စုရွှမ်၏ ပေါ်ထွက်လာမှုနှင့် ပါရမီရှင်အားလုံးအား တုန်လှုပ်စေခြင်း
Vol. 2 Ch. 27
“ဟားဟား… ကျီဖူမြင့်မြတ်သားတော်၊ ယောင်ကွမ်းမြင့်မြတ်သမီးေတာ်၊ ဓားခန်းမရဲ့ တမွေဆက်ခံသူ၊ ခင်ဗျားတို့ တကယ်ပဲ တာယန်မြင့်မြတ်သားတော်ရဲ့ ဖိနှိပ်တာကို ခံလိုက်ရတာလား”
ထိုသူသုံးဦးသည် ဤနေရာသို့ ရောက်ရှိလာသည်နှင့် ကျဲ့ထျန်းဂိုဏ်း၏ မြင့်မြတ်သားတော် နျဲချန်းက တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
တစ်ခဏအတွင်း၌ပင် ရှိနေကြသော ပါရမီရှင်အားလုံး၏ မျက်လုံးများသည် ထိုသူသုံးဦးထံသို့ စုပြုံရောက်ရှိသွား၏။
သိသည့်အတိုင်း ရှေ့ပိုင်းစွန့်ပစ်နယ်မြေ၏ ပါရမီရှင်များသည် အပြောင်းအလဲ ရှိသော်လည်း အချိန်အများစုတွင်မူ ပုံသေဖြစ်လေသည်။ ယခုအခါ တာယန်မြင့်မြတ်သားတော်နှင့် ပတ်သက်သည့် ကောလာဟလများသာ မှန်ကန်ခဲ့မည်ဆိုလျှင်မူ ကာလရှည်ကြာ တည်ရှိနေခဲ့သော ဟန်ချက်ညီမှုကို ပျက်ယွင်းသွားစေပေလိမ့်မည်။
ဝူးး ရုတ်တရက် အဆုံးမဲ့သော စတောနက်ကြီးထဲမှ နားကွဲမတတ် ဟိန်းသံကြီးတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာလေသည်။ တစ်ခဏအတွင်း၌ပင် ပါရမီရှင်အားလုံး၏ ခန္ဓာကိုယ်များသည် ပြင်းထန်စွာ တုန်ယင်သွားကြသည်။
ထိုရုတ်တရက် ဟိန်းလိုက်သောသံကြောင့် သူတို့ ထိတ်လန့်သွားခဲ့ကြခြင်း ဖြစ်သည်။ ထိုဟိန်းသံသည် တောနက်ကြီး၏ အတွင်းပိုင်းမှ ရှေးဟောင်းမျိုးနွယ်တစ်ဦးထံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သံသယရှိဖွယ်မရှိပေ။ ဤဟိန်းသံမှာ အစစ်အမှန်သွေးမျိုးဆက်ရှိသောသတ္တဝါတစ်ကောင်၏ ဟိန်းသံဖြစ်၏။
ကျယ်ပြန့်လှသော တောနက်ကြီးသည် မီးခိုးရောင်မြူများနှင့် ပြည့်နှက်နေပြီး မီးခိုးငွေ့များဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ လေထုထဲ၌ ထူးဆန်းပြီး နက်နဲလှသော လျှို့ဝှက်သည့် အငွေ့အသက်မျိုး ရှိနေလေသည်။
တောနက်၏ အနက်ရှိုင်းဆုံးအပိုင်း၌မူ အဓိပတိတစ်ပါး၏ ထင်ရှားသော အရှိန်အဝါတစ်ခု ရှိနေ၏။ ထိုအရာမှာ အဓိပတိလျှို့ဝှက်နယ်မြေပင်တည်း။ အဓိပတိလျှို့ဝှက်နယ်မြေသည် အဓိပတိပုဂ္ဂိုလ်တစ်ဦးမှ ချန်ရစ်ခဲ့သော အမွေအနှစ်ဖြစ်ပြီး အတွင်း၌ရှိသော အခွင့်အရေးများမှာ အလွန်အမင်း ဆွဲဆောင်မှုရှိ၏။
“အဓိပတိလျှို့ဝှက်နယ်မြေက တောနက်ကြီးရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာ ရှိတယ်။ သွားကြစို့!”
ကျင့်ကြံသူတစ်ဦးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ နောက်တစ်ခဏတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် တောနက်ကြီးထဲသို့ ပြေးဝင်သွားကြပြီး အားလုံးမှာ အဓိပတိလျှို့ဝှက်နယ်မြေသို့ ပထမဆုံးဝင်ရောက်ကာ အခွင့်အရေးကို ရယူလိုကြသည်။ မကြာမီပင် စွန့်ပစ်တောနက်ကြီးအတွင်း၌ တိုက်ပွဲတစ်ခု ဖြစ်ပွားလေသည်။
ထိုတိုက်ပွဲသည် ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ပါရမီရှင်များနှင့် ရှေးဟောင်းအကြွင်းအကျန်မျိုးဆက်များကြားမှ ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်၏။
ရှေးဟောင်းမျိုးဆက်အများစုသည် နတ်နဂါးအသွင်ပြောင်းခြင်းအဆင့်မှ အစွမ်းရှိကြရာ ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ပါရမီရှင်များနှင့် အဆင့်တူနီးပါး ရှိနေသည်။ ထို့ကြောင့် တိုက်ပွဲမှာ အနည်းငယ် တင်းမာနေလေသည်။
အင်အားစုငယ်လေးများသည် သိပ်မဟန်ရာ ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ပါရမီရှင်အချို့သည် မကြာမီမှာပင် ကျဆုံးလာကြသည်။
သို့သော် လင်းတီ၊ တောက်ရီ နှင့် နျဲချန်းကဲ့သို့သော ပါရမီရှင်စာရင်း၏ ထိပ်ဆုံး၌ ရှိနေသည့် ပါရမီရှင်များမှာမူ အေးအေးလူလူ ရှိနေပြီး ရှေးဟောင်းမျိုးဆက်များကြောင့် ထိခိုက်ဒဏ်ရာ ရရှိမည် မဟုတ်ပေ။
“အဓိပတိရဲ့ အရှိန်အဝါက တောနက်ကြီးရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာ ရှိနေတာပဲ”
စုရွှမ်သည် ကောင်းကင်ထက်၌ ပေါ်လာပြီး အောက်ဘက်မှ ပြင်းထန်သော တိုက်ပွဲမြင်ကွင်းကို စိုက်ကြည့်ရင်း အနည်းငယ် ပြုံးလိုက်သည်။
နောက်တစ်ခဏ၌ စုရွှမ်သည် ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ပါရမီရှင်များစွာ၏ အလယ်ဗဟိုတွင် ပေါ်ထွက်လာသည်။
စုရွှမ်၏ ရုတ်တရက် ပေါ်ထွက်လာမှုသည် ရှိနေကြသော ပါရမီရှင်အားလုံးကို တစ်ခဏမျှ မှင်တက်သွားစေသည်။ သို့သော် သူတို့ စုရွှမ်ကို ကြည့်လိုက်ကြသည့်အခါ ကျောက်ရုပ်များကဲ့သို့ ဖြစ်သွားကြ၏။
သူ၏ နှင်းကဲ့သို့ ဖြူစင်သော ဝတ်ရုံဖြူ၊ ကျောက်စိမ်းကဲ့သို့ ချောမောသော ရုပ်သွင်နှင့် ပြိုင်ဘက်ကင်းသော ဥပဓိရုပ်မျိုး ရှိနေသည်။ သူ့နောက်တွင် ဟွမ်သွမ့်ကြာပန်းစိမ်းသည် လှုပ်ယမ်းနေပြီး ခမ်းနားထည်ဝါသော တောင်တန်းများနှင့် မြစ်ချောင်းများ တက်လိုက်ကျလိုက် ဖြစ်ပေါ်နေကာ အမတဘုရင်တစ်ပါးသည် ကောင်းကင်ဘုံ၌ တင့်တယ်စွာ ထိုင်နေလေ၏။
နတ်အလင်းတန်းများဖြင့် ရစ်ပတ်ထားရာ သူသည် အစစ်အမှန် နတ်ဘုရားတစ်ပါးနှင့်ပင် တူလှသည်။
“ချီးးး... ဟွမ်သွမ့်ကြာပန်းစိမ်း၊ ကောင်းကင်ဘုံကိုးခုမှ အမတဘုရင်ဆင်းသက်ခြင်း၊ မဟာဧကရာဇ် ပုံရိပ်နှစ်ခု ပေါ်ထွက်လာတာပါလား။ ဒီလူက… တာယန်မြင့်မြတ်သားတော်လား”
“သောက်ကျိုးနည်း။ ကောလာဟလတွေက မှန်ရုံတင်မကဘူး၊ တော်တော်လေး နိမ့်ချပြီး ပြောထားတာပဲ။ ဒီမဟာဧကရာဇ်ပုံရိပ်နှစ်ခုနဲ့သာဆိုရင် သူက မျက်မှောက်ခေတ် ဧကရာဇ်လို့ပြောရင်တောင် ငါယုံတယ်”
“ ဒါ တာယန်မြင့်မြတ်သားတော်လား။ ကြောက်စရာကောင်းတဲ့ ဖိနှိပ်နိုင်စွမ်းကြီးပါလား”
“…”
စုရွှမ်သည် ထိုနေရာ၌ မလှုပ်မယှက် ရပ်နေရုံသာဖြစ်သော်လည်း သူသည် လူတိုင်းအား ကြောက်မက်ဖွယ် ဖိအားပေးနိုင်စွမ်းကို ခံစားစေကာ နေရာတစ်ခုလုံးသည် အေးခဲသွားသကဲ့သို့ ရှိလေသည်။
စုရွှမ်သည် ကံကြမ္မာနှင့် အလွန်တူလှသည်။ သူသည် ရှေးသမိုင်း၌ မှတ်တမ်းတင်ထားသော ဧကရာဇ်သားတော်များထက်ပင် ပို၍ ထက်မြက်တောက်ပ၏။
“သူ… သူလည်း ဒီကို ရောက်နေတာပဲ…”
ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ပါရမီရှင်များထဲမှ သုံးဦးမှာ အလွန်ထိတ်လန့်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်များသည် တုန်ယင်လာပြီး မျက်နှာပျက်သွားကြသည်။
ထိုသူသုံးဦးမှာ ကျီဖူမြင့်မြတ်သားတော်၊ ယောင်ကွမ်းမြင့်မြတ်သမီးေတာ်နှင့် ဓားခန်းမမှ ဓားသားတော်တို့ပင် ဖြစ်ကြသည်။ လွန်ခဲ့သောတစ်ကြိမ်က တာယန်မြင့်မြတ်နယ်မြေ၌ စုရွှမ်၏ လွယ်ကူစွာ ဖိနှိပ်ခြင်းကို ခံခဲ့ရပြီးနောက် သူတို့သုံးဦး၏ နှလုံးသားထဲတွင် စုရွှမ်၏ အရိပ်မည်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူတို့ စုရွှမ်ကို မြင်လိုက်ရသည့်အခါ ထိုနေ့သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤအခိုက်အတန့်တွင် သူတို့သည် နောက်ပြန်လှည့်သင့်၊ မလှည့်သင့်ကိုပင် စဉ်းစားနေကြလေသည်။
“ဒီတာယန်မြင့်မြတ်သားတော်က ပဟွမ်သွမ့်ကြာပန်းစိမ်းကို တကယ် ကျင့်ကြံနိုင်ခဲ့တာပဲ။ ကောင်းကင်ဘုံကိုးခုမှ အမတဘုရင်ဆင်းသက်ခြင်းတောင်ရှိသေးတယ် ဒါက ကောလာဟလတွေထဲကထက် ပိုပြီး ချဲ့ကားထားတာပဲ။ ရှေ့ပိုင်းစွန့်ပစ်နယ်မြေရဲ့ နံပါတ်တစ် ပါရမီရှင်နေရာကို တကယ်ပဲ အစားထိုးရတော့မှာလား”
စုရွှမ်၏ ရုပ်သွင်အမှန်ကို မြင်တွေ့ပြီးနောက် ရှေ့ပိုင်းစွန့်ပစ်နယ်မြေ ပါရမီရှင်စာရင်းမှ နံပါတ်တစ်ဖြစ်သူပင်လျှင် မိမိကိုယ်မိမိ အားငယ်စိတ် ဝင်လာသည်။
“မဟုတ်ဘူး။ မဟုတ်ဘူး။ ငါ ဒီလို တွေးလို့မရဘူး။ ဒီကောင်လေးက ငါ့ယုံကြည်မှုကို ဖျက်ဆီးချင်နေတာ။ ငါ လင်းတီက မွေးရာပါ သူတော်စင်တစ်ပါး။ သူ့ထက် နိမ့်ကျစရာအကြောင်း လုံးဝမရှိဘူး။”
လင်းတီသည် သူ၏ စိတ်အခြေအနေကို လျင်မြန်စွာ ပြန်လည်ထိန်းညှိလိုက်သည်။
“တာယန်မြင့်မြတ်သားတော်ရဲ့ ပါရမီက တကယ်ပဲ နည်းနည်း ချဲ့ကားလွန်းမနေဘူးလား”
“သူ အခု ဘယ်အဆင့်မှာ ရှိနေတာလဲ။ ငါ ဘာလို့ သူ့ကို ထွင်းဖောက် မမြင်နိုင်ရတာလဲ”
ဂိုဏ်းကြီးနှစ်ခုမှ မြင့်မြတ်သားတော်များဖြစ်သော တောက်ရီနှင့် နျဲချန်းတို့သည်လည်း အကျပ်အတည်းဖြစ်နေသည်ဟု ခံစားလိုက်ရသည်။
အထူးသဖြင့် ဘူထျန်းဂိုဏ်းမှ တောက်ရီ ဖြစ်သည်။ ရှေ့ပိုင်းစွန့်ပစ်နယ်မြေ ပါရမီရှင်စာရင်း၏ တတိယနေရာတွင် ရှိသူအနေဖြင့် သူသည် ခရီးတစ်လျှောက် ပြိုင်ဘက်ဟူ၍ ကြုံတောင့်ကြုံခဲသာ တွေ့ဖူးသည်။ သို့သော် ယနေ့တွင် သူသည် စုရွှမ်ထံမှ ကြောက်ရွံ့စိတ်ကိုပင် ခံစားလိုက်ရ၏။ ဤခံစားချက်သည် သူ၏ ဦးရေပြားကိုပင် ထုံကျင်သွားစေသည်။
“ရား”
ရုတ်တရက် ရှေးဟောင်းမျိုးဆက်တယောက်၏ ဟိန်းသံကြောင့် လူတိုင်း သတိပြန်ဝင်လာကြသည်။ ရုတ်တရက်ပင် မီးရောင်များ လွှမ်းခြုံနေသော မြွေကြီးတစ်ကောင်သည် တောနက်အတွင်းမှ ခုန်ထွက်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်သည် ထူထဲသောနဂါးအကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး နီရောင်အလင်းများဖြင့် တောက်ပနေခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ တောင်တစ်လုံးကဲ့သို့ ကြီးမားလှပြီး လိမ်ကောက်နေသော ကိုယ်ထည်ပေါ်မှ နဂါးအကြေးခွံများသည် လူတို့အား မကျော်လွှားနိုင်သော အစွမ်းကို ခံစားရစေသည်။
အကြောက်စရာအကောင်းဆုံးမှာ သူ၏ သွေးနီရောင် မျက်လုံးတစ်စုံဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှုများ ပေါ်လွင်နေကာ လူကို တုန်လှုပ်စေသည်။
“ဒါက… သွေးမီးလျှံမြွေနဂါးပဲ!”
တစ်ခဏအတွင်း၌ တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်ရာ သူ၏ အသံမှာ တုန်ယင်နေသည်။
“သွေးမီးလျှံမြွေနဂါးက တစ်ကိုယ်လုံး အဆိပ်ရှိရုံတင်မကဘူး၊ သူထုတ်လွှတ်တဲ့ မီးတောက်တွေကလည်း အဆိပ်သင့်စေတယ်။ အရမ်းကို ဒုက္ခများတဲ့အကောင်ပဲ”
“ဒါ့အပြင် ဒီသွေးမီးလျှံမြွေနဂါးက နတ်နဂါးအသွင်ပြောင်းခြင်းရဲ့ နှောင်းပိုင်းအဆင့်ကို ရောက်နေပြီ။ လူသားတွေရဲ့ နတ်နဂါးအသွင်ပြောင်းခြင်းအဆင့် ခုနစ်ဆင့်နဲ့ ညီမျှတယ်။ ငါထင်တာတော ကိုင်တွယ်ရ ခက်လိမ့်မယ်”
ကျန်းမိသားစုမှ ဧကရာဇ်သားတော် ကျန်းဝူကျီက လူတိုင်းအား ရှင်းပြလိုက်သည်။
“နတ်နဂါးအသွင်ပြောင်းခြင်း အဆင့်ခုနှစ်။ ဒါဆို ဒီမှာရှိတဲ့ ပါရမီရှင်တွေထဲမှာ သူ့ကို ယှဉ်နိုင်တဲ့သူ နည်းနည်းလေးပဲ ရှိတယ်ဆိုတဲ့ သဘောလား”
“ဘယ်သူ… ဘယ်သူက အရင်ဆုံး ဒီမြွေနဂါးကို သွားနှိမ်နင်းမှာလဲ”
မည်သူမျှ အဖြေမပေးကြပေ။ ဤအခိုက်အတန့်တွင် မည်သူမျှ ပထမဆုံး ခြေလှမ်းလှမ်းရန် ဆန္ဒမရှိကြပေ။ ၎င်းသည် အင်အားကုန်ခန်းစေရုံသာမက ဒဏ်ရာရရှိစေနိုင်သည်။ ဤအဓိပတိလျှို့ဝှက်နယ်မြေသည် လူများစွာကို ဆွဲဆောင်ထားရာ မည်သူမျှ ပြိုင်ပွဲမှ စောစီးစွာ ထွက်ခွာလိုခြင်း မရှိကြပေ။
ရွှမ်းးး
ရုတ်တရက် လေဟာနယ်ထဲ၌ အဆုံးမဲ့သော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ဘုန်း!
တစ်ခဏအတွင်း၌ပင် ဧရာမမြွေနဂါးသည် နှစ်ပိုင်းပြတ်သွားလေသည်။
တစ်ပိုင်းမှာ မြွေခန္ဓဖြစ်ပြီး တစ်ပိုင်းမှာ မြွေခေါင်းဖြစ်၏။ မြေပြင်ပေါ်တွင်ပင် မြွေခေါင်းသည် မီးတောက်များကို ဆက်လက် ထုတ်လွှတ်နေပြီး ပါရမီရှင်အချို့ကို ဝါးမျိုရန် ကြိုးစားနေခဲ့သည်။
လခွမ်
တစ်ခဏအတွင်း၌ နေရာတစ်ခုလုံး အေးခဲသွားသည်။ အသံတစ်စက်မျှပင် မထွက်ပေါ်တော့ပေ။
အသက်ပြင်းပြင်းရှူမိသော ပါရမီရှင်အချို့မှလွဲ၍ လက်စွမ်းပြသွားသူမှာ သံသယဖြစ်ဖွယ်မရှိဘဲ စုရွှမ်ပင် ဖြစ်သည်။ ဤအခိုက်အတန့်တွင် စုရွှမ်က တည်ငြိမ်နေ၏။
နတ်နဂါးအသွင်ပြောင်းခြင်း အဆင့်ခုနစ်ရှိသော ရှေးဟောင်းမျိုးဆက်တစ်ကောင်သာ ဖြစ်သည်။ သူ့အတွ ပုရွက်ဆိတ်တကောသာသာဖြစ်သည်။
လူတိုင်း၏ မျက်လုံးများသည် သူ့ထံ၌ စုစည်းနေသည်ကို မြင်သောအခါ စုရွှမ်သည် ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် သူ၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားသည်။
“လက်လေ့ကျင့်ခန်း လုပ်လိုက်ရုံပါပဲ”