← Chapters

လမ့်ရိုလီရောက်လာခြင်း

Vol. 2 Ch. 28

လမ့်ရိုလီရောက်လာခြင်း

Vol. 2 Ch. 28

စုရွှမ်၏ ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းများကို မြင်တွေ့လိုက်ရသောအခါ ရှိနေကြသော ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ပါရမီရှင်များအားလုံးသည် အလွန်အမင်း ထိတ်လန့်အံ့ဩသွားကြကာ အာမေဋိတ်သံများ ပြုလိုက်ကြလေသည်။

“ဘုရားရေ။ ဒါက တာယန်မြင့်မြတ်နယ်မြေ သားတော်ရဲ့ စွမ်းအားလား။ သူက နတ်နဂါးအသွင်ပြောင်းခြင်းအဆင့် နှောင်းပိုင်း ရှေးဟောင်းမျိုးဆက်တစ်ကောင်ကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်တယ်ဆိုတော့...”

“နတ်နဂါးအသွင်ပြောင်းခြင်းနှောင်းပိုင်းအဆင့်ကိုတောင် ချေမှုန်းနိုင်တာ သူ့ရဲ့စွမ်းအားက ဘယ်အဆင့်လောက် ရောက်နေပြီလဲ။ ကြောက်စရာကောင်းလောက်အောင် စိတ်ကူးမယဉ်နိုင်စရာပဲ မဟုတ်လား။”

“ဟမ် သူ့ရဲ့ဓားသိုင်းပညာက ဘယ်တုန်းက ဒီလောက် ကြောက်စရာကောင်းသွားရတာလဲ။ ခုနက သူ လက်ကို ဖြစ်သလို ဝှေ့ယမ်းလိုက်တာနဲ့ ဖြစ်ပေါ်လာတဲ့ ဓားစွမ်းအင်က မူလဓားဆန္ဒကိုတောင် သယ်ဆောင်သွားပုံပဲ...”

ဓားခန်းမ၏ မျိုးဆက်ဖြစ်သော ဓားသားတော်သည် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေလေသည်။

တာယန်မြင့်မြတ်နယ်မြေ သားတော်က တခြားကဏ္ဍတွေမှာ အစွမ်းထက်နေတာက ကိစ္စမရှိပေမဲ့ ဘာဖြစ်လို့ ဓားလမ်းစဉ်မှာပါ ဒီလောက် ကြောက်စရာကောင်းနေရတာလဲ။ ခုနက ဓားချက်ကိုသာ သူကိုယ်တိုင် ပြန်လုပ်ကြည့်မည်ဆိုလျှင် အလွန်ပင် ခက်ခဲပေလိမ့်မည်။

“အဓိပတိလျှို့ဝှက်နယ်မြေက ဒီတောအုပ်ရဲ့ အတွင်းပိုင်းထဲမှာ ရှိတာ သေချာတယ်”

ရုတ်တရက် နူးညံ့သောအသံတစ်ခုသည် လေဟာနယ်ထဲတွင် ထွက်ပေါ်လာလေသည်။ ထို့နောက်တွင်မူ အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုသည် ကောင်းကင်မှ ဆင်းသက်လာသည်။

ရှူး

တစ်ခဏအတွင်း၌ အာကာသသည် တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားပြန်သည်။ သို့သော် ဤတစ်ကြိမ်မှာမူ ထိတ်လန့်ခြင်းကြောင့် မဟုတ်ဘဲ... မှင်တက်မိခြင်းကြောင့် ဖြစ်လေသည်။ ပြီးပြည့်စုံလွန်းလှ၏။ တကယ့်အစစ်အမှန်ဟုပင် မထင်မှတ်ရလောက်အောင် ပြီးပြည့်စုံလှ၏။

ဒါက ဘယ်လိုအမျိုးသမီးမျိုးပါလိမ့်။

သူမသည် အဖြူရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး အနက်ရောင် ဆံနွယ်မျှင်ပေါင်း သုံးထောင်မှာမူ ခါးအထိ ကျဆင်းနေသည်။ သူမ၏ မျက်နှာသွင်ပြင်မှာ ပန်းပုရုပ်များကဲ့သို့ သေသပ်ပြီး အပြစ်အနာအဆာကင်းကာ ဤလောက၏ အပြီးပြည့်စုံဆုံးသော အနုပညာလက်ရာတစ်ခုဟုပင် ခေါ်ဆိုနိုင်ပေသည်။

သူမ၏ အသားအရေမှာ အကောင်းမွန်ဆုံးသော ကျောက်စိမ်းဖြူကဲ့သို့ ဖွေးဥနေပြီး သန့်စင်သော နတ်အလင်းရောင်များ ထုတ်လွှတ်နေ၏။

အထူးသဖြင့် ကြယ်တာရာများကဲ့သို့သော မျက်လုံးတစ်စုံသည် မရေမတွက်နိုင်သော လူတို့၏ နှလုံးသားကို ဖမ်းစားနိုင်စွမ်းရှိ၏။

အရေးကြီးဆုံးမှာ သူမ၏ ကျင့်ကြံခြင်းအဆင့်သည်ပင် နက်နဲလှသည်။

သို့သော် သူမထံမှ ထွက်ပေါ်နေသော အရှိန်အဝါတစ်ခုတည်းကပင် လူအများကို သူမသည် သာမန်မဟုတ်ကြောင်း သိရှိစေသည်။ သူမသည် အလှပြပန်းအိုးလေးတစ်လုံးသာ မဟုတ်ဘဲ တကယ့်ကို ပါရမီရှင်တစ်ဦးပင်။

“အရမ်းလှတဲ့ မိန်းကလေးပဲ၊ သူက ဘယ်သူလဲ။”

တစ်စုံတစ်ယောက်သည် အသက်ကို ပြင်းပြင်းရှူသွင်းကာ မေးလိုက်သည်။

“မသိဘူး။ သူ့ကို တစ်ခါမှ မမြင်ဖူးဘူး။ ဒီလိုလူတစ်ယောက်ရှိတယ်လို့လည်း မကြားဖူးဘူး။ ဒါပေမဲ့ သူ့ရဲ့ အရှိန်အဝါကို ကြည့်ရတာတော့ သာမန်မဟုတ်လောက်ဘူး... တခြားနယ်မြေက ပါရမီရှင်တစ်ယောက်များ ဖြစ်မလား။”

“ဟင်။ ဒါ ငါ့ကို ဖိနှိပ်သွားတဲ့ မိန်းကလေး မဟုတ်လား။”

ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ဧကရာဇ်မျိုးနွယ်မိသားစုတစ်ခုဖြစ်သော ချန်မိသားစု၏ ဧကရာဇ်သားတော် ချန်းချန်ရှန်၏ မျက်လုံးများထဲတွင် အံ့အားသင့်ခြင်းနှင့် သံသယတို့၏ အရိပ်အယောင်များ ထင်ဟပ်နေလေသည်။

လွန်ခဲ့သော တစ်ရက်ကပင် သူသည် ရှေ့ပိုင်းစွန့်ပစ်နယ်မြေ၌ ထိုအမျိုးသမီးနှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်က သူသည် သူမ၏ ပြီးပြည့်စုံသော ရုပ်ရည်နှင့် ကျက်သရေရှိသော အမူအရာတို့ကြောင့် စွဲလန်းသွားခဲ့သည်။ ထို့ကြောင့် သူသည် ထိုအမျိုးသမီးအား ချက်ချင်းပင် ချစ်ရေးဆိုရန် ကြိုးစားခဲ့သည်။

သို့သော် တစ်ဖက်လူက သူ့အား လက်ဖဝါးတစ်ချက်တည်းဖြင့် ရက်စက်စွာ ဖိနှိပ်ခဲ့လေသည်။ ထိုအချိန်က ချန်းချန်ရှန်သည် ရှေ့ပိုင်းစွန့်ပစ်နယ်မြေ၌ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်တစ်ဦး ဘယ်တုန်းက ပေါ်ပေါက်လာခဲ့သည်ကို တွေးတောနေခဲ့သေးသည်။

“ဒီမိန်းကလေးက သာမန်မဟုတ်ဘူး။ ငါ့ကို နောက်တစ်ခါ ထပ်ဖိနှိပ်တာ မခံရအောင် သူ ငါ့ကို သတိမထားမိအောင် နေရမယ်။”

ချန်းချန်ရှန်းသည် မျက်မှောင်ကြုတ်ကာ လူအုပ်၏ နောက်သို့ ဆုတ်သွားလေသည်။

“မိန်းမ”

ရုတ်တရက် အံ့အားသင့်သံတစ်ခုသည် လေဟာနယ်ထဲ၌ ထွက်ပေါ်လာသည်။

ဟမ်

ရုတ်တရက် လူတိုင်း မှင်တက်သွားကြသည်။ ဤမျှ ချောမောလှပသော အမျိုးသမီးသည် အိမ်ထောင်သည်တစ်ဦး ဖြစ်နေပြီလော။ လူတိုင်းကို ပို၍ အံ့အားသင့်သွားစေသည်မှာ စကားပြောလိုက်သူမှာ တာယန်မြင့်မြတ်နယ်မြေ၏ မြင့်မြတ်သားတော် ဖြစ်နေခြင်းပင်။

ဟမ်

ဤရင်းနှီးနေသောအသံကို ကြားသောအခါ လမ့်ရိုလီ၏ နူးညံ့လှသော ခန္ဓာကိုယ်လေးသည် ပြင်းထန်စွာ တုန်ယင်သွားသည်။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူမ အိပ်မက်ထဲ၌ပင် ဖိနှိပ်ရန် ကြံစည်နေခဲ့သော အမျိုးသားသည် သူမ၏ နောက်တွင် ရပ်ကာ သူမအား ပြုံးပြုံးလေး ကြည့်နေသည်ကို မြင်လိုက်ရသည်။

“စု… စုရွှမ်”

စုရွှမ်၏ မျက်နှာကို မြင်လိုက်ရသောအခါ လမ့်ရိုလီ၏ မျက်ဝန်းများသည် ရုတ်တရက် ကျုံ့ဝင်သွားသည်။ နောက်တစ်ခဏ၌ လမ့်ရိုလီသည် သူမ၏ ကျောက်စိမ်းလက်ကလေးဖြင့် လက်ကွက်တစ်ခု ဖော်လိုက်သည်။

“နတ်ဖီးနစ်မီးတောက်”

တစ်ခဏအတွင်း၌ အနီရောင် မီးတောက်တစ်ခုသည် တောနက်ကြီးထဲတွင် ထတောက်သွားပြီး အလျင်အမြန် ပျံ့နှံ့သွားသည်။ တစ်ခဏအတွင်း၌ပင် တန်ခိုးစွမ်းအင်များ တိုးထွက်လာကာ ကောင်းကင်နှင့်မြေကြီးတစ်ခွင်လုံးကို လွှမ်းခြုံသွား၏။ ဤသည်ကိုမြင်သော် ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ပါရမီရှင်အားလုံး မှင်တက်သွားကြပြန်သည်။

ဒါက ဘာလုပ်နေကြတာလဲ။

လင်မယားတွေလား။ ဒါမှမဟုတ် ရန်သူတွေလား။

ရန်သူတွေ တွေ့ကြရင်တောင် ချက်ချင်းကြီး ဒီလောက်ပြင်းထန်တဲ့ တိုက်ကွက်ကို ထုတ်သုံးကြမည် မဟုတ်ပေ။

“မိန်းမ ငါတို့တွေ မတွေ့တာ ရက်ပိုင်းလေးပဲ ရှိသေးတာကို။ ငါတို့ကြားက သံယောဇဉ်ကို မေ့သွားပြီလား။”

သူ့ထံ တိုက်ခိုက်လာသော နတ်မီးတောက်ကို ကြည့်ရင်း စုရွှမ်၏ မျက်နှာထက်တွင်မူ များစွာသော စိတ်ခံစားချက်များ မရှိနေခဲ့ပေ။ သူ၏ လက်ကို ညင်သာစွာ မြှောက်လိုက်သည်။ အဆုံးမဲ့ဓားအလင်းတန်းတစ်ခုသည် တိုက်ရိုက် ပျံထွက်သွားလေသည်။ ဓားအလင်းတန်းသည် အဆုံးအစမရှိဘဲ ဟွမ်သွမ့်အရှိန်အဝါကို သယ်ဆောင်ထား၏။

ဘုန်း

တစ်ခဏအတွင်း၌ နတ်မီးတောက်သည် ဓားအလင်းတန်းကြောင့် ငြိမ်းသတ်ခြင်း ခံလိုက်ရသည်။ လမ့်ရိုလီ၏ မျက်ဝန်းများသည် ရုတ်တရက် ကျုံ့ဝင်သွားသည်။

မူလဓားဆန္ဒ ဟွမ်သွမ့်

စုရွှမ်သည် ဓားသိုင်းပညာ၌ ဘယ်တုန်းက ဤမျှ ကြောက်စရာကောင်းသွားခဲ့သနည်း။ ဖြစ်သလို ထုတ်လိုက်သော တိုက်ကွက်တစ်ခုကပင် သူမ၏ တိုက်ခိုက်မှုကို ချေဖျက်နိုင်ခဲ့သည်။

မုန်းစရာပဲ၊ ငါ သူ့ကို အနိုင်ယူလို့ မရသေးဘူးလား။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဤရက်ပိုင်းအတွင်း ကျင့်ကြံမှုကြောင့် လမ့်ရိုလီသည် နတ်နဂါးအသွင်ပြောင်းခြင်းအဆင့် သတ္တမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး တစ်ရက်လျှင် အဆင့်တစ်ဆင့်နီးပါး တက်လှမ်းနိုင်ခဲ့သည်။ ဤကျင့်ကြံမှုအရှိန်သည် အမတဘုံ၌ပင် အလွန်အမင်း မြန်ဆန်သည်ဟု ဆိုနိုင်ပေသည်။

သို့ဖြစ်ပါလျက် လောကသုံးထောင်သားဖြစ်သော စုရွှမ်သည် အဘယ်ကြောင့် အဆင့်တက်ရာ၌ သူ့ထက် မနှေးကွေးရသနည်း။

ထို့အပြင် သူ၏ အမျိုးမျိုးသော စွမ်းအင်များသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာရာ လမ့်ရိုလီအား ထိတ်လန့်စေသည်။

စုရွှမ်သည် သူကဲ့သို့ပင် အမတဘုံမှ လာသူဖြစ်ပြီး စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး ပြန်လည်ဝင်စားခြင်းများ ဖြစ်နေမည်လော။

ရှူး

ရုတ်တရက် လမ့်ရိုလီ၏ လှပသော မျက်လုံးများသည် စူးစိုက်သွားသည်။

သူမ အာရုံလွင့်နေစဉ်မှာပင် စုရွှမ်သည် သူမထံသို့ တဖြည်းဖြည်း လျှောက်လာခဲ့သည်။ ရုတ်တရက် ပူလောင်သော အငွေ့အသက်တစ်ခုသည် သူမ၏ မျက်နှာထက်သို့ ကျရောက်လာခဲ့သည်။ ထို့နောက် လမ့်ရိုလီသည် သူမ၏ နှုတ်ခမ်းအား နမ်းရှိုက်ခြင်း ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။

တစ်ခဏမျှ ကောင်းကင်နှင့်မြေကြီးသည် တိတ်ဆိတ်သွားပြီး ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ပါရမီရှင်များအားလုံးသည် တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။

ဒီနှစ်ယောက် ခုနက တိုက်ခိုက်နေကြတာ မဟုတ်ဘူးလား။

မျက်စိတစ်မှိတ်အတွင်းမှာ ဘယ်လိုလုပ် နမ်းနေကြတာလဲ။

သူတို့ကို လူလို့ရော သဘောထားကြသေးရဲ့လား။

ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ပါရမီရှင်များထဲတွင် ကျင့်ကြံသူအမျိုးသားတစ်စုသည် စုရွှမ်ထံသို့ မနာလိုသော အကြည့်များဖြင့် ကြည့်လိုက်ကြပြီး စုရွှမ်သည် နတ်မိမယ်တစ်ပါး၏ အလှတရားကို နမ်းရှိုက်ခွင့်ရသည့်အတွက် အားကျနေကြသည်။

ကျင့်ကြံသူအမျိုးသမီးများဖြစ်ကြသော ယောင်ကွမ်းမြင့်မြတ်နယ်မြေ မြင့်မြတ်သမီးတော်ကဲ့သို့သော သူများမှာမူ လမ့်ရိုလီအပေါ် မနာလိုစိတ်များ ခံစားလိုက်ရလေသည်။

အပြစ်အနာအဆာကင်းသော ရုပ်ရည်နှင့် ပြိုင်ဘက်ကင်းသော ပါရမီရှိသည့် စုရွှမ်သည် ကျင့်ကြံသူအမျိုးသမီးများအတွက် အလွန် ဆွဲဆောင်မှုရှိလှသည်။

“စုရွှမ်... နင်”

လမ့်ရိုလီသည် သူမ၏ မျက်လုံးများကိုရင်း အတန်ငယ်ကြာမှ သတိဝင်လာကာ စုရွှမ်ကို တွန်းထုတ်လိုက်သည်။ စုရွှမ်သည် မျက်နှာတစ်ခုလုံး နီရဲနေသော လမ့်ရိုလီကို စိုက်ကြည့်ကာ ညင်သာစွာ ပြုံးလိုက်ပြီး

“ဒီပုံစံက ပိုကြည့်ကောင်းတယ်။ ဘာလို့ အမြဲတမ်း အေးစက်စက် မျက်နှာထားနဲ့ နေနေရတာလဲ။”

“ကိုယ် မင်းရဲ့ ဒီပုံစံကို ပိုသဘောကျတယ်။”

“ဘယ်သူက ရှင့်အကြိုက်ကို လိုချင်နေလို့လဲ။”

လမ့်ရိုလီသည် စုရွှမ်ကို စူးစိုက်ကြည့်ကာ တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း သူမသည် စုရွှမ်၏ ပြိုင်ဘက်မဟုတ်ကြောင်း သိရှိသွားကာ လက်လျှော့လိုက်ရသည်။ စုရွှမ်သည် ခပ်ဖွဖွပြုံးကာ ရှိနေကြသော ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ပါရမီရှင်များကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

“လူတိုင်းပဲ... သွားကြရအောင်။ အဓိပတိ လျှို့ဝှက်နယ်မြေ ပွင့်နေပြီ။”

စုရွှမ်၏ စကားသည် ရှိနေကြသော ပါရမီရှင်များကို ချက်ချင်းပင် နိုးထစေခဲ့သည်။

ဝုန်း ဝုန်း ဝုန်း

တစ်ခဏအတွင်း၌ ပါရမီရှင်များအားလုံးသည် အားအင်များ ပြည့်ဝသွားသကဲ့သို့ ဖြစ်ကာ ရှေးဟောင်းမျိုးနွယ်များနှင့် တစ်ဖန်ပြန်၍ တိုက်ခိုက်ကြတော့သည်။ စုရွှမ်သည်လည်း ထိုနည်း၎င်းပင်။

သို့သော် သူ၏ဟန်ပန်မှာမူ ပေါ့ပေါ့ပါးပါးပင် ရှိလှသည်။ သူ၏ လက်ကို မြှောက်လိုက်သည်။ ဓားအလင်းတန်း ဖြတ်ပြေးသွားသည်။

ဘုန်း။

ရှေးဟောင်းမျိုးဆက်တစ်ကောင်သည် မြည်ဟည်းသံကျယ်နှင့်အတူ လဲကျသွားလေသည်။

ချီးးး

စုရွှမ်၏ ဘေးတွင် ရပ်နေသော လမ့်ရိုလီသည် အမှန်ပင် ထိတ်လန့်သွားသည်။

နောက်ထပ် မူလဓားဆန္ဒ တစ်မျိုး။

စုရွှမ်မှာ လှည့်ကွက်တွေ ဘယ်လောက်များများ ရှိနေသေးတာလဲ။

အဖြူရောင်ဝတ်စုံသည် နှင်းထက်ပင် ဖြူစင်နေပြီး ကျောက်စိမ်းကဲ့သို့ ချောမောသော ပုံရိပ်ရှိကာ လှုပ်ရှားနေသော ဟွမ်သွမ့်ကြာပန်းစိမ်း၊ ခမ်းနားထည်ဝါသော တောင်တန်းများနှင့် မြစ်ချောင်းများ၊ သူ၏နောက်မှ ကောင်းကင်ဘုံကိုးခုမှ နတ်ဘုရင်ကို ကြည့်ရင်း လမ့်ရိုလီသည် တစ်ခဏမျှ မှင်တက်မိသွားသည်။ ဤသို့သော လူမျိုးသည် လောကသုံးထောင်၌ မည်သို့ မွေးဖွားလာနိုင်မည်နည်း။

အမတဘုံ၌ပင် ရှေးဟောင်းတာအိုဂိုဏ်းကြီးများ၏ မျိုးဆက်များသည်ပင် ဤမျှလောက် ရှိပေလိမ့်မည် မဟုတ်ချေ။

All Chapters