← Chapters

မကောင်းတဲ့အတိတ်နိမိတ်

Vol. 5 Ch. 50

မကောင်းတဲ့အတိတ်နိမိတ်

Vol. 5 Ch. 50

"ဝတုတ်လေ သူ့ကို မြင်းချေး စားခိုင်းလိုက်"

"ဟုတ်ကဲ့ သခင်လေး"

ဖုန်းလေသည် မြင်းချေးများကို ဖယ်ရှားရန်အတွက် အသုံးပြုသော ပေါက်ပြားတစ်ချောင်းကို ဆွဲယူလိုက်သည်။ ထို့နောက် မြင်းချေးအားလုံးကို ကျန်တာမရှိစေရန် ဂရုတစိုက်ခပ်လိုက်ပြီး ပြုံးလျက် လော့ချန်၏ မျက်နှာရှေ့သို့ ယူဆောင်လာကာ

"စားလိုက်"

လော့ချန်၏ မျက်နှာသည် ဖြူဖျော့သွားပြီး လော့ထျန်ကို စိုက်ကြည့်သည်။ ထို့နောက် သူ့လက်များကို ပွတ်သပ်လိုက်ပြီး ညှိုးငယ်စွာဖြင့် "ပြန်မယ်"

"မင်းလိုချင်တာ လုပ်နိုင်တဲ့ ကောင်မ၊ မင်း ထွက်သွားချင်တာလား"

"ဒီမြင်းချေးပုံကို ဒီနေ့ မစားဘူးဆိုရင်၊ ဒီအဖေက မင်း ထွက်သွားနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့"

လော့ထျန်သည် အေးစက်စက် ပြုံးလိုက်ပြီး လော့ချန် မစားမချင်း သူ့ကို ရိုက်နှက်မည်ဆိုသည့် ပုံစံမျိုး လုပ်ပြ၏။

အနီးနားရှိ တပည့်ခြောက်ယောက်၏ ခွန်အားမှာ မနိမ့်လှပေ။

သူတို့ရှိနေသည်ဖြစ်၍ လော့ချန်သည် မကြောက်ရွံ့ပေ။ ထို့နောက် သူသည် မထီမဲ့မြင်ရယ်မောလိုက်ပြီး

"လော့ထျန်၊ မင်း ဘာမှ မဟုတ်ဘူးလို့ မထင်နဲ့။ တခြားသူတွေက မင်းကို ကြောက်ကောင်းကြောက်

မယ်၊ ဒါပေမယ့် ငါ လော့ချန်ကတော့ မကြောက်ဘူး"

ထိုသို့ပြောပြီးနောက် သူသည် မျက်စိမှိတ်ပြလိုက်သည်။

အနီးနားရှိ လူခြောက်ယောက်သည် တစ်လှမ်းတိုးလာကြပြီး လော့ထျန်ကို ဟာသဆန်သော မျက်နှာဖြင့် စိုက်ကြည့်ကြ၏။

"အိုး သူတို့အားလုံးက တပည့်ထိပ်သီးတွေ ဖြစ်ပုံရတယ်နော်"

"သူတို့ ဒီလောက်အများကြီး ရှိနေတော့ ငါ တကယ်ကို ကြောက်နေပြီ" လော့ထျန်သည် သဲ့သဲ့လေး ပြုံးလိုက်သည်။

ချက်ချင်းပင်…

လော့ထျန်၏ မျက်လုံးများ ဖုန်းလေပေါ်သို့ ကျရောက်သွားသည်။

ဖုန်းလေသည် ထိုအကြည့်ကို နားလည်သွားပြီး လေထဲသို့ လေချွန်လိုက်သည်။

"ညီအစ်ကိုတို့၊ ငါ့အတွက် ထွက်လာခဲ့ကြ"

"ဒုန်း ဒုန်း ဒုန်း…."

"ဒုန်း ဒုန်း…"

ပတ်ပတ်လည်မရှိ လော့မိသားစု၏ အပြင်လူတပည့်အများအပြားသည် အတွင်းသို့ ဝင်ရောက်လာသည်။ သူတို့သည် လော့ချန်နှင့် တပည့်ထိပ်သီးများကို လျင်မြန်စွာ ဝိုင်းရံလိုက်ပြီး လော့ထျန်ကို ခိုင်မာသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့အားလုံးသည် တစ်ချိန်တည်းတွင် အရိုအသေပေးလိုက်ကြပြီး တညီတညွတ်တည်း "သခင်လေး" ပြိုင်တူအော်လိုက်ကြသည်။

သူတို့၏ အသံများမှာ မိုးခြိမ်းသံနှင့်တူပြီး ၎င်းတို့၏ စွမ်းအားမှာ ရပ်တန့်၍မရချေ။

"သခင်လေး" ဟူသော အေးစက်ခိုင်မာသည့် အော်သံသည် လော့ထျန်၏ အသားအရေမှ ခုန်ထွက်တော့မလိုပင် ကြောက်လန့်သွားစေသည်။

ထို့နောက် သူသည် သူ့ကိုယ်သူ

"ဟာ၊ ဒါက ရုပ်ရှင်တွေထဲက တရုတ်ဂိုဏ်းတွေနဲ့ အတူတူပဲ"

သူသည် ဖုန်းလေကို မျက်လုံးလှိမ့်လိုက်ပြီး "ဝတုတ်လေ၊ မင်း ဘာတွေလုပ်ခဲ့တာလဲ" အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ထို့နောက် ဖုန်းလေသည် အရူးအမူး ရယ်မောလိုက်ပြီး

"သခင်လေး၊ ကျွန်တော့်ရဲ့လေ့ကျင့်မှုက မဆိုးဘူးဟုတ် ဟို ဟို ဟို…"

"မင်း ခေါင်းကြီး မဆိုးတာ၊ ငါ့ကို ကြောက်လန့်သွားအောင် လုပ်လိုက်တာ" လော့ထျန်သည် ထို့နောက် ဒေါသထွက်ဟန်ဆောင်ပြီး လူအုပ်ကြီးကို ပြုံးပြလိုက်သည်။

"ညီအစ်ကိုတို့၊ လော့ချန်က သူ့ဘက်က လူတွေပိုများတယ်ဆိုပြီး ငါ့ကို အနိုင်ကျင့်တယ်။ မင်းတို့ ဘာလုပ်သင့်တယ်လို့ ထင်လဲ"

ဤလူအုပ်ကြီးအားလုံးသည် အမဲလိုက်ကွင်းတွင် ရှိနေခဲ့သော လော့မိသားစုတပည့်များ ဖြစ်သည်။

လွန်ခဲ့သော ရှစ်ရက်အတွင်း ဖုန်းလေသည် သူတို့ကို လျှို့ဝှက်စွာ လေ့ကျင့်ပေးနေခြင်း ဖြစ်သည်။ လော့ထျန်သည် ထိုဝတုတ်လေက သူတို့ကို စစ်တပ်ပုံစံ ဂိုဏ်းဝင်များအဖြစ်သို့ ပြောင်းလဲပေးလိမ့်မည်ဟု ဘယ်တော့မှ မထင်ခဲ့ပေ။

ဂိုဏ်းဝင်များသည် မကြောက်စရာ မဟုတ်ပေ။ သို့သော် စစ်တပ်ကဲ့သို့ ပြုမူသော ဂိုဏ်းဝင်များသည် အံ့ဩဖွယ်ကောင်းသည်မှာ သေချာသည်။

ဤအချက်နှင့်ပတ်သက်၍ လော့ထျန်၏ နှလုံးသားသည် ရလဒ်နှင့် အတော်လေးကို ကျေနပ်နေသည်။

လူတိုင်း၏ မျက်လုံးများသည် တစ်စုံတစ်ရာ မပြောဘဲ လော့ချန်ပေါ်သို့ ကျရောက်သွားသည်။ သူတို့ လုပ်ခဲ့သည်မှာ သူ့ကို စိုက်ကြည့်ခြင်းသာ ဖြစ်သည်။

လူဒါဇင်ပေါင်းများစွာ၏ စိုက်ကြည့်ခြင်းကို ခံရသောအခါ လော့ချန်၏ ဆံပင်များ မတ်တပ်ရပ်

ကုန်သည်။ သူ့အသံသည် အနည်းငယ် တုန်ယင်နေပြီး

"လော့ထျန်၊ မင်း ဘာလုပ်ဖို့ စီစဉ်နေတာလဲ မင်း မိသားစုကို ပုန်ကန်တော့မလို့လား"

"ငါ တကယ် ဘာမှ မလုပ်ပါဘူး။ မင်းကို ဒီမြင်းချေးပုံကို အဆုံးသတ်စေချင်ရုံပဲ" လော့ထျန်သည် ပြုံးလျက် ပြန်ဖြေသည်။

လော့ချန်၏ မျက်နှာသည် ပြောင်းလဲသွားပြီး ဒေါသတကြီး ပြောသည်။ "လော့ထျန် မင်း ယုတ်မာတဲ့ခွေးကောင်၊ မင်း ငါ့အဖေ ဘယ်သူလဲဆိုတာ မေ့နေပြီလား နောက်ဆုံးတစ်ခါ မင်းဟာ သိုင်းလေ့ကျင့်ရေးကွင်းကနေ မင်းအသက်ကို ကံကောင်းစွာနဲ့ လွတ်မြောက်လာခဲ့တာ။ ဒီနေ့ ငါ့ဆံပင်တစ်မျှင်ကိုတောင် ထိရဲရင်၊ ငါ့အဖေကို မင်းကို ချက်ချင်း အသုံးမကျတဲ့သူဖြစ်

အောင် ရိုက်နှက်ခိုင်းလိုက်မယ်"

"ငါ့ကို အသုံးမကျတဲ့သူ ဖြစ်အောင် ရိုက်နှက်မယ်"

"မင်းအမေကို လာပြီး လိုးစမ်း"

လော့ထျန်သည် ချက်ချင်း ဒေါသအပြည့်ဖြင့် ပါးရိုက်လိုက်သည်။

"ပတ်"

လော့ချန်၏ ပါးပြင်ပေါ်တွင် လက်ငါးချောင်း အနီရောင်အမှတ်အသားများ ပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် မြင်းချေးပေါက်ပြားဘေးတွင် လဲကျသွားသည်။ အနီးပတ်လည်ရှိ တပည့်ထိပ်သီးခြောက်ယောက်၏ မျက်လုံးများသည် မှောင်ကျသွားပြီး လက်သီးဆုပ်လိုက်ကာ လုပ်ဆောင်ရန် ပြင်

လိုက်သည်။

လော့ထျန်သည် သူ၏ညာဘက်လက်ညှိုးကို တပည့်ထိပ်သီးများဘက်သို့ ဝေ့ရမ်းလိုက်ပြီး ခမ်းနားစွာ အော်လိုက်သည်။

"ကောင်မတွေ၊ မင်းတို့ထဲက ဘယ်သူက လှုပ်ရှားရဲတာလဲ"

ထိုသို့ပြောလိုက်သည်နှင့်…

နက်နဲဆရာတစ်ဦး၏ စွမ်းအားသည် ပေါက်ကွဲထွက်လာ၏။ လုံးဝကို မောက်မာပြီး ရမ်းကားမှုများဖြင့် ပြည့်နေ၏။

ခြောက်ယောက်၏ မျက်နှာပေါ်မှ အမူအရာသည် လျင်မြန်စွာ ပြောင်းလဲသွားပြီး ရုတ်တရက်လှုပ်ရှားမှုများ မပြုလုပ်ရဲကြပေ။ သူတို့သည် လော့ချန်ကို ဂုဏ်သိက္ခာ ပြန်ရအောင် ကူညီချင်သော်လည်း သူတို့၏အသက်သည် ပို၍အရေးကြီးသည်ကို နားလည်သွားသည်။

အသက်မရှိလျှင် ကျန်အရာအားလုံးသည် ခွေးချီးတစ်ခုမျှသာဖြစ်ပေသည်။

မြေပြင်ပေါ်ရှိ လော့ချန်သည် လော့ထျန်၏ စွမ်းအားဖြင့် ဖိနှိပ်ခြင်းခံနေရပြီး အသက်ပင် ကောင်းစွာမရှူနိုင်ပေ။ သူ၏စိတ်သည် အေးခဲနေပြီး

"မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး…" သူ့ကိုယ်သူ ရေရွတ်နေသည်။

နက်နဲဆရာအဆင့်သို့ လဝက်အတွင်း တိုးဖောက်ဝင်ရောက်နိုင်သည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

ဆယ်စုနှစ်တစ်ထောင်တွင် တစ်ကြိမ်သာပေါ်လာသော အထူးရှားပါးသည့် ထူးချွန်သော ပညာရှင်တစ်ဦးပင်လျှင် လုပ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူ့၏ကျင့်ကြံမှုဗဟိုချက် ပျက်စီးသွားသော အမှိုက် လော့ထျန်သည် မည်သို့လုပ်နိုင်မည်နည်း။

သို့သော် အချက်အလက်များသည် သူ့မျက်နှာရှေ့တွင် ရှိနေသည်။ ဤသည်မှာ တကယ်ပင် နက်နဲအရာများ၏ ဆရာတစ်ဦး၏ စွမ်းအားဖြစ်ပြီး ဟန်ဆောင်၍ မရချေ။ ဤသည်က လော့ချန်၏ နှလုံးသားကို နက်ရှိုင်းသော ချောက်ထဲသို့ ကျသွားစေ၏။

လော့ထျန်သည် ကိုယ်ကို နှိမ့်လိုက်ပြီး လော့ချန်၏ ဆံပင်ကို ဆွဲလိုက်သည်။

ထို့နောက် ကြမ်းတမ်းစွာ ပြုံးလိုက်ပြီး

"ဒီအဖေက မင်းကို နောက်တစ်ခါ ထပ်မေးမယ်။ မင်း စားမှာလား၊ မစားဘူးလား"

"ငါ…"

လော့ချန်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပြီး အနည်းဆုံး ၂ ကီလိုဂရမ်လေးသော မြင်းချေးပုံကို ကြည့်နေသည်။ သူ၏အစာအိမ်သည် လှုပ်ရှားနေပြီး ထိုအချိန်တွင် စကားမပြောနိုင်ဖြစ်နေသည်။

လော့ထျန်သည် လော့ချန်၏ ဆံပင်ကို လွှတ်ပေးလိုက်ပြီး အေးစက်စက် ပြုံးလိုက်သည်။

"ငါ့အတွက် ပါးစပ်ထဲ အတင်းထည့်လိုက်"

လော့ထျန်သည် သူ့ရန်သူများနှင့် ဆက်ဆံရာတွင် ဘယ်တော့မှ မပျော့ပြောင်းခဲ့ပေ။

လော့ချန်းရှန်းသည် လော့ကျန့်ရှန်၏ဘက်သို့ ဝင်သွားသည်မှာ သံသယဖြစ်စရာမလိုပေ။ သူသည် ယခု လော့ကျန့်ရှန်နှင့်သာ ရင်ဆိုင်နေရသည်မဟုတ်ဘဲ လော့မိသားစုတစ်ခုလုံးနှင့် ရင်ဆိုင်နေရခြင်းပင်။

လော့ထျန်သည် သူ့ရန်သူများ မည်သူဖြစ်သည်ကို ဆုံးဖြတ်ပြီးသောကြောင့် သူတို့အားလုံးကို မြေပြင်ပေါ်သို့ ရိုက်ချပစ်ပြီး ပြန်မထနိုင်အောင် လုပ်ရမည်။

ဟုတ်ပါတယ်…

ယခုအချိန်သည် ဆက်ဆံရေးအားလုံးကို ဖြတ်

တောက်ရမည့်အချိန်မဟုတ်ပါလော။ မဟုတ်ပါက လော့ချန်ကို မြင်းချေးအချို့ စားခိုင်းရုံမျှနှင့် မလွယ်ကူတော့ချေ။

ဤတစ်ကြိမ် လော့ထျန်သည် သူ၏စွမ်းအားကို တစ်ချက်မျှသာ ပြသလိုက်ခြင်း ဖြစ်ပြီး လော့မိသားစုသည် သတင်းကို လက်ခံရရှိလိမ့်မည်။ ဒီအဖေ ပြန်ရောက်လာပြီဖြစ်၍ မင်းတို့ ကိုယ့်ဖင်တွေကို ဆေးကြောပြီး ဒီအဖေ လာပြီး ဖောက်ခွဲဖို့ အသင့်

ပြင်ထားကြဟု ပြောလိုက်သကဲ့သို့ပင်။

မကြာမီ လော့ချန်၏ ပါးစပ်သည် မြင်းချေးများ

ပြည့်နေပြီး သူသည် သတိမေ့မြောနေပြီဖြစ်သည်။

ဤအခြေအနေတွင်ပင် မည်သူမျှ မရပ်တန့်ခဲ့ကြပေ။ သူတို့သည် လော့ချန်၏ ပါးစပ်ထဲသို့ မြင်းချေးများ အမှုန်တစ်စက်မျှ မကျန်တော့သည်အထိ ထိုးထည့်နေခဲ့ကြသည်။

လော့ထျန်သည် လက်ယမ်းလိုက်ပြီး ပြုံးလိုက်သည်။

"ကောင်းပြီ ဒီသတင်းကို မင်းတို့ သခင်ဆီ ပြန်ပို့လိုက်။ လော့ချန်က မြင်းချေးစားချင်တာဖြစ်ပြီး ငါက သူ့ရဲ့ဆန္ဒလေးကို ဖြည့်ဆည်းပေးလိုက်တာလို့ ပြောလိုက်ပါ"

ချက်ချင်းပင်…

ဖြူဖျော့သောမျက်နှာရှိ တပည့်ထိပ်သီးခြောက်ယောက်သည် လော့ချန်ကို ထောက်ပံ့ကာ ထိုနေရာမှ ထွက်ပြေးသွားကြသည်။

"ရိုင်းစိုင်းလိုက်တာ"

လော့ချန်းရှန်း၏ ဒေါသသည် ကောင်းကင်သို့ ရောက်သွားသဖြင့် သစ်သားစားပွဲကို ရိုက်ချလိုက်ရာ အပိုင်းပိုင်းကွဲသွားသည်။ သူ၏မျက်လုံးများက မီးတောက်များ ထွက်လာနိုင်သကဲ့သို့ ဖြစ်နေပြီး

"လော့ထျန်၊ ဒီအဘိုးကြီးက မင်းအလောင်းကို အပိုင်းတစ်ထောင်မဖြစ်မချင်း အနားယူမှာမဟုတ်ဘူး"

"အဖေ… အဖေ၊ သူ့ကို သတ်လိုက်ပါ။ ကျွန်တော် အဖေ့ကို သူ့ကို သတ်စေချင်တယ်…"

"အွတ်…"

လော့ချန်သည် နောက်တစ်ကြိမ် အော့အန်လိုက်သည်။ အခန်းတစ်ခုလုံး မြင်းချေးနံ့များ ထွက်နေပြီး မည်သူမဆို ပျို့အန်လာစေသည်။

မြင်းချေးကို နှစ်ကြိမ်တိုင်တိုင် စားရပြီးနောက် လော့ချန်သည် သူ့၏ဂုဏ်သိက္ခာအားလုံးကို လုံးဝဆုံးရှုံးသွားသည်။ လော့မိသားစုတွင်သာမက ကျောက်စိမ်းတောင်မြို့ရှိ လူတိုင်းက သူ့ကို လှောင်ပြောင်နေကြ၏။ လော့ချန်သည် လော့ထျန်ကြောင့် သူ့စိတ်ထဲတွင် နတ်ဆိုးတစ်ကောင် ဖြစ်ပေါ်လာပြီး အသုံးမကျသူအဖြစ်သို့ တစ်ဝက်တစ်ပျက်ရောက်ရှိသွားခဲ့သည်။

လော့ချန်းရှန်းသည် အလွန်အမင်း ဒေါသထွက်နေပြီး သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် နောက်သို့ လှည့်ကာ ကြီးမားသော ခြေလှမ်းများဖြင့် အခန်းထဲမှ ထွက်သွားသည်။

သူ၏ဝင်းထဲမှ ထွက်ခွာသည်နှင့် လော့ကျန့်ရှန်က လျင်မြန်စွာ ရောက်လာပြီး သူ့ကို ပိတ်ဆို့လိုက်သည်။

"ငါ့ကို မတားနဲ့ ဒီတစ်ခါ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို သတ်ပစ်မယ်" လော့ချန်းရှန်းက အလွန်ဒေါသထွက်နေသည့် အသံဖြင့် ပြောသည်။

"သူ မနက်ဖြန် သေလိမ့်မယ်"

"သူ့ကို အမှိုက်တစ်စက်တောင် မကျန်အောင် လုပ်ပစ်မယ်၊ ဒါကို ငါ အာမခံတယ်" လော့ကျန့်ရှန်သည် ထို့နောက် ဆက်ပြောသည်။

"အရင်တုန်းက သူ မြို့တစ်မြို့လုံးရှေ့မှာ သူတောင်းစားဖြစ်ခဲ့တာ။ မနက်ဖြန်ကျတော့ သူ မြို့တစ်မြို့လုံးရှေ့မှာ သဂြိုဟ်ဖို့ အလောင်းတောင်မရှိဘဲ သေဆုံးသွားလိမ့်မယ်"

"အဲဒီကောင်လေးက နက်နဲအရာများ၏ ဆရာနယ်ပယ်ကို တိုးဖောက်ဝင်ရောက်သွားပြီဆိုတော့ မင်း ဘာလို့ ခုထိ ဒီလောက်သေချာနေတာလဲ" လော့ချန်းရှန်း မေး၏။

လော့ကျန့်ရှန်သည် ညင်သာစွာ ပြုံးလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်စွာ ပြောသည်။ "ဒီတစ်ခါ ဘယ်လိုသားရဲမျိုး ဖြစ်မယ်ဆိုတာ မင်းသိလား"

လော့ချန်းရှန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ တိုက်ပွဲမစမီတွင် မည်သည့်သားရဲဖြစ်မည်ကို မည်သူမျှ မသိပေ။ အဘယ်ကြောင့်ဆိုသော် ခရမ်းရောင်အဖွဲ့အစည်း၏ သိုင်းကွင်းတွင် လုံခြုံရေးတင်းကျပ်စွာ ထားရှိသောကြောင့်ဖြစ်သည်။

သူသည် မအောင့်နိုင်ဘဲ "ဘာလဲ" မေးလိုက်သည်။

လော့ကျန့်ရှန်က "ဒါက ဧရာမ ချော်ရည်ပုတ်သင်

တစ်ကောင်ပဲ"

"ချော်ရည်ပုတ်သင်"

လော့ချန်းရှန်း၏ ခန္ဓာကိုယ်သည် မကူညီနိုင်ဘဲ တုန်ယင်သွားပြီး လွန်ခဲ့သော နှစ်တစ်ရာက ကျောက်စိမ်းတောင်မြို့တွင် ဖြစ်ခဲ့သော ဘေးအန္တရာယ်ကို ပြန်စဉ်းစားမိသည်။ ဧရာမ ချော်ရည်ပုတ်သင်ကြီးတစ်ကောင်သည် မြို့တစ်ဝက်ကို ဖျက်ဆီးပစ်ခဲ့ပြီး အရပ်သား ထောင်ပေါင်းများစွာကို သတ်ပစ်ခဲ့သည်။ မိသားစုကြီးလေးစုသည် ရေတွက်လို့မရသော အထိအခိုက်များ ခံခဲ့ရပြီး မရှိတော့လုနီးနီးပင် ဖြစ်ခဲ့သည်။ သို့တိုင် သူတို့သည် နောက်ဆုံးတွင် ထိုသားရဲကို မသတ်နိုင်ခဲ့ပေ။

"အဲဒီ ဧရာမ ပုတ်သင်က အဲဒီကောင်ရဲ့မျိုးဆက်ပဲ"

"ဘာ"

လော့ချန်းရှန်းသည် နောက်တစ်ကြိမ် ထိတ်လန့်

တုန်လှုပ်သောအမူအရာကို ပြသလိုက်ပြီး

"အဲဒီလိုဆိုရင် လော့ထျန်က သေမှာသေချာတယ်" သူရေရွတ်လိုက်သည်။

"မင်းကို နောက်တစ်ခု ထပ်ပြောမယ်…"

လော့ကျန့်ရှန်သည် သူ့အသံကို နှိမ့်လိုက်ပြီး ဆိုးဝါးသောပုံစံဖြင့်

"ငါဟာ အဲဒီပုတ်သင်ကို တစ်ခုခု လုပ်ဖို့ လူတွေကို ခိုင်းထားတယ်"

"မနက်ဖြန် သိုင်းကွင်းမှာ သူ့ကို အဆင့် ၅ သားရဲရဲ့ ထိတ်လန့်စရာကောင်းတဲ့စွမ်းအားနဲ့ သေရလိမ့်မယ်…"

All Chapters