← Chapters

ကောင်းကင်ဘုံအာဏာရှင်အား သတ်ဖြတ်ခြင်း

Vol. 1 Ch. 7

ကောင်းကင်ဘုံအာဏာရှင်အား သတ်ဖြတ်ခြင်း

Vol. 1 Ch. 7

“ဒါဆိုရင် ငါတို့ရဲ့ပြိုင်ပွဲက အနိုင်အရှုံးတင်မဟုတ်ဘဲ သေခြင်းရှင်ခြင်းကိုပါဆုံးဖြတ်ပြီးသားဖြစ်သွားတာပေါ့။”စုရွှမ်၏ လေသံက မထီမဲ့မြင်ပြုနေသလိုပင်။

ဟမ်

ခန်းမတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားပြီး မည်သည့်အသံမှ မကြားရတော့ပေ။ ထိုအခိုက်အတန့်တွင် လူတိုင်း၏စိတ်ထဲ၌ ဗလာနတ္ထိဖြစ်ကာ ဘာကိုမှမစဉ်းစားနိုင်တော့ပေ။ သူတို့သည် စုရွှမ်၏စကားကို တစ်ခဏမျှ စကားမပြောနိုင်ဖြစ်သွားကြ၏။

“ဘာလဲ! စုမိသားစုရဲ့ မျိုးနွယ်စုဧကရာဇ်သားတော်က ရူးသွားတာလား။ သူက အသက်နဲ့ရင်းပြီး သေသည်အထိတိုက်ခိုက်မယ်ပြောနေတာလား”

“ဒီပွဲသာ တကယ်ဖြစ်သွားရင် မြောက်ပိုင်းဒေသတစ်ခုလုံး မကြာခင်မှာပဲ… ကမောက်ကမတွေ ဖြစ်သွားနိုင်တယ်။”

“ငါကတော့ စုမိသားစုရဲ့ မျိုးနွယ်စုဧကရာဇ်သားတော်ရဲ့ စရိုက်ကို သဘောကျတယ်။ သဘောထားမတိုက်ဆိုင်ရင် အသက်နဲ့ရင်းပြီး တိုက်ခိုက်ပွဲဆင်နွှဲပစ်လိုက်တာပဲ။”

“ဟားဟားဟား၊ မင်းက သေခြင်းရှင်ခြင်းကို ပေါ့ပေါ့တန်တန်ပဲ သဘောထားပြီး မကျေနပ်ရင် တိုက်ခိုက်တော့မှာလား။”

အင်အားစုအသီးသီးမှ လူအားလုံးမှာ မျက်လုံးများပြူးကျယ်ကာ စင်မြင့်ပေါ်ရှိ စုရွှမ်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။ ထိတ်လန့်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကဲ့သို့သော ခံစားချက်များစွာ ရောယှက်နေခဲ့သည်။

“ဟားဟားဟား! ရွှမ်အာ၊ ကောင်းတယ်! တစ်ဖက်က ဘုရင်နဲ့ သာမန်လူကြားက ကွာခြားချက်ကို မသိရင်တော့ ငါတို့ စုမိသားစုရဲ့ စွမ်းအားကို မြင်တွေ့ပါစေ။” စုယွင်ထျန်းသည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“စုမိသားစု အကြီးအကဲ၊ ခင်ဗျားစကားက နည်းနည်းလွန်သွားပြီထင်တယ်။”

ထိုက်ချူမြင့်မြတ်နယ်မြေမှ ဘုရင်အဆင့် အကြီးအကဲတစ်ဦးက လေးနက်သောအသံဖြင့် ပြောလိုက်သည်။ စုယွင်ထျန်း၏စကားများမှာ သူတို့၏ ထိုက်ချူမြင့်မြတ်နယ်မြေကို ရည်ရွယ်၍ သရော်နေခြင်းဖြစ်သည်မှာ ထင်ရှားလှသည်။ သူတို့က ဒါကို ဘယ်လိုသည်းခံနိုင်မှာလဲ။

ဘုန်း!

သူတော်စင်တစ်ပါး၏ ဖိအားတစ်ခုက ထိုဘုရင်အဆင့်ရှိသူထံသို့ ဖိနှိပ်ချလိုက်သည်။

ဘန်း!

တစ်ခဏအတွင်းမှာပင် ထိုဘုရင်အဆင့်ရှိသူမှာ ကြောက်မက်ဖွယ်အရှိန်အဝါကြောင့် တိုက်ရိုက် ဒူးထောက်ကျသွားစေသည်။

“မင်း၊ ခုနကစကားကို နောက်တစ်ခေါက် ထပ်ပြောကြည့်စမ်း။”

စုယွင်ထျန်းသည် အဓိကနေရာတွင် ထိုင်နေဆဲဖြစ်သော်လည်း သူ၏မျက်နှာမှာ မည်းမှောင်သွားပြီး အေးစက်စွာ ပြောလိုက်သည်။

“မ… မပြောရဲပါဘူး။”

စုယွင်ထျန်း၏ ကြောက်မက်ဖွယ်ဖိအားရှေ့တွင် ထိုဘုရင်အဆင့်ရှိသူမှာ ခုခံတွန်းလှန်နိုင်စွမ်း မရှိတော့ပေ။ သူသည် ခွေးသေတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် မှောက်လျက်သား လဲကျသွားပြီး လုံးဝကြေမွသွားခဲ့သည်။

စုယွင်ထျန်းသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏အရှိန်အဝါကို ပြန်ရုပ်သိမ်းလိုက်သည်။ ထိုအခါမှသာ ဘုရင်အဆင့် အကြီးအကဲမှာ မနည်းပင် ပြန်လည်ထရပ်နိုင်ခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့နောက်တွင် ရပ်နေပါက သူ၏ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် ရွှဲစိုနေသည်ကို မြင်တွေ့ရပေမည်။

ရှီး!

ရှိနေသူအားလုံးမှာ အသက်ရှူမှားသွားကြပြီး သူတို့၏မျက်နှာများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

ခုနကဟာ သူတော်စင်တစ်ပါးရဲ့ စွမ်းအားလား။ တကယ့်ကို ကြောက်စရာကောင်းလိုက်တာ။

ယခုဖြစ်ရပ်ကြောင့် နေရာတစ်ခုလုံးတွင် မည်သူမျှ ငြိမ်သက်မှုကို ချိုးဖောက်ကာ စကားထပ်မပြောရဲတော့ပေ။

သူတော်စင်များသည် မြောက်ပိုင်းဒေသ၏ အမြင့်ဆုံးအဆင့်ဖြစ်နေပြီဖြစ်ရာ မည်သူမျှ သူတို့နှင့် ယှဉ်ပြိုင်ရန် မဝံ့ရဲကြပေ။

"သေခြင်းရှင်ခြင်းတိုက်ပွဲ စတင်..”

စုယွင်ထျန်းက အေးဆေးတည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။

စုရွှမ်နှင့် လမ့်ရိုလီတို့ ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်တွင် ယှဉ်ပြိုင်ခဲ့စဉ်က သူသည် သူ၏သားဖြစ်သူမှာ အဓိပတိရိုး၏ပြီးပြည့်စုံသောအဖိုးတန်နည်းစနစ်ကို ရရှိခဲ့ပြီး အမှန်တကယ် ထွန်းတောက်လာတော့မည်ကို သိရှိပြီးဖြစ်သည်။

ထိုအချိန်မှစ၍ သူ၏အာရုံစိုက်မှုမှာ တာအိုရွှမ်နယ်မြေတစ်ခုလုံးအပေါ်တွင် ရှိနေမည်ဖြစ်ပြီး မြောက်ပိုင်းဒေသလေးတစ်ခုတည်းတွင် မဟုတ်တော့ပေ။ ထို့ကြောင့် သူ့ရှေ့မှ ဝမ့်ချုံးမှာ ကြောက်စရာမလိုပေ။

“စတင်တော့”

နောက်ပြန်လှည့်ရန် လမ်းမရှိတော့သည်ကို သိလိုက်သောအခါ ဝမ့်ချုံး၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ယနေ့တွင် သူသည် စုရွှမ်ကို သေချာပေါက် သတ်ရမည်။

သူကိုယ်တိုင် နောက်ဆုံးတွင် စုမိသားစု၌ သေရမည်ဆိုလျှင်တောင် သူ ကြောက်ရွံ့ခြင်းမရှိပေ။

“လာခဲ့။”

တုံ့ပြန်မှုအနေဖြင့် စုရွှမ်သည် သူ၏နှုတ်ခမ်းကို အနည်းငယ်ဖွင့်ဟကာ စကားတစ်ခွန်းကို အေးစက်စွာ ထုတ်ပြောလိုက်သည်။

တစ်ခဏအတွင်းမှာပင် ကျယ်ပြောသော စုမိသားစု ခန်းမကြီးမှာ ပြင်းထန်သော တိုက်ခိုက်လိုသည့်အငွေ့အသက်များဖြင့် ရုတ်တရက် ပြည့်နှက်သွားသည်။

တိုက်ပွဲကြီးတစ်ခု မကြာခင်မှာ ပေါက်ကွဲတော့မည်။

“စုရွှမ်က အဓိပတိရိုးရဲ့ပြီးပြည့်စုံတဲ့အဖိုးတန်နည်းစနစ်ကို ပိုင်ဆိုင်ထားတယ်၊ အဲ့ဒါက ခန္ဓာပေါင်း သုံးထောင်ထဲက ထိပ်တန်းဆယ်ခုနဲ့ ညီမျှတယ်။ အာဏာရှင်ခန္ဓာကို ရင်ဆိုင်ဖို့က ပြဿနာမရှိလောက်ပါဘူး။”

သူမ၏ မျက်နှာဖုံးအောက်တွင် လမ့်ရိုလီသည် သူမ၏လှပသောမျက်လုံးများကို ပုတ်ခတ်လိုက်ပြီး တိုးညင်းစွာ ရေရွတ်လိုက်သည်။

အကယ်၍ စုရွှမ်က သူမကို အနိုင်ယူနိုင်လျှင် သူသည် အခြားသူများကိုလည်း သဘာဝကျကျ အနိုင်ယူနိုင်လိမ့်မည်။ ဤသည်မှာ လမ့်ရိုလီ၏ စုရွှမ်အပေါ် ယုံကြည်မှုဖြစ်ပြီး သူမကိုယ်သူမ ယုံကြည်မှုလည်း ဖြစ်သည်။

“ဝိညာဉ်လောင်ကျွမ်းခြင်း၊ ကျင့်ကြံခြင်းမြှင့်တင်ခြင်း၊ စုရွှမ်၊ ငါ့အတွက် သေစမ်း။”

ရုတ်တရက် စင်မြင့်ပေါ်တွင် ဝမ့်ချုံးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏အသံဆုံးသွားသည်နှင့် သူ၏ခန္ဓာကိုယ်ကို သွေးနီရောင်အလင်းတန်းတစ်ခုက ရုတ်တရက် ဖုံးလွှမ်းသွားသည်။

ထိုသွေးရောင်အလင်းမှာ နယ်မြေတစ်ခုကဲ့သို့ သူ၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည်။ တစ်ခဏအတွင်းမှာပင် သူ၏အရှိန်အဝါမှာ အဆများစွာ တက်လာခဲ့သည်။

“မကောင်းတော့ဘူး၊ အဲ့ဒီကောင်က တားမြစ်ထားတဲ့ နည်းစနစ်ကို သုံးနေတယ်။”

“သူ့ရဲ့ဝိညာဉ်ကို လောင်ကျွမ်းစေခြင်းအားဖြင့် သူက သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားကို ငါးဆထက်မနည်း ချက်ချင်း တိုးမြှင့်နိုင်တယ်။”

စုရွှမ်၏ ဒုတိယဦးလေးဖြစ်သူ စုလင်းထျန်းသည် ဤကဲ့သို့သော အရာများကို လေ့လာရသည်ကို အမြဲနှစ်သက်၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဝမ့်ချုံးအသုံးပြုနေသော နည်းစနစ်ကို သူ မှတ်မိလိုက်သည်။

“ဘာလဲ။ ထိုက်ချူမြင့်မြတ်နယ်မြေရဲ့ မြင့်မြတ်သားတော်က စုမိသားစုရဲ့ မျိုးနွယ်စုဧကရာဇ်သားတော်

ကို သတ်ဖို့အတွက် ကိုယ့်ဝိညာဉ်ကို လောင်ကျွမ်းခံပြီး တားမြစ်ထားတဲ့ နည်းစနစ်ကို သုံးရဲတယ်လား။”

တစ်စုံတစ်ယောက်က အံ့အားတသင့် အော်ဟစ်လိုက်သည်။

“စုရွှမ် သူ တကယ်ပဲ အဆင်ပြေပါမလား ”

လမ့်ရိုလီသည် မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်သည်။

ခနလေး!

ငါက ဘာလို့ အဲ့ဒီလူအတွက် စိတ်ပူနေရတာလဲ။ ငါက သူသေသွားဖို့ ဆုတောင်းနေခဲ့ရမှာမဟုတ်ဘူးလား။ လမ့်ရိုလီသည် သူမ၏အတွေးများ မှားယွင်းနေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

သူမက စုရွှမ်အတွက် ဘယ်လိုလုပ် စိတ်ပူနိုင်မှာလဲ။ ဒါက နိမိတ်ကောင်း မဟုတ်ဘူး။ သူမ ဒါကို အမြန်ဆုံး ရပ်တန့်ရမည်။

“စုရွှမ်၊ မြန်မြန်သေပါစေ…”

လမ့်ရိုလီသည် မျက်လုံးများကိုမှိတ်ကာ ဤသို့ဖြစ်ရန် အတင်းအကျပ် တွေးတောနေလိုက်သည်။ သို့သော်လည်း သူမသည် မျက်လုံးများကို ဖွင့်ကာ စုရွှမ်ရှိရာသို့ မကြည့်ဘဲမနေနိုင်ခဲ့ပေ။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ စုရွှမ်က ရုပ်ချောလို့လား။

ဤအတွေးကို လမ့်ရိုလီက လျင်မြန်စွာ ပယ်ချလိုက်သည်။

“ငါက ပထမဆုံးနေ့မှာပဲ မုဆိုးမ မဖြစ်ချင်တာဖြစ်နိုင်တယ်”

“ဟုတ်တယ်! ဒါပဲဖြစ်ရမယ်”

စင်မြင့်ထက်တွင် စုရွှမ်သည် ဝမ့်ချုံးက သူ့ကိုသတ်ရန် တားမြစ်နည်းစနစ်ကို အသုံးပြုသည်ကို မြင်သောအခါ သူ၏နှလုံးသားထဲမှ သတ်ဖြတ်လိုစိတ်များမှာ ပိုမိုနက်ရှိုင်းလာပြီး အပြင်ဘက်သို့ပင်ပေါ်ထွက်လာကာ အေးစက်ထိတ်လန့်ဖွယ် ကောင်းလှသည်။

“မင်းက တားမြစ်နည်းစနစ်ကိုသုံးပြီး ငါ့ကိုသတ်နိုင်မယ်လို့ ထင်နေတာလား။ အဲ့ဒါက အသုံးဝင်လို့လား။” စုရွှမ်က လှောင်ပြောင်လိုက်သည်။

“ကောင်းကင်ဘုံကပ်ဘေးအလင်းတန်း”

ချက်ချင်းပင် နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထိုအလင်းတန်းမှာ နတ်တို့၏ ပြစ်ဒဏ်ခတ်ခြင်းကဲ့သို့ ကြောက်မက်ဖွယ်စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ကမ္ဘာလောကရှိ အရာအားလုံးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်နေ၏။ဖော်ပြ၍မရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ဟမ်

ဤဒနတ်အလင်းတန်းကို မြင်သောအခါ ဝမ့်ချုံးသည် ချက်ချင်းပင် ကြက်သေသေသွားသည်။

သူ အဆင်သင့်မဖြစ်သေးဘူး။ မင်းက ဘာလို့အရင်တိုက်ခိုက်တာလဲ။

မင်းက စည်းကမ်းမလိုက်နာဘူး မဟုတ်လား။ဒါဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့။

“ကောင်းကင်ဘုံအာဏာရှင်ရဲ့လက်”

ဝမ့်ချုံး၏ ကျယ်လောင်သောအော်သံနှင့်အတူ သူသည်လည်း တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်သည်။ ၎င်းမှာ ကောင်းကင်ဘုံကိုယ်စားပြု၍ လေဟာနယ်ကို ဆွဲဖြဲနေသည့် ဧရာမလက်ကြီးတစ်ဖက် ဖြစ်၏။

ဤတိုက်ခိုက်မှုကို ထုတ်လွှတ်ပြီးနောက် ဝမ့်ချုံး၏မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။

ကောင်းကင်ဘုံအာဏာရှင်၏လက်သည် သူ၏မွေးရာပါ နတ်စွမ်းရည်ဖြစ်ပြီး သူ၏ ကောင်းကင်ဘုံအာဏာရှင်ကိုယ်ခန္ဓာကို နိုးထချိန်တွင် နားလည်သဘောပေါက်ခဲ့ခြင်းဖြစ်သည်။

လက်တစ်ဖက်တည်းဖြင့် မိုးကောင်းကင်ကို ဖိနှိပ်ချုပ်ချယ်၏။

ဤလှုပ်ရှားမှုနှင့် ငါးဆတိုးလာသော တိုက်ခိုက်ရေးစွမ်းအားတို့ ပေါင်းစပ်လိုက်လျှင် သူသည် စုရွှမ်ကို လုံးဝကြေမွအောင် ချေမှုန်းနိုင်လိမ့်မည်ဟု ယုံကြည်သည်။ သို့သော် မကြာမီတွင် သူ တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။

စုရွှမ်၏ အဓိပတိရိုး နတ်စွမ်းရည်က အရင်ကနဲ့ ဘယ်လိုကွာခြားသွားတာလဲ။

“ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်အလင်း၊ ကောင်းကင်ဘုံကိုယ်စား ပြစ်ဒဏ်ခတ်ခြင်း၊ ဒါက… အဓိပတိရိုးပြီးပြည့်စုံသော အဖိုးတန်နည်းစနစ်လား!!”

တစ်ခုခုမှားယွင်းနေသည်ကို သဘောပေါက်သွားသောအခါ ဝမ့်ချုံး၏ မျက်ဆံများမှာ ရုတ်တရက် ကျုံ့ဝင်သွားပြီး အနည်းငယ် မယုံနိုင်ဖြစ်သွားသည်။

အဓိပတိရိုး၏ပြီးပြည့်စုံသောအဖိုးတန်နည်းစနစ်သည် ခန္ဓာပေါင်း သုံးထောင်၏ ထိပ်တန်းဆယ်ခုနှင့် ယှဉ်နိုင်စွမ်းရှိ၏။ သူက ပြိုင်ဘက်မဟုတ်ပေ။

ဘုန်း!

တိုက်ပွဲ၏ရလဒ်ကို လျင်မြန်စွာ ဆုံးဖြတ်လိုက်သည်။ စုရွှမ်၏ ကောင်းကင်ဘုံကပ်ဘေးအလင်းတန်းသည် ထိုလက်ကြီးကို တိုက်ရိုက်ဖြိုခွဲလိုက်ပြီးနောက် ဝမ့်ချုံးထံသို့ ဆက်လက်တိုးဝင်သွားသည်။

“မဖြစ်ဘူး။ မြင့်မြတ်သားတော်၊ မင်းသေလို့မဖြစ်ဘူး။”

ဤမြင်ကွင်းကို မြင်သောအခါ ထိုက်ချူမြင့်မြတ်နယ်မြေမှ အရှင်မြတ်အဆင့် အကြီးအကဲတစ်ဦးသည် ထိတ်လန့်သွားပြီး သူ၏လက်စကို ဝှေ့ယမ်းကာ စုရွှမ်ကို တိုက်ရိုက်ဖိနှိပ်ရန် ပြင်ဆင်လိုက်သည်။

ဘုန်း!

ထိုအချိန်မှာပင် ကြောက်မက်ဖွယ်စွမ်းအင်တစ်ခုက ဤနေရာ၌ တိုက်ရိုက် ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုက်ချူမြင့်မြတ်နယ်မြေ၏ ထိုအရှင်မြတ်အဆင့် အကြီးအကဲမှာ တိုက်ရိုက်ကြေမွသွားပြီး သွေးမြူတိမ်တိုက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ငါတို့ စောစောက သေခြင်းရှင်ခြင်းတိုင်ပွဲကို သဘောတူခဲ့ကြတယ် မဟုတ်လား။ ထိုက်ချူမြင့်မြတ်နယ်မြေ မင်းတို့က လှုပ်ရှားရဲလား။”

အေးစက်သော အသံတစ်ခုက အေးစက်စွာ မေးမြန်းလိုက်သည်။

ယခုတစ်ကြိမ် လှုပ်ရှားလိုက်သူမှာ စုရွှမ်၏ အဘိုးဖြစ်သူ၊ စုဝူကျီ ဖြစ်သည်။ လွန်ခဲ့သော နှစ်တစ်ရာက သူတော်စင်ဖြစ်လာခဲ့သည့် ကြောက်မက်ဖွယ် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ရှီး!

အနိုင်မခံအရှုံးမပေးနိုင်သော သူတော်စင်တစ်ပါးက လှုပ်ရှားလိုက်ပြီး အရှင်မြတ်တစ်ပါးကို ချက်ချင်းချေမှုန်းလိုက်သည်ကို မြင်သောအခါ

အင်အားစုအားလုံးမှ လူများသည် ထိတ်လန့်သွားကြပြီး တိတ်ဆိတ်စွာ ကြည့်ရှုနေရုံမှလွဲ၍ နောက်ထပ်စကားတစ်ခွန်းမှ မပြောရဲကြတော့ပေ။

ဤအချိန်တွင် စုရွှမ်၏ ကောင်းကင်ဘုံကပ်ဘေးအလင်းတန်းသည်လည်း ဝမ့်ချုံး၏ခန္ဓာကိုယ်ပေါ်သို့ ရက်စက်စွာ ကျရောက်သွားခဲ့သည်။

ကြောက်မက်ဖွယ် နတ်အလင်းတန်းတစ်ခု လူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သည့်အခါ ရလဒ်မှာ အလိုလိုသိသာနေခဲ့သည်။ တစ်ခဏအတွင်းမှာပင် ဝမ့်ချုံး၏ခန္ဓာကိုယ်မှာ သွေးသားတစ်ပုံတစ်ပင်အဖြစ်သို့ တိုက်ရိုက်သေဆုံးသွားခဲ့၏။

ထိုသို့ဖြင့် ထိုက်ချူမြင့်မြတ်နယ်မြေ၏ မြင့်မြတ်သားတော်၊ သေဆုံးသေပြီ။

ရှီး!

နောက်ထပ် လူအများအပြားမှာ အသက်ရှူမှားသွားကြပြန်သည်။

စုရွှမ်က တကယ်ပဲ ထိုက်ချူမြင့်မြတ်နယ်မြေရဲ့ မြင့်မြတ်သားတော်ကို သတ်ရဲတယ်လား။

“စုမိသားစုရဲ့ မျိုးနွယ်စုဧကရာဇ်သားတော်

မင်းက ငါတို့ မြင့်မြတ်နယ်မြေရဲ့ မြင့်မြတ်သားတော်ကို သတ်ရဲတယ်လား”

All Chapters