မူလဓားဆန္ဒ ၇၀ ၊ ကျဲ့စကားလုံး၏ လျှို့ဝှက်ချက်။
Vol. 2 Ch. 25
စုရွှမ် နိုးထလာသောအခါ ဓားကျင့်ကြံသူအားလုံး အိပ်မက်မက်ကြရသည့် အပြင်းထန်ဆုံးသော အရည်အချင်းကို သူသည် ချက်ချင်းပင် ပိုင်ဆိုင်သွားလေရာ စုရွှမ်၏ စိတ်အစဉ်ကို အနည်းငယ် လှုပ်ရှားသွားစေလေသည်။
"ဓားနှလုံးသားက သန့်ရှင်းလင်းနေပြီ၊ ငါ တာယန်ဓားကိုးစင်းကို ဆက်ပြီး လေ့ကျင့်ကြည့်နိုင်ပြီ" စုရွှမ် တွေးလိုက်သည်။ မူလ စုရွှမ်ထံတွင် ဓားသိုင်းပါရမီ ရှိသော်လည်း များများစားစားတော့ မဟုတ်ပေ။
ထို့ကြောင့် တာယန်ဓားကိုးစင်းကို လေ့ကျင့်ခြင်းသည် စုရွှမ်အတွက် ကောင်းမွန်သော ရွေးချယ်မှုတစ်ခု မဟုတ်ခဲ့ပေ။ သို့သော် ယခုမူ စုရွှမ်သည် ဓားကျင့်ကြံသူတစ်ဦး၏ သန်မာဆုံးသောပါရမီကို ပိုင်ဆိုင်ထားလေပြီ။
ဓားသိုင်းပညာကို တစ်ဖန်ပြန်လည် လေ့ကျင့်ရန် များစွာ ပို၍ လွယ်ကူသွားမည်ဖြစ်၏။ စုရွှမ်သည် မကြာမီမှာပင် မြင့်မြတ်နယ်မြေ၏ တားမြစ်နယ်မြေသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့သည်။ တားမြစ်နယ်မြေရှိ ဓားကျောက်တိုင်တွင် တာယန်ဘိုးဘေးကြီး၏ ဓားသိုင်းပညာအပေါ် နားလည်သဘောပေါက်မှုများ ပါဝင်နေရာ စုရွှမ်အား လေ့ကျင့်ရာတွင် အထောက်အကူ ပြုနိုင်ပေသည်။
"စုရွှမ်... ဒီနေ့ မင်း စောစောစီးစီး ရောက်လာတာပဲ"
စုရွှမ်သည် ဓားကျောက်တိုင်ရှိရာ နေရာသို့ ရောက်သည်နှင့် တာယန်ဘိုးဘေးကြီး၏ ညင်သာသော အသံသည် ထွက်ပေါ်လာလေသည်။
"ဘိုးဘေး... တပည့် ဓားကစားချင်စိတ် ပေါက်လာလို့ စောစောလာခဲ့တာပါ"
"အိုး... ငါက မင်း ငါ့ရဲ့ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်လာအောင် ကူညီဖို့ လာတယ်လို့ ထင်နေတာ" တာယန်ဘိုးဘေးကြီးသည် ညင်သာစွာ သက်ပြင်းချလိုက်ရာ သူမ၏ လေသံထဲတွင် မကျေမနပ်ဖြစ်ဟန်တို့ ရောနှောနေသယောင် ရှိလေသည်။
"ဟားဟား... ဘိုးဘေး စိတ်မပူပါနဲ့။ တပည့် လေ့ကျင့်ပြီးတာနဲ့ ဘိုးဘေးဆီလာခဲ့ပါ့မယ်" စုရွှမ်က ပြုံးကာ ပြောလိုက်သည်။
"အင်း... မင်းတို့ ယောကျ်ားတွေက ဒီလိုပါပဲ။ မိန်းမတွေကို အမြဲတမ်း ချိုသပ်ပြောဆိာတတ်ကြတယ်" တာယန်ဘိုးဘေးကြီး၏ ပုံရိပ်သည် လက်ဝေ့ယမ်းလိုက်သည်။
ဓားကျောက်တိုင်၏ ဘေးတွင် ကျောက်စားပွဲတစ်လုံး၊ ဝါးကုလားထိုင်တစ်လုံးနှင့် လက်ဖက်ရည်အိုးတစ်အိုးတို့ ပေါ်ထွက်လာ၏။ ထို့နောက် သူမသည် ထိုနေရာ၌ ထိုင်ကာ စုရွှမ်၏ ဓားလေ့ကျင့်မှုကို တိတ်ဆိတ်စွာ ကြည့်ရှုနေလေတော့သည်။
စုရွှမ်သည် ခေါင်းခါလိုက်ပြီး ဓားကျောက်တိုင်ထံသို့ လျှောက်သွားကာ ဓားသိုင်းပညာကို အာရုံစူးစိုက်စွာဖြင့် စတင်လေ့လာလေသည်။ တာယန်ဓားကိုးစင်းနှင့် ထျန်းယန်ဓားလေးဆယ့်ကိုးစင်း၏ အဓိပ္ပာယ်မှာ လူတစ်ဦးသည် ရှေးဦးစွာ မူလဓားဆန္ဒ လေးဆယ့်ကိုးမျိုးကို သဘောပေါက်နားလည်ရမည် ဖြစ်သည်။
သိထားရမည်မှာ အကယ်၍ ဓားဆန္ဒတစ်ခုကို သဘောပေါက်နိုင်ပါက ထိုသူကို ဓားသိုင်းလမ်းစဉ်၌ ပါရမီရှိသူဟု မှတ်ယူနိုင်ပေသည်။ အကယ်၍ နှစ်မျိုးကို သဘောပေါက်ပါက သူသည် ဓားသိုင်းပါရမီရှင်တစ်ဦး ဖြစ်နေလောက်ပြီ ဖြစ်သည်။
တတိယတစ်ခုမှာမူ ဓားမိစ္ဆာပင် ဤသည်မှနေ၍ တာယန်ဓားကိုးစင်းကို လေ့ကျင့်ရန် မည်မျှ ခက်ခဲကြောင်းကို စိတ်ကူးကြည့်နိုင်ပေသည်။
ထို့အပြင် တာယန်ဓားကိုးစင်းမှ လိုအပ်သော ဓားဆန္ဒမှာ သာမန်ဓားဆန္ဒမဟုတ်ဘဲ ကောင်းကင်ဘုံသတ်ဖြတ်ခြင်း၊ ပျက်သုဉ်းခြင်း၊ သေခြင်းရှင်ခြင်းနှင့် ချိန် စသည်တို့ကဲ့သို့သော မူလဓားဆန္ဒများ ဖြစ်လေသည်။
ထိုအရာများသည် သာမန်ဓားဆန္ဒထက် များစွာ သဘောပေါက်ရန် ပို၍ ခက်ခဲလှပေသည်။ သို့သော် ကံကောင်းသည်မှာ တာယန်ဘိုးဘေးကြီးသည် ဓားကျောက်တိုင်ပေါ်တွင် ဓားအမှတ်အသားများ ဆက်တိုက် ချန်ထားခဲ့ပြီး တစ်ခုချင်းစီသည် မူလဓားဆန္ဒတစ်ခုစီနှင့် သက်ဆိုင်နေလေသည်။
စုရွှမ်သည် ပထမဆုံးသော ဓားအမှတ်အသားထံသို့ လျှောက်သွားလိုက်သည်။ တစ်ခဏအတွင်းမှာပင် သတ်ဖြတ်လိုသည့်အရှိန်အဝါတစ်ခုသည် သူ့ထံသို့ ဦးတည်လာလေသည်။ ၎င်းအထဲတွင် စုရွှမ်သည် မြေအောက်မှ သွေးမြစ်များလှိုင်းထနေသည်ကိုပင်မြင်လိုက်ရသည်။
ပထမဓား - ကောင်းကင်ဘုံသတ်ဖြတ်ခြင်း ဓားဆန္ဒ
"ချီးး ဓားအမှတ်အသားတစ်ခုလေးကတောင် ငါ့စိတ်ကို တုန်လှုပ်သွားစေနိုင်တယ်။ ဘိုးဘေးကြီး ဖြစ်ထိုက်ပါပေတယ်။ အရမ်းကို ကြောက်စရာကောင်းတာပဲ " ကောင်းကင်ဘုံသတ်ဖြတ်ခြင်းဓားထဲမှ ကြောက်မက်ဖွယ် သတ်ဖြတ်လိုသည့်အရှိန်အဝါကို ခံစားမိသောအခါ စုရွှမ်သည် စိတ်ပျံ့လွင့်သွားလုနီးပါး ဖြစ်ခဲ့ရသည်။
"မူလဓားဆန္ဒကို သဘောပေါက်ဖို့က သာမန်ဓားဆန္ဒထက် အများကြီး ပိုခက်ခဲ့တယ်။ သန်မာဆုံး ဓားပါရမီရှင်အတွက်တောင်မှ တစ်နေ့ကို တစ်ခု သဘောပေါက်နိုင်ရင် အံ့ဩစရာကောင်းနေပါပြီ။ စုရွှမ်က ဘယ်လိုမျိုး စွမ်းဆောင်ရည်ကို ပြသနိုင်မလဲ မသိဘူး" ဝါးကုလားထိုင်ပေါ်တွင် တာယန်ဘိုးဘေးကြီးသည် ဘေးတစောင်း လှဲလျောင်းနေပြီး အစိမ်းရောင်ဝတ်ရုံဖြင့် ဖုံးလွှမ်းထားရာ တည်ကြည်ပြီး ဆွဲဆောင်မှုရှိလှသည်။ စုရွှမ်၏ ရှေ့တွင်မူ သူမသည် မာနကြီးဟန် မရှိပေ။
"အင်း မဟုတ်သေးဘူး။ ဒီကောင်လေးရဲ့ ဓားနှလုံးသားက သန့်စင်နေပါလား"
"မနေ့က သူ ဒီလိုပုံစံ မဟုတ်သေးပါဘူး။ ဘာတွေဖြစ်ကုန်တာလဲ"
တာယန်ဘိုးဘေးကြီး၏ ဝိညာဉ်အာရုံက စုရွှမ်၏ ခန္ဓာကိုယ်ပေါ်သို့ ဖြတ်သန်းသွားသောအခါ သူသည် ရုတ်တရက် ရှုပ်ထွေးသွားလေသည်။
သန့်စင်သော ဓားနှလုံးသားသည် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုမဟုတ်ဘဲ အရည်အချင်းတစ်ခု၊ ကမ္ဘာပေါ်ရှိ ဓားကျင့်ကြံသူ သန်းပေါင်းများစွာ အိပ်မက်မက်ကြရသည့် အရည်အချင်းတစ်ခု ဖြစ်လေသည်။
ဤသို့သော အရည်အချင်းကို ပိုင်ဆိုင်ထားပါက ဓားသိုင်းလမ်းစဉ်ပေါ်ရှိ အတားအဆီးအားလုံးကို ရှင်းလင်းနိုင်ပြီး အမြင့်ဆုံးနယ်ပယ်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။
"သူ ရုတ်တရက် ဉာဏ်အလင်းရသွားပြီး ဒီအခြေအနေကို ရောက်သွားတာ ဖြစ်နိုင်မလား" တာယန်ဘိုးဘေးကြီး၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ အကယ်၍ ထိုသို့သာဆိုလျှင် သူမ၏ တာယန်ဓားကိုးစင်းသည် အမှန်တကယ်ပင် တစ်ဖန်ပြန်လည် ပြည့်စုံလာနိုင်ပေလိမ့်မည်။
အကယ်၍ တာယန်ဓားကိုးစင်းသာ ပြည့်စုံသွားခဲ့ပါက ၎င်းသည် အမတဘုရင်အဆင့် စွမ်းအားကြီးတိုက်ကွက်တစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော် သူမကိုယ်တိုင်ပင် နောက်ဆုံးကွက်ကို ရှာမတွေ့နိုင်ခဲ့ပေ။
နာရီဝက်ခန့် ကြာပြီးနောက် စုရွှမ်သည် ဆန်းကြယ်သော အခြေအနေတစ်ခုသို့ ဝင်ရောက်သွားပြီး သူ၏ ခန္ဓာကိုယ်မှ တရစပ် ဓားအသိစိတ်တို့ ထွက်ပေါ်လာလေသည်။ ရုတ်တရက်ပင် နေရာတစ်ခုလုံးသည် သတ်ဖြတ်လိုသည့် အရှိန်အဝါတို့ဖြင့် ပြည့်နှက်သွားသည်။
ဘုန်း!
ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းဓားဆန္ဒတစ်ခုသည် ကောင်းကင်သို့ တက်သွားလေသည်။ ရပ်တန့်၍မရသော သတ်ဖြတ်လိုသည့်အရှိန်အဝါကို သယ်ဆောင်သွားရင်းပင်။
ငါက ကောင်းကင်ဘုံမှနတ်ဘုရားများနှင့် မိစ္ဆာများကို ရင်ဆိုင်ရလျှင်ပင် ငါရဲ့ဓားနဲ့ သတ်ဖြတ်ပစ်မယ်။
တစ်ခဏအတွင်းမှာပင် စုရွှမ်သည် သေမင်းတမန်သဖွယ် ဖြစ်သွားပြီး သူ၏ခန္ဓာကိုယ်မှာ နတ်ဘုရားဓားတစ်လက်ကဲ့သို့ ၎င်း၏ထက်ရှကို စမ်းသပ်ရန် အသင့်ဖြစ်နေလေသည်။
ကောင်းကင်ဘုံသတ်ဖြတ်ခြင်း ဓားဆန္ဒ ပြီးမြောက်လေပြီ။
"နာရီဝက်လေးအတွင်းမှာ သူက မူလဓားဆန္ဒတစ်ခုကို သဘောပေါက်သွားတယ်။ စုရွှမ်ရဲ့ ဓားသိုင်းပါရမီက လွန်ခဲ့တဲ့ နှစ်တစ်သိန်းအတွင်း ငါမြင်ဖူးသမျှထဲမှာ ဘယ်သူ့ထက်မဆို ပိုပြီး ကြောက်စရာကောင်းတယ်"
ဤအခိုက်အတန့်တွင် တာယန်ဘိုးဘေးကြီးပင်လျှင် တုန်လှုပ်သွားသည်။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သူ၏ လှပသော မျက်လုံးများမှာ ပြူးကျယ်သွားကာ အနည်းငယ် မယုံကြည်နိုင် ဖြစ်နေလေသည်။ နောက်ထပ် နာရီဝက်ခန့် ကြာသွားပြန်သည်။
ဘုန်း!
စုရွှမ်သည် ယခင်ကထက် ပို၍ ရှင်းလင်းနေသည်ကို ခံစားလိုက်ရပြီး သူ၏ တစ်ကိုယ်လုံး ဓားဆန္ဒတို့ဖြင့် ပြည့်နှက်ကာ ပျက်သုဉ်းခြင်းအငွေ့အသက်တစ်ခုသည် ကမ္ဘာလောကကို လွှမ်းခြုံသွားလေသည်။
ဤပျက်သုဉ်းခြင်းအငွေ့အသက်နှင့် ထိတွေ့မိသော ပန်းများနှင့် အပင်များသည် ချက်ချင်းပင် ညှိုးနွမ်း၊ သေဆုံးကာ ကောင်းကင်နှင့်မြေကြီးမှ ပျောက်ကွယ်သွားလေသည်။
မူလဓားဆန္ဒ - ပျက်သုဉ်းခြင်းဓားဆန္ဒပြီးမြောက်လေပြီ
ဘုန်း!
အဆုံးမဲ့သော ဓားအသိစိတ်တစ်ခုသည် ကောင်းကင်သို့ တက်သွားသည်။ ပတ်ဝန်းကျင်ရှိ ညှိုးနွမ်းနေသော ပန်းများနှင့် အပင်များအားလုံးသည် တစ်ခဏအတွင်းမှာပင် ပြန်လည်ရှင်သန်လာကြသည်။
မူလဓားဆန္ဒ - ရှင်သန်ခြင်းဓားဆန္ဒ ပြီးမြောက်လေပြီ
......
ဘုန်း!
အချိန်ဓားဆန္ဒသည် အချိန်ကို တစ်ခဏတာ ရပ်တန့်စေသည်။
ဘုန်း!
လေဟာနယ်ဓားဆန္ဒသည် လေဟာနယ်ကို တစ်ခဏတာ ရပ်တန့်စေသည်။
ယင်ယန် ဓားဆန္ဒသည် ယင်နှင့်ယန်ကို ပြောင်းပြန်လှန်ပြီး ကမ္ဘာလောကကို ဖုံးလွမ်းသည်။
ဟွမ်သွမ့်ဓားဆန္ဒသည် ဟွမ်သွမ့်နှင့် ကောင်းကင်နှင့်မြေကြီး၏ ဆင့်ကဲပြောင်းလဲမှုကိုဖြစ်ပေါ်စေ၏။
တစ်ရက်မပြည့်မီ အချိန်အတွင်း၌ပင် စုရွှမ်သည် မူလဆန္ဒ ၇၀ နီးပါးကို သဘောပေါက်သွားလေသည်။ ဤသို့သော ဓားသိုင်းပါရမီမျိုးသည် ဓားဖြင့် ဧကရာဇ်ဖြစ်လာပြီး အလွန်မြင့်မားသော နယ်ပယ်သို့ တက်လှမ်းနိုင်မည့် ပါရမီမျိုးဖြစ်ရာ ထိုမြင်ကွင်းကြောင့် မှင်သက်သွားသော တာယန်ဘိုးဘေးကြီးအတွက်ပင် အမှန်တကယ်ပင် အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းလှသည်။
ဤအရာက တာယန်ဘိုးဘေးကြီး၏ နှလုံးသားထဲတွင် မျှော်လင့်ချက်ရောင်ခြည်တစ်ခုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ သူမ၏ တာယန်ဓားကိုးကွက်(စင်း)သည် အမှန်တကယ်ပင် ပြည့်စုံလာပြီး ကမ္ဘာကျော် ဖြစ်လာနိုင်ပေလိမ့်မည်။
ညအချိန်တွင် စုရွှမ်သည် လေ့ကျင့်ရင်း ဟွမ်သွမ့်စွမ်းအင်နှင့် ဆန်းကြယ်သော ဟွမ်သွမ့်ကြာပန်းစိမ်းကို ထုတ်လွှတ်ကာ တာယန်ဘိုးဘေးကြီး၏ ရုပ်ခန္ဓာကို ပြန်လည်ကောင်းမွန်လာစေခဲ့သည်။ ထိုနေ့သည် အဓိပတိလျှို့ဝှက်နယ်မြေ မဖွင့်လှစ်မီ တစ်ရက်အလိုနေ့ပင် ဖြစ်သည်။
"ဒင်! လက်ထပ်ပြီး ၇ ရက်မြောက်နေ့တွင် လျှို့ဝှက်ချက်ကိုးမျိုးအနက်မှ တစ်မျိုးဖြစ်သည့် ကျဲ့(အလုံးစုံ)ဟူသော စကားလုံး၏ လျှို့ဝှက်ကို ချီးမြှင့်လိုက်ပါသည်။"
""ကျဲ" ဟူသော စကားလုံး၏ လျှို့ဝှက်စကားစုကို ဖော်ထုတ်လိုက်ပါသည်။ ကောင်းကင်ဘုံအရှင်သခင်တစ်ပါး အမျက်ထွက်လျှင် သေခြင်းရှင်ခြင်းတံခါးကို ဖွင့်ကာ နတ်ဘုရားများနှင့် မိစ္ဆာများတံတားကို ဖြတ်ကျော်လိမ့်မည်။ တန်ခိုးစွမ်းအားများ တိုးပွားလာပြီး သွေးနှင့်စွမ်းအင်များ မြင့်တက်ကာ တိုက်ခိုက်စွမ်းအား ဆယ်ဆတိုး၍ တူညီသောအဆင့်တွင် ပြိုင်ဘက်ကင်းဖြစ်လာလိမ့်မည်။ ဤသည်မှာ အသန်မာဆုံး တိုက်ခိုက်ခြင်း လျှို့ဝှက်စကားစု ဖြစ်သည်။"
"ဟမ့်... ဒါက မိစ္ဆာတစ်ကောင်ရဲ့ စွမ်းအားကို ချက်ချင်း ဆယ်ဆ ထုတ်လွှတ်နိုင်တဲ့ လျှို့ဝှက်စာကားစုပဲ"
" 'ကျဲ့' ဆိုတဲ့ စကားလုံးရဲ့ လျှို့ဝှက်စာကားစုနဲ့ဆိုရင် အဆင့်ကျော်ပြီး တိုက်ခိုက်တာကို ထားလိုက်ဦး အင်အားကြီးသူတွေကို အနိုင်ယူတာတောင် မဖြစ်နိုင်စရာ မရှိတော့ဘူး..."
"ဒီတစ်ခါတော့ ငါ့မှာ အရင်မျိုးဆက်က ကျင့်ကြံသူတွေကို စိန်ခေါ်နိုင်တဲ့ စွမ်းအား ရှိနေပြီ!"