← Chapters

ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ထိပ်သီးအင်အားစုသုံးခု၏ မျိုးဆက်များနှင့် တိုက်ပွဲ

Vol. 2 Ch. 19

ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ထိပ်သီးအင်အားစုသုံးခု၏ မျိုးဆက်များနှင့် တိုက်ပွဲ

Vol. 2 Ch. 19

တိတ်ဆိတ်ခြင်း..အဆုံးမဲ့ တိတ်ဆိတ်ခြင်းပင်။

တစ်ခဏအတွင်း၌ပင် နေရာတစ်ခုလုံးသည် ရေခဲတမျှ ခဲသွားသကဲ့သို့ ဖြစ်သွားပြီး မည်သည့်အသံမျှ ထွက်ပေါ်မလာတော့ချေ။ လူတိုင်း၏ စိတ်အစဉ်သည် ဗလာနတ္ထိဖြစ်သွားကာ လုံးဝ မစဉ်းစားနိုင်တော့ပေ။

ကျုံးကျိုးမှ နတ်နဂါးအသွင်ပြောင်းခြင်းအဆင့် ပဉ္စမအဆင့် ပါရမီရှင်တစ်ဦးသည် စုရွှမ်၏ရှေ့မှောက်၌ ခုခံရန် အခွင့်အရေးပင် မရလိုက်ဘဲ တိုက်ရိုက် သတ်ဖြတ်ခံလိုက်ရသည် မဟုတ်ပါလော။ ဤသည်မှာ အမှန်တကယ်ပင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသည်။

ရှီးးး

ခဏအကြာတွင် အချို့သူတို့သည် သတိပြန်ဝင်လာကြပြီး အသက်ရှူမှားသွားကြကာ သူတို့၏ မျက်နှာများထက်၌ ထိတ်လန့်ခြင်းများဖြင့် ပြည့်နှက်နေလေသည်။

“တာယန်မြင့်မြတ်သားတော်က ဒီလောက်တောင် အစွမ်းထက်တာလား။

အရင်က တစ်ခါမှ မကြားဖူးပါလား။ ကောလာဟလတွေအရ သူက ရှေ့ပိုင်းစွန့်ပစ်နယ်မြေ ပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲကိုတောင် မဝင်ဘူး။ ရှေ့ပိုင်းစွန့်ပစ်နယ်မြေက ထိပ်သီးပါရမီရှင်တွေထဲမှာ အနိမ့်ဆုံးပဲလို့ ပြောလို့ရတယ်။ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်နိုင်ရတာလဲ။” လူအများအပြားသည် အလားတူအာမေဋိတ်သံများ ပြုလိုက်ကြသည်။

“ဒါဆိုရင် မြင့်မြတ်သားတော် ဝက်သားစားဖို့ချောင်းနေတဲ့ ကျားတကောင်ပဲမလား”

စင်မြင့်အောက်တွင် လင်းယွီနှင့် စွန်းဟောက်တို့သည် အလွန်အမင်း အံ့အားသင့်နေကြသည်။ နတ်နဂါးအသွင်ပြောင်းခြင်းအဆင့် ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ကျုံးကျိုးမှ ပါရမီရှင်သည် စုရွှမ်၏ တိုက်ကွက်တစ်ကွက်တည်းဖြင့် သတ်ဖြတ်ခံလိုက်ရ၏။ သူတို့ကသာ အသက်ရှင်နေသေး၏။ ဤသည်မှာ လျှော့ပေးခြင်းထက် များစွာ သာလွန်နေလေပါပြီ။

“ခုနက အလင်းတန်းက အဓိပတိရိုးရဲ့ ပြီးပြည့်စုံတဲ့နတ်စွမ်းအားဖြစ်တဲ့ ကောင်းကင်ဘုံ ကပ်ဘေးအလင်းတန်းနဲ့ တူတယ်။ ဒါပေမဲ့ အဲဒါက ဒီလောကမှာ မရှိတော့ဘူး မဟုတ်လား။” ဤသံသယသည် ကျီဖူမြင့်မြတ်သခင်၊ ယောင်ကွမ်းမြင့်မြတ်သခင်နှင့် ဓားခန်းမသခင်တို့၏ စိတ်နှလုံးထဲ၌ ဖြစ်ပေါ်လာသည်။

“စုရွှမ်၊ ဒီကလေးက အဓိပတိရိုးရဲ့ ပြီးပြည့်စုံတဲ့နတ်စွမ်းအားကို တကယ်ပဲ နိုးထစေနိုင်ခဲ့တယ်။ သူ့ကိုယ်သူ ဒီလောက် ယုံကြည်နေတာ မဆန်းဘူး။ ဟားဟားဟား၊ ကောင်းတယ်၊ ကောင်းတယ်၊ ဒီတစ်ခါတော့ ငါ့ရဲ့ တာယန်မြင့်မြတ်နယ်မြေက တကယ့်ပုဂ္ဂိုလ်ကြီးတစ်ပါး မွေးထုတ်ပေးတော့မှာ” တာယန်မြင့်မြတ်သခင်သည် ပျော်ရွှင်မှုများဖြင့် မျက်နှာထက်၌ အပြုံးပန်းများ ဝေဆာနေလေပြီ။

သူ၏မြင့်မြတ်နယ်မြေမှ မြင့်မြတ်သားတော် အစွမ်းထက်သည့်အတွက် သဘာဝအတိုင်းပင် ဂုဏ်ယူ၏။

“ကျုပ်နဲ့ ယှဉ်ပြိုင်လိုသူ ရှိသေးလား။ ဒီနေ့က အခွင့်အရေးတခုပဲ။ ဒီနေ့ပြီးရင် မင်းတို့ ငါကိုမြင်ရတော့မှာမဟုတ်ဘူး"

စုရွှမ်သည် ပတ်ဝန်းကျင်ကို လျစ်လျူရှုဟန်ဖြင့် တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူ၏ အကြည့်သည် မည်သူ့ထံ၌မျှ မရပ်တန့်ခဲ့သော်လည်း ကျီဖူမြင့်မြတ်သားတော်နှင့် အခြားသူများမှာမူ စုရွှမ်က သူတို့ကို ရည်ညွှန်းနေကြောင်း ကောင်းစွာ သိရှိကြလေသည်။

“တာယန်မြင့်မြတ်သားတော် အကြံဉာဏ် တောင်းခံချင်ပါတယ်။”

“တာယန်မြင့်မြတ်သားတော် ငါရောပဲ”

“ယှဉ်ပြိုင်ကြည့်ကြရအောင်။ လူငယ်မျိုးဆက်တွေထဲမှာ ရှင်လောက် အစွမ်းထက်တဲ့သူကို မတွေ့ရတာ အတော်ကြာပြီ။”

နောက်တစ်စက္ကန့်တွင် အသံသုံးခုသည် တစ်ချိန်တည်း၌ ထွက်ပေါ်လာသည်။ သူတို့မှာ ကျီဖူမြင့်မြတ်သားတော်၊ ယောင်ကွမ်းမြင့်မြတ်သမီးတော်နှင့် ဓားသားတော်တို့ ဖြစ်ကြသည်။

“အချိန်ကုန်သက်သာဖို့ မင်းတို့အားလုံး တစ်ပြိုင်နက်တည်း တက်လာခဲ့ပါ”စုရွှမ်သည် ယုံကြည်မှုရှိသော လေသံဖြင့် ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

အမ်

တစ်ခဏအတွင်းမှာပင် အဓိကအင်အားစုကြီးများမှ လူများသည် တစ်ဖန် မှင်တက်သွားကြပြန်သည်။

တစ်ပြိုင်နက်တည်း တက်လာရန်လော။ မြင့်မြတ်သားတော်က တစ်ပြိုင်နက်တည်း တိုက်ခိုက်စေသည်တဲ့လား။ နောက်နေသည်လား။

သူက ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ အထူးချွန်ဆုံး ပါရမီရှင်များကို ကြက်ငှက်တစ်ကောင်ကဲ့သို့ အမှန်တကယ်ထင်နေသည်လော။

“စုရွှမ်၊ ဒီကောင်လေးက ဒီတစ်ခေါက် ပြန်လာကတည်းက လုံးဝခြားလူတစ်ယောက်လိုပြောင်းသွားတယ်။ ထက်မြက်ပြီး ဩဇာအာဏာရှိလာတယ်”တာယန်မြင့်မြတ်သခင်က ရေရွက်လိုက်သည်။

သို့သော် နှိုင်းယှဉ်ကြည့်လျှင် သူသည် လက်ရှိ စုရွှမ်ကို ပို၍ နှစ်သက်လေသည်။ တာယန်မြင့်မြတ်နယ်မြေ၏ မြင့်မြတ်သားတော်သည် ဤသို့ပင် ဖြစ်သင့်သည် မဟုတ်ပါလော။

“မင်း မင်း ဘာပြောလိုက်တာလဲ။”

ကျီဖူမြင့်မြတ်သားတော် သုံးဦးပင်လျှင် စုရွှမ်၏ စကားကို ကြားသောအခါ အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။ သူတို့တစ်ဦးချင်းစီသည် ပါရမီရှင်များထဲမှ ပါရမီရှင်များ ဖြစ်ကြသည်။ ဆုတ်လျော့နေတဲ့ခေတ်ကြီးတစ်ခုတွင် သူတို့သည် လောကကို ဖိနှိမ့်ရန် လုံလောက်သော အစွမ်းအစများ ရှိကြသည်။ သို့သော် စုရွှမ်က သူတို့ကိုတစ်ပြိုင်နက်တည်း တက်လာရန် တောင်းဆိုသည်တဲ့လား။

“တစ်ယောက်ချင်းစီ တက်ချင်လို့လား။”

စုရွှမ်က အနည်းငယ် ပြုံးလိုက်သည်။

“ဒါလည်း ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ ငါအတွက် အချိန်ဖြုန်းတာပဲရှိမှာ”

အမ်။

သူ့အချိန်ကို ဖြုန်းသည်တဲ့လား။ စုရွှမ်ပြောသည်မှာ လူစကားမှဟုတ်ရဲ့လော။

“မင်းလောက် မောက်မာတဲ့သူကို ငါ တစ်ခါမှ မမြင်ဖူးဘူး။”

ဓားသားတော်သည် သူ၏နောက်မှ ဓားသတ္တာထဲမှ ဓားရှည်ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။ ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော ဓားအသိသည် နေရာတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွား၏။ သိသာထင်ရှားသည်မှာ သူသည် စုရွှမ်၏ သဘောထားကို အနည်းငယ် မကျေမနပ်ဖြစ်နေခြင်းပင်။

“သိပ်ပြီး မောက်မာတာက ကောင်းတဲ့အရာ မဟုတ်ဘူးကွ”

ကျီဖူမြင့်မြတ်သားတော်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မိစ္ဆာမီးတောက်များဖြင့် လောင်ကျွမ်းနေပြီး တစ်ခဏအတွင်း၌ သူ၏ တန်ခိုးစွမ်းအင်များ တိုးပွားလာခဲ့သည်။ ဗုဒ္ဓမိစ္ဆာခန္ဓာသုံးထောင်၊ ထိပ်တန်းန္ဓာသုံးထောင်တွင် အဆင့်နှစ်ဆယ်အတွင်း၌ ရှိသော ကြောက်မက်ဖွယ် ရုပ်ခန္ဓာ ဖြစ်သည်။

“ကျွန်မက ရှင်ကို တခြားယောက်ျားတွေနဲ့ မတူဘူးလို့ အရင်က ထင်ခဲ့တာ။ ဒါပေမဲ့ ကြည့်ရတာ ဘာမှမကွာဘူးပဲ။ ရှင် တကယ်ပဲ ဟန်ဆောင်ရတာကို ကြိုက်တာလား။”

ယောင်ကွမ်းမြင့်မြတ်သမီးတော်၌ ခါးအထိရှည်သော ဆံနွယ်နက်သုံးထောင်နှင့် နူးညံ့သော မျက်နှာလေး ရှိသည်။ သူမသည် ချောမောလှပသော အလှပဂေးတစ်ပါး ဖြစ်လေသည်။ သို့သော် ဤအခိုက်အတန့်တွင် ယောင်ကွမ်းမြင့်မြတ်သမီးတော်သည် စုရွှမ်ကို အေးစက်သော အမူအရာဖြင့် ကြည့်ရင်း လက်အမူအရာများ ပြုလုပ်နေသည်။ တစ်ခဏအတွင်း၌ နေရာတစ်ခုလုံးသည် ရေခဲတမျှ ခဲသွားသကဲ့သို့ ဖြစ်သွား၏။

“ဘုရားရေ။ ကျီဖူမြင့်မြတ်သားတော်၊ ယောင်ကွမ်းမြင့်မြတ်သမီးတော်နဲ့ ဓားသားတော်တို့က တာယန်မြင့်မြတ်သားတော်ကို တစ်ချိန်တည်းမှာ တိုက်ခိုက်ကြတော့မှာပဲ။ ဒီတိုက်ပွဲက ရှေ့ပိုင်းစွန့်ပစ်နယ်မြေတစ်ခုလုံးကို တုန်လှုပ်စေမှာ သေချာတယ်။ တကယ့်ကို အံ့ဩစရာပဲ။”

“ဟုတ်တယ်၊ သူတို့အားလုံးက ထိပ်တန်းပါရမီရှင်တွေပဲ၊ အထူးသဖြင့် မြင့်မြတ်သားတော်ပေါ့။ ဒီနေ့မတိုင်ခင်အထိ သူ ဒီလောက် အစွမ်းထက်မှန်း ဘယ်သူမှ မသိခဲ့ဘူး။ ဒီတိုက်ပွဲပြီးရင် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ တာယန်မြင့်မြတ်သားတော်ဟာ လောကတစ်ခွင်မှာ ကျော်ကြားသွားမှာပဲ။”

“မင်းတို့ ဘယ်လိုထင်လဲ။ တာယန်မြင့်မြတ်သားတော်က ထိပ်သီးပါရမီရှင်သုံးယောက်ကို အနိုင်ယူနိုင်ပါ့မလား။”

“တကယ်လို့သာ ဒါကို လုပ်နိုင်ခဲ့ရင် ငါတို့က အစစ်အမှန်နဂါးတစ်ကောင် မွေးဖွားလာတာကို မျက်မြင်ကိုယ်တွေ့ ကြုံရမှာပဲ။ ဒါပေမဲ့ အဲဒီ ဖြစ်နိုင်ခြေက သုည လောက်ကိုရှိတယ်။ဘာပဲဖြစ်ဖြစ် တခြားသုံးယောက်ကလည်း ခေတဲ့သူတွေ မဟုတ်ကြဘူးလေ...”

“…”

“ဟားဟား၊ ဒီနေ့ပြီးရင်တော့ ငါက လောကတစ်ခွင်မှာ ကျော်ကြားသွားတော့မှာပဲ။”

စုရွှမ်၏ မျက်နှာထက်၌ တောက်ပသော အပြုံးတစ်ပွင့် ပေါ်ထွက်လာပြီး သူ၏ စွမ်းအင်အားလုံးကို ချွင်းချက်မရှိ ထုတ်လွှတ်လိုက်သည်။

တစ်ခဏအတွင်းမှာပင် စုရွှမ်၏နောက်၌ ဟွမ်သွမ့်ကြာပန်းစိမ်းတစ်ပွင့်သည် မြေပြင်မှ ထိုးထွက်လာပြီး အဆုံးမဲ့သော ဟွမ်သွမ့်စွမ်းအင်များဖြင့် ပြည့်နှက်နေလေသည်။ ၎င်းသည် စုရွှမ်၏ ပုံသဏ္ဌာန်ကို လျှို့ဝှက်ဆန်းကြယ်သွားစေသည်။

"..."

“ဘုရားရေ။ ဒါ... ဒါက ထူးခြားတဲ့ဖြစ်စဉ်... ဟွမ်သွမ့်ကြာပန်းစိမ်း။”

“သူသာ မသေခဲ့ရင် ဧကရာဇ်တစ်ပါး ဖြစ်လာဖို့ သတ်မှတ်ထားပြီးသားပဲ။”

“သေစမ်း။ တကယ်ပဲ။”

“အရင်ဆုံး ကျင့်ကြံမှုအဆင့်၊ ပြီးတော့ အဓိပတိရိုး ပြီးပြည့်စုံတဲ့နတ်စွမ်းအား၊ အခုကျတော့ ထူးခြားတဲ့ဖြစ်စဉ် ဟွမ်သွမ့်ကြာပန်းစိမ်း။

တာယန်မြင့်မြတ်သားတော်က ဝှက်ဖဲချပ်ဘယ်နှစ်ချပ်များ ဖွက်ထားသေးတာလဲ။”

အင်အားစုအားလုံးသည် တုန်လှုပ်သွားကြပြီး သူတို့၏ စိတ်နှလုံးထဲ၌ ပွက်လောရိုက်သွားသည်။

ထူးခြားတဲ့ဖြစ်စဉ်။

၎င်းသည် ဟွမ်သွမ့်ကြာပန်းစိမ်းပင်။

ဤသည်မှာ ရှေးဟောင်းဧကရာဇ်များသာ စုစည်းနိုင်သော ထူးခြားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပြီး ထူးကဲသော အရည်အချင်းရှိသူများသာ ရရှိနိုင်သော အရာဖြစ်သည်။ ရှေ့ပိုင်းစွန့်ပစ်နယ်မြေတစ်ခုလုံးကို ကြည့်လိုက်လျှင် ဤသို့သော ထူးခြားတဲ့ဖြစ်စဉ်ကို စုစည်းနိုင်သည့် အခြားလူငယ်ပါရမီရှင်တစ်ဦးမျှ မရှိချေ။

“ဟွမ်သွမ့်... ကြာပန်းစိမ်း စုစည်းခြင်းလား”

စုရွှမ်၏နောက်၌ ဤသို့သော ကြောက်မက်ဖွယ် ထူးခြားတဲ့ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာသည်မှာ ကျီဖူမြင့်မြတ်သားတော်နှင့် အခြားသူတို့ကို မှင်တက်သွားစေလောက်အောင်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။

ယခင်က သူတို့သည် တာယန်မြင့်မြတ်သားတော် ဤမျှ ကြောက်မက်ဖွယ်ကောင်းနိုင်သည်ဟု တစ်ခါမျှ မကြားဖူးခဲ့ပေ။

စုရွှမ်၏နောက်မှ ထုတ်လွှတ်လိုက်သော ဟွမ်သွမ့်စွမ်းအင်ကို ခံစားမိသောအခါ သူတို့၌ ရုတ်တရက် ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ငါ... စုရွှမ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။

ဤခံစားချက်သည် ကြောက်မက်ဖွယ်ကောင်းလှပြီး လူတစ်ဦး၏ ယုံကြည်မှုကို ဖျက်ဆီးကာ ရှေ့ဆက်မတိုးနိုင်အောင် ရပ်တန့်စေရန် လုံလောက်လေသည်။

“မဟုတ်ဘူး။ တာအိုစိတ်နှလုံးသားကို မကျိုးပဲ့စေရဘူး။ မဟုတ်ရင် နောက်ထပ် ကျင့်ကြံဖို့ ခက်ခဲသွားလိမ့်မယ်။” ကျီဖူမြင့်မြတ်သားတော်သည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကာ စုရွှမ်ကို ဦးစွာ တိုက်ခိုက်လိုက်သည်။

တစ်ခဏအတွင်း၌ နေရာတစ်ခုလုံးကို မိစ္ဆာမီးတောက်များ၊ ကျမ်းဂန်များဖြင့် ဖုံးလွှမ်းသွားရာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

ဗုဒ္ဓမိစ္ဆာခန္ဓာသုံးထောင်သည် မိစ္ဆာတစ်ပိုင်း၊ ဗုဒ္ဓတစ်ပိုင်းဖြစ်ပြီး အလွန်အမင်း အစွမ်းထက်သော ရုပ်ခန္ဓာတစ်ခု ဖြစ်သည်။ ၎င်း ထုတ်လွှတ်လိုက်သော စွမ်းအားမှာ သဘာဝအတိုင်းပင် ထူးကဲလှပေသည်။

ကျီဖူမြင့်မြတ်သားတော် တိုက်ခိုက်သည်ကို မြင်သောအခါ ယောင်ကွမ်းမြင့်မြတ်သမီးတော်နှင့် ဓားသားတော်တို့သည် ပွဲကြည့်ပရိသတ်အဖြစ် ဆက်မနေတော့ဘဲ တစ်ဦးပြီးတစ်ဦး တိုက်ခိုက်ကြတော့သည်။

“မြင့်မြတ်အလင်းတန်း။”

ယောင်ကွမ်းမြင့်မြတ်သမီးတော်သည် ခပ်တိုးတိုး ကြိမ်းမောင်းလိုက်ရာ အလင်းတန်းတစ်ခုသည် ချက်ချင်း လင်းလက်သွားပြီး မြင့်မြတ်ကာ သန့်စင်၍ ပေါက်ကွဲအားများ ပါဝင်နေသည်။

ဓားသားတော်သည် သူ၏ လက်ထဲမှ ဓားကို မြှောက်ကာ ခုတ်ချလိုက်သည်။ ရုတ်တရက် အဆုံးမဲ့သော ဓားအလင်းတန်းတစ်ခုသည် ရုတ်တရက် လင်းလက်လာပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ဤအခိုက်အတန့်တွင် တာယန်မြင့်မြတ်နယ်မြေတစ်ခုလုံးပင် တိတ်ဆိတ်သွားရသည်။

အသက်ရှူသံပင်လျှင် အထူးတလည် ထိန်းချုပ်ထားရသည်။

လူတိုင်းသည် နောက်ဆက်တွဲ မြင်ကွင်းများမှ တစ်ခုခုကို လွတ်သွားမည်ကို စိုးရိမ်နေကြသည်။

“ကောင်းကင်ဘုံ ကပ်ဘေးအလင်းတန်း”

“ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ် လက်သီးသိုင်း”

ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ထိပ်သီးပါရမီရှင်သုံးဦး၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ စုရွှမ်၏ မျက်နှာသည် တည်ငြိမ်နေသည်။ သူသည် ဟွမ်သွမ့်စွမ်းအင်ထဲ၌ တန်ခိုးစွမ်းအင်နှစ်ခုကို တစ်ချိန်တည်း၌ အသက်သွင်းလိုက်သည်။

တစ်ခဏအတွင်း၌ ထိတ်လန့်ဖွယ် လက်သီးအလင်းတန်းနှင့် လောကကိုဖျက်ဆီးမည့် ကပ်ဘေးအလင်းတန်းတို့သည် တစ်ချိန်တည်း၌ပင် ပေါက်ကွဲထွက်လာရာ ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေခဲ့၏။

တစ်ခဏမျှ နေရာတစ်ခုလုံးသည် အစီအရင်စာလုံးများဖြင့် ပြည့်နှက်သွားပြီး တန်ခိုးစွမ်းအင်များ တိုးပွားလာကာ နောက်တစ်စက္ကန့်တွင် လွှမ်းမိုးခံရပြီး ကြေမွသွားတော့မည်ကဲ့သို့ပင်။

All Chapters