← Chapters

မင်္ဂလာဦးည

Vol. 1 Ch. 8

မင်္ဂလာဦးည

Vol. 1 Ch. 8

ထိုက်ချူမြင့်မြတ်နယ်မြေမှ ကျန်ရှိနေသော အကြီးအကဲများက သူတို့၏ မျက်လုံးများကို ပြူးကျယ်လျက် စုရွှမ်အား ကျယ်လောင်စွာ မေးခွန်းထုတ်ကြလေသည်။

မေးခွန်းထုတ်ခံရသဖြင့် စုရွှမ်သည် အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်သွားပြီး သူ၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုးသွားကာ စုယွင်ထျန်းအား ပြောလိုက်သည်။

"အဖေ၊ သူတို့ကို သတ်ပစ်လိုက်လို့ရမလား။ သူတို့က စိတ်အနှောင့်အယှက် ဖြစ်ဖို့ကောင်းလိုက်တာ"

ဘုန်း!

စုရွှမ်၏ အသံထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးပုံရိပ်တစ်ခုသည် ထိုက်ချူမြင့်မြတ်နယ်မြေမှ လူများပေါ်သို့ ထိုးဆင်းကျလာခဲ့သည်။

ချက်ချင်းပင် သူတို့၏ ခန္ဓာကိုယ်များသည် ကြောက်မက်ဖွယ် စွမ်းအားကြောင့် ကြေမွသွားခဲ့သည်။ သူတို့သည် သွေးမြူတိမ်တိုက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လေနှင့်အတူ လွင့်ပါးကာ ကောင်းကင်နှင့်မြေကြီးကြားတွင် ပျောက်ကွယ်သွားလေတော့သည်။

ထိုနေရာတွင် ရှိနေသော မည်သူတစ်ဦးတစ်ယောက်မျှ စကားထပ်မပြောရဲတော့ပေ။ စုမိသားစုက အရမ်းကို မောက်မာပြီးတော့ အနိုင်ကျင့်လွန်းလှ၏!

"အားလုံးပဲ၊ ဒီနေ့ဖြစ်ခဲ့တာတွေက တော်တော့်ကို ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲပါပဲ။"

"အခုတော့ ကျုပ်သားရဲ့ မင်္ဂလာပွဲကို ဆက်လိုက်ကြရအောင်။"

စုယွင်ထျန်း၏ မျက်နှာသည် တည်ကြည်နေပြီး ရှိနေကြသော အင်အားစုအသီးသီးမှ ကိုယ်စားလှယ်များဘက်သို့ လက်သီးဆုပ်အရိုအသေပေးလိုက်သည်။

၎င်းက ထိုနေရာတွင် ရှိနေသူအားလုံးကို ချက်ချင်း ထိတ်လန့်သွားစေပြီး သူတို့အားလုံးက မိမိတို့၏ ရပ်တည်ချက်ကို ဖော်ပြကြလေသည်။

"သူတော်စင်ယွင်ထျန်း၊ ဒီနေ့ဖြစ်ခဲ့တာတွေကို ကျွန်တော်တို့အားလုံး မျက်မြင်ကိုယ်တွေ့ပါ၊ ပြဿနာက ထိုက်ချူမြင့်မြတ်နယ်မြေကအရင်စတာပါပဲ!"

"သူတို့ရဲ့ မြင့်မြတ်သားတော်က စပြီး စိန်ခေါ်မှုကို အဆိုပြုခဲ့တာပါ"

"ပြီးတော့ သေခြင်းရှင်ခြင်းတိုက်ဖို့ကို သဘောတူခဲ့တယ်"

"ဒါပေမဲ့ တိုက်ပွဲအတွင်းမှာ သူ မနိုင်တော့ တားမြစ်နည်းစနစ်ကို သုံးပြီး ဧကရာဇ်သားတော်ကို သတ်ဖို့ ကြိုးစားခဲ့တယ်၊"

"ကံကောင်းစွာနဲ့ ဧကရာဇ်သားတော်ရဲ့ ခွန်အားက ကြောက်ခမန်းလိလိ ကောင်းလို့ သူ ဘာဒဏ်ရာမှ မရခဲ့တာ..."

"တိုတိုပြောရရင် ဒီနေ့ဖြစ်ခဲ့တဲ့ အမှားအမှန်အားလုံးကို ကျွန်တော်တို့ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိကြပါတယ်!"

"ဟုတ်ပါတယ်! ဒီနေ့ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုလုံးကို ကျွန်တော်တို့အားလုံး မျက်မြင်ကိုယ်တွေ့ပါပဲ၊ စုမိသားစုမှာ အပြစ်မရှိပါဘူး!"

"သူတော်စင်ယွင်ထျန်း၊ အနာဂတ်မှာ ထိုက်ချူမြင့်မြတ်နယ်မြေက ရန်လာရှာခဲ့ရင် ကျွန်တော်တို့အားလုံး ခင်ဗျားတို့ဘက်က ရပ်တည်ပေးပါ့မယ်။"

အဓိက အင်အားစုများအားလုံးက သူတို့၏ ရပ်တည်ချက်ကို ဤသို့ ဖော်ပြကြ၏။ ထိုစကားကိုကြားသော် စုယွင်ထျန်းသည် ခပ်ဖျော့ဖျော့သာ ပြုံးလိုက်ပြီး များများစားစား မပြောခဲ့ပေ။

ဧကရာဇ်မျိုးနွယ်စုမိသားစု၏ မိသားစုခေါင်းဆောင်တစ်ယောက်အနေဖြင့် သူသည် အကျိုးစီးပွားဆက်နွှယ်မှုများကို အလွန်ရှင်းလင်းစွာ မြင်နိုင်စွမ်းရှိသည်။

ဒီလူတွေက အခုလို ပြောနေကြပေမဲ့၊ အဲ့ဒီနေ့ တကယ်ရောက်လာတဲ့အခါ သူတို့အများစုက ဘယ်ဘက်ကမှ မပါဘဲ ကြားနေမှာ သေချာသ၏။

တချို့ဆိုလျှင် စုမိသားစုကို တိုက်ခိုက်ဖို့ ထိုက်ချူမြင့်မြတ်နယ်မြေနဲ့တောင် ပူးပေါင်းကောင်း ပူးပေါင်းနိုင်၏။

သို့သော်လည်း စုယွင်ထျန်းသည် ဤအရာအားလုံးကို မကြောက်ရွံ့ခဲ့!

သူတော်စင်စစ်ပွဲ စတင်လိုက်ရုံပင်! အဆိုးဆုံးကတော့ မြောက်ပိုင်းဒေသတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ရုံသာ! စုမိသားစုသည် မည်သည့်အရာကိုမျှ မကြောက်ရွံ့ပေ!

......

"ပထမဦးစွာ ကောင်းကင်နှင့်မြေကြီးကို အရိုအသေပေး!"

"ဒုတိယဦးစွာ မိဘနှစ်ပါးကို အရိုအသေပေး!"

"လင်နှင့်မယား အချင်းချင်း အရိုအသေပေး!"

"အခမ်းအနား ပြီးမြောက်ပါပြီ၊ သူတို့ကို မင်္ဂလာခန်းထဲသို့ ပို့ဆောင်လော့!"

"......."

မင်္ဂလာအခမ်းအနားပြီးနောက် စုရွှမ်သည် လမ့်ရိုလီကို သူ၏ ခြံဝန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ လမ့်ရိုလီကို စုမိသားစုမှ အစေခံမလေးတစ်ဦးက ကုတင်ပေါ်တွင် ထိုင်နိုင်ရန် ကူညီပေးခဲ့သည်။

ထို့နောက် အစေခံမလေးသည် တိတ်တဆိတ် ထွက်သွားပြီး တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။ ချက်ချင်းပင် အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

နေရာတစ်ခုလုံးသည် ချက်ချင်း တောင့်ခဲသွားသလိုပင်ဖြစ်ပြီး စုရွှမ်သည် သူ၏ ခပ်ဖျော့ဖျော့ အသက်ရှူသံကိုပင် ကြားနေရသည်။

စုရွှမ်သည် ကုတင်ဘက်သို့ ကြည့်လိုက်သည်။ သူသည် လမ့်ရိုလီက ထိုနေရာတွင် အသံတစ်ချက်မထွက်ဘဲ အလွန်ငြိမ်သက်စွာ ထိုင်နေသည်ကို မြင်လိုက်ရသည်။

"ဒီနေ့က ငါ့မင်္ဂလာဆောင်တဲ့နေ့ပဲ၊ စနစ်က နှိုးထသင့်ပြီထင်တယ်၊ ဟုတ်တယ်မလား"

စုရွှမ်၏ မျက်လုံးများတွင် မျှော်လင့်ချက်များပြည့်နှက်နေပြီး သူ၏ စိတ်ထဲတွင် ရုတ်တရက် အသံတစ်ခု ကြားရရန် မျှော်လင့်နေမိသည်။

သို့သော် စုရွှမ် မှားယွင်းစွာ တွက်ဆခဲ့သည်။ သူ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့သော်လည်း စနစ်၏ အချက်ပေးသံက ထွက်ပေါ်မလာခဲ့ပေ။

"ဟာ... စနစ်က ခုထိ မနိုးထသေးဘူး။ ဒါက ငါ ‘အဲ့ဒါ’ ကို လုပ်ပြီးမှပဲ အလုပ်လုပ်မှာလား။"

စုရွှမ်သည် ကုတင်ဘက်မှ လှပသော ပုံရိပ်ကို ကြည့်ရင်း တွေးလိုက်သည်။ စုရွှမ်၏ အကြည့်ကို ခံစားမိသောအခါ လမ့်ရိုလီ၏ နူးညံ့သော ခန္ဓာကိုယ်လေးသည် တုန်ယင်သွားပြီး အနည်းငယ် မှင်သက်သွားသည်။

သူမ၏ ကျောက်စိမ်းကဲ့သို့သော လက်ကလေး မြောက်တက်လာသည်။

ပုလဲများနှင့် ကြိုးဆွဲများဖြင့် တန်ဆာဆင်ထားသော ဖီးနစ်သရဖူကို သူမက ညင်သာစွာ ဖယ်ရှားလိုက်သည်။

ရုတ်တရက် ဖော်ပြရန်ခက်ခဲလောက်အောင် လှပသော မျက်နှာတစ်ခုသည် စုရွှမ်၏ မျက်လုံးထဲတွင် ပေါ်လာသည်။

သူမ၏ မျက်ဝန်းများသည် ဆောင်းဦးရေကန်ကဲ့သို့ ကြည်လင်နေပြီး သူမ၏ သွားများသည် ပုလဲများကို စီထားသကဲ့သို့ ညီညာနေခဲ့သည်။

နွေဦးပန်းများကဲ့သို့ တောက်ပပြီး ဆောင်းဦးလမင်းကဲ့သို့ ကြည်လင်၏။

သူမ၏ အသားအရေသည် ရေခဲကဲ့သို့ အေးစက်ပြီး ကျောက်စိမ်းကဲ့သို့ ချောမွေ့ကာ ထောပတ်ကဲ့သို့ နူးညံ့ချောမွေ့နေသည်။ အဆီကဲ့သို့ နူးညံ့စိုပြည်ပြီး တောက်ပသော အမှုန့်ရောင်အဆင်းရှိ၏။

"အရမ်းလှတာပဲ..."

သူမ၏ ပါဝါဖုံးအောက်မှ လမ့်ရိုလီ၏ ရုပ်ရည်ကို မြင်လိုက်ရသည့်အခိုက်တွင် စုရွှမ်သည် သူ၏ နှလုံးခုန်သံတစ်ချက် ရပ်တန့်သွားသည်ကို ခံစားလိုက်ရသည်။

ကုတင်ပေါ်တွင် ထိုကဲ့သို့ အလှပဂေးတစ်ဦးကို မြင်လိုက်ရသောအခါ စုရွှမ်သည် သူ၏ လည်ချောင်းထဲ ရုတ်တရက် ခြောက်ကပ်သွားသည်ကို မထိန်းနိုင်ဘဲ ခံစားလိုက်ရသည်။ သူ ဖြည်းညင်းစွာ ချဉ်းကပ်သွား၏။

"ရှင်... ဒီကို မလာနဲ့!"

ရုတ်တရက် လမ့်ရိုလီက စကားပြောလာ၏။ သူမ၏ လေသံသည် နှင်းခဲကဲ့သို့ အေးစက်နေပြီး သူ့အား မိုင်ထောင်ချီ၍ တွန်းထုတ်နေသကဲ့သို့ပင်။

"ဟားဟား၊ ငါကတော့ အဲ့ဒီအကွက်ထဲ မဝင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ကို အနိုင်မတိုက်နိုင်ပါဘူး။"

စုရွှမ်၏ မျက်နှာပေါ်တွင် ကစားလိုသော အပြုံးတစ်ခု ပေါ်လာပြီး သူ ဆက်လက်ချဉ်းကပ်သွားသည်။

အကြောင်းတစ်ခုခုကြောင့် လမ့်ရိုလီကို ဤသို့ မြင်ရသောအခါ သူ၏ နှလုံးသားထဲတွင် ရှင်းပြမရနိုင်သော စိတ်လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။

၎င်းက စုရွှမ်အား သူ တကယ်ပဲ ရမ္မက်ကြီးတဲ့သူတစ်ယောက်လားဟု တွေးတောမိစေသည်။ ထားလိုက်တော့။ အရင်ဆုံး စနစ်ကို နှိုးထရမယ်။

စုရွှမ်သည် စိတ်ပိုင်းဖြတ်လိုက်ပြီး ကုတင်ပေါ် လမ့်ရိုလီ၏ ဘေးတွင် ဒုန်းခနဲ ဝင်ထိုင်လိုက်သည်။

"မိန်းမ မင်းအဆင်သင့်ဖြစ်ရင် ကိုယ်စတော့မယ်နော်။"

စုရွှမ်က မကောင်းဆိုးဝါးဆန်သော အပြုံးဖြင့် ပြောလိုက်သည်။စုရွှမ်က စကားပြောရင်း သူ၏ လက်ကို ဆန့်တန်းလိုက်သည်။

လမ့်ရိုလီသည် ကြီးမားသော လက်တစ်ဖက်က သူမကို ပွေ့ဖက်လိုက်သည်ကို ခံစားလိုက်ရသည်။

နွေးထွေးမှုတစ်ခုက သူမ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ ဤအရာက ထိုကဲ့သို့ အတွေ့အကြုံမျိုး တစ်ခါမှ မကြုံဖူးသော လမ့်ရိုလီအား အနည်းငယ် မှင်သက်သွားစေသည်။

ဘုန်း!

သို့သော် သူမသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး စုရွှမ်ကို ချက်ချင်း တွန်းထုတ်လိုက်၏။ စုရွှမ်သည် တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ မြေကြီးပေါ်သို့ မျက်နှာဖြင့် တည့်တည့်မတ်မတ် လဲကျသွားလေသည်။

"ရှီးးးးး မိန်းမ... မင်းက မင်းရဲ့ခင်ပွန်းကို ဒီလိုဆက်ဆံတာလား။"

စုရွှမ်သည် သူ၏ ခါးကို ကိုင်ရင်း ထလိုက်ပြီး ရှိုက်သံမပြုဘဲ မနေနိုင်ခဲ့ပေ။

"ဘယ်သူက ရှင့်ကို ကျွန်မကို လာထိခိုင်းလို့လဲ..."

လမ့်ရိုလီ၏ လှပသော မျက်လုံးများက ကျယ်သွားပြီး စုရွှမ်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။ သူမ၏ အကြည့်သည် ကြောက်စရာမကောင်းသော်လည်း သူမတွင် သြဇာအရှိန်အဝါ အနည်းငယ်တော့ ရှိနေသေးသည်။

စုရွှမ်၏ ခေါ်ဝေါ်မှုကြောင့် လမ့်ရိုလီ၏ ပါးပြင်များနှင့် နားရွက်ဖျားများအားလုံးသည် နီရဲသွားပြီး အနည်းငယ် ပူနွေးနေဆဲ...

တစ်ချိန်က အမတဘုံ၏ ဧကရီတစ်ပါးဖြစ်ခဲ့ပြီး ခေတ်တစ်ခေတ်လုံးကို ဖိနှိပ်နိုင်ခဲ့သော လမ့်ရိုလီသည် ယနေ့ကဲ့သို့ ပုံစံမျိုး တစ်ခါမှ မဖြစ်ဖူးခဲ့ပေ။

အကယ်၍ ဤပုံစံကို အမတဘုံမှ မြင်တွေ့သွားပါက သူတို့အားလုံး အံ့ဩလွန်း၍ စကားပင်မပြောနိုင် ဖြစ်သွားကြလိမ့်မည်...

"ပြီးတော့ ကျွန်မကို... မိန်းမလို့ မခေါ်နဲ့!"

"ဟင်၊ ငါတို့ မင်္ဂလာပွဲကျင်းပပြီး လက်ထပ်လိုက်ကြပြီ မဟုတ်ဘူးလား။မိန်းလို့မခေါ်ရင် ဘယ်လိုခေါ်ရမှာလဲ။"

စုရွှမ်က ပြုံးရင်း ပြန်မေးလိုက်သည်။

သူသည် လမ့်ရိုလီက ခုနက တိုက်ခိုက်လိုက်စဉ်တွင် လက်ကို အလျှော့ပေးခဲ့သည်ကို ခံစားမိနိုင်သည်။

ဒါက ဘာကို ဆိုလိုသလဲ။

ဒါက သူမ၏ နှလုံးသားထဲတွင် သူ့ကို ထိုလောက်ကြီး ရွံရှာမုန်းတီးနေခြင်း မရှိဟု ဆိုလို၏။ သို့သော်လည်း သူမက သူ့ကို အချိန်တိုအတွင်း လက်ခံရန်မှာတော့ လက်တွေ့မကျသေးပေ။

သို့သော် သူမက သူ့ကို လက်မခံဘူးဆိုလျှင်...

သူက စနစ်ကို ဘယ်လိုနှိုးထရမှာလဲ။

သူက ထာဝရတာအိုကို ဘယ်လိုရယူနိုင်မှာလဲ။

နောက်တစ်စက္ကန့်မှာပင်

"ဒင်! သခင် သည် သင်၏ မစွမ်းဆောင်နိုင်မှုအတွက် စိတ်အနှောင့်အယှက်ဖြစ်နေကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ သခင် အား နောက်ဆုံးအကြိမ် အစပြုသူဆုလာဘ်အဖြစ် - အမတအချစ်ဆေးလုံး ၁ လုံး ၊ နတ်နဂါးဆေးလုံး ၁ လုံး ကို ပေးအပ်လိုက်ပါသည်!"

All Chapters