အရှက်လေးနည်းနည်းရှိပေးနိုင်မလား
Vol. 5 Ch. 57
နေ့ခင်းဘက် လော့မိသားစု၏ အစည်းအဝေးခန်းမအတွင်း၌ လော့မိသားစု၏ ခေါင်းဆောင်များ အားလုံး စုဝေးနေကြ၏။
လော့ကျန့်ရှန်သည် ခန်းမ၏ အဓိကနေရာတွင် ထိုင်နေပြီး သူ၏မျက်လုံးများက အနည်းငယ် အေးစက်ကာ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်စ သန်းနေသည်။
ကျန်ခေါင်းဆောငါသုံးဦးက သူတို့၏ဦးခေါင်းများကို ငုံ့၍ အချင်းချင်း တီးတိုးစကားပြောနေကြသည်။ ဆွေးနွေးမှု၏ အဓိကအချက်မှာ လော့ထျန်နှင့် ပတ်သက်နေသည်။
အဝေးတစ်နေရာတွင် ချော်ရည်ပုတ်သင်၏ သွေးများဖြင့် ဖုံးလွှမ်းနေဆဲဖြစ်သော လော့ထျန်နှင့် ဖုန်းလေတို့သည် တစ်လှမ်းချင်းစီ ပိုမိုနီးကပ်လာနေကြသည်။ ထိုနှစ်ဦး၏နောက်တွင် လော့မိသားစု၏ တပည့်များစွာ ပါဝင်၏။ ထိုသူများတွင် ပြင်ပဂိုဏ်းတပည့်များနှင့် အထက်တန်းအဓိကတပည့်များပါ ပါဝင်သည်။
သူတို့အားလုံးသည် ကိုးကွယ်မှုအမူအရာများကို ထုတ်ဖော်ပြသကြသည်။
သူတို့သည် သိုင်းကွင်းအတွင်းမှ တိုက်ပွဲကို မြင်တွေ့ခဲ့ကြ၏။ လော့ထျန်က လူတစ်သောင်းကျော်ကို မည်သို့ ထိတ်လန့်စေခဲ့ပုံ၊ သူပြသခဲ့သော စွမ်းအား၊ အရှိန်အဟုန်၊ မာန်မာနနှင့် လွှမ်းမိုးသည့်အနေအထားတို့ကြောင့် သူတို့ အလုံးစုံ အံ့အားသင့်ခဲ့ကြ၏။ သူတို့သည် ယခု သူ့ကို သူတို့၏ နှလုံးသားအောက်ခြေမှစ၍ ရိုးသားစွာ လေးစားနေကြပြီ။
ကျောက်စိမ်းတောင်မြို့အတွင်း၌ မထီမဲ့မြင်ပြု၍ ဆူညံအော်ဟစ်ခဲ့သူများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အခြားအသံတစ်ခုက ထိုနေရာတွင် ဝင်ရောက်လာသည်။
“လော့ထျန်ရဲ့ ဒန်ထျန်နဲ့ ကျင့်ကြံမှုသာ မဆုံးရှုံးခဲ့ရင် အခုဆို သူက မိုးတိမ်ဂိုဏ်းရဲ့ တပည့် ဖြစ်နေလောက်ပြီ။”
“လွန်ခဲ့တဲ့ တစ်လခွဲက လော့မိသားစုရဲ့ အမဲလိုက်ပြိုင်ပွဲမှာ သူက နတ်ဆိုးသားရဲ အမြောက်အမြားကို တစ်ဦးတည်း သတ်ခဲ့ပေမယ့် ငါ သူ့ကို မယုံခဲ့ဘူး။ အခုတော့ ငါ ယုံကြည်သွားပြီ။ ဒီလို အားကောင်းတဲ့လူက တခြားပါဝင်ယှဉ်ပြိုင်သူတွေကို ဘယ်လိုလုပ် သတ်ချင်ပါ့မလဲ သူ့လိုလူက စကြာဝဠာထဲက အတောက်ပဆုံး ကြယ်လိုပဲ၊ အမှောင်ထုက သူ့ကို ဘယ်လောက်ပဲ ပိတ်ဆို့ဖို့ ကြိုးစားပါစေ သူ့ရဲ့ မြင့်မြတ်တဲ့ အရောင်အဝါကို ဖုံးကွယ်နိုင်မှာ မဟုတ်ဘူး။ အစ်ကိုကြီး လော့ထျန်၊ ဒီတစ်ယောက်က ခင်ဗျားကို တကယ်သဘောကျပြီး ခင်ဗျားရဲ့ ကလေးကို လိုချင်တယ်…”
အလယ်အလတ်အရွယ် အမျိုးသမီးတစ်ဦးက ပြောလိုက်သည်။
ပတ်ဝန်းကျင်မှ လူများသည် နံရံကို မှီ၍ အန်ချင်လာကြ၏။
ချော်ရည်ပုတ်သင်သည် ကျောက်စိမ်းတောင်မြို့၏ အိပ်မက်ဆိုးဖြစ်သည်။ လူရာပေါင်းများစွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပြီး ကျောက်စိမ်းတောင်မြို့သည် ပျက်စီးလုနီးပါး ဖြစ်ခဲ့သည်။ လူများစွာသည် ၎င်းတို့၏မိသားစုများ ပျက်စီးခဲ့ရသဖြင့် ချော်ရည်ပုတ်သင်သည် လူတိုင်း မုန်းတီးသော တည်ရှိမှုတစ်ခု ဖြစ်၏။
လော့ထျန်က လူတစ်သောင်းကျော်၏ ရှေ့တွင် ချော်ရည်ပုတ်သင်ကို သတ်ဖြတ်ခဲ့ရာ ၎င်းသည် သင်္ကေတအားဖြင့် သူတို့ကိုယ်စား လက်စားချေလိုက်သည်နှင့် ဆင်တူချေသည်။
ထိုအချိန်မှစ၍ လော့ထျန်သည် သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့သည်။
လူများစွာက သူ့ကို ချီးမွမ်းခြင်းနှင့် ဂုဏ်တင်ခြင်းများ ပြုလုပ်နေကြသည်။
“သူ ကံကောင်းသွားတာပဲ။ သူက တကယ်တော့ အမှိုက်ပဲ၊ လမ်းဘေးက သူတောင်းစားကိုတောင် မနိုင်တဲ့ အမှိုက်…”
ထိုစကားပင် မဆုံးမီ လူအုပ်ကြီးက ပြေးလာကြသည်။
“မင်းက ငါတို့ရဲ့ သူရဲကောင်းကို စော်ကားရဲလား ငါ့အတွက် သူ့ကို ရိုက် သူ သေတဲ့အထိ
ရက်ရက်စက်စက် ရိုက်”
နင်းကန်မှုများနှင့် လက်သီးများ ကျရောက်လာရာ သူတို့အားလုံးသည် ရက်စက်စွာ ဆုံးမပေးလိုက်သည်။
လော့ကျန့်ရှန် ငှားရမ်းထားသော လူမိုက်သည် ညိုမည်းသွားသည်အထိ အထိုးအကြိတ်ခံခဲ့ရပြီး နံရိုးများစွာပင် ကျိုးပဲ့သွားသည်။ သူသည် လအနည်းငယ် နားပြီးမှသာ အိပ်ရာမှ ထနိုင်လိမ့်မည်။
လော့မိသားစု၏ ခန်းမအတွင်း၌
လော့ကျန့်ရှန်သည် လော့ထျန် ခန်းမထဲသို့ ဝင်လာသည်ကို ကြည့်ပြီး ၎င်း၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ တီးတိုးပြောလိုက်သည်
“သူ ရောက်လာပြီ။ ငါ့ရဲ့ မျက်လုံးအမူအရာအတိုင်း လိုက်လုပ်ကြ။”
ကျန်သုံးဦးက လျှို့ဝှက်စွာ ခေါင်းညိတ်လိုက်ပြီးနောက် သူတို့၏မျက်နှာအမူအရာများ တင်းမာသွားပြီ။
လော့ထျန်နှင့် ဖုန်းလေတို့သည် ဝင်ပေါက်ကို ကျော်လွန်သွားပြီး ၎င်းတို့၏ ခြေထောက်များ လုံးဝမဝင်ရောက်သေးခင်မှာပင် လော့ကျန့်ရှန်က အေးစက်စွာ လှောင်ပြောင်၍ အော်ဟစ်လိုက်သည်
“လော့ထျန်၊ ချော်ရည်ပုတ်သင်ရဲ့ နတ်ဆိုးအနှစ်ကို ထုတ်ပေး”
“ဟင်”
လော့ထျန်သည် ခဏတာ အံ့အားသင့်သွားပြီးနောက် နတ်ဆိုးအနှစ်တစ်ခုကို ဆွဲထုတ်လိုက်သည်။
နတ်ဆိုးအနှစ် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပင်မခန်းမသည် နက်နဲ စွမ်းအင်၏ ပြင်းထန်သော စုစည်းမှုဖြင့် ချက်ချင်းပြည့်နှက်သွားသည်။ ကြည်လင်သော ပုံဆောင်ခဲကဲ့သို့ နတ်ဆိုးအနှစ်က အဆုံးမရှိသော နက်နဲ စွမ်းအင်ကို ထုတ်လွှတ်နေပုံရ၏။
၎င်းတွင် ချော်ရည်ပုတ်သင်၏ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံမှု ပါဝင်နေသဖြင့် နက်နဲစွမ်းအင်က မည်မျှ အားကောင်းသည်ကို စိတ်ကူးကြည့်နိုင်ပေသည်။
“ဂလု”
ခေါင်းဆောငါသုံးဦး၏ မျက်လုံးများက နတ်ဆိုးအနှစ်ကို တည့်တည့်စိုက်ကြည့်နေကြသည်။ သူတို့၏လည်ချောင်းများ လှိမ့်ဆင်းသွားပြီး သူတို့၏မျက်လုံးများက ၎င်းတို့၏ နှလုံးသားထဲရှိ လောဘကို ထင်ဟပ်နေ၏။
လော့ကျန့်ရှန်၏ မျက်လုံးများ စောင်းသွားပြီး ကျေနပ်သော အပြုံးကို ထုတ်ဖော်ခဲ့သည်။ ထို့နောက် သူ စိတ်လှုပ်ရှားစွာ ပြောလိုက်သည် “ဒါဆိုရင် ဝါးမြိုမခံရသေးဘူးပေါ့။”
ချက်ချင်းပင် လော့ကျန့်ရှန်က အမိန့်ပေးသောလေသံဖြင့် ပြောလိုက်သည် “ထုတ်ပေး။”
လော့ထျန်သည် သူ၏လက်ကို ပြန်ရုပ်လိုက်ပြီး ညင်သာစွာ ပြုံးလိုက်သည် “လူက ဘယ်မှာလဲ”
“လူ”
“ဘယ်သူလဲ”
လော့ကျန့်ရှန်က ဘာဖြစ်နေသည်ကို မသိဟန်ဖြင့် ဟန်ဆောင်နေသည်။
“မင်းပြောနေတဲ့လူကို ငါမသိဘူး။”
လော့ထျန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဒေါသဖြင့် ကျိန်ဆဲလိုက်သည်။
“လော့ကျန့်ရှန်၊ ဟန်ဆောင်တာကို ရပ်လိုက်စမ်း။ သူ့ကို မြန်မြန်ထုတ်ပေး”
သူသည် ယဉ်ကျေးမှုမရှိဘဲ တိုက်ရိုက်ကျိန်ဆဲခဲ့သည်။
လော့ကျန့်ရှန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားချေပြီ။
လော့ကျန့်ရှန်အား တုံ့ပြန်ရန် အချိန်မပေးဘဲ လော့ချန်းရှန်းက စားပွဲကို ဒေါသဖြင့် ရိုက်ချလိုက်သည် “ဒီလို အရွယ်နဲ့ လူကြီးသူမကို မလေးစားတာရဲတာပေါ့။ တကယ်ကို မိခင်ကနေ မွေးဖွားလာပေမယ့် ဖခင်က သေချာ မသွန်သင်ခဲ့တဲ့ သားရဲတစ်ကောင်ပဲ”
လော့ထျန်၏ မျက်လုံးများ ပြောင်းလဲသွားပြီး သူ အသံတိုးတိုးဖြင့် အော်ဟစ်လိုက်သည်။
“အဆင့် ၁ ရူးသွပ်ခြင်း”
ချက်ချင်းပင်…
“လေအရိပ်ခြေလှမ်း”
လေကဲ့သို့နှင့် အရိပ်ကဲ့သို့ သူ အကွာအဝေးကို ဖြတ်ကျော်သွားခဲ့သည်။
လျှပ်စီး၏ အရှိန်ဖြင့်…
လက်သီးတစ်စုံ ထိုးနှက်လိုက်ရာ တစ်ခုက လျှပ်စီးနှင့်တူပြီး နောက်တစ်ခုက ကျားနှင့်တူသော စွမ်းအင် ထူထဲသည့် စီးကြောင်းနှစ်ခု ပန်းထွက်သွား၏။
“ဒိုင်း”
လော့ချန်းရှန်းသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ လော့ထျန်၏ လက်သီးနှစ်ရံဖြင့် လွင့်စင်သွားခဲ့သည်။ သူသည် ပင်မခန်းမရှိ တိုင်တစ်ခုကို ရိုက်ခတ်မိပြီးနောက် အောက်သို့ လျှောကျသွားကာ နာကျင်စွာ ညည်းတွားနေသည်။
ပင်မခန်းမတစ်ခုလုံး တုန်ခါသွားပြီး ဖုန်မှုန့်တစ်ထပ် ကျလာခဲ့သည်။
လော့ချန်းရှန်း၏ မျက်လုံးများတွင် အဖြူရောင်များသာ ပေါ်နေသည်။ ၎င်း၏ရင်ဘတ်တွင် လက်သီးရာနှစ်ခု ရှိနေပြီး ၎င်း၏ခန္ဓာကိုယ်ထဲတွင် အသက်၏ လက္ခဏာများ မကျန်တော့ချေ။
ချက်ချင်း သတ်ဖြတ်ခြင်း
နက်နဲဆရာအဆင့် ၄ ရှိသော လော့ချန်းရှန်းသည် ချက်ချင်းသတ်ဖြတ်ခံခဲ့ရသည်။
ဒါက အရမ်းကို ရူးစရာပဲ။
သူသည် ကျွမ်းကျင်မှုအစုံဖြင့် လွင့်စင်သွားခဲ့ရသည်။
ပထမက စွမ်းအားတိုးမြှင့်ရန် ရူးသွပ်ခြင်း၊ ထို့နောက် အရှိန်ဖြင့် ပြေးထွက်ရန် အရိပ်လေခြေလှမ်း၊ နောက်ဆုံးတွင် တောင်၏အရှိန်ဖြင့် ရိုက်ခတ်ပြီး သူ့ကို လေထဲသို့ ပို့လိုက်သော လျှပ်စီး ကျားထိုးနှက်ခြင်း ဖြစ်၏။
ထိုသိုင်းပညာများကို အသုံးပြုခြင်းကြားတွင် ကွာဟချက် လုံးဝမရှိသလောက်ပင်။ ပရော်ဖက်ရှင်နယ်ဂိမ်းကစားသမားတစ်ဦးက ဖော်ပြမည်ဆိုလျှင် — ဒါက အလင်းအရှိန်ဖြင့် ကျွမ်းကျင်မှုများပင်
ဤအချိန်တွင်ပင် စနစ်က သတိပေးချက်အသံ ပြုလုပ်ခဲ့သည်။
“ဒင်”
“ကစားသမား လော့ထျန်သည် လော့ချန်းရှန်းကို သတ်ဖြတ်ခဲ့သောကြောင့် ဂုဏ်ယူပါ၏။ အတွေ့အကြုံမှတ် ၁,၅၀၀၊ နက်နဲ စွမ်းအင် ၂၀၀ ရရှိခဲ့ပါပြီ။”
“ကစားသမား လော့ထျန်သည် အနှစ်ဝါးမြိုဆေးပြား နှစ်ခု ရရှိခဲ့သောကြောင့် ဂုဏ်ယူပါ၏။”
လော့ထျန်သည် လော့ချန်းရှန်းမှ ပေါက်ကွဲထွက်လာသော ဆုလာဘ်များကို ဂရုမစိုက်ဘဲ အေးစက်စွာ အော်ဟစ်လိုက်သည် “ငါ အရင်ကလို အမှိုက် ဖြစ်နေတုန်းပဲလို့ မင်းထင်နေတာလား မင်း ငါ့ကို စော်ကားတာ ကိစ္စမရှိဘူး၊ ဒါပေမယ့် မင်း ငါ့အဖေနဲ့ အမေကို စော်ကားတာလား သေခြင်းကို ဖိတ်ခေါ်နေတာပဲ”
ဤသည်မှာ လုံးဝလွှမ်းမိုးခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။
ဤသည်မှာ မည်သည့်အရိပ်အယောင်မျှ မရှိဘဲ သတ်ပစ်ခြင်းပင်။
ဤသည်မှာ လော့မိသားစု၏ သမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်ချေသည်။
လော့ထျန်က အဘယ်ကြောင့် သတိမပေးဘဲ လော့ချန်းရှန်းကို ချက်ချင်းသတ်ပစ်ရသနည်းဟူသော အကြောင်းရင်းမှာ ရိုးရှင်း၏။ လော့ချန်းရှန်း၏အမည်သည် အနီရောင်ဖြစ်နေသောကြောင့် သူသည် ရန်လိုသော အခြေအနေရှိ ထိပ်တန်းရန်သူဖြစ်နေသည်မှာ သိသာ၏။
လော့ထျန်၏ အရှိန်က အလွန်မြန်လွန်းပြီး လော့ကျန့်ရှန်ပင် တုံ့ပြန်ရန် အချိန်မရလိုက်ချေ။
ထိုသုံးဦး၏ မျက်နှာအမူအရာများ မှောင်မိုက်သွားပြီး သူတို့သည် ထိတ်လန့်စွာ ထိုင်နေကြသည်။ လော့ထျန်က ရုတ်တရက် လှုပ်ရှားမှု ပြုလုပ်လိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးခဲ့ဖူးပေ၊ အထူးသဖြင့် သတ်ပစ်မည့် လှုပ်ရှားမှု ဖြစ်နေသည့်အတွက်ကြောင့်ပင်
လော့ကျန့်ရှန်၏မျက်လုံးများ သတ်လိုစိတ်များ ပြည့်နေသည်။
ကျန်နှစ်ဦးက သတိထားနေကြပြီး စကားတစ်ခွန်းမျှ မပြောရဲချေ။
ခဏတာအတွင်း ပင်မခန်းမအတွင်းရှိ လေထုက တင်းကျပ်လာသဖြင့် ဖုန်းလေပင် အရူးအမူး အော်ဟစ်ရန် မတတ်နိုင်တော့ချေ။
“အားးးး…”
“ဒုန်း”
သူ၏စိတ်အခြေအနေသည် ပိုမိုကျယ်ပြန့်လာပုံရပြီး စွမ်းအင်လှိုင်းများ ပျံ့နှံ့သွားစေသည်။
အချိန် ရပ်တန့်ပြီးမှ ပြန်ရွေ့သွားသကဲ့သို့…
လော့ကျန့်ရှန်နှင့် ကျန်နှစ်ဦး၏ စိတ်များသည် တစ်ခဏအတွင်း တင်းမာသွားပုံရသည်။
“လော့မိသားစုရဲ့ ခေါင်းဆောငါတစ်ဦးကို လူသိရှင်ကြား သတ်ဖြတ်ခြင်း။ လော့ထျန်၊ မင်းရဲ့သတ္တိက တကယ်ကို လွန်ကဲသွားပြီး။”
လော့ကျန့်ရှန်သည် ဂုဏ်သိက္ခာဖြင့် အော်ဟစ်
လိုက်သည်။
သူ၏အသံ လွင့်သွားသည်နှင့်…
သူ စားပွဲကို ရိုက်ချလိုက်ပြီး ဒေါသဖြင့် အော်ဟစ်
လိုက်သည်။
“ဥပဒေ စီရင်ရေး ခန်းမကလူ ရှိလား”
“ဥပဒေ စီရင်ရေး ခန်းမ ရှိပါတယ်”
လူရှစ်ဦးသည် နောက်ဘက်ခန်းမမှ ပြေးထွက်လာပြီး ၎င်းတို့၏မျက်လုံးများတွင် ထူးခြားသော အရောင်အဝါရှိနေ၏။ သူတို့အားလုံးသည် နက်နဲဆရာနယ်ပယ်မှ ကျွမ်းကျင်သူများပင် ဖြစ်သည်။
ထိုရှစ်ဦးက လော့ထျန်အား လျင်မြန်စွာ ဝန်းရံလိုက်
သည်။
လော့ထျန်၏နှုတ်ခမ်းများ လှောင်ပြောင်သောအပြုံးတစ်ခု ပေါ်လာပြီး ညင်သာစွာ ပြောလိုက်သည် ။
“လော့ကျန့်ရှန် မင်း ဒါကို ကြိုတင်ပြင်ဆင်ထားပုံရသည်။”
လော့ကျန့်ရှန်က အေးစက်စွာ ရယ်မောပြီးနောက် ကျယ်လောင်စွာ ပြောလိုက်သည် ။
“လော့ထျန်၊ မင်း လော့ချန်းရှန်းကို သတ်ခဲ့တယ်၊ မင်း လော့ရှောင်ရှမ်းကို သတ်ခဲ့တယ်၊ မင်း လော့မင်ကို သတ်ခဲ့တယ်၊ မင်း လော့လင်ကို သတ်ခဲ့တယ်၊ မင်း လော့မိသားစုတပည့် ဒါဇင်ပေါင်းများစွာကို သတ်ခဲ့တယ် ကိုယ့်မျိုးနွယ်စုဝင်ကို သတ်ဖြတ်ခြင်း ပြစ်ဒဏ်က သေခြင်းပဲ”
“လော့ထျန် မင်းက ရိုးရိုးနဲ့ မကောင်းဆိုးဝါး ဖြစ်နေတာပဲ။ မင်း မင်းရဲ့မျိုးနွယ်စုဝင်တွေကိုတောင် အလွတ်မပေးခဲ့ဘူး။ သူတို့က မင်းနဲ့ ရန်ငြိုးမရှိပေမယ့် မင်း သူတို့ကို ဒီလိုလုပ်ရပ်တွေ လုပ်ခဲ့တုန်းပဲ”
လော့ကျန့်ရှန်က ဤအရာကို နှလုံးနာခြင်းနှင့် စိတ်
ဆင်းရဲခြင်း၏ မျက်နှာအမူအရာဖြင့် ပြောလိုက်
သည်။
လော့ထျန်က စတင်ရယ်မောတော့သည်။
“ဟားဟားဟား…”
“ဟားဟားဟား…”
သူသည် ရိုင်းစိုင်းသောပုံစံဖြင့် လေထဲသို့ ရယ်မောလိုက်သည်။
“လော့ကျန့်ရှန်၊ မင်းအရှက်နည်းနည်းလေးမှ မရှိတော့ဘူးလာ”
လော့ကျန့်ရှန်၏ မျက်လုံးများ နစ်မြုပ်သွားပြီး သူ အသံတိုးတိုးဖြင့် အော်ဟစ်လိုက်သည်။
“လော့ထျန်၊ အဲ့ဒီလူတွေ မင်းကြောင့် သေတာ ဟုတ်၊ မဟုတ်”
လော့ထျန်၏ ဒေါသ ထကြွလာပြီး သူ ရှေ့သို့ တစ်လှမ်းတက်လိုက်သည်။ သူ လော့ကျန့်ရှန်ကို လက်ညှိုးထိုးပြီး တိုက်ရိုက်ဝန်ခံလိုက်သည်။
“ဟုတ်တယ်၊ အဲ့ဒီလူတွေ သေဖို့ထိုက်တန်တယ်”
မျက်နှာဖုံး ကွာကျသွားပြီ ဖြစ်သောကြောင့် နောက်ထပ် ထိန်းသိမ်းထားရန် မလိုအပ်တော့ချေ။
အလွန်ဆုံး တိုက်ပွဲ ဖြစ်လိမ့်မည်။
ဘယ်သူက ဘယ်သူ့ကို ကြောက်ရမည်လဲ