← Chapters

နောက်ထပ်နည်းးလေးပဲလိုတော့တယ်

Vol. 5 Ch. 59

နောက်ထပ်နည်းးလေးပဲလိုတော့တယ်

Vol. 5 Ch. 59

လော့ထျန်သည် လုံးဝ ကြိုတင် ပြင်ဆင်ထားခြင်း မရှိချေ။

လော့ကျန့်ရှန်သည် စကားပြောဦးမည်ဟု သူ ထင်ခဲ့သော်လည်း လော့ကျန့်ရှန်က ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းကို လုပ်ဆောင်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ချေ။ ဒီလူက မျက်နှာပြောင်တိုက်လွန်းသည်။

လော့ထျန်အတွက် အထိတ်လန့်ဆုံး အရာက လော့ကျန့်ရှန်သည် သူ စွမ်းအင် ကုန်ခန်းနေချိန်၌ တိုက်ခိုက်ခဲ့ခြင်းပင်။ ဤသည်မှာ တိုက်ဆိုင်မှုလော သို့မဟုတ် သူ တစ်နည်းနည်းဖြင့် ထိုးထွင်းသိမြင်ခဲ့ခြင်းလော။

ဤအချိန်၌…

လော့ထျန်သည် ထိုအကြောင်းကို စဉ်းစားရန် အချိန်မရခဲ့ချေ။ စိတ်ကို အာရုံစူးစိုက်လိုက်ပြီး ခုခံရန် သူ၏ အားကို အကုန်အစင် အသုံးပြုလိုက်သည်။

လော့ကျန့်ရှန်၏ အချိန်ကိုက်ခြင်းသည် ပြောင်

မြောက်ပြီး လက်ဝါးနှစ်ဖက်က တောင်များကို ခွဲနိုင် သို့မဟုတ် ပင်လယ်များကို ခြမ်းနိုင်သကဲ့သို့ ဖြစ်၏။

“အဆုံးမဲ့ နတ်ဘုရား လက်ဝါး”

အဟန့်အတား မရှိဘဲ လက်ဝါးနှစ်ဖက်စလုံးသည် လော့ထျန်၏ ရင်ဘတ်ပေါ်သို့ တည့်တည့် ကျရောက်ခဲ့သည်။

လော့ထျန်၏ ရင်ဘတ်သည် ထိခိုက်မှုကြောင့် အက်ကွဲလုနီးပါး ဖြစ်သွားသည်။ ၎င်း၏ ရင်ခေါင်းအရိုးအောက်ရှိ ကိုယ်တွင်းအင်္ဂါများ တုန်ယင်သွားပြီး သူ၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားသည်။ သူ၏ ကိုယ်ခန္ဓာတစ်ခုလုံး ပင်မခန်းမအပြင်ဘက်သို့ လွင့်စင်သွားပြီး အပြင်ဘက် မြေပြင်သို့ ပြင်းထန်စွာ ကျရောက်ခဲ့သည်။ သူ၏ လည်ချောင်းမှ စူးရှသော သွေးနံ့တစ်ခု တက်လာပြီးနောက် သူ မရည်ရွယ်ဘဲ သွေးများ ပန်းထွက်ခဲ့သည်။

“ဖူး…”

“သခင်လေး”

“သခင်လေး”

“ဒိုင်း”

ပင်မခန်းမ၏ အပြင်ဘက်သို့ မီတာတစ်ဒါဇင်ကျော် ပျံသန်းသွားပြီး ခြံဝင်းအတွင်းရှိ မြေပြင်ပေါ်သို့ ကျရောက်ခဲ့သည်။ မြေပြင်ပေါ်ရှိ ထူထဲသော ကျောက်ပြားခင်းသည် အစိတ်စိတ်အမွှာမွှာ ကွဲသွားခဲ့သည်။

မသက်မသာဖွယ်ပင်

အလွန်အမင်း မသက်မသာ ဖြစ်၏။ သူ၏ ရင်ခေါင်းအရိုးနှင့် နံရိုးများ အက်ကွဲသွားသကဲ့သို့ ခံစားရပြီး ကိုယ်တွင်းအင်္ဂါ အားလုံး ပြင်းထန်စွာ နာကျင်နေသည်။ ထို နာကျင်မှုကြောင့် လော့ထျန်သည် သူ့ကိုယ်သူ ထိန်းချုပ်ရန် အသက်ရှုဖို့ စတင် ရုန်းကန်ခဲ့သည်။ ထို ထိုးနှက်ချက်ကြောင့် သူ ချက်ချင်း မမေ့လဲခဲ့ခြင်းသည် သူ့အတွက် ကံကောင်းခဲ့သည်။

“နက်နဲ ဆရာ အဆင့် ၉ အထွတ်အထိပ်ရှိ ခွန်အားက အရမ်း ကြမ်းလွန်းတယ်”

“ဘော့စ်က တကယ်ကို ဘော့စ်ပဲ။ သူ့ပထမဆုံး လှုပ်ရှားမှုက အထူးစွမ်းရည် ဖြစ်နေပြီး သူက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့လည်း မရှက်ဘူး”

လော့ထျန်သည် လော့ကျန့်ရှန်၏ ဆယ့်ရှစ်ဆက်သော ဘိုးဘွားကို အတွင်းစိတ်မှ စတင် ကျိန်ဆဲနေသည်။

ပတ်ဝန်းကျင်ရှိ လော့မိသားစု တပည့်များ အားလုံး အံ့အားသင့်သော အသွင်အပြင်ဖြင့် စိုက်ကြည့်နေကြသည်။ လော့ထျန်၏ ဖြူဖျော့နေသော မျက်နှာကို မြင်သောအခါ သူတို့ မည်သို့ တုံ့ပြန်ရမည်ကို လောလောဆယ် မသိကြချေ။

“ဟမ့်”

“သေစမ်း အမှိုက်”

လော့ကျန့်ရှန်က အေးစက်စွာ ဟမ့်ခနဲ ပြောလိုက်သည်။ သူ၏ မျက်နှာအမူအအရာသည် မထီမဲ့မြင်မှုဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်လုံးများက စက်ဆုပ်ရွံရှာမှုဖြင့် ပြည့်နေသည်။

“ဒုန်း”

ဖုန်းလေ၏ မျက်လုံးများ ဒေါသဖြင့် ကျယ်သွားသည်။ သွေးပြန်ကြောများက ၎င်း၏ နဖူးမှ ထွက်ပေါ်လာပြီး ၎င်း၏ လက်ရှိ မျက်နှာအမူအအရာသည် ကြမ်းတမ်းသည်ထက် ကျော်လွန်နေသည်။ ဤအချိန်၌ သူသည် နတ်ဆိုးသားရဲတစ်ကောင်နှင့် အတူပင် ဖြစ်နေ၏။ စွမ်းအားက ၎င်း၏ လက်သီးများမှ ပေါက်ကွဲထွက်လာပြီး လျှပ်စီး၏ အက်ကွဲသံများကို ထုတ်

လွှတ်သည်။ ထို့နောက် သူ ထိုးနှက်လိုက်သည်…

“ဝှစ်…”

၎င်း၏ လက်သီးပေါ်တွင် ကြောက်မက်ဖွယ် စွမ်းအား ပမာဏဖြင့် ပစ်မှတ်ဆီသို့ သွားသော လျှပ်စီး၏ မှားယွင်းသော ဆွဲအားမျဉ်းတစ်ခု ရှိနေသည်။

လော့ကျန့်ရှန်၏မျက်လုံးများ ကျဉ်းသွားပြီး အေးစက်စွာ ဟမ့်ခနဲ ပြောလိုက်သည်။

“မင်း သေတွင်းတူးနေတာပဲ”

“သတိထား ဝတုတ်လေ”

လော့ထျန်က အော်ဟစ်လိုက်သော်လည်း နောက်ကျနေပြီ။

ဖုန်းလေသည် ဒေါသထွက်နေပြီး အရာအားလုံးကို လျစ်လျူရှုကာ ထိုးနှက်လိုက်သည်။

သူသည် နက်နဲ တပည့် အဆင့် ၇ တွင်သာ ရှိ၏။ သူသည် ဒေါသထွက်သော မိုးကြိုး နွားသိုး၏ မိုးခြိမ်းသံဖြင့် ပြည့်နှက်နေသော နတ်ဆိုးအနှစ်ကို စားသုံးခဲ့ပြီး ၎င်း၏ စွမ်းရည်များသည် နက်နဲ ဆရာ နယ်ပယ်၏ အစောပိုင်း အဆင့်များနှင့် တူသော်လည်း မည်သို့ပင် ဖြစ်စေ နက်နဲ ဆရာ အဆင့် ၉ အထွတ်အထိပ်ရှိ လော့ကျန့်ရှန်ကို ရင်ဆိုင်နေရခြင်းပင်။

ခွန်အား ကွာခြားမှုက အလွန် ကြီးမား၏။

လော့ကျန့်ရှန်က ဘေးသို့ ရွှေ့သွားပြီး လက်ဝါးတစ်ခုကို ရိုက်ထုတ်လိုက်သည်။ သူသည် ဖုန်းလေ၏ လက်သီးချက်မှ ရှောင်တိမ်းသွားပြီး သူ၏ လက်ဝါးသည် ဖုန်းလေ၏ မေးစေ့ပေါ်သို့ တည့်တည့် ကျရောက်ခဲ့သည်။

“ဒိုင်း”

ပိဿာချိန် ၂၅၀ ကိုယ်အလေးချိန်ရှိသော ဖုန်းလေသည် လေထဲသို့ လွင့်စင်သွားခဲ့ရသည်။ သူသည်

လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။

သူ၏ ခန္ဓာတစ်ခုလုံး မြေပြင်ကို ထိသောအခါ တုံးခနဲ မြည်သံတစ်ခု ထွက်ပေါ်လာသည်။ ကြမ်းပြင်ပေါ်ရှိ ကျောက်ပြားများသည် နေရာအနှံ့ လွင့်စင်သွားပြီး ပါးစပ်မှ သွေးများ ထွက်လာခဲ့သည်။

သူတို့တစ်ယောက်စီကို ထိုးနှက်ချက်တစ်ခုသာ ပြုခဲ့သည်။

သူတို့ နှစ်ဦးစလုံး လွင့်စင်သွားပြီး ယခု ပြင်းထန်စွာ ဒဏ်ရာရနေကြသည်။

လော့ကျန့်ရှန်၏ ခွန်အားက အရမ်း အစွမ်းထက်

လွန်း၏။

လော့ကျန့်ရှန်သည် ပင်မခန်းမ၏ ဝင်ပေါက်ဆီသို့ လျှောက်သွားပြီး အေးစက်စွာ ရယ်မောလိုက်သည်။

“မင်း ငါနဲ့ တိုက်ခိုက်ချင်တယ်လား မင်းရဲ့ အဖေတောင် ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ မင်းလို အဆင့်

နိမ့်တဲ့သူက ငါ့ကို စိန်ခေါ်ချင်သေးတာလား”

အရမ်းမောက်မာ၏

လော့ကျန့်ရှန်က အရမ်းကို မာနကြီးစွာ ပြုမူနေသည်။

ချက်ချင်းပင်...

လော့ကျန့်ရှန်က နောက်တစ်ကြိမ် အေးစက်စွာ ရယ်မောပြီး အော်ဟစ်လိုက်သည်။

“တစ်ယောက် လာပြီး သူ့ကိုယ်ပေါ်က နတ်ဆိုးအနှစ်ကို ရှာလိုက်။ ပြီးရင် သူ့ကို သေတဲ့အထိ ရိုက်”

“ကျွန်တော်တို့ နာခံပါမယ်”

ထို အမိန့်ကို ကြားသောအခါ ထိပ်တန်း အဓိက တပည့် တစ်ဒါဇင်ကျော်သည် ပတ်ဝန်းကျင်မှ ပြေးထွက်လာကြသည်။

ပထမက ဥပဒေ စီရင်ရေး ခန်းမ၊ ယခုမူ ထိပ်တန်း အဓိက တပည့်များပင်။

အရာအားလုံးကို လော့ကျန့်ရှန်၏ လက်ဝါးများဖြင့် ထိန်းချုပ်ထားသည်။

ဤ အဓိက တပည့် ဒါဇင်ပေါင်းများစွာ၏ ပေါင်းစည်းထားသော ခွန်အားသည် ဥပဒေ စီရင်ရေး ခန်းမမှ ရှစ်ဦးထက်ပင် ပိုမို အားကောင်း၏။

“သခင်လေးနဲ့ အစ်ကိုကြီး ဝတုတ်လေကို ကာကွယ်

ကြ”

မည်သူက ရုတ်တရက် ဤသို့ အော်ဟစ်လိုက်သည်ကို မသိသော်လည်း ကြောက်ရွံ့၍ မိုက်မဲနေသော ထို ပြင်ပဂိုဏ်း တပည့်များ၏ မျက်လုံးများတွင် ချက်ချင်း ပြောင်းလဲမှုတစ်ခု ခံစားလိုက်ရသည်။ နောက်တစ်ဦးက ထို့နောက် အော်ဟစ်လိုက်သည်၊

“သခင်လေးကို ကာကွယ်ကြ သူ့ကို ထိရဲတဲ့သူကို ဒီအဖေ အသက်စွန့်ပြီး တိုက်လိမ့်မယ်”

“သခင်လေးရဲ့ ဆံပင်တစ်မျှင်ကို ထိရဲတဲ့သူကို ဒီအဖေ သတ်ရလိမ့်မယ်”

“လော့မင်၊ မင်းက ငါ့ရဲ့ သခင်လေးကို ထိရဲရင် ငါ ချက်ချင်း ငါ့ရဲ့ ညီမလေးကို မင်းနဲ့ လမ်းခွဲခိုင်းလိမ့်

မယ်”

“…”

လော့မိသားစု ပြင်ပဂိုဏ်း တပည့် ဒါဇင်ပေါင်းများစွာသည် လော့ထျန်နှင့် ဖုန်းလေကို အလယ်၌ ကာကွယ်ရင်း စက်ဝိုင်းတစ်ခု ပြုလုပ်ခဲ့ကြသည်။

ဤသူများသည် အမဲလိုက်ပြိုင်ပွဲတွင် ပါဝင်စဉ် လော့ထျန်နောက်ကို လိုက်ရန် သဘောတူခဲ့ကြသူများ ဖြစ်၏။

သူတို့သည် လော့ထျန်က သူတို့ကို ပိုမို ကောင်းမွန်သော မနက်ဖြန်ကို ဆောင်ယူလာလိမ့်မည်ဟု ယုံကြည်ခဲ့ကြပြီး သူ၏ လျင်မြန်သော တိုးတက်မှုက သူတို့ကို ပို၍ပင် ယုံကြည်စေခဲ့သည်။

ဒီလူတွေက လော့ထျန်ကို ယုံကြည်ပြီး သူ့ကို ကိုးကွယ်ခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် သူ့ကို ကာကွယ်ဖို့ အသက်စွန့်နေကြခြင်းပင်။

သူတို့ အားလုံးသည် ဆယ့်ခုနစ် သို့မဟုတ် ဆယ့်ရှစ်နှစ်ခန့်ရှိသော သွေးပူလူငယ်များ ဖြစ်ကြ၏။ အမဲလိုက်ပြိုင်ပွဲရှိ ကတိတစ်ခုတည်းဖြင့် သူတို့သည် လော့ကျန့်ရှန်၏ နှိပ်စက်ညှဉ်းပန်းမှုကို ရင်ဆိုင်နေရချိန်၌ပင် သူတို့၏ သမာဓိကို ထိပါးခြင်း မရှိခဲ့ချေ။

ဤအချိန်၌...

သူတို့သည် နက်နဲ ဆရာ အဆင့် ၉ ၏ အထွတ်အထိပ်ရှိ ယာယီ မျိုးနွယ်စုခေါင်းဆောင်နှင့် ရင်ဆိုင်ရသည့်အပြင် လော့မိသားစု ထိပ်တန်း တပည့်များကိုလည်း ရင်ဆိုင်ရချေမည်၊ ထိုသူများက သူတို့၏ ခွန်အားထက် ပိုမို အားကောင်း၏။

တိုက်ပွဲ စတင်သည်နှင့် ရလဒ်တစ်ခုတည်းသာ ရှိလိမ့်မည် — သူတို့ အားလုံး သေကြလိမ့်မည်

သူတို့၏ နုပျိုသော မျက်နှာများသည် အားလုံး တင်းမာနေပြီး သူတို့ တစ်လှမ်းမျှပင် နောက်မဆုတ်ခဲ့ကြချေ။ သူတို့ အားလုံးတွင် အရှိန်အဝါတစ်ခုကိုပြသနေသည့် မျက်နှာအမူအအရာများ ရှိ၏ — မင်း ထိရဲရင် ဒီအဖေ အသက်စွန့်တိုက်ရမယ်၊

လော့ထျန် စိတ်လှုပ်ရှားသွားသည်။

မျက်နှာ၏ တစ်ဖက်ကို မြေပြင်ပေါ်တွင် ကပ်ထားဆဲ ဖြစ်သော ဖုန်းလေသည် အရူးအမူး ပြုံးလိုက်သည်။

လော့ကျန့်ရှန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူသတ်လိုစိတ်များ ပြင်းပြလာခဲ့သည်။

“မင်းတို့ အားလုံး ပုန်ကန်ချင်နေတာလား ကောင်းပြီ၊ ကောင်းပြီ၊ အရမ်း ကောင်းတယ်”

“သူတို့ အားလုံးကို သတ်၊ တစ်ဦးတောင် မကျန်စေနှနဲ့”

လော့ကျန့်ရှန်က အေးစက်စွာ အော်ဟစ်လိုက်သည်။

ထိပ်တန်း တပည့်များစွာ၏ မျက်နှာများ မှောင်မိုက်သွားသည်။ သူတို့ထဲမှ အများစုက ပြင်ပဂိုဏ်းတွင် ဆွေမျိုးများ ရှိကြ၏၊သွေးသား ညီအစ်ကို မောင်နှမများပင် ရှိသည်။ သူတို့၏ မိသားစုကို သတ်ဖို့ သူတို့ကို အမိန့်ပေးနေခြင်း…

သူတို့ ခဏတာ တွန့်ဆုတ်သွားကြသည်…

လော့ကျန့်ရှန်က ဒေါသဖြင့် အော်ဟစ်လိုက်သည်၊

“မင်းတို့ ငါ့စကားကို မကြားဘူးလား ငါ သူတို့အားလုံးကို သတ်ဖို့ ပြောနေတယ်လေ”

ထိပ်တန်း တပည့်များ၏ မျက်လုံးများ အားလုံး နစ်မြုပ်သွားပြီး သူတို့၏ ဓားများကို ထုတ်ယူကြသည်။ သူတို့ အားလုံး တစ်လှမ်းတိုးခဲ့ကြသည်။

သူတို့သည် မျိုးနွယ်စုခေါင်းဆောင်၏ စကားများကို မလွန်ဆန်ရဲကြချေ။

ပို၍ပင် အရေးကြီးသည်မှာ ဤ ထိပ်တန်း တပည့်

များသည် လော့ကျန့်ရှန်က မွေးထုတ်ခဲ့သူများ ဖြစ်၏။

ဤ နှစ်ပေါင်းများစွာအတွက် ယာယီ မျိုးနွယ်စုခေါင်းဆောင် လော့ကျန့်ရှန်က လော့မိသားစုတစ်ခုလုံးကို ထိန်းချုပ်ထားခဲ့သည်။ ဥပဒေ စီရင်ရေး ခန်းမနှင့် အဓိက တပည့်များ ပါဝင်သည်။

ပြင်ပဂိုဏ်း တပည့်များအတွက်မူ…

သူ၏ မျက်လုံးများတွင် အရေးပါမှု မရှိသူများအတွက် သူ ဂရုမစိုက်ခဲ့သည်မှာ သေချာသည်။

“ဘယ်သူက ငါ့ ညီအစ်ကိုကို ထိရဲလဲ သေ”

ရုတ်တရက်...

လော့ထျန်သည် ရုန်းကန်၍ ထရပ်ပြီး ဆေးပြားတစ်ခုကို ချက်ချင်း စားသုံးလိုက်သည်။ ဆေးပြားကို မျိုချလိုက်သည်နှင့် သူ၏ ဒဏ်ရာများ ပေါ့ပါးသွားပြီး သူ၏ နာကျင်မှုသည် အဆင့်များစွာ သက်သာသွားသည်။ သူသည် သူ၏ မျက်လုံးများကို အေးစက်စွာ လှည့်ပတ်ကြည့်လိုက်သည်။

“မင်း ငါ့ကို မယုံရင် ရှေ့ဆက်ပြီး စမ်းကြည့်”

ဤအချိန်၌လည်း...

ဖုန်းလေသည် ရုန်းကန်၍ ထရပ်ပြီး လော့ထျန်၏ တစ်ဖက်၌ ကာကွယ်လိုက်သည်။ သူ နောက်ထပ် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှု မလုပ်စေရန် လော့ကျန့်ရှန်ကို စူးစိုက်ထားသည်။

သူ အရင်က ပြင်ဆင်ထားခြင်း မရှိသော်လည်း ဒီတစ်ခါတော့ လော့ကျန့်ရှန်ကို အောင်မြင်စေမည် မဟုတ်ချေ။

“ဟမ့်”

“သေခါနီးမှ ခေါင်းမာနေတုန်းလား”

လော့ကျန့်ရှန်က ညင်သာစွာ လှောင်ပြောင်ပြီး ဆက်လက်၍၊

“လော့ထျန်၊ မင်းရဲ့ နက်နဲ စွမ်းအင် ကုန်ခန်းသွားပြီ၊ ပြီးတော့ မင်း ဒဏ်ရာက ပြင်းနေတယ်။ အခု မင်း ဘာကို သုံးပြီး ငါနဲ့ တိုက်ခိုက်မလဲ”

သူသည် လော့ထျန်နှင့် ပတ်သက်သော အရာအားလုံးကို ထိုးထွင်းသိမြင်ခဲ့သည်ဟု ထင်ရ၏။

သူသည် သိုင်းကွင်းတွင် အဆင့် ၂ ကြမ်းတမ်းခြင်းကို အသက်သွင်းခဲ့ပြီး ဖြစ်သည်။ ယခု လော့မိသားစုတွင် သူသည် ၎င်းကို ဒုတိယအကြိမ် အသက်သွင်းခဲ့သည်။ နက်နဲ စွမ်းအင်မှတ် တစ်သောင်းသည် သုံးစွဲမှု သည် အလွန်များ၏။

မှန်သည်။

လော့ထျန်တွင် ရှိသော နက်နဲ စွမ်းအင်သည်လုံးဝ ကုန်ဆုံးသွားခဲ့ပြီ။

သူသည် အဆင့် ၂ ကြမ်းတမ်းခြင်းကို နောက်တစ်ကြိမ် အသက်သွင်းရန် နည်းလမ်း မရှိချေ။

လော့ထျန်၏ စိတ်သည် လန့်သွားပြီး လော့ကျန့်ရှန်က သူ၏ နက်နဲ စွမ်းအင် ပမာဏကို ထိုးထွင်းသိမြင်နိုင်ခဲ့သည်ဟု သူ လုံးဝ မမျှော်လင့်ခဲ့ချေ။

ထို့နောက် သူ အံ့သြစွာ မေးလိုက်သည်၊

“လော့ကျန့်

ရှမ်း၊ ဒါဆို ဒီနေ့ ငါ သေရမှာ သေချာပြီလား”

“မှန်တယ်”

လော့ကျန့်ရှန်က မာနတကြီး ရယ်မောလိုက်သည်။

လော့ထျန်က နောက်တစ်ကြိမ် မေးလိုက်သည်၊

“ဒီလိုဆိုရင် လီရွှယ်အာကို နောက်ဆုံးတစ်ကြိမ် တွေ့ခွင့်ရမလား”

“မင်း သေတော့မှာဆိုတော့ နတ်ဆိုးအနှစ်ကို ထုတ်ပေးပါ၊ ငါ မင်းတို့ နှစ်ယောက်ကို တွေ့ခွင့်ပေးမယ်။” လော့ကျန့်ရှန်က ပြုံးလိုက်သည်။

လော့ထျန်သည် နတ်ဆိုးအနှစ်ကို ထုတ်ယူပြီး ခါးသီးစွာ ပြုံးလိုက်သည်။

“ငါ သူ့ကို တွေ့တာနဲ့ ဒီ နတ်ဆိုးအနှစ်ကို ချက်ချင်း အပ်ပါမယ်။”

လော့ထျန်၏ လက်ထဲရှိ နတ်ဆိုးအနှစ်ကို မြင်သောအခါ လော့ကျန့်ရှန်၏ မျက်လုံးများ တောက်ပလာသည်။ ထို့နောက် သူ တစ်စုံတစ်ဦးကို လက်ညှိုးထိုးကာ

“သူမကို ခေါ်လာခဲ့”

လော့ချန်သည် ဓားကို လီရွှယ်အာ၏ လည်ပင်းပေါ်တွင် ချိန်ထားလျက် ဒေါသထွက်နေပုံရသည်။ ထို့နောက် သူ အရူးအမူး အော်ဟစ်လိုက်သည်၊ “လော့ထျန်”

“အစ်ကိုကြီး လော့ထျန်”

လီရွှယ်အာ၏ မျက်နှာသည် ပျက်စီးနေပုံရပြီး သူမသည် သတိ ကောင်းကောင်း မရသေးသကဲ့သို့ ဖြစ်၏။ လော့ထျန်၏ ဖြူဖျော့နေသော မျက်နှာကို မြင်သောအခါ သူမ အလွန် စိုးရိမ်သွားသဖြင့် ချက်ချင်း စကား ထွက်လာသည်၊

“အစ်ကိုကြီး လော့ထျန်၊ ကျွန်မကို စိတ်မပူပါနဲ့၊ ကျွန်မ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။”

ဓား၏ ထက်သော ဓါးသွားသည် သူမ၏ လည်ပင်းပေါ်တွင် တင်ထားသော်လည်း သူမ၏ မျက်နှာပေါ်

တွင် ကြောက်ရွံ့မှု အရိပ်အယောင်မျှ မရှိချေ။

သူမသည် လော့ထျန်ကိုသာ စိုးရိမ်နေသည်။

လော့ကျန့်ရှန်က ပြုံးလိုက်သည်။

“အခု မင်း သူ့ကို တွေ့ခဲ့ပြီဆိုတော့ နတ်ဆိုးအနှစ်ကို အပ်လို့ရပြီ မဟုတ်လား”

လော့ထျန်သည် သူ၏ စိတ်ထဲတွင် စနစ်ကို ဖွင့်ပြီး သူ၏ အတွေ့အကြုံဘားကို ကြည့်နေသည်။ ထို့နောက် သူ နတ်ဆိုးအနှစ်ကို သူ၏ လူအတွင်း၌ ပြန်ထည့်ပြီး အေးစက်စွာ ပြုံးလိုက်သည်။

“မင်းမှာ သတ္တိရှိရင် ကိုယ်တိုင် လာယူ”

လော့ကျန့်ရှန်၏ မျက်နှာ မှောင်မိုက်သွားပြီး သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“သူ့ကို သတ်”

“၀.၀၁% လေးပဲ လိုတော့သည်…”

“အနည်းငယ်လေးပဲ လိုတော့သည်…”

လော့ထျန်သည် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေချေပြီ…

All Chapters