တောင်ထိပ်ကိုးခု ပြိုင်ပွဲ စတင်ပြီ
Vol. 2 Ch. 17
နေမင်းကြီး ထွက်ပေါ်လာပြီး ပထမဆုံး နေရောင်ခြည်တန်းများ ကျဆင်းလာသည်။
ဘုန်း! ဘုန်း! ဘုန်း!
ခေါင်းလောင်းသံများ အကြိမ်ကြိမ် မြည်ဟည်းလာပြီး တာယန်မြင့်မြတ်နယ်မြေတစ်ခုလုံးသည် တာယန်မြင့်မြတ်နယ်မြေ၏ တောင်ထိပ်ကိုးခုပြိုင်ပွဲအတွက် တရားဝင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
"တောင်ထိပ်ကိုးခု ပြိုင်ပွဲ ရောက်ရှိလို့လာပါပြီ၊ မြင့်မြတ်နယ်မြေကို ဖွင့်လှစ်လိုက်ပါပြီ!"
"တောင်ထိပ်ကိုးခု ပြိုင်ပွဲကို ကြည့်ရှုလိုသူများ ကြွရောက်တော်မူကြပါ"
မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော ခန့်ညားထည်ဝါသည့် မြင့်မြတ်တောင်တန်းကြီးသည် တိမ်တိုက်များကြားတွင် ပေါ်ထွက်လာပြီး၊ နတ်အလင်းရောင်များနှင့် ထူထဲသော ဝိညာဉ်စွမ်းအင်များဖြင့် ဝန်းရံထားသည်ကို မြင်တွေ့ရသည်။ ဤသည်က မြင့်မြတ်နယ်မြေ၏ ခမ်းနားထည်ဝါမှုကို ပြသနေလေသည်။
နောက်တစ်စက္ကန့်တွင် မရေမတွက်နိုင်သော သက်တန့်ရောင်အလင်းတန်းများသည် ကျိုင်းကောင်အုပ်ကြီးများကဲ့သို့ အလုံးအရင်းဖြင့် ဝင်ရောက်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တာယန်မြင့်မြတ်နယ်မြေ၏ ဂိတ်ဝသည် လူပုံရိပ်များဖြင့် ပြည့်နှက်သွားသည်။
တာယန်မြင့်မြတ်သခင်သည် မြင့်မြတ်နယ်မြေ၏ ဂိတ်တံခါးရှေ့တွင် ရပ်ကာ ပြုံးလျက် ပြောလိုက်သည်။ "လူကြီးမင်းတို့၊ အတွင်းသို့ ကြွပါ။"
တစ်ခဏအတွင်းမှာပင်၊ အင်အားစုအသီးသီးမှ လူများသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ တာယန်မြင့်မြတ်သခင်နောက်သို့ လိုက်၍ တောင်ထိပ်ကိုးခု ပြိုင်ပွဲကျင်းပရာနေရာသို့ သွားကြသည်။
"အိုးဘုရားရေ၊ တကယ်ခမ်းနားတာပဲ၊ ဒီခရီးက တကယ်ကို တန်တယ်။ မြင့်မြတ်နယ်မြေက ငါတ်ို့နဲ့ သက်တူရွယ်တူတွေ ဘယ်လောက်အထိ တော်နေပြီလဲဆိုတာ မြင်ရတော့မှာပဲ။"
အင်အားစုငယ်တစ်ခုမှ လူငယ်တပည့်တစ်ဦးက အံ့ဩတကြီး ရေရွတ်လိုက်သည်။
"ကောင်လေးတို့၊ သေချာကြည့်ပြီး တစ်ခုခုတော့ သင်ယူခဲ့ကြ!"
အင်အားကြီးပုဂ္ဂိုလ်တစ်ဦးက သူ၏နောက်မှ တပည့်များကို ညွှန်ကြားလိုက်သည်။
"ထူးဆန်းလိုက်တာ၊ ဘာလို့ ပြိုင်ပွဲကွင်း မရှိရတာလဲ။"
"ပြိုင်ပွဲကွင်းမရှိဘဲ ပြိုင်ပွဲကို ဘယ်လိုကြည့်ရမှာလဲ။"
အချို့လူများက မေးခွန်းထုတ်ကြသည်။
"ဟားဟား၊ သူတို့က မြင့်မြတ်နယ်မြေလေ။ မင်းတို့ရဲ့ အင်အားစုတွေလို နုံချာတယ်လို့ ထင်နေတာလား။ သူတို့မှာ တိုက်ခိုက်ဖို့အတွက် နေရာတစ်ခုကို ဖန်တီးပေးနိုင်တဲ့ မှော်လက်နက်တွေ ရှိတာပေါ့၊ ပြီးတော့မှ အပြင်ကို ပုံရိပ်လွှင့်ပြတာပေါ့။"
"သြော်... ဒီလိုလား။ ငါက တကယ် တောကျတာပဲ"
“…”
မကြာမီပင် အဖွဲ့အသီးသီးသည် မိမိတို့နေရာများတွင် နေရာယူလိုက်ကြပြီး စင်မြင့်ပေါ်ရှိ မျက်နှာပြင်ကြီးကို အာရုံစိုက်လိုက်ကြသည်။ မကြာမီတောင်ထိပ်ကိုးခု ပြိုင်ပွဲ၏ တိုက်ပွဲများသည် ထိုနေရာတွင် ပေါ်လာလိမ့်မည်။
တာယန်မြင့်မြတ်နယ်မြေ၏ သီးသန့်နေရာအလယ်တွင်၊ စုရွှမ်သည် လက်ဖက်ရည်ခွက်တစ်ခွက်ကို ပွတ်သပ်ရင်း အရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ လူများစွာသည် စုရွှမ်ကို အာရုံစိုက်နေကြသည်။
"အဲဒါ တာယန်မြင့်မြတ်နယ်မြေရဲ့ မြင့်မြတ်သားတော်လား။ တကယ်ချောတာပဲ..."
"ဟားဟား၊ ချောတာက အသုံးမဝင်ပါဘူး။ ဒါက အခွံသက်သက်ပဲ။ မဟုတ်ဘူး၊ အဲဒါလည်း အသုံးမဝင်သေးဘူး။ ငါထင်တာယန်မြင့်မြတ်သားတော်က နာမည်ပဲရှိပြီး စွမ်းမရှိတဲ့ခွံသက်သက်ပဲ။ နာမည်က အစွမ်းထက် ပိုကြီးတဲ့ ပုံစံမျိုး။"
"အဲဒါ တာယန်မြင့်မြတ်သားတော်လား။ စောင့်နေ၊ ငါက သူ့ကိုမှီပြီး နာမည်ကြီးအောင် လုပ်ရမယ်..."
“…”
စုရွှမ်သည် ထိုသို့သော အသံများကို ကြားသော်လည်း သူ၏စိတ်ထဲတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့ပေ။ သူ့ကိုမှီပြီး နာမည်ကြီးချင်တယ်လား။
ဟားဟား၊ စောင့်နေလိုက်၊ အရမ်းကြီး မငိုမိစေနဲ့!
"ဒီ ြေယန်မြင့်မြတ်နယ်မြေ တောင်ထိပ်ကိုးခု ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေက အရမ်းရိုးရှင်းပါတယ်။"
"ရှုမိနယ်မြေထဲကို ဝင်ပြီး အုပ်စုလိုက် တိုက်ခိုက်ရမယ်။"
"တောင်ထိပ်ကိုးခုက တပည့်တွေက ကိုယ့်အဖွဲ့ကိုယ် ဖွဲ့နိုင်တယ်။ နောက်ဆုံးမှာ ရပ်တည်နိုင်တဲ့သူက ဒီတောင်ထိပ်ကိုးခုပြိုင်ပွဲမှာ ပထမရလိမ့်မယ်။"
"သူကိုယ်စားပြုတဲ့ တောင်ထိပ်က လာမယ့်နှစ်မှာ အရင်းအမြစ်တွေ ပိုပြီးရရှိခံစားခွင့် ရှိလိမ့်မယ်။"
"ပြီးတော့ တောင်ထိပ်ကိုးခု ပြိုင်ပွဲရဲ့ အနိုင်ရသူက လက်ရှိ မြင့်မြတ်သားတော်ကို စိန်ခေါ်ခွင့်ရလိမ့်မယ်။ အကယ်၍ သူတို့နိုင်ရင် မြင့်မြတ်သားတော်အသစ် ဖြစ်လာလိမ့်မယ်။"
"စည်းမျဉ်းတွေကို နားလည်ကြရဲ့လား။"
ရုတ်တရက် မြင့်မြတ်သခင်က စကားပြောလိုက်ရာ သူ၏အသံသည် ခေါင်းလောင်းသံကြီးကဲ့သို့ တာ့ယန်မြင့်မြတ်နယ်မြေတစ်ခွင်လုံးသို့ ပဲ့တင်ထပ်သွားသည်။
"နားလည်ပါတယ်!"
"နားလည်ပါတယ်!"
တစ်ခဏအတွင်းမှာပင် မြင့်မြတ်နယ်မြေ၏ တောင်ထိပ်ကိုးခုမှ တပည့်များအားလုံး စိတ်လှုပ်ရှားစွာဖြင့် သက်တန့်ရောင်အလင်းတန်းများအဖြစ် ပြောင်းလဲကာ ရှုမိနယ်မြေထဲသို့ ဝင်ရောက်သွားကြသည်။
တစ်ချိန်တည်းမှာပင် တာ့ယန်မြင့်မြတ်သခင်က လက်ဝေ့ယမ်းလိုက်ရာ ပုံရိပ်လွှင့်ထားသော မျက်နှာပြင်တစ်ခုလုံးသည် မျက်နှာပြင်ငယ် ရာပေါင်းများစွာအဖြစ် ကွဲထွက်သွားသည်။
မျက်နှာပြင်တစ်ခုစီသည် တောင်တစ်လုံးကို ကိုယ်စားပြုပြီး ပြိုင်ပွဲကွင်းတစ်ခုလည်း ဖြစ်သည်။ ရှုမိနယ်မြေသည် အဖိုးတန် ရှုမိလက်စွပ်မှ ဖြစ်ပေါ်လာသော ကမ္ဘာငယ်လေးတစ်ခု ဖြစ်သည်။ ၎င်းသည် နာရီဝက်ခန့်သာ တည်တံ့နိုင်ပြီး ခဏအကြာတွင် ပြိုကွဲသွားပေလိမ့်မည်သာ။
ထို့ကြောင့်၊ ဤတောင်ထိပ်ကိုးခု ပြိုင်ပွဲ၏ကြာချိန်သည် နာရီဝက်သာ ဖြစ်သည်။
"တာယန်မြင့်မြတ်နယ်မြေဆိုတဲ့ နာမည်နဲ့လိုက်အောင်ပဲ။ ဒီပြိုင်ပွဲရဲ့ စည်းမျဉ်းတွေက တကယ် ရိုးရှင်းပြီး ကြမ်းတမ်းတယ်။ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ဘူး။ သဘောမတူရင် တိုက်ခိုက်လိုက်ရုံပဲ။ ငါ ဒါကိုကြိုက်တယ်။"
"တာယန်မြင့်မြတ်နယ်မြေရဲ့ ပါရမီရှင်တွေကြားက တိုက်ပွဲက ကြည့်ရတာ တန်ပါတယ်။"
"ကြည့်စမ်း၊ အစပိုင်းမှာပဲ တိုက်ပွဲကြီးတစ်ခု ဖြစ်နေပြီ!"
" အဲဒါ တာယန်မြင့်မြတ်နယ်မြေက လင်းယွီ ထင်တယ်။ သူက သတ်ဖြတ်ခြင်းခုနစ်သွယ်ရှင်သခင်ခန္ဓာပိုင်ရှင်ဖြစ်ပြီး မြင့်မြတ်နယ်မြေရဲ့ မြင့်မြတ်သားတော်နဲ့ ယှဉ်နိုင်တဲ့ အစွမ်းရှိတယ်!"
"သတ်ဖြတ်ခြင်းခုနစ်သွယ်အရှင်သခင် ဟူး... တကယ် အစွမ်းထက်တာပဲ၊ တစ်ကွက်တည်းနဲ့ ပြိုင်ဘက်ကို ချေမှုန်းပစ်နိုင်တယ်!"
"ပြီးတော့ ဟိုတစ်ယောက်၊ စွန်းဟောက် သူက ဆန်းကြယ်ရေခဲခန္ဓာကို ပိုင်ဆိုင်ပြီး တော်တော်လေး ထူးခြားတယ်။ သူ့ဂုဏ်သတင်းကို ကြားဖူးတယ်။ မကြာသေးခင်ကမှ အေးစက်နဂါးကန်ထဲက နဂါးတစ်ကောင်ကို သတ်ခဲ့တယ်လို့ ဆိုတယ်!"
"ဟူး... ဒါက တကယ်ကို ထူးခြားတာပဲ။ ဆန်းကြယ်ရေခဲခန္ဓာကနေ ဖြစ်ပေါ်လာတဲ့ ရေခဲနယ်ပယ် က တကယ်ကို အားကြီးတယ်။ ပြိုင်ဘက်ရဲ့ စွမ်းဆောင်ရည်ကို အကြီးအကျယ် ကန့်သတ်နိုင်တယ်။"
"ပြိုင်ပွဲမှာ ပထမနေရာက ဒီနှစ်ယောက်ကြားထဲက တစ်ယောက် ဖြစ်ရမယ်။"
......
"ဟားဟား၊ ဒီမှာ ဘာစိတ်ဝင်စားစရာရှိလို့လဲ။ ငါကတော့ ဟိုမြင့်မြတ်သားတော်နဲ့ ယှဉ်ပြိုင်ဖို့ကိုပဲ မျှော်လင့်နေတာ..."
ကျီဖူမြင့်မြတ်နယ်မြေရှိရာ နေရာတွင် လူငယ်တစ်ဦးက သူ၏နှုတ်ခမ်းကိုကော့တင်လိုက်ပြီး အလွန်မောက်မာသော အမူအရာနှင့် မျက်လုံးထဲတွင် မထီမဲ့မြင်အကြည့်တို့ဖြင့် ရှိနေသည်။ ဤလူသည် ကျီဖူမြင့်မြတ်နယ်မြေ၏ မြင့်မြတ်သားတော် ကျွင်းမို ဖြစ်၏။
ကျွင်းမိုသည် တာယန်မြင့်မြတ်နယ်မြေ၏ တောင်ထိပ်ကိုးခု ပြိုင်ပွဲကို အစမှအဆုံး တစ်ချက်မျှပင် မကြည့်ခဲ့ပေ။ သူသည် ယခုတစ်ကြိမ် တာယန်မြင့်မြတ်နယ်မြေသို့ လာရောက်ရခြင်းတွင် ရည်ရွယ်ချက်တစ်ခုတည်းသာ ရှိသည်။
အဲဒါကတော့...
တာ့ယန်မြင့်မြတ်သားတော်ကို ချေမှုန်းပြီး ကျီဖူမြင့်မြတ်နယ်မြေ၏ ဂုဏ်သတင်းကို တည်ဆောက်ရန်ပင်။
ယောင်ကွမ်းမြင့်မြတ်နယ်မြေရှိရာ နေရာတွင်၊ မိန်းကလေးငယ်တစ်ဦးက မားမားမတ်မတ် ထိုင်နေသည်။ သူမ၏ အမူအရာသည် နူးညံ့သော်လည်း ကမ္ဘာလောကကို အထက်စီးမှ ကြည့်လိုသော မာနကြီးသည့် အငွေ့အသက်များဖြင့်လည်း ပြည့်နှက်နေခဲ့သည်။
ထိုမိန်းကလေးသည် ဤမျိုးဆက်၏ ယောင်ကွမ်းမြင့်မြတ်သမီးတော်၊ ရှန်မင်ယွဲ့ပင် ဖြစ်၏။ သူမသည်လည်း သူမ၏ အစွမ်းကို ပြသလိုသည်။
ဓားခန်းမရှိရာ နေရာတွင် လူငယ်ဓားသားတော် ကျန့်ဝူရွှမ်းသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ကျောတွင် ဓားသတ္တာတစ်ခုကို သယ်ဆောင်ထားကာ သူ၏ ကြောက်မက်ဖွယ် ဓားအရှိန်အဝါသည် ကောင်းကင်သို့ပင် ထိုးတက်နေခဲ့သည်။
နတ်ဓားတစ်လက်ကဲ့သို့ပင် အလွန်ထက်မြက်လှသည်။ သူ၏ပစ်မှတ်သည်လည်း စုရွှမ်ပင်!
"တာယန်မြင့်မြတ်နယ်မြေက တကယ်ကို ရယ်စရာကောင်းတယ်။ ကျုံးကျိုးကနေ လာခဲ့တာ၊ ငါ့ကို အံ့ဩစရာတစ်ခုခု ပေးလိမ့်မယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ အရင်အတိုင်းပဲ ဖြစ်နေတုန်းပဲ..."
လူအုပ်ထဲတွင်၊ အပြာရောင်ဝတ်စုံနှင့် လူတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။ နာရီဝက်သည် တစ်မုဟုတ်အတွင်း ကုန်ဆုံးသွားသည်။
ရုတ်တရက် ရှုမိနယ်မြေသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး သက်တန့်ရောင်အလင်းတန်းများသည် ထိုအထဲမှ ထွက်လာကာ မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လာကြသည်။
သူတို့သည် အသက်ရှင်ကျန်ရစ်သော တာယန်တပည့်များပင် ဖြစ်သည်။
သို့သော် သေချာနှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ရှုမိနယ်မြေမှ ထွက်လာသော တာယန်တပည့်များသည် ယခင်ကထက် သိသိသာသာ နည်းပါးသွားသည်ကို တွေ့ရ၏။
မှန်ပါသည်၊ အခြားတပည့်အချို့သည် ရှုမိနယ်မြေထဲတွင် သေဆုံးသွားခဲ့ကြခြင်းပင်။ ပြိုင်ပွဲသည် အလွန်ရက်စက်ပြီး လူ့အသက်သည် တန်ဖိုးမရှိပေ။ သို့သော် ဤသည်မှာ လောက၏ နိယာမပင်။
အားကြီးသူသည် ထိန်းချုပ်မရဖြစ်ရမည်၊ အားနည်းသူသည် နှိမ့်ချရမည်သာ။ နောက်ဆုံးတွင် ပထမနေရာရရှိသူ နှစ်ဦးရှိခဲ့သည်။ လင်းယွီနှင့် စွန်းဟောက်တို့ပင်။ နောက်ဆုံးတိုက်ပွဲတွင် နှစ်ဦးစလုံးသည် ပထမနေရာကို ပူးတွဲရရှိခဲ့သည်။
"တောင်ထိပ်ကိုးခု၊ ပြိုင်ပွဲ ပြီးဆုံးပါပြီ!"
"ဒီနှစ်ပြိုင်ပွဲရဲ့ ပထမနေရာရရှိသူတွေဟာ ပထမတောင်ထိပ်က လင်းယွီနဲ့ စွန်းဟောက်တို့ ဖြစ်တယ်လို့ ငါ ကြေညာတယ်!"
"အခု မင်းတို့က မြင့်မြတ်သားတော်ကို စိန်ခေါ်မလား မခေါ်ဘူးလားဆိုတာ ရွေးချယ်နိုင်ပြီ။"
မြင့်မြတ်သခင်က စကားပြောလိုက်ရာ သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ကောင်းကင်ယံကို ထိုးခွဲသွားသည်။
"မြင့်မြတ်သခင်၊ ကျုပ် စိန်ခေါ်ဖို့ ရွေးချယ်ပါတယ်!"
"ကျုပ်လည်းပဲ...ကျုပ်လည်း စိန်ခေါ်လိုတယ်!"
သူတို့နှစ်ဦးသည် ဤနေ့အတွက် အချိန်ကြာမြင့်စွာ စီစဉ်ခဲ့ကြ၏။မည်သို့ လက်လွှတ်နိုင်မည်နည်း။ ထိုစကားကိုကြားသော် တာယန်မြင့်မြတ်သခင်၏ မျက်နှာပေါ်တွင် ရှင်းပြမရသော အပြုံးတစ်ခု ပေါ်လာသည်။
သူက စုရွှမ်ရှိရာသို့ ခေါင်းလှည့်ကြည့်ကာ ပြောလိုက်သည်
"မင်းရဲ့ အိမ်ကွင်းပွဲ စတင်ပြီ။ ငါ့ကို စိတ်မပျက်စေနဲ့။"
"စိတ်ချပါ"
စုရွှမ်ကလည်း အသံဖြင့် ပြန်ဖြေလိုက်သည်။
နောက်တစ်စက္ကန့်တွင် စုရွှမ်သည် စင်မြင့်ပေါ်သို့ ခြေတစ်လှမ်းလှမ်းကာ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။ မြင့်မြတ်သားတော် စုရွှမ် စင်ပေါ်သို့ တက်လာခြင်းသည် ချက်ချင်းဆိုသလို အတော်လေး လှုပ်ခတ်သွားစေသည်။ သူသည် ကျောက်စိမ်းကဲ့သို့ ချောမောပြီး တောင့်တင်းသော ကိုယ်ဟန်ရှိသည်။
သူ၏အဖြူရောင်အဝတ်အစားသည် နှင်းထက်ဖြူဖွေးပြီးသူ၏အမူအရာသည် လောကီနှင့်ကင်းကွာနေခဲ့၏။ ထိုသို့သော စုရွှမ်သည် မိန်းကလေးငယ်များစွာကို ချက်ချင်း မူးမေ့သွားစေသည်။
"ဒါက ငါတို့မြင့်မြတ်နယ်မြေရဲ့ ကိုယ်ပျောက်လူသား မြင့်မြတ်သားတော်လား။ ဒီနေ့ သူ့ကိုမြင်ပြီးတော့ သူက အားကြီးလား မကြီးလားတော့ မသိဘူး။ ဒါပေမဲ့ တကယ် ချောတယ်။ ငါ့ရဲ့ စိတ်ကူးထဲက အမျိုးသားပုံစံနဲ့ တစ်ထပ်တည်းပဲ!"
"အိုးဘုရားရေ သူက တကယ်ချောတယ်၊ ဒါပေမဲ့ နည်းနည်း ပိန်နေပုံပဲ။အဲဒီဘက်မှာတော့ သိပ်ပြီး ကြမ်းတမ်းမှာ မဟုတ်လောက်ဘူး..."
"ဟားဟား၊ ရုပ်ချောတာက အသုံးမဝင်ပါဘူး။ ငါ ပထမတစ်ချက်ကြည့်ရုံနဲ့ ဒီကောင့်မှာ နာမည်နဲ့လိုက်တဲ့ အစွမ်းစမရှိဘူး။ မြင့်မြတ်သားတော်ဘွဲ့နဲ့ မထိုက်တန်ဘူးဆိုတာ ပြောနိုင်တယ်!"
“…”
ပရိသတ်ထဲတွင် အသံမျိုးစုံ ထွက်ပေါ်နေခဲ့သည်။