← Chapters

ထွက်တော်မူ နန်းကခွာတယ်

Vol. 23 Ch. 333

ထွက်တော်မူ နန်းကခွာတယ်

Vol. 23 Ch. 333

ရုန်းရင်းဆန်ခတ်မှုများကြောင့် သားရဲမြို့တော်မှ ထွက်ခွာလာသော နှင်းမြို့တော်ဘုရင်သည် နှင်းမြို့တော်သို့ ညတွင်းချင်းပင် ဒုန်းစိုင်း၍ ပြန်သွားပါသည်။

လျှို့ဝှက်မြေအောက် နေရာတစ်နေရာသို့ရောက်သောအခါ နှင်းမြို့တော်ဘုရင်သည် မျက်လုံးဖွင့်လိုက်ပြီး သူ့ခြေထောက်အောက်မှ နေရာလွတ်လေးတစ်ခုကို ကြည့်နေပေသည်။ ထိုနေရာတွင် ရှိရမည့် ပစ္စည်းတစ်ခု ပျောက်ဆုံးသွား၏။

သူ့ခြေထောက်အောက်မှ အပေါက်ကြီးကို ကြည့်ပြီး ဘုရင်၏ မျက်လုံးများ နီရဲလာသည်။ သူ့ကိုကြည့်ရသည်မှာ ကြယ်နီမြို့တော်မှ မီးတောက်နွားရိုင်းကြီးနှင့် တူနေသည်။ လက်သီးများကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်

ထားသည်။ နှင်းဘုရင်၏နောက်မှ လူများသည် သူ့ဒေါသကို ကြောက်ရွံ့သဖြင့် အသက်ပင် မရှူရဲကြပေ။

နှင်းမြို့တော်ဘုရင်သည် သွားများကို ကြိတ်လိုက်ကာ “ ဘယ်သူပဲဖြစ်ဖြစ်…ဘယ်သူတွေပဲ ပါပါ…အဲဒီကောင်တွေအားလုံးကို သတ်ပစ်” ဟုပြောလိုက်သည်။

နန်းတော်မှ ထွက်ခွာလာပြီးနောက်တွင် နှင်းမြို့တော်ဘုရင်သည် အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ မျိုးနွယ်စုဝင်များကို တွေ့သည်နေရာတွင် သတ်စေဟူသော အမိန့်ဖြစ်သည်။ တစ်ယောက်သတ်လျှင် ဆုရသည်၊ ၂ယောက်သတ်လျှင် ရာထူးတိုးပေးသည်။ များများသတ်လေ၊ ဆုလာဘ်များ ပိုရလေ ဖြစ်သည်။

နှင်းမြို့တော်ဘုရင်သည် သူ့ရတနာကို ခိုးသွားသူကို ရှာဖွေနေ၏။ သူသည် မျိုးနွယ်စုဝင်များကို အထင်သေးသူတစ်ယောက်ဖြစ်သည်။ သူ့လူများ

က မျိုးနွယ်စုဝင်များ၏ ခြေရာလက်ရာများတွေ့သည်ဟု ဆိုသော်လည်း သူကတော့ အခြားမြို့ကြီး၂မြို့ သို့မဟုတ် မြို့ငယ်တစ်ခုခုမှ လူများ ပါဝင်ပတ်သက်နေမည်ဟု ယုံကြည်နေဆဲဖြစ်သည်။

အခြေအနေများ ရှုပ်ထွေးနေသည်မှာ နှင်းမြို့တော်တစ်ခုတည်းတွင် မဟုတ်ပေ။ လော့ယဲ့မြို့တော်တွင်လည်း အခြေအနေများ ရှုပ်ထွေးနေသည်။

ရှောက်ရွှမ်တို့အဖွဲ့သည် စူးကုနောက်မှလိုက်၍ လော့ယဲ့မြို့သို့ ပြန်လာခဲ့သည်။ မြို့တော်ကို ပြန်ရောက်သောအခါ ခံစစ်ကြောင်းကို တဆင့်မြှင့်ထားသည်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။ မြို့ထဲကအခြေအနေများမှာ ရှုပ်ယှက်ခက်နေပေသည်။ မြို့ထဲကို ဝင်လာသောအခါ အခြေအနေက ပိုဆိုးနေသည်။ မြို့တော်၏ သခင်လေးများကတော့ အိမ်များတွင်သာ ရှိနေသဖြင့် သူတို့ကို မမြင်ရပေ။ မြို့တော်ထဲတွင် နေ့ညမပြတ် ကျွန်များက စောင့်ကြပ်လျက်ရှိသည်။

လော့ယဲ့မြို့တော်ဘုရင် စူးလွင် ပြန်ရောက်လာသောအခါ သူ့သားသုံးယောက်ကို ခေါ်၍ စကားပြောသည်။ သူ့စကားအကျဉ်းချုပ်မှာ “အခုအချိန်ဟာ အရမ်းထူးခြားနေတဲ့ အချိန်ကာလပဲ…မင်းတို့ဘယ်လောက်ပဲ တိုက်ခိုက်… တိုက်ခိုက် ငါကပဲ အုပ်ချုပ်နေဦးမှာကွ…တခြားသူတွေ ဘယ်လောက်တော်တော် မင်းတို့ ငါ့အမိန့်ကိုပဲ နာခံရမယ်” ဟူ၍ဖြစ်သည်။

စူးကုနှင့် သူ့အကိုများသည် စူးလွင်စကားများကို ချွင်းချက်မရှိ ယုံကြည်ကြသည်။ စူးလွင်သည် သားအဖဆက်ဆံရေးကို လုံးဝအရေးမလုပ်ပေ။ သူသည် လှပသော အမျိုးသမီးများကို ပိုင်ဆိုင်ထားပြီး အခြားမျိုးနွယ်စုများတွင်လည်း ချစ်သူများ ရှိသေးသည်။ သူ့သွေးသား လိုချင်ပါက၊ ထပ်မွေးလိုက်ရုံသာ။

ထိုအချက်ကို ညီအကို ၃ယောက်က ကောင်းကောင်းသိထားသည်။ အထူးသဖြင့် စူးကုက ပိုသိထားသည်။ ထို့ကြောင့် သူသည် သတိ

ဝီရိယမပြတ် နေထိုင်ရခြင်းဖြစ်သည်။

မြို့တော်ထဲသို့ ဝင်လာပြီးနောက် ရှောက်ရွှမ်တို့အဖွဲ့သည် လော့ယဲ့မြို့တော်၏ မျိုးနွယ်စုများ နေထိုင်ရာနေရာသို့ ပြန်လာခဲ့ကြသည်။ အရင်တုန်းကဆိုလျှင် အမြဲမပြတ် လူများသွားလာနေသော နေရာမှာ အခုတော့ လူတစ်ယောက်မှ မရှိ။ တံခါးများနှင့် ပြတင်းပေါက်များကိုလည်း ပိတ်ထားကြပြီး ဘာအသံမှ မကြားရပေ။

“အစောကြီး ပြန်ကုန်ကြတာလား…အားလုံးပြန်လာမှ အတူတူပြန်ကြမယ်လို့ မင်းမပြောထားဘူးလား” လဲ့က မခံချိမခံသာ ဖြစ်သွားသည်။သူတို့သုံးယောက်ကို ထားခဲ့ပြီး ပြန်သွားကြခြင်းဖြစ်သည်။

“မဟုတ်သေးဘူး…ခရီးသွားအဖွဲ့က ပြန်သွားမယ်ဆိုရင်တောင် တစ်ယောက်ယောက်တော့ ကျန်ခဲ့ဦးမှာပဲ” ရှောက်ရွှမ်သည် သူ့ရှေ့တွင် ဖြစ်ပျက်နေသည်ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သူ့နှလုံးခုန်သံများ မြန်ဆန်လာ

သည်။

ရှောက်ရွှမ်သည် သူတို့ဘေးတွင်ရပ်နေသော လူကို ကြည့်လိုက်ပြီး အိမ်အလွတ်ကို လက်ညိုးထိုးပြလိုက်ကာ “သူတို့ဘယ်ရောက်သွားလဲ” ဟုမေးလိုက်သည်။

ထိုသူမှာ စူးကုထည့်ပေးလိုက်သော ကျွန်တစ်ယောက် ဖြစ်သည်။ သူသည် ရှောက်ရွှမ်တို့အဖွဲ့ကို မနှစ်မြို့သော်လည်း စူးကုရှေ့တွင် မျက်နှာကောင်းရလိုသဖြင့် ယဉ်ကျေးသော အသွင်ကို ဆောင်ထားလေသည်။ ရှောက်ရွှမ်မေးသည်ကို ကြားသောအခါ “သူတို့ လွန်ခဲ့တဲ့၂ရက်ထဲက ထွက်သွားကြပြီ” ဟုပြောလိုက်သည်။ သူ့လေသံသည် ဒေါသထွက်နေသော လေသံဖြစ်နေသည်။ ထိုသူများသည် ခွင့်မလွှတ်နိုင်လောက်သော ပြစ်မှုတစ်စုံတစ်ရာကို ကျူးလွန်းသွားကြသည်များလား။

ရှောက်ရွှမ်ကတော့ ထိုကျွန်၏ လေသံကို ဂရုမစိုက်ပေ။ တံခါးကို ဖွင့်လိုက်ပြီး မီးတောက်ဦးချို

မျိုးနွယ်စုဝင်များ ပိုင်ဆိုင်သော အိမ်ထဲသို့ ဝင်သွားသည်။ ထိုအခါ အခန်းပြတင်းပေါက်ဘောင်တွင် ညှပ်ထားသည့် စာများပါသော သစ်ရွက်တစ်ရွက်ကို တွေ့လိုက်ရသည်။

လက်ရေးအရတော မုန့်မျိုးနွယ်စုမှ ကွေ့ဟယ်ထားခဲ့သောစာ ဖြစ်သည်။

သစ်ရွက်ပေါ်တွင် စာကြောင်း၂ကြောင်းကို ခပ်တိုတိုရေးထားသည်။ မလွှဲမရှောင်သာသော အခြေအနေကြောင့် သူတို့ အမြန်ပြန်သွားရခြင်း ဖြစ်ကြောင်းနှင့် ရှောက်ရွှမ်တို့ ပြန်လာလည်း အမြန်ထွက်ခွာရမည်ဖြစ်ကြောင်း ရေးထားခြင်း ဖြစ်သည်။

“ဒီလူတွေ တကယ် အရင်ထွက်သွားကြတာပဲ” လဲ့က စိတ်ဆိုးနေသည်။

ထွော်ကတော့ တည်တည်ငြိမ်ငြိမ်ပင်။ သူသည် အခြားမျိုးနွယ်စုဝင်များတွင် သူတို့လို စိတ်ထားများ ရှိမည်ဟု မမျှော်လင့်ထားပါ။

ရှောက်ရွှမ်က သစ်ရွက်ကို ကြည့်နေသော အချိန်တွင် ချာချာက အပြင်ဘက်မှ လှမ်းအော်လိုက်သည်။ ချာချာသည် ငှက်မွှေးတစ်ချောင်းကို ကောက်ချီလာသည်။

ငှက်မွှေးသည် ရှောက်ရွှမ်နေသော အိမ်ခေါင်မိုးကြားတွင် ညှပ်ထားခြင်းဖြစ်သည်။ ချာချာက ငှက်မွှေး၏ အနံ့ကိုခံလိုက်လျှင်၊ ထိုငှက်မွှေးသည် ဘယ်မျိုးနွယ်စုကလဲ ပြောနိုင်သည်။

“ဟွေမျိုးနွယ်စုက တောင်သိမ်းငှက်ရဲ့အမွှေးလား”

ရှောက်ရွှမ်သည် ထိုငှက်မွှေးကို ကောက်ကိုင်လိုက်သောအခါ ငှက်မွှေးပေါ်တွင် စာတစ်ကြောင်းရေးထားသည်ကို တွေ့လိုက်ရသည်။

ငှက်မွှေးပေါ်တွင် ရေးထားသည်မှာ “အမြန်ဆုံးသာ ထွက်ခွာပါ” ဟူ၍ ဖြစ်သည်။

ထိုစာများကို မုန့်မျိုးနွယ်စုနှင့် ဟွေမျိုးနွယ်စုများက ထားခဲ့ခြင်းဖြစ်သည်။ ဘာတွေ ဘယ်လောက်ပဲ အရေးကြီးသည် ဖြစ်ပါစေ သူတို့အနေနှင့် အရင်ပြန်မသွားသင့်ပါ။

စူးကုလွှတ်လိုက်သော ကျွန်ကို ရှောက်ရွှမ်က ပြန်ခိုင်းလိုက်သည်။ ထို့ကြောင့် အခန်းထဲတွင် သူတို့ ၃ယောက်သာ ကျန်တော့သည်။

မြို့ထဲကို ဝင်လာတုန်းက လူများသည် သူတို့ကို မယုံသင်္ကာ လိုက်ကြည့်နေကြသည်ကို ရှောက်ရွှမ်သိခဲ့သည်။ အခုလည်း သူတို့ရှိနေသော အိမ်ကို မျက်လုံးပေါင်းမြောက်များစွာက စောင့်ကြည့်နေပေလိမ့်မည်။ အခုထိ သူတို့ ဘာမှ မလှုပ်ရှားသေးခြင်းမှာ စူးကုကြောင့် ဖြစ်သည်။ သူ့ဆီမှ အခွင့်မရဘဲနှင့် သူတို့ ပြန်၍မရသေးပါ။

“သဲကန္တာရထဲမှာတော့ အခြေအနေတွေ ရှုပ်ထွေးနေပြီ…ငါတို့ဝင်ပါလို့ မဖြစ်ဘူး…မင်းတို့အရင်ပြန်နှင့်” ဟု ရှောက်ရွှမ်က လဲ့နှင့်ထွော်ကို လှမ်းပြောလိုက်သည်။

“မင်းကျတော့ရော…” ထွော်ကမေးလိုက်သည်။

“ငါဒီမှာ ၂ရက်၃ရက်လောက် ဆက်နေလိုက်ဦးမယ်…မင်းတို့အရင်ပြန်နှင့်…ချာချာက မင်းတို့ကို လမ်းပြလိမ့်မယ်” ရှောက်ရွှမ်က ပြန်ဖြေလိုက်သည်။

“ငါတို့ ပြန်လို့မဖြစ်သေးပါဘူး…ဒီမှာ မင်းတစ်ယောက်တည်းနေခဲ့ဖို့ အန္တရာယ်များလွန်းတယ်”

လဲ့နှင့် ထွော်တို့က မသွားလိုကြပေ။ သူတို့သည် ရှောက်ရွှမ်၏တန်ဖိုးကို နှလုံးသားထဲမှ သိနားလည်ထားကြသည်။ ရှောက်ရွှမ်သည် မျိုးနွယ်စု၏ ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက်ကို ထားခဲ့ပြီး သူတို့သည် မည်ကဲ့သို့ ထွက်ပြေးရမည်နည်း။

ရှောက်ရွှမ်က ချက်ချင်းပြန်မဖြေပေ။ အင်္ကျီလက်များကို ပင့်တင်လိုက်ပြီး နတ်စွမ်းအင်ကို နှိုး

ထလိုက်သည်။ မီးတောက်ပုံစံ နတ်အမှတ်အသားများသည် ပုခုံးမှ လက်မောင်း၊ လက်မောင်းမှ လက်ဖျံ၊ လက်ဖျံမှ လက်ကောက်ဝတ် စသည်ဖြင့် ပေါ်ထွက်လာသည်။

လဲ့နှင့် ထွော်တို့သည် တုန်လှုပ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ “အားရွှမ်…မင်းအဆင့်တက်သွားတာလား”

ထွော်က တွေးလိုက်မိသည် “ သားသတ်ရုံကြီးကို မသွားခင်ကတည်းက မင်းအဆင့်တက်သွားတာ မဟုတ်လား…အဲဒါကြောင့် မင်းရဲ့အတွင်းအားက ထူးခြားနေပါတယ်လို့ ငါထင်နေတာ”

ထိုစဉ်တုန်းက ထွော်သည် သားရဲကြီးကို အာရုံရောက်နေခဲ့သည်။ ရှောက်ရွှမ်ကို ကြည့်သောအခါ နတ်အမှတ်အသားများကို မကြည့်ခဲ့ပါ။ ထို့ပြင် ရှောက်ရွှမ်ကလည်း ထိုစဉ်တုန်းက အင်္ကျီလက်ရှည်များကို ဝတ်ထားခဲ့သည်။ ထို့ကြောင့် ရှောက်ရွှမ်လက်ပေါ်မှ နတ်အမှတ်အသားများကို မမြင်ရခြင်းပင်။

“အဆင့်တက်သွားတယ်ဆိုရင်တောင် မင်းတစ်ယောက်တည်း နေခဲ့ဖို့က အရမ်းအန္တရာယ်များပါတယ်…အကြီးတန်းစစ်သည်တော်တွေပါတဲ့ အခြားမျိုးနွယ်စုတွေတောင် ထွက်ပြေးသွားပြီ…မင်းကဒီမှာ တစ်ယောက်တည်း ဘယ်လိုနေခဲ့မလဲ” ထွော်နှင့်လဲ့တို့ စိတ်မသက်မသာ ဖြစ်သွားသည်။

“ငါစူးကုကို ဆက်သွယ်ရဦးမယ်…မင်းတို့က ဒဏ်ရာတွေရထားတဲ့လူတွေ ဆိုတော့ အရင်ပြန်နှင့်ပါ” ရှောက်ရွှမ်ပြောလိုက်သည်။

သူတို့အခြေအနေများကို ပြန်တွေးမိသောအခါ လဲ့နှင့်ထွော်တို့ စိတ်ပျက်သွားကြသည် “အရင်တော့ မပြန်နှင့်ဘူး…လမ်းကနေစောင့်နေမယ်…ဒီကိုလာတုန်းက ကျောက်တုံးတွေ အများကြီး ရှိတဲ့နေရာတစ်ခုကို ဖြတ်ခဲ့ရတယ်လေ…အဲဒီနေရာမှာ နားရင်းနဲ့ ငါတို့မင်းကို စောင့်နေမယ်”

“ဆယ်ရက်စောင့်” ရှောက်ရွှမ်က လဲ့နှင့် ထွော်တို့

ကို ကြည့်ပြီး ပြောလိုက်သည် “ဆယ်ရက်အတွင်း ငါရောက်မလာရင်တော့ မင်းတို့သွားကြတော့”။

ထွော်နှင့် လဲ့တို့က တစ်ခုခုပြောချင်ကြသော်လည်း ရှောက်ရွှမ်က ဆက်ပြောသည် “ငါပိုင်ရှီမြို့တော်ကို သွားဖို့ အစီအစဉ်ဆွဲထားတယ်…အဲဒီမှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်နေတာကို အခွင့်ကောင်းယူပြီး သစ္စာဖောက် တောက်ယွီကို ရှာရမယ်”။

တောက်ယွီလိုလူမျိုး လွတ်မြောက်နေပါက၊ ရှောက်ရွှမ်သည် မျိုးနွယ်စုဆီသို့ မပြန်ရဲပေ။

ဝမ်ရှစ်မျိုးနွယ်စုနှင့် ရင်းနှီးနေသောကြောင့် တောက်ယွီသည် ဖြစ်ပေါ်လာတော့မည့် ရှုပ်ထွေးမှုများထဲတွင် ဘယ်နေရာပါဝင်မည်ဖြစ်ကြောင်းကို ရှောက်ရွှမ် သိထားသည်။

“တောက်ယွီ သေရမယ်”

လဲ့နှင့်ထွော်တို့က မသွားလိုသော်လည်း ရှောက်

ရွှမ် စီစဉ်သည့်အတိုင်း လှုပ်ရှားလိုက်ကြသည်။

ရှောက်ရွှမ်သည် စူးကုကို သွားရှာလိုက်၏။ စူးကုက လဲ့နှင့် ထွော်တို့ကို သိပ်အရေးမလုပ်ပေ။ သူတို့၂ယောက်သည် သူ့အတွက် အသုံးမဝင်တော့သောကြောင့် သွားခွင့်ပေးလိုက်ခြင်း ဖြစ်သည်။ စူးကုသည် လူတစ်စုကို ကျွန်ပြုရန် စီစဉ်ထားသည်။ သူ့အတွက်တော့ ရှောက်ရွှမ်ရှိနေသမျှ အဆင်ပြေနေမည် ဖြစ်သည်။

လဲ့နှင့်ထွော်တို့ ချာချာနှင့်အတူ ထွက်ခွာသွားသောအခါ စူးကုသည် ရှောက်ရွှမ်ကို လာရှာပါသည်။ စူးကုသည် လူတစ်စုကို ကျွန်ပြုချင်နေပြီး ရှောက်ရွှမ်၏ ကျွန်ပြုနိုင်သော မီးတောက်ကို မြင်ဖူးပြီးသားဖြစ်သည်။ စူးကုသည် ရှောက်ရွှမ်နှင့် အတွေ့အကြုံချင်းဖလှယ်ချင်သည်။ ရှောက်ရွှမ်သည် လူများကို တစ်ခါမှ ကျွန်မပြုဖူးပါ။ လက်ရှိအချိန်ထိလည်း ရှောက်ရွှမ်သည် လူကို ကျွန်ပြုရန် စိတ်မကူးပေ။ ထို့ကြောင့် စူးကု စိတ်ပျက်သွားသည်။ စူးကုက ရှောက်ရွှမ်အနေဖြင့် လူတစ်ယောက်ကို ကျွန်ပြုနိုင်စွမ်း ရှိ၊မ

ရှိ သိလိုနေခြင်းဖြစ်သည်။

မည်သည့်မျိုးနွယ်စုဝင်မှ ထိုအစွမ်းမျိုးမပိုင်ဆိုင်ထားကြပေ။ ပိုင်ဆိုင်ထားသောသူကတော့ ထိုအစွမ်းကို အသုံးချရန် စိတ်မကူးပေ။ စူးကု စိတ်ပျက်သွားသည်။

ရှောက်ရွှမ်သည် ချေးပိုးထိုးကောင်များကို သူကျွန်ပြုထားကြောင်း ရှောက်ရွှမ်ကို မပြောပြပါ။ ရှောက်ရွှမ်သည် စူးကု၏ ကျွန်ပြုခြင်းကို ကူညီပေးသည်။ အယောက်၂၀လောက်ကျွန်ပြုပြီးသောအခါ သူထွက်ခွာလာသည်။

စူးကုက ရှောက်ရွှမ်ကို မသွားစေလိုပေ။ “အဲဒီပစ္စည်းက မင်းတို့ မီးတောက်ဦးချိုမျိုးနွယ်စုနဲ့မဆိုင်ဘူးဆိုပေမယ့် သတိတော့ထားပါ…နှင်းမြို့တော်ဘုရင်က နှင်းမြို့တော်ထဲမှာ ရှိတဲ့ မျိုးနွယ်စုဝင်တွေကို သတ်ဖို့ အမိန့်ထုတ်ထားတယ်…မျိုးနွယ်စုဝင်တစ်ယောက်ကိုတွေ့တာနဲ့ တွေ့တဲ့နေရာမှာ သတ်မှာ”

“ခင်ဗျားတို့က မျိုးနွယ်စုဝင်တွေကို လက်ခံထားတယ်ဆိုတော့ နှင်းမြို့တော်ဘုရင်က လာသတ်မှာမကြောက်ဖူးလား” ရှောက်ရွှမ်ကမေးလိုက်သည်။

စူးကုသည် သူ့အဖေ၏ စိတ်နေစိတ်ထားအကြောင်းကို တွေးလိုက်မိသည်။ သူ့အဖေသည် စိတ်ပူနေသည့်ပုံမပေါ်ပါချေ။ သူ့အဖေသည် အခြွေအရံများစွာဖြင့် ပျော်ရွှင်နေဆဲပင်။

All Chapters