ပိုင်ရှီမြို့တော်
Vol. 23 Ch. 334
ရှောက်ရွှမ် လော့ယဲ့မြို့တော်မှ ထွက်ခွာလာသောအခါ မိုးမျိုးနွယ်စုမှ ခေါ်ဆောင်လာသော ကုလားအုတ်ကလည်း ထပ်ချပ်မကွာ လိုက်လာလေသည်။
ကုလားအုတ်ကြီးသည် ၎င်းအနေနှင့် မြို့ထဲမှာ မနေသင့်ကြောင့် သိနေသဖြင့် သူ့နောက်သို့လိုက်နေသည်ဟု ရှောက်ရွှမ်ထင်ထားခဲ့သည်။ သို့သော် မြို့တော်မှ ထွက်လာသောအခါ ကုလားအုတ်ကြီးသည် ခေါင်းကို ယမ်းပြီး အော်သံတစ်ချက် ပေးလိုက်သည်။ သူ့အပြုအမူက ရှောက်ရွှမ်ကို နှုတ်ဆက်နေသယောင်ယောင်။ ထို့နောက် ၎င်းသည် ရှောက်ရွှမ်နှင့်လမ်းခွဲသွားပြီး သူ့လမ်းသူဆက်သွားတော့သည်။
ရှောက်ရွှမ်သည် မခွဲခွာမီ ကုလားအုတ်ကြီးကို သေချာကြည့်နေ၏။ ထို့နောက် ကုလားအုတ်
ကြီး၏ ဇက်ကြိုးကို ဖယ်ပေးလိုက်ပြီး ရေဖြည့်ထားသော သားရေအိတ်တစ်လုံးကို သူ့လည်ပင်းတွင် ဆွဲပေးလိုက်သည်။ ရှောက်ရွှမ်ဆီတွင် ရေခရားတစ်လုံးနှင့် ယန်ဆွေ့ပေးလိုက်သော လိုတရမိုးကျောက်တုံးလည်း ရှိနေသဖြင့် ရွှံ့စေးကို ရေတစ်အိတ်ပေးလိုက်ခြင်း ဖြစ်သည်။
ရှောက်ရွှမ်သည် ရွှံ့စေး၏ လည်ပင်းကို လက်နှင့် သပ်ပေးပြီးနောက် “ကံကောင်းပါစေကွာ…အစားမခံရအောင် နေနော်”
သဲကန္တာရထဲတွင် ကုလားအုတ်ရိုင်းများရှိပေသည်။ ခရီးသွားအဖွဲ့နှင့် သဲကန္တာရထဲ သွားလာခဲ့တုန်းက ရှောက်ရွှမ်သည် ကုလားအုတ်ရိုင်းများစွာကို မြင်ဖူးပါသည်။ ကုလားအုတ်များသည် အုပ်စုနှင့် နေပြီး တောင်ကုန်းများပေါ်မှသာ သွားလာလေ့ရှိကြသည်။
သဲကန္တာရသည် ပူလွန်းသဖြင့် တံလျှပ်များ ထနေ၏။
ကုလားအုတ်ကြီးကတော့ စိတ်ကောင်းဝင်နေပုံရသည်။ ရွှံစေးသည် မထွက်ခွာမီ ခေါင်းကို အသာတိမ်းလိုက်ပြီး “အန်း…” ဟုအော်နေသည်။ ၎င်း၏ ဦးခေါင်းမှ ဆံပင်များသည် လေထဲတွင် မျောလွင့်နေ၏။
ကုလားအုတ်ကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သက်ပြင်းချလိုက်ပြီး၊ ရှောက်ရွှမ်သည် သူ့လက်ထဲက ဇက်ကြိုးကို ကြည့်နေသည်။ ထို့နောက် ဇက်ကြိုးကို သားရေအိတ်ထဲထည့်လိုက်ပြီး သဲကန္တာရနှင့် အရောင်တူသော အဝတ်စတစ်စကို ထုတ်ယူလိုက်သည်။ ထို့နောက်တွင်တော့ ရှောက်ရွှမ်သည် ပိုင်ရှီမြို့တော် ရှိရာအရပ်သို့ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
ပိုင်ရှီမြို့တော်ဟု နာမည်တွင်ရခြင်းမှာ ပိုင်ရှီအရပ်တွင် တည်ရှိသောကြောင့် ဖြစ်ပါသည်။ ပိုင်ရှီမြို့တော်တွင် အဖြူရောင် ကျောက်တုံးများ မျောက်များစွာရှိလေသည်။
သဲကန္တာရထဲတွင် ကျောက်တုံးအနည်းငယ်လောက်သာ လေတိုက်သည့် ဒဏ်ကို ခံနိုင်ပေသည်။ ကျောက်တုံးများ၏ မျက်နှာပြင်များသည် အရောင်တင်ထားသလို ဖြစ်နေပြီး ထူးဆန်းသော ပုံစံများရှိကြသည်။
ရှောက်ရွှမ်သည် သူ့အထူးအမြင်အာရုံဖြင့် ပြန့်ကျဲနေသော အဖြူရောင်ကျောက်တုံးများကို မြင်ရသောအခါ အခြေအနေကို နားလည်သွားသည်။ သူရောက်နေသောနေရာသည် ပိုင်ရှီမြို့တော်နှင့် မဝေးတော့ပေ။ မြို့ပြင်တွင် ကင်းလှည့်နေသော ပိုင်ရှီမြို့မှလူများနှင့် တိုးမည်စိုးသောကြောင့် ရှောက်ရွှမ်သည် သတိဝီရိယနှင့် နေနေရသည်။
ပိုင်ရှီမြို့တော်ဘုရင်သေသွားသောအခါ ပိုင်ရှီမြို့တော်မှ သခင်လေးများက သူတို့လူများကို ခေါ်ကာ မြို့တော်သို့ ပြန်သွားကြကြောင်းကို ရှောက်ရွှမ်သည် စူးကုထံမှ သိထားပြီး ဖြစ်သည်။ မြို့ကိုရောက်လာကြသော အချိန်တွင်တော့ ထီးနန်းအတွက် တိုက်ခိုက်ကြတော့သည်။ အခုဆိုလျှင် ပို
င်ရှီမြို့တော်တွင် မြို့တွင်းစစ်ပွဲ ဖြစ်ပွားနေပြီ ဖြစ်သည်။
ပိုင်ရှီမြို့တော်ဘုရင် သေဆုံးရသော အကြောင်းအရင်းသည် မည်သည့်အကြောင်းအရင်း ဖြစ်မည်နည်း။ လူသတ်တရားခံကရော မည်သူ ဖြစ်မည်နည်း။
သို့သော် ဘုရင်၏ သားတော် သမီးတော်များက လူသတ်မှုကို စုံစမ်းစစ်ဆေးပြီး တရားခံကို ရှာဖွေရန် မကြိုးစားကြပေ။ ထိုသို့ ကြိုးစားမည့် အစား သူတို့သည် ထီးနန်းနေရာအတွက် ယှဉ်ပြိုင်နေကြသည်။
ပိုင်ရှီမြို့တော်အတွင်းမှ ရှောက်ရွှမ်ရှိသော ကျောက်တုံး အိမ်တစ်လုံး အတွင်းဝယ်…။
တောက်ယွီ၏ သွေးဆုတ်နေသော မျက်နှာမှာ အတော်ပင် ချောင်ကျသွားသည်။ မျက်နှာမှ အပေါ်ယံအရေပြားများသည် ပျက်စီးနေပြီး မျက်နှာပြင်တစ်ခုလုံး တင်းတိပ်များ ပြည့်နေပြီး
ကြွက်သားပျက်စီးသော ဒဏ်ရာများလည်း ဗရပွ ဖြစ်နေသည်။ ဘယ်ဘက် လက်မောင်းကိုတော့ အဝတ်ထူထူးဖြင့် စည်းထားပြီး ဆေးများ လိမ်းထားပေသည်။ သူ့ကိုကြည့်ရသည်မှာ မကြာခင်သေတော့မည့် ရောဂါသည်တစ်ယောက်နှင့် တူနေ၏။
ရုတ်တရက် တောက်ယွီသည် သွေးများကို အန်ထုတ်လိုက်သည်။ ထို့နောက် ကုတင်ပေါ်တွင် လှဲရင်း သူ့ရှေ့မှလူကို ပြုံး၍ ကြည့်လိုက်ပြီး “သခင်လေး”ဟု ခေါ်လိုက်သည်။
တောက်ယွီတစ်ယောက် အိပ်ရာထဲမှ ထရန် ခက်ခဲနေသည်ကို တွေ့သောအခါ တောက်ယွီကို ခိုင်းနေကျ သခင်လေးသည် “ရပါတယ်…ထဖို့မလိုပါဘူး…လှဲနေပါ” ဟုပြောလိုက်သည်။
သခင်လေးသည် တောက်ယွီ၏ မျက်နှာကို တစ်ချက်ကြည့်ပြီးနောက် ဆက်မကြည့်ရဲတော့ပေ။ ရွံ့ရှာသွားခြင်းကို ထိန်းလိုက်ပြီး သခင်လေးသည် ဘာမှ မဖြစ်သလို နေလိုက်သည်။ မျက်နှာ
သည်တော့ တောက်ယွီ၏ဒဏ်ရာအတွက် စိုးရိမ်နေဟန်ဆောင်ထားပေသည်။
ပိုင်ရှီမြို့တော်ဘုရင် အသတ်ခံလိုက်ရသောနေ့တွင် ဘုရင်ကိုယ်စားပြု အမှတ်တံဆိပ်လည်း ပျောက်ဆုံးသွားသည်။ တောက်ယွီသည် လူသတ်သမားနောက်သို့ လိုက်သွားခဲ့ပြီး အမှတ်တံဆိပ်ပြားကို ပြန်ရလာအောင် စွမ်းဆောင်နိုင်ခဲ့သည်။ တောက်ယွီသည် အမှတ်တံဆိပ်ပြားအား သခင်လေးကို ပြန်ပေးလိုက်သည်။
ဘုရင်ကို သတ်လိုက်သူမှာ တောက်ယွီလည်း ဖြစ်နိုင်သည်ဟု မည်သူကမျှ သံသယ မဝင်ကြပေ။ သူတို့အမြင်တွင် တောက်ယွီအနေနှင့် ဘုရင်ကို သတ်လိုက်လျှင် သူ့အတွက် အကျိုးရှိမည် မဟုတ်။ ထို့ပြင် တောက်ယွီတွင်လည်း ဘုရင်ကို သတ်နိုင်သော အစွမ်းမရှိပေ။ ပိုင်ရှီမြို့တော်ဘုရင်သည် အစွမ်းထက်လှသော်လည်း မည်သည့်အတွက်ကြောင့် ကျွန်တစ်ယောက် သတ်ဖြတ်ခြင်းကို ခံခဲ့ရသနည်း။ လူသတ်သမားနောက်သို့ လိုက်သွားခဲ့သော တောက်ယွီ၏
အခြေအနေကို ကြည့်သောအခါ လူသတ်သမားက တောက်ယွီကို အဆိပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိနိုင်ပေသည်။
တောက်ယွီက ပိုင်ရှီအမှတ်တံဆိပ်ပြားကို ပေးလိုက်သောအခါ သခင်လေးသည် ပျော်ရွှင်သွား၏။ သူ့လက်ထဲတွင် ထိုအမှတ်တံဆိပ်ပြားရှိသည်ဆိုပါက ထီးနန်းကို ရနိုင်ခြေ အခြားသူများထက် ပိုသာသွားပြီဖြစ်သည်။
သခင်လေးသည် အိပ်ရာထဲမှ ချိနဲ့နေသူကို ကြည့်လိုက်ပါသည်။ သာမန်အချိန်များတွင်ဆိုလျှင်တော့ သခင်လေးသည် လူနာကို တစ်ချက်ထက် ပိုကြည့်မည် မဟုတ်ပါ။ တောက်ယွီ၏ အခြေအနေ ဆိုးဝါးလွန်းသောကြောင့် ထပ်ကြည့်လိုက်မိခြင်းလည်း ဖြစ်နိုင်ပေသည်။ ထို့ပြင် အခုအခြေအနေမှာ တောက်ယွီကို စွန့်ပစ်ရတော့မည် အခြေအနေဖြစ်နေသည်။ ပထမနေ့ကတော့ အခြေအနေကောင်းသေးသော်လည်း နောက်ရက်များတွင် ရောဂါသည်းလာသဖြင့် လူအများမသိအောင် ဖုံးအုပ်ထားဖို့ မလွယ်ကူတော့ပေ။ ပိုင်ရှီ
မြို့တော်မှ လူအများစုက တောက်ယွီ၏ အခြေအနေကို မသိကြသေးချေ။
ပိုင်ရှီမြို့တော်ဘုရင်၏ ကိုယ်ရံတော် သုံးယောက်အနက် တစ်ယောက်သေသွားခဲ့ပြီး တောက်ယွီနှင့် အခြားတစ်ယောက်တော့ ကျန်ခဲ့သည်။ တောက်ယွီနှင့် ထိုအခြားတစ်ယောက် အမှုထမ်းသော သခင်လေးများမှာ တစ်ယောက်တည်း မဟုတ်။ သူတို့သည် ကျွန်များသာ ဖြစ်နေသော်လည်း သူတို့သိထားသော လျှို့ဝှက်ချက်များမှာ အတော်များနေပြီ ဖြစ်သည်။ သူတို့သည် သခင်လေးများဖြစ်သည်ဆိုလျှင်တောင် ထီးနန်းကို မရသေးခင်အချိန်အတွင်း လူများက သူတို့အကြောင်းကို သေချာစဉ်းစားကြမည် ဖြစ်သည်။
အခုတော့ ပိုင်ရှီမြို့တော်သည် ထိုအစောင့်၂ယောက်ကို သီးခြားစီ ခွဲထားသည်။ အခြားဘက်တစ်ဖက်က တောက်ယွီ၏ ရောဂါပိုဆိုးလာသည်ကို သိသွားပါက၊ ထိုအခွင့်အရေးကို အမိအရ အသုံးချမည် ဖြစ်သည်။ ထို့ကြောင့် သခင်လေးသည် တောက်ယွီရောဂါဖြစ်နေသည့်
သတင်းကို လျှို့ဝှက်ထားရခြင်း ဖြစ်သည်။ တောက်ယွီသေမှသာ သတင်းထုတ်ပြန်မည် ဖြစ်သည်။ သို့သော် တောက်ယွီကတော့ အိမ်တွင် ဆေးကုချင်နေသေးသည်။ သခင်လေးကလည်း တောက်ယွီအနေနှင့် အခြားလူများနှင့် မတွေ့ဘူးဆိုပါက တောက်ယွီ၏ ဆန္ဒကို ဖြည့်ဆည်းပေးမည် ဖြစ်သည်။
စကားအနည်းငယ်ပြောပြီးနောက် ပိုင်ရှီသခင်လေးသည် တောက်ယွီ၏ ပြည်များတည်နေသော မျက်နှာကြီးကို ဆက်မကြည့်နိုင်တော့ပေ။ အနံ့များကိုလည်း မခံနိုင်တော့။ သခင်လေးသည် တောက်ယွီဆီမှ သူကြားချင်သော စကားကိုကြားပြီးပြီ ဖြစ်၍ ကိစ္စရှိသေးသည်ဟုအကြောင်းပြကာ အမြန်ထွက်လာခဲသည်။ သူ့စိတ်ထဲတွင်တော့ “ငါနိုင်သွားရင် အဲဒီကျွန်ကို သတ်ပစ်မယ်” ဟုတွေးနေ၏။
ပိုင်ရှီသခင်လေးထွက်ခွာသွားသောအခါ တောက်ယွီသည် ကုတင်ပေါ်တွင် ချိနဲ့စွာ လဲလျောင်းရင်း ကျန်နေခဲ့လေသည်။ သူ့မျက်လုံးများသည်
အေးစက်နေ၏။ သက်တောင့်သက်သာဖြစ်မည့် အနေအထားသို့ ပြောင်းလိုင်ပြီးနောက် အထုပ်လေးတစ်ထုပ်ကို ယူရန် သူ့လက်ပေါ်မှ အဝတ်စကို ဖယ်လိုက်လေသည်။
သူ့လက်မောင်းတွင် ပြည်များတည်နေပြီး ဒဏ်ရာမှ အသားစများလည်း ပုပ်နေ၏။ ဒဏ်ရာများအောက်မှ အရိုးဖြူဖြူများ ပေါနေသည်ကိုပင် ကြက်သီးထဖွယ် မြင်တွေ့နေရသည်။
သူ့လက်ကို အဝတ်စများအောက်မှ ထုတ်လိုက်သောအခါ တောက်ယွီသည် ပြင်းထန်သော ဝေဒနာကို ခံစားလိုက်ရသည်။ သို့သော် ထိုဝေဒနာကို တောက်ယွီ အမှုမထားအားပေ။ သူ့မျက်လုံးများတွင်တော့ ဝေဒနာနှင့် ဆန့်ကျင်ဘက် ဖြစ်သော မျှော်လင့်ချက်အရိပ်အယောင်များ၊ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပေသည်။
“ဒီပစ္စည်းကို ဒီလောက် အစွမ်းထက်မယ်လို့ ထင်မထားဘူး” တောက်ယွီသည် အရိုးပေါ်လုဖြစ်နေသော သူ့လက်ပေါ်မှ မီးလောင်ရာကို ကြည့်လိုက်
သည်။
အဆိပ်ဟုတ်လား။ ထိုပစ္စည်းသည် ရတနာ တစ်ပါးဖြစ်သည်။ ကမ္ဘာကြီးတစ်ခုလုံး ရူးသွပ်သွားစေနိုင်သော ရတနာတစ်ပါးဖြစ်သည်။ လူပေါင်းများစွာတို့လိုချင်နေကြသော ပစ္စည်းသည် အခုတော့ တောက်ယွီလက်ထဲ ရောက်နေပြီဖြစ်သည်။
ခိုးလာသော ရတနာပစ္စည်းအကြောင်းကိုတွေးနေရင်း သူ့အိမ်နားသို့ ချဉ်းကပ်လာသော ခြေသံများကို တောက်ယွီကြားလိုက်ရသည်။
“ဘယ်သူလဲ”
ဝတ်ရုံတစ်ထည်ခြုံထားသော လူတစ်ယောက်ကို သူတွေ့လိုက်ရသည်။
ထိုလူကိုမြင်သောအခါ တောက်ယွီ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ တဖျပ်ဖျပ်လက်နေသော မျက်လုံးများ ပျောက်ကွယ်သွားပြီး
မျက်နှာတွင် လေးစားသည့် အမူအရာပေါ်လာသည်။ သူ့မျက်နှာသာ ပျက်စီးမနေပါက ချစ်ကြောက်ရိုသေသည့် အသွင်ကိုလည်း မြင်ရမည် ဖြစ်သည်။
တောက်ယွီသည် ရောဂါသည် တစ်ယောက် မဟုတ်သည့်အလား အိပ်ရာထဲမှ ခုန်ထွက်လာပြီး ထိုလူ့ရှေ့တွင် ဒူးထောက်လိုက်သည်။
“အခြေအနေကြည့်ရတာတော့ အောင်မြင်သွားပုံပဲ” ဝတ်ရုံကို ခြုံထားသောသူက ပြောလိုက်သည်။ အသံမှာ မိန်းမအသံဖြစ်ပြီး အသံမှာ ရေလိုအေးမြနေပါသည်။
“ဟုတ်ကဲ့…” တောက်ယွီသည် အသာမော့ကြည့်လိုက်သည်။ ထို့နောက် သတိကြီးစွာဖြင့် “မျိုးစေ့ကတော့…”…။
“မင်းပဲယူထားလိုက်ပါ” ဝတ်ရုံခြုံထားသောသူက ထိုပစ္စည်းကို စိတ်မဝင်စားပေ။
“သခင်မလေး ရှဲ့ရှောက်” တောက်ယွီ၏ မျက်လုံးများတွင် ပျော်ရွှင်သည့် အရိပ်အယောင် သန်းသွားသည်။
“ငါမင်းကို ခိုင်းစရာကိစ္စနည်းနည်းရှိသေးတယ်…ပိုင်ရှီမြို့တော်ကို မင်းရအောင်ယူနိုင်ရင် ပိုင်ရှီမြို့တော်က မင်းအပိုင်ဖြစ်ရမယ်”
ရိုးရှင်းသော စကားကို ပြောပြီးနောက် ဝတ်ရုံခြုံထားသောသူသည် ဆေးမြစ်တစ်ထုပ်ကို ထားခဲ့ပြီး တိတ်ဆိတ်စွာ ထွက်ခွာသွားလေသည်။
တောက်ယွီသည် ဆေးမြစ်ထုပ်ကို သတိနှင့်ကိုင်လိုက်သည်။ ထို့နောက် ဆေးမြစ်များကို ကျိုချက်ပြီး တစ်စက်မကျန်အောင် သောက်ပစ်လိုက်သည်။ သို့မှသာ သူ့ဒဏ်ရာများ သက်သာမည် မဟုတ်ပါလား။
ဆေးသောက်ပြီးသောအခါ တောက်ယွီသည် ပြတင်းပေါက်မှတဆင့် မှောင်မည်းနေသော ကောင်းကင်ကြီးကို ကြည့်နေ၏။ ထို့နောက်
လူ၂ယောက်ကို ခေါ်၍ အမိန့်အနည်းငယ်ပေးလိုက်ကာ၊ တောက်ယွီသည် ပြတင်းပေါက်အပြင်သို့ ခုန်ထွက်သွားတော့သည်။