← Chapters

အဆင့်(၂)ကြမ်းတမ်းခြင်း

Vol. 5 Ch. 55

အဆင့်(၂)ကြမ်းတမ်းခြင်း

Vol. 5 Ch. 55

နတ်ဆိုးသားရဲများဆိုသည်မှာ အသားအစိမ်းနှင့် သွေးများကို စားရသည်ကို ပျော်ရွှင်သော သတ္တဝါများ ဖြစ်၏။ သွေးနံ့သည် ၎င်းတို့၏ မွေးရာပါ ရက်စက်ကြမ်းကြုတ်သော ဗီဇများကို လှုံ့ဆော်နိုင်စွမ်း ရှိသည်။

လက်ရှိ ချော်ရည်ပုတ်သင်သည် ဒေါသထွက်နေလေပြီ။

ကာမစိတ်ကြွဆေးသည် ၎င်းကို အရူးအမူး ဖြစ်စေခဲ့ပြီး ယခု ဤအားနည်းသော လူသားက ၎င်းကို ဒဏ်ရာရစေခဲ့သည်။ ဦးခေါင်း ကွဲအက်ပြီး သွေးများ ပန်းထွက်နေသဖြင့် ဤအရာကို မည်သို့လက်ခံနေရမည်နည်း။

မင်းတို့ကို ငါအစွမ်းပြပေးမယ်။

လှုံ့ဆော်မှုများကြောင့် ချော်ရည်ပုတ်သင်သည် တကယ်ကို အရူးအမူး ဖြစ်သွားပြီ။

၎င်း၏ ကိုယ်ပေါ်ရှိ မီးလျှံများသည် စီးဆင်းနေသော ချော်ရည်ကဲ့သို့ ပူပြင်းလာပြီး ၎င်း၏ ကြမ်းတမ်းသော အရှိန်အဝါသည် ပေ ရာပေါင်းများစွာတွင် ရှိသောပရိသတ်များက ခံစားနေရသည်။ ပရိသတ်သည် အလွန် မသက်မသာ ခံစားနေရသည်။

သူတို့သည် အလွန် စိတ်လှုပ်ရှားနေကြသည်။

လော့ထျန်ကြောင့် သူတို့ အံ့အားသင့်နေကြပြီး ယခု ချော်ရည်ပုတ်သင်က လော့ထျန်အား တစ်ချက်တည်းနှင့် မီးရှို့သတ်ပစ်လိုက်ပြီ ဖြစ်

သောကြောင့် ပိုပြီး စိတ်လှုပ်ရှားလာကြသည်။

“ဒီအဖေကို လန့်သွားစေတာပဲ။ အဲ့ဒီကလေး လော့ထျန် နိုင်တော့မယ်လို့ ထင်လိုက်မိတယ်”

“အား... အဲ့ဒီကလေး သိုင်းပညာကို ဘယ်လိုကျင့်ကြံနေတာလဲ နည်းနည်းတော့ အားကောင်းလွန်းတယ်။ ကံကောင်းထောက်မစွာ အဲ့ဒီ ချော်ရည်ပုတ်သင်က မထိန်းထားဘူးဆိုရင် ငါတို့ ဒီမှာ ငါတို့ရဲ့ ပိုက်ဆံတွေ ဆုံးရှုံးသွားလိမ့်မယ်”

“ချော်ရည်ပုတ်သင်က သူ့ကို လူသားလေးတစ်ဦးက စော်ကားခွင့်မပေးနိုင်လို့ လုံးဝ ဒေါသထွက်နေတာ။ ကြည့်ထား၊ လော့ထျန် သေဖို့ မဝေးတော့ဘူး”

“သတ်လိုက်စမ်း”

နောက်တစ်ကြိမ် ပရိသတ်နေရာများမှ အော်ဟစ်သံများနှင့် ဟစ်အော်သံများ ထွက်ပေါ်လာသည်။

ဇိမ်ခံခန်းများရှိ ပရိသတ်များသည်လည်း အလုံးဆို့သွားပြီး တစ်ဖန် ပြန်ကျသွားသည်ကို ခံစားလိုက်ရသည်။

လော့ကျန့်ရှန်သည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိ၏။

“လော့ထျန်၊ မင်း ဘယ်လောက်ပဲ အားကောင်းပါစေ၊ မင်း အရူးအမူးဖြစ်နေတဲ့ လာဗာ အိမ်မြှောင်

ဘီလူးထက် ပိုအားကောင်းမှာ မဟုတ်ဘူး။ ချော်ရည်ပုတ်သင်က ချော်ရည်ပူကို ထုတ်လွှတ်နိုင်စွမ်း ရှိတယ်။ ဒီတိုက်ခိုက်မှုမှာ မင်းကိုနည်းနည်း ထိလိုက်တာနဲ့တောင် မင်း ဒုက္ခရောက်ပြီပဲ။ မင်းရဲ့ ဝိဉာဉ်ကိုတောင် သူဝါးမြိုသွားလိမ့်မည်၊ ဟားဟားဟား…”

ချော်ရည်မီးသည် ချော်ရည်ပုတ်သင်များ ပိုင်ဆိုင်သော ကျွမ်းကျင်မှုတစ်ခု ဖြစ်၏။

အဆုံးမဲ့ဝါးမြိုခြင်း စွမ်းအားဖြင့် အနက်ရောင် ချော်ရည်မီး အမြောက်အများကို မှုတ်ထုတ်

နိုင်သည်။ အနည်းငယ် ထိမိရုံဖြင့် ထိခိုက်သော နေရာသည် ဖောင်းလာပြီး ပျက်စီးသွားမည်။ ထို့နောက်

ထိုသူ၏ ဝိဉာဉ်ကိုပင် ဝါးမြိုသွားလိမ့်မည်။

ယခင်တုန်းက ကျောက်စိမ်းတောင်မြို့အတွင်း၌ ချော်ရည်ပုတ်သင်သည် ဤကျွမ်းကျင်မှုကို အားကိုး၍ လူသတ်ပွဲကြီးကို ကျူးလွန်ခဲ့သည်။ ရာပေါင်းများစွာသော နိုင်ငံသားများအနက် သုံးပုံနှစ်ပုံသည် ချော်ရည်မီးကြောင့် သေဆုံးခဲ့ကြသည်။

မတရားဘူး၊ ဒါက လုံးဝ မတရားဘူး။ ဘာလို့ ခရမ်းရောင် အဖွဲ့အစည်းက ဒီမတရားမှုကို မတားဆီးတာလဲ”

“အစ်ကိုကြီး၊ ကျွန်တော်တို့ သူ့ကို ကူညီနိုင်မယ့် နည်းလမ်း ရှိပါသလား”

ဆုံးယန်ချွင်းသည် ချော်ရည်ပုတ်သင်၏ ကိုယ်ခန္ဓာမှ လှိမ့်ဆင်းလာသော ချော်ရည်မီးကို ကြည့်ကာ အလွန် စိုးရိမ်ပူပန်နေသည်။

ဆုံးယန်နန်သည် ခေါင်းခါကာ သက်ပြင်းချလိုက်

ပြီး “ငါတို့ လုပ်နိုင်တာ ဘာမှ မရှိဘူး။ အားလုံးက သူ့အပေါ်မှာပဲ မူတည်နေတယ်”

နောက်နေရာတစ်ခုတွင်။

ကျူးမေးသည် အောင်နိုင်သူအပြုံးဖြင့် ပြုံးလိုက်သည်။ သိုင်းကွင်းအတွင်း ဒဏ်ရာရနေသော လော့ထျန်အား မြင်သောအခါ သူမ ကျယ်လောင်စွာ ရယ်မောလိုက်

သည်။

“မင်း ဒီနေ့ အသက်ရှင်နိုင်မလား ကြည့်ရသေးတာပေါ့”

“ဘွတ်ဇ်… ဘွတ်ဇ်တ်…”

ချော်ရည်ပုတ်သင်၏ အကြေးခွံများအတွင်းရှိ အမြောင်းများသည် စတင်ကာ ပွက်ပွက်ဆူလာပြီး အနက်ရောင် ချော်ရည်မီးများ စတင် စိမ့်ထွက်လာသည်။ ၎င်းသည် ချော်ရည်မီး မီး ကျွမ်းကျင်မှု၏ အစပင် ဖြစ်၏။

ချော်ရည်ပုတ်သင်၏ မျက်လုံးများသည် မှိုင်းလာပြီး မလှမ်းမကမ်းရှိ လော့ထျန်အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ၎င်း၏ မျက်လုံးများသည် အဆုံးမရှိသော မထီမဲ့မြင်ပြုများသည် လော့ထျန်အား ပြောနေသကဲ့သို့ ဖြစ်၏။ “သနားစရာ အားနည်းတဲ့ လူသား မင်းနဲ့ ကစားနေဖို့ အချိန် မရှိဘူး၊ ဒါကြောင့် သွားသေလိုက်တော့”

“ဒိုင်း”

ချော်ရည်ပုတ်သင်သည်၏ ခြေတစ်လှမ်းတည်းနှင့် ခြေထောက်အောက်မှ ရေနွေးငွေ့များ ပန်းထွက်လာသည်။ မြေဆီလွှာရှိ ရေများသည် ချက်ချင်း အငွေ့ပျံသွားပြီး အနီရောင် ခြေရာတစ်ခုကို ချန်ထားခဲ့ကာ စတင် လောင်ကျွမ်းတော့သည်။

“ဒိုင်း”

နောက်ထပ် တစ်လှမ်းတွင် သိုင်းကွင်းသည် စတင် တုန်ခါလာသည်။

ပူပြင်းသော အရှိန်အဝါသည် လေထုထဲသို့ စတင် ပျံ့နှံ့လာပြီး အပူချိန်သည် ချက်ချင်း ဆယ်ဒီဂရီကျော် တိုးလာခဲ့သည်။ ဤရုတ်တရက် အပြောင်းအလဲကြောင့် ပရိသတ်အားလုံး ချွေးစတင်ထွက်လာကြသည်။

“ဒိုင်း၊ ဒိုင်း၊ ဒိုင်း…”

ချော်ရည်ပုတ်သင်သည် အရှိန် မြှင့်တင်

လိုက်သည်။

၎င်း၏ အရှိန်သည် ပိုမြန်လာပြီး ၎င်း၏ ကိုယ်မှ ချော်ရည်မီးသည် အရှိန်ပြင်းစွာဖြင့် ပွက်ပွက်ဆူလာသည်။ အနက်ရောင် မီးလျှံများ စတင် ပန်းထွက်လာပြီ။

“ဟားဟားဟား… လာတော့မယ်”

“ဒီကလေး နောက်ဆုံးတော့ သေမလား မသေသေးဘူးလား ကြည့်ရသေးတာပေါ့”

“ပြီးပြီ”

မဝေးလှသော နေရာတွင် လော့ထျန်သည် မျက်လုံးများ မှိတ်ထားရင်း ရပ်နေသည်။

သူ၏ စိတ်ထဲတွင် စနစ်သတိပေးချက် ထွက်ပေါ်လာသည်။

“ဒင်”

“အဆင့် မြှင့်တင်ရန် အတည်ပြုပါမည်လား”

“ဟုတ်ကဲ့”

“ဒင်”

“အတွေ့အကြုံမှတ် ၁၀၀,၀၀၀ ဖြတ်တောက်ပြီးပါပြီ။ နတ်ဘုရားသိုင်းပညာ ကြမ်းတမ်းခြင်းကို အဆင့် မြှင့်

တင်လိုက်ပြီ ဖြစ်ပြီး လက်ရှိတွင် အဆင့် ၂ မှာရှိနေသည်။ အရည်အချင်းများ၏ လေးဆ စွမ်းအားကို ထုတ်လွှတ်နိုင်ပါမည်”

အဆင့် ၁ ကြမ်းတမ်းခြင်းသည် နှစ်ဆသော အရည်အချင်းများ ဖြစ်ပြီး အဆင့် ၂ ကြမ်းတမ်းခြင်းသည် လေးဆသော အရည်အချင်းများ ဖြစ်၏။ စွမ်းအားသည် အခြေခံအားဖြင့် နှစ်ဆ ဖြစ်သွားခဲ့သည်။

သိုင်းပညာ: ကြမ်းတမ်းခြင်း

အဆင့်:နတ်ဘုရား

အဆင့်: ၂

သုံးစွဲမှု: နက်နဲစွမ်းအင် ၅၀၀၀

လခွမိး ငါ အဆင့် တစ်ဆင့်ပဲ တိုးလိုက်တာ သုံးစွဲမှုက ဆယ်ဆကျော် တက်သွားတာလား ဒီ လိမ်လည်မှုက အရမ်း ဆိုးလွန်းတယ်” လော့ထျန်က မကျေမနပ် ပြောလိုက်သည်။တစ်ချိန်တည်းမှာပင် သူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဝတုတ်လေ၊ မင်း အဲ့ဒီမှာ ဘယ်လောက်ကြာကြာ အိပ်ဖို့ စီစဉ်ထားလဲ”

“အိပ်တာလား”

“သူ သတိမေ့သွားတာ မဟုတ်ဘူးလား”

“ဒီ လော့ထျန်က ကြောက်လွန်းပြီး ရူးသွားတာ ဖြစ်

လိမ့်မယ်။ သူ အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာပဲ”

မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဖုန်းလေသည် ရုတ်တရက် ထထိုင်လိုက်သည်။ ၎င်း၏ ကိုယ်တစ်ခုလုံး ဖုန်မှုန့်များ ဖုံးလွှမ်းနေပြီး ခေါင်းကို ကုတ်လိုက်ပြီး

အရူးတစ်ယောက်လို ပြုံးလိုက်သည်။

“သခင်လေး၊ ကျွန်တော် နည်းနည်း ပိုအနားယူချင်သေးတယ်”

“ဒီတစ်ခါ ထပ်လုပ်ကြစို့”

“ဒီတစ်ခါ ငါ သူ့ကို အသားကြေအောင် ရိုက်ပစ်တော့မယ်” လော့ထျန်က အော်ဟစ်လိုက်ပြီးနောက် ချော်ရည်ပုတ်သင်ဆီသို့ ဆောင့်နင်းကာ အရှိန်ဖြင့် ပြေးသွားသည်။

တစ်ချိန်တည်းမှာပင်...

ဖုန်းလေ၏ မျက်လုံးများ ကျယ်လာပြီး ၎င်း၏ လက်မောင်းများသည် နောက်တစ်ကြိမ် ဖောင်းကားလာသည်။ အံ့အားစရာကောင်းသည်မှာ ၎င်း၏ လက်ဖဝါးများပေါ်တွင် လျှပ်စီးကြောင်းများ၏ အရိပ်အယောင်များကို မြင်နေရသည်။ ထိုလျှပ်စီးကြောင်းများသည် တဖြည်းဖြည်း ထူလာပြီး နောက်ဆုံးတွင် ၎င်း၏ လက်များကို ဖုံးလွှမ်းသွားကာ ပိုးလက်အိတ်တစ်စုံနှင့် ဆင်တူလာသည်။

လျှပ်စီးဓာတ်ရှိသော နတ်ဆိုးအနှစ်၏ စွမ်းအားပင်

ဒေါသထွက်နေသော မိုးကြိုးနွားသိုး၏ စွမ်းအား ပေါက်ကွဲထွက်လာသည်။

ဖုန်းလေသည် ပွက်ပွက်ဆူနေသော မီးကျောက်

ရည်ကိုဂရုမစိုက်ဘဲ ချော်ရည်ပုတ်သင်၏ အမြီးကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။ “သားရဲကောင်”

ချော်ရည်ပုတ်သင်၏ ဒေါသမီးလျှံများ ပန်းထွက်လာပြီး ဖုန်းလေကို ကိုက်ရန် ၎င်း၏ ခေါင်းကို လှည့်

လိုက်သည်။

“ ခြေလေးချောင်းမြွေ ၊ ငါလာပြီး”

လော့ထျန်သည် လေထဲသို့ ခုန်တက်ပြီး သူ့လက်များသည် တိုက်ပွဲ ပုဆိန်ကဲ့သို့ အချင်းချင်း ဆုပ်ကိုင်ထားသည်။ သူသည် အရင်က အသုံးပြုခဲ့သော လှုပ်ရှားမှုအတိုင်း ထပ်မံ အသုံးပြုနေခြင်း ဖြစ်၏။

ဆောင့်ချမည့် မတိုင်မီ ခဏတွင် လော့ထျန်က အော်ဟစ်လိုက်သည်။

“အဆင့် ၁ ကြမ်းတမ်းခြင်း”

“အွမ်မ်မ်…”

အစွမ်းထက်သော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။

အစွမ်းထက်သော စွမ်းအင် လှိုင်းများသည် မျက်စိဖြင့် မြင်နိုင်သည်။ စွမ်းအင် အလင်း၏ လှိုင်းများ မပြီးဆုံးမီ သူ နောက်တစ်ကြိမ် အော်ဟစ်လိုက်သည်၊ “အဆင့် ၂ ကြမ်းတမ်းခြင်း”

“ဒုန်း…”

“ဒုန်း…”

ကောင်းကင်သည် မှောင်မဲသွားပြီး ဟင်းလင်းပြင်မှဆုတ်ဖြဲသံ ထွက်ပေါ်လာဟန်ရှိသည်။ မြင်နေရသည့်အစွမ်းထက်သော စွမ်းအင် လှိုင်းများသည် ယခု လော့ထျန်၏ ခန္ဓာကိုယ်ပတ်လည်တွင် ရစ်ပတ်နေပြီ။ ၎င်း၏ ကိုယ်ခန္ဓာသည် မီးဖြင့် အပူလောင်ခံထားရသကဲ့သို့ နီရဲနေသည်။

“အမလေးလေး”

“အဆင့် ၂ ကြမ်းတမ်းခြင်းရဲ့ စွမ်းအားက အရမ်းကို အားကောင်းလွန်းတာပဲ”

လော့ထျန်သည် ၎င်း၏ စွမ်းအားရှိ အရည်အသွေး ပြောင်းလဲမှုများကို ရှင်းရှင်းလင်းလင်း ခံစားနေရပြီ။ သူ လက်ရှိ ခံစားနေရသော ခံစားချက်သည် အလွန်အံ့ဩစရာပင်။

ကျွမ်းကျင်မှုက နက်နဲစွမ်းအင် ၅၀၀၀တောင်သုံးစွဲထားသည့်အတွက် ၎င်းက ဘယ်လို အစွမ်းမထက်ဘဲ ရှိမည်နည်း။

မပြောပြနိုင်အောင်အစွမ်းထက်နေပြီ။

“ဒီကောင်ဘာလဲဟ သူ အဲ့ဒီလှုပ်ရှားမှုဟောင်းကို ထပ်သုံးနေပြန်ပြီ သူ ရူးသွားပြီဆိုတာ သေချာတယ်။”

“အဲ့ဒီ စွမ်… စွမ်းအား၊ အိုး ဘုရားသခင်။အဆများစွာ တိုးလာပုံရသည်…”

လူတိုင်းသည် လော့ထျန်၏ လုပ်ဆောင်ချက်များကို ကြည့်နေစဉ် အသက်ရှူ ရပ်မတတ်ဖြစ်သွားကြသည်။

ချော်ရည်ပုတ်သင်သည် ၎င်း၏ ခေါင်းကို မြှောက်လိုက်ရာ ကိုယ်ထက်ဝက်နီးပါး မတ်သွားသည်။ ၎င်း၏ အမြင့်သည် ယခု အနည်းဆုံး သုံးမီတာအထိ ရောက်နေပြီ။ ၎င်းသည် ၎င်း၏ ပါးစပ်ကို ဖွင့်ပြီး လော့ထျန်အား အနက်ရောင် ချော်ရည်မီး စီးကြောင်းပျစ်ပျစ်ကို တိုက်ရိုက် မှုတ်ထုတ်လိုက်သည်။

ချော်ရည်ပုတ်သင်၏ အစွမ်းအထက်ဆုံး တိုက်ခိုက်မှုပုံစံ

လော့ထျန်၏ မျက်လုံးများ ပြောင်းလဲသွားပြီး ၎င်း၏ နှုတ်ခမ်းများပေါ်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် အဆင့် ၂ ကြမ်းတမ်းခြင်းကို အပြည့်အဝ ယုံကြည်မှု ရှိပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။

“ငါ့အတွက် သေလိုက်စမ်း”

၎င်း၏ လက်သီးတစ်စုံကို ဆောင့်ချလိုက်သည်။

“လျှပ်စီးကျား ထိုးနှက်ခြင်း”

လော့ထျန်သည် ချော်ရည်မီး စီးကြောင်းကို ရှောင်ရှားရန် ၎င်း၏ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ၎င်း၏ ဘယ်ဘက်နှင့် ညာဘက် လက်သီးများသည် လေး ပုံသဏ္ဍန်အဖြစ် ခွဲထွက်သွားသည်။ ၎င်း၏ လက်သီးများသည် ချော်ရည်ပုတ်သင်၏ ဦးခေါင်းပေါ်သို့ နောက်တစ်ကြိမ် ဆောင့်ချလိုက်သည်။

ချော်ရည်ပုတ်သင်၏ ဦးခေါင်းကို အတင်းအကျပ် ဆောင့်ချခြင်း ခံရပြီး ၎င်း၏ ကျန်သော ကိုယ်ခန္ဓာသည်လည်း ထိုအတိုင်း လိုက်ပါသွားသည်။

၎င်းကို ပြန်ထခွင့် မပေးဘဲ လော့ထျန်က ရယ်မောလိုက်သည်။

“ပြန်ထချင်လို့လား ငါ့အတွက် ဒီတိုင်းလဲလျောင်းနေလိုက်စမ်း”

“ဒုန်း”

နောက်ထပ် လက်သီးချက်တစ်ချက် ဆောင့်ချလိုက်

သည်။

“မင်း ဒီအဖေကို အနိုင်ကျင့်ရဲတယ်လား နောက်

တစ်ကြိမ် ထပ်လုပ်စမ်း”

“ဒိုင်း”

“မင်း ပေါ်လာတာနဲ့ အရူးအမူး အခြေအနေမှာ ရှိနေတာလား ဆက်လုပ်စမ်း၊ မင်း ဘယ်လို ပိုပြီး ရူးသွပ်တော့မလဲ ဒီအဖေကို ပြလိုက်စမ်း။”

“ဒိုင်း”

“မင်း ခြေလေးချောင်းမြွေက ဒီအဖေရှေ့မှာ မာနတက်နေတာလား မင်း အမေကို သွားပြီး မာနတက်

စမ်း”

“ဒိုင်း”

“ဒိုင်း၊ ဒိုင်း၊ ဒိုင်း…”

လက်သီးချက်တိုင်းနောက်တွင် ကျယ်လောင်သောအသံ လိုက်လာသည်။ လက်သီးချက်တိုင်း၏ စွမ်းအားသည် ကောင်းကင်ကို တုန်ခါစေပြီး လက်သီးချက်တိုင်း၏ အသံသည် မြေကြီးကို တုန်ခါစေသည်။ ပရိသတ်နေရာများရှိ လူတစ်သောင်းကျော်သည် သူတို့၏ ထိုင်ခုံများတွင် တုန်ယင်နေပြီး အံ့အားသင့်နေကြသည်။ လော့ထျန်၏ လက်သီးချက်များသည် ချော်ရည်ပုတ်သင်၏ ကိုယ်ပေါ်သို့ ကိုယ်ထိလက်ရောက် ကျရောက်ရုံသာမက ပရိသတ်၏ စိတ်ကိုပါ ယိမ်းယိုင်သွားစေခဲ့သည်။ သူတို့ တစ်ဦးစီတိုင်းသည် ပါးစပ်ပိတ်သွားကြပြီး စကားတစ်ခွန်းမျှ မပြောနိုင်ချေ။ ထိုသူတို့၏ မျက်နှာများသည် နီရဲနေပြီး မခံမရပ်နိုင် ဖြစ်နေကြသည်။

သူ၏ လက်သီးတစ်စုံသည် စွမ်းအား ထပ်မံ စုဆောင်းလိုက်သည်...

ထို့နောက် လော့ထျန်သည် ပြင်းထန်စွာ ဆောင့်ချပြီး အော်ဟစ်လိုက်သည်။ “ငါ့အတွက် သေလိုက်စမ်း”

“ဒင်”

All Chapters