လေနှင့်မိုး
Vol. 23 Ch. 331
နှင်းမြို့တော်ဘုရင်ကို ပထမသုံးကြိမ် အသံဖြင့်နှောင့်ယှက်သူမှာ ကြယ်နီမြို့တော်မှ နွားရိုင်းကြီးဖြစ်သည်။ နောက်ဆုံးအကြိမ် အော်လိုက်သူမှာတော့ ထိုနွားရိုင်းကြီး မဟုတ်ပေ။
နှင်းမြို့တော်ဘုရင်သည် နောက်ဆုံးအော်လိုက်သော သားရဲမှာ သူတို့မြို့မှ သားရဲမဟုတ်ကြောင်း မချေပနိုင်ချေ။ သူသာ မသိပါက သူတို့၏ သားရဲကြီးမှာ တစစီ ဖြစ်သွားလိမ့်ည်။
နှင်းမြို့တော်ဘုရင်၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ဖုံးလွှမ်းနေ၏။ သူလက်တစ်ချက်ဝှေ့ယမ်းပြလိုက်သောအခါ ကျွန်၂ယောက် လျင်မြန်စွာ ထွက်ခွာသွားပြီး သူတို့သားရဲကြီး ဘာဖြစ်နေသလဲ သွားကြည့်လိုက်သည်။
ကြယ်နီမြို့တော်ဘုရင်နှင့် နှင်းမြို့တော်ဘုရင်
တို့၏ မျက်နှာများ ပျက်နေသည်ကို မြင်ရသောအခါ ပိုင်ရှီမြို့တော်ဘုရင် စိတ်ကျေနပ်သွားသည်။ အခြားမြို့တော်မှ ကျွန်ပိုင်ရှင်များသည်လည်း စိတ်ထဲမှ ကြိတ်ပျော်နေကြ၏။
သို့သော် သူတို့ ကြာကြာမပျော်လိုက်ရပါ။ မကြာခင်တွင် သားရဲကြီးများ၏ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ အခုတစ်ခေါက်အော်လိုက်သူများကတော့ ကြယ်နီမြို့တော်မှ သားရဲ မဟုတ်သလို၊ နှင်းမြို့တော်မှ သားရဲလည်း မဟုတ်ပေ။ အခြားသော သားရဲကြီးများ အော်လိုက်ခြင်းပင်။
သားရဲတို့၏ အော်သံများမှာ ပိုပို ကျယ်လောင်လာသည်။
ထိုနေရာသို့ ရောက်နေသော သူအားလုံးမှာ တိုက်ပွဲဝင်သားရဲကြီးများ အကြောင်းကို နားလည်ကြသော အတွေ့အကြုံရင့်ကျက်ကြသူများ ဖြစ်သည်။ သားရဲကြီးများ၏ နေ့စဉ်အပြုအမူတို့
ကို သိချင်မှ သိမည် ဖြစ်သော်လည်း၊ ယခုအော်သံများကို နားထောင်ပြီး ထိုသားရဲကြီးများ၏ ခံစားချက်များကို သိရှိနိုင်ပေသည်။
ထိုအချိန်တွင် ဒေါသ၊အလိုမကျမှုများ ပြည့်နှက်နေသော အော်သံများ ဆက်တိုက် ထွက်ပေါ်လာပြန်သည်။ အော်သံများနှင့်အတူ သားရဲကြီးများ နံရံကို ဝင်တိုက်နေသော အသံများလည်း ထွက်ပေါ်လာသည်။
အခြေအနေမကောင်းပေ။
“ဘာတွေဖြစ်နေတာလဲ” အားလုံး ဂဏာမငြိမ် ဖြစ်ကုန်ကြပြီး တိုက်ပွဲစည်းဝိုင်းကို ဘယ်သူမှ စိတ်မဝင်စားတော့။
“ခြံတွေထဲမှာ ထည့်ထားတဲ့ သားရဲကြီးတွေ တိုက်ခိုက်ကုန်တာလား”
“ငါတို့မြို့တော်ရဲ့ အတော်ဆုံးသားရဲကြီးတွေကို အဲဒီမှာ ထားထားတာနော်”
“မြန်မြန်လုပ်ဟေ့…လူတစ်ယောက်လွှတ်ပြီး အခြေအနေကို စုံစမ်းခိုင်းလိုက်…နောက်ပြီးတော့ ငါတို့သားရဲကြီးတွေ ဘာမှမဖြစ်စေနဲ့နော်…ဒီမှာ သားရဲတိုက်ပွဲက ပြီးသေးတာ မဟုတ်ဘူး”။
ကျွန်ပိုင်ရှင်ငယ်လေးများ အပါအဝင် အင်အားကြီးသော ကျွန်ပိုင်ရှင်ကြီးများကပါ လူများလွှတ်၍ သူတို့သားရဲများ၏ အခြေအနေကို စစ်ဆေးခိုင်းကြသည်။
နှင်းမြို့တော်ဘုရင်သည် ရုန်းရင်းဆန်ခတ်ဖြစ်နေသော ပွဲကြည့်စင်ပေါ်ကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။
“အားလုံး…တိတ်ကြစမ်း”
ထိုအော်သံကို ကျွန်ပိုင်ရှင်များအားလုံး ကြားလိုက်ရသည်။ ရုန်းရင်းဆန်ခတ်ဖြစ်နေ သော ကွင်းပြင်ကြီးတစ်ခုလုံး ငြိမ်သက်သွားသည်။
ထိုသို့ငြိမ်သက်သွားသည်ကို မြင်လိုက်ရသောအခါ နှင်းမြို့တော်ဘုရင် အနည်းသယ် ကျေနပ်သွားသည်။ သတ်ကွင်းထဲမှ အခြေအနေများကို ကြည့်ပြီးနောက် လက်ကို မြှောက်လိုက်ပြီး “ သားရဲကြီးတွေရဲ့ စတုတ္ထမြောက်တိုက်ပွဲက ပြီးသွားပါပြီ…ပဉ္စမမြောက်ပွဲစဉ်အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြ”
ကျွန်ပြုသော မီးတောက်ကို ဖန်တီးနိုင်သော ခေါင်းဆောင်းနှင့် လူငယ်ကိုတော့ နောက်မှ စုံစမ်းစစ်ဆေးရမည်။ အခုတော့ ကွင်းပြင်ကြီး ငြိမ်သက်သွားအောင် လုပ်ရန်က ပိုအရေးကြီးနေသည်။
တွင်းကြီးထဲတွင် တံခါး၂ပေါက်ကို ဖွင့်ထား၏။
ကွင်းထဲသို့ ဝင်လာသောသူများသည် ကွင်းထဲသို့ရောက်သည်နှင့်တပြိုင်နက် သူတို့ကိုယ်သူတို့ သေလူများအဖြစ် သတ်မှတ်ထားပြီးသား ဖြစ်ကြ
သည်။ သို့သော် ကျောက်တံခါးကြီး ပွင့်လာသည်ကို မြင်သောအခါ သူတို့တွင် အသက်ရှင်သန်လိုစိတ်များ ဖြစ်ပေါ်လာသည်။ ကျွန်သုံးယောက်က အရင်ဆုံးပြေးထွက်သွားပြီး သူတို့နောက်မှ ယုမျိုးနွယ်စုနှင့် ထျန်းရှန်မျိုးနွယ်စုဝင်များ လိုက်သွားသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင် သုံးယောက်သည်လည်း လျင်မြန်စွာ အပြင်ထွက်သွားသည်။
သန်မာသော ကျွန်အယောက်၂၀လောက်က တောက်တဲ့ကြီးကို ကြိုးများဖြင့် ဆွဲသွားသည်ကို ရှောက်ရွှမ်တွေ့လိုက်ရ၏။တွင်းကြီးမှ ထွက်ရသည်ဖြစ်သဖြင့် သားရဲကြီးမှာ ပျော်ရွှင်နေလေသည်။ ရုန်းကန်ခြင်းမပြုတော့ဘဲ ငြိမ်သက်စွာ လိုက်ပါသွားသည်။
တိုက်ပွဲများ စတင်ပြီးနောက် သင်သည် တိုက်ပွဲထဲမှ လွတ်မြောက်ချင် လွတ်မြောက်သွားလိမ့်မည်။ သို့သော် ဒဏ်ရာကတော့ ရမည်သာ ဖြစ်သည်။ ထိုကဲ့သို့ သားရဲကြီးတစ်ကောင် တိုက်ပွဲတွင် ပါဝင်လာခြင်းသည် ရှားပါးသော ဖြစ်ရပ်သာဖြစ်သည်။
သားရဲကြီးထွက်ခွာသွားသောအခါ ရှောက်ရွှမ်တို့သည် တံခါးပေါက်ဆီသို့ ခြေဦးလှည့်လိုက်ကြသည်။
တံခါးပေါက်မှ ထွက်သွားကြရင်း၊ ရှောက်ရွှမ်သည် လဲ့နှင့် ထွော်တို့ကို တီးတိုး လှမ်းပြောလိုက်သည် “နောက်မှ မင်းတို့၂ယောက်ကို အရင်သွားခွင့်ပေးမယ်…ဒီနေရာမှာ မကြာခင် အခြေအနေတွေ ရှုပ်ထွေးကုန်တော့မယ်…အဲဒီအချိန်ရောက်ရင် ငါတို့ကို ဘယ်သူမှ ဂရုစိုက်တော့မှာ မဟုတ်ဘူး”။
လဲ့နှင့်ထွော်တို့သည် ရှောက်ရွှမ်ပြောသည်ကို နားမလည်သဖြင့် ရှောက်ရွှမ်ကို အံ့ဩစွာ ကြည့်နေကြသည်။ သို့သော် သူတို့ကတော့ ရှောက်ရွှမ် ခိုင်းသည်ကို လုပ်မည်သာ ဖြစ်ကြသည်။ သတ်ကွင်းထဲတွင် ဖြစ်ခဲ့သော အဖြစ်အပျက်ကြောင့် ကျွန်ပိုင်ရှင်များသာ အံ့ဩခဲ့သည် မဟုတ်၊ သူတို့၂ယောက်လည်း အံ့ဩသင့်နေကြခြင်း ဖြစ်သည်။ ရှောက်ရွှမ်သည် ကျွန်ပိုင်ရှင်တစ်
ယောက် ဖြစ်သည်ဟု ပြောဆိုနေကြသံများကို ကြားသော်လည်း၊ သူတို့ကတော့ မယုံပါ။ ရှောက်ရွှမ်သည် နတ်ဆေးဆရာ သဘောကျသော သူတစ်ယောက် ဖြစ်သည်။ ထို့ပြင် မီးတောက်ဦးချိုမျိုးနွယ်စု၏ ဘိုးဘေးများ အသိအမှတ်ပြုထားသော ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်သည်။ ကျွန်ပိုင်ရှင် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ ရှောက်ရွှမ်သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင် တစ်ယောက် အဖြစ် ဆက်ရှိနေဦးမည် ဖြစ်သည်။
သားရဲကြီးများ၏ အော်သံများ၊ နံရံကို ဝင်တိုက်သံများသည် ရပ်တန့်မသွားဘဲ၊ ပို၍ပင် ပြင်းထန်လာသေးသည်။
မီးတောက်နွားရိုင်ကြီးကို ထားသော တင်းကုပ်အတွင်း၌…။
မီးတောက်နွားရိုင်းကြီးသည် မြေကြီးကို ၎င်း၏ ခွာများဖြင့် ပေါက်နေပေသည်။
“သေချင်းဆိုးပိုးကောင်လေး…ဘယ်လိုလုပ်ပြီး ပျောက်သွားတာလဲ”
နွားရိုင်းကြီးကို စိတ်ဆိုးအောင် လုပ်ခဲ့သော ချေးပိုးထိုးကောင်လေးသည် မြေပြင်ထဲမှ တူးထွက်လာသည်။ ထို့နောက် နွားရိုင်းကြီး၏ ကျောပေါ်သို့ ခုန်တက်ကာ ကျောကို ကိုက်သည်။ ထို့နောက် ချိတ်များနှင့်တူသော ခြေလက်များဖြင့် အသားကို ထိုးသည်။
မီးတောက်နွားကြီး နောက်တစ်ကြိမ် အော်ဟစ်လိုက်ပြန်သည်။
“ဝူး…” နွားရိုင်းကြီး ဒေါသူပုန်ထနေလေပြီ။
“ဝုန်း”
နွားရိုင်းကြီးသည် ဦးချိုကြီး၂ဖက်ပါသော ဦးခေါင်းကြီးနှင့် နံရံကို ဝင်ဆောင့်လိုက်သည်။
နံရံသည် နွားရိုင်းကြီး ဝင်ဆောင့်သော ဒဏ်ကို
ရေရှည် မခံနိုင်တော့။ သူ့ကို ထားထားသော ခြံသည် သားသတ်ကွင်းကြီး မဟုတ်ပေ။
အခြေအနေကို လာကြည့်သောသူများသည် ကြောက်မက်ဖွယ်အော်သံကြီးကို ကြားပြီးနောက် တံခါးကို မဖွင့်ရဲဖြစ်နေကြသည်။ ထိုသားရဲကြီးများ ငြိမ်သက်သွားအောင် လုပ်၍ ရမည့် နည်းလမ်းကို စဉ်းစားနေချိန်မှာပင် အသံကြီးတစ်သံ ထွက်ပေါ်လာပြန်သည်။ လူပေါင်းများစွာ အချိန်ကုန်ခံ၊ ငွေကုန်ခံတည်ဆောက်ခဲ့ရသော ကျောက်တံတိုင်းကြီး ပြိုကျသွားပြီ ဖြစ်လေသည်။
နံရံကြီးပြိုကျသွားသောအခါ ဒေါသထွက်နေသော နွားရိုင်းကြီးသည် နှာတရှူးရှူး မှုတ်ရင်း အပြင်သို့ထွက်လာသည်။ အပြင်တွင်ရပ်နေသော ကျွန်များသည် နွားရိုင်းကြီး၏ နှာခေါင်းပေါက်မှ လေများ တိုးထွက်နေသည်ကို မြင်လိုက်ရ၏။
ကျွန်၁၀ယောက်ကို ခေါ်လာပြီး မီးတောက်နွားရိုင်းကြီးကို ငြိမ်သက်သွားအောင် ပြုလုပ်ရန် လာ
ခဲ့သော ကျွန်ပိုင်ရှင်လေးတစ်ယောက်သည် ထိုမြင်ကွင်းကို မြင်သောအခါ အခြေအနေမဟန်ကြောင်း သိသွားသည်။
ထိုနွားရိုင်းကြီး ဘာကြောင့် ထိုမျှ ဒေါသထွက်နေရသနည်း။
မီးတောက်နွားရိုင်းများသည် စိတ်ခံစားမှုအပေါ်မူတည်၍ ၎င်းတို့၏ မျက်လုံးအရောင်များပြောင်းလဲသွားတတ်သည်။ ဒေါသထွက်နေသော အချိန်များဆိုလျှင် မျက်လုံးများ နီနေတတ်သည်။ နီနေသော မျက်လုံးများ အရောင်ပိုရင့်လေ ဒေါသပိုကြီးလေဖြစ်သည်။ အခုတော့ နွားရိုင်းကြီး၏ မျက်လုံးများမှာ ရဲရဲတောက်အောင် နီနေပြီး မီးတောက်တော့မလို ဖြစ်နေလေသည်။
သတ်ကွင်းထဲတွင်ဆိုလျှင်တော့ ထိုသို့ ဖြစ်ခြင်းမှာ အားရစရာဖြစ်သော်လည်း အခုလို နေရာမျိုးသည် တိုက်ခိုက်ရမည့် နေရာ မဟုတ်ပေ။
နွားရိုင်းကြီးသည် ရဲရဲနီနေသော မျက်လုံးများဖြင့် လူများကို ကြည့်ကာ ခွာများက မြေကြီးကို ကဆုန်ပေါက်နေ၏။
ထိုအခြေအနေကို မြင်လိုက်ရသောအခါ ကြယ်နီမြို့တော်မှ လူများ နှလုံးရပ်မတတ် ဖြစ်သွားတော့သည်။
“တိုက်ခိုက်တော့မယ်”
“ဘုရင်ကြီးကို အရင်သွားရှာဟေ့…”
မီးတောက်နွားရိုင်းကို ကျွန်ပြုထားသူမှာ ဘုရင်ဖြစ်ပြီး ဘုရင်တစ်ဦးတည်းသာ မီးတောက်နွားရိုင်းကို တည်ငြိမ်အောင် ပြုလုပ်နိုင်ပေလိမ့်မည်။ အခြားလူများအနေနှင့် ၎င်းကို တားဆီးရမည်ဆိုလျှင်တော့ လူအင်အားသုံးပြီး သတ်ပစ်ရုံသာ ရှိသည်။ သို့သော် ကြယ်နီမြို့တော်ဘုရင်က နွားရိုင်းကြီးကို မထိခိုက်စေနှင့်ဟု မှာလိုက်သည်။ ထို့ကြောင့် သူတို့အနေနှင့် ဘုရင်ကို သွားရှာရန်သာ တတ်နိုင်ကြသည်။
မီးတောက်နွားရိုင်းကြီးပေါ်တွင်တော့ ချေးပိုးထိုးကောင်လေးသည် ဆူးနှင့် ထိုးလိုက်၊ နေရာပြောင်းလိုက်၊ ဆူးနှင့်ထိုးလိုက် လုပ်နေ၏။
ရှောက်ရွှမ်ကို တာဝန်ပေးသည်မှာ နွားရိုင်းကြီး၏ ဒေါသကို ဆွပေးရန် ဖြစ်သည်။
သားသတ်ကွင်းကြီး မဖွင့်မီ ၂ရက်အလိုက၊ ရှောက်ရွှမ်သည် နွားရိုင်းကြီးအကြောင်းကို သားရဲမြို့တော်အတွင်း လိုက်လံမေးမြန်းခဲ့သည်။ ငါးနှစ်ဆက်တိုက် အနိုင်ရရှိထားပြီး ဒေါသကြီးတတ်သော နွားရိုင်းကြီးသည် ရှောက်ရွှမ်အကြံအစည်၏ တစိတ်တပိုင်းဖြစ်လာခဲ့သည်။
ချေးပိုးထိုးကောင်လေး၏ အမိန့်နာခံနိုင်မှုနှင့် စွမ်းဆောင်နိုင်မှုတို့ကို ရှောက်ရွှမ် စစ်ဆေးလိုက်သည်။ အခန်းထဲတွင် ပိတ်လှောင်ခံထားရသော နေ့က အပြင်တခေါက်ထွက်သွားပြီးမှ အိမ်ပြန်လာခြင်းသည် ချေးပိုးထိုးကောင်လေးကို သွားစမ်းသပ်ခြင်းပင်။ ရှောက်ရွှမ်သည် သစ်ကိုင်း
အသေးလေးတစ်ခုကို ချေးပိုးထိုးကောင်လေးအားပေးကာ၊ အိမ်ထောင့်နားက မြေပြင်ပေါ်သို့ ယူဆောင်လာစေသည်။ ချေးပိုးထိုးလေးကလည်း ခိုင်းသည့်အတိုင်းလုပ်လေသည်။ စမ်းသပ်မှု သုံးကြိမ်လုံးအောင်မြင်သွားသောအခါ ရှောက်ရွှမ်သည် ထိုကဲ့သို့ ချေးပိုးထိုးလေး တစ်ကောင်ကို ကျွန်ပြုမိခြင်းအတွက် ပျော်ရွှင်သွား၏။
ယခုအဖြစ်အပျက်များပြီးဆုံးသွားလျှင် ရှောက်ရွှမ်က နီလာလေး၏ ဒုတိယသော့ခလောက်ကို ဖွင့်ပေးမည်ဟု ပြောထားလေသည်။ ရှောက်ရွှမ်သည် ချေးပိုးထိုးလေး၏ စွမ်းဆောင်ရည်ကို မြင်ပြီးသောအခါ ဒုတိယမြောက် သော့ခလောက်ကို ချက်ချင်းပင် ဖွင့်ချင်သွားသည်။ သို့သော် ဒုတိယသော့ခလောက်ကို ဖွင့်ရန် အချိန်မလုံလောက်ချေ။ စူးကုအလိုအရဆိုလျှင် ကျွန်များက ဒုတိယမြောက်သော့ကို အချိန်တိုအတွင်း ဖွင့်နိုင်သွားလျှင် အကျိုးသိပ်မရှိပေ။ သေဆုံးသွားသော ဖြစ်ရပ်များ ပင်ရှိခဲ့သည်။ ထို့ကြောင့် ရှောက်ရွှမ်ကလည်း ချက်ချင်းဖွင့်ရန် မရည်ရွယ်တော့ဘဲ
နောင်တချိန်တွင် ဖွင့်ပေးမည်ဟု ကတိပေးလိုက်ခြင်းပင်။
ကြီးမားသော အပြာရောင် ချေးပိုးထိုးအပြင် တိုက်ပွဲဝင်သားရဲများကို ထားသောနေရာတွင် ချေးပိုးထိုး အမြောက်အများ ရှိနေပေသည်။ တစ်ကောင်ချင်းဆိုလျှင် အရေးလုပ်လောက်စရာ မရှိသော်လည်း၊ အကောင်အရေအတွက် များလာသောအခါ အခြေအနေက ပြောင်းလဲသွားသည်။ ၎င်းတို့ကြောင့် တိုက်ပွဲဝင်သားရဲကြီးများ ဆူညံပွက်လောရိုက်ကုန်ခြင်းဖြစ်သည်။
သားသတ်ကွင်းကြီးကို လမပြည့်မီသုံးရက်အလိုက စဖွင့်ပြီး လပြည့်ပြီး သုံးရက်ကြာသည် အထိ ဆက်လက်ဖွင့်ထားမည် ဖြစ်သည်။ တစ်နေ့လျှင် ပွဲစဉ်၁၀ပွဲလောက် ကျင်းပမည် ဖြစ်သည်။ ပွဲစဉ်များတွင် ပါဝင်မည့် သားရဲကြီးများကို သားသတ်ကွင်းကြီးဘေးနားတွင် ထိန်းသိမ်းထားသည်။ တိုက်ပွဲမစမီ ဖြစ်ပေါ်သော အပြောင်းအလဲလေးများက သားရဲကို ယာယီပြောင်းလဲသွားစေနိုင်ပေသည်။ ထို့ကြောင့်
သားရဲကြီးများသည် ပွဲတော်စတင်သည့်နေ့မှ ပြီးဆုံးသည့်နေ့အထိ ထိုနေရာတွင် နေရသည်။
အခုတော့ လက်သပ်မွေးထားသော တိုက်ပွဲဝင်သားရိုင်းကြီးများသည် စိတ်မထိန်းနိုင်လောက်အောင် ဒေါသထွက်နေကြပြီ ဖြစ်သည်။
အစပိုင်းတွင်တော့ ၁ကောင်၊၂ကောင်လောက်သာ ဒေါသထွက်ကြသော်လည်း နောက်ပိုင်းတွင်တော့ ကူးစက်ရောဂါလိုဖြစ်ပွားပြီး တစ်ကောင်ပြီး တစ်ကောင် ဒေါသူပုန်ထကြတော့သည်။ နဂိုတည်းကမှ စိတ်မကြည်သော သားရဲကြီးများ၏ စိတ်အခြေအနေမှာ ပိုဆိုးရွားသွားပြီ ဖြစ်သည်။ သူတို့၏ ဒေါသကို ဆွပေးနေသော အကြောင်းရင်းတစ်ခုတော့ ရှိရမည်။
“ဝုန်း”
နောက်တံတိုင်းတစ်ခုကို သားရဲကြီးတစ်ကောင် ကဝင်ဆောင့်ပြန်သည်။ ထိုအသံသည် ကနဦးမြည်သံတစ်ခုလို ဖြစ်ပြီး ခဏအကြာတွင်
နောက်ထပ် တံတိုင်းကြီးတစ်ခု ဝင်ဆောင့်ခံရပြန်သည်။
ဒေါသထွက်နေသာ သားရဲကြီးများအလယ်တွင်၊ ၎င်းတို့၏ ဒေါသကို ခံစားရမည့်သူ ၁၀ယောက်ရှိပေသည်။ သားသတ်ကွင်းကြီးကို စောင့်ရှောက်နေသော ကျွန်များစွာရှိသည်။ သားသတ်ကွင်းကြီးကိုတော့ မြင့်မားသော တံတိုင်းကြီးများနှင့် ကာရံထားသောကြောင့်၊ သားရဲကြီးများ မတိုက်ခိုက်နိုင်ပေ။ သားရဲကြီးများသည် အခြားဘက်သို့သာ ဦးလှည့်သွားပြီး ၎င်းတို့၏ ဒေါသများကို ဖောက်ခွဲကြသည်။
သားရဲမြို့တော်၏ အစောင့်အဖွဲ့ကို မြို့တော်သုံးခုမှ လူများနှင့် ဖွဲ့စည်းထားခြင်းပင်။ သူတို့အဖွဲ့တွင်စည်းလုံး ညီညာမှုသိပ်မရှိသော ကြောင့် ဟာကွက်များစွာရှိနေပြီး ဖြစ်ပေါ်နေသော အခြေအနေကို ငြိမ်သက်အောင် မထိန်းနိုင်ပေ။
သားသတ်ကွင်းကြီးတွင်လည်း ပွဲစဉ်များကို ကျင်းပ၍ မရပေ။အပြင်တွင် တိုက်ပွဲဝင်သားရဲ
ကြီးများ ရှိနေခြင်းကြောင့် ခုနတုန်းက ပျော်ရွှင်စိတ်လှုပ်ရှားနေကြသော ကျွန်ပိုင်ရှင်များသည် ဆန္ဒအလျောက်မထွက်ခွာရဲတော့။ အပြင်တွင် ရှိသော သားရဲများကို ဘုရင်နှင့် ကျွန်များက ဖြေရှင်းပြီးသည့်အချိန်ကို စောင့်နေကြလေသည်။
နေ့လယ်ရောက်မှ အပြင်က အခြေအနေများ အနည်းငယ်ငြိမ်သက်သွား၏။ သားသတ်ကွင်းကြီးထဲတွင်ရှိသော ကျွန်ပိုင်ရှင်များသည်လည်း တိုက်ပွဲများကို ဆက်မကြည့်လိုကြတော့ပေ။ ကျွန်အသီးသီးကို ခေါ်ဆောင်၍ သက်ဆိုင်ရာနေရာများသို့ ပြန်သွားကြလေပြီ။
အခြားလူများက လော့ယဲ့စခန်းကို ပြန်သွားသော်လည်း ရှောက်ရွှမ်တို့အဖွဲ့က နောက်မှ လိုက်မသွားပါ။ စူးကုကို လူလွှတ်အကြောင်းကြားပြီးနောက်၊ ၎င်းတို့သည်အနားယူရန်နေရာတစ်နေရာ အရင်ရှာဖွေကြသည်။
“အားရွှမ်…ငါတို့ လော့ယဲ့စခန်းကို ပြန်မသွားတော့ဘူးလား” ထွော်ကမေးလိုက်သည်။
“ခဏတော့ ဒီမှာပဲ နေရဦးမယ်” ရှောက်ရွှမ်က ပြန်ပြောလိုက်သည်။
“ဘာလို့လဲ…ဘုရင်ကို မင်းသံသယဝင်နေလို့လား”
“အဲဒါထက်ပိုတယ်…အရေးကြီးကိစ္စတစ်ခုခု ဖြစ်တော့မယ်ဆိုတာ ငါသိနေတယ်…အဲဒီလို ဖြစ်သွားခဲ့ရင် ငါတို့ထွက်သွားဖို့ အခွင့်ကောင်းပေါ်လာလိမ့်မယ်” ရှောက်ရွှမ်သည် ကောင်းကင်ပေါ်မှ လမင်းကြီးကို ကြည့်ပြီး ပြောလိုက်၏။