← Chapters

အနက်ရောင်အရိပ်

Vol. 17 Ch. 254

အနက်ရောင်အရိပ်

Vol. 17 Ch. 254

ထိုအတောအတွင်း တင်းကျန်းရီသည် စကားတစ်ခွန်းမှ မပြောပေ။ အဲဒီအစား သူမသည် ထိန်းချုပ် terminal ဆီသို့ တည့်တည့် လျှောက်သွားပြီး မြန်မြန်ဆန်ဆန် စာရိုက်နေသည်။

“အကြီးစားအဖွဲ့အစည်းတွေက တင်းကျပ်တဲ့ အရေးပေါ် လုပ်ထုံးလုပ်နည်းတွေကို လိုက်နာတယ်။ မီးလောင်မှု၊ ဇီဝခြိမ်းခြောက်မှု၊ လေကြောင်းတိုက်ခိုက်မှု စတာတွေအတွက် ရွှေ့ပြောင်းရေး အစီအမံတွေဟာ အတွင်းပိုင်းဆက်သွယ်ရေး၊ အီးမေးလ်၊ ဧရိယာ ထုတ်လွှင့်မှုတွေ၊ မီးတွေနဲ့ ဝန်ထမ်းသယ်ယူပို့ဆောင်ရေးတွေမှာ ပြည့်ဝတဲ့အဆင့်သတိပေးချက်တွေ ပေးရမယ်။

ဒါကြောင့် သူတို့ရဲ့ စနစ်အဓိကကို ဖယ်ရှားသွားပေမယ့် အခြေခံအဆောက်အအုံမှာ ဒီမှတ်တမ်းတွေ ရှိနေဆဲပဲ”

သူမ စကားပြောပြီးသည်နှင့် သူမ၏ လက်ချောင်းများသည် ကီးဘုတ်ပေါ်တွင် နောက်ဆုံးတစ်ကြိမ် လှုပ်ရှားသွားသည်။

ဘီပ်။ မျက်နှာပြင်ပေါ်တွင် အနီရောင် စနစ်မှတ်တမ်းတစ်ခု ပေါ်လာသည်။

သူမ ခန့်မှန်းထားသည့်အတိုင်းပင်—မှတ်တမ်းတွင် ရွှေ့ပြောင်းရေး အမိန့်တစ်ခု ရှိသည်။

လင်းရှန်၏ အမူအရာ ထက်ရှသွားသည်။

【အရေးပေါ် ရွှေ့ပြောင်းမှု (အဆင့် ၅)】

【၁၆:၁၅】

“၁၆:၁၅ လား”

လင်းရှန်၏ မျက်သူငယ်အိမ်များ ကျုံ့သွားသည်။

“ဘာဖြစ်လို့လဲ...လင်း”

ရှုချင်းက မေးသည်။

လင်းရှန်၏ အသံသည် ရေခဲကဲ့သို့ အေးစက်နေသည်။ “အဲဒါ ကီကီနဲ့ ငါ ဒီသုတေသန စက်ရုံကနေ ခုမှ ထွက်လာခဲ့တဲ့ အချိန်ပဲ”

တင်းကျန်းရီသည် ဝေဝါးသောအကြည့်ဖြင့် ကြည့်သည်။ “ရှင်တို့ ဒီမှာ ရှိနေတုန်း တစ်ခုခု ဖြစ်ခဲ့တာလား”

လင်းရှန်၏ အမူအရာ မှောင်မိုက်သွားသည်။

“ငါ နောက်မှ ရှင်းပြမယ်။ သွားကြစို့”

သူ လှည့်ထွက်သွားစဉ်တွင်—

ခရစ််— ဆာဗာခန်းမှ သတ္တုသံ တိုးတိုးလေးတစ်ခု ပဲ့တင်ထပ်လာသည်။

လင်းရှန်နှင့် ရှုချင်းတို့သည် ချက်ချင်း သူတို့၏ လက်နက်များကို မြှောက်လိုက်ပြီး ရှေ့ရှိ မှောင်မိုက်နေသော လမ်းကြားကို စိုက်ကြည့်နေကြသည်...

ရှုချင်းသည် ချက်ချင်း ရှေ့သို့ တက်သွားသည်။

“လင်း၊ ငါ စစ်ဆေးကြည့်မယ်”

လင်းရှန်သည် သူမကို တားရန် လက်မြှောက်လိုက်ပြီးနောက် အမြန် လက်အမူအရာ ပြလိုက်သည်။ တင်းကျန်းရီနောက်မှာ နေခိုင်းလိုက်သည်။ သူနှင့် ရှုချင်းတို့သည် အလိုလို ကာကွယ်ရေး ပုံစံသို့ ပြောင်းသွားပြီး တင်းကျန်းရီကို သူတို့ နှစ်ဦးကြားတွင် ထားလိုက်သည်။

သူသည် သူ၏ အနက်ရောင်လှံရှည်ကို ဆွဲထုတ်လိုက်ပြီးနောက် လက်ဟန်ပြလိုက်သည်—စက္ကန့်ပိုင်းအတွင်း အော်တိုမက်တစ် ရိုင်ဖယ်သေနတ်တစ်ခုသည် ချက်ချင်းပေါ်လာပြီး သူ၏ လက်ထဲသို့ ရောက်ရှိလာသည်။

သတိထား၍ ရွေ့လျားရင်း သူသည် ကျဉ်းမြောင်းသော ဆာဗာစင်္ကြံထဲသို့ ခြေချလိုက်ပြီး သူ၏ အကြည့်သည် အသံ၏ ရင်းမြစ်ကို အာရုံစိုက်ထားသည်၊၊

ခရစ်…

နောက်ထပ် တိုးလျသောအသံ—ဒီတစ်ကြိမ် ပိုရှင်းသည်။ လင်းရှန်၏ မျက်လုံးများ ကျဉ်းသွားပြီး သူ၏ အသက်ရှူခြင်းကို နှေးကွေးစေကာ ခပ်မှိန်မှိန်အလင်းရောင်ရှိသော ပါဝါဖြန့်ဖြူးရေးအခန်းဆီသို့ ချဉ်းကပ်သွားသည်။

သူ တံခါးဝသို့ ရောက်သည့်အခါ သတိထား၍ တွန်းဖွင့်လိုက်သည်။

ပထမတွင် အမှောင်သာ ရှိ‌နေသည်။ သို့သော် ထို့နောက်.....အရိပ်တစ်ခု။

ဆာဗာခန်း၏ ထောင့်တွင် ထူးဆန်းသော၊ အနက်ရောင် အရိပ် ပုံသဏ္ဌာန်တစ်ခု ရပ်နေသည်။

၎င်း၏ ဦးခေါင်းအပေါ်၌ ဦးချိုကဲ့သို့ အဖုနှစ်ခုဖြင့် ရှိနေသည်၊၊ ၎င်း၏ ကိုယ်ခန္ဓာကို အနက်ရောင်ဆူးချွန်များဖြင့် ဖုံးအုပ်ထားပြီး ကြောက်စရာကောင်းသော၊ လူမဆန်သည့် ပုံပန်းသဏ္ဌာန်ကို ဖော်ပြနေသည်၊၊

လင်းရှန်၏ မျက်သူငယ်အိမ်များ ကျုံ့သွားသည်။

လုံးဝ မတွန့်ဆုတ်တော့ပေ။

ဒိုင်း ဒိုင်း ဒိုင်း

သူ ချက်ချင် ထို ပုံသဏ္ဌာန်ဆီသို့ တည့်တည့် ပစ်ခတ်လိုက်သည်၊၊

ကျည်များသည် ထိမှန်သွားသည်—သို့သော် အသားနှင့် သွေးအစား ခြောက်သွေ့သော၊ ကြွပ်ဆတ်သည့် အပိုင်းအစများသည် ထိုသတ္တဝါ၏ ခန္ဓာကိုယ်မှ ကျိုးထွက်သွားပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသော သစ်သားများကဲ့သို့ ပျံ့ကျဲသွားသည်။

ထို့နောက်—၎င်းသည် ရွေ့လျားသွားသည်။

ပုံမှန်မဟုတ်သော လူမဆန်သည့် လှုပ်ရှားမှုဖြင့် ထိုအရိပ်သည် ဘေးဘက်သို့ ခုန်ထွက်သွားပြီး ၎င်း၏ ရှည်လျားသော၊ လက်သည်းပါ လက်ချောင်းများသည် စင်္ကြံဆီသို့ ပြေးသွားစဉ် ကြမ်းပြင်ကို ကုတ်ခြစ်သွားသည်။

လင်းရှန်၏ အမူအရာ တုန်ယင်သွားသည်။

နောက်ဆုတ်သွားတဲ့ တစ္ဆေတစ်ကောင်လား...ထူးဆန်းသည်။

သူ ယခင်က ကြုံတွေ့ခဲ့ဖူးသော သတ္တဝါများသည် မည်သည့်အခါမျှ မပြေးခဲ့ပေ။ ၎င်းတို့သည် အမြဲတမ်း မတွန့်ဆုတ်ပဲ တိုက်ခိုက်ခဲ့ကြသည်။

သို့သော် ဤကောင်က—ထွက်ပြေးရန် ကြိုးစားနေသည်။

ထိုအတွေးသည် စက္ကန့်ပိုင်းသာ ကြာခဲ့သည်။

သူ၏ အလိုလိုသိစိတ်က အော်ဟစ်နေသည်– မလွတ်စေနဲ့။

သူ၏ ခြေထောက်များသည် စွမ်းအားမြှင့်ဝတ်စုံမှ စွမ်းအား၏ အားဖြည့်မှုဖြင့် လျင်မြန်စွာ ပြေးလိုက်သွားသည်၊၊

ဤကဲ့သို့သော သတ္တဝါသည် နောက်ဆုတ်သွားပါက ၎င်းသည် သူ့ထက် အားနည်းသည်ဟု အဓိပ္ပာယ်ရသည်။ ပြီးတော့ အကယ်၍ သူသည် ၎င်းကို အခု သတ်နိုင်ပါက သူ သတ်ရမည်။

အဘယ်ကြောင့်ဆိုသော် အမှောင်အမှတ်အသား ရှိသည်ကို သူ သိသည်။ သူ သို့မဟုတ် သူ၏ အဖွဲ့ကို ဤအရာက အမှတ်အသားပြုစေရန် သူ ခွင့်မပြုနိုင်ပေ။

ဝုန်း

လင်းရှန်သည် နံရံကို ကန်၍ သူ့ကိုယ်သူ ရှေ့သို့ တွန်းပို့လိုက်သည်။

ထိုသတ္တဝါသည် ထောင့်တစ်နေရာကို ကွေ့သွားသည်—အရှေ့မှ ပိတ်ဆို့နေသောနေရသို့...

သို့သော်—

၎င်းသည် ပြေးနေခြင်း မရှိတော့ပေ။

၎င်းသည် အပေါ်ကိုတက်နေသည်။

၎င်း၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် အနက်ရောင် ဆူးချွန်များသည် ကျုံ့ဝင်နေပြီး ၎င်း၏ ပုံသဏ္ဌာန်သည် အတွင်းသို့ ကျုံ့ဝင်နေသည်—၎င်းသည် သူ့ကိုယ်သူ သေးငယ်သော လေဝင်လေထွက် ပိုက်လိုင်းထဲသို့ ညှစ်သွင်းနေသကဲ့သို့ပင်။

လင်းရှန်၏ မျက်လုံးများ တောက်ပလာသည်။

မဖြစ်နိုင်ဘူး။

လင်းရှန် သူ၏ အနက်ရောင်လှံရှည်ကို အင်အားအပြည့်ဖြင့် ပစ်လိုက်ပြီး ၎င်း၏ ပျံသန်းမှု ထိန်းချုပ်စနစ်များကို အသက်သွင်းလိုက်သည်—

ဝှီး

လှံရှည် ၎င်း၏ အတွင်း၌ တည်ဆောက်ထားသော တွန်းကန်အားအင်ဂျင်ဖြင့် အရှိန်မြှင့်ကာ လေထဲတွင် အရှိန်မြင့်လာပြီး ထိုသတ္တဝါ၏ ဘေးဘက်သို့ တည့်တည့် ထိုးမိသွားသည်။

ခရက်...

အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသော အပိုင်းအစများနှင့် အမည်းရောင်အရာများသည် ဒဏ်ရာမှ ပေါက်ကွဲထွက်လာသည်။

ထိုသတ္တဝါသည် ဖားတစ်ကောင်ကို လျှပ်စစ်ရှော့တိုက်သောအသံမျိုးဖြင့် တရှူးရှူးအော်လိုက်သည်—သို့သော် နောက်တစ်စက္ကန့်တွင် ၎င်း၏ လက်သည်းရှည်လက်ချောင်းများသည် ပိုက်လိုင်း၏ အစွန်းများကို ဖမ်းဆုပ်လိုက်ပြီး အရည်ပျော်ကျသကဲ့သို့ ပိုမိုကျုံ့ဝင်ကာ အတွင်းထဲသို့ ပျောက်ကွယ်သွားသည်။

စခရီးးး

၎င်း၏ လက်သည်းများက သတ္တုကို ခြစ်မိသည့် အသံသည် အဝေး၌ ပျောက်ကွယ်သွားသည်၊၊

လင်းရှန်သည် အမြန်ပြေးသွားပြီး သူ၏ အနက်ရောင်လှံရှည်ကို ပြန်ယူကာ ပိုက်လိုင်း ဖွင့်ထားသည့် နေရာကို ကြည့်လိုက်သည်။

၎င်းသည် သေးငယ်သည်။ လက်ဝါးတစ်ခုစာလောက်ပင် မကြီးပေ။

ထိုအရာသည် သူ့ကိုယ်သူ ကျုံ့ဝင်သွားပြီး ပုလင်းထဲသို့ ညှစ်ဝင်သွားသည့် ရေဘဝဲကဲ့သို့ အတွင်းသို့ တွားသွားခဲ့သည်။

ဖာ့ခ်..

“လင်း”

ရှုချင်း၏ အသံသည် အနောက်မှ ရောက်ရှိလာသည်။ သူမသည် ဝင်ပေါက်တွင် နေရာယူထားဆဲဖြစ်ပြီး တင်းကျန်းရီကို ကာကွယ်ပေးနေသည်။

လင်းရှန်သည် အသက်ကို ပြင်းပြင်း ရှူထုတ်လိုက်သည်။

“လွတ်သွားပြီ”

သူသည် သူ၏ လှံကို လက်ထဲတွင် လှန်လိုက်ပြီး ထိပ်ဖျားကို စစ်ဆေးလိုက်သည်။ အနက်ရောင်အကြွင်းအကျန် တစ်မျိုးသည် သတ္တုပေါ်တွင် ကပ်နေသည်။

စိုနေတာလား..

သူ မျက်မှောင်ကြုတ်လိုက်သည်။ ထိုအရာသည် အနည်းငယ် စိုစွတ်နေသည်—

ရေထဲကနေ လာတာလား...

သူ၏ အကြည့် မှောင်မိုက်သွားသည်။

“သတိထား။ အဲဒီအရာက ရေထဲက လာတာ ဖြစ်နိုင်တယ်”

သူ ပြန်လှည့်လာစဉ် တင်းကျန်းရီ၏ မျက်နှာကို သတိထားမိလိုက်သည်။

သူမ၏ မျက်နှာသည် နီမြန်းနေပြီး ရင်ဘတ်သည် လျင်မြန်စွာ တက်လိုက်ကျလိုက် ဖြစ်နေကာ သူမ၏ မျက်လုံးများက ထူးခြားသောအရောင်ဖြင့် တောက်ပနေသည်။

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။

“မင်း ဘာဖြစ်နေတာလဲ”

တင်းကျန်းရီသည် သူ့ကို အနည်းငယ်သာစောင်းကြည့်လိုက်သည်။

“ဘာမှ မဖြစ်ပါဘူး။ ကျွန်မကို စိတ်မပူပါနဲ့။ ဒီနေရာက... အရမ်း အန္တရာယ်များတယ်”

လင်းရှန်သည် သူ့နဖူးကို သူလက်ဖြင့်ရိုက်မိမတတ် ဖြစ်သွားသည့် ခံစားချက်ကို ထိန်းချုပ်လိုက်ရသည်။

သူမက “အန္တရာယ်များတယ်” ဟု ပြောနေသော်လည်း သူမက ဘာလို့ ပျော်ရွှင်နေပုံ ပေါက်နေရတာလဲ။

ရှုချင်းလည်း တကယ်ကို ရှုပ်ထွေးနေပုံရသည်။

လင်းရှန် သက်ပြင်းချလိုက်သည်။

“ထားတော့။ သွားကြစို့။ ရေရှိတဲ့ နေရာတိုင်းကို ရှောင်ရမယ်။ ငါတို့ ၈ လွှာကို တက်မယ်”

“အင်း”

သူတို့ သုံးဦးသည် သတင်းအချက်အလက်မှတ်တမ်းတင်ခန်းမှ ထွက်ခွာကာ အပြင်သို့ ဦးတည်သည့် လမ်းတစ်လျှောက် လျှောက်သွားကြသည်။

သို့သော် သူတို့ အပြင်သို့ ခြေချလိုက်သည့်အခါ အံ့အားသင့်စွာဖြင့် ရပ်တန့်သွားကြသည်။

သူတို့သည် ကြီးမားသော စက်မှုဝပ်ရှော့ခန်းမတစ်ခု—မျက်နှာကျက်မြင့်သော စက်ရုံတစ်ရုံတွင် ရပ်နေကြသည်။

သူတို့ရှေ့တွင် ရေလွှမ်းနေသော ကုန်ထုတ်ခန်းမသည် အခန်းတစ်လျှောက် ဆန့်ထွက်နေပြီး ၎င်း၏ နက်ရှိုင်းသော နေရာများ လုံးဝရေမြုပ်နေသည်။

အဝေးတွင် လှေကားတစ်ခုသည် နောက်တစ်ဆင့်သို့ တက်ရန် ရှိနေသည်၊၊

သို့သော် ရှုချင်းသည် လှေကားကို ကြည့်မနေပေ။

သူမ၏ မျက်လုံးများ အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားသည်၊၊

“လင်း—ကြည့်လိုက်”

လင်းရှန်သည် သူမ ညွှန်ပြနေသည့်နေရာသို့ လှည့်လိုက်သည်—

သူ၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။

မှောင်မိုက်သော၊ ရေလွှမ်းနေသော ဝပ်ရှော့အောက်တွင် ကြီးမားသောတိုက်ခိုက်ရေးစက်ရုပ်တစ်ရုပ်၏ အပေါ်ပိုင်းသည် ရေအထက်တွင် ထွက်ပေါ်နေသည်။

၎င်း၏ စစ်စိမ်းရောင် သံချပ်ကာကိုယ်ထည်သည် တစ်ဝက် ရေမြုပ်နေပြီး ၎င်း၏ ဗဟိုဓာတ်ပေါင်းဖိုသည် မှိန်နေကာ ၎င်း၏ ဧရာမ တိုက်ပွဲလက်မောင်းများသည် ရေမျက်နှာပြင်ပေါ်တွင် ပျော့ခွေ ကျနေသည်။

လင်းရှန်သည် ၎င်းကို ချက်ချင်း မှတ်မိလိုက်သည်။

“T8-Z Vulcan စစ်တပ်အဆင့်မြို့သိမ်းထိုးဖောက် မီကာစက်ရုပ်လား”

All Chapters