သွားကြမယ်၊ လော့မိသားစုဆီ ပြန်ကြမယ်၊ နောက်ဆုံးဘော့စ်ကို တိုက်ဖို့
Vol. 5 Ch. 56
“ဒင်”
ထိုအသံနှင့်အတူ တစ်လောကလုံးသည် တိတ်ဆိတ်သွားသကဲ့သို့ပင် ထင်မှတ်ရ၏။ လော့ထျန်သည် ဆက်လက်စောင့်ဆိုင်းနေသည်။
“ကစားသမား လော့ထျန်၊ ချော်ရည်ပုတ်သင်ကို သတ်ဖြတ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူပါတယ်။ အတွေ့အကြုံမှတ် ၂၀,၀၀၀ နှင့် နက်နဲစွမ်းအင် ၃၀၀ ရရှိခဲ့ပါပြီ”
“ကစားသမား လော့ထျန်၊ ချော်ရည်ပုတ်သင်၏ သွေးအနှစ်ကို ရရှိခဲ့ခြင်းအတွက် ဂုဏ်ယူပါတယ်။ ပေါင်းစည်းမည်လား”
“ကစားသမား လော့ထျန်၊ ချော်ရည်ပုတ်သင်၏ ကျောရိုးကို ရရှိခဲ့ခြင်းအတွက် ဂုဏ်ယူပါတယ်။”
“ကစားသမား လော့ထျန်၊ ချော်ရည်ပုတ်သင်၏ စွမ်းရည်ဖြစ်သော ချော်ရည်မီးကို ရရှိခဲ့ခြင်းအတွက် ဂုဏ်ယူပါ၏။ လေ့ကျင့်မည်လား”
“သေစမ်း… ဘုရားစူးပါစေ”
လော့ထျန်၏ စိတ်ထဲတွင် သတိပေးချက်များ ဆက်တိုက်ထွက်ပေါ်လာရာ ချော်ရည်ပုတ်သင်၏ ကိုယ်ခန္ဓာမှ ပေါက်ကွဲထွက်လာသော ပစ္စည်းများက သူ့ကို အတိုင်းထက်အလွန် ပျော်ရွှင်စေခဲ့သည်။ အထူးသဖြင့် ချော်ရည်မီးဟူသော ထိုစွမ်းရည်သည် အလွန်အံ့မခန်းလှပေသည်။
ချော်ရည်ပုတ်သင်၏ စွမ်းရည်ကို သူ ရှောင်ရှားနိုင်ခဲ့သော်လည်း ထိုလှုပ်ရှားမှုက အမှန်တကယ်ပင် အလွန်အားကောင်းနေသည်ကို သူ သိ၏။
မီးတောက်များ ပြည့်နေသော အငွေ့အသက်၊ ပွက်ပွက်ဆူနေသော ချော်ရည်မီးနှင့် အလွန်အားကောင်းသော ဝါးမြိုနိုင်စွမ်းတို့ပါဝင်၏။ အဆင့် ၂ ကြမ်းတမ်းခြင်းကိုသာ မဖွင့်ခဲ့ပါက လော့ထျန်သည် ၎င်းကို ရှောင်နိုင်မည် မဟုတ်ချေ။
အဆင့် ၂ ကြမ်းတမ်းခြင်းက အရည်အချင်းများကို လေးဆတိုးပေးသောကြောင့် သူ့ကို မယှဉ်နိုင်သော စွမ်းအားကို ပေးခဲ့သည်။ သို့သော် လော့ထျန်
ထိုစွမ်းအားကို မထိန်းနိုင်လုနီးပါး ဖြစ်သည်ဟု ခံစားခဲ့ရသည်။ ထိုစွမ်းအားသည် သူ၏ ခန္ဓာကိုယ်အတွက် ကန့်သတ်ချက်ဖြစ်ပေလိမ့်မည်။
အဆင့် ၂ ကြမ်းတမ်းခြင်းနှင့်အတူ ပါလာသော စွမ်းအားက အလွန်အစွမ်းထက်လှသဖြင့် နက်နဲဆရာအဆင့် ၃ ရှိသော သူ၏ ခန္ဓာကိုယ်သည် ထိုပေါက်ကွဲထွက်လာသော စွမ်းအားကို မထိန်းနိုင်ဖြစ်ခဲ့သည်။ လေးဆတိုးလာသော အရည်အချင်းများ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် လော့ထျန်၏ ခန္ဓာကိုယ်သည် အသက်စွမ်းအင်ကို လွန်ကဲစွာ အသုံးပြုခဲ့သည့်အတိုင်း အားကုန်သွားသည်။ သူ့ကိုယ်တစ်ခုလုံးသည် မသက်မသာခံစားချက်ကို ခံစားနေရသည်။
နက်နဲ စွမ်းအင်မှတ် တစ်သိန်းသည် လော့ထျန်အတွက် အလွန်တန်ဖိုးရှိပြီး အတော်ပင် များပြားလှ၏။ ကြမ်းတမ်းခြင်းကို သူခက်ခက်ခဲခဲ အဆင့်မြှင့်
တင်ခဲ့ရသည်။ သို့သော် ထိုသို့ ကြမ်းတမ်းခြင်း၏ ကိုသာ အဆင့်မမြှင့်တင်ခဲ့ပါက မြေပြင်ပေါ်တွင် လဲလျောင်းနေမည့်သူက သူသာ ဖြစ်ပေလိမ့်မည်။
ဤအခိုက်အတန့်တွင် အရာရာသည် တန်ဖိုးရှိပုံပေါ်သည်။ ချော်ရည်မီး စွမ်းရည်တစ်ခုတည်းကပင် လော့ထျန်အား အကြီးအကျယ် အောင်မြင်သွားစေခဲ့သည်။ မည်သို့မျှ တွန့်ဆုတ်မနေဘဲ သူသည် ချက်ချင်း စွမ်းရည်ကို သင်ယူရန်အတွက် "ဟုတ်ကဲ့" ကို ရွေးချယ်လိုက်သည်။
“ဒင်”
“ကစားသမား လော့ထျန်၊ ချော်ရည်မီးဟူသော စွမ်းရည်အသစ်ကို သင်ယူခဲ့ခြင်းအတွက် ဂုဏ်ယူပါတယ်။”
သိုင်းပညာ- ချော်ရည်မီး
အဆင့်- ၃
ကျွမ်းကျင်မှု- ၀/၁၀၀
အသုံးပြုမှု- နက်နဲစွမ်းအင် ၁၀၀
စွမ်းရည်ဖော်ပြချက်- ဤစွမ်းရည်သည် ချော်ရည်မီးဖြင့် တိုက်ခိုက်မှုများကို ထုတ်လွှတ်နိုင်ပြီး အဆင့်ပိုမြင့်လာသည်နှင့်အမျှ စွမ်းအား တိုးလာမည်။ နောက်ဆုံး ပြီးပြည့်စုံသော အဆင့်တွင်မူ ထိုတိုက်ခိုက်မှုသည် မီးတောင်ကြီး ပေါက်ကွဲမှုမှ ချော်ရည်မီးများ ပန်းထွက်လာသည်နှင့် ဆင်တူလိမ့်မည်။
“အိုး ဘုရားသခင်”
“မီးတောင်ကြီး ပေါက်ကွဲမှုလား”
“ကမ္ဘာကြီးကို ဖျက်ဆီးချင်တာလား” လော့ထျန်တစ်ယောက် အလွန်ထိတ်လန့်သွားသည်။ ကမ္ဘာဂြိုဟ်ပေါ်တွင် မီးတောင်ကြီးများ ပေါက်ကွဲမှုက ဂြိုဟ်တစ်ခုပေါ်ရှိ သက်ရှိအားလုံးကို သုတ်သင်နိုင်
စွမ်း ရှိသည်ကို သူ သိ၏။
အကယ်၍ သူသည် အနာဂတ်တွင် ဟင်းလင်းပြင်သို့ ရောက်ရှိနိုင်ပြီး ဂြိုဟ်အသစ်တစ်ခုသို့ ရောက်ရှိခဲ့လျှင်။ ထို့နောက် သူသည် တိုက်ခိုက်မှုတစ်ခုတည်းပြုလုပ်ကာ နတ်ဆိုးသားရဲအားလုံးကို သုတ်သင်ပစ်လိမ့်မည်။ သူ၏ အတွေ့အကြုံဘားကလည်း သေချာပေါက်…
သူသည် ဆက်လက်၍ စိတ်ကူးယဉ်ရန်ပင် မဝံ့ရဲတော့ချေ။
အံ့မခန်းပင်။ ထိုအရာက အလွန်ပင် အံ့ဩစရာပင်။ လော့ထျန်တစ်ယောက် ထိုအကြောင်းကို ဆက်မတွေးဝံ့တော့ပေ။
“ဖုန်းလေ…”
“ဟင်”
“ဘာလဲဟ ဖုန်းလေ၊ မင်းက တကယ်ကို အရမ်း
မြန်လွန်းတယ်။”
လော့ထျန်သည် ညင်သာစွာ ပြုံးလိုက်သည်။ သူ စွမ်းရည်အသစ်ကို သင်ယူနေသည့်စက္ကန့်ခဏအတွင်းမှာပင် ဖုန်းလေက ချော်ရည်ပုတ်သင်၏ ကိုယ်ထဲသို့ ခေါင်းစိုက်နေပြီးဖြစ်သည်။
ဖုန်းလေသည် သွေးများကို အရူးအမူးသောက်နေပြီး သူ၏ ခေါင်းပြောင်ပြောင်ပေါ်ရှိ ကြမ်းတမ်းသော ရုပ်ပုံကလည်း ငတ်မွတ်နေသော လောဘမျက်လုံးများနှင့်အတူ အရာအားလုံးကို စုပ်ယူနေခဲ့သည်။
ရုတ်တရက်…
အရေးကြီးသော အတွေးတစ်ခုက လော့ထျန်ကို ရိုက်ခတ်သွားရာ သူ ဖုန်းလေအား သတိပေးလိုက်
သည်
“ဖုန်းလေ၊ မင်း နတ်ဆိုးအနှစ်ကို မစားမိစေနဲ့နော်။ အဲ့ဒီအရာနဲ့ ကောင်မလေးရဲ့ အသက်ကို ကယ်ဖို့ လိုသေးတယ်။”
ဖုန်းလေသည် အရူးအမူး ရယ်မောရင်း ခေါင်းကို မော့လိုက်ရာ သွေးများက သူ၏ ပါးစပ်မှ စီးကျလာသည်။
“စိတ်မပူပါနဲ့ သခင်လေး၊ ဒီတစ်ခါတော့ ကျွန်တော် နတ်ဆိုးအနှစ်ကို လုံးဝ မစားပါဘူး။”
မကြာမီပင်
ဖုန်းလေသည် ဖရိုဖရဲဖြစ်နေသော အသားနှင့် သွေးများထဲမှ တောက်ပနေသည့် ပုံဆောင်ခဲတစ်ခုကို တူးထုတ်လိုက်သည်။
နတ်ဆိုးအနှစ်
ထိုအရာသည် ချော်ရည်ပုတ်သင်၏ နတ်ဆိုးအနှစ်ပင် ဖြစ်သည်။
ဤအချိန်တွင်ပင်…
လော့ထျန်ကြောင့် ထိတ်လန့်သွားခဲ့ကြသော ပရိသတ်သည် နောက်ဆုံးတွင် ဆူညံသံများဖြင့် ပေါက်ကွဲထွက်လာတော့သည်။
“အိုး ဘုရားသခင်၊ ငါ ဘာကို မြင်လိုက်ရတာလဲ”
“ဟို၊ ဟို… ဟိုလူ…”
“မေမေ၊ ဒါ တကယ်မဟုတ်ဘူးလို့ ပြောပါဦး… ကျွန်တော့်ပိုက်ဆံ… ကျွန်တော့်ပိုက်ဆံ”
“ဟားဟားဟား၊ ဒီအဖေက လော့ထျန်ပေါ်မှာ ပိုက်ဆံ လောင်းခဲ့တယ်။ ငါ မပြောင်းခဲ့တာ ကံကောင်းတာပဲ၊ ဟားဟားဟား။ ငါ ချမ်းသာပြီ”
“နတ်ဆိုးအနှစ် ဒါ နတ်ဆိုးအနှစ်ပဲ ဒါ ချော်ရည်
ပုတ်သင်ရဲ့ နတ်ဆိုးအနှစ်ပဲ”
“ဘယ်လိုလုပ် လော့ထျန် အသက်ရှင်နိုင်တာလဲ”
လော့ကျန့်ရှန်၏ မျက်လုံးများ မှောင်မိုက်သွားပြီး သူ၏ င်္အကျီလက်ထဲ၌ လက်သီးများကို ကျစ်နေအောင် ဆုပ်လိုက်သည်။ သို့သော် ဖုန်းလေ၏ လက်ထဲရှိ နတ်ဆိုးအနှစ်ကို မြင်သောအခါ သူ၏ မျက်နှာအမူအရာသည် အေးစက်သော အပြုံးအဖြစ်သို့ ပြောင်းလဲသွားပြီ။
သူ့ဘေးတွင်ရှိသော ကျိုးတိုင်းရန်၏ မျက်နှာသည် အလွန်ရုပ်ဆိုးနေပြီး စကားတစ်လုံးမျှပင် မပြောနိုင်ပေ။
“ဟားဟားဟား…”
“ညီလေးလော့က အလွန်အစွမ်းထက်တယ်၊ သူ ချော်ရည်ပုတ်သင်ကိုတောင် သတ်နိုင်ခဲ့တယ်။ ငါ သူ့ကို တကယ် ငိုးကွယ်ရတော့မလိုပဲ” ဆုံးယန်ချွင်းသည် စိတ်ပါလက်ပါ ရယ်မောလိုက်သည်။
ဆုံးယန်နန်သည်လည်း ညင်သာစွာ ပြုံးလိုက်သည်။ လော့ထျန်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသော စွမ်းအားကို ပြန်သတိရသောအခါ သူ၏စိတ်သည် လှုပ်ရှားသွားပြီး လော့ထျန်ဘက်တွင် ရပ်တည်ရန် ထိုသို့ဆုံးဖြတ်ခဲ့သည်ကို အလွန်ကံကောင်းသည်ဟု ခံစားခဲ့ရသည်။
ပရိသတ်နေရာများရှိ လူတစ်သောင်းကျော်ထဲတွင် ၎င်းတို့၏ မျက်နှာတွင် အဆိုးဆုံးပုံပန်းပျက်နေသူမှာ ကျူးမေး ဖြစ်သည်။
သူမ၏ မျက်နှာပေါ်ရှိ ရုပ်ဆိုးသောအသွင်အပြင်သည် နှိုင်းယှဉ်၍ မရလောက်အောင် ရုပ်ဆိုး၏။
သူမ၏ လက်သီးသေးသေးလေးများသည် ဆုပ်လိုက် ဖြည်လိုက် အကြိမ်အနည်းငယ် လုပ်ခဲ့ပြီး သူမ၏ မျက်လုံးများသည် ရုတ်တရက် ပြောင်းလဲသွားသည်။ ထို့နောက် သူမ ရေရွတ်လိုက်သည်
“မင်း မသေတာ ကိစ္စမရှိပါဘူး၊ ဘာလို့လဲဆိုတော့ ငါ့အစ်ကိုကြီး မကြာခင် ပြန်လာတော့မယ်။ အဲ့ဒီအခါ ငါ သူ့ကို ကိုယ်တိုင် သတ်ပစ်မယ်”
အဖွဲ့ဝင်များ သီးသန့်အခန်းထဲတွင် တိတ်ဆိတ်နေသည်။ လီကွေ့သည် အံ့အားသင့်ကာ ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေသည်။
လျူယွီသည်လည်း ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ တောင့်တင်းနေသည်။
သူသည် သူ၏မျက်လုံးများကို အနည်းငယ် ပွတ်သပ်ပြီး သိုင်းကွင်းထဲမှ လော့ထျန်ကို ကြည့်နေသည်။ သူ မြင်ခဲ့ရသော အရာက အစစ်ဖြစ်သည်ကို သူ မယုံနိုင်ဘဲ အရာအားလုံးသည် မျက်လှည့်သာ ခံစားနေ
ရ၏။
ဒါဟာ လုံးဝမျက်လှည့်ပဲ။ ဒါ လုံးဝ မဖြစ်နိုင်ဘူး
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
နက်နဲဆရာအဆင့် ၃ ရှိတဲ့သူတစ်ယောက်က အရူးအမူးဖြစ်နေသည့် ချော်ရည်ပုတ်သင်၏ ပြိုင်ဘက် ဖြစ်နိုင်လား။
လော့ထျန် ဘယ်လိုသိုင်းပညာမျိုးကို ကျင့်ကြံခဲ့တာလဲ ချော်ရည်ပုတ်သင်ကို သတ်ပစ်နိုင်လောက်အောင် ဘယ်လို အစွမ်းထက်နိုင်တာလဲ။
သူသည် မျက်လုံးများနီရဲသွားသည်အထိ ပွတ်သပ်နေသော်လည်း ဤအမှန်တရားက သူ့ရှေ့တွင် ရှိနေပေပြီ။
“လောင်းကြေးက ကျောက်နက် ဆယ်လုံး…”
“ပေးချေမှုက ၁:၁၀…”
“အထွေထွေ ဂိုဏ်းချုပ်လီ၊ ကျွန်တော်တို့… ကျွန်တော်တို့မှာ ကျောက်နက် အများကြီး မရှိဘူး။ ဘာ… ဘာလုပ်သင့်သလဲ”
သူတို့ထဲမှ တစ်ဦးက သတိထားကာ မေးမြန်းလိုက်သည်။
လီကွေ့သည် မျက်လုံးများကို ယာယီမှိတ်လိုက်ပြီး ပြင်းထန်စွာ အသက်ရှူထုတ်လိုက်သည်။
အဖြေကို မစောင့်ဘဲ လျူယွီ၏ မျက်လုံးများ ပြောင်းလဲသွားပြီး ရှေ့သို့ တိုးကာ ပြောလိုက်သည်
“အထွေထွေ ဂိုဏ်းချုပ်လီ၊ ချော်ရည်ပုတ်သင်ရဲ့ နတ်ဆိုးအနှစ်… ဟိုကလေး လော့ထျန်က သူ့နက်နဲစွမ်းအင် အများအပြား သုံးစွဲခဲ့ရမှာပဲ ပြီးတော့ သူက ပြင်းထန်တဲ့ ဒဏ်ရာရနေတာပဲ။ နတ်ဆိုးအနှစ်ကို ရနိုင်သရွေ့…”
“ဖြန်း”
လီကွေ့သည် လှည့်လိုက်၍ လက်ဝါးနှင့် ရိုက်ချလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည် “လျူယွီ၊ မင်း ငါတို့ ခရမ်းရောင်အဖွဲ့အစည်းရဲ့ စည်းကမ်းတွေကို ဆက်ဖောက်ဖျက်ချင်သေးတာလား”
အနီရောင်လက်ငါးချောင်း အရာက ရှင်းလင်းစွာ မြင်သာနေသည်။ လီကွေ့သည် ဒေါသထွက်နေပြီး လျူယွီက သူ၏မျက်နှာကို လက်ဖြင့်အုပ်ကာ ခေါင်းငုံ့ထားသည်။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်နေပြီး ဤအခိုက်အတန့်တွင် သူ အသက်ပင် မရှူဝံ့ချေ။
သူတို့သည် သိုင်းကွင်းထဲမှ လူတစ်ဦး၏ အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းကို ဂရုမစိုက်ကြပေ။
လူသားတစ်ဦး နိုင်လျှင် နတ်ဆိုးသားရဲ၏ အရာအားလုံးသည် သူတို့ ပိုင်သည်။
နတ်ဆိုးသားရဲ နိုင်လျှင် လူသား သေသည်။
ဤသည်မှာ ခရမ်းရောင်အဖွဲ့အစည်း၏ မပြောင်းလဲငသော စည်းကမ်း ဖြစ်သည်။ ချော်ရည်ပုတ်သင်ကို ဆေးခပ်ထားပြီး ပွဲအစ၌ပင် အရူးအမူးဖြစ်နေသည်ကို သူတို့ သဘောပေါက်သောအခါ စည်းကမ်းကို ဖောက်ဖျက်ခဲ့ပြီး ဖြစ်သည်။
သူတို့သည် စီမံချက်များအရ တိုက်ပွဲကို ရပ်တန့်ရန် အတင်းအကျပ် ပြုလုပ်သင့်သည်။ သို့သော် ကိုယ်ပိုင်အကျိုးစီးပွားကြောင့် ထိုသို့ မလုပ်ခဲ့သည်ကို သူမှားကြောင်း သိ၏။ အကယ်၍ သူတို့သည် ချော်ရည်ပုတ်သင်၏ နတ်ဆိုးအနှစ်နောက်ကို လိုက်၍ ကြံစည်ခဲ့လျှင် ၎င်းသည် အမှားအပေါ်တွင် ထပ်ဆင့်မှားယွင်းမှုနှင့် ညီမျှပေမည်။
ဤသည်မှာ လီကွေ့ အဘယ်ကြောင့် အလွန်ဒေါသထွက်နေရခြင်း၏ အကြောင်းရင်း ဖြစ်သည်။
“ဒီအကြောင်းကို ဌာနချုပ်ကို သတင်းပို့လိုက်”
“ကျွန်တော်တို့ရဲ့ အမှားတွေကိုလည်း သတင်းပို့ပါ…”
“ဒီကိစ္စကို ကြီးကြပ်ဖို့ အဖွဲ့အစည်းရဲ့ ကော်မရှင်
တစ်ဦးကို တောင်းဆိုပါ။ ကျွန်တော်က ပြစ်ဒဏ်
အားလုံးကို လက်ခံပါမယ်။” လီကွေ့က ညင်သာစွာ ပြောလိုက်သည်။
“ကြွပ်”
“ဒုန်း…”
ဖုန်းလေ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးပြန်ကြောများအားလုံး ထွက်ပေါ်လာပြီး သူ၏ မျက်နှာကို ကြည့်ရန် အတော်လေး ရုပ်ဆိုးစေသည်။ အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး သူ၏ ခေါင်းပြောင်ပြောင်ပေါ်ရှိ သားရဲပုံရိပ်ကလည်း အစားဝသွားသည်ကို မြင်ရပြီး ယခုအခါ ပို၍ ကြမ်းတမ်းကာ ကြောက်မက်ဖွယ်ကောင်းနေ၏။
“ဟားဟားဟား…”
“သခင်လေး၊ ကျွန်တော်က နက်နဲ တပည့် အဆင့် ၇ ကို ဖောက်ထွင်းနိုင်ခဲ့ပြီ” ဖုန်းလေသည် အရူးအမူး ပြုံးလိုက်သည်။
“သေစမ်း”
လော့ထျန်သည် ရင်ထဲမှ ပြုံးလိုက်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည် “ငါ့ရဲ့ ကျင့်ကြံခြင်းနည်းလမ်းက လုံလောက်အောင် ထူးဆန်းနေပြီလို့ ငါ ထင်ခဲ့တာ၊ ဒါပေမယ့် မင်းရဲ့ ကျင့်ကြံခြင်းနည်းလမ်းက ငါ့ထက် ပိုဆန်းလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး”
နတ်ဆိုးသားရဲ၏ သွေးအနှစ်ကို စုပ်ယူ၍ အဆင့်တက်ခြင်း… ဖုန်းလေသည်လည်း နတ်ဆိုးသားရဲတစ်ကောင် ဖြစ်နေနိုင်သလား။
ဤအတွေးများက လော့ထျန်၏ စိတ်အစဉ်ထဲသို့ တစ်ဖန်ပြန်၍ ရောက်ရှိလာသည်။ ထို့နောက် သူ အတွင်းစိတ်မှ ရယ်မောလိုက်သည်
“သူ နတ်ဆိုးသားရဲ ဖြစ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ သူက ငါ့ရဲ့ ညီအစ်ကို ဖြစ်နေသရွေ့ ဘာမှဂရုစိုက်စရာ မလိုပါဘူး”
ချက်ချင်းပင်…
လော့ထျန်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ပါးစပ်တွင် အေးစက်သော အပြုံးတစ်ပွင့် ပေါ်လာသည်။
“သွားကြမယ်၊ လော့မိသားစုဆီ ပြန်ကြမယ်”
ဝါကျ၏ အဆုံးတွင် စကားလုံးအချို့ ပိုရှိခဲ့သော်လည်း လော့ထျန်တစ်ယောက် ၎င်းကို ကျယ်လောင်စွာ မပြောခဲ့ချေ။
ပြည့်စုံသော ဝါကျသည် ဤသို့ ဖြစ်သင့်သည် “သွားကြမယ်။
လော့မိသားစုဆီ ပြန်ကြမယ်၊ နောက်ဆုံးဘော့စ်ကို တိုက်ဖို့”