← Chapters

သွေးစုပ်ဓားရိုင်း

Vol. 5 Ch. 62

သွေးစုပ်ဓားရိုင်း

Vol. 5 Ch. 62

“သေစမ်း” လော့ထျန်သည် စိတ်ထဲတွင် ကျိန်ဆဲပြီး ပြေးတက်သွားကာ ခြေအပို မပါလာရသည်ကို နောင်တရနေခဲ့သည်။

ဂိမ်း ကစားသောအခါ မည်သည့် အချိန်၌ သင် စိတ်

လှုပ်ရှားဆုံး ဖြစ်မည်နည်း။

ဘော့စ်ကို သတ်သည့်အခါ ဖြစ်၏။

ဂိမ်း ကစားသောအခါ မည်သည့် အချိန်၌ သင် စိတ်ပူပန်ဆုံး ဖြစ်မည်နည်း။

ဘေ့ာစ်သေခါနီး သတ်ပွဲ ခိုးမည့် အုပ်စုတစ်ခု ရောက်လာသည့်အခါ ဖြစ်၏။

ဒီ အဖေက လော့ကျန့်ရှန်ကို ချက်ချင်း သတ်နိုင်သော်လည်း လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူတစ်ဦး ရုတ်တရက် ပေါ်လာသည်လား။ ထို့နောက် သူ၏ သခင်လေးကို ခိုးရန် ပျံသန်းနေသော မသေမျိုး ဓားချက်ကို တုပထားသော ဓားချက်ကို ပစ်ချသည်လား။

ဤ အဖြစ်အပျက်ကို ငါ ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။

ဒေါသ၏ မီးလျှံများက လော့ထျန်၏ ဦးခေါင်းမှ ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေသည်။

နက်နဲဆရာ အဆင့် ၉ ၏ အထွတ်အထိပ်ရှိ လော့ကျန့်ရှန်သည် ကိုင်တွယ်ရန် ခက်ခဲပြီး အော်ပတီမတ် ပရိုင်းနှင့် ပေါင်းစပ်ထားသော လော့ထျန်သည် သူ၏ ပြိုင်ဘက် မဖြစ်နိုင်သေးသော်လည်း လော့ထျန်က မည်သို့ပင် ဖြစ်စေ သူ့ကို သတ်ရမည်။ လော့ကျန့်ရှန်သည် ဒီနေ့ပြီးနောက် ဆက်လက် အသက်ရှင်နေဖို့ လမ်းမရှိချေ။

သူ သတ်ဖို့ ဆုံးဖြတ်ချက်ကို ဆောင်ယူလာခဲ့သည်။

ထို့အပြင်…

ကျွမ်းကျင်သူတစ်ဦး၏ ရုတ်တရက် ပေါ်လာခြင်းသည် လီရွှယ်အာကို ကယ်တင်ရန် ဖြစ်နိုင်ခြေ အများဆုံး ဖြစ်သော်လည်း…

ဒုက္ခရောက်နေသော အမျိုးသမီးတစ်ဦးကို သူရဲကောင်းက ကယ်တင်ရန် လုပ်ဆောင်ရမည့်သူသည် သူ ဖြစ်ရမည်မဟုတ်လော။

ရုပ်ရှင်များနှင့် ဝတ္ထုများတွင် ဤကဲ့သို့ ဖြစ်၏။

မိန်းကလေးတစ်ဦးကို ရည်စားထားရန် သေချာသော နည်းလမ်း ရှစ်ဆယ့်တစ်ခုတွင် ဒုက္ခရောက်နေသော အမျိုးသမီးတစ်ဦးကို သူရဲကောင်းက ကယ်တင်ခြင်းသည် အစွမ်းထက်ဆုံး၊ အမိုက်ဆုံးနှင့် မိန်းကလေး၏ နှလုံးသားကို သိမ်းပိုက်ရန် ဖြစ်နိုင်ခြေ အများဆုံးသော လှုပ်ရှားမှုများထဲမှ တစ်ခု ဖြစ်၏။ လော့ထျန်သည် လီရွှယ်အာကို ကယ်တင်ပြီးနောက် ဖြစ်လာမည့် အရာကို စိတ်ကူးယဉ်နေခဲ့သည်။ သူတို့ နှစ်ဦး ချစ်ခင်စွာ မျက်လုံးချင်း ဆုံကြမည်ဖြစ်ပြီး သူသည် ချစ်ခြင်းမေတ္တာ အပြည့်ထည့်ကာ စိုက်ကြည့်မည်ဖြစ်ပြီး လီရွှယ်အာကို သူ့အပေါ် စိတ်ယိုင်သွားစေလိမ့်မည်။

ကံမကောင်းစွာဖြင့်

ကံမကောင်းစွာဖြင့်… လူကြီးတစ်ဦးသည် ရုတ်တရက် တစ်ဝက်တစ်ပျက် ဖြတ်၍ ဝင်ရောက်လာပြီး သူ၏စိတ်ကူးယဉ်အိပ်မက်ကို လုံးဝ ချိုးဖျက်ခဲ့သည်။

သူ၏ အရည်အချင်းများ လေးဆ တိုးမြှင့်ထားသော အရှိန်ဖြင့်…

လေထဲမှ အရိပ်တစ်ခု တဖျပ်ဖျပ် ခတ်သကဲ့သို့ လေအရိပ်ခြေလှမ်း ဖြစ်၏။ သူ၏ နက်နဲဆရာ အဆင့် ၄ ရှိ ကျင့်ကြံမှုနှင့် ပေါင်းစပ်လိုက်သောအခါ ဤ အရှိန်သည် လုံလောက်စွာ လျင်မြန်လိမ့်မည် မဟုတ်လား။

ပတ်ဝန်းကျင်ရှိ သူတို့အား ထိတ်လန့်စေသည်အထိ လျင်မြန်၏။ လော့ကျန့်ရှန်ပင် ဤကဲ့သို့သော အရှိန်မျိုးသို့ ရောက်ရှိနိုင်မည် မဟုတ်ချေ။

ပတ်ဝန်းကျင်ရှိ လူများသည် သူတို့ ဘေးမှ လေပြင်းတစ်ခု တိုက်ခတ်သွားသည်ကိုသာ ခံစားနိုင်ခဲ့ပြီး ဝေဝါးသွားခဲ့သည်။ လော့ထျန် မည်သို့ ရှေ့သို့ ပြေးထွက်သွားသည်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

လေသည် လျင်မြန်စွာ သွားနိုင်သော်လည်း လျှပ်စီးနှင့် နှိုင်းယှဉ်သောအခါတွင်

လော့ထျန်သည် ပင်မခန်းမ၏ တံခါးခုံထဲသို့ ခြေတစ်လှမ်း လှမ်းဝင်နိုင်ခဲ့သော်လည်း အနက်ရောင် အရိပ်က ဓားဖြင့် ထိုးနှက်ပြီး ဖြစ်သည်။ လော့ထျန်၏ စိတ် နစ်မြုပ်သွားပြီး သူ ရုတ်တရက် သေချင်စိတ် ပြင်းပြသော လှုံ့ဆော်မှုကို ခံစားလိုက်ရသည်။ “မင်းအမ၊ ငါ့ကို သတ်ခွင့်ပေးပါလို့ ပြောခဲ့ပြီးပြီးလေ”

“ဘော့စ်၊ ဒါ ငါ့ ဘော့စ်ပဲ”

“ပြီးပြီ၊ တကယ်ကို ပြီးသွားပြီ။”

“ပြီးဆုံးပြီ၊ လုံးဝ ပြီးဆုံးသွားပြီ။ ဒီ အဖေ လဝက်ကျော် ခံနိုင်ရည်ရှိခဲ့သည်၊ ပြီးတော့ ငါ့ရဲ့ အဆင့်ကို ဒီလောက် လွယ်လွယ်နဲ့ တိုး

သွားတာမဟုတ်ဘူး။ဒါပေမဲ့ နောက်ဆုံးတော့… သြော်… မင်းအမပဲကွာ”

သူ၏ နှလုံးသားထဲတွင် မကျေနပ်ချက် များစွာ ရှိနေသည်။

အရှိန်တစ်ခုတည်းကို ကြည့်မည်ဆိုရင်တောင် အရိပ်ရဲ့တိုက်ခိုက်မှုဖြစ်ကြောင်း သိသာနေတာပဲ။

ရှင်းလင်းစွာမြင်နိုင်သော ဓားချက်တစ်ချက် ထိုးနှက်လိုက်သည်။ ဓား၏ ဓါးသွားသည် လော့ကျန့်ရှန်၏ မျက်လုံးအတွင်း၌ ထင်ဟပ်နေပြီး သူ၏ မျက်လုံးနှစ်ဖက် ဖြည်းညင်းစွာ ကျယ်လာသည်။ အရမ်း ရိုးရှင်းသော်လည်း သူ တုံ့ပြန်ရန် အချိန်လုံးဝ မရခဲ့ချေ။

“ရွှပ်”

ဓား၏ ထင်ဟပ်နေသော အလင်းက လေကို ထိုးဖောက်ခဲ့သည်။

ထို့နောက် လက်မောင်းတစ်ဖက် လွင့်ထွက်သွားသည်။

ဤ ဓားချက်က လော့မိသားစုတစ်ခုလုံးကို ကြောက်လန့်၍ ဖြူဖျော့စေခဲ့သည်။ ၎င်းသည် ရိုးရှင်းပုံရသော်လည်း အမှန်တကယ်တွင် စကြဝဠာရဲ့အဆုံးမဲ့ စွမ်းအား ပါဝင်နေသည်။ ဤစွမ်းအားသည် နက်နဲ ဂုရုသခင် အဆင့်ထက် ကျော်လွန်သွားသည့် အရာ ဖြစ်၏။

ဖော်ပြ၍ မရအောင် ကြောက်မက်ဖွယ်ကောင်း၏

လော့ထျန်၏ နှလုံးသားသည် အံ့သြသွားသည်အထိ ထိတ်လန့်ခဲ့သည်။သူဟာ အရိပ်ထဲကလူကို ကျွမ်းကျင်သူတစ်ယောက်လို့ ထင်ခဲ့သော်လည်း ထိုလူ၏ စွမ်းအားက ဒီလောက်အထိ အံ့မခန်းဖြစ်လိမ့်

မည်ကို မတွေးခဲ့မိပေ။ သူ အစကထင်ထားတာထက် အဆင့်အတန်းပေါင်းများစွာ ပိုမြင့်နေသည်။ ဤအဆင့်က လက်ရှိအချိန်မှာ သူလုံးဝနားမလည်နိုင်

နိုင်သည့် အဆင့်တစ်ခုပင် ဖြစ်သည်။

ဓားချက် ပြီးဆုံးသွားပြီး အနက်ရောင် အရိပ်က ဝေဝါးသွားသည်။

လီရွှယ်အာသည် သူမ၏ နေရာမှ ပျောက်ကွယ်သွားပြီး မျက်တောင်တစ်ခတ်အတွင်း သူမ မီတာ ဒါဇင်

ပေါင်းများစွာ ရောက်နှင့်ပြီ။

ဤ သိုင်းပညာသည် ရေကဲ့သို့ စီးဆင်းသွားပြီး ဖော်ပြရန် ခက်ခဲသော ခမ်းနားသည့် မြင်ကွင်းတစ်ခုကို ဖန်တီးခဲ့သည်။

“ဘာ ဓားပညာလဲ” လော့ထျန်၏စိတ်သည် ထို အချိန်၌ အတော်လေး မပျော်မရွှင် ဖြစ်နေသည်။

“ဒီ လူယုတ်မာက အရမ်း အစွမ်းထက်တယ်။ တစ်နေ့ကျရင် ငါလည်း ဒီလို ဖြစ်ရမယ်။”

ဤသည်မှာ အနိမ့်နှင့် အမြင့် ခွန်အားကြားရှိ ကွာခြားချက် ဖြစ်၏။

လော့ထျန်ခံစားချက် သိပ် မကောင်းသော်လည်း ဤ လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူ၏ လှုပ်ရှားမှုကို သူ ခုထိ အားကျနေဆဲ ဖြစ်သည်။ သူ၏ နှုတ်ခမ်းများ ပျော်ရွှင်သော အပြုံးတစ်ခု စတင် ဖန်တီးလာသည်။

လော့ကျန့်ရှန် မသေဆုံးခဲ့ပေ။

သူ လက်မောင်းတစ်ဖက်ကိုသာ ဆုံးရှုံးခဲ့သည်။ ဤ မြင်ကွင်းသည် လော့ထျန်အတွက် လက်ဆောင် ထုပ်ထားသော ဘော့စ်တစ်ဦးကို သူ၏ တံခါးဝသို့ ပို့ဆောင်ပေးသကဲ့သို့ပင်။

လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူသည် ပင်မခန်းမမှ ထွက်ခွာသွားခဲ့သဖြင့် ဘော့စ်ကို သူ့နှင့် ယှဉ်ပြိုင်မည့်သူ မည်သူမျှ မကျန်တော့ချေ။ လော့ထျန်ပြုံးလိုက်ကာ တစ်လှမ်းချင်းစီ လျှောက်လာသည်–

“မျိုးနွယ်စုခေါင်းဆောင်၊ အဆင်ပြေရဲ့လား။”

လက်မောင်းတစ်ဖက် ပြတ်တောက်သွားသဖြင့် သွေးများသည် နေရာအနှံ့ ပန်းထွက်နေသည်။ လော့ကျန့်ရှန်၏ မျက်နှာ ဖြူဖျော့သွားပြီး သူ၏ ကိုယ်ခန္ဓာ အနည်းငယ် တုန်ယင်သွားသည်။ ထို့နောက် သူ လော့ထျန်ကို ကြမ်းတမ်းစွာ စိုက်ကြည့်ပြီး အော်ဟစ်

လိုက်သည်–

“လော့ထျန်၊ မင်း အပြင်လူနဲ့ ပူးပေါင်းပြီး မျိုးနွယ်စုခေါင်းဆောင်ကို လုပ်ကြံတယ်လား၊ လော့မိသားစုတစ်ခုလုံး မင်းကို အလွတ်ပေးမှာ မဟုတ်

ဘူး”

“ဆိုးလိုက်တာ ငါ အပြင်လူနဲ့ ပူးပေါင်းတယ်လို့ ဆိုပါစို့”

“ငါ ခုထိ မင်းကို လော့မိသားစုရဲ့ ယာယီ မျိုးနွယ်စုခေါင်းဆောင်လို့ ခေါ်တဲ့သူကို သတ်ဦးမယ်။”

“မင်းမှာ အရည်အချင်းရှိရင် လာလေ”

“လော့မိသားစုတစ်ခုလုံး ငါ့ကို အလွတ်မပေးဘူးလား သူတို့ကို အခုပဲ ထွက်လာပြီး ငါ့ကို တိုက်ခိုက်

ခိုင်းလိုက်ပါ။ ဘယ်သူက ဘယ်သူ့ကို အလွတ်မပေးဘူးလဲဆိုတာ ကြည့်ကြစို့။” လော့ထျန်သည် ကြွားဝါသော အသွင်အပြင်ဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည်။

ထိုသည်မှာ သူ၏ ကိုယ်ရည်ကိုယ်သွေး ဖြစ်၏။

မာနကြီးဖို့ အချိန်ရောက်သောအခါ သူ မာနကြီးစွာ ပြုမူလိမ့်မည်။ ရမ်းကားဖို့ အချိန်ရောက်သောအခါ သူ ရမ်းကားစွာ ပြုမူလိမ့်မည်။ ကြွားဝါးဖို့ အချိန်

ရောက်သောအခါ သူ ကြွားရလိမ့်မည်။

လော့ကျန့်ရှန်၏ ရုပ်ဆိုးသော မျက်နှာကို မြင်

သောအခါ လော့ထျန်သည် ထိန်းမနိုင်ဘဲ ကျယ်

လောင်စွာ ရယ်လိုက်လေသည်။ ထို့နောက် သူ လော့ကျန့်ရှန်၏ နှာခေါင်းကို လက်ညှိုးထိုးပြီး လှောင်ပြောင်လိုက်သည်–

“ဒီနေ့လိုမျိုး မင်း အလှည့် ရောက်လာပြီ”

“မင်း ဒီ အဖေကို ကြံစည်တုန်းက ဒီ နေ့ရောက်လာမမယ်လို့ လုံးဝ မမျှော်လင့်ခဲ့ဘူး မဟုတ်လား။”

“ငါ့ရဲ့ ဒန်ထျန်ကို ဖျက်ပြီး ငါ့ရဲ့ ကျင့်ကြံမှုကို ဆုံးရှုံစေခဲ့တယ် မင်း ငါ့ကို မျိုးနွယ်စုနှင့် မြို့တစ်ခုလုံး ရှေ့မှာ မျက်နှာ ပျက်စေခဲ့တယ်။ ပြီးတော့ အခု မင်း ဒီလို နေ့မျိုး ရှိလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ခဲ့ဘူး မဟုတ်

လား။”

“မင်းရဲ့ သားကို ချီးမွမ်းပြီး မင်းရဲ့ လူအုပ်စုကို ငါ့ကို အရှက်ရစေရန်၊ အနိုင်ကျင့်ရန်နှင့် ရိုက်နှက်ရန် ခိုင်းစေခဲ့တယ်။မင်းကိုယ်မင်း ဒီလို နေ့မျိုး ရှိလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး မဟုတ်လား။”

“ငါ့ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးပြီး ငါ့ကို မြင်းထိန်းသမား ဖြစ်စေခဲ့တယ်။ မင်း ဒီလို နေ့မျိုး ရှိလိမ့်မယ်လို့ စိတ်ကူးယဉ်ခဲ့သလား။”

“ငါ့ ဘဝကို အမြဲတမ်း ခက်ခဲစေပြီး ငါ့ အစ်ကိုကို ဖမ်းဆီး၊ ပြီးတော့ ငါ့ မိန်းမကို တိုက်ခိုက်ခဲ့သည်၊ မင်း ဒီလို နေ့မျိုး ရှိလိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့သလား။”

လော့ထျန်၏ အသံသည် အနိမ့်မှ အမြင့်သို့ စတင်ခဲ့ပြီး နောက်ဆုံး ဝါကျကို လော့ကျန့်ရှန်ဆီသို့ အော်ဟစ်

လိုက်သည်။ လော့ထျန်၏ ရန်လိုသော အရှိန်အဝါသည် အားကောင်း၏။

လော့ကျန့်ရှန်၏ မျက်လုံးများ သတ်လိုစိတ်ဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်နှာပေါ်ရှိ ကြွက်သားများ လှုပ်ရွသွားသည်။ အသံ နိမ့်ပြီး တင်းမာသော လေသံဖြင့် “ငါ မင်းကို အဲဒီတုန်းက သတ်ခဲ့သင့်တယ်”

လော့ကျန့်ရှန်သည် ဟိန်းဟောက်လိုက်သည်။ “ဒီနေ့ ငါ မင်းကို ခုထိ သတ်နိုင်သေးတယ်”

“နောက်ထပ် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မို့လား။”

“မင်း ငါ့ကို အနေတယ်လို့ ထင်နေတာလား။”

လော့ထျန်၏ မျက်ခုံးများ လှုပ်ရွသွားပြီး သူ အော်ဟစ်လိုက်သည်– “အဆင့် ၂ ရူးသွပ်ခြင်း”

လော့ကျန့်ရှန်၏ တိုက်ခိုက်မှု ရောက်လာရန် မစောင့်ဘဲ လော့ထျန်သည် လက်သီးချက်ကို ပစ်ချလိုက်သည်။

“သွား သေ”

“လျှပ်စီး ထိုးနှက်ချက်”

လျှပ်စီး စွမ်းအင်ဖြင့် ပြည့်နှက်နေသော လက်သီးချက်တစ်ခု ပေါက်ကွဲထွက်လာပြီး လော့ကျန့်ရှန်၏ ရင်ဘတ်ပေါ်သို့ တိုက်ရိုက် ကျရောက်ခဲ့သည်။

သူ၏ ရင်ဘတ် ကွဲအက်သွားပြီး သူ၏ ပေါက်ပြဲနေသော အသားမှ သွေးများ စိမ့်ထွက်လာသည်။ လော့ကျန့်ရှန်၏ မျက်လုံးများ မုန်းတီးမှုဖြင့် ကျယ်ပြန့်သွားသည်။ နောက်ထပ် တုံ့ပြန်မှုတစ်ခုခုကို မစောင့်ဘဲ လော့ထျန်သည် နောက်ထပ် လက်သီးချက်ကို ပစ်ချလိုက်သည်–

“ကျား ထိုးနှက်ချက်”

“ဒိုင်း”

ရင်ဘတ်ကို ထိုးဖောက်သွားပြီး သွေးများ အခြားတစ်ဖက်သို့ ပက်ထွက်သွားသည်။ လော့ကျန့်ရှန်သည် နေရာတွင် သေဆုံးသွားခဲ့သည်။

နက်နဲဆရာ အဆင့် ၉ သည် ထိုမျှ အသုံးမကျပေလား။

လုံးဝ မဟုတ်ပေ။ လော့ကျန့်ရှန်၏ လက်မောင်း ပြတ်တောက်မသွားခဲ့ပါက၊ ပြီးနောက် လျှို့ဝှက်

ဆန်းကြယ်သော ကျွမ်းကျင်သူ၏ဖိနှိပ်ခြင်းကို မခံခဲ့ရပါက လော့ကျန့်ရှန်ကို သတ်ခြင်းသည် အလွန် ခက်ခဲသော အလုပ် ဖြစ်လိမ့်မည်။ သူတို့ နှစ်ဦးကြားရှိ ခွန်အား ကွာဟချက်သည် မည်သို့ပင် ဖြစ်စေ ကြီးမားသော ကွာခြားချက် ဖြစ်သည်။

လူတစ်ဦး၏ အဆင့်သည် ကို ကျော်လွန်ရန်အလွန်ခင်ပေသည်။

လော့ထျန်သည် ဤ အချက်များအားလုံးကို နားလည်သော်လည်း ယခုအတွက် ၎င်းအကြောင်းကို စိတ်အနှောင့်အယှက် ဖြစ်ဖို့ အချိန်မရှိချေ။ သူသည် သူ၏ မျက်လုံးများကို ညင်သာစွာ မှိတ်ထားပြီး စိတ်ထဲတွင် စနစ်၏ သတိပေးချက်ကို စောင့်ဆိုင်းနေစဉ် ဝမ်းသာအားရသော အသွင်အပြင်ဖြင့် နေရာတွင် ရပ်နေသည်။

“ဒင်”

“ကစားသမား လော့ထျန်သည် လော့ကျန့်ရှန်ကို သတ်ဖြတ်ခဲ့သောကြောင့် ဂုဏ်ယူပါ၏။ အတွေ့အကြုံမှတ် ၈၀၀၀၊ နက်နဲ စွမ်းအင် ၈၀၀ ရရှိခဲ့ပါပြီ…”

“ကစားသမား လော့ထျန်သည် အဆုံးမဲ့ နတ်ဘုရား လက်ဝါးများ ကိုယ်ခံပညာ ကျွမ်းကျင်မှုကို ရရှိခဲ့သောကြောင့် ဂုဏ်ယူပါ၏။ ၎င်းကို ကျင့်ကြံလိုပါသလား။”

“ကစားသမား လော့ထျန်သည် ကျား ဖိနှိပ်ခြင်း ဆေးလုံးကို ရရှိခဲ့သောကြောင့် ဂုဏ်ယူပါသည်။”

“ကစားသမား လော့ထျန်အတွက် ဂုဏ်ယူပါ၏…”

စနစ်သတိပေးချက် အသံများ ဆက်တိုက်

ထွက်ပေါ်လာသည်။

ဤသည်မှာ အံ့မခန်း ဖြစ်သော်လည်း လော့ထျန်သည် မလုံလောက်ဟု ခံစားခဲ့ရသည်။

လော့ကျန့်ရှန်သည် ရွှေရောင်နှင့် တောက်ပသော နောက်ဆုံး သခင်လေးတစ်ဦး ဖြစ်၏။ ဤသည်မှာပေါက်ကွဲမှုမှ ရရှိသည့် ပစ္စည်းက ဤမျှပဲလား။

အမှန်တကယ်တွင် လော့ထျန်သည် ရရှိသည့် ပစ္စည်းကို သိပ်ပြီး ကျေနပ်ခြင်း မရှိချေ။ ထို့နောက် သူ စိတ်ပျက်စွာ သူ့ကိုယ်သူ ကျိန်ဆဲလိုက်သည်–

“ဘယ်လောက် ဆင်းရဲတာလဲကွာ”

သတိပေးချက် အသံများသည် အနည်းငယ် ရပ်တန့်သွားသည်…

နောက်ဆုံးတွင် နောက်ထပ် သတိပေးချက်တစ်ခု မပြုလုပ်မီ ဖြစ်၏။

“ဒင်”

"ကစားသမား လော့ထျန်အနေဖြင့် လေ့ကျင့်ရေးစခန်းရှိ ဘော့စ် ကို သတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ စနစ်မှ ဆုလက်ဆောင်များ ရရှိခဲ့ပါပြီ။"

"ဆုလက်ဆောင်ပစ္စည်း- သွေးစုပ်ဓားရိုင်း

"သွေး... သွေးစုပ်ဓားရိုင်း"

"သေစမ်း၊ ဒါက အရမ်းမိုက်တာပဲ" လော့ထျန်

တစ်ယောက် သူ့စိတ်ထဲတွင် အင်မတန် အစွမ်းထက်ပုံရသည့် သွေးစုပ်ဓားရိုင်းကို ကြည့်ပြီး ပျော်နေသည်။ ထို့နောက် သူက ပြုံးနေမိတော့သည်။...

တကယ့်ကို အမိုက်စားပဲ

All Chapters