← Chapters

မစင်စားသခင်လေး ရောက်လာပြန်ပြီး

Vol. 5 Ch. 49

မစင်စားသခင်လေး ရောက်လာပြန်ပြီး

Vol. 5 Ch. 49

ဝိညာဉ်တောင်တန်းတွင်…

လော့ထျန်သည် အားလုံးကို မေ့ထားကာ မနားတမ်း သတ်ဖြတ်နေသည်။ နတ်ဆိုးတစ်ကောင်လို သတ်ဖြတ်နေခြင်းပင်။

အသက်ဆက်ရှင်သန်နိုင်ရန်…

လော့ကျန့်ရှန်၏ မျက်နှာကို အိုးမဲသုတ်နိုင်ရန်…

ဖုန်းလေ၊ လီရွှယ်အာ၊ သူ့လက်အောက်ခံ လော့မိသားစုဝင်အားလုံးအတွက်၊ နောက်ဆုံးဘော့စ်ကို သတ်နိုင်ရန် လော့ထျန်သည် အားသွန်ခွန်စိုက် ကြိုးစားနေ၏။

လူတစ်ယောက်နှင့် သံစက်ရုပ်သုံးကောင်သည် ဝိညာဉ်တောင်တန်း၏ အစွန်အဖျားတွင် ရူးသွပ်စွာ ပြေးလွှားနေကြသည်။

“ဒင်”

“ကစားသမား လော့ထျန်မှ မိုးကြိုးလေသားရဲကို သတ်လိုက်၍ ဂုဏ်ယူပါသည်။ အတွေ့အကြုံ ၃၅၀၊ နက်နဲစွမ်းအင် ၃၅ ရရှိပါပြီ…”

“ကစားသမား လော့ထျန်မှ မိုးကြိုးလေသားရဲ၏ သွေးအနှစ်ကို ရရှိလိုက်၍ ဂုဏ်ယူပါသည်။ သားရဲတစ်သောင်းသွေးအနှစ်တန်ဖိုး +၁ တိုးလာပါပြီ။”

“ဒင်”

“ကစားသမားမှ ဂုဏ်ယူ…”

“ဒင်…”

စနစ်၏ အသံများမှာ မရပ်မနားမြည်နေသည့် စက်တစ်ခုနှယ်ပင်။ ထိုအသံများသည် နားကြားပြင်းကပ်ဖွယ်ဖြစ်သော်လည်း လော့ထျန်ကို အလွန်စိတ်လှုပ်ရှားစေသည်။

သူ့၏ အတွေ့အကြုံဘားသည် မြင့်တက်လာသည်။ နက်နဲစွမ်းအင်များ တိုးလာသည်။ စိတ်ဓာတ်ခွန်အားများ အဆက်မပြတ် တိုးတက်လာပြီး သားရဲတစ်သောင်းသွေးအနှစ်များလည်း ရရှိနေသည်။

လော့ထျန်အတွက် အဆင့်တက်ရန် ကြိုးစားနေသည့် သွေးစွန်းသော စစ်မြေပြင်တစ်ခု ဖြစ်ပေသည်။

တစ်ရက်…

နှစ်ရက်…

သုံးရက်…

သူသတ်ဖြတ်နေသည်မှာ နေ့ရောညပါ မသိပေ။ တစ်ခါမျှလည်း အနားမယူဖူးသဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး မောပန်းနွမ်းနယ်နေချေပြီ။ လော့ထျန်သည် ရပ်နားရန် မစွန့်စားနိုင်ဘဲ အချိန်တိုင်းကို အဆင့်တက်ရန် အသုံးပြုနေသည်။ အတွေ့အကြုံရမှတ်တိုင်းသည် အရေးကြီးသည်။ နက်နဲစွမ်းအင်အမှတ်တိုင်းသည် သူရှင်သန်မရှင်သန်ကို ဆုံးဖြတ်နိုင်ပေ၏။ ထို့ကြောင့် သူသည် ရူးသွပ်သောလမ်းကြောင်းပေါ်တွင် ဆက်လက်သတ်ဖြတ်နေသည်။

အဆင့်၄အဆင့်သားရဲဆိုသည်မှာ ပြိုင်ဘက်ကင်းသော သတ္တဝါတစ်ကောင်ပင်။

ရှင်သန်ရန်အတွက် သူသည် အလွန်အင်မတန် အစွမ်းထက်လာရမည်။

အဆင့်၄အဆင့်သားရဲပြီးလျှင် လော့ကျန့်ရှန်ကို နှိမ်နင်းရမည်။

ထိုနောက်ဆုံးဘော့စ်ကို ဤတစ်ကြိမ်တွင် လုံးဝဖျက်ဆီးပစ်ရမည်။

“သတ်”

လော့ထျန်၏ အနည်းငယ်အက်ကွဲနေသော အသံက ဟိန်းခနဲ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများက သံချပ်ကာဝတ်စုံကဲ့သို့ ဖုံးလွှမ်းနေပြီး နေ၏အလင်းပြန်မှုကြောင့် အေးစက်စက်အလင်းရောင် ထွက်ပေါ်နေသည်။ ဤအလင်းရောင်သည် ငရဲမှ လင်းလာသော သေမင်း၏အလင်းရောင်နှင့် ဆင်တူပေသည်။

လော့ထျန်၏ အမိန့်ကို ကြားသည်နှင့် သံစက်ရုပ်သုံးကောင်ဖြစ်သည့် အော့ပ်တီမတ်စ်ပရိုင်း၊ ဘမ်ဘယ်ဘီးနှင့် မက်ဂါထရွန်တို့သည် အစွမ်းထက်သော ဗိုလ်ချုပ်များပမာ သားရဲအုပ်များထဲသို့ ဝင်ရောက်သွားကြ၏။

“အဆင့်တက်… အဆင့်တက်…”

“ငါ အမြန်အဆင့်တက်ရမယ်”

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ရှစ်ရက်ပြည့်မြောက်ခဲ့ချေပြီ။ နောက်တစ်နေ့တွင် လော့ထျန်သည် အဆင့်၄အဆင့်သားရဲနှင့် သိုင်းကွင်း၌ တိုက်ခိုက်ရန်ရှိသည်။

ညနေခင်းနီးလာသည်နှင့်အမျှ နေဝင်ဆည်းဆာသည် သွေးလုံးကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ ကျောက်စိမ်းတောင်မြို့သည် နေနီကြီး၏ အရောင်ဖြင့် သွေးရောင်ခြယ်သထားသလို ဖုံးလွှမ်းနေပြီး လူအချို့ကို တုန်လှုပ်စေသည်။

သိုင်းကွင်းရှိ လောင်းကစားရုံတွင်…

“ငါ လော့ထျန် ရှုံးတာကို ငွေ ၁၀၀ လောင်းတယ်”

“ငါ လော့ထျန် တစ်မိနစ်ထက် ပိုမခံဘဲ သေတာကို ငွေ ၃၀ လောင်းတယ်”

“ငါ ငွေ ၇၀ လောင်းတယ်…”

“အဲဒီကောင်လေး လော့ထျန် သေမှာသေချာတယ်။ ငါတို့ ငွေပုံကြီးရတော့မှာပဲ။ သူ့ကို တကယ်ကျေးဇူးတင်သင့်တယ်၊ ဟားဟားဟား…”

“သူ့၏ကျင့်ကြံမှုဗဟိုချက် ပျက်စီးပြီး သူ့၏ကျင့်ကြံမှုတွေ ဆုံးရှုံးသွားတာ။ သူ့ရဲ့ကျင့်ကြံမှုဗဟိုချက် နတ်ကွမ်ဆန်စွာ ပြန်ကောင်းလာရင်တောင် သူ့ရဲ့ကျင့်ကြံမှုက အဆင့်မြင့်မှာမဟုတ်ဘူး။ အဆင့်၄အဆင့်သားရဲကို တိုက်ခိုက်ရဲတယ်ပေါ့ သူဟာ တကယ်ပဲ မြေတစ်လက်မနင်းပြီး သေတွင်းထဲ တစ်ဖက်ရောက်နေတာပဲ”

“ဟားဟား… မင်းတို့ ကြားပြီးပြီလား ရှစ်ရက်အလိုက အဲဒီအမှိုက် လော့ထျန်ဟာ ဝိညာဉ်တောင်တန်းမှာ လေ့ကျင့်ဖို့ သွားခဲ့တာ ခုထိ ပြန်မလာသေးဘူး။ သားရဲတစ်ကောင်က သူ့ကို စားလိုက်တာများလား”

“ဘယ်သူဂရုစိုက်လို့လဲ သူ ပေါ်မလာရင်တောင် ငါတို့က လောင်းကြေးကို အနိုင်ရမှာပဲ။ စောစောသေသည်ဖြစ်စေ နောက်ကျမှသေသည်ဖြစ်စေ အတူတူပဲ။”

ထိုလောင်းကြေးပွဲကို ကျောက်စိမ်းတောင်မြို့၏ သိုင်းကွင်းမှ စတင်ခဲ့ခြင်းပင်။

လော့ထျန်က အဆင့်၄အဆင့်သားရဲကို သိုင်းကွင်းမှာ စိန်ခေါ်လိုက်တယ်ဆိုသည့် သတင်းသည် ပလူပျံခဲ့သဖြင့် ကျောက်စိမ်းတောင်မြို့ရှိ လူတိုင်းသိရှိကြသည်။ မိုင်ပေါင်းတစ်ထောင်ကျော်ဝေးသော မြို့ကြီးများမှ လူအချို့ပင် လာရောက်ကြည့်ရှုကြပြီး လောင်းကြေးများ ထပ်ကြသည်။

လောင်းကြေးနှုန်းမှာ ၁း၁၀ ဖြစ်သည်။

လော့ထျန်ဘက်က ၁၊ အဆင့်၄အဆင့်သားရဲဘက်က ၁၀။ ဤလောင်းကြေးသည် တစ်ဖက်သတ်ကျလှသည်။ ပြီးခဲ့သည့် လဝက်အတွင်း လော့ထျန်၏အနိုင်ဘက်တွင် ငွေ ၁၀ တည်းပင် မပြည့်ခဲ့ပေ။

ဤသည်မှာလည်း အမှတ်မထင် လောင်းမိပြီး ပြန်အမ်းမရသောသူများ၏ ငွေများဖြစ်၏။

သိုင်းကွင်းသည် မြို့တိုင်းလိုလိုတွင် ရှိသည်။ ၎င်းကို လူသားများ၏ ဖျော်ဖြေရေး၊ လောင်းကစားအတွက် ဖန်တီးထားပြီး အလွန်အကျိုးအမြတ်များသော စက်တစ်လုံးပင် ဖြစ်ပေ၏။ ဤသိုင်းကွင်းအားလုံးကို နက်နဲဆန်းကြယ်သော အဖွဲ့အစည်းတစ်ခုက ထိန်းချုပ်ထားသည်။ ၎င်းတို့ပိုင်ဆိုင်သော အင်အားမှာ ကြီးမားပြီး ၎င်းတို့၏ဌာနချုပ် ဘယ်မှာတည်ရှိသည်ကို မည်သူမျှမသိပေ။ ၎င်းတို့၏အကြီးအကဲ မည်သူဖြစ်သည်ကိုလည်း မည်သူမျှ မသိချေ။

ထိုအချိန်၌…

သိုင်းကွင်း၏ ဇိမ်ခံခန်းတစ်ခန်းအတွင်း…

ဂိုဏ်းချုပ်အဆင့်မြင့်ပုဂ္ဂိုလ်အချို့၏ နဖူးပေါ်တွင် ချွေးစေးများ ပေါ်နေသည်။

“သားရဲဘက်ကို လောင်းတာ ရူးမိုက်စွာ တိုးလာနေတယ်။ မကြာခင်မှာ တစ်သန်းကျော်သွားတော့မယ်။ ဒီအတိုင်းဆက်သွားရင် ငါတို့ ဒီနှစ်ရတဲ့ဝင်ငွေ အကုန်ပြန်ပေးရတော့မယ်”

“ဂိုဏ်းချုပ် လိ၊ ငါတို့ သားရဲကို ဆေးနည်းနည်းပေးသင့်လား သားရဲရဲ့အစွမ်းကို အဆက်မပြတ် လျှော့ချနိုင်တဲ့ ဆေးတစ်မျိုးကို ကျွန်တော်သိတယ်”

“ပါးစပ်ပိတ်လိုက်၊ ငါတို့ ခရမ်းရောင်အဖွဲ့အစည်းက ဘယ်တော့မှ လိမ်မကစားဘူး။ မင်း ဒီအကြောင်း ထပ်ပြောရဲရင် ချက်ချင်းထွက်သွား”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့”

ထိုအဆင့်မြင့်ဂိုဏ်းချုပ်များမှာ တိတ်ဆိတ်စွာ နေနေကြပြီး တစ်စုံတစ်ရာကို ထုတ်ဖော်ပြောဆိုရန် မရဲရဲကြပေ။

လီကွေ့သည် လက်များကို ကျောနောက်ပစ်ထားပြီး ဇိမ်ခံခန်းအပြင်ရှိ သွေးနီရောင်ကောင်းကင်ကို ကြည့်နေသည်။ သူ၏မျက်ခုံးများ အနည်းငယ် တွန့်ချိုးနေပြီး သူ့ကိုယ်သူ အသံတိုးတိုးဖြင့် ပြော၏။ “တတိယသခင်မလေး၊ ခင်ဗျား ဘာတွေကြံစည်နေတာလဲ အဲဒီကောင်လေး အဆင့်၄အဆင့်သားရဲကို အနိုင်ယူနိုင်မယ်လို့ တကယ်ထင်တာလား ဒါက လုံးဝမဖြစ်နိုင်ဘူး”

“ငါတို့ ခရမ်းရောင်အဖွဲ့အစည်းက တစ်ခါမှ ရှုံးတဲ့လုပ်ငန်း မလုပ်ခဲ့ဖူးဘူး။ ဒီတစ်ခါတော့ ငါကြောက်တယ်…”

လီကွေ့သည် သူ့နှလုံးသားထဲတွင် သက်ပြင်းချလိုက်သည်။

ရုတ်တရက်…

ဇိမ်ခံခန်းအတွင်း တံခါးခေါက်သံကို အလောတကြီး ကြားရသည်။ အတွင်းမှ တစ်ယောက်က တံခါးဖွင့်ပေးရန် မစောင့်နိုင်ဘဲ ချွေးများရွှဲနေသော အမျိုးသားတစ်ဦးသည် တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်ရောက်လာသည်။

အခန်းထဲရှိလူအားလုံး မျက်မှောင်ကြုတ်ကုန်သည်။ တစ်စုံတစ်ယောက်က ဆဲဆိုရန် ပြင်နေစဉ် ထိုလူက အရင်ဆုံး စကားစပြော၏။ “ဂိုဏ်းချုပ်… ဂိုဏ်းချုပ်ချုပ် လိ၊ တစ်… တစ်စုံတစ်ယောက်က ကျေက်နက်ဆယ်လုံး လာလောင်းသွားပါတယ်”

“ဘာ”

“ဒီလောက် အသုံးအဖြုန်းကြီးတဲ့သူ ကျောက်စိမ်းတောင်မြို့မှာ ဘယ်သူရှိတာလဲ”

“မိသားစုကြီးလေးစု ပေါင်းရင်တောင် ကျေက်နက်ဆယ်လုံး မရှာနိုင်သေးဘူး။ အဲဒါ ဘယ်သူလဲ”

“ငါတို့ ဒုက္ခရောက်ပြီ။ ငါတို့ရဲ့ ဆုံးရှုံးမှုတွေက ပိုဆိုးလာတော့မယ်”

သူတို့၏ မျက်နှာများ ပိုမိုညိုမှိုင်းသွားသည်။ အဘယ်ကြောင့်ဆိုသော် သိုင်းကွင်း၏ အမြတ်ငွေသည် သူတို့၏ ဆုကြေးနှင့် တိုက်ရိုက်သက်ဆိုင်သောကြောင့်ပင်။ ဤတိုက်ပွဲကို အဘယ်ကြောင့် ဤမျှ နာမည်ကြီးအောင် လုပ်ခဲ့သည်ကို သူတို့မသိနိုင်ပေ။ မိုင်ပေါင်းတစ်ထောင်ကျော်ဝေးသော နေရာများအထိပင် ပြန့်ခဲ့ပြီး မိုးနတ်ဓားမြို့တော်ကြီးပင် သိရှိသည်။

ဘာအကြောင်းအရာတွေလဲ

ဒီမှာရှိတဲ့လူတွေထဲမှာ ဘယ်သူမှ မသိပေ။ လီကွေ့ပင်မသိပေ။ သူသည် အထက်မှ အမိန့်များကို လာရောက်လုပ်ဆောင်ပေးရုံမျှသာဖြစ်သည်။

လီကွေ့သည် မျက်မှောင်ပိုကြုတ်ကာ မေးသည်။ “ဘယ်သူလဲဆိုတာ သေချာကြည့်ခဲ့လား”

ထိုလူသည် ခေါင်းခါပြ၏။ “မကြည့်ခဲ့ရပါဘူး။ အဲဒီလူက အနက်ရောင်ဝတ်ရုံကြီး ဝတ်ထားတာကြောင့် မျက်နှာကို မမြင်ရပါဘူး။ တစ်ခုတော့ သေချာတယ်။ အဲဒီလူက မိန်းကလေးပါ”

“မိန်းကလေး”

“သူမရဲ့အသံကို နားထောင်ရတာ၊ မိန်းကလေးငယ်လေး ဖြစ်နိုင်ချေများပါတယ်”

“မိန်းကလေးငယ်လေး”

ထိုလူသည် တစ်ခုခုကို သတိရသွားပြီး ဆက်ပြောသည်။ “သူမက လော့ထျန်ဘက်ကို လောင်းသွားတာပါ”

“လော့ထျန် ကျေက်နက်ဆယ်လုံး ဟားဟားဟား…”

“ဘုရားသခင်က ငါတို့ကို ကြည့်နေပြီ။ ဒီတစ်ခါ ငါတို့ အမြတ်အများကြီးရတော့မယ်”

“အဲဒီမိန်းကလေးက ငါတို့ရဲ့ ကယ်တင်ရှင်ပဲ”

ထိုအချိန်တွင် ဇိမ်ခံခန်းအတွင်း၌ ရယ်သံများ ထွက်ပေါ်လာသည်။ လီကွေ့၏ နှလုံးသားလည်း ပေါ့ပါးသွားပြီး မျက်နှာတွင် သဲ့သဲ့ပြုံးရိပ် ပေါ်လာသည်။

လော့မိသားစု…

လော့ထျန်၏ ရိုးရှင်းသော မြင်းဇောင်းဝင်းထဲတွင်…

လီရွှယ်အာသည် သူမ၏အခန်းထဲမှ အဖြူရောင်ဂါဝန်နှင့် ထွက်လာသည်။ ထိုဂါဝန်သည် သွေးနီရောင် နေဝင်ဆည်းဆာနှင့်အတူ လှပလွန်းနေသည်။

သူမသည် ဝင်းခြံထဲရှိ ကျောက်ခုံတစ်ခုပေါ်တွင် ထိုင်လိုက်ပြီး ပါးပြင်ကိုပုတ်ကာ လော့ထျန် အမြဲနေထိုင်သောနေရာကို စိုက်ကြည့်နေသည်။ လီရွှယ်အာသည် တစ်ခါတစ်ရံတွင် “အစ်ကိုကြီး လော့ထျန်၊ ဘာလို့ ခုထိ ပြန်မလာသေးတာလဲ ရွှယ်အာ အစ်ကိုကြီးကို လွမ်းတယ်…” ဟု ညည်းတွားနေသည်။

ဝင်းခြံအဝင်ဝရှိ ကျောက်လှေကားထစ်ပေါ်တွင် ဖုန်းလေသည် လုံခြုံရေးအစောင့်တစ်ဦးနှယ် မလှုပ်မယှက် ထိုင်နေသည်။

သတ်မှတ်ရက်က နီးလာပြီ။

လော့ထျန် ပေါ်မလာသေးသဖြင့် ထိုနှစ်ယောက်သည် စိုးရိမ်လာကြ၏။

“ဒီအတိုင်း ဆက်မနေသင့်ဘူး”

“ဒီတစ်ယောက် အစ်ကိုကြီးကို သွားရှာမယ်” ဖုန်းလေသည် ချက်ချင်း ထရပ်ပြီး ဆုံးဖြတ်ချက်ချထားသော မျက်နှာနှင့် အပြင်သို့ ပြေးထွက်ရန် ပြင်လိုက်သည်။

ဖုန်းလေ၏ ရုတ်တရက်ပြောင်းလဲမှုကို မြင်သည်နှင့် လီရွှယ်အာသည် သူ့နောက်သို့ ပြေးလိုက်ကာ “ညီမလေးလည်း လိုက်မယ်” ဟု ပြော၏။

ထိုနှစ်ယောက်သည် မြင်းဇောင်းမှ မထွက်ရသေးမီမှာပင် ဒုတိယအကြီးအကဲ၏သား လော့ချန် ဦးဆောင်သော လူအုပ်စုတစ်စုက ဝိုင်းရံထားသည်။

“မင်းတို့နှစ်ယောက် ဒီနေရာကနေ တစ်လှမ်းမှ လှမ်းဖို့ မစဉ်းစားနဲ့”

လော့ချန်သည် ဖုန်းလေနှင့် လီရွှယ်အာ၏ လမ်းကို ပိတ်ဆို့ထားကာ အေးစက်စက် လှောင်ပြောင်လိုက်သည်။ “အဲဒီ အသုံးမကျတဲ့အမှိုက် လော့ထျန်ဟာ ဝိညာဉ်တောင်တန်းမှာ သေသွားတာ ဖြစ်နိုင်တယ်။ အဲဒါကြောင့် ခုထိ မပြန်လာသေးတာ။ နောက်ထပ်အကြောင်းပြချက်တစ်ခုက မင်းတို့နှစ်ယောက်ကို ဒီမှာထားပြီး သူ့ဘာသာ ထွက်ပြေးသွားတာလဲ ဖြစ်နိုင်တယ်။ ဒီလိုမဟုတ်ရင် ဒီအချိန်လောက်ဆို သူပြန်ရောက်နေသင့်ပြီ”

“ကျွန်တော့်အစ်ကိုကြီး ဘယ်တော့မှ မသေဘူး” ဖုန်းလေက ဒေါသတကြီး ပြန်ပြော၏။

လီရွှယ်အာလည်း စိုးရိမ်တကြီး ကြားဖြတ်ပြောသည်။ “အစ်ကိုကြီး လော့ထျန်က ကျွန်မတို့ကို ထားခဲ့ပြီး သူ့ဘာသာ ဘယ်တော့မှ ထွက်မပြေးပါဘူး၊ ဟွန့်”

“သူ တကယ်မပြေးဘူးဆိုရင် ငါ အောက်က မြင်းချေးပုံကို စားလိုက်မယ်” လော့ချန်သည် သူ့ခြေထောက်အနီးရှိ မြင်းချေးပုံကို လက်ညှိုးထိုးကာ ပြော၏။

“ဘာလဲဟ”

“ငါ ရူးသွပ်နေတဲ့သူတွေကို တွေ့ဖူးပေမယ့် ဒီလောက်ရူးသွပ်တဲ့သူ မတွေ့ဖူးသေးဘူး။ မြင်းချေးစားတာကို စွဲလမ်းနေတာတောင် ဖြစ်လာတာပဲ”

ကောင်းကင်အမှောင်ထဲတွင် အရိပ်တစ်ခု ရောက်ရှိလာသည်။ ထိုသူသည် လှောင်ပြောင်မှုနှင့်အတူ အဆုံးမရှိသော သြဇာအာဏာများကို ထုတ်လွှတ်နေ၏။

ဖုန်းလေသည် သူ့ခေါင်းကို ယောင်ခြစ်လိုက်ပြီး ရယ်မောလိုက်သည်။

လီရွှယ်အာလည်း ပြုံးလိုက်ရာ သူမ၏ သွားဖုံးများပေါ်လာပြီး အလွန်ချစ်စရာကောင်းနေသည်။

လော့ချန်သည် မည်သို့မှ မတုံ့ပြန်နိုင်ဖြစ်သွားသည်။ ဘေးပတ်လည်ရှိ လော့မိသားစု၏ ထိပ်တန်းတပည့်များလည်း ထိုအတိုင်းပင်။

လော့ထျန်သည် သူတို့ရှေ့တွင် ပေါ်လာပြီး ဖုန်းလေကို အလေးအနက် ကြည့်လိုက်သည်။ သူတို့၏မျက်လုံးများ ဆုံမိသော်လည်း ညီအစ်ကိုများကြားတွင် မည်သည့်စကားမှ မလိုအပ်ပေ။ ထို့နောက် သူသည် သူ့လက်ညှိုးဖြင့် လီရွှယ်အာ၏ နှာခေါင်းကို ညင်သာစွာပုတ်လိုက်သည်။ “ကောင်မလေး၊ ငါ့ကို လွမ်းနေတာလား”

“ဟုတ် အရမ်းလွမ်းပါတယ်” လီရွှယ်အာသည် နာခံမှုရှိစွာ ခေါင်းညိတ်လိုက်ပြီး သူမ၏မျက်လုံးများမှ မျက်ရည်များ ထွက်တော့မလိုပင်။

သူမ၏ ချစ်စရာကောင်းသောပုံစံကို မြင်ပြီး လော့ထျန်သည် သူမကို ဖက်ထားချင်သည်။ သူ တကယ်ကို ဖက်ထားချင်ခဲ့သော်လည်း နောက်ဆုံးတွင် ထိုဆန္ဒကို ထိန်းချုပ်ထားလိုက်၏။

ထိုနှစ်ယောက် ဘေးကင်းလုံခြုံနေသည်ကို မြင်သောအခါ သူ့နှလုံးသားသည် သက်သာရာရသွားသည်။ လော့ထျန်သည် လော့ချန်ဘက်သို့ လှည့်

လိုက်ပြီး ပြုံးလိုက်သည်။ “ဝက်တုတ်လေ၊ ဘာကို စောင့်နေတာလဲ မြင်းချေးယူပေးလိုက်”

All Chapters