ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်လက်သီးသိုင်း မိတ်ဆက်
Vol. 1 Ch. 13
ဘုန်း!
ရုတ်တရက်ကြီး၊ မြွေပွေးတစ်ကောင်နှယ် မိုးကြိုးတစ်စင်းသည် ပြင်းထန်သောအရှိန်ဖြင့် ကျဆင်းလာပြီး ထိုက်ချူမြင့်မြတ်သခင်ကို ရက်စက်စွာ ပစ်ခတ်လိုက်သည်။
ရှောင်တိမ်းချိန်ပင်မရလိုက်ဘဲ ထိုက်ချူမြင့်မြတ်သခင်သည် ချက်ချင်းဆိုသလို ပြာမှုန့်ဖြစ်သွားခဲ့သည်။
"မင်းက ငါ့ရှေ့မှာတင် လူခေါ်ရဲသေးတယ်ပေါ့။ ငါက ခွင့်ပြုတယ်လို့ ပြောလို့လား။" ၁၈ ဆက်မြောက် ဘိုးဘေးသည် သူ၏ တောင်ဝှေ့ကို ဝှေ့ယမ်းရင်း အေးစက်စက်အသံဖြင့် ပြောလိုက်သည်။
ထိုအချိန်မှာပင် ဖိအားသည် အမြင့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သည်။
"ဘုတ်!"
"ဘုန်း!"
"ဘုန်း!"
ထိုက်ချူခန်းမဆောင်ထဲတွင် တစ်ခဏအတွင်းမှာပင် ဒူးထောက်သံများက စိပ်စိပ်နှင့် စနစ်တကျ ဆက်တိုက်ထွက်ပေါ်လာသည်။ ထိုက်ချူမြင့်မြတ်နယ်မြေမှ အကြီးအကဲများအားလုံး ဒူးထောက်လိုက်ကြသည်။
"စီနီယာ ကျုပ်တို့ စကားမှားသွားပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးက မြင့်မြတ်သခင် ကြိုတင်စီစဉ်ထားတာတွေပါပဲ။ ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ!"
အကြီးအကဲတစ်ဦးက အော်ပြောလိုက်သည်။
"ဟားဟား၊ ဒီလိုဆိုရင်တော့ မင်းတို့ မြင့်မြတ်နယ်မြေက သေမင်းနဲ့ မတွေ့သေးတဲ့ အဘိုးကြီးကို သွားရှင်းပြလိုက်ပေါ့"
"ရှင်းပြလို့မရရင်လည်း သူတို့ကို စုမျိုးနွယ်ဆီ လာရှာခိုင်းလိုက်!"
"ငါ့နာမည် စုရွှမ်ကျီ"
"စု... စုရွှမ်ကျီ။ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်က တာအိုရွှမ်နယ်ပယ်ကို စိုးမိုးခဲ့ပြီး ဘယ်တိုက်ပွဲမှ မရှုံးနိမ့်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးလား"
"သူ... သူ အသက်ရှင်နေတုန်းပဲလား"
"စုရွှမ်ကျီ" ဆိုသော နာမည်သုံးလုံးကို ကြားလိုက်ရသည့်အခါ ထိုနေရာတွင်ရှိနေသော အကြီးအကဲအားလုံး မှင်တက်သွားကြသည်။ သူတို့၏ဦးနှောက်များ ဗလာနတ္ထိဖြစ်သွားပြီး စဉ်းစားနိုင်စွမ်း လုံးဝပျောက်ဆုံးသွားခဲ့သည်။
နောက်နေတာလား။
ဒီလိုတန်ခိုးရှင်မျိုးကို သူတို့က ရန်သွားစလို့ ဖြစ်ပါမလား။
"ကျုပ်တို့ မှတ်ထားလိုက်ပါ့မယ်!"
အကြီးအကဲများက မကျေနပ်သည့် အရိပ်အယောင်တစ်စက်မှမရှိဘဲ ကျယ်လောင်စွာ ပြန်ဖြေလိုက်ကြသည်။ သူတို့ မဝံ့ရဲကြချေ။
"မှတ်ထားရင်ပြီးတာပဲ။ နောက်ထပ် ပြဿနာရှာဦးမယ်ဆိုရင်တော့ မြောက်ပိုင်းနယ်မြေမှာ ငါတို့တစ်မိသားစုတည်းပဲ စိုးမိုးခြယ်လှယ်သွားဖို့ကို ငါဂရုစိုက်မှာမဟုတ်ဘူး!"
အေးစက်စက် သတိပေးစကားတစ်ခွန်း ချန်ထားခဲ့ပြီးနောက် ဆယ့်ရှစ်ဆက်မြောက် ဘိုးဘေးသည် ထိုက်ချူမြင့်မြတ်နယ်မြေမှ ပျောက်ကွယ်သွားခဲ့သည်။ အချိန်အတော်ကြာမှ ထိုက်ချူမြင့်မြတ်နယ်မြေမှ အကြီးအကဲများ ပြန်လည်သတိဝင်လာပြီး မြင့်မြတ်သခင်၏ လစ်လပ်နေသောနေရာကို ကြောင်ငေးကြည့်နေမိကြသည်။
စုမျိုးနွယ် ဧကရာဇ်၏ ဆယ့်ရှစ်ဆက်မြောက် ဘိုးဘေးသည် မသေဆုံးသေးရုံသာမက မြင့်မြတ်သခင်ကို သတ်ရန် တိုက်ရိုက်ရောက်လာလိမ့်မည်ဟု သူတို့အိပ်မက်ထဲမှာပင် မထင်ထားခဲ့ကြပေ။
ဘာလုပ်နိုင်မှာလဲ။
ဘိုးဘေးကြီးကို ခေါ်ရမှာလား။
ဒါပေမဲ့ ဘိုးဘေးကြီးက စုရွှမ်ကျီကို ယှဉ်နိုင်ပါ့မလား။
နောက်ပြီးတော့ ဒီကိစ္စမှာ အမှားလုပ်ခဲ့တာက သူတို့ရဲ့ မြင့်မြတ်နယ်မြေပဲ မဟုတ်လား။
မြောက်ပိုင်းနယ်မြေက လူတွေက အဖြစ်မှန်ကို မသိဘဲနေပါ့မလား။
ဒီအခြေအနေမှာ မြင့်မြတ်နယ်မြေအတွက် အကောင်းဆုံးရွေးချယ်မှုက... သည်းခံခြင်းပင်။
အကယ်၍ သည်းမခံဘူးဆိုရင် စုရွှမ်ကျီပြောသလိုပဲ မြင့်မြတ်နယ်မြေတစ်ခုလုံး ဆက်လက်တည်ရှိနေဖို့ အကြောင်းမရှိတော့ပေ။
......
ထိုက်ချူမြင့်မြတ်နယ်မြေနှင့် ပတ်သက်သည့်သတင်းသည် မြောက်ပိုင်းနယ်မြေတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
တစ်ခဏအတွင်း မြောက်ပိုင်းနယ်မြေတစ်ခုလုံး ပွက်လောရိုက်သွားခဲ့သည်။
မရေမတွက်နိုင်သော ငြင်းခုံမှုများသည် ဒီရေအလား ထိုဒေသ၏နေရာတိုင်းသို့ပျံ့နှံ့သွားခဲ့သည်။
"လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်က တာအိုရွှမ်နယ်ပယ်ကို စိုးမိုးခဲ့ပြီး ဘယ်တိုက်ပွဲမှ မရှုံးနိမ့်ခဲ့တဲ့ စုရွှမ်ကျီက အသက်ရှင်နေတုန်းပဲ။ တက်ကြွလန်းဆန်းနေပြီး အသက်ကုန်ဆုံးခါနီး လက္ခဏာ တစ်စက်မှမပြဘူးဆိုတာ ငါတော့မထင်ထားဘူး!"
"မယုံနိုင်စရာပဲ။ ဒီနေ့ကစပြီး မြောက်ပိုင်းနယ်မြေရဲ့ ကောင်းကင်က ပြောင်းလဲသွားပြီ။"
"စုမျိုးနွယ် ဧကရာဇ်မျိုးနွယ်က ခန့်မှန်းလို့မရနိုင်တဲ့ အင်အားရှိပြီး မြောက်ပိုင်းနယ်မြေရဲ့ တစ်ခုတည်းသော အင်အားကြီးအဖွဲ့ ဖြစ်လာတော့မယ်!"
"နောက်ဆိုရင် ကောင်းကင်ကကြွေကျလာတဲ့ အကြွေစေ့တိုင်းဟာ စုမျိုးနွယ်ရဲ့နာမည်ကို ခံယူရလိမ့်မယ်!"
ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်။
နောက်တစ်ကြိမ် စုရွှမ်နှင့်တွေ့သည့်အခါ အနိုင်ယူရန်ကြိုးစားနေသော လမ့်ရိုလီသည်လည်း ထိုက်ချူမြင့်မြတ်နယ်မြေ သတင်းကို ကြားသိခဲ့သော်လည်း သိပ်ပြီး အံ့ဩမနေခဲ့ပေ။
သူမသည် ထိုအရာများကို လုံးဝစိတ်မဝင်စားပါ။ သူမစိတ်ထဲတွင် ကျင့်ကြံခြင်းနှင့် စုရွှမ်ကို လက်စားချေရန်သာ ရှိသည်။ သို့သော် လမ့်ရိုလီ စိတ်မဝင်စားသော်လည်း ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်မှ အခြားသူများကတော့ စိတ်ဝင်စားကြသည်။
လမ့်ရိုလီမှလွဲ၍ အခြားသူအားလုံးသည် ဝမ်းသာအားရဖြစ်ကာ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ ဤအခြေအနေအရဆိုလျှင် စုမျိုးနွယ်သည် မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို အသေအချာ စိုးမိုးတော့မည်ဖြစ်သည်။
သူတို့ ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်၏ သခင်မလေးမှာ စုမျိုးနွယ်၏ ဧကရာဇ်သားတော်၏ မိန်းဖြစ်၏။ ဤဆက်ဆံရေးနှင့်ဆိုလျှင် မြောက်ပိုင်းနယ်မြေမှ မည်သည့်အင်အားစုက ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်ကို တိုက်ခိုက်ရန် သတ္တိရှိဦးမည်နည်း။
ရေမြင့်လျှင် ကြာမြင့်သကဲ့သို့ ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်သည် သူတို့၏ အကောင်းဆုံးသော နှစ်တစ်ထောင်ကို ရောက်ရှိလာတော့မည်ဖြစ်သည်။
စုမျိုးနွယ် ဘိုးဘေးခန်းမ။
စုရွှမ်သည် လျှို့ဝှက်နယ်မြေထဲတွင် နာရီပေါင်းများစွာ နေခဲ့ပြီဖြစ်သည်။
ထိုအတောအတွင်း စုရွှမ်သည် ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်လက်သီးသိုင်းကို လေ့ကျင့်လေ့လာနေခဲ့သည်။
စနစ်က မိတ်ဆက်ပေးသည့်အတိုင်း ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်လက်သီးသိုင်းသည် အဆင့်အမြင့်ဆုံး တိုက်ခိုက်ရေး နတ်ဘုရားစွမ်းအင်တစ်ခု ဖြစ်သည်။
ဤနတ်ဘုရားစွမ်းအင်သည် အလွန်အမင်း စိုးမိုးနိုင်စွမ်းရှိသည်။ လက်သီးတစ်စုံဖြင့် ဘုံခြောက်ပါးကို ချေမှုန်းပြီး သံသရာစက်ဝန်းကို ဖြတ်တောက်နိုင်၏။ သေချာလေ့လာပြီးနောက် စုရွှမ်သည် လုံးဝ အံ့အားသင့်သွားသည်။
ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်လက်သီးသိုင်းသည် ပြိုင်ဘက်ကင်း၏။ အမြင့်ဆုံးအဆင့်ထိ လေ့ကျင့်နိုင်ပါက လောကရှိ အရာအားလုံးကို ဖျက်ဆီးနိုင်၏။
မြို့များကို ဖျက်ဆီးခြင်း၊ တောင်များကို ဖြိုချခြင်း၊ ကြယ်များကို ချေမှုန်းခြင်းနှင့် လကို ခွဲခြမ်းခြင်းတို့သည် လုံးဝပြဿနာမဟုတ်ပေ။
"ငါ့လက်သီးက ကောင်းကင်ဘုံကိုတောင် တုန်လှုပ်စေလိမ့်မယ်။ ငါဟာ ပြင်ပအရာအားလုံးကို စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ယုံကြည်မယ်။ ငါ့ရဲ့ သံမဏိလက်သီးတစ်စုံနဲ့ ငါ့ကိုမနာခံတဲ့သူအားလုံးကို ချေမှုန်းပစ်မယ်။"
"ဒါဟာ အနိုင်မခံအရှုံးမပေးတဲ့ ယုံကြည်ချက်ပဲ။ နောက်ပိုင်းအဆင့်တွေအထိ ကျင့်ကြံသွားရင် ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်လက်သီးသိုင်းဟာ သခင်ဖြစ်လာပြီး သူ့ရဲ့စွမ်းအားက ကမ္ဘာလောကကြီးရဲ့ ထောင့်စွန်းကို ရောက်ရှိနိုင်ပြီး စိတ်ကူးလို့တောင်မရနိုင်ဘူး။"
"အဲ့ဒီအချိန်ကျရင် ဒီလောကမှာ ဘယ်သူမှ ငါ့ကို တားနိုင်မှာမဟုတ်ဘူး"
စုရွှမ်သည် အံ့အားသင့်သွားပြီး သူ၏မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။
"စနစ်က ချီးမြှင့်တဲ့ နတ်ဘုရားစွမ်းအင်နဲ့ ထိုက်တန်ပါပေတယ်။ မြင့်မြတ်နယ်မြေအမွေအနှစ်တော်တော်များများကိုတောင် ချေမှုန်းဖို့ လုံလောက်တယ်။" သက်ပြင်းတစ်ချက်ချရင်း စုရွှမ် လက်သီးတစ်ချက် ထိုးလိုက်သည်။
ဘုန်း!
တစ်ခဏအတွင်းမှာပင် တုန်လှုပ်ဖွယ်ရာ လက်သီးအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အရာအားလုံးကို ထိုးဖောက်ကာ အာကာသကိုပင် ချေမှုန်းလုနီးပါး ဖြစ်သွားသည်။
စုရွှမ် လက်သီးတစ်ချက် ထိုးလိုက်သည့်အခါ ရှေးဟောင်းစစ်မြေပြင်ပေါ်တွင် ရပ်နေသော ပုံရိပ်တစ်ခုကို ထင်ယောင်ထင်မှား မြင်လိုက်ရပြီး သူ၏လက်သီးတစ်စုံဖြင့် အရာအားလုံးကို နှိမ်နင်းကာ မျိုးနွယ်အားလုံးကို ချေမှုန်းနေခဲ့သည်။
တစ်ချက်ပြီးတစ်ချက် ထိုးလိုက်သော ထိုတုန်လှုပ်ဖွယ်ရာ လက်သီးအလင်းတန်းများသည် အရာအားလုံးကို ဖျက်ဆီးပြီး ကြောက်မက်ဖွယ်ကောင်းသော လက်သီးအလင်းတန်းများသည် မရေမတွက်နိုင်သော ဂလက်ဆီများကို ထိုးဖောက်ကာ ဆက်လက်တောက်ပနေခဲ့သည်။
စုရွှမ်၏မျက်နှာပေါ်တွင် ပျော်ရွှင်သည့်အမူအရာတစ်ခု ပေါ်လာပြီး သူသည် ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်လက်သီးသိုင်းကို ကျွမ်းကျင်သွားပြီဖြစ်ကြောင်း သိလိုက်သည်။
အခုမှ အစပျိုးရုံသာရှိသေး၏။ ဒီလောက်စွမ်းအားကြီးနေပြီ။
အပြည့်အဝ ကျွမ်းကျင်သွားလျှင် မည်မျှကြောက်စရာကောင်းမည်ကို စိတ်ကူးရပင်ခက်သည်။
"ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်လက်သီးသိုင်းနဲ့ အဓိပတိရိုးပေါင်းစပ်နည်းစနစ်ရှိနေရင် အရှေ့ပိုင်းစွန့်ပစ်နယ်မြေက ထူးဆန်းတဲ့ကောင်တွေကိုတောင် ငါကြောက်စရာမလိုတော့ဘူး!"
စုရွှမ်သည် အနည်းငယ်ပြုံးလိုက်ပြီး တိုးညင်းစွာ ရေရွတ်ရင်း သက်ပြင်းချလိုက်သည်။ တစ်ချိန်တည်းမှာပင် စုရွှမ်သည် သတင်းကောင်းတစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအရာမှာ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ နိုးထလာခြင်းနှင့်အတူ သူ၏ကျင့်ကြံရေးပါရမီသာမက သူ၏နားလည်နိုင်စွမ်းသည်လည်း ကြောက်စရာကောင်းလောက်အောင် တိုးတက်လာခြင်းပင်ဖြစ်သည်။
ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်လက်သီးသိုင်းသည် နားလည်ရန်ခက်ခဲပြီး နက်နဲသော ပညာရပ်တစ်ခုဖြစ်သည်။ အကယ်၍ ယခင် စုရွှမ်သာ လေ့ကျင့်မည်ဆိုလျှင် အစပျိုးရန် အနည်းဆုံး လဝက်ခန့် အချိန်ယူရပေလိမ့်မည်။ ယခုမူ စုရွှမ်သည် နာရီအနည်းငယ်အတွင်းမှာပင် လုပ်ဆောင်နိုင်ခဲ့သည်။
"ဒီလိုနဲ့ ထိပ်ဆုံးကိုတက်လှမ်းဖို့ လမ်းစပွင့်သွားပြီ။"
"စုမို...ရှင် ...ရှင် ဘာလုပ်နေတာလဲ။ ကျွန်မအနား... ကျွန်မအနားကို မကပ်နဲ့"
"ရှင် ထပ်တိုးလာရင် ကျွန်မအော်လိုက်မှာနော်!"
"ဟားဟားဟား... အော်လေ၊ အော်လိုက်စမ်းပါ။ ဒီနေ့ မင်းအသံကွဲအောင်အော်တောင်မှ မင်းကိုလာကယ်မယ့်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး"
စုရွှမ် သူ၏တိုးတက်လာသော ပါရမီအတွက် ပျော်ရွှင်နေစဉ်မှာပင် ကျယ်လောင်သောအော်သံအချို့က သူရှိနေသောနေရာ၏ တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွင်းလိုက်သည်။
ဟမ်။ ဘာတွေဖြစ်နေတာလဲ။
ဒီလိုနေ့ခင်းကြောင်တောင်ကြီးမှာ ငါ့ရှေ့မှာ ဒီလိုရှက်ဖွယ်ကောင်းတဲ့အလုပ်ကို ဘယ်သူက လုပ်ရဲတာလဲ။
စုရွှမ်သည် အသံလာရာဘက်သို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် အမျိုးသားတစ်ဦးသည် အဝတ်အစား ဖရိုဖရဲဖြစ်ပြီး ဝတ်များပြဲနေသော အမျိုးသမီးတစ်ယောက်ကို လိုက်ဖမ်းနေသည်။ သူတို့နှစ်ဦး၏ စကားပြောဆိုမှုများကလည်း အလွန်အမင်း စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်နေသည်။
ထိုမြင်ကွင်းက စုရွှမ်၏မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းသွားစေသည်။ ဒီလျှို့ဝှက်နယ်မြေထဲမှာ ဒီလိုတိရစ္ဆာန်လိုကောင်တွေကို ရမ်းကားခွင့်ပြုထားလို့ ဘယ်ဖြစ်မလဲ။