← Chapters

လီရွှယ်အာ တစ်ခုခုဖြစ်နေတာလား

Vol. 5 Ch. 51

လီရွှယ်အာ တစ်ခုခုဖြစ်နေတာလား

Vol. 5 Ch. 51

ခြံဝင်းထဲသို့ တိတ်ဆိတ်ညရဲ့ အမှောင်ထုကဖုံးလွှမ်းနေသော်လည်းကောင်းကင်ပေါ်က ကြယ်၏အလင်းရောင်ကြောင့် မှုန်ပျပျလေးဖြစ်နေ၏။

အိမ်ခန်းတစ်ခန်းထဲမှ ဟောက်သံသဲ့သဲ့ ထွက်ပေါ်လာပြီး ထိုဟောက်သံပိုင်ရှင် လော့ထျန်တစ်ယောက် မနားမနေရှစ်ရက်လုံးလုံးပင်ပန်းနွမ်းနယ်စွာဖြတ်သန်းလာခဲ့ရသည့်အတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေလေသည်။

သို့သော်…

ရုတ်တရက် သူ့ခြံဝင်းအလယ်မှာ အားအင်လှိုင်းတစ်ခု လှုပ်ခတ်လာရာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော လော့ထျန်၏မျက်လုံးတို့က ချက်ချင်းတုန်ယင်သွားပြီး တစ်ကိုယ်လုံးရှိအာရုံများနိုးကြားလာကာ အိပ်ရာမှချက်ချင်းထထိုင်လိုက်သည်၊ ထို့နောက် အင်္ကျီကိုကောက်ဝတ်ပြီး အခန်းပြင်ကိုထွက်လာခဲ့လိုက်သည်၊ သူ့အာရုံတွေထွက်ပေါ်လာချိန်မှာ သူ့နှုတ်ခမ်းတို့က ပြုံးလိုက်မိလေသည်။

“တကယ်ပဲ”

“မင်း တကယ်ပဲ နက်နဲဆရာအဆင့်ကိုရောက်နေပြီပဲ”

“ပထမတော့ ငါမယုံဘူး၊ ဒါပေမဲ့ အခုတော့ ငါယုံရတော့မယ်၊ မင်းက တကယ်ကို အရမ်းအထင်ကြီးစရာကောင်းတယ်” အမှောင်ရိပ်တစ်ခုက မလှုပ်မယှက်ရပ်နေပြီး အေးစက်စက်ကြည့်နေ၏။ သူ့အသံထဲတွင် အမျက်ဒေါသ၊ မုန်းတီးမှု၊ သတ်ဖြတ်လိုသည့်ဆန္ဒများကို ဖုံးကွယ်မထားနိုင်ချေ။

လော့ထျန်က အနားမကပ်ဘဲ အန္တရာယ်ကင်းသောနေရာတွင်နေကာ ဖြည်းညှင်းစွာပြုံးလျက်

“ငါနက်နဲဆရာအဆင့်အဆင့်ကို ရောက်မရောက်လာတာကို စစ်ဆေးရုံသက်သက်ပဲလား” မေးလိုက်သည်၊ လော့ကျန့်ရှန်၏ ပြင်းထန်သောသတ်ဖြတ်လိုစိတ်များက လော့ထျန်ကို အနည်းငယ်အံ့အားသင့်စေသည်၊ ဤအရာသည် လော့ချန်ကြောင့်လား။ မဖြစ်နိုင် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း လော့ထျန်က အရမ်းမောက်မာခဲ့လို့လား၊ မဖြစ်နိုင် လော့ရှောင်းရှန် ပြန်မလာသေးလို့လား၊ မဖြစ်နိုင်ပြန်ဘူး၊ သတ်ဖြတ်လိုစိတ်က ပြင်းထန်လွန်းသောကြောင့် ရန်ငြိုးရန်စအတိပြီးမှသာ ထိုသို့ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်ပေလိမ့်မည်။ ထို့ကြောင့် လော့ထျန်က သူ့သား လော့လင်ကြောင့်ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်၏၊ တစ်စုံတစ်ယောက်၏သားကို သတ်မှသာလျှင် ထိုကဲ့သို့ပြင်းထန်သော သတ်ဖြတ်လိုစိတ်မျိုး ပေါ်ပေါက်လာနိုင်သည်။

“ကြည့်ရတာ လော့ကျန့်ရှန် နောက်ဆုံးတော့ သိသွားပြီထင်တယ်” လော့ထျန်၏စိတ်ထဲတွင်သာ အနည်းငယ်အံ့သြသွားသော်လည်း သူ၏မျက်နှာထားတွင်မူ ထူးခြားသောပြောင်းလဲမှုတစ်စုံတစ်ရာမှ ပေါ်မလာပေ။

လော့ကျန့်ရှန်က ရပ်နေရုံသက်သက်ဖြင့် သူ့ကိုရန်မပြုတော့မည်မှာ ထင်ရှားသည်၊ အနည်းဆုံးတော့ အခုချိန်တွင်တော့ ရန်မပြုသေးပေ။ သူ့နာမည်က အခုချိန်ထိ ရွှေရောင်ဖြစ်နေဆဲပင်

“ကိစ္စကို ဖြောင့်ဖြောင့်ပြောကြတာပေါ့”

“မင်း မနက်ဖြန်သေရမယ်”

လော့ကျန့်ရှန်က ပွင့်ပွင့်လင်းလင်းပြောလိုက်သည်၊ လော့ထျန်၏မျက်ခုံးများက “အော်” ဟုဆိုကာ တုန်ယင်သွားသည်၊ လော့ကျန့်ရှန်က

“မင်း သေစရာမလိုဘူး…” ဆက်ပြောသည်။

လော့ထျန်က

“ဘယ်လိုမျိုးလဲ” မေးသည်။

လော့ကျန့်ရှန်၏နှုတ်ခမ်းများက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ပွင့်အဖြစ်သို့ ကွေးညွှတ်သွားပြီး

“ဒေါသထွက်နေတဲ့မိုးကြိုးနွားရဲ့နတ်ဆိုးနှလုံးသားကိုထုတ်ပေး၊ မင်းရဲ့စိုက်ပျိုးမှုကို ကိုယ့်ဘာသာကိုယ်ပျက်စီးစေပြီး မင်းကိုငါ ကျန်တဲ့ဘဝကို ငြိမ်းချမ်းစွာနေခွင့်ပေးမယ်”

“အော်”

လော့ထျန်က နှစ်ကြိမ်တိတိ “အော်” ဟုပြောပြီးနောက် အနည်းငယ်စိတ်လှုပ်ရှားစွာဖြင့်

“မင်းရဲ့သားကို လက်စားမချေတော့ဘူးလား၊ မင်းရဲ့ညီလေး လော့ရှောင်းရှန်ကိုရော၊ မင်းရဲ့ယုံကြည်ရတဲ့လက်အောက်ငယ်သား လော့မင်ကိုရော လက်စားမချေတော့ဘူးလား”

မေးလိုက်သည်။

“လော့ထျန်…”

လော့ကျန့်ရှန် အော်ဟစ်လိုက်သဖြင့် သူ့ကိုယ်ပေါ်မှ အရှိန်အဝါများက အေးစိမ့်သွားပြီး သူ့ဒေါသများ ထိုးတက်လာကာ သတ်ဖြတ်လိုသည့်ဆန္ဒများက ခြံဝင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်၊

အားကောင်းလိုက်တာ– လော့ကျန့်ရှန်၏အားအင်က တကယ်ကို အားကောင်းသည်၊

လော့ထျန်က အံ့အားသင့်သွားသော်လည်း ပြုံးလျက်

“သူသာအားမကောင်းရင် နောက်ဆုံးဘော့စ်မဖြစ်

နိုင်ဘူးလေ” မိမိကိုယ်ကိုပြောလိုက်၏။

“ဟူး…”

လော့ကျန့်ရှန်က လေးလံစွာသက်ပြင်းချပြီး “သူတို့ကသေသွားပြီ၊ အသက်ရှင်နေတဲ့လူတွေ ဆက်လက်အသက်ရှင်နေရမယ်၊ အဲ့ဒါကြောင့် ငါအဲ့ဒါကို လွှတ်ချပေးနိုင်တာ” ဟုဆိုလေသည်၊ လော့ထျန်က လော့ကျန့်ရှန်က ထိုမျှလောက်စိတ်ထားကောင်းနေလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိ၍ အလွန်အံ့သြသွား၏။

ဟုတ်ပါတယ်။

လော့ထျန် သူ့ကိုမယုံပေ။

သူက လူမိုက်မဟုတ်ချေ။ သူ့ကိုယ်ပိုင်စိုက်ပျိုးမှုကို ဖျက်ဆီးပြီး လူတွေ လွယ်လွယ်ကူကူနှောင့်ယှက်လို့ရတဲ့လူတစ်ယောက်အဖြစ် ပြန်ဖြစ်ရမှာလား။ လော့ထျန်က လော့ကျန့်ရှန်ကို ကလေးဘဝကတည်းက သူ့ခေါင်းကို တစ်စုံတစ်ယောက်က လာရိုက်ခဲ့တာလား၊ ဒါမှမဟုတ် မိုးကြိုးပစ်ခဲ့လို့လားဟု တကယ်ပင်စဉ်းစားမိသည်၊ ထိုသို့သောစကားမျိုးကို သူဘယ်လိုများပြောနိုင်ရတာလဲ။

သို့သော်…

လော့ကျန့်ရှန်က သူ့ကိုဘာကြောင့်အမြဲတမ်းလက်ရှောင်နေတာလဲဆိုသည့်အချက်ကို နောက်ဆုံးတော့ သူရှာတွေ့ခဲ့သည်၊ အဲဒါကတော့ နတ်ဆိုးနှလုံးသားပင်။

ဒေါသထွက်နေသည့်မိုးကြိုးနွား၏ နတ်ဆိုးနှလုံးသားပင်

လော့ထျန်က သူနတ်ဆိုးနှလုံးသားကို ဘယ်တုန်းကမှ မကိုင်ဖူးဘူးဆိုတာ သဘောပေါက်သွားသည်၊ အတိတ်ကမြင်ကွင်းကို ပြန်တွေးကြည့်ပြီး သူဖြည်းညှင်းစွာပြုံးလိုက်၏၊

“ဒီလိုဆို ဝတုတ်လေက နတ်ဆိုးနှလုံးသားကြောင့် အဆင့်ခြောက်ဆင့်တောင် ဆက်တိုးသွားတာပေါ့” ဟုတွေးမိသည်၊ နတ်ဆိုးနှလုံးသား၏အားအင်က တကယ့်ကို အားကောင်းသည်။

လော့ထျန်ကလှည့်ပြီး အခန်းထဲသို့ပြန်ဝင်သွားစဉ်

“ကျွန်ုပ်တောင်းပန်ပါတယ်၊ ခင်ဗျားကတော့ အရာအားလုံးကိုလွှတ်ချနိုင်ပေမဲ့ ဒီအဖေကတော့ မလွှတ်ချနိုင်ဘူး၊ မနက်ဖြန်တိုက်ပွဲစင်မြင့်မှာ ဆုံကြတာပေါ့”

လော့ထျန်က အမှန်တကယ်ပဲ အရာအားလုံးကို လွှတ်ချမပေးနိုင်ချေ။

ဗီဒီယိုဂိမ်းဆော့တဲ့အခါ ဘော့စ်တစ်ကောင်ကိုမြင်ရင် မင်းလွှတ်ချပေးမှာလား။

မင်းအဲဒါကိုသတ်ဖို့နည်းလမ်းတွေ မရှာချင်တော့ဘူးလား။

ဘော့စ်တစ်ကောင်ကိုမြင်လို့ မသတ်ချင်တော့ရင် ဘာလို့ ဗီဒီယိုဂိမ်းဆော့နေသေးလဲ၊ ဘာလို့လုံးဝဆော့နေရတာလဲ။

လော့ထျန်က ဒီကိစ္စကို ဘယ်တော့မှ လွှတ်ချမပေးပေ။ ဘော့စ်ဆိုတဲ့အချက်ကိုထားလိုက်ဦး၊ လော့ကျန့်ရှန်က လီရွှယ်အာနဲ့ ဖုန်းလေကို ဖမ်းဆီးထားတယ်ဆိုတဲ့အချက်ကိုတောင် လော့ထျန်က မလွှတ်ချပေးနိုင်ချေ။

မင်း ဒီအဖေရဲ့ညီကို လာထိရဲလား၊ သေတွင်းတူးတာပဲ။

မင်း ဒီအဖေရဲ့မိန်းမကို လာနိုင်ထက်စီးနင်းလုပ်ရဲလား၊ အဲဒါကတော့ အပြင်းအထန်သေတွင်းတူးတာနဲ့တူတူပဲ။

လော့ကျန့်ရှန်က မျက်လုံးမှိတ်ပြီး ပြုံးလိုက်သည်၊ ထို့နောက် အေးစက်စက်လေသံဖြင့်

“မင်း မနက်ဖြန်စိတ်ပြောင်းသွားလိမ့်မယ်၊ ဒါပေမဲ့ အဲ့ဒီအချိန်ကျရင် အခြေအနေတွေက မင်းရဲ့စိုက်ပျိုးမှုကို ပျက်စီးစေရုံလောက်ပဲ မဟုတ်တော့ဘူး”

ထိုစကားပြောပြီးနောက် လော့ကျန့်ရှန်သည် သူပထမဆုံးရောက်လာစဉ်ကနှင့်ယှဉ်လျှင် သူ့မျက်နှာထားက ပိုပြီးတည်ငြိမ်လာကာ ပိုပြီးအေးဆေးစွာဖြင့် ခြံဝင်းထဲမှထွက်သွားလေသည်၊

“ဟေး သခင်လေး၊ လော့ကျန့်ရှန် မင်းနဲ့ဘာတွေပြောသွားတာလဲ” လော့ကျန့်ရှန်ထွက်သွားသည်နှင့် ဖုန်းလေက သူ့အခန်းထဲကထွက်လာပြီး သူ့ရဲ့ခေါင်းပြောင်ကြီးကိုကုတ်ခြစ်ကာ သန်းဝေလိုက်သည်၊ လော့ထျန်က ပြုံးပြီး “ဘာမှမဟုတ်ပါဘူး၊ မြန်မြန်

ပြန်အိပ်တော့”

ရုတ်တရက်…

လော့ထျန် တစ်ခုခုကိုသတိရသွားပြီး

“ဟေး ဝတုတ်လေ မင်းမှာ ဒေါသထွက်နေတဲ့မိုးကြိုးနွားရဲ့နတ်ဆိုးနှလုံးသားရှိလား”

“ဟင်”

“သခင်လေး၊ ကျနော် သွေးအနှစ်ကိုစုပ်ယူနေတုန်း စပယ်ရှယ်ကျောက်တုံးလေးလိုတစ်ခုလည်း အထဲကိုပါသွားတယ်၊ အဲဒါဘာလဲမသိလို့ နတ်ဆိုးနှလုံးသားလို့ခေါ်တာလား၊ အခုတော့ ကျနော့်ကိုယ်ထဲမှာပဲရှိတယ်၊ ဘယ်လိုထုတ်ရမှန်းမသိဘူး”

ဖုန်းလေက အလေးအနက်ထားပြီးပြန်ဖြေသည်၊ လော့ထျန်က ပြုံးပြီး

“စိတ်မပူပါနဲ့၊ ပြန်အိပ်လိုက်”

မိုးသောက်ယံ၊ ကောင်းကင်စတင်လင်းလက်လာသည်၊

လော့ကျန့်ရှန်သည် သူ့ခြံဝင်းထဲတွင်ရပ်ပြီး မှိန်နေသောကောင်းကင်ကိုမလှုပ်မယှက်ကြည့်နေသည်၊

ခဏအကြာတွင်…

အနက်ရောင်အရိပ်တစ်ခု ဆင်းသက်လာသည်၊

လော့ကျန့်ရှန်နှင့် အသက်အရွယ်တူသောလူတစ်ယောက်သည် ခြံဝင်းထဲတွင်ရပ်နေသည်၊ သူ့မျက်လုံးတို့က ပြတ်သားပြီး သူသည် နက်နဲဆရာအဆင့်၏ ပြင်းထန်သောအရှိန်အဝါကို ထုတ်လွှတ်နေသည်။

ကျိုးမိသားစု၏အကြီးအကဲ ကျိုးတိုင်းရန်

နက်နဲဆရာအဆင့် ၈ တွင်ရှိသည့်သူ၏အားအင်ကလည်း အလွန်ပင်အားကောင်းသည်၊

ကျိုးတိုင်းရန်ကလည်း ကောင်းကင်ကိုမော့ကြည့်သော်လည်း ပျင်းရိစရာကောင်းသည်ဟုထင်သွားသည်၊

“ညီလေးလော့၊ ခင်ဗျားပေးတဲ့ဆေးကို ကျနော် ချော်ရည်ပုတ်သင်ရဲ့အစားအစာထဲကို လူတစ်

ယောက်ကတဆင့်ထည့်ခိုင်းပေးလိုက်တယ်၊ အခုတော့ အဲ့ဒီဆေးက ဘာအတွက်လဲဆိုတာ ခင်ဗျားပြောပြလို့ရပြီလား”

လော့ကျန့်ရှန် ဖြည်းညှင်းစွာပြုံးလိုက်ပြီး ကောင်းကင်ကိုကြည့်နေရာမှရပ်ကာ

“ကာမစိတ်ကြွဆေး၊ နည်းနည်းလေးထည့်ရင်တောင် အပျိုစင်ကို ထိန်းမနိုင်အောင်ဖြစ်စေတယ်”

“ကာမစိတ်ကြွဆေး”

ရုတ်တရက် အတွေးတစ်ခုက ကျိုးတိုင်းရန်၏ခေါင်းကို ရိုက်လိုက်သလိုပင်၊ သူသည် ပုံးအပြည့်ရှိသော ကာမစိတ်ကြွဆေးကို သတိရပြီး အံ့အားသင့်စွာဖြင့်

“ချော်ရည်ပုတ်သင် အဲဒီလောက်များတဲ့ကာမစိတ်ကြွဆေးကို စားရင် ဘာဖြစ်မလဲ”

လော့ကျန့်ရှန်၏အပြုံးက အေးစက်သွားပြီး

“အဆင့်ငါး နတ်ဆိုးသားရဲအဖြစ် ပြောင်းလဲသွားလိမ့်မယ်”

ထိုစကားများကြောင့် ကျိုးတိုင်းရန်၏မျက်လုံးများ တုန်ယင်သွားပြီး အံ့အားသင့်သွားသည်၊

ဤလော့ကျန့်ရှန်က အလွန်ယုတ်မာလိုက်တာ

ညက ငြိမ်းချမ်းစွာကုန်ဆုံးသွားခဲ့သော်လည်း ငြိမ်းချမ်းမှုအောက်တွင် လျှို့ဝှက်သောရေစီးကြောင်းများက ပုန်းကွယ်နေလေသည်၊

လော့ကျန့်ရှန်က လျှို့ဝှက်စွာဖြင့် အရာအားလုံးကိုကြံစည်နေသည်၊

ယခုတစ်ကြိမ်တွင် နတ်ဆိုးနှလုံးသားကိုသာမက လော့ထျန်ကိုပါ လုံးဝပျက်စီးသွားအောင်ပြုလုပ်မည်၊ သူ၏ဝိညာဉ်ကွဲသွားသည်အထိဆိုလျှင် ငရဲသို့တောင်ဝင်နိုင်တော့မည်မဟုတ်ပေ။

မနက်စောစောတွင်

လော့ထျန်က မျက်နှာသစ်ပြီး ဝတုတ်လေကိုခေါ်ကာ တိုက်ပွဲစင်မြင့်ဘက်သို့ လျှောက်လာသည်၊

“ဝတုတ်လေ မင်းအဲဒီကောင်မလေးကို တွေ့လား”

“မမလေးကိုလား၊ ကျနော်မတွေ့သေးဘူး၊ ကျနော်တို့ထက်စောပြီးထွက်သွားတာဖြစ်နိုင်တယ်”

“အော်…” လော့ထျန်တစ်ယောက် မကောင်းသည့်

လက္ခဏာတစ်ခုကို မခံစားဘဲမနေနိုင်ချေ။

“ဟားဟားဟား…”

“ညီလေးလော့၊ ဒီနေ့မင်းကို ငါအားပေးနေမယ်၊ ငါ့တစ်သက်လုံးစုဆောင်းထားသမျှတွေ မင်းပေါ်မှာလောင်းထားတယ်၊ ငါ့ကိုစိတ်မပျက်စေနဲ့နော်”

ဆုံးယန်ချွန်းက ရယ်မောပြီး လျှောက်လာသည်။

သူ၏ဘေးတွင် သိမ်မွေ့သောအသွင်ရှိသည့်လူတစ်ယောက်ရှိပြီး ထိုသူက လော့ထျန်ကို ပြုံးလျက်ခေါင်းညိတ်ပြသည်။

သူကတော့ ဆုံးမိသားစု၏အကြီးအကဲ ဆုံးယန်နန် ဖြစ်သည်။

လော့ထျန်လည်း ယဉ်ကျေးစွာပြန်ပြုံးပြသော်လည်း သူ့အနားကိုသွားပြီး နှုတ်ဆက်မနေတော့ချေ။

ထိုအချိန်တွင်…

အရပ်သားတစ်ယောက်နှင့်တူသော အမျိုးသားတစ်ဦးက လော့ထျန်ထံသို့ပြေးလာပြီး တစ်စုံတစ်ခုကိုပေးသည်။

“တစ်ယောက်ယောက်က ဒါကိုခင်ဗျားကို ပေးဖို့ခိုင်းလိုက်တယ်”

လော့ထျန်က ဖွင့်ကြည့်ပြီး သူ့မျက်နှာအမူအရာက ချက်ချင်းပြောင်းလဲသွားပြီး သူ့တစ်ကိုယ်လုံး ဒေါသပေါက်ကွဲသွားသည်။

“လော့ကျန့်ရှန်…”

လီရွှယ်အာ တစ်ခုခုဖြစ်သွားပြီ။

All Chapters