောတစ်ခုကို သတိရပြီး မေးလိုက်၏။
"ဖျက်ဆီးဝံပုလွေမှာ အစွမ်းထက် နည်းစနစ်တွေဘာတွေများ ရှိလား"
"ဖျက်ဆီးဝံပုလွေရဲ့ဆရာက စစ်မှန်ဒေါသမုန်တိုင်းသခင်ပဲ၊သူကစိတ်ဝိညာဥ်အထွတ်အထိပ်အဆင့် စွမ်းအားရှိတယ်၊ သူ့တပည့်ဖြစ်နေတယ်ဆိုတော့ ဖျက်ဆီးဝံပုလွေမှာ တန်ဖိုးရှိတဲ့နည်းစနစ်တွေရှိမှာသေချာတယ်"
မဟာနေမင်း မီးလျှံဧကရာဇ်က သတိထပ်ပေးသည်။
"မင်းသတိထားဖို့တော့ လိုတယ်။"
ရေခဲတောင်သခင်မ။ ။စစ်မှန်ဒေါသမုန်တိုင်းလား၊ငါသူ့ကို တွေ့ဖူးတယ်၊သိပ်ကောင်းတဲ့လူ မဟုတ်ပါဘူး။တစ်ခါကဆို မှော်လက်နက်တစ်ခုကို သန့်စင်ဖို့အတွက်နဲ့ တိုင်းပြည်ငယ်လေးတစ်ခုကို တိတ်တဆိတ်ဖြုတ်ချဖူးတယ်။ သူ့ဆရာကသာ ကြောက်စရာကောင်းမနေရင် သူ့အရိုးပြာတွေကိုတောင် ကြဲထားတာကြာပြီပေါ့။
ဆိုးသွမ်းအင်မော်တယ်။ ။ ရေခဲတောင် အရှင်သခင်မကတော့ အခုထိခန့်ညားထည်ဝါနေတုန်းပါပဲ။
ကျိယွမ်ကလည်း လက်မနှေးပါ။
"အစ်မကြီး၊ ကျွန်တော့်ကိုလည်း စောင့်ရှောက်ပေးပါဦး"
ကျိယွမ်သည် ရေခဲတောင်အရှင်သခင်မက ထူးခြားသောပုဂ္ဂိုလ်တစ်ဦး ဖြစ်ရမည်ဟု သဘောပေါက်သွားသောကြောင့် အမြန်ဆုံး ဝင်လုံးထားလိုက်သည်။
ဆိုရိုးစကားအရ မိန်းမတစ်ဦးသည်အနှစ်သုံးထောင်ထက် ပိုအသက်ရှည်ပါက အင်မော်တယ်ဖြစ်နိုင်သည်ဟု ဆိုထားသည်မဟုတ်ပါလား။
ကျိယွမ်ကလည်း သူတို့လိုတိုးတက်မြင့်မားချင်နေသည်။
ရေခဲတောင်သခင်မကို ချီးမွမ်းပြီးနောက် ကျိယွမ်သည် ကျောက်စိမ်းပြားထဲမှ ထွက်လိုက်ပြီး အလွန်စိတ်လှုပ်ရှားနေ၏။
ထိုအချိန်မှာပင် ထုံရှီးယန်၏အသံကို ကြားလိုက်ရသည်။
"အစ်ကိုကြီးကျိယွမ်၊ သွားဖို့ အချိန်ရောက်ပါပြီ"
"အင်း..."
ကျိယွမ်က အနည်းငယ်ပြင်ဆင်ကာ ချက်ချင်းထွက်လာခဲ့တော့သည်။
............
နန်းတော်တွင် အဖွဲ့များစွာရောက်ရှိနေပြီဖြစ်သည်။
ကျိယွမ်သည် ထုံရှီးယန်အနီးတွင်ရပ်နေပြီး တစ်စုံတစ်ဦးကို ရှာဖွေနေသကဲ့သို့ လူအုပ်ကို စကင်ဖတ်နေ၏။
ခန်းမဆောင်ထဲတွင် လူများ ပို၍ ပို၍ စုဝေးလာကြသည်။
မြွေအမျိုးမျိုးပုံပါသောရွှေဝတ်ရုံများ ဝတ်ဆင်ထားသည့် တော်ဝင်မင်းသားတစ်ဒါဇင်ခန့် ရှိ၏။
သူတို့နောက်တွင် ပုံစံအမျိုးမျိုးရှိသည့်အခြေတည်အဆင့်ကျင့်ကြံသူများ ရပ်နေကြသည်။
အရပ်ရှည်ရှည် မုတ်ဆိတ်ရှည်ရှည်ရှိသော မင်းသားသည် ပထမမင်းသားဟု ကျိယွမ်သိလိုက်ရသည်။သူက ရှေ့ဆုံးတွင်ရပ်နေပြီး
သူ၏နောက်တွင် ကျူမျောလွင့်တောင်ဂိုဏ်းမှ အခြေတည်အဆင့် ဓားကျင့်ကြံသူနှစ်ဦးသည် ထက်မြက်သောအရှိန်အဝါကို ထုတ်လွှတ်နေ၏။
သာမန်ကျင့်ကြံသူများသည် ထိုနှစ်ဦးကို ကြည့်ရုံဖြင့်ပင် ၎င်းတို့၏မျက်လုံးများကို ဓားများဖြင့် ထိုးဖောက်ခံရသကဲ့သို့ ခံစားသွားရနိုင်သည်။
ထိုအချိန်တွင် ကျိယွမ်၏ နားထဲသို့ အသံတစ်ခု ရောက်လာသည်။
"ဆရာတူအစ်မကြီးက နက်နဲသောအဆင့် နည်းစနစ်ကို ကျင့်ကြံထားတာ။ကျူမျောလွင့်တောင်နဲ့ရှန်ကွမ်းဂိုဏ်းက အခြေတည်အဆင့်တွေကို လက်တစ်ဖက်တည်းနဲ့တောင်
အနိုင်ယူလို့ရတယ်"
သူတို့က လျှို့ဝှက်စွာအသံပို့လွှတ်နေခြင်းပင်။
တစ်ခါတစ်ရံ ကျိယွမ်သည် အနီးအနားမှထူးဆန်းသောအသံများကို ကြားရတတ်သည် ။သို့သော် ပုံသေမရှိပေ စကားသံများဖြစ်တတ်သလို အတွေးများလည်းဖြစ်နေတတ်၏။ရံဖန်ရံခါ၌ လျှို့ဝှက်အသံပ်ု့လွှင့်မှုများဖြစ်သည်။
ယခုတွင် သူသည် အသံတစ်ခုကို ဖမ်းမိလိုက်၏။
ကျိယွမ်၏ မျက်လုံးများ သိသာစွာတောက်ပလာသည်။
နက်နဲသောအဆင့်ဆိုပါလား။
နက်နဲသောအဆင့်နည်းစနစ်ကို ပိုင်ဆိုင်သော ချစ်စရာကောင်းသူလေးသည် မည်သူများဖြစ်လေသနည်း။
ကျိယွမ်၏အကြည့်သည် ခန်းမဆောင်အနှံ့ရောက်ရှိသွားသည်။နောက်ဆုံးတွင် နတ်ဆိုးရမက်ဂိုဏ်းမှ ဆွဲဆောင်မှုရှိသော အမျိုးသမီးကျင့်ကြံသူတစ်ဦးအပေါ်သို့ ကျရောက်သွား၏။
ထိုဂိုဏ်းသူအမျိုးသမီးက အနီရောင် တောက်ပြောင်သောဝတ်စုံကို ဝတ်ဆင်ထားပြီး ဝတ်စုံကြောင့်သူမ၏ခန္ဓာကိုယ် ကောက်ကြောင်းများ ပေါ်လွင်နေ၏။သူမသည် ခါးသေးသွယ်ပြီးရင်များကပြည့်ဖြိုးကာ အသားအရည်ကလည်းကျောက်စိမ်းလို ဖြူဖွေးသည်။
အသိသာဆုံးမှာ သူမ၏နက်ရှိုင်းသောရင်သားချိုင့်နှင့် အဝိုင်းပုံသဏ္ဍန်ကောက်ကြောင်းများကို ဖုံးကွယ်ရန်မကြိုးစားဘဲ ရဲရဲဝံ့ဝံ့ ဖော်ပြထားခြင်းပင်။
အထင်ကြီးစရာကောင်းသော်လည်း ကျိယွမ်က သူ၏ညီမလေးကျန်းလင်စုကိုတော့ မယှဉ်နိုင်ဟု ထင်၏။
ညီမလေး၏ အဝတ်အစားများက ချောင်ချိသော်လည်း ကြီးမားသော အလားအလာကို ဖုံးကွယ်ထားသည်မဟုတ်ပါလား။
ကျိယွမ်၏ မျက်လုံးများသည် မီးရှူးတိုင်များကဲ့သို့ ထိုအမျိုးသမီး ကျင့်ကြံသူအပေါ်တွင် စူးစိုက်နေ၏။
မျှော်လင့်ခြင်းလမင်းပဲ။
သူ့တွင် နောက်ထပ်မျှော်လင့်ခြင်းလမင်းတစ်ဦး ထပ်ရှိလာလေပြီ။
ငါ သူ့ကိုအပြည့်အဝအာရုံစိုက်ထားရမယ်။ဒါမှ သူ့ဆီက နည်းစနစ်နဲ့ပတ်သတ်တဲ့ အတွေးတစ်ခုခုကို ကြားနိုင်မှာ။
ကျိယွမ်သည် သူကလူတစ်ဦးအပေါ် အာရုံစိုက်ပြီး နီးကပ်စွာနေလျှင် သူတို့၏ အတွေးများကို ကြားနိုင်၏။
နတ်ဆိုးရမက်ဂိုဏ်းမှ အမျိုးသမီးသည် နည်းစနစ်တစ်ခုကို စိတ်ထဲရွတ်ကာကျင့်ကြံနေလျှင် သူကကြားဖြတ်နားထောင်နိုင်မှာသေချာ၏။သိူ့မဟုတ် သဲလွန်စတစ်ခုခု ရနိုင်၏။
လုဖေးဟုအမည်ရသောအမျိုးသမီးက ကျိယွမ်၏ပြင်းထန်သောအကြည့်ကို သတိပြုမိသွားပုံရသည်။
သူမသည် သူ့ဘက်သို့လှည့်ကာ ညုတုတု အပြုံးဖြင့် ပြောလိုက်သည်။
"မောင်လေးကျိယွမ် ၊ ဒီလိုကြီး စိုက်ကြည့်နေတော့ မမတောင်ရှက်လာပြီ။ ဒီည မမအခန်းကိုလာပြီး ကောင်းကောင်း ကြည့်ပါလား"
သူမကစကားပြောရင်း ရည်ရွယ်ချက်ရှိရှိ ပင် သူမ၏ရင်သားအလှကို ပို၍ပေါ်လွင်စေလိုက်ပြီးကျိယွမ်အား ရက်ရက်ရောရောဆွဲဆောင်လိုက်သည်။
သူမ၏စကားကြောင့် လူတိုင်း၏အာရုံက ကျိယွမ်နှင့် လုဖေးထံသို့ ရောက်ရှိသွားသည်။သူတို့၏မျက်လုံးများတွင်လည်း ကစားချင်သော အမူအရာများပေါ်လာ၏။
ကျူမျောလွင့်တောင်မှ အမျိုးသမီးဓားကျင့်ကြံသူကတော့ ကျိယွမ်ကိုမနှစ်မြို့သော အကြည့်ဖြင့် ကြည့်နေသည်။
ကျိယွမ်ကတော့ သူတို့၏အကြည့်များကို ဂရုမစိုက်ပေ။သူက ဝမ်းသာအားရပြုံးလိုက်သည်။
"တကယ်လား"
သူက မစောင့်နိုင်တော့သည့်အလား ဖင်တကြွကြွပင်ဖြစ်နေသည်။
လုဖေးပင် အနည်းငယ်အံ့အားသင့်သွားသည်။သူမက ပို၍ပင်လှပစွာ ပြုံးပြပြီး ဖိတ်ခေါ်လိုက်သည်။
"နင့်ကို စောင့်နေမယ်၊မောင်လေး"
ကျိစယ်တောင်၏ထိပ်တန်းတပည့်သည် ဥပါဒါန်သွေးမျိုးဆက်ဖြစ်သည်ဟုကြားဖူးသော်လည်း ဒီလိုပုံစံမျိုးဖြစ်နေမည်ဟု မထင်ထားပေ။
သို့သော် သူမက ပို၍ပင်သဘောကျသေးသည်။သူမသည် အမျိုးသားများကို သူမ၏ ခန္ဓာကိုယ်ကိုအသုံးပြု၍ ကစားရသည်ကို နှစ်သက်သောသူဖြစ်သည်။
ထိုအချိန်တွင် အစွမ်းထက်သောအသံတစ်သံ ထွက်ပေါ်လာသည်၊
"အကုန်လုံး ရောက်နေပြီလား"
နောက်ကျောတွင်ဓားရှည်တစ်ချောင်းလွယ်ထားသော အဖြူရောင်ဝတ်စုံဝတ်အမျိုးသားတစ်ဦး ခန်းမထဲသို့ ဝင်လာသည်။
သူ၏ခန္ဓာကိုယ် အလင်းရောင်တစ်ခုကိုထုတ်လွှတ်ပေးနေသလို အရှိန်အဝါတောက်ပနေသည်။
ထိုအရာက သူကျင့်သောနည်းစနစ်ကြောင့် ဖြစ်လိမ့်မည်ဟု အားလုံးတွေးမိကြသည်။
ဝင်လာသူမှာ ဖျက်ဆီးဝံပုလွေဖြစ်ပြီး ဆယ့်ရှစ်မင်းသားသည် ကျွန်တစ်ယောက်ကဲ့သို့ သူ၏နောက်မှ ကပ်လိုက်လာ၏။
မင်းသားများနှင့်ကျင့်ကြံသူအားလုံး၏ မျက်လုံးများတွင် သတိကြီးသောအမူအယာပေါ်လာသည်။
နဂါးလုပွဲကိုအောင်မြင်ရန်ဆိုလျှင် ဖျက်ဆီးဝံပုလွေကိုကျော်ဖြတ်ရမည်ဟု အားလုံးလက်ခံထားသောကြောင့်ဖြစ်သည်။
ထို့အတူ အလင်းနန်းတော်သည် အားလုံးအတွက်အပြင်လူဖြစ်၏။ထို့ကြောင့် သူတို့အားလုံးသည် အလင်းနန်းတော်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်လိုသော စိတ်ဓာတ်လည်း ပြင်းပြနေကြသည်။
ကျိယွမ်ကလည်း ဖျက်ဆီးဝံပုကို အာရုံစိုက် ကြည့်လိုက်သည်။
ဖျက်ဆီးဝံပုလွေကသာ သူ့အတွက်စစ်မှန်သောမျှော်လင့်ခြင်းလမင်းဖြစ်သည်။ထိုသူနှင့်နှိုင်းယှဥ်လျှင် လုဖေးသည် ဘာမှမဟုတ်တော့ပါ။
ဖျက်ဆီးဝံပုလွေကလည်း ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး၊ သူ၏အကြည့်သည် ကျိယွမ်နှင့် ကန်ဖူလူအပေါ်ရောက်သောအခါ ခေတ္တရပ်သွားပြီး ကန်ဖူလူအပေါ်တွင် စက္ကန့်အနည်းငယ်ကြာ ထပ်ကြည့်နေပြီးမှ အကြည့်လွှဲသွားသည်။
ထို့နောက် ထပ်မံစကားမပြောတော့ဘဲ နေရာယူလိုက်၏။
လူတိုင်းသည် ဖျက်ဆီးဝံပုလွေထံမှအကြည့်လွှဲကာ ကြီးမားသောဖိအားကို ခံစားလာရသည်။
ချီယွမ်တစ်ယောက်သာ တည်ငြိမ်နေပြီး ဖျက်ဆီးဝံပုလွေနှင့် လုဖေးကို တစ်လှည့်စီ ကြည့်နေသည်။
သူသည် မျှော်လင့်ခြင်းလမင်းနှစ်ဦးလုံးထံမှ သဲလွန်စလွတ်မသွားစေရန် စောင့်ကြည့်နေရမည် မဟုတ်ပါလား။
ကျိယွမ်၏ ပြင်းထန်သောအကြည့်က လူများစွာ၏ အာရုံကိုဖမ်းစားခဲ့၏။
ဖျက်ဆီးဝံပုလွေသည် ကျိယွမ်၏အမျိုးအမည်ဖော်ပြရခက်သော စိုက်ကြည့်မှုအောက်တွင် မသက်မသာခံစားရပြီး သတ်ဖြတ်လိုသောအကြည့်ဖြင့် ကျိယွမ်ကိုပြန်ကြည့်၏။
"မင်းကို ငါသိတယ်၊ရှန်ကွမ်းဂိုဏ်းက ကျိယွမ်မှတ်လား"
ရှန်ကွမ်းဂိုဏ်း၏ ထိပ်တန်းတပည့်ကန်းဖူလူလူ၏ထင်ရှားသောဝိသေသမှာ သူ၏အဖြူရောင်ဆံပင်များဖြစ်သည်။
ယခုတစ်ယောက်က ဆံပင်မဖြူသောကြောင့် သေချာပေါက်ကျိယွမ်ဆိုသည့် ဦးနှောက်ချို့ယွင်းနေသည်ဆိုသော တပည့်ဖြစ်ရမည်။
ကျိယွမ်သည် ဖျက်ဆီးဝံပုလွေ၏ မျက်လုံးများမှသတ်ဖြတ်လိုစိတ်ကို သတိပြုမိပြီး အနည်းငယ် ဒေါသထွက်မိ၏။
ငါကဂရုတစိုက်နဲ့ကြည့်ပေးတာလေ၊ဒီလောက်လေးနဲ့တောင် သက်ချင်နေတာလား။
အလင်းနန်းတော်သည် မောက်မာလှသည်ဟု နာမည်ကြီးသည်မှာ အမှန်ပင်ဖြစ်၏၊ သူ၏ ညီမလေး ပြောသည့်အတိုင်းဟန်ဆောင်သူများဖြင့် ပြည့်နေသည်။
နက်ဆိုးရမက်ဂိုဏ်းကလုဖေးကမှ ဟုတ်သေးတယ်၊သူ့ကိုစ်ုက်ကြည့်နေတာတောင် အခန်းထဲကိုဖိတ်ခေါ်သေးတယ်၊အလင်းနန်းတော်ကတော့ တော်တော်အဆင်မပြေဘူးပဲ။
ဖျက်ဆီးဝံပုလွေ၏စကားကိုကြားသောအခါ ကန်ဖူလူက ကျိယွမ်ရှေ့တွင် ကာကွယ်ပေးသလိုရပ်လိုက်သည်။
"အလင်းနန်းတော်က တော်တော်မောက်မာတာပဲ၊မင်းက ဖျက်ဆီးဝံပုလွေဆိုတဲ့ကောင်လား၊ငါက ကန်းဖူလူ ၊ဂိုဏ်းချုပ်ကြီးရဲ့ သမက်၊ရောင်ခြည်ငါးပါးတောင်ထိပ်ရဲ့ တိုက်ရိုက်တပည့်၊အခြေတည်အဆင့်အထွတ်အထိပ် ပဲ၊မင်းအနေနဲ့ သေသေချာချာမှတ်ထားဖို့လိုတယ်"
ကန်ဖူလူသည် အစွမ်းထက်သောအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်နှင့် ရောင်ခြည်ငါးမျိုးပါသောအလင်းစက်ဝန်းက သူ၏တစ်ကိုယ်လုံးလွှမ်းခြုံသွား၏။
ဖျက်ဆီးဝံပုလွေ မျက်မှောင်ကြုတ်လိုက်သည်။
"စိတ်ဝင်စားစရာပဲ"
သူသည် ထပ်မံစကားမပြောတော့ပေ။
အရှေ့ဘက်ဒေသ၏ ထူးချွန်သူစာရင်းကြီးမှ ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဤကျေးလက်တောသားလေးနှင့် အချိန်ဖြုန်းနေရန် မလိုအပ်ပါ။
ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေသို့ ရောက်သည်နှင့် ဓားတစ်ချက်ဖြင့် သူ့ကို အဆုံးသတ်လိုက်ရုံပင်မဟုတ်ပါလား။
ကန်ဖူလူက ကျိယွမ်ကိုတစ်ချက်ကြည့်လိုက်သည်။
"ညီလေး ၊ မကြောက်နဲ့ ၊ ငါဒီမှာရှိနေရင် ဖျက်ဆီးဝံပုလွေဆိုတဲ့ကောင် မောက်မောက်မာမာ မလုပ်ရဲပါဘူး"
"ကျေးဇူးတင်ပါတယ်၊ အစ်ကိုကြီး"
သူ၏အစ်ကိုကြီးကပင် ထောက်ခံနေသဖြင့် ကျိယွမ်သည် ဖျက်ဆီးဝံပုလွေနှင့်လုဖေးတို့ ကို သွားရည်ကျနေသောအကြည့်ဖြင့် ပို၍ပင် စိုက်ကြည့်နေတော့သည်။
ကန်ဖူလူသည် ဤမြင်ကွင်းကို မြင်သောအခါ အနည်းငယ် အကူအညီမဲ့သလို ခံစားရ၏။
ကျူမျောလွင့်တောင်မှအမျိုးသမီးဓားကျင့်ကြံသူသည် ကျိယွမ်ကိုတစ်ချက်တစ်ချက်ခိုးကြည့်နေပြီး၊ သူမ၏ အမူအရာသည် တုံ့ဆိုင်းမှုနှင့် မနှစ်မြို့မှုရောထွေးနေ၏။
ထို့အခိုက် ထက်ရှသောအသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဧကရာဇ် ကြွချီလာပါပြီ"
လူတိုင်းကြည့်လိုက်သောအခါ တော်ဝင်ဝတ်စုံကိုဆင်မြန်းထားသည် ကျတ်သရေရှိစွာလှပနေသောမိဖုရား၏ အကူအညီဖြင့် သာ့ရှန်းတိုင်းပြည် ဧကရာဇ်သည် ဖြည်းညှင်းစွာ လျှောက်လာနေသည်ကို မြင်ရ၏။
သူသည် လမ်းလျှောက်နေစဉ်မှာပင် ချောင်းဆက်တိုက်ဆိုးနေပြီး၊မျက်နှာကလည်း ဖြူဖျော့ကာ အားနည်းလွန်းနေသဖြင့် အချိန်မရွေး လဲကျသွားနိုင်သည့်ပုံပေါ်နေလေသည်။
ကျိယွမ်သည် မနေနိုင်စွာ ဧကရာဇ်ကို တစ်ချက်ကြည့်လိုက်၏။
[ဤသူသည် သာမန် ဧကရာဇ်တစ်ဦး ဖြစ်ပြီး၊ ပြင်းထန်စွာဒဏ်ရာရကာ ဆိုးဆိုးရွားရွား နာမကျန်း ဖြစ်နေ၏။ ပုံမှန်အခြေအနေများအောက်တွင် တစ်လသာအသက်ရှင်နိုင်မည်။]
အသက်ကြီးသော ဧကရာဇ်သည် အားနည်း၍ သေအံ့ဆဲဆဲ ဖြစ်နေပြီး၊ ဧကရာဇ်တစ်ပါး၏ ခန့်ညားမှု လုံးဝမရှိတော့ပါ။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ မိဖုရားကြီးကို ဂါရဝပြုပါတယ်"
လူတိုင်းသည် ဦးညွှတ်ပြီးအခြေခံ ယဉ်ကျေးမှုကို ထိန်းသိမ်းထား၏။
ဧကရာဇ်သည် လူအုပ်ကို ကြည့်လိုက်၏၊သို့သော် လမ်းလျှောက်လိုက်ရသောကြောင့်အသက်ရှူကျပ်လာကာ မိဖုရားကြီး၏ အကူအညီဖြင့် နဂါးပလ္လင်ပေါ်တွင် ထိုင်လိုက်ရသည်။
အားလုံးအမြင်တွင် ဘေးတွင်ထိုင်နေသော မိဖုရားကြီးသည် ဧကရာဇ်ထက်များစွာ ပို၍ အရှိန်အဝါရှိနေသလိုပင်။
"ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေက နှစ်ရက်အတွင်း ဖွင့်လှစ်မှာဖြစ်ပြီး၊ နဂါးလုပွဲ စတင်မယ်၊ကောင်းကင်နဂါးနယ်မြေမှာ အဆင့်မြင့်ရတနာတွေအများကြီးရှိတယ်"
"နဂါးလုပွဲရဲ့စည်းမျဉ်းက ရိုးရှင်းတယ်၊ တန်ဖိုးအရှိဆုံးရတနာတွေကိုရသူက သာ့ရှန်းရဲ့အနာဂတ်ဧကရာဇ် ဖြစ်လာမယ်"
မိဖုရားကြီးသည် စကားနည်းပုံရ၏ ။လိုတိုရှင်းသာ ပြောလိုက်သည်။
မိဖုရား၏အသံအဆုံးတွင် မင်းသားများ၏ အသက်ရှူသံများ မြန်ဆန်လာ၏။
အချို့သည် လက်သီးဆုပ်ထားကြပြီး၊ အချို့သည် မျက်နှာမကောင်းဖြစ်နေကြကာ၊ အချို့ကမူနဂါးလုပွဲအတွက် မျှော်လင့်ချက် မရှိသဖြင့် ဂရုမစိုက်သလို ဖြစ်နေ၏။
ထုံရှီးယန်ပင်အနည်းငယ် စိတ်လှုပ်ရှားနေ၏။သူသည်လည်း သာ့ရှန်းတိုင်းပြည်၏ ဧကရာဇ် ဖြစ်ချင်နေသည်။
"ဧကရာဇ်ရဲ့ ကျန်းမာရေးက မကောင်းဘူး။ အားလုံး ပြန်ကြတော့"
မိဖုရားကြီးက ပြတ်သားလှ၏။ဧကရာဇ်မှာ အစမှမဆုံးထိ စကားတစ်ခွန်းပင် မပြောခဲ့ရရှာပါ။
လူအုပ်သည် အမျိုးမျိုးသော အတွေးများဖြင့်ထွက်လာခဲ့လေ၏။
ကျိယွမ်ကမူ လုဖေး၏အတွေးများကိုကြားလေမလားဟု မျှော်လင့်ချက်ဖြင့် လုဖေးကို စိုက်ကြည့်နေ၏။
သူ၏အကြည့်ကို သတိပြုမိသောအခါ လုဖေးသည် ညုတုတု ပြုံးလိုက်သည်။
"ဒီည ငါ့ဆီလာကစားပါ မောင်လေး။ ငါ နင့်အတွက် တံခါးဖွင့်ထားပေးမှာပါ"
ထိုသို့ ပြောပြီးနောက် လုဖေးသည် ဆွဲဆောင်မှုအပြည့်ဖြင့် သတ္တမမင်းသားနောက်မှ လိုက်သွားလေသည်။
လူအုပ်သည်လည်း တစ်စစဖြင့် နည်းပါး လာ၏။
ကျူမျောလွင့်တောင်မှ အမျိုးသမီးဓားကျင့်ကြံသူသည် လုဖေး၏နောက်ကျောကို ကြည့်ပြီးနောက် သူမ၏အနည်းငယ်ပြားချပ်နေသောရင်ဘက်ကို တစ်ချက်ငုံ့ကြည့်မိကာ ဒေါသတကြီး တွေးလိုက်သည်။
"ရှက်စရာ ကောင်းလိုက်တာ"
................
ညရောက်လာပြီဖြစ်သည်။
ကောင်းကင်တွင် လတစ်ခြမ်းသာရှိနေပြီး လောကကြီးကို အေးချမ်းသောအလင်းရောင်ပေးနေသည်။
ယာယီနန်းဆောင်များအတွင် အရိပ်တစ်ခုသည် မှောင်သောနေရာများကို အသုံးချကာ လှုပ်ရှားနေ၏။
ထိုသူကတော့ ကျိယွမ်ဖြစ်သည်ကို သံသယရှိစရာမလိုပါ။
သူက ဖုံးကွယ်ခြင်းစွမ်းရည်အသေးစားကို သုံးကာ နန်းတော်အတွင်းရှာဖွေနေ၏။
"ဒါဆို နတ်ဆိုးရမက်ဂိုဏ်းရဲ့အဆောင်ကရှေ့မှာ ရှိရမယ်၊"
ကျိယွမ်သည် အနည်းငယ်တော့တုံ့ဆိုင်းနေ၏။သူ၏ရည်ရွယ်ချက်မှာ လုဖေး၏ အတွေးများကို ကြားဖြတ်နားထောင်ရန် ဖြစ်ပြီး၊ နက်နဲသောအဆင့် နည်းစနစ်အချို့ကို ကြားမိရန် မျှော်လင့်မိသည်။
ထိုအစ်မကြီးက စိတ်ကောင်းရှိသောကြောင့် သူမ၏အခန်းထဲသို့ ဖိတ်ခေါ်ခဲ့သည်။ သို့သော် ကျိယွမ်သည် မိန်းမပျိုတစ်ဦး၏အခန်းထဲသို့ ညအချိန်ကြီးသွားရန် အဆင်မပြေဟု တွေးကာ အပြင်မှပင်ကြားဖြတ်နားထောင်ရန် စိတ်ကူးထားသည်။