နစ်မြုပ်ခေါင်းတလားနယ်မြေသို့ ရောက်သွားခြင်း
Vol. 6 Ch. 87
ကန်းဖူလူသည် မြေပြင်ပေါ်ရှိအခြားအလောင်းနှစ်လောင်းကို ကြည့်ရင်း “သူတို့က ချင်းယန်းဂိုဏ်းကပဲ။ ဒီမနက်ကပဲ သူတို့ ငါတို့ဆီလာလည်ကြသေးတယ်” ဟု လေးနက်သော အသံဖြင့် ပြောလိုက်သည် ။
ထိုအခါမှကျိယွမ်လည်း ထိုမောင်နှမနှစ်ဦးကို မှတ်မိလိုက်သည် ။သူတို့နှစ်ဦးက ဝိညာဉ်ဟင်းရည်အချို့ကိုပင် ယူလာပေးခဲ့သည် ။
ထိုစဥ်က ဟင်းရည်သည်အရသာကောင်းသော်လည်း နည်းနည်းတော့ငန်နေသည်ဟုပင် ကျိယွမ်စိတ်ထဲမှ ကောက်ချက်ချနေခဲ့သေးသည်။
“ဒီနဂါးလုပွဲမှာ ငါတို့ သတိထားရမယ်”
ကန်းဖူလူ၏မျက်နှာက မည်းမှောင်နေသည်။
"ရှန်ကွမ်းဂိုဏ်းရဲ့ မဟာမိတ်တွေကို ထိခိုက်အောင်လုပ်ရဲတာ သေချင်နေတာပဲ”
ထုံရှီးယန်ကတော့ အလောင်းပေါ်မှဒဏ်ရာကိုကြည့်ကာ အတွေးနက်နေဆဲရှိသည်။
“ဒီလူရဲ့ နဂါးနောင်တလက်ဝါးက အပြည့်အဝ ကျွမ်းကျင်ပြီးသားပဲ။ သုံးယောက်စလုံး ချက်ချင်း သေဆုံးသွားခဲ့ကြတယ်။ ဘယ်မင်းသားကများ ဒီလိုအစွမ်းအစကို ဖုံးကွယ်ထားတာလဲ”
သာ့ရှန်းတိုင်းပြည် မင်းသားများ၏အရည်အချင်းမှာ ထူးထူးချွန်ချွန်မရှိကြဘဲ သူလိုငါလိုပျမ်းမျှလောက်သာရှိကြ၏။ထို့ကြောင့်လည်း ယခုလိုအကူအညီများကို မရမကရှာဖွေခဲ့ကြရခြင်းပင်။
မင်းသားတစ်ပါးက အခြေတည်အဆင့်နှစ်ဦးကို လက်ဝါးတစ်ချက်တည်းနှင့်သတ်နိုင်စရာ အကြောင်းမရှိပေ။
“ဘယ်သူသတ်လဲဆိုတာ စဉ်းစားနေစရာ မလိုပါဘူး။ သူတို့က ငါတို့ကိုသတ်ဖို့ရောက်လာမှာပဲကို။ အဲဒီအခါကျမှ သတ်ပစ်လိုက်ရုံပေါ့”
ကျင့်ကြံရေးလောကတွင် ကျိယွမ်က သူ၏ဦးနှောက်ကို သိပ်အသုံးမပြုချင်ပါ။
လက်ကိုအသုံးပြုလို့ရနေတာကို ဘာလို့ ဦးနှောက်ကို သုံးနေမလဲ။ခေါင်းရှုပ်အောင်။
ကန်းဖူလူက ခေါင်းညိတ်လိုက်သည်။
“ကောင်းကင်နဂါးနယ်မြေရဲ့ အတွင်းပိုင်းကို ဆက်သွားကြစို့”
သူတို့သုံးယောက်သည် ပို၍နက်ရှိုင်းသောနေရာဆီသို့ ဦးတည်လိုက်ကြသည်။
...............
ကောင်းကင်နဂါးလျိုဝှက်နယ်မြေထဲတွင် နောက်ထပ်နှစ်ရက် ကုန်လွန်သွားခဲ့ပြီး ကျိယွမ်၊ ကန်းဖူလူနှင့်ထုံရှီးယန်တို့သည် လျှို့ဝှက်နည်မြေ၏နက်ရှိုင်းသော အပိုင်းသို့ရောက်ရှိလာခဲ့ကြသည် ။
အတွင်းပိုင်းတွင်လည်း နောက်ထပ်အလောင်းခြောက်လောင်း ထပ်တွေ့ခဲ့ရပြန်သည်။
သေဆုံးသူများအားလုံးမှာ တူညီသောဒဏ်ရာတစ်ခုတည်းသာရှိကြ၏။
ကန်းဖူလူ၏မျက်နှာသည် ယခင်ကထက်ပင် တင်းမာနေသည်။
“နဂါးနောင်တလက်ဝါးရိုက်ချက်ပဲဖြစ်ပြန်ပြီ။ အခြေတည်အဆင့်ခြောက်ယောက်ကို ချက်ချင်း သတ်နိုင်တာ၊သာ့ရှန်းတော်ဝင်မိသားစုမှာ ဒီလိုမျိုးအစွမ်းထက်တဲ့ မင်းသား တစ်ပါးရှိနေတာလား”
ကန်းဖူလူကိုယ်တိုင်ပင် အခြေတည်အဆင့်ခြောက်ယောက်ကို ချက်ချင်းမသတ်နိုင်ပါ။
ယခုသေဆုံးနေသူများထဲတွင် အခြေတည်အထွတ်အထိပ်အဆင့်နှစ်ဦးပင် ပါဝင်နေ၏။
ယခုလိုတစ်ချက်တည်းနှင့်သတ်ပစ်ရန်ဆိုလျှင် အနည်းဆုံးရွှေအမြုတေအဆင့် ခွန်အားမျိုးလိုအပ်လေသည်။
ကန်းဖူလူက အခြေတည်အထွတ်အထိပ်အဆင့်နှစ်ဦး၏အလောင်းများကို ထိပ်မံစစ်ဆေးလိုက်သည်။
ကျိယွမ်ကတော့ စကားတစ်ခွန်းမှမပြောသေးဘဲ အလောင်းများကိုစူးစိုက်ကြည့်နေ၏။သူက ယခုတစ်ကြိမ်မှာတော့ အမှန်တကယ်လေးနက်နေပုံရသည်။
“ဒီလူသတ်သမားက တော်တော် အစွမ်းထက်တယ်"
အတန်ကြာမှ ကျိယွမ်က မှတ်ချက်ချလိုက်သည်။သို့သော်မည်မျှအစွမ်းထက်သည်ကိုတော့ သူကထပ်မပြောခဲ့ပေ။
လူသတ်သမားက မည်မျှအစွမ်းထက်သနည်း။
ကျိယွမ်၏မျက်လုံးမျာက ထိုအချက်အလက်များကို မြင်နိုင်ခဲ့သည်။
[ဒီလူဟာ သာမန်အခြေတည်အဆင့်တစ်ယောက်ပါ၊ပုံမှန်မဟုတ်သော စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦးက သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည် ။]
သူထပ်မံစစ်ဆေးသော်လည်း အလောင်းအားလုံးတွင် တူညီသောအချက်အလက်များကိုသာရခဲ့ပြီး တရားခံကိုထုတ်ဖော်ရန် မလုံလောက်ခဲ့ပေ။
ခေါင်းမသုံးချင်သောကျိယွမ်ပင် ယခုအကြိမ်၌ ခေါင်းသုံးနေရလေပြီ။
စိတ်ဝိညာဥ်အဆင့်ကြီးက လျှို့ဝှက်နယ်မြေထဲကို ဘယ်လိုလုပ်ပြီးဝင်လာနိုင်တာလဲ။
ဆရာဦးလေးတိုင်ကွမ်းက ဝင်ပေါက်ကိုသေသေချာချာစောင့်နေတာလေ၊အသက်ကျော်တဲ့သူဝင်ဖို့ မဖြစ်နိုင်ဘူး။
ဒါဆို အသက်တစ်ရာမပြည့်သေးတဲ့ စိတ်ဝိညာဥ်အဆင့်လား။
ကျိယွမ်မျက်လုံးပြူးသွားတော့သည်။
ဒီလောက်ပါရမီထူးချွန်နေတာကြီးက လူမှဟုတ်သေးရဲ့လား။
“သာ့ရှန်းတော်ဝင်မိသားစုထဲမှာ စိတ်ဝိညာဥ်အဆင့်ကိုရောက်နေသူရှိလား"
ကျိယွမ်က အလောင်းများကိုကြည့်နေရင်းမှ မဆိုင်သောမေးခွန်းကို မေးလိုက်သောကြောင့် ထုံရှီးယန် အံ့အားသင့်သွားခဲ့သည်။
အဘယ့်ကြောင့်မေးသည်ကို နားမလည်သော်လည်း သူကလေးလေးနက်နက် ပြန်ဖြေပေးလိုက်သည်။
“ကျွန်တော်တို့ တော်ဝင်မိသားစုမှာ စိတ်ဝိညာဥ်အဆင့်ဘိုးဘွားနှစ်ပါးပဲ ရှိခဲ့ဖူးပါတယ်၊ ဒါပေမဲ့ သူတို့ နှစ်ဦးစလုံးလွန်ခဲ့တဲ့ နှစ်အနည်းငယ်က သေဆုံးသွားခဲ့ကြပါပြီ"
ထုံရှီးယန်က ဝမ်းနည်းစွာ ပြောသည်။
တော်ဝင်မိသားစု၏ကျဆင်းမှုသည် စိတ်ဝိညာဥ်အဆင့်ဘိုးဘွားနှစ်ပါး သေဆုံးမှုနှင့် များစွာသက်ဆိုင်နေခဲ့သည်။
လက်ရှိတော်ဝင်မိသားစုကို စောင့်ရှောက်ပေးနေသောစိတ်ဝိညာဥ်အဆင့်များသည် တော်ဝင်မျိုးဆက်များ မဟုတ်ပေ။
“ဒီလိုလား”
ကျိယွမ်က ထပ်မမေးတော့ပါ။
စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦးက တစ်နည်းနည်းဖြင့်ဝင်ရောက်လာပြီး အခြေတည်အဆင့်များအား ကြက်ကလေးငှက်ကလေးများလို လိုက်လံသတ်ဖြတ်နေသည် ။
ကျိယွမ်သည် ပူးပေါင်းကြံစည်မှုတစ်ခုခုတော့ ရှိနေပြီဟု အာရုံခံမိလိုက်သည် ။
ထိုအခိုက်ကန်းဖူလူ၏မျက်ခုံးများ ကြုံ့သွားသည်။သူက တစ်ခုခုကိုအာရုံခံမိသွားပုံလေ၏။
“ရှေ့မှာတိုက်ခိုက်သံတွေ ကြားတယ်။ကျူမျောလွင့်တောင်ဂိုဏ်းက ဖြစ်ပုံရတယ်။ သွားကြည့်ကြစို့”
“အင်း.."
ဓားခုတ်သံများကိုကြားလိုက်ရသဖြင့် ကျိယွမ် အနည်းငယ်စိတ်လှုပ်ရှားသွားသည်။
ငါ့ရဲ့ မျှော်လင့်ခြင်းလမင်းကလည်း ဓားကြီးနဲ့ဆိုတော့ သူတို့ထဲမှာများပါနေမလားမသိဘူး။
ကျိယွမ်ကကျန်သောသူများကိုပင် မစောင့်နိုင်ဘဲ ရှေ့ဆုံးမှလျှင်မြန်စွာပျံသန်းသွားတော့သည်။
တိုက်ပွဲနေရာသို့ မရောက်မီမှာပင် ပြင်းထန်သောဓားစွမ်းအင်များကို ကျိယွမ်အာရုံခံမိသည်။ထိုအပြင် အပိုင်းပိုင်းပြတ်ကာလဲကျနေသော သစ်ပင်များကလည်း နေရာအနှံ့ပြန့်ကျဲနေသည်။
သေချာပေါက်ပြင်းထန်သော တိုက်ပွဲတစ်ခုပင်။
“သတ္တုဓားနည်းစနစ်”
ကန်းဖူလူရဲ့ မျက်လုံးတွင်လေးနက်သော အရိပ်အယောင်များ ပေါ်လာသည် ။
“ကျူမျောလွင့်တောင်ဂိုဏ်းရဲ့ ကြီးမြတ်တဲ့ ဓားနည်းစနစ်ခုနစ်ခုထဲက တစ်ခုပဲ။ တကယ်လည်း အစွမ်းထက်ပါပေတယ်”
သူတို့သုံးယောက်လုံးက တိုက်ပွဲနေရာသို့ လျှင်မြန်စွာရောက်ရှိသွားလေ၏။
ကျူမျောလွင့်တောင်ဂိုဏ်းမှ လီဝမ်နှင့်မြောင်းလီတို့သည် မြွေဟောက်ပုံပါသောတော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားသည် မင်းသားတစ်ပါးနှင့်ပြင်းထန်စွာတိုက်ခိုက်နေသည်။
အစွမ်းထက်သော ဓားကျင့်ကြံသူနှစ်ဦးကို တစ်ယောက်တည်းခံတိုက်နေရသော်လည်း မြွေဟောက်ဝတ်ရုံဝတ်ထားသော တော်ဝင်မင်းသားသည် နောက်ကျကျန်ရစ်နေခြင်း မရှိပေ။
ထိုမင်းသား၏ခွန်းအားက ထိတ်လန့်စရာကောင်းလှသည်။
ထုံရှီးယန်က မြွေဟောက်ဝတ်ရုံကိုမြင်လိုက်သောအခါ အလွတ်ထိတ်လန့်သွား၏။
“ဒုတိယမင်းသား”
ထိုသူသည် သူ၏ဒုတိယအစ်ကိုဖြစ်သော ဒုတိယမင်းသားဖြစ်နေသည်။
ထုံရှီးယန်မှာ အံ့သြလွန်း၍ တိတ်ဆိတ်သွားရသည်။
ဒုတိယမင်းသားက ဘယ်တုန်းကဒီလောက်အစွမ်းထွက်သွားတာလဲ၊ကျူမြောလွင့်တောင်ရဲ့ စစ်မှန်တပည့်နှစ်ယောက်ကိုတောင် တစ်ယောက်တည်းနဲ့ တိုက်ခိုက်နိုင်နေတာ၊ဒါကြီးက....။
ထိုအခိုက်ကျူမျောလွင့်တောင်မှ တပည့်တစ်ဦးက သူတို့ကိုမြင်သွားသည်။
"စီနီယာ ကန်း၊ ကျွန်တော်တို့ကို ကူညီပါဦး။ ဒီလူဟာ ကောင်းကင်နဂါးနယ်မြေမှာ နဂါးနောင်တလက်ဝါးနဲ့ လိုက်သတ်နေတဲ့သူပဲ။ သူ့လက်ချက်နဲ့ အနည်းဆုံးမင်းသားသုံးပါး သေသွားပြီ။ လီဟန်ဂိုဏ်းနဲ့ အခြားအဖွဲ့တွေတပည့်တွေကိုလည်း သူသတ်ပစ်တာ”
"ဘာကွ.."
ကန်းဖူလူ၏ မျက်လုံးများ စူးရဲသွားတော့သည်။
“ငါတို့ကို ပစ်မှတ်ထားရဲတယ်ပေါ့၊ ရှန်ကွမ်း ဂိုဏ်းချုပ်ရဲ့သားမက် ၊ရောင်ခြည်ငါးပါးတောင်ထွတ်ရဲ့ ခေါင်းဆောင်တပည့်ငါက မင်းကိုအစွမ်းနည်းနည်း ပြပေးရဦးမှာပေါ့”
သူမသိသောအစွမ်းထက်သူတစ်ဦးက မင်းသားများကို လိုက်သတ်နေသည်ဟု ထင်ခဲ့သည်။ယခုတော့ တရားခံက ဒုတိယမင်းသားဖြစ်နေ၏။
ထို့အပြင် ဒုတိယမင်းသားက ရှန်ကွမ်းဂိုဏ်းနှင့်ကျူမျောလင့်တောင်တို့၏ အဆက်အနွယ်ဖြစ်သောဂိုဏ်းများကို အထူး ပစ်မှတ်ထားခဲ့သည် ။
"တွေ့ကြပြီပေါ့ကွာ"
ကန်းဖူလူသည် သူ၏ မြင်းမြီးခါးပတ်ကို ဆက်ခနဲယမ်းကာ တိုက်ပွဲထဲသို့ လျင်မြန်စွာ ခုန်ဝင်သွားသည်။
ရောင်ခြည်ငါးပါးနည်းစနစ်။
ထိုနည်းစနစ်က သူအကြိုက်ဆုံးနည်းစနစ်ဖြစ်သည်။
လီဝမ်က သူ့ကို မခေါ်ခဲ့သောကြောင့် ကျိယွမ်သည် တိုက်ပွဲံသို့ မဝင်ခဲ့ပေ။
ကန်းဖူလူတစ်ယောက်ကိုပင် ဒုတိယမင်းသားအနေအထားနှင့် ယှဉ်ပြိုင်နိုင်တော့မည်မဟုတ်ဟု သူခံစားရသည် ။
ငါက ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင်ဆိုတော့ ဒီလောက်လေးနဲ့လှုပ်ရှားလို့မသင့်တော်ဘူး၊ငါ့ရဲ့ပုံစံက်ု ထိန်းသိမ်းထားရမယ်။
ကန်းဖူလူဝင်ရောက်သွားသောအခါ တိုက်ပွဲကပို၍ မြိုင်ဆိုင်သွားသည်။
ရောင်ခြည်ငါးပါးနည်းစနစ်နှင့်သတ္တုဓားနည်းစနစ်တို့ပေါင်းစပ်လိုက်သောအခါ အရှိန်အဝါက ပြင်းထန်စွာထွက်ပေါ်လာ၏။
တိုက်ပွဲအနီးမှ သစ်ပင်များက အပိုင်းပိုင်ပြတ်ရုံသာမက မြင်းမြီးခါးပတ်ကြောင့်လေထဲတွင် ဝံပျံကုန်သည်။ကန်းဖူလူထုတ်လွှတ်နေသော အရောင်ငါးမျိုးပါသောအလင်းတန်းများကလည်း သက်တန့်များအလား နေရာအနှံ့တောက်ပနေ၏။
ထိုမြင်ကွင်းက ကျိယွမ်ကြည့်ဖူးသော ရှန်းရှအနီမေးရှင်းဇာတ်လမ်းတစ်ခုမှ အထူးပြုလုပ်ချက်များနှင့်ပင် တူလှသည်။
ထုံရှီးယန်ကတော့ ပြင်းထန်သောတိုက်ပွဲကို ကြောက်ရွဲ့တုန်လှုပ်စွာကြည့်နေပြီး နဖူးမှ ချွေးများပင် ကျလာသည်။
ကျိယွမ်ကတော့ ဘေးမှ ကြည့်ရင်းကြည့်ရင်းဖြင့် ငြီးငွေ့လာသလို ခံစားနေရ၏
"တီးလုံးလေးတွေပါမှ တိုက်ပွဲတွေက ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတာ။ ဒါကတိုးတိုးတိတ်တိတ်ကြီးချနေတော့ ငြီးငွေ့စရာပဲ”
ကျိယွမ် မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။
ကာတွန်း သို့မဟုတ် ဗီဒီယိုအတိုလေးများကို ကြည့်သောအခါ အကြောင်းအရာကသာမန်လောက်သာဖြစ်နေပေမဲ့ နောက်ခံတီးလုံးကောင်းကောင်းလေးနှင့်ဆိုရင် လေထုက လုံးဝ ပြောင်းလဲသွားပြီး လူများကိုအက်ဒရီနယ်လင်များပင် ထုတ်ပေးနိုင်ပြီး အလွန်သဘောကျကုန်၏။ Toktok အောင်မြင်နေသည်မှာပင် ထိုသဘောတရား၏ သက်သေတစ်ခုမဟုတ်ပါလား။
ထုံရှီးယန်ကတော့ ကျိယွမ်ပြောနေသည်များကို နားမလည်စွာ ရှုပ်ထွေးနေ၏။
သေရေးရှင်ရေးတိုက်ခိုက်နေကြချိန်တွင် မည်သူက ဂီတသံကိုအလေးထားနေမည်နည်း။ထိုအရာက လုံးဝမလိုအပ်ဘူး မဟုတ်လား။
သို့သော်ထုံရှီးယန်က ကျိယွမ်သည် ဥပါဒါန်သွေးမျိုးဆက်ဖြစ်နေသည်ကို ပြန်သတိရသောအခါ ထိုကိစ္စကိုလက်ခံလိုက်သည်။
အကိုကြီးကျိယွမ်က ဥပါဒါန်သွေးမျိုးဆက်ဆိုတာ ငါမေ့သွားတယ်၊သူ့ခေါင်းက သာမန်မဟုတ်ဘူး။
ထိုအခိုက် ကျိယွမ်က သူ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည် ။
“ကံကောင်းတာက ငါ့မှာသီချင်းနည်းနည်း သိမ်းထားတာ ရှိတယ်”
ရှေ့ကတိုက်ပွဲတွင် တေးဂီတမပါသောကြောင့် သူကိုယ်တိုင်ထည့်သွင်းပေးလိုက်ရန်သာရှိတော့သည်။
တီးလုံးမြူးမြူးတစ်ခုကို ဖွင့်လိုက်သောအခါ တိုက်ပွဲကိုကြည့်ရတာပို၍ အသက်ဝင်လာသည်ကို ကျိယွမ် တွေ့လိုက်ရသည် ။
"ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင်အနေနဲ့ ငါ့ရဲ့တိုက်ပွဲတွေမှာ နောက်ခံတီးလုံးလေးတွေ ထည့်သင့်တယ်၊ဒါမှ ငါ့အဆင့်အတန်းနဲ့ကိုက်ညီမှာ"
ကျိယွမ်က အလေးအနက်စဥ်းစားနေမိသည်။နောက်ခံတေးဂီတသည် သူ့အတွက် အနိုင်မခံအရှုံးမပေးနိုင်သော စိတ်ဓာတ်ကို တည်ဆောက်ပေးနိုင်သည် ။
ပြင်ပနတ်ဆိုးသုံးထောင်နဲ့ တိုက်တုန်းကသာ အခုလိုနောက်ခံတီးလုံးပါရင် ဂီတ ငါ့ဒဏ်ရာတွေကနေနာကျင်မှုကို သိပ်ခံစားရမှာ မဟုတ်ဘူး ။
တိုက်ပွဲအတွင်းမှ မြောင်းလီသည် မပြောမဆိုနှင့် သီချင်းထဖွင့်လိုက်သော ကျိယွမ်ကို ဒေါသတကြီး ကြည့်လိုက်သည် ။
အခြားသူများက အသက်လုပြီးတိုက်ခိုက်နေချိန်တွင် သူကသီချင်းဖွင့်နေသည် ။
"သီချင်းကောင်းပဲကွ"
ကန်းဖူလူက ပို၍တက်ကြွလာပြီး သူ့၏ဂျူနီယာညီလေးကို အသိအမှတ်ပြုလိုက်သည် ။
သူ့၏ပုံရိပ်ကလည်း တီးလုံးနှင့်အတူလျင်မြန်စွာလှုပ်ရှားသွားပြီး ရောင်ခြည်ငါးပါးနည်းစနစ်က ဒုတိယမင်းသား၏ ရင်ဘတ်ကို ပြင်းထန်စွာထိမှန်သွားသည် ။
“သေလိုက်”
ကန်းဖူလူ၏ပြင်းထန်သော ချီစွမ်းအင်ကဟဒုတိယမင်းသား၏ရင်ဘတ်ထဲကို ထိုးဖောက်ဝင်ရောက်သွားလေ၏။
ဒုတိယမင်းသား၏ခန္ဓာကိုယ်မှ သွေးများလျှင်မြန်စွာထွက်လာပြီး သူ၏အော်ရာက ချက်ချင်းမှိန်ဖျော့သွားသည်။
သို့သော်လည်း သူက ရူးသွပ်နေသူအလား ရယ်လိုက်၏။
“ငါ့ရဲ့တော်ဝင်မိသားစုကို စော်ကားတယ်၊ မင်းတို့... အားလုံး သေရမယ်"
စကားဆုံးသည်နှင့် သွေးနီရောင်ပန်းတစ်ပွင့်ကိုထုတ်ယူကာ ကြေမွသွားအောင် ချေဖျက်လိုက်သည် ။
သူ၏အော်ရာကလုံးဝပျောက်ကွယ်သွားတော့သည် ။
ကျိယွမ်၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။
“ဘယ်လောက်တောင် အလဟဿ ဖြစ်လိုက်တာလဲ၊ နှမြောစရာ တကယ်နှမြောစရာပဲ"
ယခုလေးတင် သူ၏မျက်လုံးများက ပန်းပွင့်နှင့်ပတ်သက်သော သတိပေးချက်တစ်ခု ပေးခဲ့သည် ။
[ဝိညာဉ်အတွေးပန်း၊ ကြေမွသွားသောအခါ သေဆုံးသူမြင်ခဲ့ရသော မြင်ကွင်းကို ပင်မပန်းကို ကိုင်ဆောင်သူဆီ ပို့ပေးနိုင်သည် ။ မချေဖျက်ဘဲထားလျှင် စကားလုံး အနည်းငယ်ကိုသာပို့ပေးနိုင်သည် ။ ဝိညာဉ်အတွေးပန်းသည် ဝိညာဉ်ခွဲဆေးပြားကို သန့်စင်ရန်အတွက် အဓိကပါဝင်ပစ္စည်းဖြစ်ပြီး၊ နတ်ဘုရားဝိညာဉ်၏ ခွန်အားကို မြှင့်တင်ပေးနိုင်သည် ။]
ချီယွမ်သည် ဒုတိယမင်းသား၏အလောင်းဆီကို လျင်မြန်စွာရောက်သွားရှိသွာပြီး ဝိညာဉ်အတွေးပန်းအပိုင်းအစများအား နှမြောတသသော မျက်လုံးများဖြင့်ကြည့်ကာ ကောက်ယူလိုက်သည် ။
ရင်ဘတ်ပြားသောမြောင်းလီကတော့ ကျိယွမ်ကိုကြည့်ကာ မကျေမနပ်ဖြစ်နေသော အမူအရာကို ပြသခဲ့သည် ။
“ညီလေးကျိယွမ်၊ မင်း တစ်ခုခု တွေ့လိုက်တာလား”
ကန်းဖူလူက မေးလိုက်သလို လီဝမ်ကလည်း ကျိယွမ်မည်သည့်အရာကို တွေ့ခဲ့သည်ဆိုတာကို သိချင်နေပုံပင်။
“ဒီပစ္စည်းကို ဝိညာဉ်အတွေးပန်းလို့ ခေါ်တယ်။ ကြေမွသွားတဲ့အခါ သေဆုံးသူ မြင်ခဲ့ရတဲ့ မြင်ကွင်းကို ပင်မပန်းကို ကိုင်ဆောင်သူဆီကို ပို့ပေးနိုင်တယ် ။ ဒါကြောင့် ဒုတိယမင်းသားမှာ မဟာမိတ်တွေရှိဖို့ သေချာသလောက်ပဲ”
ကျိယွမ်က ဝိညာဥ်အတွေးပန်းက ဆေးဖက်ဝင်ကြောင်းကိုတော့ ထည့်မပြောခဲ့ပါ။
ကန်းဖူလူ၏ မျက်နှာကသိသာစွာ လေးနက်သွားသည် ။
“ဒီကိစ္စက မရိုးရှင်းဘူးထင်တယ်”
မြောင်းလီကမနေနိုင်ဘဲ ပြောလိုက်သည် ။
“မဟာမိတ်တွေရှိရင်တောင် သူတို့ရဲ့ ခွန်အားက ဒုတိယမင်းသားထက်တော့ မပိုနိုင်တော့ပါဘူး၊ ငါတို့အားလုံးရှိနေပြီပဲ ၊ ဒါက ပြဿနာသေးလေးပါ”
လီဝမ်လည်းထိုစကားကို သဘောတူသလို ခေါင်းညိတ်၏ ။
အကြီးအကဲထိုင်ကွမ်းကိုယ်တိုင် ဝင်ပေါက်ကို ကြီးကြပ်နေသောကြောင့် ခိုးဝင်လာသူရှိခဲ့လျှင်ပင် အရေအတွက်သိပ်မများနိုင်ပါ ။
ဒီအခိုက်ကျိယွမ်က မထင်မှတ်သောစကားကို ပြောလိုက်၏ ။
"စီနီယာအစ်ကိုကြီး ၊ ကျွန်တော် ခင်ဗျားတို့နဲ့ ခဏလောက် လမ်းခွဲရမယ်ထင်ပါတယ်”
ကျိယွမ်မှာ သူ၏စိတ်ဝိညာဥ်ကို အားကောင်းလာစေရန် အသည်းအသန်ကြိုးစားနေရသည်။ဝိညာဥ်က အားနည်းနေသောကြောင့် ဂိမ်းထဲကိုပင်မဝင်နိုင်ဖြစ်နေသောကြောင့် ဝိညာဥ်ကိုသန်မာစေသော နည်းလမ်းမှန်သမျှ သူကအလွတ်မပေးနိုင်ပါ။
ဝိညာဉ်အတွေးပန်းကို စားသုံးခြင်းက သူ၏ဝိညာဉ်ကို မြှင့်တင်ပေးနိုင်သည် ။
ထိုအပြင် ဝိညာဉ်ခွဲဆေးပြား သန့်စင်ဖို့အတွက်လည်း အသုံးပြုနိုင်သည် ။
ထိုအရာမျိုးကို သူကမည်သို့လက်လွတ်ခံနိုင်မည်နည်း။
သူကဝိညာဥ်ကိုအမြန်ဆုံးမြှင့်တင်ပြီး သူ့အားယောက်ျား ၊ ယောက်ျားနှင့်ခေါ်နေသော NPC ကို ဆုံးမပစ်ချင်နေသည်။
ကန်းဖူလူ ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ လက်ခံလိုက်သည် ။
"အဲဒါဆို သတိထားပါ”
သူကကျိယွမ်ကို အကြောင်းပြချက်မမေးခဲ့ပါ။
ရှန်ကွမ်းဂိုဏ်း၌ ကျိစယ်ရောင်တောင်ထွတ်သည် အခြားတောင်ထွတ်များနှင့်မတူပါ။
အခြားသောတောင်ထွတ်များမှ အကြီးဆုံးတပည့်များက ကန်းဖူလူကိုလေးစားရသော်လည်း ကျိယွမ်ကတော့မလိုပေ။
ယခုလိုဆိုပြန်တော့လည်း ရင်ဘက်အားနည်းသောမြောင်းလီက ကျိယွမ်ကို စိုးရိမ်သလိုသတိပေးရှာသည်။
“တစ်ယောက်တည်းသွားတာက အန္တရာယ် ရှိနိုင်တယ်နော်”
ဒုတိယမင်းသားတွင် မဟာမိတ်များ ရှိနိုင်၏။ထိုအရာက ကန်းဖူလူကဲ့သို့သော သာ့ရှန်း၏ ထိပ်သီးဆယ်ဦးထဲတွင်ပါဝင်သူမျိုးအတွက် ပြဿနာမဟုတ်သော်လည်း အခြေတည်အဆင့်ကို မကြာသေးမီကမှ ရောက်ရှိခဲ့သော ကျိယွမ်လိုလူမျိုးအတွက်တော့ အန္တရာယ်ရှိနိုင်သည် ။
အထူးသဖြင့် ဖျက်ဆီးဝံပုလွေနှင့်တွေ့ခဲ့လျှင် ပို၍ပင်ဆိုးနိုင်လေ၏။
“စိတ်မပူကြပါနဲ့၊ ကျွန်တော့်မှာ ကျွန်တော့်ရဲ့ အစီအစဉ်တွေ ရှိပါတယ်”
ထိုသို့ပြောပြီးနောက် ကျိယွမ်ကအားလုံးကိုနှုတ်ဆက်ပြီး လျှို့ဝှက်နယ်မြေ၏၏ အတွင်းပိုင်းထဲသို့ တစ်ယောက်တည်း လျှောက်ဝင်လာခဲ့သည်။
အနည်းငယ် လမ်းလျှောက်ပြီးနောက် ကျိယွမ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ရှေ့သို့ဆက်တိုက်ပျံသန်းသွားသည်။
ပျံသန်းရင်းမှ တစ်ကိုတည်းရေရွတ်လ်ုက်သည်။
“ရေခဲတောင်အရှင်သခင်မက ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင်တွေဟာ ကံကောင်းခြင်းကြီးတွေ ရှိတယ်တဲ့၊ သူတို့ရဲ့စကားတွေက အဖြစ်မှန်ကို ပုံဖော်နိုင်တယ်၊ ပြီးတော့ ဘာတဲ့... စကားတစ်ခွန်းတည်းနဲ့ နတ်ဘုရားတွေကိုတောင် ပြုတ်ကျအောင် လုပ်နိုင်တယ်ဆိုလား ။ ငါကျတော့ ဘယ်လိုဖြစ်ရတာလဲ၊ငါ့ရဲ့ကောင်းကင်ဘုံတာအိုအုတ်မြစ်က ဘာလို့ ဒီလောက် အားနည်းနေရတာလဲ”
“ငါ အိပ်မက်ထဲမှာ အုတ်မြစ်တည်ဆောက်ခဲ့တုန်းက အဲဒီလူကိုမနိုင်ဘဲ မတရားတဲ့ စာချုပ်ကိုလက်မှတ်ထိုးခဲ့မိတာကြောင့် ငါ့ရဲ့ အုတ်မြစ်က အားနည်းသွားတာများ ဖြစ်နိုင်လား”
ကျိယွမ်သည် ပျံသန်းရင်းမှအတွေးပွားနေရင်း ဒေါသထွက်လာ၏။
ထိုစဥ်က သူသည်ထိုလူကြီး၏သစ်သားအိမ်ထဲကို မတော်တဆဝင်သွားခဲ့မိရုံသာဖြစ်သည်။
ဒါကိုဘာလို့ မပြောမဆိုနဲ့ ငါ့ကိုတိုက်ခိုက်ရတာလဲ ။
ထို့ကြောင့် ကျိယွမ်လည်းဒေါသထွက်သွားပြီး အနိုင်မရနိုင်ပေမယ့်လည်း ထိုလူကို ဒဏ်ရာရအောင် ရိုက်နှက်ပစ်ခဲ့သည် ။
နောက်ဆုံးမှာတော့ သူတို့သည်သဘောတူညီမှုတစ်ခုရခဲ့ကြပြီး ကျိယွမ်က သစ်သားအိမ်ထဲမှာ ခဏတာနေခဲ့ရသည် ။
သို့သော် ယခုအချိန်မှာတော့ ထိုသဘောတူစာချုပ်က သူ့၏အုတ်မြစ်တည်ဆောက်ခြင်းကို အားနည်းစေခဲ့ခြင်းဖြစ်နိုင်သည်ဟု သံသယဝင်လာသည် ။
“ဒါဆိုရင် ကောင်းကင်ဘုံတာအိုအုတ်မြစ်ကို အပြည့်အဝအသုံးချနိုင်ဖို့အတွက် ငါက သစ်သားအိမ်ထဲက လူကြီးကို လုံးဝအနိုင်ရအောင်ချရမှာလား”
ကျိယွမ် မကျေမနပ်ဖြစ်သွားသည်။
"အဲဒီတုန်းကသာ ငါက်ုတစ်ယောက်ယောက်ကပြောပြခဲ့ရင် အဲဒီလူကြီးနဲ့ သူသေကိုယ်သေ ချတာပေါ့ကွာ၊ အခုတော့ သွားပြီပေါ့..."
ထိုအခိုက် သူ့ရှေ့တွင် မြစ်တစ်စင်း ပေါ်လာသောကြောင့် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ရသည်။
မြစ်ရေသည် ငြိမ်သက်နေပြီး စီးဆင်းခြင်းမရှိပေ။မသိလျှင် ကန်ရေပြင်တစ်ခုအလားပင် ထင်ရ၏။
ထို့အတူ မြစ်ထဲတွင်လည်း သက်ရှိသတ္တဝါဟူ၍တစ်ကောင်တစ်လေပင် ရှိမနေပါ။
[ဒါက ဝိညာဉ်ပျောက်ဆုံးမြစ် ဖြစ်သည်။မြစ်ကို ဖြတ်ကျော်သောသာမန်ကျင့်ကြံသူများရဲ့ ဝိညာဉ်များသည် မြစ်ထဲကိုကျဆင်းသွားပြီး ဝိညာဥ်ကိုထာဝရဆုံးရှုံသွားလိမ့်မည် ။]
ကျိယွမ်က မြစ်ကိုတစ်ချကြည့်ပြီးနောက် လျှို့ဝှက်နယ်မြေ၏ အနေအထားကို ထပ်မံလေ့လာလိုက်သည်။
“ဒီမြစ်က ကောင်းကင်နဂါးနယ်မြေကို နှစ်ပိုင်း ခွဲထားတာလား”
ဝိညာဉ်ပျောက်ဆုံးမြစ်၏ ဟိုမှာဘက်ခြမ်းတွင် ဝိညာဉ်စွမ်းအင်က များစွာပိုပြီးထူထပ်နေသည်ကို သူသတိထားမိ၏။
ချီယွမ်က သူ၏စိတ်ဝိညာဥ်ကို မြစ်တစ်ဖက်ခြမ်းသို့ ဖြန့်ကျတ်လိုက်သည် ။
ဝိညာဉ်ပျောက်ဆုံးမြစ်က သူ၏ဝိညာဥ်အပေါ် သက်ရောက်မှု မရှိပါ။
ကျိယွမ်က ကျေနပ်စွာပြုံးလိုက်သည်။
"ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင်ငါက သာမန်တော့မဟုတ်ဘူးပဲ၊ဒီမြစ်အနေအထားလောက်နဲ့ ငါ့ဝိညာဥ်ကိုဆွဲချလို့မရဘူး"
ကျိယွမ်က စကားဆုံးသည်နှင့် မြစ်၏ပျံသန်းဖြတ်ကျော်သွားတော့သည်။
.................
ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေ၏ အတွင်းပိုင်း၌ ခရမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးက ရုတ်တရက်သူ၏မျက်လုံးများကိုဖွင့်လိုက်သည်။
သူ၏ခန္ဓကိုယ်မှပြင်းထန်သောသေခြင်းအငွေ့အသက်များက ကြောက်မက်ဖွယ်ထွက်ပေါ်နေ၏။
“တစ်ယောက်ယောက်က ဝိညာဉ်ပျောက်ဆုံးမြစ်ကို ဖြတ်ကျော်လာတာလား”
သူ၏စူးရှသောမျက်လုံးများ၌ အံ့အားသင့်သောအရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။
ဝိညာဉ်ပျောက်ဆုံးမြစ်သည် ပထမအကြိမ်ပေါ်လာသော ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေမှာလည်း ရှိခဲ့သည် ။
သာ့ရှန်းမင်းဆက်သည် ထိုအရာကို နှစ်တစ်ရာခန့် လျှို့ဝှက် လေ့လာခဲ့ပြီးနောက်လျှို့ဝှက်ဆန်းကြယ်သောကျင့်ကြံသူတစ်ဦး၏ အကူအညီကြောင့် မြစ်၏ အားနည်းချက်တစ်ခုကို တွေ့ရှိခဲ့သည်။
ထိုအားနည်းချက်ကိုအသုံးချကာ လျှို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးအပိုင်းဖြစ်သော နစ်မြုပ်ခေါင်းတလားနယ်မြေကို ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခုအချိန်မှာတော့ အခြားတစ်ယောက်ကမြစ်ကိုဖြတ်ကျော်ကာ ခေါင်းတလားနယ်မြေထဲသို့ ဝင်ရောက်လာလေပြီ။
သူကမည်သို့ဝင်လာခဲ့လေသနည်း။
“လျန်ရယ်”
ခရမ်းရောင်ဝတ်ရုံအဘိုးအိုက နောက်လိုက်တစ်ယောက်ကို ခေါ်လိုက်သည် ။
အပျော့စားသံချပ်ကာဝတ်ဆင်ထားသော လူတစ်ယောက်က အဘိုးအိုထံသို့ ချက်ချင်းရောက်လာ၏။
အံသြစရာကောင်းသည်မှာ ထိုသူက အမြုတေအဆင့်ရှိနေခြင်းပင်။
အကြီးအကဲ ထိုင်ကွမ်းက ဝင်ပေါက်ကို ကြီးကြပ်နေတာကြောင့် အမြုတေအဆင့်များက လျု့ဝှက်နယ်မြေထဲသို့ ဝင်မလာနိုင်သင့်ပေ။
ကန်းဖူးလူသာ ထိုအရာကို မြင်ပါက အမြုတေအဆင့်က သူ၏ဆရာကိုမည်သို့လှည့်စားပြီး ဝင်လာခဲ့လေသလဲဟု အံ့အားသင့်သွားမှာသေချာ၏။
“အရှေ့မြောက်ဘက်မှာ ကျင့်ကြံသူတစ်ဦး ဝင်လာတယ်။ သူ့ကို မြန်မြန် သွားရှင်းပြီး ပြန်လာခဲ့”
အဘိုးအိုက အမိန့်ပေးလိုက်သည် ။
သူသည် ကောင်းကင်နဂါးနယ်မြေကို အပြည့်အဝ ထိန်းချုပ်ရန် ကြံစည်နေခြင်းဖြစ်သည်။
မည်သူကိုမှ အနှောက်အယှက်ပေးခွင့်ပြုမည်မဟုတ်ပေ။ အနှောက်အယှက်ပေးသူရှိလာပါက ပြစ်ဒဏ်မှာသေခြင်းပင်ဖြစ်သည်။
“ဟုတ်ကဲ့”
လျန်ရယ်က လေးစားစွာ ပြန်ဖြေသည် ။
အခြေတည်အဆင့်တစ်ယောက်ကို သူ့လိုအမြုတေဆင့်က အလွယ်တကူရှင်းနိုင်သောကြောင့် ယခုတာဝန်က အသေအဖွဲ့လေးသာဖြစ်သည်။
လျန်ရယ်က ကျူးကျော်လာသူကို ဖယ်ရှားရန် အရှေ့မြောက်ဘက်ကို အမြန်ဆုံးဦးတည်သွားသည် ။
ခရမ်းရောင်ဝတ်ရုံအဘိုးအိုကတော့ ထိုင်မြဲတိုင်း ထိုင်နေခဲ့သည်။သို့သော် သူ၏အိုမင်းသောမျက်နှာသည် မကောင်းဆိုးဝါးဆန်စွာ ပုံစံပျက်ယွင်းနေသဖြင့် မြင်ရသူများအတွက် ထိန်လန့်ဖွယ်ကောင်းလှ၏။
သူက မကောင်းဆိုးဝါးဆန်သော အသံကြီးဖြင့် ကြိမ်းဝါးလိုက်သည်။
“ကြာခင်မှာပဲ ကောင်းကင်နဂါးနယ်မြေဟာ သာ့ရှန်တော်ဝင်မိသားစုအပိုင် ဖြစ်လာတော့မယ်။ ဒုတိယမင်းသား စိတ်ချချနေပါ။ ငါ မင်းအတွက် လက်စားချေပေးမယ်”
“ဒီကိစ္စပြီးတာနဲ့ ကန်းဖူလူ၊ လီဝမ်၊ မြောင်းလီ နဲ့ ကျိယွမ်တို့ရဲ့ခေါင်းတွေကို မင်းအတွက်ဂုဏ်ပြုတဲ့အနေနဲ့ ငါကိုယ်တိုင်ဖြတ်ပေးမယ်”
သူကထိုမျှလောက်နှင့် အားမရပုံပေါ်သည်။
"ရှန်ကွမ်းဂိုဏ်းနဲ့ကျူမျောလွင့်တောင်တွေပါ သေရမယ်"
"ငါတို့သာ့ရှန်းတော်ဝင်မင်းဆက်တွေကသာ သာ့ရှန်းတိုင်းပြည်ရဲ့စစ်မှန်တဲ့အုပ်ချုပ်သူတွေပဲ"
သူ့၏ သေခြင်းအငွေ့အသက်များပြည့်နှက်နေသောမျက်လုံးများသည် ရူးသွပ်မှုနှင့်အတူ သွေးဆာနေသည့်အလားရှိလေ၏။
နစ်မြုပ်ခေါင်းတလားကို ပြည့်စုံစွာသန့်စင်ပြီးသည်နှင့် ခေါင်းတလားကပေါ်ထွက်လာတော့မည်ဖြစ်သည်။ထိုအချိန်ဆိုလျှင် သူကအရင်လို ရှောင်ပြေးနေစရာမလိုတော့ပေ။
အဘိုးက သူသာခေါင်းတလားကိုသာရရှိခဲ့လျှင် ထိုအရာကယူဆောင်လာမည့် ကံကောင်းခြင်းများကိုတွေးကာ အားရပါးရအော်ရယ်လိုက်လေတော့သည်။
"ဟားဟား ဟားဟားဟား ၊မင်းတို့အားလုံး သေရမယ်"
..............
“ကျိယွမ်လား”
ပျော့ပျောင်းသောသံချပ်ကာကို ဝတ်ဆင်ထားသူသည် ကျူးကျော်ဝင်ရောက်သူကို မြင်လိုက်သောအခါ အံ့အားသင့်သွားသည်။
“မင်းက ငါ့ကို သိတာလား”
ကျိယွမ်က သူရှေ့မှ လူစိမ်းကို ကြည့်လိုက်သည်။
သူ၏မျက်လုံးများအရ ထိုလူစိမ်းထံတွင်အသုံးဝင်သော အချက်အလက်များ မတွေ့ခဲ့ရပေ ။
“ငါကဂိုဏ်းကြီးသုံးခုက လူငယ်ပါရမီရှင်အားလုံးကို မှတ်မိတယ်လေ”
လျန်ရယ်၏မျက်လုံးများက သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာ၏ ။
“ဒီနေ့ မင်းရဲ့သွေးတွေက သာ့ရှန်းရဲ့ခမ်းနားတဲ့အောင်ပွဲကို ဂုဏ်ပြုပေးလိမ့်မယ်"
လျန်ရယ်က ကျိယွမ်ဆီသို့ အေးအေးလူလူလမ်းလျှောက်လာခဲ့သည်။
ယခုရောက်လာသူက ကန်းဖူလူလိုလူမျိုး ဖြစ်ခဲ့မည်ဆိုလျှင်တော့ သူပေါ့ဆ၍မရပါ။
သို့သော် ရောက်လာသူက အခြေတည်အဆင့်ကို မကြာသေးမီကမှ တတ်လာနိုင်ခဲ့သော ကျိယွမ်ဖြစ်နေ၏။ထိုအဆင့်လေးက သူ့အတွက် ခြိမ်းခြောက်မှုမရှိချေ။
“ကျိယွမ်၊ ငါ့နာမည်ကို မှတ်ထားပါ၊ လျန်ရယ်တဲ့ ၊ အနာဂတ်မှာ ဒီနာမည်ဟာ သာ့ရှန်ရဲ့ကျင့်ကြံရေးလောကမှာ ဒဏ္ဍာရီ ဖြစ်လာလိမ့်မယ်”
လျန်ရယ်၏မျက်နှာက စိတ်လှုပ်ရှားမှုနှင့်အတူ ခမ်းနားသောအနာဂတ်အတွက် မျှော်လင့်ချက်များပြည့်နှက်နေသည်။
ကျိယွမ်ကတော့ လျန်ရယ်ဆိုသူအားကြည့်ကာ လေးနက်သွား၏။
"လူဆိုးတွေက ငါ့ကိုအမြဲတမ်းသတ်ချင်နေကြတာပဲ၊ဒါပေမဲ့ ငါကအသက်သာအသေခံမယ် ဂုဏ်သိက္ခာတော့ အဆုံးရှုံးမခံနိုင်ဘူးကွ"
သူက လျှင်မြန်စွာဖြင့် မီးဖိုချောင်းသုံးဓားကို ထုတ်ယူလိုက်ပြီး လျန်ရွယ်အား အလနိ့တကြားချိန်ရွယ်လိုက်သည်။
“ဒီဓါးကို ငါ့ဆရာက ပေးထားတာပဲ၊စိတ်ဝိညာဥ်အဆင့် ရတနာဓား။ ငါရဲ့ခွန်အားနဲ့ ဒါကိုတစ်ကြိမ်လောက်ပဲ အသုံးပြုနိုင်တယ်၊ ဒါပေမဲ့ မင်းကိုသတ်ဖို့တော့ လုံလောက်တယ်"
စကားဆုံးသည်နှင့် ကျိယွမ်သည် မီးဖိုချောင်းသုံးဓားအားမြှောက်လျှက် လျန်ရယ်ဆီသို့ မိုက်မိုက်ကန်းကန်းပြေးဝင်သွားသည်။
တစ်ချိန်တည်းမှာပင် သူ၏အော်ရာကကြောက်မက်ဖွယ်ကောင်းအောင် မြင့်တတ်သွားလေ၏။
ကျိယွမ်ထံမှ ကြောက်မက်ဖွယ်အော်ရာကို ခံစားလိုက်ရသအခါ လျန်ရယ်၏တည်ငြိမိနေသောမျက်နှာ ပြောင်းလဲသွားသည် ။
“သူက ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်နေတာလဲ”
ရတနာဓား၏စွမ်းအားကြောင့် ကျိယွမ်သည် သာ့ရှန်း၏ထိပ်သီးပါရမီရှင်ဆယ်ဦးထက်ပိုပြီး အစွမ်းထက်လာခြင်းဖြစ်သည်ကို သူသဘောပေါက်သွားသည် ။
သို့သော် သူကအမြုတေအဆင့်ဖြစ်သည်။လျန်ရယ်က ကျိယွမ်ကို ဖိနှိပ်နိုင်သည်ဟု ယုံကြည်နေသည်။
“မင်းကိုသတ်လိုက်ရင် ဒီရတနာက ငါ့အပိုင် ဖြစ်လာလိမ့်မယ်”
လျန်ရယ်၏မျက်လုံးများတွင် လောဘရိပ်များတက်လာ၏။
သူကမာန်တစ်ချက်သွင်းကာ ကျိယွမ်အားပြန်လည်တိုက်ခိုက်လိုက်သည်။
"လာခဲ့စမ်း"
ကျိယွမ်မှာ ရုတ်တရက် မျက်နှာပျက်သွား၏။သူ၏မျက်လုံးများတွင် စိတ်ပျက်အားငယ်မှုများ ပေါ်လာသည် ။
“မင်း....မင်းကဘာလို့ ဒီလောက် အစွမ်းထက်နေရတာလဲ”
“မတတ်နိုင်တော့ဘူး ငါ့ရဲ့တားမြစ်နည်းစနစ်ကို သုံးရတော့မယ်၊ ငါ့ချီသွေးကြောတွေဒဏ်ရာရသွားနိုင်ပေမဲ့ အခြားရွေးချယ်စရာမရှိတော့ဘူး....."
သွားများကိုတင်းနေအောင်ကြိတ်လိုက်ပြီး ကျိယွမ်က နည်းစနစ်တစ်ခုကို ပုံဖော်လိုက်သည်။
သူ၏လှုပ်ရှားမှုများက ရုတ်တရက်မြန်ဆန်လာပြီး ဓားအလင်းရောင်တစ်ခုက ရိပ်ခနဲလင်းလက်သွား၏။
အမြုတေများကိုပင် တို့ဟူးလိုလှီးဖြတ်နိုင်သော ဓားချက်။
“မဖြစ်နိုင်ဘူး”
လျန်ရယ်က ထိတ်လန့်တုန်လှုပ်စွာအော်လိုက်သော်လည်း ခုခံရန်ပင်အခွင့်အရေးမရခဲ့ပါ။
ဓားတစ်ချက်တည်းနှင့် လျန်ရယ်၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်ထွက်သွားသည် ။
အနိုင်ရသွားသော ကျိယွမ်၏ မျက်နှာပြင်ကသွေးမရှိတော့သလို ဖြူဖတ်ဖြူရော် ဖြစ်သွား၏။
“ဖူး...အွတ်..အွတ်.."
သူက သွေးများအန်လိုက်သည်။ သူ၏မျက်နှာကစက္ကူတစ်ချပ်လိုဖြူနေပြီး ယိမ်းယိုင်စွာ လမ်းလျှောက်နေသည် ။
“ငါ့ဆရာရဲ့ ရတနာဓားကို အသုံးပြုတာက သူ့ကိုသတ်နိုင်ဖို့အတွက် ငါ့ချီစွမ်းအားတွေကို အများကြီးကုန်သွားစေတယ်။”
“ဒီနေရာမှာ ငါ့ချီစွမ်းအင်ကို မြန်မြန်ပြန်ကျင့်ရမယ်၊၊ မဟုတ်ရင် အခြားရန်သူတစ်ယောက်ထပ်လာရင် ဒီရတနာကို ငါ အသုံးပြုနိုင်တော့မှာ မဟုတ်ဘူး”
စကားဆုံးသည်နှင့် ကျိယွမ်က လျန်ရယ်၏ သိုလှောင်အိတ်ကိုယူလိုက်ပြီး ဝိညာဉ်အတွေးပန်းကိုရှာဖွေကာ သိမ်းလိုက်၏။
ဝိညာဥ်အတွေးပန်းကို သိမ်းပြီးသောအခါကျိယွမ်၏ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဟန်ဆောင်စကားလုံးများက ပျောက်ကွယ်သွားသည် ။
“ငါ့ရဲ့ခုနက သရုပ်ဆောင်မှုဟာ ဝှိုက်မာဂနိုလီးယားဆုကို ရသင့်တယ်”
“ငါဟာ တကယ့်ကို ပါရမီရှင်ပဲ"
(White Magnolia Award = တရုတ်နိူင်ငံ ရှန်ဟိုင်းမြို့တွင်နှစ်စဥ်ကျင်းပသော ရုပ်သံဆုပေးပွဲတွင်ချီးမြှင့်လေ့ရှိသော အထူးချွန်ဆုံးသရုပ်ဆောင်ဆု)
ကျိယွမ်သည် လျန်ရယ်ကို မျက်စိတစ်မှိတ်အတွင်းသတ်နိုင်ပါသည်။
သို့သော် သူမလုပ်ခဲ့ပေ ။
လျန်ရယ်မှာ ဝိညာဉ်အတွေးပန်းရှိလိမ့်မည်ဟု သူယုံကြည်သည်။ထိုအရာက သူတို့အကြောင်းကို စကားအနည်းငယ်ကို ပို့ပေးလိမ့်မည် ။
ထို့ကြောင့် ချီယွမ်က ရုန်းကန်နေရသလို ဟန်ဆောင်ခဲ့ပြီး ဆရာဖြစ်သူ၏ရတနာကြောင့်အနိုင်ရခဲ့သော်လည်း ဒဏ်ရာပြင်းထန်သလို ဟန်ဆောင်ခဲ့ခြင်းပင်။
ယခုအချိန်တွင် သူကချီစွမ်းအင်များပြန်လည်စုဆောင်းနေရသောကြောင့် လျန်ရယ်ရဲ့နောက်ကွယ်က ကြံစည်သူဟာ နောက်ထပ်လူသတ်သမားများကို သေချာပေါက် ထပ်လွှတ်ရန် စိတ်အားထက်သန်လာလိမ့်မည် ။
ကလေးတွေကိုအနိုင်ယူပြီး လူကြီးတွေကို ခေါ်ထုတ်ရမည်၊ နောက်ဆုံးမှာတော့ ခေါင်းဆောင်ကြီးကို အနိုင်ယူရ၏။
ထိုနည်းလမ်းဖြင့် သူက ဝိညာဉ်အတွေးပန်းများကို ပိုပြီးရနိုင်လိမ့်မည်။
အစကတည်းက သူကခွန်အား အရမ်းပြခဲ့လျင် ခေါင်းဆောင်ကြီးတစ်ဦးတည်း ထွက်လာလျင် သူနစ်နာသွားနိူင်၏။
သူ၏အစီအစဉ်ကိုကျေနပ်ပြီး ကျိယွမ်က မိမိဉာဏ်ရည်ကိုမိမိ အလွန်ဂုဏ်ယူနေသည် ။
သို့သော်သူက တစ်စုံတစ်ခုကိုတွေးမိသောအခါ မပျော်မရွှင်ဖြစ်သွား၏။
“ငါ တစ်ခုခု မှားသွားတာပဲ”
သူ၏ သိုလှောင်အိတ်ထဲမှ ကျေက်စိမ်းပြားတစ်ခုကိုထုတ်ယူကြည့်ရင်းမှ သူကနောင်တအကြီးအကျယ် ရနေသည်။
“ငါ နောက်ခံတေးဂီတ ဖွင့်ဖို့ မေ့သွားတာပဲ ။ ဂီတမပါရင် ငါ့ရဲ့သရုပ်ဆောင်မှုက ဝှိုက်မာဂနိုလီးယားဆုကို ရမှာ မဟုတ်တော့ဘူး"
နောက်တစ်ကြိမ်တွင် တိုက်ပွဲမစခင်၌ စိတ်လှုပ်ရှားစရာ တိုက်ခိုက်ရေးဂီတအချို့ကိုဖွင့်ပြီး တိုက်ပွဲပြီးဆုံးသောအခါ စိတ်ခံစားမှုဆိုင်ရာတေးဂီတမျိုးကို ဖွင့်ရမည်ဟု သူဆုံးဖြတ်လ်ုက်သည်။
"ခုနကလို သွေးအန်တဲ့အခါမျိုးမှာ တစ်ပွင့်တည်းသော ပန်းသီးပွင့်သီချင်းလို အလွမ်းသီချင်းမျိုးသာဖွင့်လိုက်ရင် သက်ရောက်မှုက ပြီးပြည့်စုံသွားမှာ"
သို့သော်ကျိယွမ်က စိတ်ပျက်သလိုခေါင်းယမ်းလိုက်သည်။
"ဒီလောကမှာ အဲဒီသီချင်းမှ မရှိတာ "