← Chapters

ရှင်သန်ခြင်းနှင်သေဆုံးခြင်းကြားမျဉ်း

Vol. 5 Ch. 53

ရှင်သန်ခြင်းနှင်သေဆုံးခြင်းကြားမျဉ်း

Vol. 5 Ch. 53

"ဒုန်းးးး"

ဤသိုင်းကွင်းသည် ရှေးဟောင်း ရောမ ကိုလိုဆီယမ်နှင့် သိပ်မကွာခြားချေ။ မျက်နှာပြင်ဧရိယာ ပိုကျယ်

သည်ကလွဲ၍ မခြားနားပေ။ စင်မြင့်ပတ်လည်တွင် ပရိသတ်တစ်သောင်းကျော် ဆံ့၏။ ပေါ်လာသော ချော်ရည်ပုတ်သင်သည် လက်အောက်ခံတစ်ယောက် ကို ဝါးမြိုနေဆဲဖြစ်ပြီး ၎င်း၏ မေးရိုးမှ သွေးများယိုကျနေသည်။ ပရိသတ်ထဲများက မကြောက်ရွံ့ကြဘဲ သွေးထပ်မံ မြင်လိုကြောင်း အော်ဟစ်နေကြသည်။

ချော်ရည်ပုတ်သင်က ပိုအားကောင်းလေ ပိုစိတ်လှုပ်ရှားလေဖြစ်သည်။ တိုက်ပွဲက သွေးထွက်သံယိုပိုဖြစ်လေ ပရိသတ်က ပိုစိတ်လှုပ်ရှားလာလေဖြစ်သည်။

သာမန် ထိုင်ခုံများအထက်တွင် အထူးခန်းများရှိ၏။ ထိုထဲ၌ရှိသူတိုင်း ဆေးများ သုံးစွဲထားသကဲ့သို့ စိတ်

လှုပ်ရှားမှုကြောင့် ရူးသွပ်စွာ အော်ဟစ်နေကြသည်။

"ဟားဟား… အဆင့် ၄ နတ်ဆိုးသားရဲ။ အဆင့် ၄ ချော်ရည်ပုတ်သင်က အရမ်းကို အားကောင်းလွန်

တယ်"

"လော့ထျန်တော့ ဒုက္ခရောက်ပြီ"

"သတ်လိုက်စမ်း"

"အဲ့ဒီ အမှိုက်နှစ်ကောင်ကို သတ်ပစ်"

"ဟားဟားဟား… ဒီချော်ရည်ပုတ်သင်က သူ့အမေနဲ့ အတူတူပဲ။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ပေါ်လာတာနဲ့ လူတွေ တန်းစားတယ်။ လာဗာ အိမ်မြှောင်

ဘီလူးကို မြင်လိုက်ရုံနဲ့တင် ဝင်ကြေးတန်နေပြီ"

ချော်ရည်ပုတ်သင်၏ ကိုယ်သည် မီးပန်းများ ပန်း

ထုတ်နေသကဲ့သို့ ဖြစ်သည်။ ၎င်း၏ အရေပြားသည် ကျောက်ရည်ပူထဲတွင် မျောပါနေသော ချော်ရာည်များနှင့် တူသည်။ ၎င်း၏ မျက်လုံးများသည် သွေးများဖြင့် ပြည့်နေပြီး အသက်ရှူထုတ်လိုက်တိုင်း မီးများ မှုတ်ထုတ်လိုက်သကဲ့သို့ ဖြစ်နေသည်။ ၎င်း၏ ကိုယ်မှ ထွက်လာသော အပူရှိန်သည် သိုင်းကွင်းတစ်ခုလုံးကို

လွှမ်းခြုံသည်။

၎င်းသည် အလွန်အားကောင်းသည်။ လော့ထျန်သည် ဤမျှ အစွမ်းထက်သော အရာမျိုးကို တစ်ခါမှ မကြုံဖူးချေ။ ၎င်းနှင့် ဒေါသထွက်နေသော မိုးကြိုးနွားသိုးကို နှိုင်းယှဉ်လျှင် လုံးဝခြားနားသည်။

ရုတ်တရက်...

လော့ထျန်၏ မျက်လုံးများ ပြောင်းလဲသွားပြီး သူ့ကိုယ်သူ တိုးတိုးလေး ပြောလိုက်သည်။

“ဒီကောင်က တကယ်ပဲ အဆင့် ၄ နတ်ဆိုးသားရဲလား ဘာလို့ ဒီလောက်တောင် အားကောင်းနေရတာလဲ”

၎င်း ထုတ်လွှတ်လိုက်သော အရှိန်အဝါသည် ကြမ်းတမ်းသည်။

လော့ထျန် ဖုန်းလေအား သတိပေးလိုက်သည်။

“ဝတုတ်လေ၊ သေချာ ဂရုစိုက်”

ဖုန်းလေ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပြောလိုက်သည်။

“သခင်လေး၊ ကျွန်တော ဘယ်လောက်ပဲ ကြည့်ကြည့် ဒီခြေလေးချောင်းမြွေကြီးက ဒေါသထွက်နေတဲ့ မိုးကြိုးနွားသိုးထက် အများကြီး ပိုသန်တယ်။သူတို့ အဆင့် ၅ နတ်ဆိုးသားရဲကို ထုတ်မသုံးလောက်ပါဘူးနော်”

ဖုန်းလေ၏ စကားများကြောင့် လော့ထျန်၏ မျက်နှာအမူအရာသည် ပိုဆိုးသွား၏။ လော့ကျန့်ရှန်၏ မကောင်းဆိုးဝါးဆန်ပြီး အေးစက်သော အပြုံးကို သတိရကာ လော့ထျန်သည် လက်သီးများကို ဆုပ်ပြီး အငြိုးတကြီး ပြောလိုက်သည်။

“လခွမ်း လော့ကျန့်ရှန် မင်းတကယ်ပဲ ရက်စက်တယ်”

ချော်ရည်ပုတ်သင်သည် သိုင်းကွင်းအတွင်း ဆက်တိုက် အော်ဟစ်နေသည်။ ၎င်းသည် အရူးအမူးဖြစ်နေပြီး လွတ်မြောက်ရန် ကြိုးစားနေသကဲ့သို့ နံရံများကို အားရပါးရ ရိုက်ခွဲနေသဖြင့် အလွန် စိတ်တိုနေပုံရသည်။

အဆင့် ၅ နတ်ဆိုးသားရဲ မဟုတ်တောင်မှ ၎င်းသည် အဆင့် ၄ နတ်ဆိုးသားရဲ၏ အမြင့်ဆုံးအဆင့်တွင် ရှိရမည်။ တစ်စုံတစ်ယောက်က ဒီကောင်ကို တစ်ခုခုလုပ်ထားရမည်။ မဟုတ်လျှင် ၎င်းသည် အပြင်သို့ ထွက်လာပြီးပြီးချင်း အရူးအမူး မဖြစ်သွားနိုင်ချေ။

"တစ်ခုခုမှားနေပြီ"

အတွင်းလူများအတွက် သီးသန့်အခန်းအတွင်း၌ လီကွေ့၏ မျက်နှာ ပြောင်းလဲသွားပြီး လှည့်၍ မေးလိုက်သည်။

"ဘယ်သူက အစာကျွေးတာကို တာဝန်ယူတာလဲ"

ဂိုဏ်းချုပ်များစွာသည် အချင်းချင်း ကြည့်လိုက်ကြပြီး တစ်စုံတစ်ယောက်က နောက်ဆုံးတွင် ထရပ်ပြီး သတိထားကာ ပြောလိုက်သည်။

“အစာကျွေးတာကို တာဝန်ယူတဲ့သူက ခုနလေးတင် အကိုက်ခံရလို့ သေသွားပြီ”

"မင်းတို့တွေ ဘယ်လိုစီမံလိုက်ကြတာလဲ"

“ချော်ရည်ပုတ်သင်ကို ဆေးခပ်ထားပြီး သူ့ရဲ့ လက်ရှိ ခွန်အားက အဆင့် ၅ နတ်ဆိုးသားရဲကို ရောက်နေပြီ။ ဒီတိုက်ပွဲကို ရပ်တန့်ဖို့ လိုတယ်၊ ဒါကြောင့် အရေးပေါ် စီမံချက်တွေကို ချက်ချင်း အကောင်အထည် ဖော်

လိုက်ပါ” လီကွေ့က ဆူပူလိုက်သည်။

"ခဏလေး"

ဒုတိယ အထွေထွေ ဂိုဏ်းချုပ် လျူယွီက ထရပ်ပြီး ပြောလိုက်သည်။

"အထွေထွေ ဂိုဏ်းချုပ် လီ၊ တိုက်ပွဲကို ဖျက်လိုက်ရင် ကျွန်တော်တို့က အကြီးအကျယ် ဆုံးရှုံးရလိမ့်မည်။ ဒီကိန်းဂဏန်းက ကျွန်တော်တို့ တစ်နှစ်တာ အရောင်းကိန်းဂဏန်းလောက်ရှိတယ်"

“ချော်ရည်ပုတ်သင်ကို ဆေးခပ်ထားပြီး အခု အရူးအမူး အခြေအနေရောက်နေတယ်။ ကျွန်တော်ကတော့ အရေးပေါ် စီမံချက်တွေတောင် အသုံးဝင်မှာ မဟုတ်ဘူးလို့ ထင်တယ်၊ ကျွန်တော်တို့ဘက်မှာတောင် ထိခိုက်မှုတွေ ကြုံတွေ့ရနိုင်တယ်။ ဆေးအာနိသင် ပျောက်သွားတဲ့အထိ စောင့်ပြီးမှ ရပ်တန့်လိုက်ရင် ဘယ်လိုလဲ ပရိသတ်ရဲ့ ဘေးကင်းရေးကို အာမခံနိုင်သရွေ့ အားလုံး အဆင်ပြေတယ်။ လော့ထျန်နဲ့ နောက်တစ်ယောက်ကတော့ ချော်ရည်ပုတ်သင် ပုံမှန် အခြေအနေဖြစ်ဖြစ်၊ အရူးအမူး အခြေအနေဖြစ်ဖြစ် အဲ့ဒီနှစ်ယောက်က သေမှာပဲ။ ဒီရလဒ်က ပြောင်းလဲမှာ မဟုတ်ဘူး။ ဒါကြောင့် အခုချက်ချင်း ရပ်တန့်ဖို့ မလိုအပ်ပါဘူး”

ထို့နောက် လျူယွီက စိတ်လှုပ်ရှားစွာ ရယ်မောပြီး ပြောလိုက်သည်။

“အထွေထွေ ဂိုဏ်းချုပ်၊ သူ သေတာနဲ့ ကျွန်တော်တို့က ကျောက်နက် ငါးလုံးကို အသားတင် ရရှိလိမ့်မည်။ ကျောက်နက် ငါးလုံးကိုပဲ အားကိုးပြီး ကျွန်တော်တို့ ရာထူးတက်ဖို့ အခွင့်အရေးကြီးကြီးမားမား ရလိမ့်မည်။ ခင်ဗျား ဒီနေရာလေးမှာပဲ အမြဲတမ်း နေချင်တာ မဖြစ်နိုင်ပါဘူးနော်”

ငွေအများကြီး ရှိသောအခါ ရာထူးကို တိုးမြှင့်နိုင်၏။ လီကွေ့စိတ် လှုပ်ရှားသွားခဲ့သည်။

ဒီတိုက်ပွဲက မျှတသည်ဖြစ်စေ၊ မမျှတသည်ဖြစ်စေ အဘယ်သူက ဂရုစိုက်မည်နည်း လော့ထျန် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ဘယ်သူက ဂရုစိုက်မည်နည်း လော့ထျန် သေတာနဲ့ လူတိုင်း ပျော်ရွှင်ကြပြီး လူတိုင်း ငွေရကြလိမ့်မည်။

လီကွေ့သည် မျက်မှောင်ကြုတ်လိုက်ပြီး ၎င်း၏ နဖူးပေါ်တွင် ပုံရိပ်တစ်ခု ပေါ်လာ၏။ သူ နောက်ဆုံးတွင် ၎င်း၏ မျက်နှာအမူအရာကို ဖြေလျှော့ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ယှက်ထားလိုက်သည်။ သူသည် ဤအကြောင်းအရာကို ဆက်လက် မပြောတော့ပေ။

နောက်ထပ် ဇိမ်ခံခန်းတစ်ခုတွင်။

"ဟားဟားဟား..."

"မျိုးနွယ်စုခေါင်းဆောင် လော့က တကယ်ပဲ ကောင်းတဲ့ စွမ်းရည်တွေရှိတယ်။ ခင်ဗျား ချော်ရည်ပုတ်သင်ကိုတောင် အရူးအမူးဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ သူ့ရဲ့ လက်ရှိ ခွန်အားက အဆင့် ၅ နတ်ဆိုးသားရဲနဲ့ နှိုင်းယှဉ်နိုင်တယ်... လေးစားတယ်

ခင်ဗျားကို အပြည့်အဝ လေးစားတယ်" ကျိုးတိုင်း

ရန်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

လော့ကျန့်ရှန်က ဂုဏ်ယူစွာ ပြုံးပြီး “တကယ်တော့ ဒီကိစ္စ အောင်မြင်ဖို့အတွက် မျိုးနွယ်စုခေါင်းဆောင် ကျိုးရဲ့ ကျေးဇူးကြောင့်ပါ”

"ဟားဟားဟား..."

"ကျွန်တော်တို့ နှစ်ယောက်လုံးက ဘုံရန်သူတစ်

ယောက်ကို ကိုင်တွယ်ခဲ့ပြီး ဒါကို နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်လို့ ခေါ်တယ်။ ငါ ချော်ရည်ပုတ်သင်ပေါ်မှာ အကြီးအကျယ် လောင်းထားတာကို မပြောနဲ့ဦး။ ဒီပြီးတာနဲ့ အမြတ်အများကြီး ရတော့မယ်"

ကျိုးတိုင်းရန်က ရယ်လိုက်သည်။

ထိုနှစ်ဦးနောက်တွင် လော့ချန်းရှန်းက စိတ်လှုပ်ရှားသော မျက်နှာအမူအရာဖြင့် မေးလိုက်သည်။

“သိုင်းကွင်းရဲ့ ခရမ်းရောင် အဖွဲ့အစည်းက နောက်ခံ အင်အားကြီးမားတယ်။ သူတို့သာ စုံစမ်းဖို့ရင် ဘယ်လိုလုပ်မလဲ"

"စုံစမ်းတာလား"

"ဟားဟားဟား..."

"ချော်ရည်ပုတ်သင်ကို ဆေးခပ်ကျွေးတဲ့သူက အကိုက်ခံရလို့ သေသွားပြီ၊ သူတို့ ဘယ်လို စုံစမ်းမလဲ" ကျိုးတိုင်းရန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ထိုသုံးဦး၏ ဘေးတွင် နောက်ထပ် တစ်ဦး ရှိ၏။ ချော်ရည်ပုတ်သင် ပေါ်လာသည့်အချိန်မှစ၍ သူသည် တိုးတိုးလေး ဆက်တိုက် ကျိန်ဆဲနေသည်။

"သူ့ကို သေတဲ့အထိ ကစား၊ သတ်ပစ်၊ ဟားဟားဟား..."

"လော့ထျန်၊ မင်းရဲ့နေ့ ရောက်လာပြီ၊ ဟားဟား

ဟား..."

လော့ချန်၏ မျက်နှာအမူအရာသည် အရူးတစ်ယောက်လိုဖြစ်နေသည်။ လော့ထျန်သည် သိုင်းကွင်းအတွင်း ပိုနောက်ဆုတ်လေ သူပိုပျော်ရွှင်လေဖြစ်သည်။

သူ စကားပြောသည့်အခါမှလွဲ၍ သူ့ဘေးနားရှိ လူများသည် သူတို့၏ နှာခေါင်းကို ဖိထားကြသည်။အကြောင်းမှာ မြင်းချေးနံ့သည် အလွန် ပျို့အန်ဖွယ်ကောင်းသောကြောင့်တည်း။

ထိုလေးဦးမှလွဲ၍...

နောက်ထပ် တစ်ဦး ရှိသေးသည် – သတိမေ့နေသော မိန်းကလေးတစ်ဦး။

သူမသည် အဖြူရောင် အဝတ်အစားများ ဝတ်ဆင်ထား၏။ ၎င်း၏ အသားအရေသည် ကျောက်စိမ်းကဲ့သို့ ချောမွေ့၏။ သူ၏ချစ်စရာကောင်းသော မျက်နှာသည် မည်သူ့ကိုမဆို အံ့သြစေလိမ့်မည်။ ထိုမိန်းကလေးသည် လီရွှယ်အာပင် ဖြစ်၏။

လော့ထျန် ရက်ရှစ်ရက်ကြာ ကျင့်ကြံနေစဉ် လော့ကျန့်ရှန်သည် ဘာမှ မလုပ်ဘဲ နေခဲ့သည်ဟု ထင်ရ၏။ လက်တွေ့တွင် သူသည် လီရွှယ်အာနှင့် ဖုန်းလေအား ထောက်လှမ်းခဲ့ပြီး နေ့စဉ် လုပ်ငန်းဆောင်တာများအားလုံးကို နားလည်နိုင်ခဲ့သည်။ ဤအကြောင်းကြောင့်ပင် လော့ကျန့်ရှန်သည် လီရွှယ်အာကို ဆေးခပ်ရန် အချိန်နှင့် နေရာကို ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်၏။

လော့ကျန့်ရှန်သည် သတိမေ့နေသော လီရွှယ်အာကို အောင်မြင်မှု၏ မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ၎င်း၏ နှုတ်ခမ်းများသည် ညင်သာစွာ ပြုံးလိုက်ပြီး မချီးမွမ်းဘဲ မနေနိုင်ချေ။

“သူမက အလှလေးပဲ။ လင်အာ၊ မင်းနောက် သူ့ကို မင်းနဲ့အတူ လိုက်ပါဖို့ သေချာ မြှုပ်နှံပေးပါမယ်”

သိုင်းကွင်းအတွင်း

"ဒုန်း၊ ဒုန်း၊ ဒုန်း..."

ချော်ရည်ပုတ်သင်သည် အလွန် စိတ်တိုနေပြီး နေရာတိုင်းတွင် အော်ဟစ်ခြင်း၊ ရိုက်ခွဲခြင်းနှင့် နင်းခြေခြင်းများ ပြုလုပ်နေသည်။

ကာမစိတ်ကြွဆေး အမြောက်အများသည် ၎င်းကို အဖော် ရှာရန် အရူးအမူး ဖြစ်စေသည်။ မတွေ့နိုင်သောအခါ ၎င်းသည် လော့ထျန်အား နောက်ဆုံးတွင် စိုက်ကြည့်လိုက်သည်။ ၎င်း၏ နောက်ခြေထောက်များကို မြေကြီးပေါ်တွင် ကုတ်ခြစ်ပြီးနောက်

ခုန်ထွက်ပြီး အပြေးအလွှား သွားတော့သည်။

"အား..."

"အိုး..."

"သတ်လိုက်စမ်း"

ပရိသတ်နေရာများရှိ ပရိသတ်အားလုံးသည် ထရပ်ပြီး ချော်ရည်ပုတ်သင်က လော့ထျန်ကို မည်သို့ ဆုတ်ဖြဲမည်ကို စောင့်ကြည့်နေကြသည်။

လော့ထျန်၏ မျက်လုံးများ တင်းမာသွားပြီး အသက်ကို ပြင်းပြင်းရှူထုတ်လိုက်သည်။ ထို့နောက် သူ အော်ဟစ်လိုက်သည်။

"ဝတုတ်လေ၊ သူ့နောက်ကို ပတ်ပြီး တိုက်ခိုက်ဖို့ အခွင့်အရေးကို စောင့်"

"နားလည်ပြီ"

ဖုန်းလေသည် အချိန်မဖြုန်းတော့ဘဲ ဘေးဘက်သို့ ချက်ချင်း ပြေးထွက်သွားတော့သည်။

"ဖူး... ဖူး..."

ချော်ရည်ပုတ်သင်မှ ပူပြင်းသောအသက်ရှူမှုသည် လော့ထျန်ဆီသို့ ပန်းထွက်လာပြီး သူ့ခန္ဓာကိုယ်ကို မီးလောင်နေသကဲ့သို့ ခံစားရစေသည်။ ၎င်း၏ မျက်လုံးများ ပြောင်းလဲသွားပြီး လက်မောင်းများကို အားကုန် ဆုပ်ကိုင်လိုက်သည်။

"ဘွတ်ဇ်..."

နက်နဲစွမ်းအင် အမြောက်အများ ထုတ်လွှတ်လိုက်၏။

ချက်ချင်းပင် နက်နဲဆရာအဆင့်၏ စွမ်းအားသည် အရှိန်အဝါ ထုတ်လွှတ်မှုနှင့်အတူ လှိုင်းထလာသည်။ ထူထဲလေးလံပြီး အစွမ်းထက်သော အရှိန်အဝါသည် လော့ထျန်၏ ခန္ဓာကိုယ်မှ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လိုနေသည်။ ၎င်း၏ လက်မောင်းများသည် အားအင်ဖြင့် တုန်ခါနေပြီး နောက်ဆုံးတွင် လက်သီးများကို ဆုပ်လိုက်သည်။

၎င်း၏ မျက်လုံးများ လင်းလက်သွားသည်။

လော့ထျန်သည် လေထဲသို့ ခုန်တက်ပြီး လက်သီးများကို မြှောက်ကာ တိုက်ပွဲ ပုဆိန်ကဲ့သို့ ချော်ရည်ပုတ်သင်ဆီသို့ ဆောင့်ချလိုက်သည်။ ဤတိုက်ခိုက်မှုသည် စွမ်းအားသက်သက်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏ကြည့်ရှုသူ အများအပြားသည် ထိတ်လန့်တကြား ကြည့်ရှုနေကြသည်။ ဇိမ်ခံခန်းတစ်ခုအတွင်း၌ လော့ကျန့်ရှန်၏ မျက်နှာသည် ရုတ်တရက် ရုပ်

ဆိုးသော မျက်နှာအမူအရာ ဖြစ်သွားတော့သည်။

"နက်နဲဆရာ အဆင့် ၃... အဲ့ဒီကလေးက တကယ်ပဲ နက်နဲဆရာ အဆင့် ၃ ကို ရောက်သွားတာလား"

ထိုရက်ရှစ်ရက်တိုအတွင်း သူသည် သုံးဆင့်

ဆက်တိုက် ဖောက်ထွင်းအောင်မြင်ခဲ့သည် ထိုအမြန်နှုန်းနှင့် သူနှင့် နှိုင်းယှဉ်နိုင်သူ တစ်ဦးတစ်ယောက်မှ မရှိနိုင်ချေ

"သူ နက်နဲဆရာ အဆင့် ၃ ရောက်ရင်ရော ဘာဖြစ်သလဲ အဆင့် ၅ နတ်ဆိုးသားရဲ၏ ခွန်အားရှိသော ချော်ရည်ပုတ်သင်ကို ရင်ဆိုင်ရတဲ့အခါ လော့ထျန် အသက်ရှင်ဖို့ ခက်လိမ့်မယ်" ကျိုးတိုင်းရန်သည် အနည်းငယ် အံ့သြသွားသော်လည်း ရယ်မောလိုက်

သည်။

လော့ကျန့်ရှန်၏ နှုတ်ခမ်းများသည် အနည်းငယ် ပြုံးလိုက်ပြီး "ဟုတ်ပါတယ် မျိုးနွယ်စုခေါင်းဆောင် ကျိုး ပြောတာ မှန်တယ်"

လော့ထျန်၊ မင်း မသေချင်ရင်တောင် မင်း သေရလိမ့်မယ်

"ဒုန်းးး..."

သိုင်းကွင်းအလယ်မှ ကျယ်လောင်သောအသံ ထွက်ပေါ်လာသည်။ လော့ထျန်၏ လက်သီးများသည် ချော်ရည်ပုတ်သင်ပေါ် မကျရောက်သေးမီ ၎င်း၏ ပူပြင်းသော အရှိန်အဝါက လော့ထျန်၏ ခန္ဓာကိုယ်ကို ဒုံးပျံကဲ့သို့ လွင့်စင်သွားစေခဲ့သည်။ သူသည် နံရံကို ပြင်းထန်စွာ ရိုက်မိသွားသည်။ သူ့ခေါင်းသည် မြေပြင်သို့ နစ်မြုပ်သွားသကဲ့သို့ ခံစားရပြီးနောက် မူးဝေလာကာ သွေးအန်ထုတ်လိုက်၏။

ဤအချိန်တွင်လည်း ချော်ရည်ပုတ်သင်သည် လဲကျနေသောသူ့ဆီသို့ အလျင်အမြန် ပြေးလာတော့သည်။

၎င်းသည် ရှင်သန်ခြင်းနှင့်သေခြင်းကြား မျဉ်းဖြစ်သည်။

All Chapters