← Chapters

တကယ့်ကို သတ္တဝါကြီးတစ်ကောင်ပဲ...

Vol. 1 Ch. 8

တကယ့်ကို သတ္တဝါကြီးတစ်ကောင်ပဲ...

Vol. 1 Ch. 8

"မူလအမြစ်အရိုးပြုစုပျိုးထောင်ခြင်းကျင့်စဉ်က တကယ်ကို အစွမ်းထက်တာပဲ၊ အနာဂတ်မှာ သင့်တော်တဲ့အခွင့်အရေးတစ်ခုရှာပြီး ဆရာ့ကို ပေးအပ်ရမယ်။"

နင်ချီသည် ၎င်းကို လျှို့ဝှက်ထားရန် ရည်ရွယ်ချက်မရှိခဲ့ပါ။

တာအိုဆရာ လုံရှန်းသည် နင်ချီ့အတွက် တောင်တစ်လုံးသဖွယ် ကျေးဇူးတရားကြီးမားလှသည်။ သူသာ စွမ်းနိုင်ခဲ့လျှင် သူ့ကို သေချာပေါက် ကျေးဇူးဆပ်မည် ဖြစ်သည်။ အစစ်အမှန်သိုင်းဂိုဏ်းသာ ဤမူလအမြစ် အရိုးပြုစုပျိုးထောင်ခြင်း ကျင့်စဉ်ကို ရရှိခဲ့လျှင် ၎င်း၏အခြေခံအုတ်မြစ်မှာ အနာဂတ်တွင် သံသယဖြစ်ဖွယ် မရှိ ပိုမို နက်ရှိုင်းလာမည် ဖြစ်သည်။ သင့်တော်သော တပည့် တစ်ဦးကိုသာ ရှာဖွေတွေ့ရှိပါက အနာဂတ် ပါရမီရှင်များ အဆက်မပြတ်ပေါ်ထွက်လာမည်ဖြစ်ပြီး စည်ပင် ဝပြောခြင်းမှာ အချိန်ကာလ တစ်ခုသာ ဖြစ်သည်။

တာအိုဆရာ လုံရှန်းအတွက်မူ အစစ်အမှန်သိုင်းဂိုဏ်းကို ပြန်လည်ရှင်သန်စေခြင်းသည် ဆရာ၏ အကြီးမားဆုံးသော ဆန္ဒပင်။

"ဒါပေမဲ့ မူလအမြစ် အရိုးပြုစုပျိုးထောင်ခြင်းကျင့်စဉ်ကို ကျင့်ကြံတာက ရိုးရှင်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ဘူး။ လုံလောက်အောင် သန်မာတဲ့ မွေးရာပါ မူလဇာစ်မြစ် လိုအပ်ရုံတင် မကဘဲ လုံလောက်တဲ့ ဉာဏ်အလင်းလည်း လိုအပ်တယ်။"

"အချိန်တန်တဲ့အခါ ငါ မူလအမြစ် အရိုးပြုစုပျိုးထောင်ခြင်းကျင့်စဉ်ကို ပြန်လည်ပြင်ဆင်ဖို့ အချိန်နည်းနည်းဖယ်ထားရမယ်၊ သူ့ရဲ့နားလည်ရခက်ခဲမှုကို လျှော့ချနိုင်အောင် ကြိုးစားရမယ်။"

တခြားနည်းလမ်းမရှိတော့ပါ။

နင်ချီဖန်တီးခဲ့သော ဓမ္မနည်းလမ်းများအားလုံးမှာ သူ့အတွက် သီးသန့်ဖန်တီးထားခြင်းဖြစ်၏။ သူနားလည်နိုင်သည်က အခြားသူများလည်း နားလည်နိုင်သည်ဟု မဆိုလိုပေ။

လူတိုင်းက နင်ချီကဲ့သို့ မွေးရာပါတတ်သိနားလည်သူများ မဟုတ်ကြချေ။

နှစ်အနည်းငယ်အရွယ် ကလေးတစ်ဦးက ထိုသို့သော လျှို့ဝှက်နည်းစနစ်များကို သင်ယူလိုခြင်းမှာ အလွန်ခက်ခဲလှသည်။

မွေးရာပါ သန္ဓေသားအသက်ရှူခြင်းကျင့်စဉ်အတွက်မူ ပြောစရာပင်မလိုတော့ဘဲ ၎င်းမှာ

လုံးဝနီးပါး မဖြစ်နိုင်ချေ။

နင်ချီ၏ စိတ်ထဲတွင် အတွေးအမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။ သူက ပျင်းကြောဆန့်လိုက်ရာ သူ၏နုနယ်သော ခန္ဓာကိုယ်မှ သူ၏ ကြွက်သားများနှင့် အရိုးများ တကျွီကျွီမြည်သံကဲ့သို့သော အသံတစ်ခု အံ့ဩဖွယ်ရာ ထွက်ပေါ်လာခဲ့သည်။

သူက အဝေးတစ်နေရာကို ကြည့်လိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။

မီးခိုးရောင်ဝတ်ရုံ ဝတ်ထားသော တောင့်တင်းသည့် ပုံရိပ်တစ်ခုက ဆေးဖက်ဝင်အပင်တစ်စည်းကို သယ်ဆောင်ကာ ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။

စီနီယာအစ်ကိုနှစ်။

အစ်ကို ရှုံးရှီ။

သူ၏ အမည်အတိုင်းပင် သူသည် ဝက်ဝံ

တစ်ကောင်ကဲ့သို့ တောင့်တင်းလှသည်။ တစ်ခါတစ်ရံ နင်ချီသည် သူ၏ စီနီယာ အစ်ကိုနှစ်မှာ တာအိုဆရာ တစ်ဦးနှင့် မတူဘဲ အသားသတ်သမား တစ်ဦးနှင့် ပိုတူသည်ဟု တွေးမိသည်။

[熊 (Xiong) ဆိုတဲ့ တရုတ်စာလုံးရဲ့ အဓိပ္ပာယ်က ဝက်ဝံ ဖြစ်ပါတယ်။

ဒါကြောင့် ရှုံးရှီ (Xiong Shi) ဆိုတဲ့နာမည်မှာပါတဲ့ "ရှုံး" (Xiong) က ဝက်ဝံကို ရည်ညွှန်းတာပါ။]

"ကိုးလေး၊ စီနီယာအစ်ကိုကြီးက ဒီနေ့ အလုပ်များနေလို့ အစ်ကိုနှစ်က မင်းဆီကို ဒါတွေ လာပို့ပေးတာ။"

ခပ်ဩဩ အသံတစ်ခု ထွက်ပေါ်လာပြီး ရှုံးရှီက သူ၏ ခေါင်းကို ကုတ်လိုက်ကာ အနည်းငယ် အံ့ဩသွားဟန် တူသည်။

"ကိုးလေး၊ ငါ လာနေတာကို မင်း ဘယ်လိုသိတာလဲ။"

နင်ချီက ရယ်မောကာ ဆိုလိုက်သည်။

"စီနီယာအစ်ကိုနှစ်၊ ခင်ဗျားရဲ့ လှုပ်ရှားမှုတွေက အရမ်း ကျယ်တာကိုး၊ ကျွန်တော်သာ အတွင်းထဲမှာ ရှိနေရင်တောင် ကြားနိုင်မှာပဲ။"

ရှုံးရှီက ဆေးဖက်ဝင်အပင်များကို ဘေးတွင်ချထားလိုက်ပြီး

"ငါ့ကို လာမလှည့်စားနဲ့၊ မင်းရဲ့ စီနီယာအစ်ကိုနှစ်က အားကောင်းပုံ ရပေမယ့် ကျင့်ကြံတဲ့ ဝိညာဉ်လိပ် ခြေလှမ်းသိုင်းက အပေါ့ပါးဆုံးပဲ ကွ။ အတွင်းစွမ်းအင်နယ်မြေက တစ်ယောက်တောင် ငါ့ခြေသံကို ကြားနိုင်မှာမဟုတ်ဘူး။"

သူသည် နင်ချီ၏ အကွက်ကို မြင်သည့်အလား ခပ်ညစ်ညစ် အပြုံးတစ်ခု ပြုံးလိုက်သည်။

သို့သော် နင်ချီ လိမ်ညာနေခြင်းမဟုတ်ပါ။

သူ၏ ကျင့်ကြံခြင်းအရိုး ဖွဲ့စည်းလိုက်သည့်အခိုက်အတန့်တွင် သူသည် လောကကြီးနှင့် ဆက်သွယ်မိခဲ့ပြီး ရှုံးရှီ၏ တည်ရှိမှုကို ထောက်လှမ်းမိခဲ့သည်။ သို့သော်လည်း ထို

ဆက်သွယ်မှုမှာ ယခုအခါ အားနည်းလာခဲ့ပြီး အထူးအခိုက်အတန့်တစ်ခုတွင် အစပျိုးခံရရန် သူ၏အတွင်း၌ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည့်အလားပင်။

"ကျွန်တော် စီနီယာအစ်ကိုနှစ်ကို မလိမ်ပါဘူး။ ဒီမနက် ကျွန်တော်နိုးလာကတည်းက ကျွန်တော့်ကိုယ်ထဲမှာ အရမ်းကို သက်သောင့်သက်သာရှိတယ်လို့ ခံစားနေရတာ။ အခုလေးတင်ပဲ ကျွန်တော် ခင်ဗျားရဲ့ ခြေသံတွေကို တကယ်ကြားလိုက်ရတာ။"

နင်ချီ 'ထိတ်လန့်' သွားသည်။

ရှုံးရှီက တိတ်တဆိတ် ရယ်မောလိုက်ပြီး သူ၏

ဂျူနီယာညီငယ်လေးကို ချော့မော့ရန် အသင့်ပြင်လိုက်သည်။

သို့သော် မကြာမီမှာပင် တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အလား မယုံကြည်နိုင်သော အကြည့်တစ်ခု သူ၏မျက်လုံးများထဲတွင် ဖြတ်သန်းသွားလေသည်။

ရှုံးရှီက သူ၏ လက်ကို နင်ချီ၏ ပခုံးပေါ်သို့ ဆန့်တန်းတင်လိုက်သည်။

နောက်တစ်ခဏတွင် လျှပ်စစ်ဖြင့် တို့ထိခံလိုက်ရသည့်အလား သူသည် သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မျက်နှာထက်တွင် တစ္ဆေ တစ်ကောင်ကို မြင်လိုက်ရသည့်အလား အမူအရာ တစ်ခု ပေါ်လာသည်။

အသက်ပြင်းပြင်းနှစ်ချက် ရှူသွင်းပြီးနောက် သူသည် နင်ချီ၏ ပခုံးကို စမ်းသပ်ရန် တစ်ဖန်ပြန်လည် လက်ဆန့်တန်းလိုက်ရာ သူ၏ မျက်နှာမှာ ပို၍ပင် တုန်လှုပ်သွားပြီးနောက် မြင်သာသော ဝမ်းမြောက်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ကိုးလေး၊ မင်းရဲ့ ကျင့်ကြံခြင်းအရိုး ဖွဲ့စည်းပြီးသွားပြီလား။"

နင်ချီက စိတ်အတွင်းမှ ရယ်မောလိုက်ပြီး သူ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားဟန် ပြလိုက်၏။

"စီနီယာအစ်ကို၊ ခင်ဗျား ပြောတာက ကျွန်တော်သိုင်းပညာ စတင် လေ့ကျင့်လို့ ရပြီလား။"

မည်သို့ပင် ဖြစ်စေ သူသည် သုံးနှစ်သား အရွယ်မျှသာ ရှိသေးပြီး သူ၏ ကျင့်ကြံခြင်းအရိုး ဖွဲ့စည်းခြင်းကို ထုတ်ဖော်ရန် သင့်တော်သော အခွင့်အရေးတစ်ခု လိုအပ်သည်။ စီနီယာအစ်ကိုနှစ်က အခွင့်အရေးကို ဤမျှ လျင်မြန်စွာ ပို့ဆောင်ပေးလိမ့်မည်ဟု နင်ချီ မျှော်လင့်မထားခဲ့ပေ။

ထိုအခါ ရှုံးရှီသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး ထပ်ကာ ထပ်ကာ ခေါင်းညိတ်လိုက်သော်လည်း သုတ်သီးသုတ်ပျာ ထပ်လောင်းပြောလိုက်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါတို့ ဆရာ့ကို သွားပြရမယ်၊ မဟုတ်ရင် ငါ မှားသွားပြီး အလကားစိတ်လှုပ်ရှားနေရဦးမယ်။"

ရှုံးရှီက အသက်ပြင်းပြင်း ရှူသွင်းကာ သူ့စိတ်အတွင်းမှ တုန်လှုပ်မှုနှင့် ဝမ်းမြောက်မှုကို ဖိနှိပ်လိုက်သည်။

သူ၏ ရှေ့တွင် ဖြစ်ပျက်သွားသော အရာမှာ သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။

နင်ချီက သုံးနှစ်ပဲ ရှိသေးတာ။

အစစ်အမှန် သိုင်းအင်ပါယာကို တိုင်တည်ပါမည်။ သူ အသက် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ပြီး ကျင့်ကြံခြင်းအရိုး ဤမျှ စောစီးစွာ ဖွဲ့စည်းသူတစ်ဦးတစ်ယောက် အကြောင်းကိုမျှ မကြားဖူးခဲ့ပေ။ ၎င်းမှာ လုံးဝကို မယုံနိုင်လောက်စရာပင်။

သိထားသင့်သည်မှာ ပြိုင်ဘက်ကင်း ပါရမီရှင်ဟု လူသိများသော ဂျူနီယာ ညီလေး ရှစ်မှာပင် သူ၏ ကျင့်ကြံခြင်းအရိုးကို အသက် ခုနစ်နှစ်တွင်မှ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အသက် သုံးနှစ်တွင် ကျင့်ကြံခြင်းအရိုး ဖွဲ့စည်းခြင်းမှာ တကယ့်ကို သတ္တဝါကြီး တစ်ကောင်ပင်တည်း။

ရှုံးရှီ ဆက်လက် စကားမပြောနိုင်တော့ပါ။

သူက နင်ချီကို ပွေ့ချီကာ သူ၏ ပခုံးပေါ် တင်လိုက်ပြီးနောက် ဝိညာဉ်လိပ် ခြေလှမ်းသိုင်းဖြင့်

တောက်ပ အလင်း သိုင်းခန်းမဆောင်ဆီသို့ ထွက်ခွာသွားတော့သည်။

လမ်းတစ်လျှောက်တွင် သူတို့သည် မရေမတွက်နိုင်သော စူးစမ်းလိုသည့် အကြည့်များကို ဆွဲဆောင်ခဲ့သည်။

အပြင်စည်းတပည့်များနှင့် အတွင်းစည်းတပည့်များ၏ နှုတ်ဆက်သံများ အားလုံးကို ရှုံးရှီက လျစ်လျူရှုလိုက်သည်။

တောက်ပ အလင်း သိုင်းခန်းမဆောင်အတွင်း၌။

တာအိုဆရာ လုံရှန်းနှင့် စီနီယာအစ်ကိုတစ်

လော့ဝမ်ထျန်းတို့ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။

"ဝမ်ထျန်း၊ ရက်အနည်းငယ်အတွင်းမှာ ငါအချိန်အတိုင်းအတာ တစ်ခုအထိ တံခါးပိတ်ကျင့်ကြံဖို့ လိုအပ်နိုင်တယ်။ အဲ့ဒီအချိန်အတောအတွင်း ဂိုဏ်းအတွင်းက ကိစ္စတွေက မင်းရဲ့တာဝန်ပဲ၊"

ဟု တာအိုဆရာ လုံရှန်းက ညွှန်ကြားလိုက်သည်။

လော့ဝမ်ထျန်းက ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးများမှာ ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေသည်။

"ဆရာ၊ ဆရာက ကောင်းကင်ဘုံသား လူသားနယ်ပယ်ကို တက်လှမ်းတော့မှာလား။"

သူသည် တာအိုဆရာ လုံရှန်းကို မျှော်လင့်တကြီးဖြင့် ကြည့်လိုက်သည်။

ကောင်းကင်ဘုံသားလူသားနယ်ပယ်သည် လောကကြီးတစ်ခုလုံးကို ကြည့်လျှင် ပြိုင်ဘက်ကင်းသော ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

တာအိုဆရာ လုံရှန်းသာ ကောင်းကင်ဘုံသားနယ်ပယ်သို့ ခြေချနိုင်ခဲ့လျှင် အစစ်အမှန် သိုင်းဂိုဏ်းသည် ချင် ပြည်နယ်တွင် အင်အားကြီးအဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်ပြီး အမှန်တကယ် နက်ရှိုင်းသော အခြေခံအုတ်မြစ်များကို ရရှိကာ ဖွံ့ဖြိုးတိုးတက်ပြီး ပိုမို အားကောင်းလာရန် ရာစုနှစ်အနည်းငယ်သာ အချိန်ယူရမည် ဖြစ်သည်။

တာအိုဆရာ လုံရှန်က ခေါင်းအသာခါလိုက်သည်-

"ဒါက ဝိညာဉ်အလင်းတန်းလေးပဲ၊ မသေချာသေးဘူး။ ကောင်းကင်ဘုံသား လူသားနယ်မြေထဲကို ခိုင်ခိုင်မာမာ ခြေချနိုင်ဖို့ဆိုရင် နှစ်အနည်းငယ်လောက် အချိန်ယူရဦးမှာပဲ။"

လော့ဝမ်ထျန်းက လေးစားစွာဖြင့် ဆို၏။

"ဆရာ့ရဲ့ ပြိုင်ဘက်ကင်းပါရမီနဲ့ဆိုရင် ကောင်းကင်ဘုံသားနယ်ပယ်ထဲကို ခြေချဖို့က အချိန်ကာလတစ်ခုပါပဲ။"

ကောင်းကင်ဘုံသားတစ်ဦးတွင် နှစ်ရှစ်ရာသက်တမ်းရှိ၏။ နှစ်တစ်ရာအတွင်း ကောင်းကင်ဘုံသားလူသားနယ်မြယ်ထဲသို့ ခြေချနိုင်ခြင်းမှာ ထူးချွန်သော ပါရမီတစ်ခုဖြစ်နေပြီ။ တာအိုဆရာ လုံရှန်းမှာမူ အသက်ရှစ်ဆယ်ကျော် အရွယ်တွင်သာ ရှိသေးသည်။

တာအိုဆရာ လုံရှန်း၏ ပါရမီမှာ အမှန်ပင် အတော်လေး ထူးကဲလှ၏။ သို့မဟုတ်ပါက သူသည် အစစ်အမှန် သိုင်းအမွေအနှစ်ကို လက်ခံရန် အရည်အချင်းပြည့်မီမည်မဟုတ်ဘဲ အစစ်အမှန်သိုင်းဂိုဏ်းကို သူတစ်ဦးတည်းဖြင့် ပြန်လည်တည်ထောင်နိုင်မည်မဟုတ်ပေ။

သူက အနည်းငယ်ပြုံးလိုက်ပြီး သူ၏မျက်လုံးများတွင် ယုံကြည်မှုများ ထင်ဟပ်နေသည်။

ဆရာတပည့်နှစ်ဦးသည် ဂိုဏ်းအတွင်းမှ ကိစ္စများစွာကို ဆွေးနွေးခဲ့ကြသည်။ တာအိုဆရာ လုံရှန်းက လော့ဝမ်ထျန်းအား ပြင်ဆင်မှုများစတင်ရန်နှင့် အပြင်စည်းတပည့်အသုတ်တစ်သုတ်ကို ခေါ်ယူဖို့ တောင်းဆိုခဲ့သည်။ အချို့သော အသက်ကြီးသည့် တပည့်အရင်းများပင်လျှင် တပည့်များစတင်လက်ခံနိုင်ပြီဖြစ်သည်။

သူတို့စကားပြောနေစဉ်မှာပင် သူတို့၏အကြည့်သည် ရုတ်တရက် ခန်းမဆောင်အပြင်ဘက်သို့ လှည့်သွားခဲ့သည်။

ရှုံးရှီ မောဟိုက်စွာဖြင့် အထဲသို့ ပြေးဝင်လာသည်ကိုသာ တွေ့လိုက်ရသည်။

တာအိုဆရာ လုံရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး ကနဦးပိုင်းတွင် သူ့ကို ဆူပူရန် ရည်ရွယ်ခဲ့သော်လည်း ရှုံးရှီ၏ ပခုံးပေါ်မှ ပုံရိပ်ကို မြင်သော် သူ၏အမူအရာမှာ ပျော့ပြောင်းသွားပြီး ရိုးရှင်းစွာဆိုလိုက်သည်-

"ဘာလို့ ဒီလောက်တောင် ထိတ်လန့်တကြားဖြစ်နေရတာလဲ။ မင်းရဲ့တည်ငြိမ်မှုကို ထိန်းထားစမ်း။"

လော့ဝမ်ထျန်းက ရယ်မောကာ အခြေအနေကို ဖြေရှင်းပေးလိုက်သည်-

"ဒုတိယစီနီယာအစ်ကို၊ ဆရာက ငါတို့တပည့်တွေ စတင်ရွေးချယ်သင့်ပြီလို့ အခုလေးတင်ပြောနေတာ။ အနာဂတ်မှာ ငါတို့အမူအကျင့်ကို အမြဲသတိထားရမယ်၊ ဒါမှ တပည့်တွေကို လမ်းမှားမရောက်အောင်လုပ်နိုင်မှာ။"

ရှုံးရှီက နင်ချီကို အောက်သို့ချပေးလိုက်ပြီး ဆရာနှင့် စီနီယာအစ်ကိုကြီးကို တောင်းပန်လိုက်သည်။

အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက် သူက-

"ဆရာ၊ ကျွန်တော်က စပ်စပ်စုစုလုပ်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဆရာ့ရဲ့ ဆုံးဖြတ်ချက်ကို လိုအပ်နေတဲ့ ကိစ္စတစ်ခုရှိနေလို့ပါ။"

"ကိုးလေးနဲ့ ပတ်သက်တာပါ။"

ဤစကားများဖြင့် တာအိုဆရာ လုံရှန်း၏ အမူအရာမှာ လေးနက်သွားခဲ့သည်။

လော့ဝမ်ထျန်းလည်း အနည်းငယ် အံ့အားသင့်သွားသည်။

ဂျူနီယာညီငယ်လေးက ပြသနာ ရှာခဲ့လို့များလား။ သို့သော် ဂျူနီယာညီငယ်လေးမှာ အမြဲတမ်း ဉာဏ်ကောင်းပြီး နယ်နိမိတ်ကို သိကာ အကျိုးအကြောင်းနားလည်သူဖြစ်သည်။ ထိုသို့မဖြစ်နိုင်ပေ။

"ဘာဖြစ်လို့လဲ။"

တာအိုဆရာ လုံရှန်းက မေးလိုက်သည်။

"စမ်းသပ်ကြည့်လိုက်တာနဲ့ သိသွားမှာပါ။"

ထိုသို့ ပြောဆိုနေရင်း ရှုံးရှီက နင်ချီကို ခပ်ဖွဖွတွန်းလိုက်သည်။

နင်ချီက ရိုသေစွာ ရှေ့သို့တိုးကာ အရိုအသေပြုလိုက်သည်။

တာအိုဆရာ လုံရှန်းသည် ငါးနှစ် သို့မဟုတ် ခြောက်နှစ်အရွယ် ကလေးတစ်ဦးပုံ ပေါ်နေသော နင်ချီကို ကြင်နာစွာ ကြည့်လိုက်စဥ်

သူ၏ နှလုံးသားမှာ အကြောင်းပြချက် မရှိဘဲ ခုန်တက်သွားကာ သံသယ တစ်ခုကို နှိုးဆွလိုက်သည်။ သူက ပြုံးကာ သူ၏ညာလက်ကို ဆန့်တန်းလိုက်ပြီး နင်ချီ၏ ခေါင်းပေါ်တွင် တင်လိုက်သည်။

နောက်တစ်ခဏတွင် တာအိုဆရာ လုံရှန်း၏ ခန္ဓာကိုယ်မှာ တောင့်ခဲသွားပြီး သူ၏မျက်နှာမှာ တည်ငြိမ်နေသော်လည်း သူ၏နှလုံးသားထဲတွင်မူ လှိုင်းတံပိုးများ ထန်ပြင်းစွာ ရိုက်ခတ်သွားခဲ့သည်။

သူသည် သူ၏တပည့်ငယ်လေးကို မှင်တက်စွာ စိုက်ကြည့်နေမိပြီး သူ၏အာရုံခံစားမှုများ မှားယွင်းနေသလားဟုပင် သံသယဝင်မိသွားသည်။

သို့သော် သူ၏အတွင်းမှ မူလအမြုတေမှာ သူ၏နတ်ဘုရားစွမ်းရည်ကို ပြသပြီးဖြစ်ရာ သူမှားယွင်းရန်မှာ လုံးဝမဖြစ်နိုင်ပေ။

လော့ဝမ်ထျန်းသည် သူ၏ဆရာ လက်ကို အချိန်အတော်ကြာ မဖယ်ရှားသည်ကို မြင်သော် အနည်းငယ် တင်းမာမှုကို ခံစားမိပြီး စိုးရိမ်စွာဖြင့် မေးလိုက်သည်-

"ဆရာ၊ ဂျူနီယာညီငယ်လေး၊ သူ..."

"သူ့ရဲ့ ကျင့်ကြံခြင်းအရိုး ဖွဲ့စည်းပြီးသွားပြီ၊"

ဟု တာအိုဆရာ လုံရှန်းက ဖြည်းညင်းစွာ ရေရွတ်လိုက်၏။

All Chapters